Thursday, January 27, 2011

NO LONGER A SECRET …ဆိုဘဲ…

မနေ့ကလွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးမှာပြောသွားတဲ့ သမ္မတဆိုဘားမားရဲ့ မှတ်မှတ်ရရ စကားစုကလေးပါ။ ဒီလိုရှိပါတယ်၊ မောင်မိုးညိုဟာ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီကို ဘယ်သောအခါကမှ ထောက်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ဖြစ်ထွန်းလာမှုတွေကို လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ဆိုပါရစေ။
၂၀၀၈ ရွေးကောက်ပွဲမ၀င်ခင်ကတည်းက အိုဘားမားရဲ့ အရည်အသွေးကို မျက်စေ့ကျမိရတာက ဒီလိုအကြောင်းတွေကြောင့်ပါ။ ခေတ်သစ်သမ္မတအဆက်ဆက်မှာ သူလိုငါလို သာမာန်လူတန်းစား တွေထဲကပထမမဆုံးတက်လာတဲ့ နိုင်ငံရေးသမားတက်သစ်စတွေထဲမှာ သူဟာထူးချွန်ထက်မြက်သူတယောက်ဆိုရင်မမှားပါဘူး။ Harvard Law Review ရဲ့ ဥက္ကဌဆိုတဲ့ ဒိတ်ဒိတ်ကျဲ ရာထူးအတွက်ကမ်းလှမ်းခြင်းခံခဲ့ရသူဆိုတော့ ခေသူမဟုတ်ပေါ့နော်။ သာမာန်လူတန်းစား၊ အခြေခံလူတန်းစားတွေရဲ့ နေ့တဓူဝ ခံစားနေရတဲ့ အခက်အခဲရင်ဆိုင်မှုတွေကိုကိုယ်တိုင် (သို့) မိသားစုဝင်တချိုကတွေ့ကြုံ ခံစား၇တဲ့ လူတန်းစားထဲကပေါက်ဖွားလာသူပါ။ ကိုယ်တိုင်ကလဲဘ၀နာခဲ့သူတဦးဖြစ်ယုံမက ခေတ်ပညာကိုထူးချွန်ထက်မျက်စွာနဲ့ ကြီးပြင်းလာခဲ့ရသူမို့ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ Norway Nobel ဆုကော်မီတီက သမ္မတမဖြစ်ခင်လပေါင်းများစွာကတည်း ကမျက်စေ့ကျခြင်းခံရသူပါ။ သူ့လိုဘ၀အခြေခံကျခဲ့သူခုနောက်ပိုင်းသမ္မတတွေထဲမှာကြည့်ကြည့်ပါ။ ကိုယ့်အမေအရင်းခေါက်ခေါက်ကဆေးရုံကုတင်ပေါ်ထိုင်ရင်း insurance company ကြီးတွေနဲ့ငြင်းရခုံရတာတွေ မျက်ဝါးထင်ထင်တွေ့ခဲ့ရသူမို့၊ သူ့တသက်တာမှာ မမေ့နိုင်တဲ့လူများစုခံစားနေရတဲ့ အခွင့်အရေးအငြင်းပယ်ခံရမှုတွေ၊ လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်တိုက်ဖျက်ဖို့ သံန္နိဌာန်ချခဲ့ပုံရပါတယ်။ တကယ်ပြောရရင် သူသမ္မတဖြစ်ပြီးနောက်တနေ့မှာတင်၊ သူလုပ်နိုင်တဲ့ပြင်ဆင်ပြောင်းလဲမှုတွေ ဇောက်ချလုပ်ခဲ့တာတွေ တသီကြီးတွေ့ရပါတယ်။ တနှစ်အောက်ကလေးတွေကိုကျန်းမာေ၇းစောင့်ရှောက်မှုအပြည့်အ၀ချက်ခြင်းပေးရေးဥပဒေ၊ အလယ်အလတ်တန်းစား လူတန်းစားတွေအတွက် ဘ၀မြှင့်တင်ရေးလုပ်ငန်းစဉ်တွေချမှတ်ရေးကိစ္စ၊ ဘဏ်တွေကနေစားသုံးသူတွေဆီ အတိုးနှုန်းထားတွေကို စာလုံးသေးလေးတွေ (fine print) နဲ့ မတရားဒဏ်ရိုက်တာ၊ အတိုးကောက်တာတွေကိုတားဆီးဘို့၊ ငွေချေးရာမှာ စားသုံးသူတွေနားလည်လွယ်မဲ့ အချက်အလက်တွေကိုရှင်းရှင်းလင်းလင်းပီပီပြင်ပြင် နဲ့ ကြိုတင်အသိပေးဘို့၊ အိမ်ဝယ်ခွင့် အတွက်ဘဏ်ငွေချေးတဲ့ ကိစ္စတွေမှာသမရိုးကျမဟုတ်တဲ့ ငွေချေးစနစ်တွေကြောင့် အိမ်အသိမ်းခံရသူတွေရဲ့ဒုက္ခ ပင်လယ်ဝေခဲ့ကြသူတွေအတွက် ငွေကြေးထောက်ပံ့ရေးအစီအစဉ်များ၊ ကောလိပ်တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသားတွေကို ငွေထုတ်ချေးတဲ့ဘဏ်တွေက နိုင်ထက်စီူနင်းမလုပ်နိုင်အောင် ငွေချေးစံနစ်ကြီးတခုလုံးကို အစိုးရကကြားက၀င်ကိုင်တွယ်တာတွေကို အဆက်မပြတ်လုပ်ခဲ့တာ အထင်းသားတွေ့ရပါတယ်။ အဲ့ဒီအတွက်စီးပွားရေးလုပ်ငန်းရှင်တွေ အတော်များများက မစားနိုင်မသောက်နိုင်ဖြစ်လာယုံမက အကြပ်ဆိုက်မဲ့ကိန်းမြင်လာကြပုံရပါတယ်။ ငါတို့တော့မဖြစ်ခြေဘူးဆိုပြီး လုပ်ဇာတ်တွေ စဆင်ကြရပါတော့တယ်။
ဆိုရှယ်လစ်ဇမ် ၀ါဒီလို့သူ့ကိုသမုတ်လာကြပါတယ်။ ဒါကတော်ခရီးရောက်တဲ့ကိစ္စပါ။ အမေရိကားဟာ ပုဂ္ဂလိကစီးပွားရေးကိုအားပေးတဲ့မြတ်နိုးတဲ့ နိုင်ငံကြီးပါ။ လွတ်လပ်သောပုဂ္ဂလိကစီးပွားေ၇းပြိုင်ဆိုင်မှု ဟာ အမေရိကန်ရဲ့အဓိကစီးပွားရေးမဏ္ဍိုင်ကြီးတခုပါ၊ ဒါကိုထိတော့ လူတွေကဘာမှန်းတိတိကျကျမသိရပေမဲ့ ၀ိုင်းပွက်လောရိုက်ကြပါတယ်။ အထူးသဖြင့်ဆိုရှယ်လစ်စနစ်ရဲ့သားကောင်ဖြစ်ခံခဲ့၇တဲ့မြန်မာတွေအပါအ၀င် အာရှသားတွေကပါ ၀ိုင်းပြီးဝေလေလေကြတော့တာပါဘဲ။ အမှန်တော့ သူဟာဆို၇ှယ်လစ်ဇမ်ရဲ့ဆိုးကျိုးတွေကို ကောင်းကောင်းကြီးသိတဲ့သူပါ။
သူသမ္မတဖြစ်ချိန်ကစပြီး မအိပ်နိုင်မစားနိုင်နိုင်ဖြစ်ကြသူတွေကလဲ သမ္မတဘုရှ် လက်ထက်ကရခဲ့တဲ့ federal budget deficit ဆိုးမွေနဲ့စီးပွားပျက်ကာလရဲ့ တနေ့တခြားဆိုးရွားလာတဲ့ စီးပွားရေးအခြေအနေတွေကိုကြည့်ပြီး ၀မ်းသာလုံးဆို့ကြပါတယ်။ တကယ်တော့သမ္မတဘုရှ် ဟာ ရိုးသားပြီးအမှန်ကိုအမှန်အတိုင်းမြင်တတ်သူတဦးပါ။ သူ့အနားမှာဝိုင်းနေတဲ့ Dick Cheney, Don Rumsfeld, John Ashcroft စသူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က အစဉ်ရပ်တည်နေပြီး သူတို့အကြိုးကိုသာ အမြဲစောင်ရှောက်ခဲ့ကြသူတွေပါ။ ကြောက်စရာကောင်းလောက်အောင် စီးပွားရေးလက်တလုံးခြားမှုတွေ လုပ်ခဲ့တဲ့အစဉ်အလာရှိကြသူတွေပါ။ ကုမ္ပဏီတွင်းငွေစာရင်းလိမ်လည်မှုတွေကြောင့်ထိပ်ထိပ်ကျဲကုမ္ပဏီကြီးတွေ သူ့လက်ထက်မှာတခုပြီးတခုပြိုလဲသွားတာတွေ အမှတ်ရကြမယ်ထင်ပါတယ်။ နောက်ဆုံး Security Exchange Commission လို့ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ အတွင်းရေး၊ ငွေရေးကြေးရေးတွေကို စစ်ဆေးဘို့တာဝန်ရှိတဲ့အဖွဲ့ကြီးရဲ့ မျက်စေ့တဖက်မှိတ်ထားမှုတွေကြောင့် ဆိုပြီး အဲ့ဒီအဖွဲ့ကိုလဲလူစားလဲခဲ့ရတဲ့အထိပါ။ ငွေရှိသူတွေက သူ့ကြောင့်မို့၊ ငါ့ကြောင်မို့ ဆိုပြီး ငြင်းခုံကြချိန်မှာ သန်းပေါင်းများစွာသောပြည်သူတွေအိုးအိမ်မဲ့ခဲ့ကြရပါတယ်၊ insurance တွေမဲ့ခဲ့ကြရပါတယ်၊ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုတွေနေရာအနှံ့ဖြစ်ခဲ့ကြရပါတယ်။ ဘ၀ပျက်ကြတာတွေဒုနဲ့ဒေးပါ။ အိမ်အတွက်ဘဏ်ကငွေချေးရာမှာ ပြန်မဆပ်နိုင်တဲ့ငွေချေးစနစ်တွေကိုသုံးခဲ့ကြလို့ လူတွေးဒုက္ခလှလှတွေ့ကြရပါတယ်။ နှစ်နှစ်ဆယ်အစိပ်လောက်အိမ် ပိုင်နဲ့နေပြီးမှာအိမ်ယာမဲ့ဘ၀ရောက်သွားကြသူတွေ မနဲပါဘူး။ မလိုလားအပ်ဘဲ့အမေရိကန်ပြည်သူတွေကိုအီ၇တ်စစ်ထဲဆွဲခေါ်သွားလို့ တိုက်ပွဲမှာ ကျဆုံ၇သူတွေလဲ ရာထောကင်မကရှိခဲ့၇ပါတယ်။ ဒါတွေမမေ့ကြပါနဲ့။ ဒီလိုအဖြစ်တွေကိုကြည့်ပြီးစိတ်အထိခိုက်ကြီးထိခိုက်သွားရသူတယောက်ကတော့ သမ္မတဘုရှ်ပါဘဲ။ အဲ့ဒီအတွက် လူထုရဲ့မျက်စေ့အောက်က တတ်နိုင်သမျှရှောင်နေခဲ့ရရှာတာသမ္မတဘုရှ် ပါဘဲ။
စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ထောက်ပံ့မှုနဲ့ လွှတ်တော်ထဲရောက်လာတဲ့အမတ်များ (အထူးသဖြင့် Republican) တွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းပံ့ပိုးသူတွေထိခိုက်လာမှာသိတော့ ပွက်လောရိုက်လာကြပါတယ်။ ဒါပေမဲ့သမ္မတဘုရှ် ၇ဲ့အမှားအယွင်းကိစ္စတွေရဲ့ လောင်း၇ိပ် ကြောင့် Republican ပါတီဝင်တွေဟာလဲ စည်းလုံးမှုရအောင်ဒီနေ့အထိရုန်းကန်နေကြရတုံးပါ။
မနေ့က Republican ဘက်က အမတ်Paul Ryan ပါတီကိုယ်စားပြုပြီးသမ္မတအိုဘားမားရဲ့မိန့်ခွန်းကိုပြန်လည် ဆွေးနွေးတန်ပြန်ရာမှာအပြုသဘောဆောင်တဲ့ ပူးပေါင်းလုပ်ကြဘို့ အခြေခံကျကျပြောသွားတာတွေ့ရပါတယ်။ ဒါပေမဲ့ Republican ပါတီကိုအကျည်းတန်စေတဲ့အဖြစ်ကတော့ Tea Party လို့ခေါ်တဲ့ Republican ပါတီဘက်ယိမ်းတဲ့ လှီတ်တော် causus ကိုယ်စားပြု Michelle Bachmann ရဲ့ အပျက်သဘောဆောင်တဲ့ ခပ်စွာစွာတုံ့ပြန်မှု ကြောင့်  Republican ပါတီခေါင်းဆောင်ပိုင်းကစိတ်ပျက်ကြကြောင်းသိရပါတယ်။ ဒါကိုကြည့်ရင် ပါတီတွင်းညီညွတ်မှုမဲ့နေကြောင်း ထင်ရှားပါတယ်။
Healthcare ကျန်းမာရေးပြုပြင်ပြောင်းလဲမှူစနစ်ဘက်ကြည်ရအောင်။ ပြီးခဲ့တဲ့ နှစ်ဝက်ပိုင်းလောက်က အတည်ပြုပြဌာန်းလိုက်တဲ့ အဲ့ဒီဥပဒေထွက်လာချိန်မှာ အတိုက်အခံတွေဘက်က အသံဟာပိုလို့တောင်ညံလာတာကို တွေ့၇ပါတယ်။ ဥပဒေကအရှင်းကြီးပါ။ ဘက်လိုက်မှုကင်းရာမှာအစဉ်အလာကြီးမားတဲ့ လွှတ်တော်ဘတ်ဂျက်ရုံး (Congressional Budget Office) က ဒီဥပဒေဟာ လာမဲ့ဆယ်စုနှစ်မှာ ဘတ်ဂျက်လိုငွေ ဘီလီယံ (၄၀) လျော့ကျစေမှာဖြစ်ကြောင်းစာရင်းဇယားများနဲ့ သက်သေထူထားပါတယ်။ ပြိုင်ဘက် Repubican ပါတီကလဲဒါဟာမဟုတ်ကြောင်း သူတို့ရဲ့တွက်ချက်ကိန်းများနဲ့ ရှင်းလင်းချေပပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဘဲ အဲ့ဒီချေပချက်ကိန်းဂဏန်းများဟာ ခေတ်မမှီတော့တဲ့ အချက်အလက်များပေါ်မှာအခြေခံထားကြောင်းသတင်း ဗူးပေါ်သလိုပေါ်လာပါတယ်။ မူလရောဂါအရင်းခံရှိသူတွေကိုကျန်းမာရေးအာမခံထားရေးကိစ္စကို အာမခံကုမ္ပဏီတွေကငြင်းပယ်ခွင့်မရှိရေး၊ ကလေးသူငယ်နှင့်မိခင်များအတွက်ကျန်းမာရေးအာမခံခွင့် အပြည့်ပေးရေးအစီအစဉ်များသတ်မှတ်ရေး၊ ကျန်းမာရေးအာမခံမရှိသူများအတွက်စနစ်တခု ထူထောင်ရေးစသည်တို့ပါဝင်သော ဥပဒေကိုသမိုင်းဝင်ပြဌာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အချို့ပြည်နယ်များရဲ့ ရှိရင်းစွဲဥပဒေများ ပြင်းထန်တဲ့တိုက်ခိုက်ဝေဖန်မှုတွေကို လိုက်လျောသောအားဖြင့် ထွက်ပေါ်လာတဲ့ဥပဒေကို နဂိုကရညိမှန်းသလောက်အထိ ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုရှိတဲ့ သတ်မှတ်ချက်တွေကို ဖြုတ်ချခဲ့ရပါတယ်။  သို့သော်လည်း ကျန်းမာရေးနှင့်ဆေးဝါးကုမ္ပဏီများ၏အကျိုးအမြတ်ကိုထိခိုက်လာမည်ကို မြင်ကြသော ပုဂ္ဂိုလ်ကြီးငယ်တို့က ၀ိုင်းအော်ကြပြန်ပါတယ်။ အစိုးရကိုကြီးအောင်ချဲ့ထွင်နေတယ်။ အစိုးရအသုံစရိတ်ချိုးးခြံရမည့်အစားပိုမိုသုံးစွဲနေတယ်။ အစိုးရက ဘာကိစ္စမဆိုဝင်စွက်ဖက်နေသည် ဟူသောစွပ်စွဲမှုတွေလုပ်လာတယ်။ အသေအခြာကြည့်လျင် လက်ရှိသုံးစွဲနေသောအသုံစရိတ်များဟာဘယ်အစိုးရပါတီဘဲတက်တက် မဖြစ်မနေသုံရမည့် ဘတ်ဂျက်ဆိုသည်ကို အတိုက်အခံများကလည်းသိပြီးဖြစ်ပြီးသားပါ။ သမ္မတကိုဝေဖန်နေသော်လည်း Republican ပါတီဘက်မှ ဖြစ်ဖြစ်မြောက်မြောက်ရှိသောအာမခံစနစ်တခုတလေမှ တက်လာသည်ကိုမတွေ့ရပါဘူး။ ဝေဖန်တာသာရှိပြီးအဖြေမှန်ကိုရှာနိုင်သည့် အခြေအနေမရှိခဲ့ပါ။
မောင်မိုးညို၏ အလုပ်မှာလည်း နှစ်သစ်နဲ့ အတူ Health Group plan နှင့်အခြား benefit များကြေငြာချိန်မှာ အများနဲ့ သံယောင်လိုက်ပြီး အိုဘားမားကြောင့် plan နှုန်းထားများမြင့်လာကြောင်း အမြီးမသိအမောက်မသိ ကြွေးကြော့်ကြသူတွေတွေ့လာရပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ ဥပဒေကပြဌာန်းတဲ့ အချက်တွေဟာအသက်ဝင်အာဏာတည်ခြင်းမရှိသေးဘူးဆိုတာ အများကမသိကြပါဘူး။ နှစ်စဉ် premium တွေတက်နေကျကိစ္စကို ခုနှစ်မှဘဲဈေးတက်သယောင်ယောင် အဖြစ်တင်လာကြတာတွေတွေ့ရပါတယ်။ သေသေချာချာတွက်ကြည့်သောအခါ မောင်မိုးညို၏ plan ကယမန်နှစ်ထက် (၇) ဒေါ်လာသာပိုပေးရကြောင်းတွေ့ရပါတယ်။ မောင်မိုးညိုကတော့ဒီလိုတွေးပါတယ်။ ကိုယ့်ဆီက (၇)ဒေါ်လာလောက် တိုးလာခြင်းအားဖြင့် သန်း(၄၀) သော အရင် insurance မဲ့သူတွေ ခံစားခွင့်တိုးတက်ရလာကြမယ်ဆိုရင် ပေးပျော်ပါတယ်ဗျာ။ စာနာစိတ်ဆိုတာလေးရဲ့အဓိပ္ပါယ်ကို နားလည်ကြပါလေစ ….လို့။
CNN ရဲ့ညွှန်ပြကိန်းတွေကတော့ သမ္မတရဲ့မိန့်ခွန်းအပြီးမှာ သူ့လုပ်ရပ်တွေမှန်ကန်မှု ရာခိုင်နှုန်း (၄၀) ကနေ (၇၇) အထိခုန်တက်သွားတာတော့ မှတ်မှတ်ရရမြင်လိုက်မိပါတယ်။ သူ့ရဲ့ healthcare reform ဥပဒေကိုတောင်ထောက်ခံမှုတွေတိုးလာတာကို ၀မ်းမြောက်ဖွယ်တွေ့ရပါတယ်။
န့နhe


မေးချင်ပါတယ် -
·         ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ် ဆိုတာရပိုင်ခွင့်လား အခွင့်ရေးလားဆိုတာ၊
·         လူ့ဘ၀အဆင့်မြင့်မားရေးမှာ ခေတ်အဆက်ဆက် လူ့အောက်တန်ူကျနေခဲ့ကြသူတွေရဲ့ အကျိုးကိုခုအချိန်မှာမှမကြည့်ရင် ဘယ်တော့ကြည့်ကြမှာလဲ၊
·         ကျန်းမာရေး နဲ့ ပညာရေးဟာ လူသားတွေရဲ့ ခံစားခွင့်ပါ၊ ဒီခံစားခွင့်ကို အကျိုးအမြတ်ရရှိရေးပေါ်မှာအခြေခံတဲ့ အခြားစီးပွားရေးတွေနဲ့ တန်းတူထားသင့်တယ်လို့ထင်ပါသလား။
·         ဒီခံစားခွင့်အခွင့်အလမ်းတွေကို ရအောင်အစိုးရက လမ်းဖေါ်ပေးတာ ကို အစိုးရကနေရာတကာဝင်ကြိုးကိုင်ချယ်လှယ်တယ်လို့ စွပ်စွဲသင့်သလား။
·         နိုင်ငံနဲ့ပြည်သူတွေ ရဲ့လုံခြုံရေး၊ ပင်စင်ခံစားခွင့်ကိုအခြေခံတဲ့ social security system ကို စီးပွားရေးကိစ္စလိုသတ်မှတ်ရေး၊ medicare/Medicaid စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဦးစားပေးအဆင့်ကနေ ပယ်ဖျက်ပြီး၊ လက်ရှိ ကြုံတွေ့နေရတဲ့ ဘတ်ဂျက်လိုငွေ ကိစ္စကိုဖြေရှင့်မလား။
စာဖတ်သူတွေကဘဲ ကိုယ့်ကိုယ်ကိုမေးကြည့်ကြပါလို့…..။
(ဇန္န၀ါရီ ၂၇ ၇က်၊ ၂၀၁၁ ထုတ် "မန္တလေးဂေဇက် online သတင်းစဉ် blog" တွင်ဖေါ်ပြထားပါသည်)

Tuesday, January 18, 2011

၂၁ ၇ာစု ၇ဲ့ ဒုတိယဆယ်စု အစ

ဟောင်းနှစ် ကအညစ်
မကောင်းသမျှ၊ အဖြစ်သနစ်တွေကို
ကောင်းချက်အချို့ နဲ့ သင်ပုန်းချေလို့၊
စိတ်သစ်ကိုမွေး။

ဆယ်စုတခု၇ဲ့အစ (၂၀၁၁) မှာ
သားသမီးဘုစုခ၇ု နဲ့ ခင်ပွန်းကညာ၊ ဖိုးဖိုးဇွားဖွား အပြင်
မျိုးဆွေသင်္ဂဟာ အပေါင်းပါမကျန်။
စိတ်ကိုယ် နှစ်ဖျာ ကျန်းမာ၇ွှင်လန်းကြပါစေလို့။
ချွေဆုတောင်းလိုက်ပါ၇ဲ့…။

ထိုမှတဖန်….ကမ္ဘာတ၀ှမ်းကျားမကြီးငယ်မေ၇ွး၊ သတ္တ၀ါအပေါင်းပါမကျန်၊
ကလေးမိန်းမတွေအလေးထားလို့
ခံစားဝေဒနာ နဲ့ ဆင်း၇ဲမှုအပေါင်းက
လွတ်မြောက်စေကြောင်း…။

မန္တလေးဂေဇက် မိးသားစုဝင်အားလုံးကလည်း….
များများတွေး..များများေ၇းပြီး
မျာများလည်းငြင်းနိုင်ကြပါစေလို့…
စာပေတင့် ပြီး လူမျိုးမြင့်စေကြောင်း..
တောင်းဆုကိုချွေ….။

Sunday, January 16, 2011

စာဆိုတော်လစာပေဟောပြောပွဲများ နှင့် ကျွန်တော်သိသော….ဆ၇ာတင်မိုး

ခင်ဗျားအဒေါ်ပေါ့ဗျာ၊ ကျွန်တော့ကိုဒေါ်စုနဲ့မိတ်ဆက်ပေးတာ”… ဆ၇ာတင်မိုးမဆုံးမှီနှစ်ကLAဘက်တွင်ကျင်းပသော(အမျိုးသားနေ့ကိုလည်းကြိုဆိုသော)စာပေဟောပြောပွဲတခုသို့မောင်မိုးညိုေ၇ာက်သွားပါသည်။ မှတ်မှတ်၇၇ယင်းကားဆ၇ာ့ကိုနောက်ဆုံးအကြိမ်တွေ့ခွင့်၇လိုက်ခြင်းပင်။ ခမ်းမထဲများလှစွာသောလူအုပ်ကြောင့်ငြီးစီစီ၇ှိဟန်တူသောဆ၇ာကတံခါးပေါက်သို့နားမောင်မိုးညိုကိုခေါ်သွားပြီးသူအမေ၇ိကားကိုေ၇ာက်လာပုံကိုဖေါက်သည်ချပါသည်။ “ခက်တယ်ဗျာ။ ဗမာတွေမညီညွတ်ကြဘူး။ နယ်စပ်ေ၇ာက်တုံးကလည်းကျောင်းသားချင်း၊ကျောင်းသားနဲ့ဝန်ထမ်းချင်းကြားပြဿနာ၇ှိကြလို့ကြားဝင်၇င်းတခါတခါကိုယ်ပါတ၇ားခံဖြစ်လို့နောက်ကိုအသာေ၇ှာင်၇တယ်။ သူများတိုင်းပြည်ေ၇ာက်လို့အနေအထိုင်လည်း မဆင်ခြင်ကြဘူး”….ဆ၇ာ့၏စိတ်ပျက်ငြီးငြူသံကိုကြားေ၇ာင်မိသည်။ လနတ္တော်နှင့်စာပေဟောပြောပွဲကားေ၇ှးစာဆိုအသီးသီးကအမွှန်းတင်ေ၇းခဲ့သော၇ာသီနှင့်ပွဲလိုက်ဖက်ညီလှပေ၏။ မောင်မိုးညို၏အဒေါ် တော်သူဒေါ်ခင်မိမိ နှင့်ဆ၇ာတင်မိုးတို့ကား ပြည်လမ်း (လိပ်ခုံးနောက်ကျော၇ှိ)ဘီအိုစီကောလိပ်ဟောင်း အဆောက်အဦတွင်တည်၇ှိသောတက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေေ၇းဌာနတွင်အတူတွဲ၍နှစ်များစွာလုပ်ခဲ့ဘူးသောလုပ်ဖေါ်များပင်။ အဒေါ်လုပ်သူကားဆေးကျောင်းတွင်လာတက်သောမောင်မိုးညို တို့ညီအကိုနှစ်ယောက်လုံးကိုနေ့စဉ်သူ့ဆီလာထမင်းစားစေသည်။ အပျိုကြီးတဦးဖြစ်သည်နှင့်အညီစည်းကမ်း ကြီးလှသောအဒေါ်ဖြစ်သူကပြောဆိုဆုံးမမှုတွေလုပ်တိုင်းမျက်စောင်းထိုးစားပွဲတွင်ထိုင်အလုပ်လုပ်သောဆ၇ာတင်မိုးကလှမ်းကြည့်ပြီးပြုံးပြတတ်သည်ကိုကောင်းစွာမှတ်မိမိသည်။ ဆ၇ာနှင့်အတူတဌာနထဲလုပ်ကြသူ အချို့းကိုမှတ်မိပါသည်။ ဆ၇ာဦးတက်တိုးနှင့်ဒေါ်နုယဉ်တို့၏သားကိုမြင့်အောင်၊ ပြီးတော့ စာေ၇းဆ၇ာကြီး ဦးသိန်းဖေမြင့်၏ဇနီးဒေါ်ခင်ကြည်ကြည်ကားဌာန၏အကြီးအကဲဖြစ်မည်ထင်ပါသည်။ အခြားစာေ၇းဆ၇ာ၊ စာပေပညာ၇ှင်များလည်း၇ှိကြောင်းသိ၇သဖြင့်စာပေပညာ၇ှင်များကျက်စားကျင်လည်၇ာအ၇ပ်ဟုဆို၇မည်။ ဆ၇ာမ၇ှိမှဆ၇ာ့ကိုလွမ်းမိသလိုဆ၇ာ၏ကဗျာနှင့်အဟောလေးတွေပြန်တမ်းတမိပေမဲ့အခါကနှောင်းခဲ့ပြီ။ ဆ၇ာ့ဆီကအိမ်လိပ်စာတောင်းသောအခါ Alhambra မြို့ ကိုမြန်မာလိုေ၇းပြီးမြန်မာမှုပြုထားသောလိပ်စာကို ဆ၇ာကမှတ်မှတ်၇၇ေ၇းပေးပါသည်။ ခုထိ၇ှိတုန်းပင်။ အင်္ဂလိပ်စာနှင့်မြင်နေကျစာကိုမြန်မာမှုပြုထားသည်ကို မြင်၇တော့ထူးဆန်းပေမဲ့၊ကျက်သေ၇၇ှိသည်ဟုထင်၇သည်။ အော်..စာသမားပေသမားကိုး။
မောင်မိုးညိုတို့ဆေးတက္ကသိုလ်လိပ်ခုံးတွင်မှိုင်း၇ာပြည့်လှုပ်၇ှားမှုပြီးခါစစာပေဟောပြော်ပွဲကိုအမှတ်၇မိသည်။ စီစဉ်ကြသူတွေကဆ၇ာတင်မိုးကိုလက်လွတ်မခံ၇အောင်ဖိတ်ကြသည်။ ကဗျာနှင့်ကျောင်းသားကားကင်း၍မ၇ သောမိတ်ဖက်များတည်း။ ကဗျာကြောင့်နှစ်ကိုယ်ေ၇းကိစ္စအဆင်ပြေသွားကြသည်များ၇ှိသကဲ့သို့၊ ကဗျာကဖန်တီးဖြေ၇ှင်းပေးသောကိစ္စများလဲများစွာပင်။ အတိတ်နမိတ်ကိုပေးသည်ကားကဗျာ။ ၇င်ထဲကခံစားချက်ကိုလှစ်ဟပေးသည်ကားကဗျာ။ စာလုံးဝါကျတိုတိုနှင့်အလွန်ထိေ၇ာက်ပပေစွ။ ကဗျာနှင့်ကင်းနိုင်သူမ၇ှိတော့ဆ၇ာ့ကိုတက္ကသိုလ်လောကကသိကြသည်။ လေးစားကြသည်။ ဆ၇ာနှင့်အတူ (ထိုစဉ်က)အောင်ဆန်းသူ၇ိယလှသောင်းကျောင်း(ပြည်လမ်းကြံတောနှင့်မျက်နှာချင်းဆိုင်)မှဆ၇ာမောင်စွမ်း၇ည်ကိုလာမဖြစ်မနေဖိတ်၇သည်။ ၊ နောက်တော့မောင်မိုးညိုကဘဲ၇န်ကုန်ဆူလေနှင့်အနော်၇ထာလမ်းမကြီး ထောင့်ကွမ်း၇ာဆိုင်နောက်ဘက်မှာနေသော မောင်သော်က (ဗိုလ်မှူးဘသော်)ကိုပါသွားဖိတ်သဖြင့်ပွဲမှာ အတော်မြိုင်သွားသည်။ ဆေးတက္ကသိုလ်(၂)မှစာေ၇းဆ၇ာဆ၇ာဝန်မောင်မောင်ညိုကိုကားကျောင်းတော် က၇န်စကိုပြေစေခြင်းငှာအဆစ်ထဲ့လိုက်သည်။ နောက်မှကြား၇သည်မှာ..ဆ၇ာဒေါက်တာမောင်မောင်ညို၏ နိုင်ငံခြားမှအသစ်စက်စက်ဝယ်လာသော Volkswagen Golf အသစ်စက်စက်အစိမ်းေ၇ာင်ကားလေး ၏ဘီးကိုသကောင့်သားအချို့ကစာပေဟောပြောစဉ်ဖေါက်လိုက်ကြောင်းကြား၇သည်။ ဆ၇ာကားဒေါပွ၍ မဆုံး..”နေနှင့်အုံပေါ့ကွာ။ စာမေးပွဲမေးဖြေချိန် Viva ကျမှငါ့အကြောင်းသိစေ၇မယ်”ဟုကြိမ်းဝါးသံကြားသည်။ အူမြူးကြသူတွေအများသား။ ဆ၇ာမောင်သော်က၏မဆလခေါင်းဆောင်များမညီမညွတ် ဖြစ်ကြပြီး၇န်ဖြစ်ကြပုံကိုအာဏာလွန်ဆွဲကြပုံကိုခလေးငယ်များ၇န်ဖြစ်ပုံနှင့်ခိုင်းနှိုင်းဟောပြောသွားသည်ကိုဝါး လုံးကွဲ၇ီကြသည်။ ဆ၇ာတင်မိုး၏ “ဒေါက်တာအလောင်းစည်သူနှင့်ဆ၇ာမမမိုးေ၇”ကဗျာကားစည်းပျက်စပြုနေ သောဆေးလောက၏ယို့ယွင်းမှုကိုဟာသနှော၍မီးမောင်းထိုးပြသွားသည်။ သိ၇သလောက်ထိုဟောပြောပွဲပြီး နောက်တနေ့တွင်ဆိုင်၇ာပိုင်၇ာတို့ကယင်းပွဲကိုတာဝန်ယူကျင်းပသောကျောင်းသားကြီးအချို့ကိုခေါ်ယူတွေ့ဆုံ ကြောင်းကြားလိုက်၇သည်။ ပြောင်မြောက်သောစာပေဟောပြောပွဲဖြစ်ပေစွ…။
ှပြည်ပေ၇ာက်စာပေ၀ါသနာအိုးများကလည်းများစွာသော အခက်အခဲကြားများကြားမှနှစ်စဉ်မဟုတ်သော်လည်း နှစ်ခြားစာပေဟောပြောပွဲများကိုကျင်းပနိုင်အောင်စီစဉ်ကြကြောင်းဝမ်းမြောက်ဘွယ်ကြား၇သည်။ ကျေးဇူးအထူးတင်မိပါသည်။
စာပေကိုငတ်သော၊ လွတ်လပ်သောတွေးခေါ်ပြောဆိုမှုကိုမက်သောမြန်မာပြည်သူအပေါင်းကား ထိုသို့သောစာပေဟောပြောပွဲကိုမျှော်ကြသည်။ တမ်းတကြသည်။ စာပေပညာ၇ှင်များ၏တင်္ခဏုပ္ပတ္တိ ဥာဏ်မြောက်သောစာပေစကားလုံးေ၇ွးချေယ်မှု၊အနှောင်းအသွားလွတ်အောင်တင်ပြနိုင်မှုကိုအငန်းမ၇လိုက်ကြသည်။ ကိုယ်၇င်ထဲကမဖေါ်ပြနိုင်သော၊မဖေါ်ပြတတ်သောခံစားချက်ကိုစာပေပညာ၇ှင်များ ကတန်ဆာဆင်ပေးကြသည်။ ချယ်မှုန်းပေးကြသည်။ ထိုနောက်သို့စာပေလိုက်စားသူတို့ကထမင်းမေ့ ဟင်းမေ့လိုက်ကြသည်။ စာပေလွတ်လပ်မှုဆိတ်သုဉ်းသောမြန်မာပြည်တွင်စာပေပညာ၇ှင်များ၏ဥဏ် ကွန့်မြုးမှုကိုပြည်သူတို့ကတောင့်တကြသည်။ စာပေအဟောအပြောနောက်သို့ကောက်ကောက်ပါအောင် လိုက်ကြသူတို့တွင်မောင်မိုးညိုလည်းတယောက်အပါအ၀င်။ နောက်လိုက်ကောင်းတယောက်ဟုဆိုပါ၇စေ။ ဆ၇ာတင်မိုးကိုအမေ၇ိကားေ၇ာက်ပြီးမှနှစ်ခါသုံးခါလောက်သာတွေ့ခွင့်၇ခဲ့သည်။ ဆ၇ာသက်၇ှိထင်၇ှားစဉ်က နီးနီးစပ်စပ်မနေခဲ့သောကိုယ့်အဖြစ်ကိုခွင့်လွှတ်၍မဆုံး။ ကိုယ့်ကိုယ်ကိုအပြစ်တင်၍မဆုံး။ မြန်မာ့ဓလေ့၊ယဉ်ကျေးမှုနှင့်ပြည်သူတွေကိုဆ၇ာလွမ်းမိမှာအမှန်ပင်။ ဆ၇ာ့နောက်ဆုံခ၇ီးတွင်ကျန်၇စ်သောဆ၇ာ့မိသားစုသမီးတို့ကိုဆ၇ာမောင်စွမ်း၇ည်ကမိတ်ဆက်ပေးသည်။ ၇ုတ်တ၇က်ကွယ်လွန်သွား၇ှာသောဆ၇ာ့ကိုကြွေ၇ာက်လာသူတပည့်များကမျက်ေ၇လည်၇ွဲကြားမှနောက်ဆုံးဂါ၇၀ပြုကြသည်။ ဆ၇ာချစ်သော တိုင်းပြည်၏လွတ်လပ်သောဒီမိုကေ၇စီခေတ်ကိုဆ၇ာမြင်မသွာနိုင်တော့။ ဆ၇ာချစ်သောကိုယ်တိုင်းပြည်ကိုယ့်ဒေသသို့ဆ၇ာပြန်ခွင့်မ၇လိုက်ခြင်းကိုကြည့်ပြီးစိတ်ထိခိုက်မိသည်။
နိုင်ငံေ၇းအစိုး၇လက်ထက်ကနိုင်ငံေ၇းခေါင်းဆောင်များထဲတွင်စာအများဆုံဖတ်သောနိုင်ငံေ၇းခေါင်းဆောင်ဟူ၍ဦးကျော်ငြိမ်း (တည်မြဲ ဖဆပလ ဒုဝန်ကြီးချုပ်)၇ှိခဲ့သည်ဟုကြားဘူးသည်။ နိုင်ငံစုံေ၇ာက်လေ၇ာကိုယ့်အတွက်လဲ စာအုပ်ဝယ်စုဆောင်း၊ တိုင်းပြည်အတွက်လဲစာအုပ်တွေတင်သွင်းနိုင်သလောက်လုပ်သည်ဟုကြားဘူးသည်။ ၇င်းနှီးကြသူတိုင်းကိုစာဖတ်ကြဘို့အတင်းတိုက်တွန်းသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းစာဖတ်သောစာဂျပိုး ဟုတက္ကသိုလ်လောကသားတို့ကသိထားခဲ့ကြသည်။ ဒီဒုတ်ဦးဘချိုဆိုလျင်စာဖတ်၇င်းနှင့်စာထဲပါသောကိစ္စကို နီး၇ာလူနဲ့ဆွေးနွေးတတ်ကြောင်းသူ၏လက်ေ၇းတိုစာေ၇းလုပ်ဘူးသောမောင်မိုးညို၏မိခင်ကပြောဘူးသည်။ စာထဲပါသောအကြောင်းအ၇ာကိုအပြန်အလှန်ဆွေးနွေးတတ်ကြောင်းသိ၇သည်။ ဆ၇ာကြီးဦး၇ာဇတ်နှင့် မန်းဘခိုင်တို့ကားကျောင်းဆ၇ာဘ၀နှင့်ပင်စာပေနှင့်မွေ့လျော်ပြီးစာကြည့်တိုက်တွေလက်လှမ်းမှီ၇ာဖွင့်လှစ်ဖို့အထူးအားပေးကြသူများပင်။ စာပေ၏အစွမ်းကိုသိတော့စာပေကိုအားပေးကြသည်။ ပညာတတ်များကြီးစိုးခဲ့သော တခုတည်းသောအစိုး၇အဖွဲ့ဆိုလျင်မှားမည်မထင်။ စာပေအသိပညာတိုးတက်သောအနောက်နိုင်ငံများက ဖွံ့ဖြိုးကြသည်ကိုကြည့်ပါ။ ပညာတတ်များနေ၇ာ၇ကြသောကြောင့်ပင်။ စာပေပညာ၇ှင်များကားချမ်းသာကြွယ်ဝ သောအဆင့်တွင်နေထိုင်နိုင်သည်။ မြန်မာနိုင်ငံတွင်ကားစာပေလိုက်စားလေ၊ လူထုနှင့်နီးစပ်လေ၊ လူထုနှင့်နီးစပ်လေ၊ဆင်း၇ဲဘို့နှင့်အာဏာ၇အစိုး၇၏ငြိုငြင်မှုကိုခံ၇လေပင်။ မြန်မာစာပေပညာ၇ှင်များကား အ၇ွယ်၇င့်လေဆင်း၇ဲလေဖြစ်ကြကုန်၏။ မျက်စေ့ေ၇ှ့တွင်ပင်စာပေပညာ၇ှင်များကားတဖြုတ်ဖြုတ် နှင့်ကွယ်လွန်ကုန်ကြသည်။ သူတို့၏အစွမ်းထက်လှသောစာပေစွမ်းအင်ကားအာဏာ၇ှင်များ၏ သေနတ်အောက်တွင်အဟောသိကံဖြစ်ကြကုန်သည်။ သူတို့၏အဘိုးမဖြတ်နိုင်သောစာပေနှင့်အကြောင်း ကြောင်းကြောင့်မထုတ်ဝေဖြစ်ခဲ့သောစာမူကြမ်းများစွာများစွာတို့ကားသူတို့၏ပြာနှင့်အတူလွင့်ပြောက်ကွယ်ကြပါပကော။ ၇င်နင့်ဘွယ်ကောင်းပေစွ….။
များလှစွာသောမြန်မာစာပေပညာ၇ှင်တို့ကား “ဆေးလိပ်လည်းတို..နေလည်းညို” ခဲ့ပါပကော…….။

(ပါဝင်သောအချက်အလက်များတွင်မှာယွင်းမှု၊လိုအပ်မှုများ၇ှိပါကမောင်မိုးညို၏မှတ်ဥာဏ်နဲမှုကြောင့်ဟုမှတ်
ယူပြီးအကြံပေးကြပါပြင်ဆင်ပေးကြပါ။)
(၂၀၁၀ ဒီဇင်ဘာ ထုတ် ၇တနာပုံနေပြည်တော်သတင်းစာ တွင်ဖေါ်ပြပြီ)