Wednesday, January 29, 2014

နှစ်သစ် သန္နိဋ္ဌာန်



New year’s resolution ခေါ် နှစ်သစ်အတွက်အကြိုမျှော်မှန်းချက်သန္နိဋ္ဌာန်ချသော အလေ့အထ ကျွန်တော် တို့မြန်မာများတွင် မရှိသလောက်နည်းပါးလှသည်ဆိုသည့်အချက်ကား ငြင်းဘွယ်မဟုတ်သလို၊ နားလည်လက်ခံ ကြသူအလွန်ရှားလှပေသည်။ သမိုင်းသုတေသီတို့အဆိုအရ New year’s resolution ဟူသော အယူအဆ ကနဦး အလေ့အထကို ခရစ်တော်မပေါ်မှီ Babylonians သမိုင်းဦးခေတ်ကစတင်ခဲ့ကြောင်း ဆိုကြသည်။ ထိုမှတဆင့် အက္ခရာတင်သော Roman empire ခေတ်တွင်ပိုမိုတွင်ကျယ်စွာသုံးနှုန်းမှုပျံ့နှံ့ခဲ့သည်ဟုဆိုသည်။ ခေတ်သစ်သမိုင်းဆရာတို့အဆိုအရ၊ ယခုခေတ်လူမျိုးပေါင်းစုံအားလုံးတို့၏ (၈ %) သာ မိမိတို့မျှော်မှန်း သန္နိဋ္ဌာန်ချမှုကို အကောင်အထည်ဖေါ်နိုင်သည်ဟု အဆိုရှိသည်။ မိမိဘ၀နေထိုင်မှုတိုးတက်ရေးအတွက်၊ အတိတ်ကမှားယွင်း အားနည်းချက်ကိုပြန်လည်ပြုပြင်ကြလိုသောအာသီသ ကို မိမိစိတ်ထဲချမှတ်ကြသလို၊ လူသိရှင်ကြားထုတ်ဖေါ် ကြေငြာကြသူတွေလည်း တနေ့ထက်တနေ့ တို့းပွားလာသည်။ နှစ်မကူးမှီနှင့် နှစ်သစ်ကူးချိန်တို့သည် ဘ၀တသက်တာအတွက်အောက်မေ့ဘွယ်အထိမ်းအမှတ်အထွတ်အထိပ် ရောက်ချိန်ကာလဖြစ်သဖြင့်၊ ယင်းအချိန်ကို သန္နိဋ္ဌာန်ချရန်အကောင်းဆုံးအချိန် ဟု အများကလက်ခံ ကြပုံရသည်။ Facebook ကဲ့သို့သော လူမှုကွန်ယက်တွင် မိမိတို့မြန်မာများ ပလူပျံအောင်တွေ့ရသည်မှာ အထူးအဆန်းမဟုတ်တော့ပေ။
ကိစ္စများမြောင်ဤလူ့ဘောင်၏ နေ့တဓူဝအစဉ်ပြေချောမြေ့ရေးအတွက် ရုံးကြကန်ကြရသောဝဲသြဂတွင်၊ ပြည်ပရောက်မြန်မာများ၏ပင်ပန်းဆင်းရဲခြင်းက ပိုကြီးမားလှပေသည်။ သည်ကြားထဲတွင် အိမ်ပြန်ရောက် တိုင်း စာတိုက်မှရောက်လာသော များလှစွာသော စာရွက်စာတမ်းများနှင့်နပန်းလုံးကြရသော ဒုက္ခက အပိုထပ်ဆင့် ပခုန်းပေါ်ကျရောက်လာသည်။ သို့အတွက်ကြောင့်လည်း စာရွက်စာတမ်းများကို စနစ်တကျ ထားသိုသိမ်းဆည်း ရသော အလေ့အထ ကို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများတွင် အပိုထမ်းကြရသော အလေ့ ကြီးထွားလာခဲ့ သည်။ Home office ခေါ် အိမ်/မိသားစုကိစ္စအ၀၀ကို ထိမ်းသိမ်းနိုင်စေခြင်းအလို့ငှာ၊ မိမိအိမ်ကို ရုံးတခုသဖွယ် အသွင်ပြောင်းထားကြရသည်။
မှတ်တမ်းများသိုမှီထိမ်းသိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ မိမိနှင့်မိသားစု၏ ငွေစာရင်း၊ အလုပ်သာမက နေရာဌာနများစွာမှရရှိသော ခံစားခွင့်များအားလုံးကို ကောင်းစွာကိုင်တွယ်နိုင်ခြင်း၊ လိုအပ်ချက်များ စနစ်တကျပြင်ဆင်အကောင်အထည်ဖေါ်ခြင်း၊ ပုံမှန်သုံးသပ်လေ့လာခြင်း၊ လိုအပ်သော ပြုပြင်ပြောင်းလဲမှု၊ မလိုအပ်သည်များကို ဖယ်ထုတ်ရခြင်းစသည်တို့အားလုံးကို၊ နေ့စဉ်ချက်ကျလက်ကျလုပ်သွားနိုင်ရေးအတွက်၊ ကျွန်တော်တို့မြန်မာအားလုံးအနေဖြင့် နှစ်ဦးကနဦး ကတည်းက စီမံပြင်ဆင်ထားရန်လိုအပ်သော ခေတ်အခါသို့ရောက် နေပြီဆိုသည့်အချက်ကိုမီးမောင်းထိုးပြလိုပါသည်။ ဆိုလိုသည်ကား “နှစ်ဦးသန္နိဋ္ဌာန် (new year’s resolution)” များ မဖြစ်မနေချမှတ်ကြရန်လိုအပ်ပြီဖြစ်ပါသည်။
စာရွက်စာထမ်းများကိုသိုမှီခြင်း (document digitization and storing)
ယခုခေတ်ပေါ် all-in-one (print/copy/scan) ခေါ် printers အမျိုးမျိုးယနေ့ဈေးကွက်တွင် ဈေးနှုန်းချိုသာစွာ ရရှိနေပြီဖြစ်သည်။ မိမိအိမ်သိုလှောင်ခန်းနေရာကိုလျင်မြန်စွာ ချဲ့ထွင်နေရာယူလာသောစာရွက်စာတမ်းများကို
စနစ်တကျရေရှည်ထိမ်းသိမ်းရေးအတွက်အဆိုပါ ပုံနှိပ်စက် (printers) နှင့် memory stick/media and digital storage ခေါ်မှတ်တမ်း သိုမှီသည့်ကိရိယာမျိုးများကို မိသားစုတိုင်း မရှိမဖြစ်လက်ဝယ် ထားရမည့်အိမ်သုံး ပစ္စည်းအဖြစ် ၀ယ်ယူသုံးစွဲကြရန်လိုအပ်လာပါသည်။ ခေတ်မှီကွန်ပြူတာများနှင့် အလှမ်းဝေး သောသူတို့ အတွက် အမှတ်တမဲ့ကြည့်လျင် အသုံးပြုနည်းကိုနားလည်ရန်ခက်ခဲသည်ဟု ထင်စရာရှိနိုင်သော် လည်း၊ စာရေးသူ၏အတွေ့အကြုံ အရ ထင်သလောက်မခက်ခဲကြောင်း လေ့လာတွေ့ရှိရသည်။ အတန်းပညာ ပင်မရှိသောသူ အချို့ စာရေးသူ၏ ရှေ့တွင်ပင်၊ ယင်းprinter များကိုကျွမ်းကျင်ပိုင်နိုင်စွာ သုံးလာနိုင် ကြောင်းအမှန် ပင်တွေ့ရပါသည်။ ပညာသင် ကျောင်းသားရှိသောအိမ်များအတွက် ပိုပိုအစဉ်ချောကြောင်းလည်း ကြားသိ ရသည်။ နေ့စဉ်စာတိုက်မှရရှိသော စာများ၏အရေးပါမှု၊ ကာလအတိုင်းအတာတခုအတွက် ထိမ်းသိမ်းနိုင်ရန် လိုအပ်သော ဦးစားပေးအရေးကြီးမှု ပေါ်မူတည်၍၊ ယင်းစာများကို နေ့စဉ်scan လုပ်သိုမှီကြရန်လိုအပ်ပါသည်။ (ဥပမာ- အခွန်ကြေငြာလွှာ ခေါ် tax return form 1040) ကျန်ရှိသော သိမ်းဆည်းရန်မလိုအပ်သည့် စာရွက်စာတမ်းများကို crossed-shredding ကဲ့သို့သောစာရွက်ဖျက်ဆီးစက်တွင် ဖျက်ဆီးစွန့်ပစ်တတ်ဖို့လည်း လိုအပ်ပေသည်။
(၁) နေ့စဉ်ရရှိသောစာများထဲမှအရေးကြီးထိမ်းသိမ်းရမည့် စာရွက်များကို နေ့မကူးမှီ scan လုပ်ပြီး (.pdf) စနစ်ဖြင့်သိုမှီခြင်း၊ ဓါတ်ပုံဖြစ်ပါက (.jpeg) ဖြင့်သိုမှီခြင်း၊
(၂) scan လုပ်ထားသော document ကို file folder ဖြင့်ခေါင်းစဉ်အလိုက်/လစဉ်နှစ်စဉ်အလိုက် သိုမှီsave လုပ်ခြင်း၊
(၂) လစဉ်လကုန်တိုင်း ထိုသိုမှီထားသော file folder များကို memory stick/digital storage ခေါ်မှတ်တမ်း သိုမှီသည့်ကိရိယာမျိုးများတွင်မပျောက်မပျက်စေရန်အလို့ငှာ ထပ်ဆင့်သိုမှီခြင်းပြုလုပ်ရန်လိုအပ်ပါသည်။ ထို့ အပြင် skydive/dropbox ကဲ့သို့သော အင်တာနက်တွင်အဆင်သင့်သိုမှီ ထိမ်းသိမ်းနိုင်သော နည်းလမ်းများ လည်းပေါ်ထွန်းလာပြီဖြစ်သည်။
မှတ်ရန်ကား စာရွက်စာတမ်းအဖြစ် ဆက်လက်ထိမ်းသိမ်းရန်လိုအပ်သော အရေးကြီးစာရွက်စာတမ်း မျိုးများကိုကား၊ digital copy မည်သို့ပင်ရှိစေကာမူမဖျောက်မဖျက်ဆက်လက်ထိမ်းသိမ်းကြရန်လိုအပ်ပါသည်။ (ဥပမာ- social security/ID)
အရေးပါမှုပေါ်မူတည်၍ထိမ်းသိမ်းရမည့်စာရွက်စာတမ်းများ
လေ့လာသူအကြံပေးသူအမျိုးမျိုးတို့ကရှုဒေါင့်စုံမှကြည့်၍ ဦးစားပေးထိမ်းသိမ်းသင့်သော၊ စာရွက်စာတမ်းများကို စာရင်းအမျိုးမျိုးချပြကြသော်လည်း၊ လက်တွေ့ဘ၀တွင်တိုက်ရိုက်အသုံးတည့်၍လွယ်ကူသောစာရင်းမျိုးကို ဖေါ်ပြလိုက်ပါသည်။
(က) ရာသက်ပန်မူရင်းစာရွက်အဖြစ်ထိမ်းသိမ်းသင့်သောစာရွက်စာတမ်းများ - (permanent documents)
(၁) နှစ်အလိုက် ၀င်ငွေခွန်ကြေငြာလွှာ (form 1040 အပါအ၀င် tax returns မျိုးစုံ)
(၂) အိမ်/မြေခွန် (property tax)
(၃) နှစ်အဆုံး အိမ်တန်ဘိုးပေးခြေခြင်းနှင့် စာရင်းရှင်းတမ်း (Year-end mortgage statement & payment projection)
(၄) နှစ်အလိုက်အိမ်/မြေ ပျက်စီးချို့ယွင်းမှုလွှမ်းခြုံခြင်းအာမခံစာချုပ်စာတမ်း (Yearly home protection warranty contract)
(၅) နှစ်အလိုက် အိမ်/မြေအာမခံ ကြေငြာလွှာ (Homeowner insurance declaration page)
(၆) နိုင်ငံသား(သို့) ဧည့်နိုင်ငံသားပြုမှု၊ ဖြစ်မှုကဒ်ပြားများ (naturalization/citizenship/alien registration cards)
(၇) နှစ်အလိုက် (သို့) ကာလသတ်မှတ်ချက်အလိုက် မော်တော်ယာဉ် အာမခံကြေငြာလွှာများ၊ (မိမိမောင်းနှင်ခဲ့သော/မောင်းနှင်ဆဲ ယာဉ် နှင့်ယာဉ်မောင်းသူအားလုံးတို့အကြုံးဝင်ဖေါ်ပြထားသည့်) (auto insurance declaration pages showing all past and present drivers and vehicles listed) နှင့် ယာဉ်တိုက်မှုနှင့်ပါတ်သက်၍ အရေးယူဆောင်ရွက်ဆုံးဖြတ်ချက်များအားလုံး၊ (auto accident claims and letter of experiences/loss history letters)
(၈) လုပ်ခွင် (သို့မဟုတ်) ဒေသ/အဖွဲ့အစည်းစည်း/ဌာနကြီးများ (သို့မဟုတ်) ပညာသင်ကျောင်း/တက္ကသိုလ် များမှသုံးသပ်ချက် မှတ်တမ်းများ (annual reviews)၊ မိမိထူးချွန်စွာဆောင်ရွက်နိုင်မှုအတွက် ချီးကျူးစာ၊ မှတ်တမ်း၊ချီးမြှင့်လွှာ၊ ထောက်ခံချက်များ။ (credentials/achievement records/certificates/appreciation letters/endorsements)
(၉) နှစ်အလိုက်လုပ်ခွင်မှပံ့ပိုးသော ခံစားခွင့်အကျဉ်းချုပ်များ (annual benefit plan summaries)
(၁၀) ကျန်းမာရေးမှတ်တမ်းများ၊ ဆေးစစ်ဆေးတွေ့ရှိချက်များ၊ ဓါတ်မှန်ဓါတ်ခွဲစစ်ဆေးချက်အစီရင်ခံစာ၊ ခွဲစိပ်ကုသမှုမှတ်တမ်းများ။
(၁၁)ဘဏ်ချက်စာအုပ်များ
(၁၂) အသက်အာမခံပေါ်လစီများ (life insurance)၊ မွေးဖွားမှုမှတ်တမ်း (birth certificate)၊ သေဆုံးမှုမှတ်တမ်း (death certificate with informant information)။
(၁၃) အိမ်/မြေ/ယာဉ်ပိုင်ဆိုင်ကြောင်း ခရိုင်၊ပြည်နယ်ရုံးများမှထုတ်ပြန်သော အထောက်အထား ကြေငြာစာတမ်း။ (home/land immovable property deed/vehicle ownership certificate/sales contract/lease agreement)
(၁၄) apartment တွင်နေထိုင်သူများအတွက် အိမ်ငှားစာချုပ် ၊ condominium/townhome/common complex တို့တွင်နေထိုင်သူများအတွက် ဖွဲ့စည်းပုံစည်းမျဉ်း (CC&R)။
(၁၅) အိမ်မွေးတိရစ္ဆာန်ရှိသူများအတွက်၊ မွေးစားမှု (adoption)၊ ကာကွယ်ဆေးထိုးမှု နှင့်ကျန်းမာရေးအာမခံများ (health reimbursement plan) (ရှိပါက)။
(၁၆) ကျန်းမာရေးအာမခံ ကိုယ်ပိုင်သီးသန့်ဝယ်ယူထားကြသူများ၊ ရရှိထားကြသူများ အတွက် ထုတ်ပေးသော အာမခံကုမ္ပဏီကြီး၏အသိပေးစာများ (private health insurance carriers’ declaration and coverage summary/ Medicare benefit approval letter/ Medicaid benefit approval letter)
(၁၇) ဓါတ်ပုံ/ဗွီဒီယိုမှတ်တမ်းများ၊
(၁၈) ကိုယ်ရေးမှတ်တမ်း diary များ၊
(ခ) အနည်းဆုံး နောက်ထပ်(၃)နှစ် သိမ်းဆည်းရန်လိုအပ်သော စာရွက်စာတမ်းမှတ်တမ်းများ
(၁) အဓိက နှင့် အဓိကမဟုတ်သော အကြွေးဝယ်ကတ် ငွေတောင်းခံလွှာများ (major and minor credit card bills/statements)
(၂) ဘဏ်ငွေတောင်းခံလွှာများ (bank statements)
(၃) ငွေရပြေစာများ (receipts)
(၄) ယာဉ်တန်ဘိုအတွက်လစဉ်ပေးသွင်းခြင်းမှတ်တမ်းများ (vehicle loss payee statement/bills)
(၅) ယာဉ်ထိမ်းသိမ်းပြင်ဆင်ခြင်းမှတ်တမ်းများ၊ ယာဉ်အတွက်ပြုပြင်အစားထိုးခြင်းမှတ်တမ်းများ (oil change/parts repair/replacement records)
(၆) နှစ်အလိုက် ယာဉ်မှတ်ပုံတင်အသစ်များ (vehicle registration)
(၇) identification cards/credit cards အမျိုးမျိုးများ။
ဝင်ငွေနှင့်ထွက်ငွေမျှတရေးကြိုတင်အစီအမံ
ပြောရလွယ်သလောက်လိုက်နာရန်ခက်ခဲလှသော ခေတ်ကြီးသို့ ကျွန်တော်တို့မြန်မာများဆိုက်ဆိုက် မြိုက်မြိုက်ရောက်မှန်းမသိရောက်နေကြပြီ ဟုဆိုကြပါစို့။ မိမိဘတ်ဂျက်ဝင်ငွေကိုကာမိစေရန် အကြွေးဝယ် စနစ်ကို အခြေခံသော အနောက်နိုင်ငံကြီးများရောက်မြန်မာများအနေဖြင့်၊ “အကြွေး” စနစ်ကိုရွံမုန်းရာမှ၊ အကြွေးဝဲသြဂထဲယောင်ယောင်ပေါင်ပေါင်ရောက်ကြရသူတွေများသည်။ ၀ယ်ယူစားသုံးလိုသူတို့ဝယ်ယူချင် လာအောင်၊ ၀ယ်ယူနိုင်သောဈေးနှုန်းကိုရှေ့တန်းတင်ကြော်ငြာသော စီးပွားရေးလောက၏ဆွဲဆောင်မှုနောက်ကို ကောက်ကောက်ပါအောင်လိုက်ရင်းက အကြွေးပင်လယ်ဝေကြရသူတွေထဲမြန်မာများလည်းမနည်းတော့ပြီ။ သည်ကြားထဲ၊ ကြွားချင်ဝါချင်ဂုဏ်တုဂုဏ်ပြိုင်စိတ်အားသန်သော်နဂိုမူရင်းစိတ်ရှိကြသူတွေ ပိုဆိုးသော အခြေကိုဆိုက်ရောက်ကြရသည်။ ထွက်ငွေပိုနေကြောင်းသိရန်ကားခက်ခဲလှသောအလုပ်မဟုတ်၊ spending addiction ခေါ်အသုံးအစွဲကြမ်းသောဘ၀သို့ရောက်ရန်ကားလွယ်ကူလှပေသည်။ ကုသနိုင်ရန်အရေးကြီးဆုံး ကား စိတ်အားထက်သန်ပြီး ကိုယ့်စိတ်ကိုမည်မျှနိုင်နင်းအောင်ထိမ်းသိမ်းနိုင်မည် ဆိုသည့်အချက်အပေါ် များစွာမူတည်နေပေသည်။
(က) အကြွေးအများဆုံ နှင့် ပြန်ဆပ်ရန်အဓိကအကျဆုံးအကြွေးကိုအမှတ်စဉ်တပ်ပြီး တန်းစီစာရင်းချပါ။
(ခ) အကြွေးနည်းသော်လည်းအတိုးနှုန်းကြီးပါက ယင်းကိုဦးစားပေးရန်လိုအပ်သည်။
(ဂ) အကြွေးပြန်ပေးတိုင်း မိမိအားပြန်ငွေအမ်းသော (cash rebate) စနစ်ကိုရှာသုံးပါ။
(ဃ) အကြွေးဝယ်ကတ် ကို (၂)ခု မှ(၃) ခုထက်ပို၍ကိုယ်လက်ဝယ်မထားပါနှင့်။
(င) တဖက်သားအပေါ်စိတ်ခုနိုင်စရာ၊ ထိခိုက်နိုင်စရာမရှိသော အသုံးစရိတ်ကိုဖြတ်တောက်ပစ်ပါ။ (ဥပမာ- မွေးနေ့လက်ဆောင် စသဖြင့်)
(စ) “ဟိုက၊ဒီက ဆွဲလိုက်ပါအုံး” ဟူသောအလေ့ကိုပျောက်အောင်ဖျောက်ပါ။
(ဆ) အင်တာနက်ပေါ်မှဈေးဝယ်သော အလေ့ကိုလျှော့နိုင်သမျှလျှော့ပါ။
(ဇ) အသုံစရိတ် ကိုကန့်သတ်ပါ။
အာမခံစနစ်များကိုပြန်လည်သုံးသပ်ခြင်း
ကျန်းမာရေး၊ အသက်၊ မော်တော်ယာဉ်၊ အိမ် အာမခံစနစ်များသည် မိမိနှင့် မိသားစုအတွက်လာမည့်နှစ်တွင် မည်မျှလက်တွေ့ကျကျအသုံးတည့်မည်ဆိုသည်ကိုနှစ်စဉ် ပြန်လေ့လာကြရန်လိုအပ်သည်။ ဤနေရာတွင် လွှမ်းခြုံမှု (coverage) ၏အခန်းကဏ္ဍကပို၍အရေးကြီးပေသည်။ ဥပမာ သက်တမ်းနုသော ယာဉ်အသစ်များ အတွက် coverage ကောင်းကောင်းလိုသော်လည်း၊ သက်တမ်းရင့်ပြီဖြစ်သော ယာဉ်ဟောင်းများအတွက် coverage ကိုပြန်ပြင်ဆင်လျှော့ချကြရန်လိုအပ်မည်ဖြစ်ပါသည်။ ကျန်းမာရေးအာမခံသည်မိမိအလုပ်မှပေးသော ခံစားခွင့်၏အစိတ်အပိုင်း ဖြစ်ပါကလည်း၊ ဈေးနှုန်းသက်သာမှု၊ ဆေးခန်းဆေးရုံဆရာဝန်လွယ်ကူမှုပေါ်မူတည်၍ ပြောင်းလည်းသင့်ကပြောင်းကြရန်လိုသည်။ ပေးသွင်းရသော ပရီမီယံလစဉ်ကြေးတခုတည်းကိုမကြည့်မိကြရန် လိုအပ်သည်။ မိမိပေးသွင်းရသော လစဉ်ကြေးမှအပပေးရသော အိပ်စိုက် (deductibles)များ (co-payment) များအကြောင်း လေ့လာကြရန်လိုအပ်သည်။ မတော်တဆယဉ်တိုက်မှုဖြစ်ခါမှ အာမခံကုမ္ပဏီများ၏ ဆုံးဖြတ်ချက်ကြောင့် မိမိထံပြန်လျော်ကြေးမပေးသည့်အခါမှ၊ စိတ်ပျက်ဒေါသထွက်ကြရသော အဖြစ်မျိုးများ၊ နောင်တများမရမိကြစေရန် နှစ်ဦးအချိန်တွင်အချိန်ယူ၍ မိမိ တို့၏ coverage များကို ပြန်လေ့လာသင့်ပေသည်။ ထိုနည်းတူ အိမ်တန်ဘိုးပေါ်မူတည်၍ငွေတန်ဘိုးသတ်မှတ်ရသော life insurance များတွင် ရေပန်းစားသော ကန့်သတ်အာမခံ (term life) နှင့် ကာလကန့်သတ်မှုမဲ့သော (permanent life) တို့၏ကွာခြားမှုကိုသိနားလည် ကြရန်လိုသည်။ မိမိသက်ရှိထင်ရှားနေထိုင်စဉ်သေဆုံးမှုကြောင့်ကျန်ရစ်သူတို့ပေါ် တွင်ဝန်ထုပ်ဝန်ပိုး နည်းပါးစေ ရန်ရည်ရွယ်ထားသောအာမခံစနစ်တွင် term life သည် ပေါ်လစီကိုတဖက်ဖက် ကရုတ်သိမ်းသည်နှင့် မိမိတို့ ခံစားခွင့်များ ရပ်ဆိုင်းသွားသော်လည်း၊ permanent life တွင်မူ ပြန်အမ်းငွေများ ရရှိနိုင်သော အကျိုးထူးများ ရှိနေသည်ဆိုသည်ကိုခွဲခြားနားလည်ကြရန်လိုအပ်ပါသည်။ အသက်အရွယ်၊ အိမ်ပိုင်ဆိုင်မှုအခြေအနေ နှင့် မိသားစုအခြေအနေပေါ်မူတည်၍ မိမိနှင့်အသင့်လျော်ဆုံးကိုဝယ်ယူထားကြရန် လိုအပ်ပေသည်။ အာမခံ သက်တမ်းကုန်သော်လည်းနေထိုင်ရာဒေသပေါ်မူတည်၍၊ ကာလကန့်သတ်သော ခံစားခွင့်များဆက်လက် ခံစားနိုင်သော ဥပဒေအကာအကွယ်များလည်းရှိနေသည် ဆိုသည်ကိုသိနားလည် ရန်လိုအပ်ပါသည်။

အငြိမ်းစားယူရေးအလုပ်ဝင်စဉ်ကတည်းကစတင်ပြင်ဆင်သင့်
အမှန်ဆိုရလျင် ဤကိစ္စကိုအလေးထားသင့်သောကိစ္စဟုယူဆသူအလွန်နည်းသလို၊ ယင်းပြင်ဆင်မှုကို အချိန်ယူလုပ်သင့်သောကိစ္စဟု အတော်များများက သဘောမထားကြပေ။ အသက်ငယ်ရွယ်သူတိုင်းက ပင်စင်ယူရေးအပြင်အဆင်ကိစ္စကိုရေးကြီးခွင်ကျယ်လုပ်လှချည့်လားဟုကဲ့ရဲ့လေ့ ရှိကြသည်။ အမှန်ဆိုရလျင် အငြိမ်းစားယူရေးကား ပွဲမ၀င်ခင်ကပြင်သင့်သော (တနည်း) ဘ၀အတွက်ဦးစား ပေးရန်အထူးလိုအပ်သော ကိစ္စဖြစ်နေပေပြီ။ အမေရိကပြည်ထောင်စု၏လက်ရှိအစီအမံများ -
(၁) social security retirement program
(၂) 401-k ခေါ် retirement saving account
(၃) government pension plans by city/state and federal governments
(၄) Individual retirement Saving account (IRA) ခေါ် ပုဂ္ဂလိကငွေစုလက်မှတ်စနစ်
တို့ကားရေပန်းအစားဆုံးကိစ္စဖြစ်သည်။
ယင်းတို့အထဲမှ မိမိနှင့်လောလောလတ်လတ်သက်ဆိုင်ယုံမက၊ မိမိက နှစ်ဦးကတည်းကတိုက်ရိုက်စီမံပြင်ဆင် နိုင်သော 401-k ခေါ် အခွန်ဌာနကြီးဥပဒေပြဌာန်းချက် (၄၀၁-ည) ၏ပြဆိုချက်ဖြစ်သော၊ အခွန်စည်းကျပ်မှု ကင်းလွတ်ပေးသော၊ ပင်စင်စုဆောင်းမှုအစီအစဉ်အကြောင်းအနည်းငယ်သိထားရန်လိုအပ်ပေသည်။ ယင်းအပြင် (401-A နှင့် 403-B) တို့သည်လည်းအကြုံးဝင်နေပေသည်။ အရေးကြီးသောအချက်ကား ယင်းအခွန်ကင်းလွတ်ခွင့်နှင့်အခွန်ဆိုင်းငံ့ခြင်းသည်ခံစားခွင့်ရှိသူတိုင်း (အလုပ်လုပ်ကြသူတိုင်း) မဖြစ်မနေ စုဆောင်းသင့်သည်ဆိုသည့်အချက်ကိုပင်။ အလုပ်ရှင်က (၁% မှ ၂%) အထိ မိမိထဲ့ဝင်သော ဒေါ်လာငွေတိုင်းအတွက် ယင်းနှင့်ညီမျှသော ဒေါ်လာငွေကိုထဲ့ပေးသည်မို့ “အလိုအလျောက်ပေါက်သော ထီ” အဖြစ်နားလည်ခံယူကြဘို့လိုပါသည်။ IRA (သို့) Roth IRA ခေါ် အခွန်တန်ဘိုးနှုတ်ပြီးနောက်စုဆောင်းသော ငွေသည်လည်း အခွန်ဆိုင်းငံ့ခွင့်ကိုရကြသည်မို့၊ ပုဂ္ဂလိက IRA များသည်လည်းအပိုဝင်ငွေရှိပါက၊ ထားသင့်သော စုဆောင်းငွေမျိုးပင်ဖြစ်ပါသည်။ အသက် (၅၉နှစ်ခွဲ)မရောက်မချင်းထုတ်ခွင့်မရှိသော်လည်း၊ ယင်းစုဆောင်းငွေမှအတိုးနှုန်းသက်သက်သာသာနှင့် အရေးပေါ်ပြန်ချေးငှားခွင့်ပေးထားသည်။ မိမိ အလုပ်ရှင်ပေါ်မူတည်၍ plan အမျိုးမျိုးရှိကြသော်လည်း၊ plan ရွေးရာတွင် stock/funds ခေါ် အတိုးနှုန်း ကောင်းသောplans နှင့် အတိုးနှုန်းနည်းသော bonds ကိုမိမိအသက်ပင်စင်ယူမည့်အချိန် ပေါ်မူတည်၍ရွေးချယ် သင့်ပေသည်။ အသက်ကြီးသည်နှင့်အမျှ stock အမျိုးအစားကိုလျှော့ချရွေးချယ်ကြရန် လိုအပ်ပေသည်။ ထို့အပြင် target plan ခေါ်မိမိအငြိမ်းစားယူမည့်နှစ်ကိုမူတည်ထားသော plan မျိုးများလည်းရေပန်းစား လာသည်။ (ငယ်ရွယ်သူနှင့် အသက်ကြီးပင်စင်ယူခါနီးမှအလုပ်စလုပ်သူတို့အတွက် သင့်လျော်သည် ဟုဆိုကြသည်။) အရေးကြီးဆုံးအချက်ကား 401-k ကိုမရှိမဖြစ်ထားကြရန်နှင့် စုဆောင်းငွေပမာဏကို အနည်းဆုံး အလုပ်ရှင်ကပံ့ပိုးထဲ့သွင်းသော ရာနှုန်းပမာဏ (matching percentage) အထိရောက်အောင် မဖြစ်မနေထဲ့သွင်းကြရန်လိုအပ်ပါသည်။
Plan ရွေးရာတွင်၎င်း၊ ပြောင်းလဲရာတွင်၎င်း လိုက်နာသင့်သောအချက်များ -
(၁) (၃) နှစ် နှင့် (၁၀)နှစ် အတွင်းအတိုးအများဆုံးပေးနိုင်မှု (fund performance/return%)
(၂) ဈေးနှုန်းတည်ငြိမ်မှု (fund value stability)
(၃) fund ticker ကို www.morningstar.com ကဲ့သို့သော အခိုင်အမာရှိသည့် အင်တာနက်ဝက်ဆိုက် များတွင်လေ့လာသုတေသနပြုကြရန်။
(၄) fund စီမံခန့်ခွဲခစရိတ်နည်းနိုင်သမျှအနည်းဆုံးဖြစ်မှု၊ (administrative fee)
(၅) fund တခုချင်းအတွက် ထဲ့ဝင်မှုရာနှုန်းသတ်မှတ်ရာတွင် re-balancing စနစ်ကိုသုံးရန်၊
(၆) မိမိအလုပ်ပြောင်းပါကအလုပ်ဟောင်းမှထဲ့ဝင်ငွေအတွက် ချက်လက်မှတ်ရလာပါက ဘဏ်တွင်သွား မသွင်းမိစေဘဲ နောက်အလုပ်ရသောအခါကျမှယင်းအလုပ်သစ်၏ 401-k တွင်ထဲ့သွင်းကြရန်၊ (rollover)

အရေးကြီးဆုံး credit နှစ်စဉ် သုံးသပ်မှု (credit monitoring)
မြန်မာမိသားစုတိုင်း၊ မိသားစုဝင်တစ်ဦးချင်းတိုင်းနှစ်စဉ်ပုံမှန် လုပ်ရမည့်အခြားအရေးကြီးသောကိစ္စတခုကား မိမိတို့တစ်ဦးချင်း Credit history များကိုဆန်းစစ်ကြရန်ဖြစ်ပေသည်။ တည်ဆဲဥပဒေက အမေရိကနေသူတိုင်း အတွက် မိမိတို့ credit history များကို (၁၂)လပြည့်တိုင်း ပင်မ Credit bureau ကြီး(၃) ခုတွင် တောင်းယူခွင့် ရှိသည်ဆိုသည်ကိုသိနားလည်ဘို့လိုပါသည်။ ဤကိစ္စကိုဦးစားပေးလုပ်သင့်ရခြင်း ရည်ရွယ်ချက်တခုမှလည်း identity theft ခေါ်မိမိတို့၏ကိုယ်ပိုင်ကိုယ်ရေးအချက်အလက်များစက္ကန့်နှင့်အမျှ ခိုးယူခံနေကြရခြင်းဘေးမှ ကာကွယ်ရန်လည်းဖြစ်ပေသည်။ အသေအခြာလေ့လာကြည့်လျင် မိမိသုံးစွဲထားခြင်း အလျင်းမရှိဘဲ၊ မိမိဘဏ်စာရင်း၊ credit card ငွေတောင်းခံလွှာတို့တွင် unauthorized items များပါသော ငွေတောင်းခံမှုကို မိသားစုအတော်များများက (အမှန်ဆိုရလျင် မိသားစုတိုင်းပင်) ခံကြရသည်။ ယင်းအတွက် Equifax, Experian နှင့် TransUnion အဖွဲ့အစည်းကြီး(၃) ခုလုံးကိုကိုယ်စားပြုသော (တခုတည်းသော) website ဖြစ်သည့် www.annualcreditreport.com တွင်တက်ရောက်ပြီးအခမဲ့ကြည့်ရှုနိုင်ကြပါသည်။ မိမိကိုယ်ရေးအချက်နှင့် အိမ် mortgage နှင့်   car payment အပါအ၀င် တို့ကို လုံခြုံရေးအလို့ငှာမေးမြန်း ပြီးပါက မိမိသိလိုသော အချက်အလက်များကိုချက်ချင်းသိနိုင်မည်ဖြစ်သည်။ ယင်းအဖွဲ့(၃) ခုကိုအလှည့်ကျ(၄)လတကြိမ် ၀င်ရောက် တောင်းဆိုနိုင်မည်ဖြစ်ပါသည်။ လေ့လာကြည့်ရသလောက် TransUnion ကအဆင်ပြေဆုံးဖြစ်သလို FICO Score ခေါ် Fair, Isaac & Company ကို လည်းသင့်တင့်သောဈေးနှုန်းဖြင့်တောင်းဆိုနိုင်ပါသည်။ Score သတ်မှတ်ချက် (၃၀၀) မှ(၈၅၀) ရှိသော်လည်း (၈၀၀) အထက်ရှိကြသူတွေ အိမ်ဝယ်ကားဝယ်ကြရာတွင် မျက်နှာပွင့်ကြသည်။
သိနားလည်ကြရန်မှာဤ credit history သာမက အများပြည်သူသို့ထုတ်ပြန်ထားသော မိမိကိုယ်ပိုင်အချက် အလက်များ (public records)၊ အိမ်နှင့်ယာဉ် အာမခံ history များကိုလည်း ပုံမှန်တောင်းယူနိုင်ပါသည်။ www.personalreports.lexisnexis.com
နှစ်သစ်အတွက်အပြင်အဆင်အခင်းအကျင်းကို နားလည်ကြသူတွေကပြင်ဆင်ကြသော်လည်း၊ မြန်မာမိသားစုအသိုင်းအ၀န်းအတွင်း၊ ဤကိစ္စကိုဦးစားပေးရန်အချိန်ကျပြီဖြစ်ကြောင်း အကြံပေးမှု၊ သတိပေးမှု အလွန်နည်းပါးနေသေးသည်။ Happy New Year ဟူသောနှုတ်ခွန်းဆက်စကား၏နောက်တွင် ကပ်၍လိုက်ပါသင့်သော နှစ်ဦးစကားဆုမွန် တခုဟူသော အလေ့အထကို စတင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။ 
(ဇန္န၀ါရီ ၂၀၁၄ ထုတ်၊ မြန်မာဂဇက် တွင်ဖေါ်ပြပြီးဖြစ်။)

Wednesday, January 08, 2014

New Year Greeting from The Wynns

Ta Ta worry-some 2013! Welcome worry-free 2014! With things that we experienced and things "soon-to-be's" are hallmarks for all of us no matter how good or bad. The Wynns somberly recognized things slipped if not gravely went wrecked. The past is "the past". Don't repeat the same mistake even though we human-beings tend to forget things easily.
Barb graduated and joined the workforce as insurance adjuster. Seems all Wynns are well in placed in this illusionary world. Make sure you have a job to earn your life: this is a value of our lives. Cho still is serving chiro and doctors with her signature back pain. I finally got my remaining eye ailment corrected with a talented doctor. Thanks for giving my eyesight back to continue writing articles in the very popular "Myanmar Gazette". Angela is on the way to advance her study in finances and accounting career. Sandhi finally moved to her new home she owns years ago. What does she have in her mind? She is on her way to become a nursing practitioner.
Here comes the most important topic: health! Waking up every morning finding ourselves in good (if not great) health is a blessing, right? We all are good in pretending even we are not 100 percent healthy. We simply overlook the fact the downside of the life. We often fail to admit; simply put. The religious bound tradition will ward of our bad 'karma' we think. We are totally wrong! I feel so bad for those who mistakenly accept the fact that praying itself will protect from bad things. Our Buddha Guttama left the legendary word: no result can be obtained without our own act. Wake up friends! Grow up dear friends!
FB has been great place for all of us to share our moments/events but don't abuse it. Again, make sure you earn your life! Understand what your dearest need. Respect one's privacy and personal character. Most importantly, let's keep ourselves in good shape!
Happy 2014!