Sunday, January 31, 2016

HAPPY BIRTH DAY, DAD! (JAN 26, 2016)



Moenygo U Ko KoGyi (former Parliamentary Secretary & Chairman of The Housing Board) would be 100 if he lives today. His caring and vision enlightened many lives. One of his remarkable contributions during his tenure is co-founding of Yankin Myothit. He gave up his 'MoeNyo Gayhar" few years after he departed Burma's political transition - due to financial hardship. Since then he lived place to place in rental residences. He died in a small room shared by a generous landlord; while trying very hard to meet rapidly growing rent.
To this day, there is no promising homeownership available to general public of Burma. Government and private sectors seem to lost this fundamental basic need that we all Burmese deserve. With unbelievably skyrocketing lands and property values, that deadlock prevents all citizens to own a home. Affordable and common sense mortgage system backed by solid financial institution is still not even in the foreseeable horizon.
We wish the values of human lives will shine upon all my beloved countrymen!
Dad! We wish you a very Happy Birthday!

Tuesday, January 26, 2016

အနာဂါတ်မြန်မာအစိုးရသစ်အတွက် အဓိကစိမ်ခေါ်မှုကြီး (၄)ခု

နိုင်ငံတကာနှင့် ပြည်သူအများ၏စိုးရိမ်မှုများကြားမှ လူထုကြိုက်ရွေးချယ်ထားသောအစိုးရသစ်တခု မြန်မာနိုင်ငံ တွင်ပေါ်ထွက်လာတော့မည်ဟု ဆိုနိုင်သောဟန်းနီးမွန်းကာလဟုဆိုရပေမည်။ “တောင်ပြိုကမ်းပြို” ဟူသော ဝေါဟာရကိုမြန်မာ့စာနယ်ဇင်းလောကတွင်အလျှံပယ်သုံးရလောက်အောင်အပြတ်အသတ်အနိုင်ရလိုက်သော NLD ပါတီကြီးသည်၊ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာအစိုးရ၊ တရားရေး၊ ဥပဒေရေးရာနှင့်အသီးသီးသော တည်ဆဲ အဖွဲ့အစည်းကြီးများအတွက်၊ အစဉ်ချောစွာလက်လွဲပြောင်းနိုင်ရေးအတွက်လည်း၊ စတင်ဆောင်ရွက် နေကြရ ချိန်လည်းဖြစ်သည်။ ပြဌာန်းချက်များအရ ဖေဖေါ်ဝါရီလဆန်းသည်နှင့်စတင်ခေါ်ယူမည့်လွတ်တော်များမှ အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်ပေါ်ထွက်လာသလို၊ လက်ရှိဖွဲ့စည်းပုံအဆင့်ဆင့်တို့ကိုပြောင်းလဲခြင်း၊ ဖျက်သိမ်းခြင်းများ ကိုလည်းမနှေးနှင့်အမြန်ဆောင်ရွက်လိုသောဆန္ဒများကို အနိုင်ရပါတီကြီးကမျိုသိပ်ထားခြင်းအလျင်းမရှိ ဖွင့်ဟ ပြောဆိုလာသည်ကိုတွေ့ရသည်။ ထိုနည်းတူNLD ပါတီဦးဆောင်အဖွဲ့ဝင်များနှင့်ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်တို့ထံ စာရေး၍တဖုံ၊ ဆက်သွယ်တွေ့ဆုံ၍တမျိုး မိမိတို့အားနေရာကောင်းများပေးသနားကြရန်ကြိုးပမ်း ကြသောယခင်အနစ်နာခံနိုင်ငံရေးသမားများနှင့်အကြိုးမျှော်ကိုးကြသော”ခါတော်မှီ”များပျားပန်းခတ်သောကာလဟုလည်းဆိုနိုင်သည်။ မတ်လကုန်ပြီးသည်နှင့်လက်ရှိဦးသိန်းစိန်အစိုးရမှအနိုင်ရပါတီသို့အာဏာလွှဲပြောင်းမှု အစစအစဉ်ချောခဲ့ပါက၊ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင်၊ ဒီမိုကရေစီကျင့်စဉ်အပြည့်ဝဆုံးသော အာဏာ စီးဆင်းမှု (transition of executive power) အဖြစ်သမ္မတဦးသိန်းစိန်အားချီးကျူးမှတ်ကျောက်တင် ရမည် ဖြစ်သည်။
NLD ပါတီအနိုင်ရရှိချိန်မှစ၍ယခုအထိအတွင်းအစိုးရ၊ တပ်မတော်အကြီးအကဲနှင့်ယခင်ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေတို့နှင့်တရားဝင်ရော၊ တရားမ၀င်ပါတွေ့ဆုံခဲ့သောဖြစ်စဉ်များအရ၊ နိုင်ငံရေးလေ့လာကြသူပညာရှင် များနှင့်အများလူထုက၊ လက်ရှိအတားအဆီးဖြစ်နေသော အခြေခံဥပဒေ (၅၉-စ)ကိုခေတ္တဆိုင်းငံ့ခြင်းနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အားသမ္မတအဖြစ်ရွေးချယ်ခံပိုင်ခွင့်ကိုပေးမည်ဟု ထင်ကြေးပေးကြသည်။ ကွယ်လွန် သူဝန်ကြီးချုပ်ဟောင်းသခင်နုက (၁၉၅၇-၅၈) တွင်ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရသို့အာဏာလွှဲရန်လွှတ်တော် တွင်တင်သွင်းသောအခါ၊ ထိုချိန်ခါကာလတည်ဆဲအခြေခံဥပဒေကကန့်သတ်ထားသော၊ အစိုးရအဖွဲ့ဝင်များ အမတ်ဖြစ်မှသာဝန်ကြီးချုပ်ဖြစ်ခွင့်ကိုခြွင်းချက်ပြုခဲ့သောသာဓကကို၊ ပညာရှင်အချို့ကထောက်ပြကြသည်။ နောင်တက်သောအစိုးရကို လက်ရှိအခြေခံဥပဒေကပြညွှန်းသောနည်းဖြင့် စစ်တပ်နှင့်နိုင်ငံရေးလောကသားများ ဖက်စပ်သောညွန့်ပေါင်းဆန်ဆန်အစိုးရအဖြစ်ခရီးစကြမည်လား (သို့တည်းမဟုတ်) NLD လုံးလုံးလျားလျား အာဏာလက်ဆင့်ကမ်းပေးလျက်ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးမည်လားဆိုသည့်အချက်ကို၊ လာမည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကြီးကသရုပ်ဖေါ်မည်ဖြစ်သည်။ ထိုအဖြစ်မျိုးရောက်ရှိရေးမှာလည်း၊ လက်ရှိကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားသူဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များအပေါ်တွင်
မူတည်နေပေသည်။ သေခြာသည်ကားလက်ရှိအခြေခံဥပဒေကြီးကမည်သို့ပင်ကန့်သတ်စေကာမူ၊ NLD ပါတီ ကြီး၏နှောင်ကြိုးမဲ့အနာဂါတ်နိုင်ငံတော်ဖန်တီးခွင့်ကိုခွင့်ပြုနိုင်မည့်မည်သည့်နည်းလမ်းမျိုးကိုမဆို၊ လူထုနှင့် နိုင်ငံရေးလောကသားအားလုံးတို့ကထောက်ခံအားပေးမည်မှာအမှန်ဖြစ်သောအချိန်အခါရောက်နေပေပြီ။ သို့ဆိုလျင် NLD ပါတီကြီးအနေနှင့်ရောမိမိခြေပေါ်အမှီခိုမဲ့ရပ်တည်လျက်မိမိစိတ်ကြိုက်နိုင်ငံအနာဂါတ်ကို ကိုင်တွယ်မောင်းနှင်ရန်အဆင်သင့်ဖြစ်ပြီလောဟူသောမေးခွန်ထုတ်ရမည့်အချိန်သို့ဆိုက်ရောက်ပေပြီ။ နောင် အစိုးရသစ်အတွက်အဓိကစိမ်ခ်ါမှုများစွာတို့ထဲမှ အဓိကစိမ်ခေါ်မှုကြီးများကိုလေ့လာကြပါစို့။
(က) တိုင်းရင်းသားလက်နက်ကိုင်များ၏တပြည်လုံအပစ်အခတ်ရပ်စဲရေးနှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဖက် ဒရယ်မူတောင်းဆိုမှုနိုင်ငံလွတ်လပ်ရေးရရှိနိုင်ရေးအတွက်ထိုစဉ်ဗြိတိသျှအစိုးရ၏တောင်းဆိုချက်ကြီးဖြစ်သောတိုင်းရင်းသားလူနည်းစုများ၏တသွေးတသံတည်းသောညီညွတ်မုကိုပြဆိုနိုင်ရေးအတွက်ဗိုလ်ချုပ်အောင်ဆန်းမှပင်လုံစာချုပ်ကို (၁၉၄၇)တွင်ချုပ်ဆို၍စည်းလုံးမှုကိုပြခဲ့ရသည်။ ထိုစာချုပ်ပါခွင့်ပြုချက်တခုဖြစ်သော၊ ပြည်နယ်များလိုလားပါကခွဲ ထွက်ခွင့်ကိုလက်ကိုင်ပြုကြသောတိုင်းရင်းသားလူမျိုးစုအချို့၏အာခံတော်လှန်မှုများကို(၁၉၄၈)ခုနှစ်လွတ်လပ် ရေးရပြီးမှစ၍ယခုချိန်တိုင်တွေ့နေရဆဲဖြစ်သည်။ ထိုတိုင်းရင်းသားလက်နက်ကိုင်များသည်ပြောင်းလဲလာသော ခေတ်အခါအရ၊ ယခင်ခေါင်းဆောင်ခဲ့သောတိုင်းရင်းသားခေါင်းဆောင်အဆက်ဆက်မှသည်၊ နယ်ပယ်ဒေသ အပေါ်စီးပွားရေး၊ လူမှုရေးသြဇာညောင်းသောခေါင်းဆောင်များကပြောင်းလဲနေရာယူလာကြသည်ကိုအချို့ တိုင်းရင်းသားလူမျိုးစုများတွင်တွေ့ရသည်။ ငွေကြေးနှင့်အာဏာကိုအခိုင်အမာတည်ဆောက်နိုင်သူတို့က ထို တိုင်းရင်းသားဒေသများတွင် ခေါင်းဆောင်များဖြစ်လာကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ပြည်နယ်ခွဲထွက်ခွင့်ကို ယခုအာဏာရလာမည့် NLD ပါတီခေါင်းဆောင်ထံတွင်အကြပ်ကိုင်ဆောင်းဆိုနိုင်မည့်အရိပ်အယောင်များ သန်း လာနိုင်သည်ဆိုသည်ကိုကြိုတင်မြင်တတ်ကြဘို့လိုလာပေပြီ။ လက်ရှိအခြေခံဥပဒေက၊ ပြည်နယ်များ ခွဲထွက် ခြင်းမပြုရဟူသောသံမဏိကန့်သတ်ချက်ကို၊ မဖြစ်မနေတာစူလာသောအခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး ကစိမ် ခေါ်နိုင်ပေသည်။ အခြေခံဥပဒေက ဒေသအလိုက်အာဏာခွဲဝေပေးသောပြဌာန်းချက်နှင့်၊ ဒေသထွက်ကုန် နှင့် အခွန်အကောက်ရရှိငွေတို့ကိုပြည်နယ်နှင့်ဒေသကြီးများအလိုက်ဦးစားပေးခံစားခွင့်ကိုအကြီးအကျယ်ပြင်ဆင်နေချိန်တွင်၊ အစိုးရအုပ်ချုပ်ရေးနှင့်တကွတရားစီရင်ခွင့် များကိုပြည်နယ်များသို့လုံးဝနီးနီးအပ်နှံပေးစေလိုသော တောင်းဆိုအရေးယူမှုများသည် NLD ကမလွဲမသွေကြုံရဖွယ်ရှိနေသည်။ မိမိကြမ္မာမိမိဖန်တီးခွင့်ဟူသော ချွေး သိပ်စကားကိုတိုင်းရင်းသားတို့ကြားရဖန်များပြီးအရာမထင်ခဲ့မှုများကြာညောင်းခဲ့ပေပြီ။ NLD ကတိုင်းရင်းသား များ၏တိုးတက်အရေးဆိုမှုများကိုတရားမျှတစွာဖြင့်လိမ္မာပါးနပ်စွာကိုင်တွယ်အကြိုးပြုနိုင်ရန်အထူးကြိုးပမ်းရမည့် အခြေတွင်ရှိနေပေပြီ။ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးကြသူတိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင်မိမိဒေသ တိုင်းရင်းသားများအပေါ်မည်မျှသြဇာညောင်းပြီလဲဟူသောမေးခွန်းအတွက်ယနေ့အထိအဖြေမရှိသေးပေ။
လက်ရှိဦးသိန်းစိန်အစိုးရလက်ထက်တပိုင်းတစ်စအောင်မြင်မှုသာရှိနေသေးသော တပြည်လုံးအပြစ်အခတ် ရပ်စဲရေးနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးသည်နောင်အစိုးရသစ်ပခုံးပေါ်သို့အလေးလံဆုံးဝန်ထုပ်ကြီး အဖြစ်ရောက်ရှိလာပေမည်။ လက်ရှိသဘောတူညီထားသောမူဘောင်များသည်ပြောင်းလဲကောင်းပြောင်း လဲနိုင်မည်ဖြစ်သလို၊ တိုးတက်တောင်းဆိုမှုများအမှန်တကယ်ရှိလာနိုင်ပေသည်။ ဒီမိုကရေစီခံစားခွင့်တည်း ဟူသောကြွေးကြော်မှုခေါင်းစဉ်အောက်တွင်လက်နက်ကိုင်တပ်များတိုးချဲ့ခွင့်အပါအ၀င်၊ အနာဂါတ်လိုလား ချက်များကိုပါတန်းစီတောင်းဆိုလာနိုင်သောအခြေအနေရှိနိုင်သည်။
(ခ) မကြုံစဖူးကြီးထွားနေသော အဂတိလိုက်စားမှုနှင့်အကျင့်ပျက်ချစားမှု
ရာစုထက်ဝက်ကျော်မျှဝန်ထမ်းနှင့်လူထုအတွင်းအရိုးစွဲနေသောဤစာရိတ္တပျက်ယွင်းမှုကို”နေ့ချင်းညချင်းပြင်၍မရနိုင်”ဟူသောဖြေသိမ့်စကားကိုနောင်တက်မည့်အစိုးရသစ်ကလက်ကိုင်ပြုမသုံးစွဲမိအောင်၊ ဆင်ခြေပေးသော အလေ့အထဖြစ်မလာစေအောင်ကြီးစွာအားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။ ဌာနဆိုင်ရာအကြီးအကဲနေရာရ လာကြသူတို့တို့ရာထူးရကာစတွင်အစဉ်ချောကြသော်လည်း၊ လက်အောက်ငယ်သားများ၏ဖျက်ဆီးမှုကြောင့် အကျင့်စာရိတ္တယိမ်ယိုင်ပြီးလာဘ်ယူမှုများတိုးလုပ်လာကြသည်ကိုခေတ်အဆက်ဆက်တွေ့ကြရပေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဌာနဆိုင်ရာဝန်ကြီး/၀န်ကလေးရာထူးတို့အတွက်ချဉ်းကပ်လာကြသူတွေကို ယခုအခါတားမနိုင်ဆီးမရတွေ့နေရပေပြီ။ နိုင်ငံရေးရေစီးကြောင်းတွင်အတူအနစ်နာခံလာကြသူတွေအချင်းချင်း၊ ရာထူးအခွင့်အရေးရနိုင်သောအရိပ်အယောင်မြင်လာရချိန်တွင်၊ ဟန်မဆောင်နိုင်တော့လောက်အောင် ရုပ်ပျက် ဆင်းပျက်သူ့ထက်ငါအလုအရက်ကြိုးစားလာကြသည်။ ထူးသော်လည်းမဆန်းပေပြီ။ လွှတ်တော်တည်းဟူသော အခွင့်အရေးနည်းပါးသည့်ကုလားထိုင်ကိုပင်အလုအယက်ဖြစ်ခဲ့သည်ကိုကြည့်ပါ။ လွှတ်တော်ကိုယ်စားလှယ် တည်းဟူသောတာဝန်လေးတခုကပင်၊ တိုက်ခန်း၊ မြေကွက်နှင့်စီးပွားရေးပါမစ်လေးများကပြေးမလွတ်ရနိုင်သည် မဟုတ်ပါလား။ ဤအခွင့်ထူးများမရပါဟုငြင်းနိုင်ကြသူတွေငြင်းကြလော့။ ငြင်းသူတွေငြင်းကြရင်းက၊ တဖက် မှအခွင့်ထူးများဝင်လာကြသည့်သတင်းကားလူထုနားတွင်မဆန့်နိုင်အောင်ကြားနေကြရပြီ။ အာဏာရစ်မူးလျက် “လာဘ်ယူကြသူတွေထောင်ဗူးဝကိုသာကြည့်ကြပေရော့”ဟူသောစကားဆိုပြီးအရေးယူကြရမည်ဆိုလျင်၊ တစ် နိုင်ငံလုံးရှိဝန်ထမ်းတို့ထောင်နန်းစံရဘွယ်ပင်။ ချောက်ပြစ်ကင်းသဲလဲစဉ်ဟုလက်မထောင်ကြသူတွေက၊ လက်ရှိ အကျင့်ပျက်များနေရာအစားထိုးယူချိန်တွင်၊ အဘယ်ကဲ့သို့ပြုမူနေထိုင်လျက်၊ လူထုအတွက်တိုက်ရိုက် အကြိုး ရှိနိုင်မည့်စီမံခန့်ခွဲမှုကိုပေးနိုင်မည်လည်းဆိုသည်ကိုစောင့်ကြည့်ရန်လိုသလို၊ ဤအချိန်ကာလသည်သည်း မတို တောင်းလှသောအချိန်ကာလအပိုင်းအခြားကြီးတခုအဖြစ်ရှိနေဦးမည်မှာအမှန်။ ထိုနည်းတူစာရိတ္တမဏ္ဍိုင် ခိုင်မာ ကြသူချင်း၊ ပြိုင်ဆိုင်ကြရင်းခွာပြဲမှုမဖြစ်ရန်လိုသည်။ အထက်အရာရှိများကအောက်လူများမသမာမှုကိုဖုံး ဖိပေး ခြင်း၊ ကာကွယ်ပေးခြင်းရှောင်ရှားကြရန်လိုသလို၊ အောက်ခြေ၀န်ထမ်းများကလည်း၊ မျက်နှာရချင်ဇော ဖြင့်မ ဟုတ်မမှန်သည်များလီဆယ်တင်ပြခြင်း၊ သတင်းအချက်အလက်မှန်များကိုဖုံးဖိခြင်း၊ အထက်လူများ အ ကြိုက် လိုက်ပြောဆိုခြင်းများရပ်တန်းကရပ်ကြရန်လိုပေပြီ။ NLD ပါတီကြီးအတွက်အခက်ခဲဆုံးသောစိမ်ခေါ်မှုကြီးကား၊
ပါတီဝင်များအတွင်းပင်အမြစ်တွယ်နေသော၊ ဤဗျုရိုကရေစီအုပ်ချုပ်ရေးအတွေးအမြင်မူဟောင်းကိုမဖြစ်မနေ အရေခွံခွာနိုင်အောင်ကြိုးစားရခြင်းပင်ဖြစ်သည်။
(ဂ) တပ်မတော်နှင့်အစိုးရမဏ္ဍိုင်ကြီးများနှင့်တစိမ်းတရံဆန်လွန်းနေသေးသော NLD၏လက်ရှိဆက်ဆံရေး
ပြီးခဲ့သောရွေးကောက်ပွဲလွန်ကာလတွင်NLDပါတီခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် အကြီးအ ကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏တရားဝင်တွေ့ဆုံမှုတစ်ကြိမ်သာရှိနေသေးသည်။ တပ်မတော်နှင့်နိုင်ငံရေး နယ်ပယ်သားများ၏ဆက်ဆံရေးသမိုင်းကြောင်းကိုပြန်ကြည့်ပါက၊ တစိမ်းဆံသောဆက်ဆံရေးများသာရှိခဲ့သည်။ တွေ့ဆုံမှုများရှိခဲ့ပါကလည်းအပေါ်ယံကြောဆက်ဆံမှုနှင့်ယေဘူယျကျသောကတိက၀တ်များနှင့်သာပြည့်နှက် ခဲ့သည်။ အဆက်ဆက်သောအခြေခံဥပဒေတို့တွင်တပ်မတော်၏ကဏ္ဍကိုတရားဝင်ဖေါ်ပြခြင်းမရှိခဲ့သော်လည်း၊ လက်ရှိအခြေခံဥပဒေကတပ်မတော်၏နိုင်ငံရေးတွင်အရေးပါသောဦးဆောင်မှုကိုအလေးပေးပြဌာန်းထားပေ သည်။ ထိုမျှသာမကပေ။ “နိုင်ငံပြိုကွဲနိုင်သောအခြေအနေ” ဟူသောအဓိပ္ပါယ်ဖွင့်ရန်ခက်ခဲသောဝေါဟာရကို သုံးလျက်၊ နိုင်ငံတော်အာဏာကိုထိမ်းသိမ်းခွင့်ကိုပေးကမ်းထားသည်ကိုတွေ့ရသည်။ အဆင့်ဆင့်သော အစိုးရ အဖွဲ့အစည်းများကိုသာမက၊ ဒေသနှင့်လွှတ်တော်တိုင်းတွင်တပ်မတော်အရာရှိများကိုစေလွှတ်ပါဝင်စေခြင်းဖြင့်၊ တပ်မတော်၏လွှမ်းမိုးနိုင်မှုသြဇာကိုအရယူထားသည်။ အစိုးရအဖွဲ့အကြီးအကဲဖြစ်သူသမ္မတရာထူးအထိကို၊ ကာကွယ်ရေးဦးစီးချုပ်၏တိုက်ရိုက်စေလွှတ်မှုဖြင့်ချုပ်ကိုင်နိုင်သောအခွင့်အရေးကိုပေးထားသေးသည်။ အနိုင်ရ အစိုးရဖွဲ့မည့်NLD အနေဖြင့်တပ်မတော်အပေါ်လွှမ်းမိုးသြဇာသက်ရောက်နိုင်မှုရှိရေးမရှိရေးသည်၊ ဒေါ်အောင် ဆန်းစုကြည်၏ဆက်ဆံရေးဗျူဟာပေါ်အခြေခံသော်လည်း၊ ကာကွယ်ရေးဦးစီးချုပ်၏လိုက်လျောနိုင်မှုအပေါ် ရာနှုန်းများစွာတည်မှီနေပေသည်။ အာဏာရပါတီလုပ်နိုင်စွမ်းရည်အောင်မြင်နိုင်မှုသည် တပ်မတော်၏ဒီမိုက ရေစီစရိုက်လက္ခဏာများမည်မျှပြည့်ဝလာနိုင်မည်လဲဟူသောအရည်အသွေးတိုးတက်မှုပေါ်တွင်လွန်စွာတည်မှီ နေပေသည်။
ထိုနည်းတူ၊ “ဘယ်အစိုးရတက်တက်၊ ဒို့ကတော့စောင်ကြည့်လက်ခံမှာဘဲ” ဟူသောလေပြေထိုးစကားပြောကြ သော လက်ရှိဌာနဆိုင်ရာအကြီးအကဲ အမြဲတမ်းအတွင်းဝန်များမှစ၍၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဦးဆောင်ညွှန် ကြားရေးမှူးကြီးများကစတင်ပြောဆိုနေကြပေပြီ။ အတိုက်အခံနိုင်ငံရေးပါတီများဟုဆိုလျင်၊ အမြန်ရှောင်ထွက် ကြသော၊ ပခုန်းတွန့်ပြကြသောထိုဌာနဆိုင်ရာအရာရှိမင်းတို့၊ ယခုအချိန်ဘယ်ပုဂ္ဂိုလ်များကိုယ့်ခေါင်းပေါ်ရောက် လာမည်လဲဟုပဟေဠိထုတ်ကြချိန်ဖြစ်သည်။ မချိပြုံးကြသူတွေရှိသလို“ကြည့်သေးတာပေါ့ကွာ”ဟုခနဲ့ကြသူ တွေများသည်။ ယခင်ကဝေးဝေးရှောင်ကြရသောဆက်ဆံရေးမှသည်၊ တနေရာ တဌာနထဲလက်တွဲလုပ်ကိုင် နိုင်သောအနေအထားဆက်ဆံရေးသို့ရောက်ရန်များစွာသောတံတိုင်းကြီးများကိုဖြို ချကြရမည့်အချိန်ရောက် ပေပြီ။
(ဃ) တိုင်းရင်းသားလူမျိုးစုငယ်များနှင့်ဘာသာ/သာဿနာခြားများ၏အုံကြွမှုနှင့်မတည်ငြိမ်မှုများ
လမ်းစဉ်ပါတီခေတ်ကမြန်မာ့အသံမှ “ရိုဟင်ဂျာ”ဘာသာတိုင်းရင်းသာအစီအစဉ်ရှိခဲ့သော်လည်း၊ ရခိုင် ပြည်နယ်အတွင်းမကြာခနမတည်ငြိမ်မှုတို့ကြောင့်၊ ပြည်နယ်အစိုးရ၀န်ကြီးချုပ်လဲလှယ်၍စစ်ဗိုလ်ချုပ်တစ်ဦး စေလွှတ်အုပ်ချုပ်စေရသည့်အဖြစ်တိုင်အောင်၊ လူမျိုးရေး၊ ဘာသာရေးမတည်ငြိမ်မှုသည်၊ ဒေသအနှံ့သို့ပျံ့နှံ့ ရောက်ရှိခဲ့ရသည်။ ထိုမျှသာမကလူမျိုးစုငယ်အချို့၏လက်နက်ကိုင်အုပ်စုများကိုတပ်မတော်မှမကြာခနထိုးစစ် ဆင်မှုများအပေါ်ထိုတိုင်းရင်းသားများကအမြင်မကြည်လင်မှုများဖြစ်နေဆဲပင်ဖြစ်သည်။ အမျိုးဘာသာသာ ဿနာအမည်ခံလျက်၊ တစ်နိုင်ငံလုံးဗုဒ္ဓဘာသာအဖြစ်သွတ်သွင်းရန်အကြမ်းနည်းဖြင့်လှုံ့ဆော်မှုများက၊ နိုင်ငံတ ကာသို့ထင်ယောင်ထင်မှားဖြစ်စေသော”အကြမ်းဖက်ဗုဒ္ဓ၀ါဒီ”များအဖြစ်သမုတ်ခံရသည်အထိဖြစ်လာသည်။ ဤအတွက်အစိုးရ၏ရပ်တည်ချက်အပေါ်နိုင်ငံတကာကသာမကပြည်တွင်းတတ်သိပညာရှင်များနှင့်လူထု ကမေးခွန်းထုတ်စရာ ဖြစ်လာသည်။ တဖက်နှင့်တဖက်နားမခံရပ်နိုင်ဖွယ်အပုတ်ချမှုများက၊ လူမှုဆက်သွယ်ရေး ကွန်ယက်တွင်မမြင်ချင်အဆုံးတွေ့ရသည်။
အတိုက်အခံပါတီအပါအ၀င်အာဏာရပါတီကိုယ်တိုင်ပင်နှုတ်ငုံလျက်မှတ်ချမပြုရဲလောက်အောင်ပင်၊ လူမျိုးရေး တိုက်ခိုက်မှုသည်ပျံ့နှံ့နေသည်။ တိုင်းရင်းသားပါတီအချို့နှင့် တပ်မတော်၏လူမျိုးခြားမူဆလင်များအပေါ်ပုဂ္ဂိုလ် ရေးမုန်းတီးမှုနှင့်ရောထွေးခွဲခြားဖိနှိပ်ခြင်း နှင့်တိုင်းရင်းသားလူမျိုးစုငယ်များအပေါ်နိုင်ထက်စီးနင်းဝါဒ စွဲကိုင် နေသေး ခြင်းတို့ကအခြေအနေများကိုပိုမိုရှုတ်ထွေးစေသည်။ လူမျိုးစု ခေါင်းဆောင် အချို့တို့၏လူမျိုးရေး အမြင် မကြည်လင်မှု၊ တရားသေလူမျိုးကြီးစိတ်တယူသန်မှုက လောင်မီးကို ပိုတိုးပွားစေခဲ့ သည်။ အထူးသဖြင့်အုပ်ချုပ် သူအစိုးရအကြီးအကဲများကိုယ်တိုင်ပင်၊ နှုတ်ကျွံပြီးမသိ မသာထုတ်ဖေါ်ချက် များသည်၊ လူမျိုးရေးစိတ်ညံ့ဖျင်း သေးသိမ်မှုကိုဖွင့်လှစ်ပြဘိသကဲ့သို့ဖြစ်သွားသည်။ သမိုင်းနှင့်ချီ၍နှစ်ရာထောင် မကရှိခဲ့သောလူမျိုးဘာသာခြား တို့၏နိုင်ငံနယ်ပယ်များအတွင်းနေထိုင်မှူသမိုင်းကြောင်းကိုမျက်စေ့မှိတ်ငြင်းရန် ကြိုးပမ်းကြသူတွေလည်းရှိသည်။ လူထုအားအမှန်တရားကိုအရှိအတိုင်းညွှန်ပြရန်၊ လူသားချင်းစာနာစိတ်နှင့် လူ့အခွင့်အရေး၊ သမိုင်းတွင်သော လူသားတို့၏ဒေသပြောင်းလဲအခြေချနေထိုင်မှုစရိုက်တို့ကိုမျက်ကွယ်ပြုနေ ကြဆဲပင်ဖြစ်သည်။ နှစ်ပေါင်းရာစုနှင့် ချီရှိခဲ့သောဤ လူမျိုးရေးပဋိပက္ခမှုသည်ဒီမိုကရေစီတံခါးပေါက်လှစ်ဟချိန် တွင်အရှိန်အဟုန်နှင်ခုန်ပေါက်ဝင် ရောက်လာသည်ကိုမြန်မာတို့နဖူးတွေ့ဒူးတွေ့တွေ့ကြရပြီ။ ပို၍ဆိုးသည်ကား၊ နောင်တက်မည့်အစိုးရအတွက် ဤလူမျိုးရေးပြဿနာသည် ကြီးမားစွာအရိပ်ထိုးနေသလို၊ နူးညံ့သိမ်မွေ့ ခက်ခဲ လှစွာ သောအပိုဝန်ထုပ်ဝန်ပိုး ကြီးတခုဖြစ်နေပေဦးမည်။
ရာထူးနေရာချတာဝန်ခွဲဝေခြင်းသည်ရက်ပိုင်းမဟုတ်လျင်တောင် တစ်လလောက်နှင့်ကိစ္စပြီးနိုင်သည်။ ကောင်း မွန်၍ွှရည်အသွေြး့ပည့်ဝသောအခြေခံဥပဒေနှင့်နောက်ဆက်တွဲပြဌာန်းချက်များသည်စာရွက် ပေါ်တွင်လျင်လျင် မြန်မြန်ပင်အက္ခရာတင်သွားနိုင်သည်။ သို့သော်ဥပဒေများအသက်ဝင်လာရေး၊ အရွေးချယ်ခံလူကောင်းများသက် တမ်းတစ်ခုအတွင်းမဖေါက်မပြန်လူထုအကျိုးတိုက်ရိုက်အကျိုးပြုနိုင်ရေးသည် အချိန်ကာလတခုကြာမြင့်မည်ဖြစ် သည်မှာအမှန်ပင်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလလည်းမဟုတ်တော့ပြီဖြစ်သည့်အတွက်”အမျိုးသားရေး”ဟုကြွေးကြော်ရမည့်အ
ချိန်မဟုတ်တော့။ ပညာတတ်များကအစိုးရအဖွဲ့တွင်နေရာယူခွင့်ရရှိပြီး၊ ခေတ်အဆက်ဆက်ခါးပြတ်ကျန်ခဲ့သော မြန်မာနိုင်ငံသားမိသားစုတစ်ဦးချင်းတိုင်း၏လူနေမှုဘ၀အဆင့်မြင့်မြင့်လုံခြုံချမ်းမြေ့သောဘ၀များအဖြစ်အမြန် ဆုံးမြှင့်တင်နိုင်ရေးတည်းဟူသောအခွင့်အလမ်းများရှင်သန်လာရေးကအရေးကြီးဆုံးပင်မဟုတ်ပါလား။ ။

Friday, January 01, 2016

HAPPY 2016!

With the closing of 2015 and unfolding of 2016, many set the resolutions which mostly are the same we did in the past. We want to have common sense goals which can be materialized and benefit us the best. To me, it is very simple: let's straighten out the things around us to the best.
Let's look at The Wynns' 2015:
Family's winter retreat at Big Bear mayoral mansion in January was memorable. We made first ever amazing Caribbean cruising with 7k's passengers Royal Caribbean Mega-ship Oasis of The Seas in May with Zaw and Nwe. I am so glad to visit NASA's Cape Canaveral land mass (of my lifelong dream) where major space explorations take place. Our pre-reserved Pasadena's JPL tour in February was part of my bucket list to visit all NASA locations. My brother Tom and his beloved Chit visit west coast in March for the first time to reunite with my family. We were so thrilled to have endless conversations that we missed in the past hiatus. My girls love their uncle and auntie's sense of humor. Sudden onset of ailment sent me briefly to the hospital ER where I stayed for few days which prevented me to welcome my brother couple and Cho's friend Nge Sein though I wish much more. Hope Tom can spend more time in the future. As part of my lifelong commitment to the resettled Burmese community, I took dozens of them to LA's CA Science Center where "Death Sea Scrolls" showcased. They were overwhelmed. Well, our kitchen and dining areas are being upgraded and we are thrilled to invite many friends to showcase our 'almost wiped-out budget' facelift. My high school and college classmate ko Htin Lynn (also well known as "love boat Doctor") and his beloved wife unannounced visit (I can't thank enough to our mutual friend Suzan) allows me to reconnected with our high school alma mater Teacher Theresa. We are now very close by using today's networking. Our youngest niece lovely Monica graduated with High Class Honor in Architecture from De Monfort of Cambridge University, London in July. Tom and The Wynns are the proudest ever. She is the last to join college credentialed brigade in both families. Not to the surprise, she landed in an architectural company in London immediately, following the successful career path all her sis and bro do.
Sandhi has been promoted to the next grade level while she is on the way to completing her practicing nurse residency. Angela was also promoted to the compliance officer position at her financial institute. Angela joins her sis Sandhi by joining homeownership in October. She, likes all The Wynns, steps in this shoe without anyone assistance except her sole earning. Well, we were surprised to learn Barbara has been forced to promote to the one of the most difficult casualty adjuster positions by her manager. Her hesitation to advancing her life will always be that way. As their careers moved into upward trends, their relationships with whoever they are with, also are beginning to taking shapes and hope will move forward in positive direction.
Like past years, we continue the tradition of "stay home warm and watch TV" of New York and Los Angeles new year eve events and Pasadena's Rose Parade. How wonderful it is. See our clippings.
As always, our health and happiness are top priorities everyday in our aging generation. The Wynns wish all our friends and families, near and afar, the best!
HAPPY 2016!