Friday, September 29, 2017

စတုတ္ထမဏ္ဍိုင်ကြီးတွင် အကျနေရာယူနေပြီဖြစ်သော Online ပေါ်မှ လူမှုကွန်ယက်များ



လူမှုဆက်ဆံရေးခေတ်သစ်နယ်ပယ်ကြီးတွင် အကျယ်ပြန့်ဆုံးထိုးဖေါက် ရေပန်းစားနေသော လူမှုဆက်ဆံရေး ကြားခံနယ်ကြီးတခုကိုပြပါဆိုလျင် Facebook ကို လူတိုင်းကလက်ညှိုးထိုးကြမည်မှာမလွဲပေ။ ယင်းနှင့်အတူ Twitter, Instagram နှင့် တို့တွင် “Like” နှင့် “Follow” ကြသူတွေကစက္ကန့်နှင့်မခြားကြီးမားကျယ်ပြန့်စွာ နေရာယူနေကြပြီဖြစ်သည်။ ခေတ်လူငယ်များတင်လားဆိုတော့၊ သက်လတ်/သက်ကြီး၊ ကျား/မပျိုအိုမရွေး သာမက လူတန်းစားစုံအလွှာစုံတို့သည် ဤလူမှုကွန်ယက်များတွင် မိမိတို့နေ့တဓူဝတွေးခေါ်၊ ထိတွေ့ကြုံဆုံကြ သမျှကို အတားအဆီးမရှိ တင်ပြကြသည်။ လေ့လာသူပညာရှင်များကကောင်းသည့်ရှုထောင့်မှထောက်ခံကြ သူများရှိကြသလို၊ ဝေဖန်သတိပေးမှုမျိုးစုံတို့လည်းရှိသည်။ အဓိကကား မိမိတင်ပြဆွေးနွေးသော Posts များ သည် မိမိနှင့်တကွ၊ မိမိနှင့် ထိစပ်နေသောလူမှုဝန်းကျင် နှင့် ဖတ်ရှုကြမည့် ကမ္ဘာတ၀ှမ်းမှ ပရိဿတ် ကိုပုတ် ခတ်ထိခိုက်မိခြင်း၊ ဒွိဟ ဖြစ်စေမည့် သဘောထားများပေးခြင်းစသည်တို့ကိုရှောင်ရှားကြရန် ယျေဘူယအားဖြင့် သဘောထားပြု တားမြစ်ထားသည်။
အမေရိကနိုင်ငံ၏လက်ရှိသမ္မတဒေါ်နယ်လ်ထရမ့်၏ နေ့စဉ်ရက်ဆက် Twitter ရေးသားမှုသည် အစိုးရတည်ငြိမ် မှုကိုများစွာထိခိုက်နေသည်သာမက၊ လူထုနှင့်အတိုက်အခံတို့၏ အပြင်းအထန်ထိုးနှက်ဝေဖန်မှုတွေကို ခံနေရ ချိန်ဖြစ်သည်။ မိမိ၏စိတ်သဏ္ဍာန်တွင်အရှိကိုအရှိအတိုင်းဖေါ်ကျူးရန်ဝန်မလေးသူတစ်ဦးအဖြစ် လူကြိုက်များ ၍ ရွေးကောက်ပွဲအနိုင်ရလာသူတစ်ဦးဖြစ်သည်မို့၊ သူ့အားမျက်စေ့မှိတ်ထောက်ခံသော လူတန်းစား အလွှာ popular base ကားအခြေခိုင်မာတောင့်တင်းဆဲဖြစ်သည်ကိုတော့ အမှန်အတိုင်းမြင်တွေ့ကြဘို့လိုသည်။ သူ၏ ရဲရဲတောက်အမိန့်ညွှန်ကြားချက်များဖြစ်သည့်၊ အာရပ်နိုင်ငံအချို့မှာဝင်ရောက်လာမည့် ခရီးသည်များ ကိုပိတ်ဆို့ ရေး၊ သန့်စင်သောအစားထိုးစွမ်းအင်များဖေါ်ထုတ်မှုကိုရပ်ဆိုင်းပြီး၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုကို ပြန်ဖွင့်လှစ်ခြင်း၊ နယ်စပ်ကုန်သွယ်မှုများနှင့်ကုန်ထုပ်လုပ်မှုများနိုင်ငံမှစွန့်ခွာမှုကိုရပ်ဆိုင်းနိုင်မည့် အစီအမံများ ကိုတင်းကြပ်စွာပြုလုပ်ခြင်းစသော လုပ်ဆောင်ချက်များကို၊ ကန့်ကွက်မှုများစွာကြားက ဖြစ်မြောက်အောင် (သူ၏အာဏာစက်အတွင်းမှ) ဆောင်ရွက်ခြင်းတို့ကို၊ လူများစုဟုတ်မဟုတ်မသေခြာသော်လည်း၊ လူနည်းစု ကြေးရေတတ်နှင့်ဘွဲ့ရပညာတတ်မဟုတ်သည့်လူတန်းစားများက ထောက်ခံကြပုံရသည်။ သူ၏ Twitter သည် အစိုးရ၏အရေးကြီးသောအဆုံးအဖြတ်များကို ရှေ့ပြေး နိမိတ်များသဖွယ် လူထုကမြင်လာကြသည်။ အစိုးရ၏အရေးပါသောကဏ္ဍကြီးများ ကို အစိုးရအဖွဲ့ဝင်များကို ကျော်လွန်ပြီး၊ သူ၏မိသားစု အသိုင်းအ၀န်း လက်တဆုပ်စာဆွေးနွေးပွဲများမှသည် ပြဌာန်းနိုင်ခြင်းကို၊ သူ့အား ထောက်ခံကြသူတွေက သဘောအကျကြီး ကျနေကြသည်။ “အစိုးရ” ဟူသော အရာသည် လူထုအတွက်ဝန် ၀န်ထထုပ်ဝန်ပိုးကြီးဟု အယူသီးကြသူတွေ ဖြစ်သဖြင့်၊ အစိုးရလုပ်ငန်းများရပ်ဆိုင်း သွားချင်ရပ်ဆိုင်းပေ့စေ (government shutdown)၊  မိမိတို့ကမမှုဟု ပြောင်ပြောင်တင်းတင်းကြေငြာသည်အထိ လက်ရဲဇက်ရဲရှိသော သမ္မတပင်။ အမေရိကလူထုကသာမက ကမ္ဘာကပါ လက်ဖျားခါရလောက်သော သမ္မတအဖြစ်မြင်တွေ့ကြရ သည်။ သူ့အားအာဏာရှင် (dictator) တစ်ဦး၏လုပ်ကိုင်ပုံအဖြစ် မသိမသာပြောဆို ဝေဖန်ရေးသားလာကြရာမှ၊ ယခုအခါပြောင်ပြောင်တင်းတင်း ပင်ပြောဆိုလာကြပေပြီ။ သူ၏ လူမှုကွန်ယက်အတွင်း ပြောဆိုမှုတို့ကသူ၏စိတ်တွင်း သဏ္ဍာန်ကိုထင်ထင်ရှား ရှားပြနေပြီဖြစ်သဖြင့် (Tyranny) အဖြစ်အမေရိကား သည်မကြာမှီရောက်လာဘွယ်ရှိ သည်ဟု မြင်လာကြ သည်။  ကမ္ဘာ့အလယ်တွင် နိုင်ငံတကာ အတွက်အမေရိကမှ ငွေရေးကြေး ရေး၊ နည်းပညာ နှင့်စစ်ရေးအကူ အညီများကို အများဆုံးပေးခဲ့ရ သော အဖြစ်များကို အမေရိကပြည်သူတွေငြီးငွေ့ စပြုသည်မှာ ထင်ရှားလှသည်။ လူမှုကွန်ယက်များတွင်မမြင်ချင် အဆုံးတွေ့နေရသော “လူဖြူများကြီးစိုးရေးမဟာဝါဒ” ပြန်ခေါင်းထောင်လာကာ လူမှုကွန်ယက်များတွင် တောမီးပမာပြန့်နှံ့လာပြီမို့၊ အမေရိကန်သမိုင်း(White Supremacy) ပျောက်ကွယ်သွား ပြီဟုဆိုကြသူ သမိုင်းပညာရှင်များ၏ နှုတ်ကိုဆိတ်သွားစေချိန်ဖြစ်သည်။ အဓိ ကရုဏ်းများ၊ ဆန့်ကျင်ဆန္ဒပြပွဲ များနိုင်ငံအ၀ှမ်းပြုလုပ်ကန့်ကွက်သော်လည်း၊ သမ္မတကိုယ်တိုင်ကနှုတ်ဆိတ် နေယုံမက၊ ဆန့်ကျင်ကြ သူတွေ ကိုပင် ၀ါးလုံးရှည်ဖြင့် ဝေဖန်ထိုးနှက်လိုက်သေးသည်။ ဤအချက်ကိုကြည့်ပြီး ၎င်း၊ သူ၏တွေးခေါ်ပြောဆိုမှုများ၊ မိမိကိုယ်ကိုတရားလွန်ကြွားဝါမှုများကြောင့်၊ စိတ်ရောဂါဝေဒနာခံစားနေရသူ တစ်ဦးအဖြစ်၊ မိမိသမ္မတကိုပင် စွပ်စွဲ ရန်ဝန်မလေးသူတွေ့အသျှိုသျှိုပေါ်ထွက်လာသည်။ မိမိရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရုရှသမ္မတ ပူတင် နှင့် ရုရှနိုင်ငံနှင့်နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖေါက်ရန်လိုကြောင်းကြိမ်ဖန် များစွာ၊ လူမှုကွန်ယက်တို့တွင် တိုက်တွန်း မှုတို့ကြောင့် သူ၏ Republican ပါတီကြီးကိုယ်တိုင်ပမဖုံနိုင်မဖိနိုင် တန်ပြန်ဝေဖန်မှုတွေ တွေ့လာ ရသည်။ နိုင်ငံရေးလုပ်သက်လုံးဝမရှိခဲ့သူတစ်ဦးဖြစ်ခြင်းကြောင့်၊ မီဒီယာ နှင့်လူမှု ကွန်ယက်တို့က ထိုးနှက်တိုက် ခိုက်မှုကို ဆတ်ဆတ်ထိမခံ တုန့်ပြန်ပြောဆိုမှုများကို သူ့လက်စွဲတော် Twitter တွင် နေ့စဉ်ရက်ဆက်ဖေါ်ပြနေ ဆဲ ဖြစ်သည်။ Fire to fire ဟူသောသူ၏လက်ထုံးမူကို သူ၏နောက်လိုက်တို့ကမီးဇာမြှင့်ခြင်းဖြင့် အားပေးကြ သည်။
မြန်မာနိုင်ငံအနောက်ဖက်တံခါးဝ ရခိုင်ဒေသတွင် လွန်ခဲ့သောနှစ်ဦးပိုင်းမှစ၍ပိုမိုပြင်းထန်သောလူမျိုးရေးအဓိက ရုဏ်းများမှသည်၊ မေယုတောင်ကြောတွင် Al-Queda နှင့် ISIS များ၏ စစ်သင်တန်းစခန်းများအခြေချ စွဲနေမှုက မြန်မာ့သမိုင်းကိုတမျိုးတဖုံပြောင်းလဲသွားစေသည် ကိုတွေ့ရသည်။ ပြီးခဲ့သော သြဂုတ် (၂၅) ရက်အတွင်းအဆို ပါ ဒေသတ၀ိုက်ဖြစ်သည့် မောင်းတောတွင် နယ်စပ်လုံခြုံရေးစခန်းများကို အဆိုပါသောင်းကြမ်းသူများက တိုက် ခိုက်ခဲ့သဖြင့် မြန်မာအစိုးရ၏လုံခြုံရေးတပ်ဖွဲ့ဝင်များအများအပြားကျဆုံးခဲ့ရသည်။ လူမျိုးရေးမုန်းတီးမှု နှင့် ဘာ သာသာဿနာရေးလွန်ဆွဲသောရန်ပွဲတို့သည့် လူ့သမိုင်းတွင်ရာစုသာမက ထောင်နှင့်ချီ၍ တည်တန့်နေတတ် ကြောင်း သမိုင်းကသာဓကထင်ရှားစွာပြထားသည်မဟုတ်ပါလား။ မြန်မာ့အနောက်ဖက်မျက်နှာစာလူမျိုးရေး ပြဿနာ သည် မနေ့တနေ့ကမှပေါ်ပေါက်လာသောကိစ္စမဟုတ်။ နှစ်ရာစု သုံးပုံနှစ်ပုံရှိခဲ့ပေပြီ။ ငြိမ်သွားလျင် ခဏတာပင်။ ဘာမျှအရေးမကြီးသောကိစ္စလေးကစ၍ အဓိကရုဏ်းတို့ပေါ်ပေါက်တတ်သည်မို့၊ မြန်မာတိုင်း ရင်းသားအမျိုးသမီးငယ်တစ်ဦးအား ဘာသာခြားတစ်ဦးကရက်စက်စွာကျူးလွန်စော်ကားခဲ့မှုက မြန်မာတစ် နိုင်ငံလုံး၏အမျက်ဒေါသကိုနှိုးဆွလိုက် သည်ကစခဲ့သည့်ပြဿနာကြီးပင်။ လူမှုကွန်ယက်ကမ္ဘာ၏အင်အားကြီးမားမှုက ဤသတင်းကို ကမ္ဘာတ၀ှမ်းသို့ တမဟုတ်ချင်းပြန့်စေခဲ့သည်မဟုတ် ပါလား။ ဘင်္ဂါလီပဲပြောပြော၊ ရိုဟင်ဂျာလို့ဘဲ မည်သို့ပင်သမုတ်ကြသော် လည်း တကယ်ပြဿနာကိုအစဖေါ်သူ ကား၊ ဤလူမျိုးခြားများကစခဲ့ပုံပေါ်သည်။ Facebook အပါအ၀င် လူမှုကွန်ယက်များတွင်၊ မြန်မာနှင့်ပြည်ပကမ္ဘာ တလွှားနေကြသူတို့ကဘာသာရေး တိုက်ခိုက်မှုများတွင်၊ ၀က်ဝက်ကွဲလက်စွန်းပြမှုတွေမမြင်ချင်အဆုံးတွေ့ရ သည်။ လူထုကစိတ်ကြိုက်ရွေးကောက်ထားသူ၊ လူရိုသေရှင် ရိုသေခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က၊ ရိုဟင်ဂျာဟူသောအခေါ်အဝေါ်များကို ရပ်ဆိုင်းပြီး၊ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် များ၏ အကြံပြုချက်များဆက်လက်အကောင်အထည်ဖေါ်ရေးကို အာရုံစိုက်ရေး ဖြောင်းဖျပြောဆိုမှူများကိုပင် အလေးအနက်မထားနိုင်တော့အောင်ဖြစ်သွားသည်။
လူမျိုးဘာသာရေးတိုက်ခိုက်မှုများသည် ဒေသနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုပျက်ပြားစေသည်သာမက၊ လက်ရှိ ဦးစားပေးသင့်သော နိုင်ငံပြန်လည်ထူထောင်ရေးကိုများစွာ အနှောက်အယှက်ဖြစ်စေသည် ကို သက်ဆိုင်သူ များကနားလည်ကြသော်လည်း၊ လူမှုကွန်ယက်အတွင်းအပြန်အလှန်တိုက်ခိုက်ကြမှု၊ သတင်း ဖြန့်ဝေကြမှုများ ကပြဿနာကိုအတောမသတ်စေဘဲ၊ လူသားချင်းမုန်းတီးမှုကိုကြီးထွားလာစေသည်။ ယခင်ကတမိသားစုတည်း၊ လုပ်ဖေါ်ကိုင်ဖက်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ ဆွေမျိုးချင်းချင်း မပြောနိုင်မခေါ်နိုင်၊ စိတ်ဝမ်းကွဲကြသော အဖြစ်များရောက်ကုန်ကြသည်။
အမှန်တကယ်တော့ လူမျိုးဘာသာရေး သဘောမတူညီမှုများကြောင့် မိသားစုနှင့်နီးစပ်သူချင်းများစိတ်ဝမ်းကွဲ စေမှု ကိုကင်းရှင်းအောင် နေထိုင်ဆက်ဆံကြဘို့လိုပါသည်။ လူမှုကွန်ယက်များတွင် အနှောင့်အသွားမလွတ် သောတင်ပြမှုများကို ရှောင်ရှားကြဘို့လိုသည်။
စာရေးသူ၏ကိုယ်ပိုင်သဘောထားကိုတင်ပြရသော် -
(က) မိမိတင်ပြလိုသောအကြောင်းချင်းရာသည် ခိုင်မာသောစိစစ်မှုရှိသည်မရှိသည်ဆိုခြင်းထက်၊ နိုင်ငံ၏ပြယုဂ် ကိုအကောင်းဘက်ကိုဦးမတည်ဘဲ အဆိုးဘက်ကိုဦးတည်မည်ဆိုပါက post လုပ်ခြင်းကိုရှောင်ရှားသင့်ပါသည်။
(ခ) လက်ရှိမြန်မာနိုင်ငံ၏ဖြစ်စဉ်များသည်၊ သွေးစည်းညီညွတ်ရေးနှင့်ဖက်ဒရယ်ရေးလမ်းစဉ်ကို အစိုးရကဦး ဆောင်လျက်ကြီးစွာသောအဟန့်အတားများကြားမှလမ်းကြောင်းသစ်ဖေါက်နေရချိန်ဖြစ်ပါသည်။ အထက်တွင် ဖေါ်ပြခဲ့သောကမ္ဘာ့ဒီမိုကရေစီဘိုးအေ အမေရိက ကဲ့သို့သော ရာစု(၂)ခုကျော်တွင်လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအရှုပ်အထွေးမျာနှင့်ယှဉ်လျင် ကြံ့ကြံ့ခံနိုင်အားအလွန်အားနည်းနေပါသေးသည်။ သမ္မတဒေါ်နယ်လ် ထရမ့်၏ စည်းဝါးလွတ်ဆောင်ရွက်ချက်များသည်လူနေမှုအဆောက်အအုံကိုတိုက်ရိုက်ထိခိုက်နိုင်သော ဖြစ်နိုင် ချေအလွန်နည်းပါးပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ရက်လည်သားဒီမိုကရေစီထူထောင်ရေးသည် ထိခိုက်ပျက် ပြယ်ခြင်းအချိန်မရွေးဖြစ်နိုင်ပါသည်။
(ဂ) နိုင်ငံအနောက်ဖက်ရခိုင်ဒေသတခုလုံးနေလူမျိုးဘာသာအားလုံးကို တန်းတူရည် တူရေး၊ အစီအမံများသည်၊ လက်ရှိမြန်မာအစိုးရ၏ ရင်ထဲတွင်ကိန်းအောင်းနေသော ပကတိစေတနာမှန်ဆိုသည့်အချက်ကိုမြင်အောင် ကြည့်တတ်ကြဘို့လိုပါသည်။
(ဃ) ကမ္ဘာ့နိုင်ငံကြီးအချို့၏ စွပ်စွဲချက်များဖြစ်သော ဘာသူလူမျိုးခြားများအပေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းဟူ သော (Genocide/Ethnic cleansing) မတရားညှင်းပန်းမှု (Atrocity) လုံးဝမရှိပါ။ အဘယ်ကြောင့်ဆိုသော် လူမှုကွန်ယက်များတွင် တင်ပြထားသော အဖြစ်အပျက်မှတ်တမ်းပုံများသည် ပြီးခဲ့သော ကမ္ဘာစစ်များတွင်အာ ဏာရှင်များကျင့်သုံးခဲ့သော ဖြစ်ရပ်မှတ်တမ်းများနှင့်လားလားမျှမတူသောကြောင့်ဖြစ်ပါသည်။
(င) ရိုဟင်ဂျာဟုဘဲဆိုဆို၊ ဘင်္ဂါလီဟုဘဲ သမုတ်ကြပါစေ၊ အဆိုပါတိုင်းရင်းသားလူမျိုးအဖြစ်၊ လူ့အသိုင်းအ၀န်း တစ်ရပ်လုံးကလက်ခံလာရေးမှာ နှစ်ရာစုများစွာသောခရီးကိုဖြတ်ကျော်ရပါမည်။ လွန်ခဲ့သော (၉)ရာစုလောက် ကမှ “မြန်မာ”ဟူသောလူမျိုးသမိုင်းမှတ်တမ်းစခဲ့သကဲ့သို့ပင်။ ရိုဟင်ဂျာ(ခေါ်) ဘင်္ဂါလီတို့သည်လည်းမိမိတို့သ မိုင်းကိုမိမိတို့ကရေးမှန်းမသိရေးနေကြပြီမို့၊ သမိုင်းကသက်သေထူပါလိမ့်မည်။ အခြားမည်သူတို့ကမျှကူညီ၍မရ၊ ပယ်ဖျက်၍မရစကောင်းပါ။
(စ) အသားအရောင်ခွဲခြားခြင်း ကိုသမိုင်းကလက်ညှိုးထိုး၍အတိပ်တွင်ချန်ခဲ့ရန်ကြိုးစားမှုနည်းမျိုးစုံရှိခဲ့ သော်လည်း၊ ယနေ့တိုင်ကြိုကြားမြင်နေရသေးသည်။ လူသားခြင်းစာနာထောက်ထားခြင်းကိုနှလုံးသွင်းခြင်းဖြင့် မိမိစိတ်ဓိတ်ကိုပြင်ဆင်ကြရန်အထူးလိုအပ်ပါသည်။ မိမိတို့၏ပုဂ္ဂလိကခံစားချက်ကို ရောင်ပြန်ဟပ်စေခြင်းဖြင့် တဖက်သားအပေါ်နိုင်ထက်ကလူပြုခြင်းကို (အထူးသဖြင့်) အစိုးရအာဏာပိုင်များ၊ သံတမန်ရပ်ဝန်းနှင့် ဘာသာရေး၊ လူမျိုးရေး နှင့် community ခေါင်းဆောင်များကရှောင်ရှားကြဘို့လိုပါသည်။
(ဆ) နိုင်ငံရေး နှင့်အထူးသဖြင့် ဘာသာရေးနှင့်လူမျိုးရေးမတူကွဲပြားမှအယူဝါဒများကို မိသားစု၊ လုပ်ငန်းခွင်၊ မိတ်ရင်းဆွေရင်းများကြားသို့ယူမလာမိဘို့လိုပါသည်။ မိမိတို့ပုဂ္ဂလိကခံစားမှုကတဖက်လူအပေါ်ထိခိုက် စေခြင်းကိုတားဆီးလျက်၊ အပြန်အလှန်တားဆီးလျက်၊ အပြန်အလှန်လေးစားဂရုပြုမှုကိုဦးထိပ်ထားကြဘို့လို ပါသည်။ ငါ့စကားနွားရပြောလိုက်ရ၊ လူမှုကွန်ယက်တို့တွင်တင်ပြလိုက်ရခြင်းဖြင့် မိမိကိုယ်ကို အဟုတ်ကြီးထင် မှတ်ခြင်းသည်၊ တကယ်အားဖြင့် မိမိဂုဏ်သိက္ခာကိုဖေါ်ကျူးရာရောက်သည့်အပြင် မသိကျွမ်းသူ ပရိဿတ် က မိမိအပေါ်အထင်အမြင်လွဲမှားသေးသိမ်မှုကိုရောက်သွားစေနိုင်ပါသည်။  ကိုယ်မှန်သည်ထင်တိုင်းတင်ပြခြင်း သည်၊ ကောင်းကျိုးထက်ဆိုးကျိုးကိုပွားစေပါသည်။
နိုင်ငံတော်အားဦးဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်၏အသက်အရွယ်သည် ကြီးရင့်သောအချိန်ပိုင်းသို့ ရောက်နေပါပြီ။ သူမထံတွင်မြန်မာနိုင်ငံသားလှည်းနေလှေအောင်းတစ်ရပ်လုံးအတွက် ဘ၀သာယာဝပြောရေး နှင့် အဆင့်မြင့်မားသောအကြံအစည်စွမ်းဆောင်ရည်များစွာရှိမည်မှာမလွဲပါ။ သူမ၏ကျန်ရှိသောသက်တမ်းပိုင်း တို့ သည် ထိုထိုသော ဖက်ဒရယ်ရေးထူထောင်ခြင်း၊ မိသားစုဘ၀မြင့်မားလုံခြုံခြင်းအမီအမံများစွာတို့ကို ထူထောင် ခြင်းတို့ဖြင့်သာအချိန်ကုန်သင့်သောကာလကြီးဖြစ်သည်ဟူ၍။         

Friday, September 08, 2017

Rohingya!

Let me give you an example of ourselves. Not any authority or the Taiwanese denies the existence of ethnic group called Myanmar. During late 2010, U.S. conducted a census throughout the country. Myanmar, along with many sub-ethnic groups like Karen, Chin and Mon, chose to registered their preferred ethnic identity. Americans and the U.S. authorities happily accepted the existence of those ethnics without any question and/or rejection.
We cannot reject the fact that Rohingya does exist. For thousands years, mankind has been migrating and it is undeniable. The bottom line is Rohingya does exist in Myanmar's history for at least 500 years, according to knowledgeable Burmese historians.
It seems to me that the entire nation of our beloved country is heading into wrong direction by blindsided extreme nationalists. Our national icon Daw Aung San Suu Kyi has never and ever denies the existence of Rohingya. But she repeatedly press the international community and Muslim led nations to refrain from using the term "Rohingya ". It does NOT mean that she denies the existence of Rohingya. The denial of using the term "Rohingya " and denial the existence of "Rohingya " are two different things. Don't misled by the social network. Remember, she is a Nobel Laureate. She will never give up her faith of humanitarianism (now at the brink of ethnic conflict).
I am very concerned with the building of terrorist camps along မေယုတောင် ကြား. International watch groups projected about 1/4 million refugees cross Myanmar border and pour into neighboring country. That amount of human exodus is very alarming to all international community and organizations.
Since the beginning of this elected government, DASSK is not able to focus on reformation, reconciliation and nation building development that all our citizens badly need. In stead, she and her government has a very hard time putting off the ethnic and religious conflicts now seems to heading into sporadic war zones in border areas. Now, even in the place like Yangon, people are living with fear. The fear of terrorist infiltration in their neighborhood. Myanmar used to enjoy the terror-free status historically. Now, it's gone! Remember, she's also getting old. Every single citizen and international community look up to her with very high hope. The time is running out. She's a beacon to all our citizens. She is the sole hope for all of us; the only leader that can bring the family security and uplift our lives.
So far, Myanmar receives moral supports from the country like China and Soviet Union. Those countries have never been helpful in nation development in any way.
To me, I am very concerned with the recent unstable situation we are facing today.
(Please keep this conversation to ourselves. Please do NOT post this in any social network. Thanks)