Friday, May 24, 2024

American Community Survey (ACS) ကပြဆိုသော မြန်မာလူမျိုးစုတို့၏ ပညာရေး၊ ကျန်းမာရေး နှင့် နေထိုင်မှုအဆင့်အတန်း အခြေအနေတို့၏ အခြေပြ

 မြန်မာလူမျိုးစုတို့၏ ကျောင်းအပ်နှံမှုအခြေပြ% (ACS-1 Year: 2022 အရ)

(၃-နှစ်အထက်ရှိခန့်မှန်းမြန်မာလူဦးရေ = ၈၇,၂၇၅ အပေါ်အခြေခံသည်။)

အမေရိကနိုင်ငံတဝှမ်းတွင် အခြေခံပညာကျောင်းအပ်နှံမှု မြန်မာလူမျိုးစုအတွင်းသင့်တင့်သော%ရှိနေသော်လည်း၊ အထက် တန်းပညာနှင့်ကောလိပ်တန်းတက်ရောက်မှုတွင် အောက်တန်းနောက်တန်းကျနေသေးကြောင်းဝမ်းနဲဘွယ်တွေ့ရပါသည်။ သတိချပ်ရန်မှာ ဤကိန်းဂဏန်းများသည် အမေရိကနိုင်ငံတဝှမ်းအတွင်းရှိကျောင်းများတွင် စာရင်းသွင်းတက်ရောက် ကြသူများသက်သက်သာဖြစ်ပါသည်။

ACS-1 Year (2022)

ACS-5 Year (2021) အရမြန်မာအိမ်ထောင်စု (DP-02) {၃-နှစ်အထက်ရှိခန့်မှန်းမြန်မာလူဦးရေ = ၆၉၅,၉၂ အရ}

မြန်မာလူမျိုးစု

အရှေ့တောင်အာရှလူမျိုးစုအားလုံး

အာရှလူမျိုးစုအားလုံး

U.S. လူမျိုးစုအားလုံး

မူကြိုတန်းအပ်နှံမှု%

၅.၅%

၅.၅၆%

၆.၀၀%

၅.၈၀%

၆.၄%

သူငယ်တန်းကျောင်းအပ်နှံမှု% 

၆.၅%

၅.၂၈%

၄.၇၀%

၅.၀၀%

၈.၀%

မူလတန်း (၁-တန်းမှ ၈-တန်း) 

ကျောင်းအပ်နှံမှု% 

၄၅.၃%

၄၀.၈၃%

၃၇.၁၀%

၄၀.၇၀%

၄၆.၄%

အထက်တန်း (၉-တန်းမှ ၁၂တန်း) 

ကျောင်းအပ်နှံမှု%

၁၉ .၅%

၂၀.၁၆%

၁၈.၃၀%

၂၁.၉၀%

၂၀.၅%

ကောလိပ်(သို့မဟုတ်)ဘွဲ့လွန်ကျောင်းများသို့ကျောင်းအပ်နှံမှု%

၂၃.၃%

၂၈.၁၆%

၃၃.၈၀%

၂၆.၆၀%

၁၈.၇%

SOURCE: API URL: https://api.census.gov/data/2022/acs/acs1/spp; Table ID – S0201 (“School Enrollment”)

ACS-5 Year (2021): Table ID DP-02

 

မြန်မာလူမျိုးစုတို့၏အတန်းကျောင်းပညာရေးပြီးစီးမှု (ဝါ) ဘွဲ့ရရှိမှု% အခြေပြ (ACS-1 Year: 2022 အရ)

(၂၅-နှစ်အထက်ရှိခန့်မှန်းမြန်မာလူဦးရေ = ၁၃၃,၈၁၄ အပေါ်အခြေခံသည်။)

ဤဇယား၏စိတ်ဝင်စားဘွယ်တွေ့ရှိချက်ကား အခြေခံပညာအထက်တန်းအဆင့်သတ်မှတ်သူ % အခြားလူမျိုးစုခြားများ ထက်အဆမတန်များသော်လည်း၊ အခြားဘွဲ့ကြိုနှင့်ဘွဲ့လွန်များတွင်တွင်မူ ကိန်း ဂဏန်းမျိုးစုံတွေ့ရပါသည်။ သတိချပ်ရန်မှာ မြန်မာနိုင်ငံအတွင်းမှ ကျောင်းပညာအဆင့်ပြီးစီးဘွဲ့ရရှိမှု များကိုပါ ပေါင်းစည်းတွေ့ရခြင်းဖြစ်ပါသည်။ အခြားမှတ်သားရ မည့်အချက်ကား မိမိတို့မြန်မာနိုင်ငံ မှရရှိသောဘွဲ့ဒီဂရီအောင်လက်မှတ်များကို အမေရိကနိုင်ငံအတွင်း တရားဝင်တန်းတူအ သိအမှတ်ပြု လက်ခံမှုမရှိခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံမှဆရာဝန်၊ အင်္ဂျင်နီယာဘွဲ့ရရှိလင့်ကစား credentialing မဲ့သောကြောင့် တန်းတူအလုပ်အကိုင်ကိုရနိုင်မည့် ဘွဲ့အဆင့်အတန်းသတ်မှတ်ခြင်းမျိုး မရှိပါ။

 

ACS-1 Year (2022)

ACS-5 Year (2021) အရမြန်မာအိမ်ထောင်စု (DP-02){၂၅-နှစ်အထက်ရှိခန့်မှန်းမြန်မာလူဦးရေ = ၁၁၃,၁၀၇အရ}

မြန်မာလူမျိုးစု

Cambodian

Filipino

Indonesian

Laotian

Thai

Vietnamese

အရှေ့တောင်အာရှ

လူမျိုးစုအားလုံး

အာရှလူမျိုးစုအားလုံး

U.S. လူမျိုးစုအားလုံး

အခြေခံပညာတန်းအောက်အဆင့်သာရှိသူ

၄၅.၆%

၂၆.၇%

၅.၄%

၄.၇%

၂၃.၀%

၁၃.၂%

၂၂.၉%

၁၅.၉၈%

၁၁.၁%

၁၀.၄%

၄၇.၇%

တက္ကသိုလ်ဝင်တန်းအောင်မြင်သူ

၁၇.၇%

၂၄.၄%

၁၆.၂%

၁၅.၅%

၂၉.၉ %

၁၆.၂%

၁၉.၉%

၂၀.၃၅%

၁၄.၅%

၂၆.၁%

၁၆.၈%

 ဒေသကောလိပ် (သို့မဟုတ်)

၂-နှစ်သင်ကောလိပ်(Associate)

ဘွဲ့ရရှိသူ

၁၂.၃%

၂၂.၇%

၂၈.၈%

၂၄.၇%

၂၆.၇%

၂၂.၈%

၂၁.၄%

၂၄.၅၂%

၁၈.၄%

၂၇.၉%

၁၁.၅%

ဘွဲ့ကြိုဒီဂရီရရှိသူ

၁၆.၁%

၁၉.၄%

၃၈.၂%

၃၄.၈%

၁၆.၃%

၃၀.၆%

၂၃.၉%

၂၇.၂%

၃၀.၈%

၂၁.၆%

၁၆.၇%

ဘွဲ့လွန်(ဝါ)အသက်မွေးဝမ်းကျောင်းအဆင့်မြင့်ဒီဂရီရရှိသူ

၈.၄%

၆.၈%

၁၁.၄%

၂၀.၃%

၄.၂%

၁၇.၃%

၁၁.၉%

၁၁.၉ ၈%

၂၅.၃%

၁၄.၀%

၆.၇%

SOURCE: API URL: https://api.census.gov/data/2022/acs/acs1/spp; Table ID – S0201 (“Educational Attainment”)

ACS-5 Year (2021): Table ID DP-02

 

မြန်မာလူမျိုးစုတို့၏ မသန်စွမ်းမှု အခြေပြ (ACS-1 Year: 2022 အရ)
(Total Noninstitutionalized 
မြန်မာလူဦးရေ = ၂၄၃,၄၃၅ အပေါ်အခြေခံသည်။)
{Not placed in the care of an institution}

မြန်မာလူမျိုးစုမိသားစုဝင်များအတွင်း အသက်(၁၈)နှစ်အောက်မသန်စွမ်းမှုအဖြစ်သတ်မှတ်ခြင်းခံရ သူဦးရေမှာ အခြားလူ မျိုးစုများထက်အတော်အတန်လျော့နည်းသော်လည်း၊ အသက်(၆၅)နှစ်အထက် မသန်စွမ်းသူဦးရေ%ကား အခြားလူမျိုးစု တို့နှင့်အပြိုင် များပြားသည်ကိုတွေ့ရသည်။ ဤနေရာတွင် သတိပြုရမည့်အချက်ကား institutionalized ဆိုသောဝေါဟာရမှာ စောင့်ရှောက်ပြုစုမှုပေးသော "ဘိုးဘွားရိပ်သာ"ကဲ့သို့သော လူအိုရုံ၊ Alzheimer's care homes များဖြစ်ပါသည်။ မြန်မာလူမျိုးစုတို့၏ ဓလေ့ထုံးစံအရ ထိုကဲ့သို့သောစောင့်ရှောက်မှုပေးသည့်ဌာနများကို သက်ကြီးများအားထားလိုသော အာသီသမရှိဘဲ၊ သားသမီးများကသာ လက်ပွန်းတတီးနေထိုင်စောင့်ရှောက်မှုမျိုး (caregiving by family members) ကိုသာ လိုလားအာသီသရှိကြပါသည်။ ထိုကဲ့သို့သောစောင့်ရှောက်မှုမျိုးဖြင့် In-home Health Support Service IHSS နည်းဖြင့် အစိုးရကထောက်ပံ့သော ကူညီငွေနှင့် Medicaid ကိုရရှိနေ ကြပါသည်။

မြန်မာလူမျိုးစု စုစုပေါင်း မသန်စွမ်းမှုဦးရေ% (၇.၄%)

အသက်(၁၈)နှစ်အောက် မသန်စွမ်းမှုဦးရေ%

(၃.၉%)

အသက်(၁၈)နှစ်မှ(၆၄)နှစ်ကြား မသန်စွမ်းမှုဦးရေ% (၆.၈%)

အသက်(၆၅)နှစ်အထက် မသန်စွမ်းမှုဦးရေ% (၃၆.၇%)

 

အရှေ့တောင်အာရှလူမျိုးစုအားလုံး

အာရှလူမျိုးစုအားလုံး

U.S. လူမျိုးစုအားလုံး

မြန်မာလူမျိုးစုACS-5 Year (2021)(DP-02)

Total Noninstitutionalized Population

 -

၂၄,၀၄၉,၄၁၉

၃၂၈,၃၀၉,၈၁၀

၂၀၆,၆၆၇

စုစုပေါင်း မသန်စွမ်းမှုဦးရေ%

၈.၉၉%

၈.၃၀%

၁၃.၄၀%

၆.၀%

အသက်(၁၈)နှစ်အောက် မသန်စွမ်းမှုဦးရေ% 

၃.၉၄%

၃.၂၀%

၄.၈၀%

၂.၁%

အသက်(၁၈)နှစ်မှ(၆၄)နှစ်ကြား မသန်စွမ်းမှုဦးရေ% 

၇.၃၇%

၅.၉၀%

၁၁.၀၀%

၅.၇%

အသက်(၆၅)နှစ်အထက် မသန်စွမ်းမှုဦးရေ% 

၃၂.၀၆%

၃၀.၁၀%

၃၃.၁၀%

၃၇.၆%

SOURCE: API URL: https://api.census.gov/data/2022/acs/acs1/spp; Table ID – S0201 (“Disability Status”)

ACS-5 Year (2021): Table ID DP-02

 

အမေရိကနိုင်ငံအတွင်းမွေးဖွားသူ၊ အမေရိကနိုင်ငံပြင်ပနိုင်ငံဒေသများတွင်မွေးဖွားသူမြန်မာလူမျိုးစုတို့ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအခြေပြ (ACS-1 Year: 2022 အရ)

အမေရိကနိုင်ငံအတွင်းမွေးဖွားသူမြန်မာလူမျိုးစုအရေအတွက်မှာ (၄ပုံတပုံ)သာရှိပါသည်။ အခြားအာရှ လူမျိုးစုများပင်လျင် (၅၀%)နီးပါးမှာအမေရိကနိုင်ငံတွင်းဖွားနိုင်ငံသားများဖြစ်ကြပါသည်။

အာရှလူမျိုးစုအားလုံး

U.S. လူမျိုးစုအားလုံး

မြန်မာလူမျိုးစု

(ACS-1 Year: 2022 အရ)

မြန်မာလူမျိုးစု

ACS-5 Year (2021)(DP-02)

အမေရိကနိုင်ငံအတွင်းမွေးဖွားသူ လူမျိုးစုပေါင်းစုံ%

၄၆.၁၈%

၈၆.၁၄%

၂၉%

၂၅.၁%

အမေရိကနိုင်ငံပြင်ပတွင် မွေးဖွားသူ လူမျိုးစုပေါင်းစုံ%

၅၃.၈၂%

၁၃.၈၆%

၇၁%

၇၄.၉ %

စိတ်ဝင်စားဘွယ်ရာအချက်ကား အမေရိကနိုင်ငံအတွင်းအခြေချနေထိုင်သော်လည်း နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခြင်း မရှိသော မြန်မာလူမျိုးစုက (၄၀%)ရှိနေပါသည်။ အခြားလူမျိုးခြားများနှင့်နှိုင်းယှဉ် ဖေါ်ပြရန်နှစ်တူအတွင်းကိန်းဂဏန်းမရ နိုင်သော်လည်း အခြားလူမျိုးစုခြားတို့ထက်နိုင်ငံသားဖြစ်မှု နည်းပါးနိုင်ကြောင်းခန့်မှန်းရပါသည်။

နိုင်ငံပြင်ပတွင်မွေးဖွားသော်လည်း နိုင်ငံသားအဖြစ်ခံယူထားခြင်းမရှိသေးသော မြန်မာလူမျိုးစု%

၃၉%

နိုင်ငံပြင်ပတွင်မွေးဖွားပြီး နိုင်ငံသားအဖြစ်ခံယူထားပြီးသော မြန်မာလူမျိုးစု%

၆၁%

 

ဆယ်စုနှစ်တခုခြင်းအလိုက် အမေရိကနိုင်ငံအတွင်းပြောင်းရွှေ့အခြေချနေထိုင်သော မြန်မာလူမျိုးစု%

သက္ကရာဇ်(၂၀၀၀)မတိုင်မှီ

၁၁.၂%

သက္ကရာဇ်(၂၀၀၀)မှ(၂၀၀၉)ခုအတွင်း

၃၂%

သက္ကရာဇ်(၂၀၁၀)နောက်ပိုင်း

၅၆.၈%

SOURCE: API URL: https://api.census.gov/data/2022/acs/acs1/spp; Table ID – S0201 (“Place of Birth, Citizenship & Year of Entry””)

ACS-5 Year (2021): Table ID (DP-02)

 

(Census အဆက်ဆက်နှင့် American Community Survey အဆက်ဆက်တို့တွင်ဖေါ်ပြပါရှိသော မြန်မာလူမျိုးစုတို့၏ လူဦးရေ၊ အိမ်ထောင်စု၊ အိမ်ရာ နှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံအချက်အလက် ပုံရိပ်များကို ရှင်းလင်းနားလည်လွယ်ကူစေခြင်း အလို့ငှာ Facebook Group တခုအဖြစ် "လူဦးရေသန်းခေါင်စာရင်းနှင့်အမေရိကနိုင်ငံအခြေစိုက် မြန်မာလူမျိုးစုများ" အဖြစ် ဖန်တီးထားပါသည်။ မည်သူမဆို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း။)