Saturday, August 01, 2026

အခရာကျလှတဲ့ မိသားစုမှတ်တမ်းမှတ်ရာများ ထိန်းသိမ်ခြင်းအလေ့အထ

 ဒီကိစ္စ ရေးကြီးခွင်ကျယ်လုပ်ရတဲ့အကြောင်းရင်း ကျနော့်မှာရှိနေပါတယ်။ မကွယ်မဝှက်ပြောကြစတမ်းဆိုရင် စာရွက်စာတမ်းကိုအကြောက်ကြီးကြောက်ကြရတဲ့အထဲ ကျနော်တယောက်ပါခဲ့ဘူးတာမို့ ကိုယ်ချင်းစာမိပါတယ်။ မြန်မာတွေ ရုံးပြင်ကန္နားကြောက်ကြသူချင်းမို့၊ ရန်သူမျိုး(၅)ပါးထဲ “အုပ်ချုပ်သူ” လို့သွယ်ဝိုက်ခေါ်ရမဲ့ စာရွက်စာတမ်း၊ မှတ်တမ်းရုံးစာနဲ့ဝေးဝေးရှောင်ကြတဲ့အလေ့ဟာ မြန်မာတွေထဲ ခေါက်ရိုးကျိုးနေရတာ အသိသာကြီးပါ။ အမေရိကားလိုနေရာဒေသအသစ်ကို ပြောင်းရွှေ့အခြေချကြရတော့ ဒီကိစ္စကြီးက ဒုက္ခကြီးတခုအဖြစ် နေ့တဓူဝခြောက်လှန့်ခံနေရတဲ့ကိစ္စကြီးဖြစ်မှန်းမသိဖြစ်သွားရပါတယ်။

သားသမီးမြေးမြစ်ရှိသူ (ဒွတ်ဒက်ရွှတ်ရှက်နိုင်ကြသူကလေးတွေ)လက်လှမ်းမှီကြသူတွေကတော့ သူတို့ဆီလက်တို့မေးမြန်းအကူအညီရယူနိုင်ပေမဲ့၊ ဒါဟာအမြဲတော့မဟုတ်ဖူးပေါ့။ အဲ့ဒီသားသမီးတွေအိမ်ကပြောင်းရွှေ့ထွက်ခွာသွားချိန်မှာတော့ “မျောက်သစ်ကိုင်းလွတ်” ကြရပါတော့တယ်။

ပြောချင်တာက စာရွက်စာတမ်းမှတ်တမ်းထိန်းသိမ်းခြင်းဟာ တိုးတက်တဲ့နိုင်ငံနေထိုင်ကြသူတွေရဲ့ဘဝတွေမှာ မသိမဖြစ်၊ မရှိမဖြစ်လုပ်ကြရမဲ့ဘဝကပေးတဲ့”မဟာ”တာဝန်ကြီး (Life’s primary task) ပါ။ ဒီအသိနဲ့လိုက်နာဆောင်ရွက်နိုင်မှုရှိအောင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချနိုင်ဘို့ အရေးတကြီးလိုအပ်လာပါတယ်။ (Make a deal with yourself to have this greater cause of commitment!) ဒီဆောင်းပါးရဲ့ ဆိုလိုရင်းအချက်ကတော့ အမေရိကားလိုနိုင်ငံတွေမှာပြောင်းရွှေ့အခြေချကြပြီဆိုရင်၊ စာရွက်စာတမ်းထိန်းသိမ်းခြင်းအလေ့အထကို ကြံဖန်မွေးမြူဘို့ အရေးတကြီးလိုအပ်ပါတယ်။


ဒီအတွက်အခြေပြုရမဲ့အချက်အချို့ကိုမီးမောင်းထိုးပြပါရေစေ။

(က) နောက်တကြိမ်ပြန်ယူကြည့်ရန်မလိုတော့သော စာရွက်စာတမ်းမျိုး ကိုချက်ချင်းဖျက်ဆီးပါ။ (ဥပမာ- လျှပ်စစ်မီတာခတောင်းခံလွှာ electric/utility bills မျိုး)

(ခ) ဖျက်ဆီးရာတွင် cross-cut shredder မျိုးကိုသုံးပါ။ နှစ်ကုန်(သို့မဟုတ်) နှစ်များစွာကြာမြင့်ချိန်မှဖျက်ဆီးရမဲ့ စာရွက်စာတမ်းမျိုးဆိုရင် မိမိနေထိုင်ရာမြို့တွေမှာရှိတဲ့ stores/churches/community centers တွေမှာ နွေပေါက်ချိန် အခမဲ့ဖျက်ဆီးပေးတာမျိုး (community shredding events) တွေကိုယူသွားဖျက်ဆီးနိုင်ပါတယ်။  လမ်းထောင့်၊ Churches တွေရှေ့မှာဆိုင်းဘုတ်ကြိုတင်ထားလေ့ရှိကြပါတယ်။ 

(ဂ) ရာသက်ပန်ထိန်းသိမ်းရန်လိုအပ်တဲ့ စာရွက်စာတမ်းများ၊ (၃-၅)နှစ်ကြာထိန်းသိမ်းရန်လိုအပ်တဲ့ စာရွက်စာတမ်းများ နဲ့ ချက်ချင်းဖျက်ဆီးသင့်တဲ့ စာရွက်စာတမ်းများဆိုပြီး အတန်းအစားခွဲခြားပါ။

(ဃ) လစဥ်(သို့မဟုတ်)ပြက္ခဒိန်နှစ်ဆန်းတိုင်း ပုံမှန်ထိန်းသိမ်းဖျက်ဆီးခြင်းလုပ်နိုင်တဲ့အကျင့်ကိုမွေးပါ။

(င) ထိန်းသိမ်းရန်လိုအပ်တဲ့စာရွက်စာတမ်းများကို အမျိုးအစားပေါ်မူတည်ထားသိုပါ။

(၁) permanent documents - တွေကို hard binder, sheet protector တွေနဲ့ စာရွက်စာတမ်းတခုချင်း သိမ်းဆည်းပါ။ မီးခံသေတ္တာနဲ့ထားနိုင်ရင်ကောင်းပါတယ်။

(၂) နှစ်ပေါက်ထိန်းသိမ်းမဲ့ (တနှစ်စာ/၃-၅နှစ်စာ) တွေကို ဥတုသုံးပါးခံ သံမဏိ steel cabinet (သို့မဟုတ်) မီးခံသေတ္တာစသည်တို့နဲ့သိမ်းပါ။

(စ) မိမိ စာရွက်စာတမ်းများထားသိုတဲ့နေရာကို မှတ်တမ်းပြုစုပြီး၊ မိသားစုတဦးချင်းတိုင်းဆီ ဖြန့်ဝေထားပါ။

(ဆ) permanent documents တွေကို scan/digitization လုပ်ပြီး digital wallet/internet cloud account နဲ့ထိန်းသိမ်းပါ။ မိသားစု၀င်အားလုံးအချိန်အခါမရွေး လက်လှမ်းမှီလွယ်ကူစွာ ရယူနိုင်အောင်ထားရှိပါ။

(ဇ) နောက်တခုက အလွန်အရေးကြီးတဲ့ accounts’ passwords and name/email စသဖြင့်ပါ။ ဒါတွေကိုလည်းမိသားစု၀င်တိုင်းသိထားနိုင်အောင်မှတ်တမ်းထားဘို့လိုသလို၊ passord ပြောင်းလဲတိုင်းလည်း မှတ်တမ်းတွေမှာ update လုပ်ထားရပါမယ်။ unique passrword လို့ခေါ်တဲ့ defaulted alpha-numeric passwords ဟာ double authentication လုပ်ဖို့လိုတဲ့အပြင်၊ အခြား ကွန်ပျူတာ cell phone မှာသုံးရင် iCloud share လုပ်မထားရင်ခက်ခဲပါတယ်။ လုံခြုံစိတ်ချရမှု (encryption) ကောင်းတာတော့အမှန်ပါ။ အထူးသဖြင့်ခရီးသွားချိန်အရေးပေါ်လိုခဲ့ရင်ပေါ့။ သေချာတာကတော့ စာရွက်စာတမ်းမှတ်တမ်းမျိုးလုပ်ထားရင်ပို လွယ်ကူနိုင်တတ်ပါတယ်။

(စျ) တိုက်ရိုက်မဆိုင်ပေမဲ့ မရှိမဖြစ်ထားရမဲ့ စာရွက်စာတမ်းမျိုးကတော့ လစဥ်/နှစ်စဥ်ကြေးပေးမှုမှတ် တမ်းဇယားပါ။ ဇယားမှတ်တမ်းထားရှိတဲ့အတွက် ကိုယ်ပေးပြီးမပြီး ချက်ချင်းသိနိုင်ပါတယ်။ payments သတိလက်လွတ် miss မဖြစ်တော့ဘူးပေါ့။ ဒါ့အပြင် တနှစ်တကြိမ်ပေးရတဲ့အခွန်၊  Property tax လိုအရာတွေအတွက် သတိလက်လွတ်ဖြစ်ဖို့အလားအလာနည်းသွားသပေါ့။ အဲ့ဒီဇယားမျိုးမှာ နှစ်လည်ကျန်းမာရေးဆေးစစ်တာ၊ အာမခံနှစ်စဥ်ကြေး၊ အခွန်၊ ယာဥ် registration renewal စသဖြင့်တွေကိုလည်း ရက်စွဲနဲ့လုပ်ပြီးတိုင်း ဖြည့်သွင်းနိုင်ရင် နောက်နှစ်မှာလည်း “အော်-အခွန်ဆောင်၊ နှစ်စဥ်ေကြးပေးရမဲ့အချိန်ရောက်ပါပြီလား”လို့ သတိပေးရာရောက်ပါတယ်။ မီတာခ၊ ရေမီး၊ ဖုံး၊ Streaming၊ အိမ်လခ၊ Subscriptions, အာမခံ၊ လစဥ်ကြေးမ်များကို auto-pay လုပ်ထားနိုင်ရင်အကောင်းဆုံးပါ။

(ည) အခြေခံအကျဆုံး ကိုယ်ရေးအချက်အလက်တွေကတော့ -  social security, passport ID (with expiration date), driver license, health insurance ID စသည်တို့ရဲ့ နံပတ်တွေအပြင်၊ မိသားစုဝင်တဦးချင်းရဲ့  cell phone နံပတ်၊ မွေးသက္ကရာဇ်ရက်စွဲ၊ နေရပ်လိပ်စာအတိအကျ တွေပါ။ သိသလိုလိုနဲ့ တကယ်လိုအပ်ရင် အစဖေါ်မရတာဖြစ်တာမျိုးကြုံရတတ်ပါတယ်။

(ဋ) မိမိအိမ်ရာ၊ ယာဥ်တို့နဲ့ပတ်သက်တဲ့မှတ်တမ်းမျိုးတွေမှာတော့  mortgage, property tax parcel, both homeowner/condo policy with hazard/master umbrella coverage (if not renter policy), their coverage levels/types, management company information စသည်တို့အပြင် ယာဥ်ရဲ့ registration (ownership if fully owned), insurance and coverage, DMV and/or auto club membership တို့အားလုံးရဲ့  နှစ်ပတ်လည် coverage declaration တွေဟာ အခရာကျပါတယ်။

(ဌ) အရေးမကြီးဘူးထင်ရပေမဲ့ အခက်အခဲဖြစ်တတ်တဲ့ကိစ္စကတော့ သာမာန် accounts မျိုးတွေပါ။ ဥပမာ- NetFlix, apps, Facebook  စသည်တို့ဟာ password ကအစမှတ်တမ်းမထားရင်ဒုက္ခရောက်ရတတ်ပါတယ်။ subscription မလိုတဲ့ travel apps, vacation စသည်တို့ကိုလည်းမှတ်တမ်းပြုစုထားပါ။

(ဍ) ငွေရေးကြေးရေးဆိုင်ရာ banking, investment (CDs/401k/brokerage/cryptocurrency/ precious metal like gold, platinum and silverwares), inheritance ဘိုးဘပိုင် ဘုရားဆင်း တုတော်၊ လက်၀တ်ရတနာ၊ တန်ဘိုးကြီးအမွေအနှစ်ပစ္စည်းများ (family inheritance) စသည်ဖြင့်တို့ရဲ့ထားသိုထိန်းသိမ်းရာနေရာ၊  ရယူနည်းလမ်းစသည်တို့ကို သေခြာစွာမှတ်တမ်းပြုစုထားရပါမယ်။ ကိုယ်မျက်ကွယ်ပြုချိန်မှာ ကျန်ရစ်သူဇနီး/ခင်ပွန်း၊ သားသမီးများက လွယ်လင့်တကူရယူနိုင်ဘို့ အစီအမံထားရပါမယ်။

(ဎ) သေတမ်းစာ - ဒီကိစ္စကအလွန်အရေးကြီးသလို ကျွန်တော်တို့မြန်မာလူမျိုးတွေမှာပြင်ဆင်လုပ်ထားလေ့မရှိပါဘူး။ ဝမ်းနဲစရာဖြစ်သလို မလိုလားအပ်တဲ့ အစိုးရကသိမ်းပိုက်ခြင်းခံရပြီး (probate) လုပ်ခံရတာအတော်လေးများပါတယ်။ သက်ရှိထင်ရှားရှိစဥ်မှာ ကိုယ့်အမွေအနှစ်ကိုသားသမီးကိုမယုံကြည်ရဘူး ဆိုတဲ့အသိနဲ့ ဘာအစီအမံမှာမလုပ်ခဲ့တဲ့အတွက် လက်ဆင့်ကမ်းအယူအဆ တိမ်ကောနေရပါတယ်။ ပြောချင်တာက Trust လုပ်ပါ။ Revokable trust လုပ်ပါ။ ကိုယ့်ရဲ့ပိုင်ဆိုင်မှုပမာဏ၊ အသက်အရွယ်တို့နဲ့ လုံးဝမဆိုင်ပါဘူး။   Trust ဟာ ဥပဒေကြောင်းတရားရင်ဆိုင်ရရင်တောင် အခိုင်မာဆုံးအနေနဲ့ ကိုယ့်ဘက်က အကာအကွယ်ပေးမဲ့ ခိုင်မာတဲ့ document ပါ။ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မရှိမဖြစ် စာရွက်စာ တမ်းမျိုးပါလို့ တိုက်တိုက်တွန်းတွန်းပြောပါရစေ။ ဒါတွေဟာပြုစုထားရှိရမဲ့ စာရွက်စာ တမ်းမျိုးတွေပါ။

(၁) trust

(၂) will

(၃) advanced healthcare directive

(၄) durables power of attorney

(ဏ) ကျန်းမာရေးဆိုင်ရာ ဆေးကုသစစ်ဆေးမှုမှတ်တမ်း - ဒါကလည်းအရေးကြီးပါတယ်။ ကိုယ်က သတိလက်လွတ်အိပ်ရာထဲလဲချိန်မှာ မိသားစု (သို့မဟုတ်) စောင့်ရှောက်သူက ဆိုင်ရာဆေးရုံ/အရေးပေါ်ဌာနရဲ့ မေးမြန်းမှုကိုအထောက်အကူပြုပါမယ်။ သတိရှိကြဘို့က အရေးပေါ်ချိန်မှာ နီးရာဆေးရုံဆေးခန်းသွားရတာမို့ အဲ့ဒီမှာ ကိုယ်နဲ့ဆိုင်တဲ့ဆေးမှတ်တမ်းမရှိပါ။ ရှိခဲ့ရင်လည်း ကာယကံရှင်က release မလုပ်နိုင်ရင်၊ အဲ့ဒီမှတ်တမ်းတွေကအထောက်အကူပြုပါလိမ့်မယ်။


ရာသက်ပန်ပြုစုသိမ်းဆည်းရမဲ့ စာရွက်စာတမ်းမျိုးများ (DOCUMENTS NEED TO KEEP PERMANENTLY)

  1.  နိုင်ငံသားပြုမှု/ဖြစ်မှုဆိုင်ရာ စာရွက်စာတမ်းမျိုး၊ လက်မှတ်များ (Citizenship documents and certificates)
  2. နှစ်အလိုက်အခွန်ဆောင်မှုမှတ်တမ်းများ (Yearly tax returns)
  3. အများပြည်သူ(နှင့်ဆိုင်သော)သိပိုင်ခွင့်ရှိမှတ်တမ်းများ (Public Records) 
  4. ယာဥ်ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းများ (Car repairs, modification & services)
  5. ရင်းနှီးမြှုပ်နှံမှုမှတ်တမ်းများ (Investment original docs)
  6. ဆေးကုသစစ်ဆေးမှုမှတ်တမ်းများ (Health records , important reports)
  7. အိမ်ရာဝယ်ယူပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းမျိုး (property escrow statement, mortgage, annual amortization, deeds, trust if converted)
  8. မိမိအိမ်ရာပိုင်ဆိုင်မှု၊ အတွင်းပစ္စည်းများအပါအဝင် အားလုံးတို့ကို ဓါတ်ပုံမှတ်တမ်းတင်ထားမှုများ (updated pictures of assets, personal effects and belongings)
  9. မိသားစု၀င်တဦးချင်း၏ဘွဲ့ဒီကရီနှင့် အောင်မြင်မှုအသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာများ (Certificates & Records)
  1. မွေးလက်မှတ်နှင့်သေဆုံးခြင်းအထောက်အထားစာမှတ်တမ်းများ (Birth/death Certificates)
  2. မြန်မာနိုင်ငံမှဥစ္စာပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ၊ မှတ်ပုံတင်နှင့်အလားတူအရေးကြီး မှတ်တမ်းများ (Assets , documents, registration, ownership and collections from Myanmar)
  3. အိမ်ခြံမြေဥစ္စာပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ နှင့် သေတမ်းစာဆိုင်ရာများ၊ မြွက်ဟကြေငြာလွှာများ၊  အထောက်အထားစာရွက်စာတမ်းများ (Estate, declarations, disclosures, directives & Wills)
  4. အိမ်ပြင်ဆင်မှုနှင့် အဆင့်မြှင့်တင်မှုမှတ်တမ်းများ (home improvement records)
  5. တန်ဘိုးကြီးရတနာတန်းဝင်ပစ္စည်းများ နှင့် ဘဏ်တွင်ထားရှိပါက ဘဏ်သော့နှင့် ရယူခြင်းနည်းလမ်းများ (jewelry and precious materials/items and bank access if safe box in use)
  6. လက်ရှိသုံး အိပ်ဆောင်ကာဒ်မျိုးစုံနှင့် ခရီးသွား passports များ (IDs & cards, passports, vaccine records, etc.)
  7. ငွေသားသက်သက် (Cash)


(၃နှစ်မှ ၅နှစ်)အထိထိန်းသိမ်းသင့်တဲ့ စာရွက်စာတမ်းမျိုး (DOCUMENTS NEED TO KEEP FOR 3 to 5 YEARS)

  1. ယာဥ်နှင့်သက်ဆိုင်သော အာမခံ၊ ထိခိုက်မှုအတွက်ပြင်ဆင်ခြင်းနှင့် အာမခံပေးလျော်ခြင်း မှတ်တမ်းများ (Auto Insurance declaration & coverage changes, claims, repairs)
  2. အဆောက်အဦ အိမ်ယာဆိုင်ရာအာမခံ (declaration pages, cov.changes & claims)
  3. အဆောက်အဦခွန် (Yearly property Tax bills)
  4.  Condominium ဖြစ်ပါက HOA rules, CC&R & regulations updates များ
  5. အကြွေးဝယ်ကဒ် (Receipts for all credit cards)


(၁)နှစ်ခန့် ထိန်းသိမ်းထားသင့်သောစာရွက်စာတမ်းများ DOCUMENTS NEED TO KEEP FOR (1) YEARS

  1. အလုပ်ရှင်မှ ခံစားခွင့်ပြုသောနှစ်အလိုက် ခံစားခွင့်နှင့်သက်ဆိုင်သော စာရွက်စာတမ်းပြေစာမျိုးများ (Annual employer-sponsored benefit summary and rate charts)
  2. နှစ်အလိုက် မှာယူ/ဝယ်ယူမှုဆိုင်ရာ စာရွက်စာတမ်းပြေစာမျိုးများ (All subscriptions)
  3. နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှု စာရွက်စာတမ်းမျိုးများ (Investments)


ဆိုခဲ့တဲ့အစီအမံများဟာ မဖြစ်မနေကြိုတင်ဆောင်ရွက်ကြရတယ်ဆိုပေမဲ့၊ နေ့ချင်းထလုပ်ရတဲ့ကိစ္စမဟုတ်ပါဘူး။ အချိန်ယူကြရပါတယ်။ စုဆောင်းပြင်ဆင်မှုရှိရပါတယ်။ လိုအပ်တဲ့အချက်အလက်တွေက တထိုင်ထဲနဲ့မရနိုင်ပါဘူး။ ထိန်းသိမ်းမှုဘယ်လောက်ကောင်းတယ်ဘဲပြောပြော ခက်ခဲပါတယ်။ တာဝန်သိသိနဲ့ အသိစိတ်ရှိရှိနဲ့ စနစ်တကျလုပ်ကြရပါတယ်။ “ဘဝတသက်တာ” မှတ်တမ်းတွေမို့ အတိမ်းအ စောင်းမခံသလို၊ အမှားအယွင်းလဲနည်းနိုင်သမျှနည်းဘို့လိုပါတယ်။ အသိနဲ့သတိယှဥ်ပြီး စိတ်အေးချမ်းရတဲ့ အမှတ်သညာအကျင်းလေးတွေ မွေးမြူနိုင်ကြပါစေလို့။

Tuesday, June 30, 2026

“ရေမှော်ပညာရှင်များရဲ့မြို့တော်” (ဝါ ) “Chichen Itza” သို့တခေါက်

 Photo 1 of 4ကမ္ဘာ့အံ့ဘွယ်()သွယ်ထဲက ပဥ္စမမြောက် Chichen Itza သို့ပြီးခဲ့တဲ့ဧပြီလလယ်က ခြေချပြီးကထဲက ဒီဆောင်းပါးကိုရေးဘို့ အာသီသရှိခဲ့ပါတယ်။ Chichen Itza ဟာ မက္ကဆီကိုနိုင်ငံ၊ Yucatan ကျွန်းဆွယ်မှာရှိတဲ့ အဓိက ရှေးဟောင်းသုတေသနနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ အေဒီ ရာစုမှာရေမှော်ဆရာများလို့တင်စားထားတဲ့ Itza လူမျိုးများက ကိုးကွယ်တည်ထောင်ခဲ့တဲ့ စင်ကြယ်တဲ့(sacred)မြို့အဖြစ်နဲ့ မာယာ (Mayans) လူမျိုးတွေရဲ့ဘုရားဖူးအထွဋ်အမြတ်ထားရာဗဟိုဌာနတစ်ခုဖြစ်နေပါတယ်။ မာယာလူမျိုးများဟာ Chiapas Guatemala Yucatán Honduras နှင့် Belize ဒေသတို့ရဲ့ ထူထပ်လှတဲ့တောအုပ်များ၏ အလယ်ဗဟိုမှာ လူသားမျိုးနွယ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးနဲ့ ပဟေဠိအဆန်ဆုံးယဉ်ကျေးမှုများထဲမှ တစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ သူတို့အခြေချနေထိုင်ခဲ့တဲ့ဒေသတွေဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ကောင်းမွန်တဲ့နေရာတွေမဟုတ်သော်ငြားလည်း၊ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ကျက်သရေကို ရရှိခဲ့ကြပါတယ်။ ()ရာစုနဲ့ (၁၀)ရာစုအကြားမှာ ဒီတောင်ပိုင်းဒေသတွေမှာရှိခဲ့တဲ့ ဂန္ထဝင်မြောက် မာယာလူမျိုးများဟာ Tikal Copán Quiriguá Palenque နှင့် Piedras Negras ကဲ့သို့သော မြို့များကို တည်ထောင်ခဲ့ကြပြီး၊ သူတို့ရဲ့အာဏာကို မြှင့်တင်ဘို့ တိုက်ပွဲများနဲ့ နယ်မြေချဲ့ထွင်ပြီး မိမိတို့ကိုယ်ကို နတ်ဘုရားများအဖြစ်သတ်မှတ်အုပ်ချုပ်ခဲ့ကြပါတယ်။ အေဒီ (၄၃၅) ခုနှစ်ဝန်းကျင်မှာ တည်ထောင်ခဲ့သူတွေရဲ့ Chichén ဆိုတဲ့နာမည်ဟာ "ရေတွင်းဝ" လို့ အဓိပ္ပာယ်ရပြီး Itzá ကတော့ (itzáes) "ရေမှော်စုန်း" တွေလို့ရည်ညွှန်းပါတယ်။

မာယာအင်ပါယာဟာ တောင်ပိုင်းဒေသတွေမှာ အေဒီ ၂၅၀ မှ ၉၀၀ အထိ ထွန်းကားခဲ့ပါတယ်။ တောင်ပိုင်းက အင်ပါယာဟာ အေဒီ ၉၀၀ ဝန်းကျင်မှာ ပြိုလဲသွားခဲ့ပါတယ်။ အကြောင်းရင်းကို ဘယ်သူမှ မသိကြပါဘူး။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်တဲ့ Chichen Itza ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်လာခဲ့ပြီး မက္ကဆီကိုရဲ့ ရှေးဟောင်းသုတေသနနေရာတွေထဲမှာ ဒုတိယအလည်အပတ်အများဆုံးနေရာ ဖြစ်လာခဲ့ပါတယ်။


Chichen Itza ရဲ့နောက်ခံသမိုင်း

အေဒီ(၄၃၅၆၀၀): မြို့ပြတည်ထောင်ခြင်းအဆင့်။  Campeche သို့မဟုတ် Tabasco ဒေသများမှ ဆင်းသက်လာတဲ့ မာယာလူမျိုးစု “Itzaes”လူမျိုးများမှ ရောက်ရှိလာပါတယ်။

အေဒီ(၆၀၀၉၁၈): “Puuc”ပုံစံလူနေမှုစနစ်ထူထောင်ခြင်းအဆင့်။ မြို့ရဲ့ ပထမဆုံး အထွတ်အထိပ်နဲ့ Chichen Viejo အဆောက်အအုံများ တည်ဆောက်ခြင်း၊  Puuc လက်မှုအနုလက်ရာလွှမ်းမိုးမှုရှိတဲ့ကာလအဖြစ်ရောက်ရှိခဲ့ပါတယ်။ ဒီကာလအဆုံးမှာ အဲ့ဒီမြို့ပြကို ပထမဆုံးအကြိမ် စွန့်ခွာမှု ရှိခဲ့ပါတယ်။

အေဒီ(၉၁၈၉၈၇): Toltec လူမျိုးစုဦးရေ မြင့်တက်လာခြင်းအဆင့်။ Toltec ယဉ်ကျေးမှုနဲ့မက္ကဆီကန်ရိုးရာစရိုက်များ လွှမ်းမိုးမှုရှိတဲ့  Champoton လူမျိုးစုနှောတဲ့လူဦးရေတိုးပွားလာမှု အဖြစ်ရောက်ရှိလာပြီး မြို့မှာတော့ Kukulcán ကိုးကွယ်မှုကို အစပြုခဲ့တယ်လို့ဆိုပါတယ်။

အေဒီ(၉၈၇-၁၁၉၄): Mayapan League အဆင့်သို့ရောက်ရှိခြင်း။ Uxmal, Mayapán and Chichen Itza မြို့များဟာ Chichen Itza ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

အေဒီ(၁၁၉၄-၁၂၀၀): Chichen Itza ပျက်သုန်းခြင်းအဆင့်။ league မြို့များအကြား ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုရှိခဲ့တာကြောင့်၊ Chichen Itza ကျရှုံးနိမ့်ပြီး Mayapan တို့က၎င်းတို့ရဲ့ သြဇာလွှမ်းမိုးမှုကာလကိုရောက်ခဲ့ပါတယ်။

အေဒီ(၁၂၅၀): Chichen Itza မြို့ ပျက်သုန်းစွန့်ခွာခြင်းအဆင့်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအထွဋ်အထိပ်အဖြစ် ပေါ်ထွန််းခဲ့ပေမဲ့လည်း၊ ၎င်းတို့ရဲ့ ဩဇာအာဏာဟာ (၁၆) ရာစုအထိ ကြာရှည်ခဲ့သည့်တိုင် အေဒီ (၁၂၅၀)မှာ မြို့ကို စွန့်ပစ်ခဲ့ကြပါတယ်။


Chichen Itza ဒေသရှိ လေ့လာကြည့်ရှုသင့်တဲ့ အထင်ကရနေရာအဆောက်အဦများ

Chichen Itza Maps

အထင်ကရ အဆောက်အဦများ -

(က) Chichen Itza ပိရမစ်/ရဲတိုက် သို့မဟုတ် Kukulcan ပိရမစ် လို့လည်းလူသိများကြပါတယ်။

 Mayapan ခေတ်နှောင်းပိုင်းမှာ Itza-Cocom ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကာလအရောက်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိပ်မှာ စတုဂံပုံပါရှိသော ပိရမစ်လေးခုရှိပါတယ်။ ဒီဘုရားကျောင်းရဲ့ အဓိကမျက်နှာစာမှာ မေးရိုးပွင့်နေတဲ့ မြွေများကို ကိုယ်စားပြုတဲ့ ကော်လံနှစ်ခုရှိပါတယ်။ ပင်မဝင်ပေါက်မှာ ကိုးကွယ်ယုံကြည်ရာနတ်ဘုရား Chaac ရဲ့မျက်နှာဖုံးကြီးဖြင့် ပိတ်ထားတာပါ။ စတုရန်းတိုင်နှစ်တိုင်နဲ့ ဆောက်ထားသော တံခါးမကြီးတစ်ခုရှိပြီး ရုပ်ကြွများနဲ့ တန်ဆာဆင်ထားပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်များတူးဖော်မှုများပြုလုပ်စဥ်အတွင်း အမြင့် (၅၃)ပေရှိတဲ့ သေးငယ်သောဘုရားကျောင်းကို အတွင်းမှာဌာပနာပုံထားကြောင်းရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်။ အဆောက်အဦဟာ အခြေ(၁၈၂ ပေ)အလျားအနံ ကျယ်ဝန်းပြီး အမြင့်(၇၈ ပေ) ရှိပါတယ်။ တိကျမှုနှင့် ရည်ရွယ်ချက်ဟာ အဆောက်အဦ၏ အနှစ်သာရ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပိရမစ်၏တစ်ဖက်စီမှာ ကြီးမားလှတဲ့လှေကားများ၊ တစ်ဖက်တွင် လှေခါးထစ်အရေအတွက်ခြေလှမ်း(၉၁) လှမ်းစီရှိကြပြီး၊ အထက်ဗိမာန်တော်ပြဿာဒ်()ခုထဲ့တွက်ရင်၊ လှေခါးထစ်စုစုပေါင်း (၃၆၅) လှမ်းရှိပြီး ပြက္ခဒိန်နှစ်ပတ်လည်(၃၆၅)ရက်နဲ့ညီမျှသွားပါတယ်။ (၁၉၉၇)ခုနှစ်မှာ Minnesota နှင့် San Francisco တက္ကသိုလ်များမှပညာရှင်များဟာ El Castillo de Chichén Itzá ရဲ့ပိရမစ်အောက်တွင်းထဲမှာ ဖုံးကွယ်နေတဲ့ တွင်းအောက်ရေကန်(cenote) တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုဧရိယာမှာ ရေဒါပုံရိပ်ဖေါ်လေ့လာမှုများ ပြုလုပ်ခဲ့သပါတယ်။ (၂၀၁၅)ခုနှစ်မှာလည်း မက္ကဆီကို အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်၏ ဘူမိရူပဗေဒသိပ္ပံမှ သံလိုက်ပဲ့ တင်ရိုက်ခတ်မှု(ultrasound sonography) ကို ပြုလုပ်ခဲ့ပြီး ပိရမစ်အောက်တွင် အ၀န်း(၂၆)ပေရှိ cenote ကို ဂရပ်ဖစ်ပုံဖော်နိုင်စေခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာ Gran Acuífero Maya သုတေသနအဖွဲ့ဟာ၊ အဲ့ဒီရေတွင်းဝင်ပေါက်ကို ရှာဖွေတွေ့ရှိဘို့ အနီးနားရှိ လိုဏ်ဂူများမှာ စူးစမ်းလေ့လာမှုများ စတင်ခဲ့တယ်လို့ဆိုပါတယ်။ သို့သော်လည်း အဲ့ဒီနေရာမှာ ရည်ရွယ်ချက်ရှိရှိ ထားခဲ့ပုံရတဲ့ ဧရာမကျောက်တုံးများနဲ့ပိတ်ဆို့ထားတဲ့အတွက်မအောင်မြင်ခဲ့ပါ။ အဲ့ဒီ cenote ဟာ ကမ္ဘာ့အလယ်ဗဟိုကို ကိုယ်စားပြုတာကြောင့် ဝှက်ထားတယ်လို့ဒန္တာရီဆန်တဲ့ ယုံကြည်မှုတွေရှိနေမှုလို့ အကြောင်းပြစောဒကတက်သူတွေရှိနေကြောင်းပါ။

() Ball Game -  Mesoamerica ရဲ့အမှတ်လက္ခဏာထုံးတမ်းစဥ်လာရိုးရာအားကစားအဖြစ် ယနေ့တိုင်ကစားကြပါတယ်။ အဲ့ဒီခေတ်တုံးက ယဇ်ပူဇော်ပသမှုဓလေ့ (human sacrificail rituals) တွေရောနှောတဲ့အားကစားလို့ဆိုပါတယ်။

() Tzompantli - နံရံကျောက်ထွင်းပန်းပုလက်ရာများ

() Platform of Eagles and Jaguarsပိရမစ်ကဲ့သို့အဆောက်အဦဖြစ်ပြီး ကောင်းကင်နေရောင်ခြည်ဖျာကျဆင်းလာမှုက ငရဲထိတိုင်သွားတယ်လို့ယုံကြည်မှုတခုရဲ့အမှတ်လက္ခဏာတွေပါ။

() Venus Platform - ကြာသာပတေးဂြိုဟ်ရဲ့အင်အားပါဝါကိုဖေါ်ကြူးမှုဖြစ်ပါတယ်။

() Temple of Warriors & Thousands Columns - စစ်ရေးအခင်းအကျင်း၊ လေ့ကျင့်ပြင်ဆင်စုဖွဲ့မှု။

() Market Place - လူအများစုဝေးရာပစ္စည်းဖလှယ်ရာ။

() Sacred Cenote - ယုံကြည်ကိုးကွယ်ပသမှုများပြုလုပ်ရာနေရာ။ ယဇ်ပူဇော်ပသမှုဓလေ့ရှိတဲ့ ရုပ်ကြွင်းများ ဖေါ်ယူရရှိတဲ့အထောက်အထားများရှိပါတယ်။ အခြားစိတ်ဝင်စားဘွယ်အဆောက်အဦပေါင်း(၂၀)ကျော်ရှိနေပါသေးတယ်။


မာယာနက္ခတ္တဗေဒ

မာယာလူမျိုးများဟာ နေ၊ လနှင့် ဗီးနပ်စ်ဂြိုဟ်တို့ကို လေ့လာခဲ့ကြပြီး သူတို့ရဲ့ လေ့လာတွေ့ရှိချက်များမှာ ဗုဒ္ဓဟူးဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် အခြားကြယ်များကဲ့သို့ သာမာန်မျက်စိနဲ့မြင်နိုင်တဲ့ အရာဝတ္ထုအချို့ ပါဝင်တယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်က အကြီးကျယ်ဆုံး နက္ခတ္တဗေဒပညာရှင်များဖြစ်တဲ့ ဘုန်းတော်ကြီးများက နေကြတ်ခြင်းနှင့် လကြတ်ခြင်း၊ ဗီးနပ်စ်ဂြိုဟ်ရဲ့ မြင့်တက်ခြင်းနှင့် ပြောင်းဝင်ခြင်း၊ ကြယ်များနှင့် ဂြိုဟ်များရဲ့ ရွေ့လျားမှုများအပြင် နေနှစ်ကို အလွန်တိကျစွာ တွက်ချက်နိုင်ခဲ့ပုံရပါတယ်။

ယနေ့တိုင် မာယာနက္ခတ္တဗေဒ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိပ္ပံပညာရှင်များ အံ့အားသင့်နေကြဆဲပါ။ ရှေးခေတ်မာယာလူမျိုးများအတွက် နက္ခတ္တဗေဒနှင့် စကြဝဠာဗေဒဟာ သူတို့ရဲ့ စကြဝဠာဆိုင်ရာ ဒဏ္ဍာရီလာ အယူအဆများနဲ့ နီးကပ်စွာ ဆက်စပ်နေတာကလည်းစိတ်ဝင်စားစရာပါ။


မာယာပြက္ခဒိန် 

Mayan Calendric SystemMayan Calendric System

မာယာပြက္ခဒိန်အကြောင်း ပြောတဲ့အခါ တစ်ရက်ကို ရက်စွဲသတ်မှတ်ဖို့ နည်းစနစ်အမျိုးမျိုးရှိတဲ့ ပြက္ခဒိန်စနစ်အကြောင်း ပြောတာက ပိုကောင်းပါတယ်။ မာယာတွေမှာ အသုံးပြုဖို့ ပြက္ခဒိန်တစ်ခုတည်း မရှိခဲ့ပေမယ့် သူတို့ ဒီဇိုင်းထုတ်ထားတဲ့ ပြက္ခဒိန်အမျိုးအစား အမျိုးမျိုးကို အခြေခံပြီး ရက်စွဲကို ဖော်ပြခဲ့ကြပါတယ်။ သူတို့ဟာ တစ်နှစ်ဟာ ၂၆၀ ရက်နဲ့ ညီမျှတဲ့ နတ်ဘုရားပြက္ခဒိန်ဖြစ်တဲ့ Tzolkin ကို အဓိကထား အသုံးပြုခဲ့ကြပါတယ်။


Haab ပြက္ခဒိန်ဟာ ယနေ့ခေတ်မှာ အသုံးပြုနေတဲ့ ပြက္ခဒိန်တွေနဲ့ ပိုတူပါတယ်။ Haab က  တစ်နှစ်ကို ၃၆၅ ရက်လို့ တွက်ချက်ခဲ့ပါတယ်။ မာယာတွေက သူတို့ကို စီစဉ်ဖို့ မှန်ကန်တဲ့နေ့ကို ပြသဖို့ သောကြာ ဂြိုဟ်စက်ဝန်းကို လက္ခဏာတစ်မျိုးအနေနဲ့ အသုံးပြုခဲ့ပြီး Long Count ကလည်း Julian ပြက္ခဒိန်နဲ့ ဆင်တူပါတယ်။

မာယာရက်စွဲတစ်ခုရဲ့ ပုံစံက ဒီလိုပါ။

ဒီနေ့ဟာ (၂၄.၁၁.၂၀၀၉) ခုနှစ်လို့ ဆိုကြပါစို့။

မာယာရက်စွဲရဲ့ ညီမျှမှုက ၁၂.၁၉.၁၆.၁၅.၁၇၊ ၁၂ Caban, ၁၅ Ceh ဖြစ်ပါတယ်။

၁၂.၁၉. ၁၆။ ၁၅။ ၁၇ ရက်သည် Long Count ရက်စွဲဖြစ်ပါတယ်။

၁၂ Caban ဟာ Tzolkin ရက်စွဲဖြစ်ပါတယ်။

၁၅ Ceh ဟာ Haab ရက်စွဲဖြစ်ပါတယ်။

မာယာလူမျိုးများ တည်ထောင်ဖန်တီးခဲ့တဲ့ ဒီပြက္ခဒိန်စနစ်ဟာ ခိုင်မာတဲ့ လေ့လာတွေ့ရှိချက်၊ တွက်ချက်မှုနဲ့ ကြိုးစားအားထုတ်မှုတို့၏ ရလဒ်ဖြစ်ကြပါတယ်။ နံမယ်ကျော်ရုပ်ရှင်ဖြစ်တဲ့ 2012” ဟာ ကျနော်တို့အားလုံးရဲ့စိတ်ဝင်စားမှုကိုဖမ်းစားနိုင်ခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်၊ ဒီဇင်ဘာ(၁၂)ရက် (၁၂၊၁၂၊၁၂)မှာ ကမ္ဘာကြီးပျက်ကိန်းဆိုက်မယ်ဆိုတဲ့ နိမိတ်ဖတ်ကြသူတွေများပါတယ်။ အမှန်တကယ်တော့ အဲ့ဒီရက်လမှာ မာယာပြက္ခဒိန်ကုန်ဆုံးသွားခြင်းသာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတွက်ချက်သုတေသနပြုချက်ကရတဲ့အဖြေတွေကို မာယာလူမျိုးများက နက္ခတ္တဗေဒဂြိုဟ်များ၊ အာကာသနှင့် ကြယ်များအကြောင်း ဘယ်လိုသိရှိခဲ့ကြောင်းကိုတော့ကျွန်တော်တို့ယနေ့တိုင် နားမလည်ကြသေးတာကတော့အမှန်ပါ။


တည်းခိုသင့်တဲ့ဟိုတယ်တွေ 

(က) Chichen Itza ကိုသွားချင်ရင် Cancun ဆိုတဲ့ပင်လယ်ဆိပ်ကမ်းမြို့မှာတည်းရပါမယ်။ Chichen Itza  တဝိုက်မှာတော့ဟိုတယ်တွေရှိပေမဲ့တည်းသူသိပ်မရှိပါ။ Cancun မှနေ့ချင်းပြန်သွားနိုင်သမို့၊ နေရာခွဲနေဘို့မလိုတော့ဘူးပေါ့။ 

() Boulevard Kukulkan နဲ့  Punta Cancun ဇုံနယ်မြေဟာ တည််းခိုဘို့အကောင်းဆုံးနေရာတွေဖြစ်ပြီးအချက်အခြာကျသမို့ tours အပါအဝင် hotel pick-up services တွေအတွက်အလွန်အဆင်ပြေပါတယ်။ 

() အဆင့်မြင့်ဟိုတယ်ကြီးများရှိသလို၊ တနေကုန်နံက်စာ၊ နေ့လယ်နဲ့ညစာအတွက်အမယ်စုံပါတဲ့ All-inclusive ဖြစ်တာအပြင် ဖျော်ဖြေမှုအစီအစဥ်အစုံ ရှိတတ်ကြပါတယ်။ စျေးနဲနဲပိုကြီးတယ်ဆိုပေမဲ့ အပြင်ထွက်စရာစရိတ်နဲ့စားသောက်ဖွယ် ရှာဖွေရတဲ့ကိစ္စ ငြိမ်းပါတယ်။ 

() ()ရက်စာ တည်းခိုခကို ($1500 မှ $3,000) ကျော််လောက်မို့ အမေရိကားထက်ပေါသပေါ့။ 


ဖြေဖျော်မှုပျော်ရွှင်ဘွယ်မျိုးစုံ နဲ့ အခြားလေ့လာစရာ ခရီးတိုတွေ

(က) လူငယ်တွေအတွက် ညကလပ် (“Coco Bongo” စသည်ဖြင့်တွေအထင်ကရလူစည်ကားရာ ပင်လယ်ကမ်းခြေလမ်းသလားဘို့၊  Cancun Downtown မှာလမ်းသလားဘို့နဲ့ ဆိုင်ကြီးတွေနဲ့ကပ်လျက်ပါ။ Downtown တခုလုံးနီးပါးကစျေးဆိုင်များနဲ့ပြည့်နေပါတယ်။ “Marcado 28” ဟာလူအစည်ကားဆုံးနေရာပါ။ sovinir stores တွေ၊ စားသောက်ဆိုင်၊ အရောင်းဆိုင်မျိုးစုံနဲ့ ဖြေဖျော်မှုတွေနဲ့ပြည့်နေပါတယ်။ ဟိုတယ်ဇုံကအရောင်းဆိုင်တွေထက်သက်သာလို့၊ ဝယ်ကြသူခရီးသည်များသပေါ့။

() ညနေခင်းမှာလည်းရိုးရာအကသီဆိုမှုတွေ  Parque de las Palapas  မှာငေးနိုင်ပါတယ်။ ဘတ်စ်ကားခ(-ဒေါ်လာခွဲ)လောက်နဲ့ နေရာအနှံ့ရောက်နိုင်သမို့ taxi ခအလွန်သက်သာသွားသပေါ့။ 

() အနီးတဝိုက်မှာ Playa Delfines & Cancun Sign, El Rey Ruins (လမ်းတဖက်ကူးတင်), Mayan Museum တို့ဟာ ရောက်အောင်သွားလေ့လာသင့်ပါတယ်။ ()ရက်ခွဲလောက်အချိန်ပေးပေါ့။ 

() မဖြစ်မနေေရောက်သင့်တဲ့နေရာတခုကတော့ Xcaret Park ပါ။ water park တခုသာဖြစ်ပေမဲ့ ရေနဲ့ပတ်သက်တဲ့ activities တွေအကုန်ရှိယုံမက under-water sea-cave လိုနေရာတွေကိုသပ်သပ်အကုန်ကျခံသွားစရာမလိုတော့ပါဘူး။ ရေငုတ်ခြင်းအပါအဝင်  snorkeling, diving, speed boat adventure, para-sailing စတာတွေလုပ်နိုင်ပါတယ်။ ပေါ်ပြူလာအဖြစ်ဆုံးကတော့ ညဘက်လုပ်တဲ့ cultural show (“Mexico Espectacular”) ကကုန်ကျစရိတ်ကိုအဲ့ဒါတခုထဲနဲ့တင် တန်နေပါပြီ။ Mayan နဲ့ Mexico culture သမိုင်းကြောင်းကိုကပြသူ နှစ်ရာကျော်နဲ့ ခမ်းနားကြီးကျယ်စွာတင်ဆက်ပါတယ်။  “epic” show လို့ဆိုပါရစေ။ အခြားသော cultural နဲ့ တင်ဆက်မှုတွေလည်း park ထဲမှာအနှံ့ပြပါတယ်။ စားစရာအတွက် buffet ပါတဲ့လက်မှတ်မဝယ်ဘဲ မိမိဖာသာအချိန်မရွေးစားနိုင်မဲ့ဆိုင်တွေ park အနှံ့ရှိကြောင်းပါ။ 

() မြေအောက်ချောင်းမြောင်း နဲ့ နက်ရှိုင်းသောရေတွင်းချောက်ကြီးများ (Underground rivers & Cenotes) လည်းအများအပြားရှိပါတယ်။ Chichen Itza ရှိတဲ့ Yucatan Peninsula မှာ cenotes ပေါင်း(၆၀၀၀)ကျော်ရှိဆိုဘဲ။ လူကြိုက်များတဲ့ cenotes တွေက semi-open လို့ခေါ်တဲ့ မြေအောက်အတော်နက်နက်မှာ အပေါ်ကအပင်တွေနဲ့ဖုံးနေလေ့ရှိတဲ့အမျိုးအစားပါ။  Tours အတော်များများက Chichen Itza ခရီးစဥ်မှာပါလေ့ရှိသမို့ ရေကူး၀တ်စုံနဲ့ sun-screen lotion ယူသွားကြဘို့မမေ့ပါနဲ့။ Dos Ojos and Cenote Azul (toward Tulum), Cenote Verde Lucero (in the Puerto Morelos Route of Cenotes), and Ik Kil (near Chichen Itza) တို့ဟာအထင်ကရ cenotes တွေပါ။ Rio Secreto ဟာ စိတ်ဝင်စားဘွယ် မြေအောက်လှိုင်ဂူစမ်းချောင်းတခုဖြစ်ပြီး၊ လည်ပတ်သူများပါတယ်။

() အချိန်ရရင်တော့ “Underwater Sculpture Museum at MUSA” မှာ ရေအောက်ပန်းပုပစ္စည်းရုပ်(၅၀၀)လောက်ရှိတဲ့နေရာကို ရေငုတ်ပြီးဖြစ်ဖြစ်၊ရေငုတ်သင်္ဘောနဲ့ဘဲဖြစ်ဖြစ်သွားကြည့်နိုင်ကြပါတယ်။ “Magical Islands of Isla Mujeres” ဟာ မြို့နဲ့ခွာပြီးဇိမ်ခံချင်ကြသူတွေအတွက် အတော်အဆင်ပြေပါတယ်။ စိမ်းပြာနေတဲ့ ကြည်လင်နေတဲ့ရေတိမ်မို့ sorkeling လုပ်လို့ကောင်းတဲ့နေရာပေါ့။ ကမ္ဘာမှာဒုတိယအကြီးဆုံး meso-land မို့သွားလည်ပတ်ရကျိုးနပ်မှာပါ။

() Temazcal ritual cleansing ဟာစိတ်ဝင်စားဘွယ်အတွေ့အကြုံတမျိုးအဖြစ် တချို့ခရီးသွားများကဝင်ရောက်ပါဝင်ကြပါတယ်။ မက္ကဆီကိုနိုင်ငံနေထိုင်ရာပေါ် မူတည်ပြီး ရှေးဟောင်း Temazcal အခမ်းအနားသည် ပုံစံအမျိုးမျိုးရှိနိုင်တယ်။ ချွေးလှောင်အိမ်နှင့်ဆင်တူတဲ့ ကျောက်နံရံဖြင့်ကာရံထားတဲ့ တဲထဲမှာ ပုံမှန်အားဖြင့် သန့်စင်ခြင်းအခမ်းအနားတစ်ခုအဖြစ် တွေ့ရပါတယ်။ အပူပေးအခမ်းအနားနဲ့နတ်ဆရာရဲ့ လမ်းညွှန်မှုဟာ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံကို ပေးစွမ်းတယ်လို့ယုံကြည်ကြပါတယ်။


Chichen Itza နဲ့ Cancun တို့ဟာနေ့ချင်းပြန်သွားနိုင်တဲ့အပြင်၊ အခြားစိတ်ဝင်စားဘွယ်နေရာတွေ အနီးအနားတဝိုက်မှာရှိသမို့ စရိတ်နည်းဝန်ကျင်းအပမ်းဖြေဘို့ကောင်းတဲ့ နေရာတခုပါလို့ မြန်မာကွန်မြူနီတီကို ဖောက်သယ်ချလိုက်ပါရစေ။