Saturday, June 29, 2024

မြန်မာလူဦးရေ (အမှန်တကယ်မြေပေါ်) အရေအတွက်သည် censuses နှင့် surveys အဆက်ဆက်တို့တွင် လျော့နည်းနေသည် (“UNDERCOUNT”) ဆိုသော အယူအဆနှင့်မှတ်ချက်များနှင့်ပါတ်သက်၍ ဖြစ်နိုင်ဘွယ်ကြိုးကြောင်းများ

 ပြီးခဲ့တဲ့ လစဉ်ဖေါ်ပြချက်တွေမှာ မြန်မာလူဦးရေစစ်တမ်းတွေရဲ့ စိတ်ဝင်စားဘွယ်အချက်တွေကိုရှုထောင့်စုံက တင်ပြသွား တာတွေကိုတွေ့ရမှာဖြစ်ပါတယ်။ အများကဝေဖန်နေကြတဲ့ အမှန်တကယ်ရှိနေသင့်တဲ့မြန်မာလူမျိုးစုဦးရေဟာ အလွန်နည်း ပါးနေတယ် ဆိုတဲ့ဝေဖန်ချက်တွေ တွေ့နေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆိုင်ရာ Bureau က ပညာရှင်များနဲ့ကျတော်အပြန် အလှန်ဆက်သွယ်ဆန်းစစ်ချက်အချို့ကို ဒီလ "မြန်မာဂဇက်"မှာ ကောက်နှုတ်တင်ပြပါမယ်။

ယေဘူယျ ကြိုးကြောင်းများကိုကြည့်ပါ။ ဒါတွေဟာ  ဒေတာနဲ့ပတ်သက်တဲ့ဖြစ်လေ့ဖြစ်တတ်တဲ့ honest errors တွေဖြစ် တတ်ပါတယ်။ ဒီကြိုးကြောင်းဖေါ်ပြချက်တွေဟာ မြန်မာလူမျိုးစုတွေရဲ့ ပကတိ အခြေအနေကိုတိုက်ရိုက်ရောင်ပြန်ဟပ်မှုရှိ တယ်လို့တော့ ကောက်ချက်ချလို့မရဘူးလို့ ကြိုတင် သတိပေးပါရစေ။ ဒါပေမဲ့ အနီးစပ်ဆုံး ကြိုးကြောင်းဖေါ်ပြမှုကို scientific နည်းတွေအရ ခင်းကျင်းပြတာတွေဆိုတာကိုတော့ မကွယ်မထောက်တင်ပြလိုပါတယ်။

 

       နမူနာယူခြင်းအမှား (Sampling Errors) သည် နမူနာတစ်ခုအပေါ်အခြေခံ၍ ခန့်မှန်းချက်တစ်ခုနှင့် ခန့်မှန်းချက် သည် လူဦးရေတစ်ခုလုံးအပေါ်အခြေခံပါက ရရှိမည့် ဆက်စပ်တန်ဖိုးကြား ကွာခြားချက်ဖြစ်သည်။ နမူနာမဟုတ်သောအမှား (Non-sampling Errors) ACS ဒေတာကို စုဆောင်းပြီး လုပ်ဆောင်ရန် အသုံးပြု သည့် ရှုပ်ထွေးသော လုပ်ဆောင်မှုများအတွင်းတွင်လည်း ဖြစ်နိုင်ပါသည်။ နမူနာပုံစံမဟုတ်သော အမှားသည် နမူနာ ဘောင် သို့မဟုတ် စစ်တမ်းမေးခွန်းလွှာများတွင် ပြဿနာများ၊ ဒေတာကို အစီရင်ခံပုံ သို့မဟုတ် ကုဒ်လုပ်ပုံတွင် အမှား အယွင်းများ၊ ဒေတာ လုပ်ဆောင်ခြင်း သို့မဟုတ် တွက်ဆခြင်းဆိုင်ရာ ပြဿနာများ၊ သို့မဟုတ် အပြန်အလှန်ကြည့်ရှု သူဘက်လိုက်မှု သို့မဟုတ် တုံ့ပြန်မှုမရှိသည့်ဘက်လိုက်မှုဆိုင်ရာ ပြဿနာများမှ ဖြစ်ပေါ်လာနိုင်သည်။ နမူနာမဟုတ် သော အမှားသည် တိုက်ရိုက်တိုင်းတာရန် အလွန်ခက်ခဲသည်။

       Sampling Errors အတွက်ထုတ်ပြန်ထားသော ACS ခန့်မှန်းချက်များအတွက် First Margin of Error (MOE) များကို 90 ရာခိုင်နှုန်း ယုံကြည်မှုအဆင့်တွင် ပံ့ပိုးပေးထားသည်။

       Non-sampling Errors များတွင် -

ü  (က) Coverage Error ကောက်ခံရမည့်ကောက်ကွက်/လိပ်စာမပါဝင်ခြင်း၊

ü  (ခ) Non-response ပြန်မကြားမှုအလျင်းမရှိခြင်း၊ သို့မဟုတ် ကောက်ခံချိန်တွင် အကြောင်းအမျိုးမျိုး ကြောင့် ဖြေကြားမည့်သူမရှိခြင်း၊

ü  (ဂ) Item nonresponse - လိုအပ်သောမေးခွင်းအချက်အလက်ကိုဖြေကြားခြင်းမပြုခြင်း (သို့မဟုတ်)တမင်မဖြေကြားခြင်း၊

ü  (ဃ) Response Error - မေးခွန်းကိုနားလည်မှုလွဲမှားစွာယူဆခြင်း(သို့မဟုတ်)မှားယွင်းစွာဖြည့်သွင်းခြင်း၊ (သို့မဟုတ်)တာဝန်မရှိသူက ကြားဝင်၍မှားယွင်းသောအဖြေကိုပေးခြင်း၊

ü  (င) Processing Error - မှတ်တမ်းဖြည့်စွက်တွက်ချက်စာရင်းပြုစုသူပိုင်း၏အမှားအယွင်း၊

       ဤအချက်များကို အမှားအယွင်းနည်းနိုင်သမျှနည်းအောင် Sample size, Coverage rate နှင့် Response Rate တို့ကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် Census Bureau မှ အကောင်းဆုံးကြိုးစားနေသလို၊ ဆိုင်ရာ grassroot organizations တို့မှကူညီကြရန်လိုသည်။

       Statistical Significance တွက်ချက်မှုအရ (အချို့သော ခေါင်းစဉ်အချက်အလက်မျိုးများမှလွဲ၍) နှစ် အလိုက်ကိန်းဂဏန်း ကာလအပိုင်းအခြားနှစ်အလိုက်ကွာခြားမှုများကို အတိအကျပြဆိုနေပါသည်။ ဆိုလိုသည်မှာ လူဦးရေတိုးပွားမှုလွန်စွာသိသာထင်ရှားပါသည်။ ယင်းအချက်ကို Census 2020 ကအမှန်တကယ်သက်သေထူနေပါ သည်။ သို့သော်ဤတိုးပွားမှုနှုန်းများသည် အမှန်တကယ်ရှိသင့်သော headcount ကိုရောင်ပြန်ဟပ်ခြင်းရှိမရှိကား များစွာသော အခြားအချက်အလက်များပေါ်မူတည်နေပါသည်။

       သို့သော် (၂၀၀၇)ခုနှစ်မှစတင်၍ မြန်မာ့နိုင်ငံရေးရေစီးကြောင်းအပြောင်းအလဲများကြောင့်၊ refugees များအပါ အဝင်၊ အမေရိကသို့ပြောင်းရွှေ့အခြေချကြသည့်အချက်က၊ မြို့အတော်များများတွင် မြန်မာလူဦးရေ အဆများစွာ တိုးပွားလာသည်ဆိုသည့်အချက်ကို အလေးဂရုပြုသင့်ပါသည်။

       (၂၀၁၀)ခုနောက်ပိုင်း မြန်မာကွန်မြူနတီများအား အားတက်သရော်အသိပညာပေး၊ ပါဝင်သော ကော်မီတီများ၏လုံးလ ထုတ်ကြိုးပမ်းမှုကလည်း မောင်းနှင်အားတနည်းအဖြစ် တွေ့နိုင်ပါသည်။ Indiana ကဲ့သို့သောပြည်နယ်တွင် မြန်မာလူမျိုးစု refugees များကိုပံ့ပိုးပေးသော grassroot organizations တို့မှာ census ၏မူဝါဒကို ကောင်းစွာနားလည်ကြသူများ၏ ဝင်ရောက်ဆောင်ရွက်ပေးသော advocacy/response assistance က အတော်အတန်တာသွားခဲ့သည်ကိုတွေ့ရသည်။

       နောက်တချက်ကား "Burmese" ဟူသောလူမျိုးစု (Race)အချက်အလက်ကိုပြန်ကြားရန် တွန့်ဆုတ်သော မြန်မာ ပြည်ဖွားလူမျိုးစုငယ်များ၏ ရင်တွင်းစိတ်သဏ္ဍာန်ကို ရုတ်ခြည်ပြောင်းလဲ ပေးနိုင်စွမ်းသော အသိပညာပေးနှိုးဆော်မှု အားနည်းချက်ကလည်းတနည်းဖြစ်နိုင်ပါသည်။

       မြန်မာပြည်ဖွားအချို့မှ မိမိတို့ identity ကို(ဖေါ်ပြရန်ခက်ခဲသောအကြောင်းပြချက်ဖြင့်သာ) ပြန်ကြားရန်ပျက် ကွက်ကြမှုလည်းပါဝင်ပါသည်။ ဥပမာ - "Chinese" ဟု စကားနဲရန်စဲ (ပြီးစလွယ်) ပြန်ကြားခဲ့မှုမျိုးများ။

       အခြားဖြစ်နိုင်သောအချက်ကား အစိုးရစာရွက်စာတမ်းများကိုအရေးတယူပါဝင်ပတ်သက်လိုသော မူရင်းစိတ်ဓါတ်မျိုး ကြောင့် (ကင်းကင်းရှင်းရှင်းနေလိုရင်း အလေ့အထ) ပြန်ကြားခြင်းကို "အမြဲတမ်း"ပျက်ကွက်ကြသောစိတ်ဓါတ်မျိုး ကိန်းအောင်းတတ်ကြသူမျိုးများလည်းရှိပါသည်။



https://www.census.gov/content/dam/Census/library/publications/2020/acs/acs_general_handbook_2020.pdf(Page - 53)

 

ACS-1 Yearly နှင့်  ACS-5 Yearly တို့၏ "Statistical Significance" ကို census.gov  data tool ကိုအသုံးပြုလျက်စမ်းသပ်ဖေါ်ထုတ်ခြင်း



ACS-1 Year (2022) နှင့် ACS-5 Years (2021 တို့၏စစ်မ်းအရ မြန်မာလူမျိုးစု (လူမျိုးစပ်များအပါအဝင်) စုစုပေါင်းလူဦးရေ (ခန့်မှန်ူချက်) မျာ၏ Statistical Significance ကိုတွက်ချက်ဖေါ်ပြမှုကိုလေ့လာပါက statistical different? ကော်လံတွင် "YES" ဟုဖေါ်ပြထားသည်ကိုသတိပြုပါ။

(စာရေးသူအားဤ အခန်းဆက်ဆောင်းပါးလေ့လာရှာဖွေမှုနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက "မြန်မာဂဇက်"အယ်ဒီတာထံ မှတဆင့် ဆက်သွယ်နိုင်ပါကြောင်း။)