Thursday, August 01, 2024

မြန်မာ့လူဦးရေသန်းခေါင်စာရင်းဘက် တစေ့တစောင်း (က)

 စစ်တပ်အုပ်ချုပ်တဲ့ ကျွန်တော်တို့မွေးရပ်မြန်မာပြည်မှာ သန်းခေါင်စာရင်းကောက်ခံမှုကို ခုနှစ်နှောင်း ပိုင်း (၂၀၂၄)ခုနှစ်အောက်တိုဘာ (၁)ရက်ကနေ(၁၅)ရက်အတွင်းမှာလုပ်မယ်ဆိုတဲ့သတင်းတွေ ပြန့်နှံ့ လာချိန်မှာ နိုင်ငံတကာကို ပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့ မြန်မာလူမျိုးစုတွေအနေနဲ့ အဲ့ဒီအစီအမံကို မသိမဖြစ်သိဘို့လိုလာသလို၊ အဲ့ဒါရဲ့နောက်ဆက်တွဲ နိုင်ငံရဲ့လမ်းကြောင်း အပြောင်းအလဲဖြစ်နိုင်ချေ တွေဟာ ခပ်ကင်းကင်းနေလို့မရတဲ့ ကိစ္စကြီးဖြစ်လို့လာပါတယ်။ 

 

ဘာ့ကြောင့်လဲဆိုတဲ့မေးခွန်းကိုလိုတိုရှင်းအဖြေပေးရရင်းတော့ -

(၁) ကျနော်တို့အားလုံးရဲ့ မြန်မာပြည်တွင်းကျန်ရစ်နေထိုင်ကြတဲ့ မိသားစု (ဒါမှမဟုတ်) ဆွေမျိုးသား ချင်း (ဒါမှမဟုတ်) မိတ်ဆွေသင်္ဂဟတွေရဲ့ အနာဂတ်လမ်းကြောင်းကို အဖြေပေးမဲ့ နိုင်ငံရေးရေစီး ကြောင်းကို အဓိကထားပြောင်းလဲပေးမဲ့အချက်ဖြစ်နေပါတယ်။ အများအမြင်မှာမဲစာရင်း ကလားဖန် ထိုး မှုတွေတသစ်ဆန်းလာနိုင်မယ်ဆိုတဲ့ ဟောကိန်းတွေထွက်လာပေမဲ့ရေရှည်ရောရေတိုမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အာရုံအထူးစိုက်နေတဲ့ ဖက်ဒရယ်ရေး” ကိစ္စကပဓါနကျတဲ့တာလွှတ်ပေါက်ဖြစ် နေပါတယ်။ ဆိုလိုချင်တာက (၂၀၁၄)သန်းခေါင်စာရင်းပေါ်အခြေခံတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုငယ်ပါဝင်မှု%ကို မဖြစ်မနေအဓိကနေရာမှာထားကြည့်ကြရတော့မှာ မို့ပါ။

 

(၂) (၂၀၁၄) ခုနှစ်ကနောက်ဆုံးပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခံမှုဟာ မြန်မာ့ သန်းခေါင်စာရင်း ကောက်ခံမှုသမိုင်းကြောင်းမှာ (ချို့ယွင်းအားနည်းချက်အချို့ကလွဲရင်) အအောင်မြင်ဆုံးနဲ့အတိကျဆုံး ဖြစ်ခဲ့ပါတယ်။ လူထုနဲ့နိုင်ငံရဲ့ လူမှုစီးပွားဘဝကို တိုက်ရိုက်(သို့မဟုတ်)သွယ်ဝိုက်သောအားဖြင့် အကျိုး ပြုနိုင်တဲ့ မှတ်တမ်းကြီးအဖြစ် နိုင်ငံတကာက သန်းပေါင်းများစွာသောပံ့ပိုးမှု၊ နည်းပညာရယူမှုတို့နဲ့လုပ် ခဲ့တာကတော့အမှန်ပါဘဲ။ ဒါပေမဲ့ ဒီတကြိမ်မှာ မိမိတို့ဘဏ္ဍာနဲ့ရှိဆဲနည်းပညာသက်သက်နဲ့ဘဲ (ပြင်ပ အကူအညီမပါ။)မဖြစ်မနေ ကောက်ခံသွားမယ်လို့ ဗြောင်ကြေငြာထားတဲ့အတွက် ကုလသမဂ္ဂလူဦးရေ ဆိုင်ရာအဖွဲ့အစည်းများနဲ့နိုင်ငံတကာပညာရှင်များကြားထဲ ခွက်ထိုးခွက်လန်ဖြစ်သွားတာတော့အမှန်ပါ။ နားလည်ကျွမ်းကျင်ကြသူအသိုင်းအဝိုင်းက ဘယ်လိုဘဲ ပခုံးတွန့်ကြပေမဲ့ စစ်အစိုးရကတော့ ခပ်တည် တည်နဲ့ဘဲ အစီအမံကိုအကောင်အထည်ဖေါ်ဘို့ စိုင်းပြင်းတဲ့သတင်းဓါတ်ပုံတွေ တဖွဲဖွဲတွေ့နေကြရပါပြီ။

လာမဲ့စစ်အစိုးရရဲ့ သန်းခေါင်စာရင်းကောက်ခံမှုကရတဲ့မှတ်တမ်းများကို အစိုးရသာမက ပြည်ပအဖွဲ့အ စည်းများက တလေးတစားလက်ခံအသုံးပြုမှီငြမ်းဘို့ဆိုတဲ့ကိစ္စကတော့ များစွာသံသယရှိနေရပါတယ်။ များစွာသော အကြောင်းပြချက်တွေထဲကအကြီးမားဆုံးသံသယကတော့ စစ်တပ်အစိုးရရဲ့နယ်မြေစိုး မိုးအုပ်ချုပ်နိုင်စွမ်းပါဘဲ။ မြန်မာ့သမိုင်းမှာ အဲ့ဒီကိစ္စကအညံ့ဆုံးအချိန်တွင်းမှာရောက်နေတာကတော့ ငြင်းမရတဲ့လက်ရှိမြေပြင်ပကတိ အခြေအနေပါ။ အဲ့ဒီအားနည်းချက်တခုတည်းနဲ့တင် head-count ဆိုတာဟာယုံတမ်းအစီအစဉ်တခုသက်သက် (ဝါ) “window-dressing” တခုဆိုတာထင်ရှားပေါ် လွင်သွားပါတယ်။ အဲ့ဒီအစီအမံနဲ့ အဲ့ဒီကထုတ်ပြန်မဲ့ကိန်းဂဏန်းအချက်အလက်များမပေါ်ပေါက်မှီမှာ လက်ရှိ တရားဝင်စာရင်းပေါက်နေတဲ့ အချက်အလက်များကိုကြည့်ကြရအောင်ပါ။

 

တိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်၍ သန်းခေါင်စာရင်းများ၏ ကိန်းဂဏန်းဖေါ်ပြနိုင်မှုအခြေအ နေ

 

(၁၉၇၃)မှစတင်ပြီးအာဏာရလာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ ဦးဆောင် အာဏာရပါတီရဲ့သတ်မှတ်ချက်အရ လူမျိုးစုပေါင်း(၁၃၅)စုလို့ဘောင်ကန့်ခဲ့ပါတယ်။  တရားလွန်အ ယူသီးမှုကြီးထွားတဲ့ခေတ်ပါ နဝင်းကိုးဟာ ကိန်းဂဏန်းနဲ့ပတ်သက်ရင်အလွန်အလေးအမြတ်ထား ခဲ့တဲ့ကာလပိုင်းမို့ ခေါင်ဆောင် ဗိုလ်နေဝင်းအလိုကျမှုအပြင်၊ လူနည်းစု တိုင်းရင်းသားများအပေါ်အစဉ် အဆက် ဗိုလ်ကျစိုးမိုးမှုမူအရ (တရားမဝင်သော်လည်း) ခွဲခြားဖိနှိပ်ခဲ့တဲ့ အစီအမံကြီးတခုအဖြစ် အ တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ အမျိုးသားရေးဆိုတဲ့ မျက်နှားဖုံးစွပ်ထားကြသူ (ဆန့်ကျင်ဖက်များအပါ အဝင်) ကလည်း အဲ့ဒီ လူမျိုးစု(၁၃၅)မျိုးကိုသာ တရားသေဆုပ်ခဲ့တာဒီနေ့ထိပါ။ ဥပမာအနေနဲ့ရာစု ပေါင်းများစွာအခြေချနေထိုင်ကြတဲ့ ရိုဟင်ဂျာများကို မြန်မာ့အသံလိုလေလှိုင်းကတိုင်းရင်းသားဘာ သာအစီအစဉ် ဟိုးယခင်ကတရားဝင်ရှိခဲ့ပေမဲ့၊ လူမျိုးရေးကိစ္စရှေ့တန်းတင်လာချိန်မှာ ခပ်တည်တည် နဲ့ဇာတ်ဖျောက်ခဲ့တာကတော့ များစွာသော သက်သေခံအချက်တွေထဲကတခုပါ။ ခုချိန်မှာတော့ လူမျိုးရေးကိစ္စဟာ ထိလွယ်ရှလွယ်ကိစ္စမို့ (ပြီးခဲ့တဲ့ အတိကျဆုံးလို့သမုတ်ခံထားတဲ့ ၂၀၁၄ သန်းခေါင် စာရင်းမှတ်တမ်းကြီးမှာတောင်၊) လူမျိုးစု အမည်များစာရင်းကိုဖေါ်ပြထုတ်ပြန်ခြင်းအလျင်းမရှိခဲ့ပါ ဘူး။

ကျနော့်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့ လူမျိုးစုများ နယ်နမိတ်သတ်မှတ်ချက်အလျင်း မရှိဘဲ ကျဲပြန့်စွာနေထိုင်အခြေချမှုကို လေ့လာဆန်းစစ်ရာမှာ ဒီနေ့ အမေရိကန်အစိုးရက ကမ္ဘာတဝှမ်း ပံ့ပိုးကူညီထောက်ပံ့မှုပြုရာမှာ လက်ကိုင်ထားအသုံးပြုတဲ့ data gem ကြီးမှာရှိတဲ့ မြန်မာနိုင်ငံရဲ့လူမှုစီး ပွားဆိုင်ရာ dataset ကိုဖေါ်ပြလိုက်ပါတယ်။ သိကြဘို့က အဲ့ဒီ အချက်အလက်များဟာ ဒီနေ့နိုင်ငံတ ကာထောက်ပံ့မှုအစီအစဉ်များ (USAID) ရဲ့အေဂျင်စီများကလက်ကိုင်စွဲနေရတဲ့ data gem ကြီးပါလို့် အသိပေးပါရစေ။ 

ရည်ရွယ်ရင်းကတော့ ဖက်ဒရယ်ရေးကိစ္စကိုစကားပြောရာမှာလက်တွေ့မြေပြင် ကိန်းဂဏန်းများက မချွင်းမချန်ပြသနေတဲ့ ပကတိညွှန်ပြမှုတွေက  နိုင်ငံတော်” အချုပ်အခြာအာဏာပိုင်စိုးမှုကိုထင်ဟပ် တဲ့ သဘာဝဖြစ်တည်မှုရှိလာဘို့လိုအပ်တဲ့ administrative authority, territorial authority နဲ့ strategic authority ကိုထောက်မပေးတဲ့ federalism မှာ အဲ့ဒီလူမျိုးစုများဘယ်လိုနေထိုင်အခြေချ ကြလဲဆိုတဲ့ geospatial  distribution ပေါ်မှာကြီးမားစွာ (အမှန်အားဖြင့်အကြီးမားဆုံး)တည်ဆောက် ထားတယ်ဆို တာကိုပေါ်လွင်စွာကြည့်တတ်မြင်တတ်ကြစေခြင်းအလို့ငှာပါလို့။ အောက်ပါ webpage မှာလည်း အပြည့်အစုံဝင်ရောက်ကြည့်ရှုနိုင်ကြကြောင်းပါ။

https://www.census.gov/geographies/mapping-files/time-series/demo/international-programs/subnationalpopulation.html (“Burma Subpopulation and Housing Data Tables”)

စကားချပ် - Ethnicity Data: 2018 Township Profiles, 2019, Table 14: Ethnic Nationalities Living (စဉ် ၁၄: နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများ). Myanmar General Administration Department (GAD). Available online at http://themimu.info/township-profiles (accessed December 16, 2019).

Religion Data: 2018 Township Profiles, 2019, Table 17: Religion (စဉ် ၁၇: ကိုးကွယ်သည့်ဘာသာ). Myanmar General Administration Department (GAD). Available online at http://themimu.info/township-profiles  (accessed December 16, 2019).

The U.S. Census Bureau cannot guarantee the accuracy of non-U.S. census and survey data.


ပြည်နယ်/တိုင်းဒေသကြီးအတွင်းအခြေချနေထိုင်ကြသော လူမျိုးစုဦးရေ% (များစဉ်နဲလိုက်)

ကချင်

ကချင် (၃၉.၅၂%)

မြန်မာ (၃၃.၀၃%)

ရှမ်း (၂၂.၉%)

 

 

ကယား

ကယား (၆၀.၁%)

မြန်မာ (၁၄.၈၁%)

ရှမ်း (၁၄.၃၇%)

ကရင် (၇.၆၅%)

 

ကရင်

ကရင် (၆၀.၅%)

မြန်မာ (၁၆.၂၈%)

မွန် (၁၁.၃၃%)

ပအို့ (၅.၀၉%)

ရှမ်း (၃.၁၃%)

ချင်း

ချင်း (၉၅.၆၁%)

ရခိုင် (၃.၅၉%)

မြန်မာ (ဝ.၇၃%)

 

 

စစ်ကိုင်း

မြန်မာ (၈၇.၃၄%)

ရှမ်း (၄.၈၄%)

ချင်း (၄.၀၈%)

 

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

နာဂ (၉၅.၆၅%)

ချင်း (၂.၂၅%)

မြန်မာ (၁.၆၇%)

 

 

တနင်္သာရီ

မြန်မာ (၈၇%)

ကရင် (၇.၂၇%)

မွန် (၂.၀၆%)

 

 

ပဲခူး

မြန်မာ (၉၀.၂၅%)

ကရင် (၄.၉၂%)

 

 

 

မကွေး

မြန်မာ (၉၇.၁၅%)

ချင်း (၂.၅၅%)

 

 

 

မန္တလေး

မြန်မာ (၉၅.၄၆%)

ရှမ်း (ဝ.၈၉%)

 

 

 

မွန်

မွန် (၃၈.၉၅%)

မြန်မာ (၃၆.၂၂%)

ကရင် (၁၄.၂%)

ပအို့ (၃.၁၃%)

 

ရခိုင်

ရခိုင် (၇၃.၂၄%)

ချင်း (၃.၉၃%)

မြန်မာ (ဝ.၅၇%)

နိုင်ငံခြားသား (ဝ.၃၆%)

 

ရန်ကုန်

မြန်မာ (၈၉.၂၈%)

ကရင် (၃.၇၃%)

ရခိုင် (၁.၁၅%)

 

 

ရှမ်း

ရှမ်း (၃၁.၃%)

မြန်မာ (၁၂.၁၅%)

ပအို့ (၁၃.၃%)

ပလောင် (၈.၄%)

ဓနု (၅.၈၇%)၊ လားဟူ (၃.၈၇%)၊ ကိုးကန့် ၂.၉၇%)၊ အင်းသား (၂.၈၅%)၊ ကချင် (၂.၇၈%)၊ ’ (၂.၃၉%)၊ အခါ (၂.၀၁%)၊ ကယန်း (၁.၇၇%)

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ဓနု (၇၉.၅၄%)

မြန်မာ (၂.၆၇%)

 

 

 

ပအို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ပအို့ (၇၁.၅%)

မြန်မာ (၇.၁၅%)

 

 

 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ပလောင် (၈၂.၈%)

မြန်မာ (ဝ.၉၄%)

 

 

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

ကိုးကန် (၈၈.၁၈%)

မြနိမာ (၅.၇၅%)

 

 

 

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

’ (၃၈.၂၅%)

ကိုးကန့် (၂၃.၁၆%)

လားဟူ (၁၈.၅%)

ရှမ်း (၁၄.၆%)

လီဆူး (၁%)

ဧရာဝတီ

မြန်မာ (၇၆.၈၆%)

ကရင် (၂၁.၂၉%)

 

 

 

နေပြည်တော်

မြန်မာ (၉၆.၂၇%)

ကရင် (၁%)

 

 

 


အထက်ဖေါ်ပြတဲ့ဇယားချုပ်ဟာ အမေရိကနိုင်ငံရဲ့ သန်ခေါင်စာရင်းဗျူရိုကြီးမှာ တရားဝင်လွှင့်တင် ထားတာကိုတော့ ကြိုတင်သိစေလိုပါတယ်။ လက်ရှိအချိန်မှာ တိုင်းရင်းသားမျိုးနွယ်စုအမည်များ (အား လုံး အစုံအလင်)ကိုယနေ့အထိ မြန်မာအစိုးရအဆက်ဆက်ရဲ့ ထုတ်ပြန်ခြင်းအလျင်းမရှိသေးပေမဲ့ USAID ကကမ္ဘာတဝှမ်းကိုထောက်ပံ့ကူညီမှုမျိုးစုံလုပ်ရာမှာ အဲ့ဒီအချက်အလက်ဟာမရှိမဖြစ်လိုအပ် လာသလို၊ အဲ့ဒီလူမျိုးစုငယ်များပျံ့နှံ့နေထိုင်ရာကိန်းဂဏန်းအချက်အလက်များကိုမှီငြမ်းအသုံးပြုတာ ဖြစ်တဲ့အ တွက်၊ ခပ်ပေါ့ပေါ့ဇယားတခုမဟုတ်တာတော့ သိနားလည်ကြစေလိုပါတယ်။

နောက်တခုက ဖက်ဒရယ်ရေးကိစ္စပါ။ နိုင်ငံကလတ်တလောသွားနေတဲ့အချိန်မှာ၊ တော်လှန်ရေးအင် အားစုတွေက Road Map ကိစ္စကသူတမျိုးငါတမျိုးဖြစ်နေပါတယ်။ အချို့ကလည်း အဲ့ဒီကိစ္စနောက် ထားပြီး ဘုံရန်သူကိုအမြစ်ဖြတ်ရအောင်ဆိုပြီးပြောကြပြန်ပါတယ်။ ခက်တာက အခုလက်ရှိတော် လှန်ရေးမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့အခန်းကဏ္ဍကထိပ်တန်းမတင်မဖြစ် တင်နေရတဲ့ကိစ္စကြီးတခု ဖြစ်နေပါတယ်။ ဘယ်နေရာဒေသမဆို အဲ့ဒီအဖွဲ့များမပါဘဲရှေ့ဆက်လို့မဖြစ်နိုင်ဖြစ်နေပါတယ်။ အဲ့ဒီတိုင်းရင်းသားအဖွဲ့တွေအနေနဲ့ကလည်း၊ ခေတ်အဆက်ဆက် မဟာဗမာလူမျိုးကြီးဝါရဲ့ဒါဏ်ကို ခါးဆည်းခံခဲ့ရပေါင်းများတော့၊ သူတို့တွေရဲ့အနာဂါတ်ဟာ ဖက်ဒရယ်လိုက်ရေး၊ မလိုက်ရေး ပေါ်လုံးလုံး လျားလျားနီးပါးတည်နေပါတယ်။ 

ဖေါ်ပြထားတဲ့ဇယားက ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာလူမျိုးစုစုံ (%အနည်းအများသာကွာမှု) အခြေချနေထိုင်နေတာကပေါ်လွင်နေပါတယ်။ ကိုယ်ဘယ်လမ်းလိုက်မလဲဆိုတာ အဲ့ဒီတိုင်းရင်းသားလူ မျိုးစုတို့ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဖန်တီးနိုင်ခွင့်အတိုင်းအတာပေါ်မူတည်သလို၊ အဆုံးအဖြတ်ပေး ခွင့်ရှိပါတယ်။ သေခြာတာကတော့ ရာစုနှစ်အတော်များများဒေသတခုနဲ့တခုကူးလူးဆက်သွယ်ကြတဲ့ စရိုက်ကအရိုးစွဲနေပြီဆိုတဲ့အချက်ကိုတော့ မျက်ကွယ်ပြုမရပါဘူး။ ဒါကိုအဝေးရောက်မြန်မာလူမျိုးစုအားလုံးကလည်းနားလည်လက်ခံကြပြီးမှ လက်တွေ့ကျတဲ့” လမ်း ကြောင်းကိုမြင်အောင်ကြည့်ကြရပါမယ်။

 

(၂၀၁၅)ခုနှစ်မေလမှာထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလက် အောက်ခံ၊ ပြည်သူ့အင်အားဦးစီးဌာနကြီးရဲ့ သန်းခေါင်စာရင်းကညွှန်ူဆိုသော မြန်မာ့ပုံရိပ်မှာ ကိန်းဂဏန်းအ ချက်အလက်များကနေ နိုင်ငံတကာ ရောက်မြန်မာတွေသိသင့်တဲ့အချက်အချို့ကို ကူးယူဖေါ်ပြလိုက်ပါ တယ်။ (http://countryoffice.unfpa.org/myanmar & http://www.dop.gov.mm )

 

(က) မြန်မာနိုင်ငံတဝှမ်းမှီတင်းနေထိုင်သော လူဦးရေစုစုပေါင်း = (၅၁,၄၈၆,၂၅၃)ဦး (ကချင်၊ ကရင် နှင်ရခိုင်ပြည်နယ်တို့ရှိ စာရင်းကောက်ယူခြင်းမပြုနိုင်သော ဒေသအချို့ရှိ ခန့်မှန်းလူဦးရေ (၁,၂၀၆,၃၅၃) လည်းထဲ့သွင်းထားသည် လို့ဆိုထားတဲ့အတွက် အထက်ကဖေါ်ပြတဲ့လူဦးရေစုစုပေါင်း ဟာ head-count မဟုတ်တော့ဘူးဆိုတဲ့အချက်ကို သတိပြုမိကြဘို့လိုပါတယ်။)

(ခ) ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လူဦးရေအချိုး (%)ပျံ့နှံ့ပုံ

ကချင် = ၃.၂၈%

ကယား = ဝ.၅၆%

ကရင် = ၃.၀၆%

ချင်း = ဝ.၉၃%

စစ်ကိုင်း = ၁၀.၃၄%

တနင်္သာရီ = ၂.၇၄%

ပဲခူး = ၉.၄၅%

မကွေး = ၇.၆၁%

မန္တလေး = ၁၁.၉၈%

မွန် = ၃.၉၉%

ရခိုင် = ၆.၁၉%

ရန်ကုန် = ၁၄.၃၀%

ရှမ်း = ၁၁.၃၁%

ဧရာဝတီ = ၁၂.၀၁%

နေပြည်တော် = ၂.၂၅%

 


အဲ့ဒီအတွက် လူဦးရေသိပ်သည်းဆမှာ = (၁)စတုရန်းကီလိုမီတာတွင် ပျမ်းမျှ (၇၆)ဦးနေထိုင်ကြပါ တယ်။ ရန်ကုန်တိုင်းဟာ အထူထပ်ဆုံးဖြစ်ပြီး (၇၁၆)ဦး၊ ချင်းပြည်နယ်ဟာ အကျဲပါးဆုံးအဖြစ် (၁၃)ဦး သာနေထိုင်ကြပါတယ်။

(ဂ) မြို့ပြနှင့်ကျေးလက်နေထိုင်ကြမှုအချိုး% = ၃၀% : ၇၀%

ပြည်နယ်နှင့်တိုင်းဒေသကြီးမြို့တော်များ၊ မြို့ပေါ်ရပ်ကွက်များကို မြို့အဖြစ်၎င်း၊ ကျေးရွာအုပ်စုများကို ကျေးလက်များအဖြစ်၎င်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

() အာဆီယံဒေသတွင်း(၁၀)နိုင်ငံအတွင်းမှာ မြန်မာဟာ (ပဉ္စမ) လူဦးရေအထူထပ်ဆုံးအဖြစ်၊ အင်ဒိုနီးရှား၊. ဖိလစ်ပိုင်၊ ဗီယက်နမ် နဲ့ ထိုင်းနိုင်ငံများနောက်ကလိုက်နေပါတယ်။. (U.N. Department if Economics and Social Affairs, Population Division,  2012) ကိုအခြေခံထားတယ်လို့ကိုးကား ထားပါတယ်။ တပြေးညီနှစ်အတွင်းနှိုင်းယှဉ်ဖေါ်ပြခြင်း မဟုတ်တဲ့အတွက်ကြောင့် အချက်အလက်ကွဲ လွဲမှုရှိနိုင်ပါသေးတယ်။

() လူဦးရေတိုးနှုန်း (%) ကိုဆန်းစစ်ရာမှာ (၂၀၀၃)ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုမှစ တင်ပြီးနှစ်စဉ် လူဦးရေတိုးနှုန်း (Population Growth%) = ဝ.၈၉%



(Population Pyramid by age distribution ကိုလေ့လာရာမှာ. အသက်(၁၀)နှစ်မှ(၁၄)နှစ်ဦးရေ ဟာအများဆုံးအဖြစ်တွေ့ရသလို၊ အရင်ကောက်ခံခဲ့တဲ့ စစ်တမ်းတွေနဲ့ယှဉ်လေ့လာရာမှာ အသက်ငယ် ရွယ်သူဦးရေ အလျင်အမြန်တို့းလာခြင်းမရှိတာကိုတွေ့ရပါတယ်။



() အမျိုးသမီးဦးရေ(၁၀၀)တိုင်းတွင်ရှိ အမျိုးသားဦးရေ (၉၃)ဦးရှိတယ်လို့ဆိုထားပါတယ်။

() (၁၉၇၃)ခုနှစ်စစ်တမ်းထက်စာရင် (၂၀၁၄)စစ်တမ်းမှာ မှီခိုသူဦးရေပြောင်းလဲလာမှုကိုတွေ့ရပါ တယ်။ သက်ကြီးပိုင်း (၆၅-နှစ်နှင့်အထက်)မှီခိုသူဦးရေတိုးလာပေမဲ့၊ (၁၄)နှစ်အောက်မှီခိုသူကလေးဦး ရေလျော့နည်းသွားပါတယ်။ မှီခိုသူစုစုပေါင်း% ကျဆင်းလာခြင်းဟာ မိသားစုဝင်ငွေရှာဖွေရသူဦးရေ တိုးလာမှုကို ပြဆိုနေပါတယ်။


 

(၁၄)နှစ်အောက်ကလေး%

သက်ကြီးရွယ်အို (၆၅နှစ်နှင့်အထက်)%

စုစုပေါင်းမှီခိုသူ%

၂၀၁၄ သန်းခေါင်စာရင်း

၄၃.၇%

၈.၈%

၅၂.၅%

၁၉၈၃ သန်းခေါင်စာရင်း

၆၇.၁%

၆.၈%

၇၃.၉%

၁၉၇၃ သန်းခေါင်စာရင်း

၇၅.၆%

၆.၇%

၈၂.၂%


(ဈ) (၁၉၈၃)သန်းခေါင်စာရင်းစစ်တမ်း မှ စ၍ (၂၀၁၄)သန်းခေါင်စာရင်းအတွင်း အိမ်ထောင်စု အရေ အတွက် (၆၇%) တိုးလာပါတယ်။ ဒါဟာ လူဦးရေတိုးပွားလာမှုနဲ့လိုက်လျောညီထွေတဲ့ တိုးပွားမှုပါ။ ထူးခြားချက်က ကရင်ပြည်နယ် (၁၆၆%)နဲ့ ရှမ်းပြည်နယ် (၁၁၉%)တို့ကအများဆုံးတိုးပွားတာကို တွေ့ရ ပါတယ်။