Friday, September 27, 2024

မြန်မာ့လူဦးရေသန်းခေါင်စာရင်းဘက် တစေ့တစောင်း (ခ)

(ဆ) ပျမ်းမျှအိမ်ထောင်စုအရွယ်အစား ကတော့ (၄.၄)ဦးဖြစ်ပါတယ်။ အိမ်ထောင်စုရဲ့ (၇၀%)ဟာ (၂)ဦးမှ(၅)ဦးအကြားမှာ ရှိကြပါတယ်။

(ဇ) အိမ်ထောင်ရေး အခြေအနေ





(ဈ) မိမိနေရင်းအရပ်ဒေသမှ အခြားနေရာဒေသတခုခုသို့ (အမြဲတမ်း)နေရပ်အဖြစ်ပြောင်းရွှေ့အခြေချ သူ ဦးရေရဲ့ (၅၃%)ဟာ အမျိုးသမီးများဖြစ်တယ်ဆိုတဲ့အချက်ကို စိတ်ဝင်စားဘွယ်တွေ့ရပါတယ်။


ဒါပေမဲ့ နိုင်ငံရပ်ခြားကိုပြောင်းရွှေ့အခြေချကြသူအိမ်ထောင်စုဝင်တွေရဲ့ (၆၁%) ဟာအမျိုးသားများ ဖြစ်ကြပါတယ်။
အိမ်ထောင်စုဝင် (၂,၀၂၁,၉၁၀)ဦးရေပြောင်းရွှေ့အခြေချတယ်လို့ ဆိုထားပါတယ်။ အများဆုံး ပြောင်းရွှေ့ကြသူတွေကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသများကအများဆုံးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်းပြောင်းရွှေ့သူဟာ နိုင်ငံခြားရောက်နေကြသူအားလုံးရဲ့ (၇၀%) လို့ဆို ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံရပ်ခြားကိုပြောင်းရွှေ့အခြေချကြသူဦးရေ ဟာ အကြမ်းဖျဉ်း(၅)သန်းထက်မနည်းနိုင်လို့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်တွေကညွှန်ပြနေ ပါတယ်။ “ပြောင်းရွှေ့အခြေချ” ဆိုတဲ့ဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ်မူတည်သလို၊ head-count မရနိုင်ခဲ့တဲ့အဓိကဒေသတွေဖြစ်နေတာတွေရယ်၊ ပြောင်းရွှေ့ခိုလှုံသူ (refugees) များရဲ့ကိန်းဂဏန်း များပါမပါဆိုတဲ့အချက်တွေအရကိုးကားရရင် ဒီကိန်းဂဏန်းများဟာ များစွာသံသယဖြစ်ဖွယ်ရှိနေပါ တယ်။


(ည) အသက်(၁၅)နှစ်အထက် စာရေးတတ်ဖတ်တတ်သူစာတတ်မြောက်မှု (၈၉.၅%)ဘဲရှိပါတယ်။ အာဆီယံဒေသတွင်းမှာ စာတတ်မြောက်မှုဟာ အလယ်အလတ်တန်းလို့ဆိုထားပါတယ်။ (အ ကောင်းဆုံး စင်္ကာပူက ၉၅.၉%)။ ကျောင်းနေသူ (ကျားမအချိုးလိုက်) ကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။

(ဋ) အလုပ်လုပ်တဲ့အသက်အရွယ် (၁၅နှစ် မှ ၆၄နှစ်အတွင်း) ဟာ စုစုပေါင်းလူဦးရေရဲ့ (၆၇%)လို့ဆို ပါတယ်။ ဒါပေမဲ့ အဲ့ဒီအသက်အပိုင်းအခြားထဲက (၆၄.၄%)သာအလုပ်လုပ်ကြပြီး၊ (၄%) ဟာအလုပ် လက်မဲ့လို့ဆိုထားတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများကိုအမှီလိုက်နေတာကိုစိတ်ဝင်စားဘွယ်တွေ့ရပါတယ်။

(ဌ) အသက်(၁၅ မှ ၄၉ )အတွင်းရှိအမျိုးသမီးတဦးရဲ့ မွေးဖွားပေးလိုက်တဲ့ ပျမ်းမျှ ကလေးဦးရေအရေ အတွက်က (၂.၃)ဦးလို့ဆိုပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ပျမ်းမျှ (၂.၅)ဦးထက်လျော့နည်းပါတယ်။ မြို့ပြ နေမိခင်များထက် ကျေးလက်မိခင်များရဲ့ရရှိတဲ့ကလေးအရေအတွက်က ပိုများတယ်လို့ဆိုပါတယ်။

(ဍ) မွေးဖွားစဉ်မျှော်မှန်းသက်တမ်း (Life Expectancy at birth) က(၆၆.၈)နှစ်ဖြစ်ပါတယ်။ မြို့ပြ နေသူ တွေက (၇၂.၁)နှစ်ဖြစ်ပြီးကျေးလက်နေတွေက (၆၅.၅)နှစ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အာဆီယံ နိုင်ငံအားလုံးနဲ့စာရင် သက်တမ်းအနည်းဆုံးဖြစ်နေပါတယ်။

(ဎ) တစ်နှစ်အောက်သေနှုန်း (Infant Mortality Rate) အနေနဲ့ အရှင်မွေးကလေး (၁,၀၀၀) မှာ (၆၂)ဦးသေဆုံးပြီး (၅)နှစ်အောက်သေဆုံးသူ (Under-5 Mortality Rate) က (၇၂)ဦးဖြစ်ပါတယ်။

(ဏ) အိမ်ရာပိုင်ဆိုင်မှုဟာ(၈၆%)ရှိနေပြီဖြစ်ပါတယ်။ ဒါဟာထူးခြားချက်ပါ။


(တ) အိမ်ထောင်စုအားလုံး၏ (၃၂%)ဟာ အလင်းရောင်အတွက်လျှပ်စစ်မီးကိုသုံးကြပါသည်။




(ထ) အိမ်ထောင်စုအားလုံးရဲ့ (၇၀%)ဟာ သောက်သုံးရေသန့်ကိုရရှိအသုံးပြုကြသလို၊ (၇၄%)ဟာ သန့်ရှင်းသောယင်လုံအိမ်သာကိုအသုံးပြုနိုင်ကြပါတယ်။ (၅၀%)ဟာရုပ်မြင်သံကြားစက်ကိုအိမ်မှာ တပ်ဆင်ကြည့်ရှုနိုင်ပြီး (၃၃%)ဟာ လက်ကိုင်ဖုန်းဖုံးသုံးစွဲနိုင်ကြကြောင်းတွေ့ရပါတယ်။ အင်တာ နက်ကိုအိမ်မှာချိတ်ဆက်သုံးစွဲသူကတော့ (၆.၂%)သာရှိနေပါတယ်။

(ဒ) ကိုယ်ပိုင်ယာဉ်တမျိုးမျိုးပိုင်ဆိုင်သူ(စက်တပ်ယာဉ်တမျိုးမျိုး၊ ဆိုက်ကယ်အပါအဝင်) ဦးရေဟာ (၃.၁%)ရှိနေပါတယ်။