လွန်ခဲ့သော အနှစ် (၃၀) တိတိကတည်းက နှစ်ရှည်ကြာစွာအထင်ကရနေရာမှာရှိခဲ့တဲ့၊ နေရာယူနေဆဲ လည်းဖြစ်တဲ့ အိမ်ရာငွေရေးကြေးရေး ဆိုင်ရာ mortgage အဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ Fannie Mae နှင့် Freddie Mac တို့ဟာ အကြွေးဝယ်ယူခြင်း ဆိုင်ရာ ခရက်ဒစ်ဆုံးဖြတ်ချက်များ (အတည်ပြုချက် သို့မဟုတ် ငြင်းပယ်ခြင်း) နဲ့ ချေးငွေဈေးနှုန်း သတ်မှတ်ရာမှာနေရာယူခဲ့တဲ့ FICO လို့ခေါ်တဲ့ Fair Isaac Corporation ရဲ့အဆုံးအဖြတ်ကိုလက်ခံရယူကျင့်သုံးကြရပါတယ်။ Score လို့ခေါ်တဲ့ဂဏန်း (၃)လုံးပါ အညွှန်းကိန်းဟာ သက်ဆိုင်သူကာယကံရှင်ရဲ့ငွေရေးကြေးရေးအရအသုံးခိုင်မာမှု (တနည်း) ငွေရေးကြေးရေးစိတ်ချယုံကြည်နိုင်ဘွယ်ရှိမှုကိုပြညွှန်းချက်တခုအဖြစ်ရှိနေဆဲပါဘဲ။ အခရာလည်းအလွန်ကျ လှပါတယ်။
Federal Housing Finance Agency (အေဂျင်စီများ၏ ထိန်းသိမ်းစောင့်ရှောက်သူနှင့် ထိန်းညှိပေးသူ) ရဲ့ ဒါရိုက်တာ Bill Pulte က ခုပြီးခဲ့တဲ့ဇူလိုင်လ(၈)ရက်နေ့မှာ ကြေငြာချက်တခုထုတ်ပြန်ပြီး FICO တခု ထဲကဈေးကွက်ကိုလက်ဝါးကြီးအုပ်အဆုံးအဖြတ်ပေးမှုကိုအဆုံးသတ်တော့မှာဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။
အမေရိကပြည်ထောင်စုတလွှားအခြေချနေထိုင်ကြသူအားလုံးဟာ ဒီနောက်တိုးအညွှန်းကိန်းရဲ့အ ကြောင်းချင်းရာတွေကိုမသိလို့မဖြစ်တော့ဘူးဆိုတာကိုနားလည်ကြဘို့လိုလာတဲ့အတွက် ဒီဆောင်းပါး ရေးရတာပါ။
“X” လို့အမည်တွင်တဲ့ (ယခင် Twitter)မှာ လက်ရှိသမ္မတထရမ့်က လက်ရှိအကြွေးဝယ်စနစ်ညွှန်း ကိန်းယှဉ်ပြိုင်မှုဈေးကွက်မှာ စရိတ်လျှော့ကျစေရေးအစီအမံတခုလို့ ရုပ်လုံးဖေါ်ထားတယ်လို့ဆိုပါ တယ်။ ခုချိန်မှာ အဆင့်မြှင့်လုပ်ဆောင်မှုတွေကြောင့် VintageScore 4.0 အဆင့်မှာ ရောက်နေပြီလို့ ဆိုကြောင်းပါ။ အမှန်တော့ဒီယှဉ်ပြိုင်မှုအခြေရောက်အောင် (၂၀၁၈)ခုနှစ်ကတည်းကဇာတ်လမ်းစခဲ့ပါ တယ်။ ထိပ်သီးပါတီကြီးနှစ်ရပ်လုံးကသဘောတူပြဌာန်းတဲ့ “Credit Score Competition Act” ရဲ့ ရလာဒ်ပါလို့ဆိုပါရစေ။ Pulte ကဘယ်တော့စမလဲဆိုတဲ့ အချိန်ဇယားကို မဖော်ပြပေမဲ့လည်း VantageScore ကိုယ်စားလှယ်က webinar တစ်ခုမှာ "မကြာမီ"လို့ဟောကိန်းထုတ်ထားပါတယ်။ လုပ်နည်းလမ်းညွှန်ချက်အားလုံးကို တပြေးညီချောမွေ့စေရေးကိုတော့အချိန်ယူရမယ်လို့ ကျွမ်းကျင် သူအတွင်းသိတွေက ဖွင့်ဟဝန်ခံကြပါ တယ်။ မျှော်လင့်ချက်ကောင်းတခုကတော့ VantageScore ရဲ့ နည်းပညာကြောင့်ဈေးကွက်မှာ နောက် ထပ် mortgage အရေအတွက်ပေါင်း (၂.၇၀သန်း) ထပ် ဆောင်းဖေါ်ထုတ်ပေးနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ သူ့ရဲ့နည်းပညာပိုင်းဆိုင်ရာကွာခြားချက်မှာ FICO ကဖေါ်ပြနိုင်ခြင်းမရှိတဲ့ အိမ်ငှားရမ်းစရိတ်၊ လျှပ်စစ်၊ ဆက်သွယ်ရေးဆိုင်ရာအသုံးအဆောင် (utilities) စရိတ်များပါဝင်လာမှာမို့ စိတ်လှုပ်ရှားအား တက်မှုတွေရှိနေပါတယ်။
VantageScore ဟာ ဆေးဘက်ဆိုင်ရာကုသမှုစရိတ်စကအကြွေးတင်မှုကဲ့သို့ ကြိုတင်ခန့်မှန်းခြင်းမရှိ တဲ့ စရိတ်အချက်အလက်များကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်လို့ဆိုပါတယ်။
(unpaid and paid collections) ဆိုင်ရာစရိတ်စကအကြွေးများကို လျစ်လျူရှုလိမ့်မယ်လို့ Advantage Credit မှ ခရက်ဒစ်ပညာရေးဒါရိုက်တာ Mindy Leisure က ပြောကြားထားပါတယ်။
ထုတ်ဖော်ချက်အပြည့်အစုံ- “ကျွန်ုပ်၏ကုမ္ပဏီသည် အားသာချက်ခရက်ဒစ်ဖြင့် စီးပွားရေးလုပ်သည်” လို့ဆိုထားပါတယ်။
FICO နဲ့ VantageScore အမှတ်ပေးစနစ်နှစ်ခုစလုံးက အနိမ့်ဆုံး (၃၀၀) မှ အမြင့်ဆုံး (၈၅၀) အထိ ရှိကြောင်း” The Ulzheimer Group ၏ ဥက္ကဌ John Ulzheimer ကဆိုထားပါတယ်။
FICO နဲ့ VantageScore တို့၏အကြမ်းဖျဉ်းကွာခြားမှုများ
FICO (အချက်အလက်အမျိုးအစားငါးခု အားသာချက်ကိန်းဂဏန်းကို အသုံးပြု၍ တွက်ဆသည်။) | VantageScore (အချက်အလက်ငါးမျိုးမှရသော ကိန်းဂဏန်းတို့၏ပါဝင်မှုထက် လွှမ်းမိုးထိန်းချုတ် နေရာယူနိုင်မှု influence ကိုအခြေခံပါသည်။) |
- ငွေပေးချေမှုမှတ်တမ်း (၃၅%) - အကြွေးပမာဏ (၃၀%) - ခရက်ဒစ်မှတ်တမ်း၏ကာလသက်တမ်း (၁၅%) - ခရက်ဒစ်အကောင့်များရောနှောခြင်း (၁၀%) - ခရက်ဒစ်အကောင့်အသစ် (၁၀%) | - ငွေပေးချေမှုမှတ်တမ်း (အလွန်သြဇာလွှမ်းမိုးမှု) - စုစုပေါင်း ခရက်ဒစ်အသုံးပြုမှု (အလွန်သြဇာညောင်းသည်) - ခရက်ဒစ်ရောနှောနှင့် အတွေ့အကြုံ (အလွန်သြဇာညောင်း သည်) - အကောင့်အသစ်ဖွင့်လှစ်ခြင်း (အတော်အတန်သြဇာရှိသည်) - လက်ကျန်ငွေနှင့် ရနိုင်သောခရက်ဒစ် (သြဇာနည်းသည်) |
Fannie Mae နှင့် Freddie Mac တို့ဟာ အချင်းချင်းမတူညီတဲ့စံများရှိနေတာကြောင့် နှုန်းထားများနဲ့စံ သတ်မှတ်ချက်များကို ချိန်ညှိနှိုင်းရဖွယ်ရှိနေပါတယ်။ အဲ့ဒါကို ထိုလောကကြီးရဲ့ ဗန်းစကားဖြစ်တဲ့ “ချေးငွေအဆင့်ဈေးနှုန်းညှိနှိုင်းမှု” Loan Level Pricing Adjustment လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဘဲ တက္ကဆက်ပြည်နယ်ရှိတရားသူကြီးတစ်ဦးက “စားသုံးသူဘဏ္ဍာရေးကာ ကွယ်ရေးဗျူရို” (Consumer Financial Protection Bureau CFPB) ကိုဖယ်ရှားပေးဘို့ အမိန့်ချ မှတ်ခဲ့ပါတယ်။ ဒါကို အမေရိကန်ခရိုင်တရားရုံး တရားသူကြီး Sean Jordan က Fair Credit Reporting Act ကို ကိုးကားပြီး CFPB ဟာ Fair Credit Reporting Act အရ ဆေးဘက်ဆိုင်ရာ ကြွေးမြီများကို ခရက်ဒစ်အစီရင်ခံစာများ (credit reports) ကဖယ်ရှားခွင့်မပြုသင့်ဘူးလို့ ပြောကြား ခဲ့ပါတယ်။
VantageScore ပေါ်ပေါက်လာခြင်းအတွက်စောဒကတက်မှုများ
FICO ဟာတသီးတသန့်ထူထောင်ထားတဲ့ ကုမ္ပဏီအဖွဲ့အစည်းသာဖြစ်ပြီး VantageScore ကတော့ Experian, Equifax နဲ့ TransUnion ခရက်ဒစ်ဗျူရိုကြီး(၃)ခုစလုံးကပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် VantageScore ဟာဈေးကွက်ကိုသူတို့လိုရာဆွဲအသုံးပြုသလို၊ ဈေးကွက်ကိုရှုတ်ထွေး သွားစေနိုင်တဲ့ လက်ဝါးကြီးအုပ်မှုတွေရှိလာမယ်လို့ဆိုပါတယ်။ ရှိရင်စွဲ FICO က တည်ဆဲ ခရက်ဒစ် ဗျူရိုကြီး(၃)ခုလုံးကကိန်းဂဏန်းအချက်အလက်များကိုဆွဲယူအခြေခံတွက်တာမို့ သမာသမတ်ကျနိုင် ချေကောင်းပြီးသားလို့ဆိုကြပါတယ်။ National Consumer Law Center ရဲ့ ဒါရိုက်တာတဦးဖြစ်သူ Chi Chi Wu က USA Today အင်တာဗျူးမှာပြောထားတာပါ။ Federal Housing Finance Agency FHFA ရဲ့ “lender choice” ပေါ်လစီကိုမှားယွင်းတဲ့ကိန်းဂဏန်းပေါ်အခြေခံနိုင်တဲ့ မှားယွင်း(ချို့ယွင်း)တဲ့ စနစ် ပေါ်ပေါက်နိုင်တာနဲ့အမျှ ဆိုင်ရာအသုံးပြုမဲ့သူရဲ့ စီးပွားရေးလုပ်ဆောင်လိုအားကိုယိမ်းယိုင်ဘက် လိုက်စေနိုင်တယ်လို့ ဟောကိန်းထုတ်ပါတယ်။ ဆိုလိုတာက ကိုယ့်ထုတ်ကုန်တရပ်ကိုရောင်းချနိုင်ဘို့ အားနဲတဲ့စနစ်ပေါ်မှာအခြေခံနိုင်သလို၊ ငွေရေးကြေးရေးခိုင်မာတောင့်တင်းမှုမရှိသူကို အခွင့်အလမ်းပေး သလိုဖြစ်စေနိုင်ကြောင်းစောဒကတက်ထားပါတယ်။
ဒီစောဒကတွေကို FHFA, Fannie Mae နဲ့ Freddie Mac တို့က နှုတ်ဆိတ်နေကြပါတယ်။
Freddie Mac ရဲ့ဒီကနေ့နှုန်းထားတွေကိုလေ့လာကြည့်ရင် နှစ်(၃၀)အတွက် အတိုးနှုန်းထား (၆.၇၅% - ပြီးခဲ့တဲ့အပါတ်ထက် ၃% တိုးပြီး)၊ (၁၅)နှစ်အတွက် (၅.၉၂% - ပြီးခဲ့တဲ့အပါတ်ထက် ၆% တိုး)နေ ပါပြီ။ အိမ်ရာဝယ်ယူဘို့ငွေချေးငှားမှုဟာ (၁၀%) ကျဆင်းသွားတယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက် ဒေါ် လာ(၁၂)ထရိလီယံ လည်ပါတ်ငွေအမြဲရှိနေတဲ့ mortgageလောကကြီးကိုအကြီးအကျယ်ထိခိုက်စေ နိုင်မယ် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေမယ် လို့ဆိုသူတွေကလည်းဆိုကြပါတယ်။
Credit reports များရဲ့ဈေးနှုန်းထားအသစ်များ
VantageScore ရဲ့အကြီးအကဲကတော့ အစီရင်ခံစာနှုန်းထားအသစ်များနဲ့ပါတ်သက်ပြီး ထုတ်ဖေါ်ပြော ဘို့ငြင်းဆိုထားဆဲပါ။ ဒါဆိုရင် FICO ကကော? (၂၀၂၄)ခုနှစ်က ခရက်ဒစ်ဗျူရိုတခုစီကနေအစီရင်ခံစာ ဝယ်ယူရင် ($၃.၅) သာကုန်ကျပေမဲ့ခု(၂၀၂၅)ခုနှစ်မှာတော့ ($၃.၅) မို့ (၄၁%)ဈေးတက်သွားပါပြီ။ ဒီ ခရက်ဒစ်ဗျူရိုကြီး(၃)ခုလုံးကအစီရင်ခံစာလိုလေ့ရှိတာမို့၊ ဒီအစီရင်ခံစာတွေပေါ်အခြေခံတွက်ချက်ထား တဲ့ score report ဟာဈေးကြီးသွားပါတယ်။ ခုချိန် “Tri-merged report တခုဟာ ပေါက်ဈေး ($၉၄) လို့ဆိုပါတယ်။ တခါ ငွေချေးရယူရမဲ့ကုမ္ပဏီတိုင်းအတွက်အစီရင်ခံစာအသစ်တခုလိုတာမို့ နောက်ထပ် အသစ်တွေထပ်လျှှောက်ထားရယူဘို့လိုပါတယ်။ ဆိုလိုတာက ယခင်အစီရင်ခံစာကိုနောက် ကုမ္ပဏီ ကလက်ခံရယူခွင့်မရှိသလို၊ ရယူအသုံးပြုခြင်းမပြုပါဘူး။ အဲ့ဒီအတွက် VantageScore ကတော့ ယှဉ် ပြိုင်တဲ့ရမှတ်ပေးမှုရှိခြင်းဟာ ငွေချေးငှားသူကိုအသာစီရနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ခရက်ဒစ် တောင်းယူတိုင်းအတွက် ခရက်ဒစ်ရမှတ် score ကိုထိခိုက်စေနိုင်မဲ့(တနည်း)လွှဲပြောင်းသွား နိုင်မဲ့ ကိန်းဂဏန်းတွက်ချက်မှုတော့ရှိကောင်းရှိနိုင်တယ်ဆိုတာဂရုပြုရပါမယ်။ ကျရှုံးတဲ့ရမှတ်လို့ဆို နိုင်တဲ့ (“failing score”) ဟာ(၆၁၉) ဖြစ်ပြီး (၆၂၀)ရမှသာအောင်မှတ်သတ်မှတ်ထားတယ်ဆိုပါတယ်။
VantageScore 5.0 (၂၀၂၅ခုနှစ်)ထုတ်ပြန်ချက်သစ်
၂၀၂၅ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ VantageScore 5.0 ဟာ ခရက်ဒစ်တန်ဖိုးကို အကဲဖြတ်ဘို့ရည် ရွယ်ရင်းနဲ့ ၂၀၂၁-၂၀၂၃ နှစ်များပေါ်အခြေခံပြုတဲ့ ရည်ညွှန်းချက်အသစ်များနဲ့ စားသုံးသူချေးငွေဒေတာ ကို အသုံးပြုတယ်လို့ဆိုပါတယ်။ ဒီမော်ဒယ်သစ်ဟာ ခရက်ဒစ်တန်ဖိုးကို ခန့်မှန်းနိုင်ပုံကို ကောင်းစွာတိုး တက်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိ ခရက်ဒစ်အလေ့အထများနှင့် အတိတ်ပုံစံများကို နားလည် ရန်အတွက် တစ်ဦးချင်းစီအကောင့်များကို ခရက်ဒစ်ဒေတာလမ်းကြောင်းများနဲ့ ခန့်မှန်းချက်များကို (၂၄) လကြာစောင့်ကြည့်မှ မို့ပိုမိုအားကောင်းတဲ့ ဒေဟာစုဆောင်းမှုရရှိလိမ့်မယ်လို့ဟောကိန်းထုတ်ထား ပါတယ်။
အလားအလာများ
နောက်ထပ်ငွေချေးသူများဟာ ၎င်းတို့ရဲ့ VantageScore ရဲ့ရလဒ်အဖြစ် ပေါင်နှံခြင်းအတွက် အရည်အ ချင်းပြည့်မီနိုင်သော်လည်းဘဲ၊ ငွေချေးသူများဟာ အဆိုပါအကြွေးအဆင့်သတ်မှတ်ချက်များကို သတိ ကြီးစွာထားပြီး ချဉ်းကပ်ရန် ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
"VantageScore ဟာ ခိုင်မာနေသော်လည်း၊ ငွေကြေးအဖွဲ့အစည်းများသည် ဤငွေချေးသူများကို မြင့်မားသောအန္တရာယ်အဖြစ် ရှုမြင်ပြီး မြင့်မားသောအတိုးနှုန်းများကို ဖြည့်သွင်းခြင်းဖြင့် လျော်ကြေး ပေးနိုင်ချေရှိမယ်ဟောကိန်းထုတ်သူတွေလည်းရှိနေပါတယ်။ "ဒါကြောင့် ဒါဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ ခြေလှမ်းတစ်ခုဖြစ်နေပေမယ်လို့၊ သုံးစွဲခွင့်မြင့်မားတဲ့ ချေးငွေနှုန်းနဲ့ ကုန်ကျစရိတ်တစ်ခု အနေနဲ့ ရောက်လာနိုင်ပါတယ်။"လို့ဆိုသူတွေလည်းရှိနေပါတယ်။
ကိုယ်ပိုင်ပုဂ္ဂလိကငွေရေးကြေးရေးအဆင့်အတန်းဟာ အမေရိကားလိုနိုင်ငံမှာအသက်ရှင်ရပ်တည် ခွင့်ရှိနိုင်ရေးနဲ့ လူမှုဘဝလုံခြုံရေး (social security) အတွက်အခြေခံဒေါက်တိုင်မကြီးဖြစ်နေတာက တော့ အထင်အရှားပါဘဲ။ ပြောင်းလဲနေတဲ့နိုင်ငံရေးရေစီးကြောင်းအလှည့်အပြောင်းတွေဟာ ဒီအခြေခံ အုတ်မြစ်ကြီးတည်တံ့ခိုင်မာရေးကိုတိုက်စားဖျက်ဆီးနိုင်သလို ပိုမိုရှင်သန်အားကောင်းလာစေနိုင်ပါ တယ်။ မရေရာမှုပေါ်အခြေခံတဲ့ ထိန်းချုတ်မှုစီမံမှုလုပ်မရတာကတော့အသေအခြာပါ။ ခေတ်စနစ်တွေ ရဲ့ ရေချိန်အနိမ့်အမြင့်တွေဟာ ဒီအခြေခံအုတ်မြစ်ကြီးကို ပွန်းပဲ့ပျက်စီးမှုနည်းပါစေလို့ဘဲ ဆန္ဒအထူးပြုမိပါကြောင်း…။