Saturday, September 20, 2014

DUAL NATIONALITY … DUAL CITIZENSHIP

မကြာသေးသောကာလက Permanent Resident ခေါ် Green Card လက်ဝယ်ကိုင်ဆောင်သူ မိတ်ဆွေကြီး တစ်ဦးက အမေရိကန်နိုင်ငံသား citizenship ကိုလျှောက်ယူတော့မည့်အစီအစဉ်ကိုဖျက်သိမ်း စွန့်လွှတ်ဖို့ စဉ်းစားထားကြောင်းသူ့စိတ်ဆန္ဒကိုပြောပြလာသည်။ ထိုမိတ်ဆွေကြီးနည်းတူ၊ အခြားသူများက U.S. Citizenship ကိုလျှောက်ရန်နဂိုကတည်းကပင်အစီအစဉ်မရှိဘဲ Green Card နှင့်သာသက်တမ်းဆက်နေမည် ဖြစ်ကြောင်းပြောသံများကြားဘူးပါသည်။ အမေရိကတွင်နေထိုင်၍ဘ၀ကျင်လည်ကြရသော၊ မြန်မာပြည်ဖွား များအပါအ၀င်၊ ပြောင်းရွှေ့အခြေချနေထိုင် ကြသူအခြားနိုင်ငံသားတိုင်းကြုံတွေ့ရင်ဆိုင်ရသောအခက်အခဲ အကြပ်အတည်းများ၊ ယဉ်ကျေးမှုကွာဟချက်များ ကသူတို့ဘ၀ကိုချောက်လှန့်နေသည်မှာ ရှောင်လွှဲ၍မရသော ဓမ္မတာကြီးဖြစ်နေပါသည်။ ဤဘ၀စိမ်ခေါ်ချက်ကို အံတုကျော်လွှားနိုင်သူတနေ့တခြားနည်းပါးလာသည်မှာ မသိမသာရှိခဲ့သောဦးရေမှ သိသိသာသာကြီးများပြားလာသည်တွေ့နေကြရ ပြီဖြစ်သည်။ အသက်ကြီး အရွယ် ရောက်မှရောက်ရှိလာသူတိုင်း၊ အသက်ကြီးလေ၊ ရင်ဆိုင်ရသော ဘ၀စိမ်ခေါ်မှုကြီးမားလေဖြစ်သည်။ မြန်မာ နိုင်ငံတွင်အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေထိုင်ချိန်ရွှေထီးဆောင်းခဲ့ကြသူ တွေဆိုလျင် ပို၍ဆိုးသေးသည်။ အမေရိကသို့ပုံစံမျိုးစုံဖြင့်ရောက်လာကြသူတွေထဲတွင်၊ မိသားစုကခေါ်ယူ၍ ရောက်လာကြသူ   (family-based immigrants) များရှိကြသလို၊ ပြောင်းရွှေ့ခိုလှုံကြသူ refugee/asylee များ၊ ကျောင်းသား/သူဘ၀မှဘွဲ့ရပြီး ဖြစ်ဖြစ်၊ ကျောင်းနေစဉ်ဘ၀မှာဘဲဖြစ်ဖြစ် ကြံဖန်အသွင်ပြောင်းနိုင်ကြသူများ (change of immigrant status)၊ ရုပ်ပြလင်ခန်းမယားခန်းပြုလျက်သော်၎င်း၊ အမှန်တကယ်လက်ထပ် ထိမ်းမြား၍သော်၎င်း အသွင်ပြောင်းကြ သူများ၊ သဘောင်္သား၊ အလုပ်အကိုင်လျှောက်ထားရာ၊ ခနလာရောက် လည်ပါတ်ရာမှ ပြည်တော်မပြန်ဘဲ၊ ဘ၀အစဖျောက်ပြီး၊ အမည်သစ်၊ ပုံစံသစ်ဖြင့် ဘ၀သစ်စကြသူများအစုံ ပါသည် ကိုတွေ့ရသည်။
ဤနေရာတွင် Green Card ခေါ် Permanent Resident ကိုင်ဆောင်ဆဲနှင့်ကိုင်ဆောင်လတ္တံ့သောသူတို့သိစေ လိုသောအချက်အချို့အနည်းငယ်တင်ပြလိုပါသည်။ ထိုကတ်ကိုကိုင်ဆောင်ခွင့်ရရန်စတင်လျှောက်ထားစဉ် ကပင်၊ နောင်ကန့်သတ်ကာလ (၃) နှစ်မှ (၅) နှစ်အတွင်း အမေရိကန်နိုင်ငံသားcitizenship ဘ၀ကိုကြိမ်းသေ ပေါက်ဖြစ်လိုသောဆန္ဒအစစ်အမှန်တကယ်ရှိကြောင်း လက်မှတ်ရေးထိုးပြီးဖြစ်သည်ကိုနားလည်ကြဘို့လိုပါသည်။ သို့အတွက် Citizen ယူရန်ရည်ရွယ်ချက်မရှိလျင်၊ ယင်းကတ်ကိုရယူခြင်းသည်အကျိုးထက်အပြစ်ကို ဖြစ်စေ ပါသည်။ Green Card ကိုအမေရိကနိုင်ငံတွင်းဝင်ရောက်ခွင့်အဖြစ်သဘောထားခြင်းသည် မဟာအမှားကြီး တခုဖြစ်ပါသည်။ ယင်းကတ်သက်တမ်းမဆုံးစေရန်၊ နှစ်စဉ်လာရသောဒုက္ခ အပါအ၀င်၊ အမေရိကနိုင်ငံမှ sponsor လုပ်ရသူတို့အတွက်ပါဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါသည်။ ထိုကတ်ကိုင်ဆောင်သူသည်၊ တနေ့တွင် ဥပဒေအရ နိုင်ငံသား citizen အဖြစ်လျှောက်ထားရယူရမည်ဖြစ်သဖြင့်၊ အမေရိကနိုင်ငံအတွင်းအခြေချ နေထိုင်ရန်လိုအပ်ပါသည်။ အဆိုးဆုံးကား အမေရိကသို့အ၀င်အထွက်လေဆိပ်တိုင်းတွင်သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးဝန်ထမ်းကြီးငယ်တို့၏မေးမြန်းစစ်ဆေးခြင်းကိုရင်ဆိုင်ရ၊ လုပ်ဇာတ်ခင်းကြရသော ဒုက္ခကကြီးလှပေ သည်။ အမေရိကတွင်တစ်လနှစ်လလောက်နေပြီးမြန်မာနိုင်ငံပြန်ခြင်းက၊ ငွေကုန်လူပမ်း ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့်သက်ကြီးရွယ်အိုများအတွက်ဆိုဘွယ်မရှိ။ ကြီးစွာသောခရီးသွားလာရသော ဒုက္ခက စိတ်ရော လူကိုပါပင်ပမ်းစေသည်။ အမေရိကရှိကိုယ့်သားချင်းများကိုမြန်မာပြည်သို့ဖိတ်ခေါ်ခြင်းက ပို၍အဓိပ္ပါယ်ရှိမည် ဟုယူဆရပါသည်။ အမေရိကပြည်ထောင်စုအခြေခံဥပဒေကခွင့် ပြုပြဌာန်းထားသော မဲပေး/ခံပိုင်ခွင့်နှင့်မိမိ မိသားစုကိုအမေရိကသို့်ခေါ်ယူခွင့်ဟူသောအခွင့်ထူးကြီး(၂)ရပ်မှလွဲ၍၊ ကျန်နိုင်ငံသား အခွင့်အရေးအားလုံးကို   Green Card ကိုင်ဆောင်သူတိုင်းအား citizensများကဲ့သို့အပြည့်အ၀ ပေးပြီး ဖြစ်သည်။
Green Card ကိုင်ဆောင်ကြသူတိုင်းနားလည်ကြရန်မှာ၊ အမေရိကနိုင်ငံ၏ ဥပဒေများအားလုံးနှင့်တကွ ဆက်စပ်ရရှိသောခံစားခွင့်များအားလုံးအပေါ်လက်ခံအသိမှတ်ပြုပြီးဖြစ်ပါသည် ဟူသော allegiance ကို ယုံကြည်အပ်နှံပြီးဖြစ်သည်မို့၊ မိမိကိုယ်ကိုမိမိ “မျိုးချစ်မြန်မာ”ဘဲပြောပြော၊ “သစ္စာစောင့်သိသောမြန်မာ” လူမျိုးဟုဆိုဆို၊ အမေရိကနိုင်ငံသားတစိတ်တပိုင်းဖြစ်နေပြီဟုဆိုနိုင်ယုံမက၊ အမေရိကနိုင်ငံ၏ကျေးဇူးသစ္စာ ကိုစောင့်သိလိုက်နာသူတစ်ဦးဖြစ်နေပြီဆိုသည်ကိုနားလည်ကြဘို့လိုပါသည်။  citizen ဖြစ်ရန်ဆန္ဒအလျင်း မရှိကြသူတွေက Green Card လက်ဝယ်ကိုင်ဆောင်ခြင်းမှာ အဓိပ္ပါယ်မဲ့ယုံမက၊ ကို့ယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားနိုင်ပါသည်။ အဘယ်ကြောင်းဆိုသော်၊ မိမိကိုယ်တိုင်က ဘယ်သောအခါအမျှ၊ အမေရိကားတွင် ရိုးမြေကျနေရန်ဆန္ဒမရှိခဲ့သောကြောင့်ဖြစ်ပါသည်။ (အမေရိကားရောက်သားသမီးများအစစအဆင်ပြေပြီး၊ မြန်မာ့မြေတွင်ဆွေမျိုးမကျန်တော့သူမိအိုဖအိုများအတွက်မူရွေးစရာလမ်းမရှိပြီမို့၊ ကိုယ့်စိတ်နှလုံးဒုံးဒုံးချ နေကြသူတွေလည်းအများအပြားတွေ့ရသည်။ သူတို့အတွက်ဝမ်းနည်းရမည်လားဝမ်းသာရမည်လားဆိုသည် ကိုတော့ကာယကံရှင်များကိုယ်တိုင်သာသိနိုင်မည်ဖြစ်ပါသည်။)
စာရေးသူမှလေ့လာဆွေးနွေးမှုများစွာအပေါ်အခြေခံပြီးတင်ပြရသော်အမေရိကအပါအ၀င်နိုင်ငံရပ်ခြားတိုင်းတပါးတွင်စတင်ရောက်ရှိအခြေချနေထိုင်ပြီး၊ သင့်တင့်သောကာလအတွင်းတွင်ပင်၊ ထိုဒေသလူနေမှုစနစ်နှင့် ယဉ်ကျေးမှုကိုကြိုက်မကြိုက်ဆိုသည့်အဖြေကထွက်ပြီးဖြစ်သည်။ အမေရိကတွင်ရောက်ပြီးဤလူနေမှုစနစ်ကို မကြိုက်တော့ဘူးဟုဆိုလျင်၊ ထိုသို့ စိတ်ဝယ်ခံစားရသူတွေအနေဖြင့်၊ လုပ်ခွင်တွင်လည်းအဆင်မပြေမှု၊ လူမှု ဆက်ဆံရေးတွင်လည်းခက်ခဲမှု များဆက်တိုက်တခုပြီးတခုကြုံလာနိုင်သော အလားအလာမှာလွန်စွာကြိမ်းသေ လှပေသည်။ လူတောထဲတွင် လူ့ကန့်လန့်/လူ့ဂွစာဖြစ်မှန်းမသိဖြစ်လာပေသည်။ ကိုယ်ကမသိသော်လည်းကိုယ့် ပါတ်ဝန်းကျင်ကသိလာသည်။ ပေါင်းသင်းဆက်ဆံရေးကိုရှေ့တန်းတင်သော အမေရိကလိုနိုင်ငံမျိုးတွင်၊ ယင်း လူ့ဂွစာများ အနေမပျော်အစား မပျော်ဖြစ်လာသည်။ မိသားစုပြဿနာများရှိလာသည်။ ကိုယ့်သားသမီးကိုကိုယ် ပြောဆိုဆုံးမခွင့်ပင် နည်းလာသည်။ ထိုမှတဆင့် ဒီမိုကရေစီနိုင်ငံကြီးအတွင်းနေထိုင်ကျင်လည်ရင်း၊ တယူသန် အစွန်းရောက် လူမျိုးရေးဝါဒီတစ်ဦးဖြစ်မှန်းမသိဖြစ်လာသည်။ မြန်မာနိုင်ငံပြန်နေထိုင်ရန်ကလည်း၊ မျက်ချေ ပြတ်နေပြီဖြစ်သော မြန်မာ့လူမှုစီးပွားဘ၀က သက်ကြီးပိုင်းရောက်မှကိုယ့်ကိုပြန်ခြိမ်းခြောက်နိုင်မည့်ဒုက္ခကို တိတ်တခိုးတွေးပူ ကြောက်လာကြရသည်။ ကိုယ့်ကိုယ်ကို Green Card ကိုင်ဆောင်သူဘ၀နှင့် (၁၀)နှစ် တစ်ကြိမ်သက်တမ်းတိုးရ သောအဖြစ်မျိုးနှင့်ဆက်စခန်းသွားမည်လော။ ဒါလည်းမဖြစ်သေး။ ပို၍ဆိုးသည်ကား အမေရိကသို့ပြောင်းရွှေ့ အခြေချပြီးကတည်းက မြန်မာနိုင်ငံတွင်ကျန်ရစ်သူ ဆွေမျိုးသားချင်း၊ သူငယ်ချင်းအပေါင်း အသင်းများက မိမိကို မြန်မာနိုင်ငံသားဟူသောသတ်မှတ်ချက်ကြီးကိုရုတ်သိမ်းလိုက်ပြီဆိုသော တရားမ၀င်သော် လည်းတရားဝင်သောရာဇသံကချိမ်းချောက်နေပေပြီဆိုသည်ကို မြင်အောင်ကြည့်တတ်၊ လက်ခံတတ်ဖို့လိုပေပြီ။ မိမိတို့ကြွေးကြော် ထားသော “အမေရိကနိုင်ငံသာ citizenship ကိုမခံယူထားဘူးဟေ့” ဟူသောကြုံးဝါးချက်သည်၊ မိမိနေရင်း မြန်မာနိုင်ငံဆွေမျိုးပေါက်ဖေါ်များနှင့် (အထူးသဖြင်အစိုးရ) တွင် ဘာတခုမျှအရေးမပါယုံမက၊ အသိ အမှတ်ပင်ပြုမည်မဟုတ်ဆိုသည့်အချက်ကိုပင်။ ဤသည်ကား ငြင်း၍မရသောအဖြစ်တွေပင်။ အမေရိကနိုင်ငံ နှင့်စနစ်ကိုမကြိုက်နှစ်သက်ကြသူတို့၊ Green Card ကိုင်ပြီး၊ ခတ်တည်တည်နှင့်ဟန်ဆောင်ပြီး Citizen တော့မယူဘူးဟုကြွေးကြော်မည့်အစား စောစော စီးစီးတပ်ခေါက်ကြဘို့လိုပါသည်။ သူများကိုဟန်ဆောင် လိမ်ညာ ခြင်းထက်မိမိကိုယ်ကိုလိမ်ညာခြင်းကားပိုဆိုး၊ ပိုမိုခံစားရမည်မှာအမှန်ပင်။
အမေရိကပြည်ထောင်စုနိုင်ငံခြားရေးဌာနကြီး၏ website တွင် Dual Nationality နှင့်ပါတ်သက်၍ရှင်းလင်းချက် ကိုအခါအခွင့်သင့်သဖြင့်တင်ပြပါမည်။
အမေရိကန်အစိုးရအနေဖြင့် dual nationality ကိုအသိအမှတ်ပြုသလိုတားဆီးလိုသောပညတ်ချက်အလျင်းမရှိ ဆိုသည့်အချက်ကား၊ ကုလသမဂ္ဂပဋိညဉ်ပြဌာန်းချက်ကိုရုပ်လုံးဖေါ်ပေးထားရာရောက်ပေသည်။ ဤနေရာတွင် dual nationality နှင့် dual citizenship တို့၏ကွာဟချက်ကိုလည်းနားလည်ကြဘို့လိုပါသည်။ ဒေသတခုတွင် မွေးဖွားသူကိုထိုဒေသဖွားလူမျိုး (national) အဖြစ်လူတို့ပညတ်သဘောအရသတ်မှတ်ကြသည်ကို စောဒက တက်စရာမရှိပါ။ ပြဿနာကထိုဒေသဖွားနိုင်ငံသားကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်မှာထိုဒေသ၏ဥပဒေ အာဏာသက်ရောက်မှုအတိုင်းအတာနှင့်ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုမှုပေါ်တွင်မူတည်နေပါသည်။ အမေရိကကဲ့သို့ နိုင်ငံတွင်၊ အမေရိကန်နိုင်ငံတွင်းဖွားမြင်သူ (national) တစ်ဦးသည်၊ မွေးစာရင်းပြလိုက်ရုံဖြင့်၊ ထိုသူ၏ citizenship အဖြစ်အလိုအလျောက်ရပ်တည်ခွင့်ကိုဘယ်အာဏာပိုင်ကမျှလက်ဖျားနှင့်တို့၍ဖျက်မရတော့ပါ။ မြန်မာနိုင်ငံသားတို့အတွက်မူတမူထူးနေပါသည်။ မြန်မာပြည်မှာမွေးသောအထောက်အထားခိုင်လုံပါလျက် နှင့်မြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံယူရရှိနိုင်ရေးအတွက်အဆင့်ဆင့်သောဌာနများ၊ ငွေကြေးများကို အကုန်ကျခံကြရပါသည်။ တဖန်ထိုနိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယခင်မှတ်ပုံတင်လက်မှတ်ရှိသူ တို့သည်၊ အာဏာပိုင်တို့၏ငြိုငြင်မှုတို့ကြောင့်တရားမ၀င်သောလက်မှတ်ကတ်ပြားများအဖြစ် နေ့ချင်းညချင်း အသွင်ပြောင်းနိုင်ပါသည်။ ထိုသို့အသွင်ပြောင်းလျက်နိုင်ငံမဲ့ဘ၀သို့ရောက်မှန်းမသိရောက်ကြသူတွေ လက်ညှိုး ထိုးမလွဲ ဒုနှင့်ဒေးပင်။ မြန်မာနိုင်ငံတွင် မွေးဖွားသူတစ်ဦးကို မည်သည့်လူမျိုးတိုင်းရင်းသားပင်ဖြစ်ပါစေ၊ မြန်မာ နိုင်ငံသားဟုအသိမှတ်ပြုရန်မှာ နိုင်ငံ တကာ၏စံနှုန်းတခုဖြစ်သလို၊ ထိုအသိအမှတ်ပြုချက်သည် အလိုအလျောက် ခံစားခွင့် (automatic birth-right) တခုဖြစ်ပါသည်။ ထိုရရှိခံစားခွင့်ကိုလည်းမည်သူတစ်ဥိးတစ်ယောက် (သို့မဟုတ်) အာဏာပိုင်တစ်ဦးက ရုပ်သိမ်းခွင့်အလျင်းမရှိပေ။ အမေရိကန်အစိုးရအနေဖြင့်မြန်မာပြည်ဖွားမြန်မာတစ်ဦးက U.S Citizenship ကိုသတ်မှတ်သောအရည် အချင်းပြည့်သည်နှင့် လျှောက်ထားခွင့်ကိုဖွင့်ပေးရသည်။ ထိုအခါတွင် မြန်မာပြည်တွင်ဖွားပြီး၊ မြန်မာ မှတ်ပုံတင်ကိုကိုင်ဆောင်သော အနှီပုဂ္ဂိုလ်သည်၊ အမေရိကနိုင်ငံက ပြဌာန်းသောကျမ်းသစ္စာကိုကြိမ် လျက် အမေရိကန်နိုင်ငံသားအဖြစ်ရောက်ရှိသွားခွင့်အပြည့်ရှိပါသည်။ မြန်မာမှတ်ပုံတင်ကိုကိုင်ထား ခြင်းရှိမရှိကို၊ အမေရိကန်အခြေခံဥပဒေနှင့်အစိုးရက စိတ်ဝင်စားခြင်း အလျင်းမရှိပါ။ ထိုသူကို Naturalized Citizen အဖြစ်အသိအမှတ်ပြုလိုက်သည်နှင့်တပြိုင်နက်တည်း၊ ထိုသူသည်၊ အမေရိက နိုင်ငံဖွားအမေရိကန်နိုင်ငံသား (Naturally Born Citizen) နှင့်တန်းတူသော အခွင့်အရေးခံစားခွင့် ကိုတမဟုတ်ချင်းရရှိပြီးဖြစ်သွားသည်။ သို့သော်ငြားလည်း အမေရိကန်နိုင်ငံသားခံယူပြီးခါမှ၊ မြန်မာ နိုင်ငံသား (Myanmar Citizen) အဖြစ်ပြန်လည်လျှောက်ထားမည်ဆိုပါက၊ အမေရိကန်နိုင်ငံသား citizen ဖြစ်မှုကို၊ ပြန်ရုတ်သိမ်းခွင့်တင်ပြရန်လိုအပ်လာမည်ဖြစ်ပါသည်။ ဆိုလိုရင်းကား အခြားနိုင်ငံ သားအဖြစ်မွေးရာပါခံစားခွင့်အခွင့်အရေးကို အမေရိကန်နိုင်ငံဥပဒေများက၀င်ရောက်စွက်ဖက် ခြင်းမရှိသော်လည်း၊ အမေရိကန်နိုင်ငံသားခံယူပြီး (naturalized citizen) ဖြစ်ပြီးသူတစ်ဦးအနေဖြင့်၊ အခြားနိုင်ငံတခုခု၏သစ္စာကိုခံယူခွင့်မရှိတော့ပါ။ လက်ရှိမြန်မာနိုင်ငံအစိုးရနှင့်တည်ဆဲဥပဒေများကမူ မည်သို့ပင်မြန်မာနိုင်ငံဖွားဖြစ်စေကာမူ၊ အခြားနိုင်ငံတခုခု၏၊ နိုင်ငံသား (citizen) အဖြစ်အသိအမှတ် ပြုချိန်ကစပြီး (အလိုအလျောက်) မြန်မာလူမျိုးအဖြစ်မှပျက်ပျယ်သွားယုံသာမက၊ မြန်မာနိုင်ငံသား တည်းဟူသောရပ်တည်ခွင့်အလိုအလျောက်ဆုံးရှုံးသွားသည်မှာထင်ရှားလှပေသည်။
စာရေးသူတို့ကျင်လည်ရာဝန်းကျင်တွင်နေထိုင်ကြသောအခြားနိုင်ငံသားများအနေဖြင့်၊ မိမိနေရင်း ထိုနိုင်ငံတွင်မွေးဖွားသူဖြစ်ပါက၊ ထိုမိခင်နိုင်ငံသို့ အချိန်မရွေးသွားရောက်လည်ပါတ်နေထိုင်ခွင့် အပြည့်ရှိသည်။ ထိုအထဲတွင်ထိုင်းလူမျိုးများ၊ ဖိလစ်ပိုင်လူမျိုးများပင်ပါဝင်ပါသည်။ သွားရောက်လည် ပါတ်နေထိုင်ခွင့်ကာလကန့်သတ်ခြင်းလည်းအလျင်းမရှိချေ။ ယင်းအတွက်ဗီဇာလျှောက်ထားရန်ပင် မလိုပါ။  မြန်မာပြည်တွင်မွေးဖွား၍၊ မိမိသက်တမ်းထက်ဝက်ကျော်ပင်နေထိုင်ပြီးအမေရိကသို့ပြောင်းရွှေ့ နေထိုင်ကြသူမြန်မာတွေ၊ မြန်မာပြည်ပြန်ရန်ဗီဇာလျှောက်ထားရကြောင်းပြောပြသောအခါ၊ မယုံနိုင်ကြ သူတွေ၊ အံ့သြတကြီးဖြစ်ကြသူတွေကား အပြည့်ပင်။ ဗီဇာမလျှောက်ချင်လျင်မြန်မာပါတ်စ်ပို့သက်တမ်း တိုးပြီးနေပေါ့ဟုမျက်နှာလွှဲခဲပစ်ပြောရက်သော၊ တာဝန်ရှိသူအချို့၏ပြောစကားကိုမယုံနိုင်ဘွယ် ကြားရသည်။ မြန်မာနိုင်ငံဖွားမြန်မာလူမျိုး(national) တိုင်း မြန်မာနိုင်ငံသား (citizen)အဖြစ် ဖြစ် တည်ခွင့်အလိုအလျောက်ရှိသလို၊ ထိုရပ်တည်ပိုင်ခွင့်ကိုအမေရိကအစိုးရနှင့်ဥပဒေက ရုပ်သိမ်းခြင်း မရှိပါ။ သို့သော် အမေရိကနိုင်ငံသား citizen ခံယူပြီးသူမြန်မာနိုင်ငံသားမှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးလက်မှတ်ကတ် ကိုင်ဆောင်သူမြန်မာများကို မြန်မာနိုင်ငံသားများအဖြစ် အသိ အမှတ်ပြုရန်ဝန်လေးသော လက်ရှိမြန်မာအစိုးရနှင့်ပွင်းလင်းမြင်သာမှုကင်းသော တည်ဆဲနိုင်ငံသား ပြုမှုဖြစ်မှုဥပဒေများက အသိအမှတ်ပြုခြင်းမရှိကြောင်းတွေ့ရသည်မှာဝမ်းနည်းဘွယ်ကောင်းလှ ပေသည်။ အမေရိကပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီအခြေစိုင်မြန်မာနိုင်ငံသံရုံး website တွင်၊ မြန်မာနိုင်ငံ ကူးလက်မှတ် (Myanmar passport) ကိုင်ဆောင်ထားသူများကိုသာမဲဆန္ဒပေးရန်မဲစာရင်းပြုစုရာ တွင်စာရင်းပေးသွင်းနိုင်ကြောင်းဖိတ်ခေါ်ကြေငြာချက်ကိုတွေ့ရသည်။ သို့အတွက်အမေရိကရောက် အများစုမြန်မာများလက်ဝယ်တွင်မြန်မာနိုင်ငံကူးလက်မှတ်မရှိတော့ခြင်း ကြောင့်မြန်မာပြည်ဖွား မြန်မာများအနေဖြင့်မွေးရာပါအခွင့်အရေးကြီးတရပ်အလိုအလျောက်ဆုံးပါးသွားသည်ကိုတွေ့ရသည်။ ရင်နင့်ဘွယ်ကောင်းပေစွ။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံသားတိုင်းကိုင်ဆောင် ခွင့်ရ သော၊ (၃)ခေါက်ချိုး “အမျိုးသားမှတ်ပုံတင်များ” မှာ (၁၉၈၈) စစ်အစိုးရလက်ထက်တွင်၊ “နိုင်ငံသား စိစစ်ရေးကတ်ပြား” ဟူသော identification သက်သက်အတွက်သာအသုံးဝင်သောအဆင့်လွန်စွာ နိမ့်သည့် ကတ်ပြားများဖြင့်ခတ်တည်တည်အစားထိုးခြင်းဖြင့်၊ နိုင်ငံသား (citizenship) အဆင့်အတန်း ကိုနှိမ့်ချခြင်းခံလိုက်ကြပေရသည်။ ငွေပေးနိုင်လျင်ယင်းကတ်ပြားမျိုးရနိုင်သော ခေတ်အဆက်ဆက် အာဏာ အလွဲသုံးစားမှုများကြောင့် နိုင်ငံသားပြုမှုဖြစ်မှုများသည်လည်းလွယ်လွယ်ဖြစ်၊ လွယ်လွယ် ပျက်လျက်၊ တန်ဖိုးကင်းမဲ့သော (တနည်း) citizenship ကိုသက်သေထူနိုင်သောအမာခံသက်သေ အထောက် အထားမရှိသော ကာလကြီးတခုထဲသို့မြန်မာပြည်ဖွားမြန်မာများအရှင်လတ်လတ် ရောက် သွား ကြသည်မှာ၊ ရာစုထက်ဝက်ကျော်ခဲ့ပေပြီ။ တယူသန်လူမျိုးရေးဝါဒီစိတ်ကြီးစိုးခဲ့သောစစ်အစိုးရနှင့် နိုင်ငံရေး၊လူမျိုးရေးခေါင်းဆောင်အချို့တို့၏လူမျိုးကြီးဝါဒစိတ်ကြောင့် မြန်မာနိုင်ငံတွင်းလက်ရှိ ပေါ် ပေါက်ကြီးထွားလာသော လူမျိုးရေးအဓိကရုဏ်းများသည်လည်းနိုင်ငံရှင်သန်ထမြောက်ရေး ကိုကြီးစွာ အဟန့်အတားဖြစ်နေစေသည်မှာမငြင်းနိုင်ဘွယ်ပင်။ မြန်မာနိုင်ငံအနောက်ဖက်ခြမ်းတွင် နှစ်ပရိစ္ဆေဒ ကြာအခြေချနေထိုင်နေကြသော ရိုဟင်ဂျာလူမျိုးများ(၁)သန်းထက်မနည်းကိုလည်း အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ခြင်းကနိုင်ငံတကာကလက်ညှိုးထိုးစရာကိစ္စကြီးတခုဖြစ်မှန်းမသိဖြစ်နေပေပြီ။

Citizen ရယူရေး၊ မယူုရေး သည် Green Card ဘ၀မှစတင်သည်၊ ဆိုသောအချက်ကိုထောက်ရှုခြင်း အားဖြင့်၊ ဘ၀နေ၀င်ချိန်နီးလေဗျာများရလေဆိုသောအဖြစ်မျိုးမဆိုက်ကြရလေအောင်၊ စ,လုံးရေ စ, ကတည်းက ကိုယ့် ဖာသာဝေဖန်ဆန်းစစ်ပြီးစောစောစီးစီးဆုံးဖြတ်ကြဘို့လိုပါသည်။ ထိုနည်းတူ “မျိုးချစ်” ဘွဲ့ကိုဖက်တွယ်ချင်ကြသောမြန်မာနိုင်ငံသားအချို့၏အယူအဆမှားများဖြစ်သည့်၊ dual nationality/dual citizenship အဖြစ်မခံချင်စိတ်သည်၊ မိမိဘ၀ရပ်တည်ရေးအတွက် ထိပ်တန်းကိစ္စ ကြီးတခုမဟုတ်သလို၊ ဘယ်သူကမျှ (မြန်မာအစိုးရရော၊ အမေရိကန်အစိုးရကပါ) အလေးဂရုပြုသည့် ကိစ္စမဟုတ်ဆိုသည်ကိုနားလည်ကြဘို့လိုသည်။ ခဏတာမျှလာရောက်လည်ပါတ်သည်မှလွဲ၍၊ ပြောင်းရွှေ့အခြေချနေထိုင်ပြီဆိုကတည်းက၊ မြန်မာနိုင်ငံသည် foreign country တခုဖြစ်သွားသလို၊ မြန်မာပြည်တွင်ကျန်ရစ်သူတွေကလည်း၊ မိမိကို မြန်မာနိုင်ငံသားအဖြစ်မမြင်တော့ဆိုသော၊ လူ့သဘာဝဓမ္မတာကြီးကိုမြင်အောင်ရှုကြပါကုန်ဟူ၍။

Thursday, September 04, 2014

Open Letter to the U.S. Congress

This renewed proposal by the Congress has worded with the same old fashionable terms that prescribed before. The West and The U.S. should understand Myanmar has demonstrated outstandingly in drastic democratization process in today's modern world; especially in the eastern hemisphere. It is the genuine mission of the Government of Myanmar led by Thein Sein and will continue regardless of any support. We have witnessed series of nations (in or outside the region of Myanmar) that turn chaotic even in the plight of modernization of their nations growth. None can expect to meet the ultimate goal (we all desire) in few years. As a Myanmar (Burmese), I truly believe the current government has a greatest task on its shoulder to discharge the ultimate duty to meet the interest of all our nationals and minority ethnic groups.
The Proposal itself dictates the demands that are already working on by the Myanmar Government. Multilateral communications and coordination meetings are taking place with the high momentum at the national/regional levels; like never before. We acknowledge that there are much to be done. We fully understand mindset of personals at all different levels in Union and regional governments need to be changed accordingly. All our laws (including the Constitution) need to meet the international norms. The President's official website has launched the updates in series of Constitutional amendment efforts. Our people (including minority ethnic armed groups) and government are actively and aggressively looking for common grounds that will end the decades long armed insurgencies which occurred with the birth of the nation. And we are almost there! People lived with fears daily in the past. Look at the streets of urban and suburb and will find people's lives are getting eased with tensions.
The President Thein Sein has outlined his vision of "No U-turn" at his very first days of his office. Sanctions have proven to be unsuccessful in today's world history. Many nations failed due to this negligent act. Let's get to the reality that democratization cannot be overnight. Interruption of any kind of support is not the solution. "Pressure" has no room in maintaining the regional security.
We should strongly oppose this 'same set of orchestra' that will never produce benefit to any party involved.