Friday, May 25, 2018

အမေရိကရောက် H-1B, H-2B, F-1, F-2- J-1, J-2, M-1 နှင့် M-2 ကိုင်ဆောင်နေကြသော မြန်မာနိုင်ငံသားတို့အတွက် အထူးသတင်း



ပြီးခဲ့တဲ့ မေ(၁၁)ရက်က USCIS လို့ခေါ်တဲ့ လူဝင်မှုကြကြပ်ရေးဌာနကြီးက အထက်ဖေါ်ပြပါ ဗီဇာများကိုင် ဆောင်နေကြတဲ့အမေရိပြည်တ၀ှမ်းရောက်ရှိနေကြသူ၊ နိုင်ငံသားမဟုတ်သူ(Non-immigrants) တွေနဲ့ပါတ် သက်တဲ့ကြေငြာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ သဘောထားအချုပ်ကတော့လွန်ခဲ့တဲ့ (၂၀၁၀)အတွင်းက၊ အမေရိကတ၀ှမ်ရောက်ရှိနေကြသူ Non-immigrants တွေကို Homeland Security ဌာနအောက်မှာရှိတဲ့ USCIS နဲ့ Department of Justice တို့ကြားမှာ သဘောတူညီချက်ရှိပြီးသားပြဌာန်းချက်တွေကို တွန်းအားပေး ရုံမက၊ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းနဲ့ ထိထိရောက်ရောက်ကိုင်တွယ်အရေးယူဘို့ပါဘဲ။ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့အစိုးရအတက်ရောက်လာချိန်ကစပြီး၊ နိုင်ငံတကာမှဝင်ရောက်လာသူ တရားမ၀င်များကိုဖိနှိပ် ပိတ်ပင်ဘို့အထူးလုံးပန်းနေတာ အားလုံးသိကြားပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်။ ဒီကန့်သတ်ချုတ်ချယ်မှုတွေ ဟာအမှန်တော့နဂိုကတည်းကရှိပြီးသားပညတ်ချက်တွေဆိုပေမဲ့အစိုးရအဆက်ဆက်က၊ ထိထိရောက်ရောက် အာဏာကုန်သုံးအရေးယူတာမရှိခဲ့ပါဘူး။ ပညတ်ချက်တွေဟာ တရားမ၀င်ရောက်လာသူများသာမက၊ တရား ၀င်ရောက်လာပြီး၊ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာကြသူတွေကိုပါ အခုအခါထိထိရောက်ရောက် အရေးယူတော့မယ့်လက္ခဏာရှိနေပါပြီ။ ဒီအတွက် လက်ရှိသမ္မတကိုထောက်ခံပြီး၊ အမျိုးသားရေးဝါဒီများ၊ နိုင်ငံအတွင်း၊ တရားဝင်ရောတရားမ၀င်နည်းမျိုးစုံသုံးဝင်ရောက်လာပြီး၊ နိုင်ငံ့ဘဏ္ဍာကနေသူတို့အတွက်ကျခံ နေရတာတွေကိုမနှစ်မြို့နိုင်ကြသူတွေကမျက်စေ့မှိတ်ထောက်ခံကြတာကိုတွေ့ရပါတယ်။
ဘယ်သူတွေအကြုံးဝင်မလဲ
(က) H-1B (ပြည်ပ ပညာရှင်အလုပ်သမားများ) နဲ့
H-2B (စိုက်ပျိုးရေးပညာရှင်မဟုတ်သောပြည်ပအလုပ် သမားများ) ကိုင်ဆောင်ကြသူများ
(ခ) F-1 (တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း ကျောင်းသားများ),
F-2 (တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
J-1 (နှစ်နိုင်ငံသဘောတူညီချက်အရခေတ္တတာဝန်ထမ်းဆောင်သော ပါမောက္ခနှင့်ဆရာများ၊ ပညာရှင်များ၊ အလုပ်သင်များ) နှင့်
J-2 (အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ)
M-1 (သက်မွေးဝမ်းကျောင်း Vocational schools ကျောင်းသားများ) နှင့်
M-2 (သက်မွေးဝမ်းကျောင်း Vocational schools ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
အရေးယူဆောင်ရွက်မည့်အစီအစဉ်
(က) H-1Bနှင့် H-2Bအစီအစဉ်နဲ့ လက်ရှိအမေရိကနိုင်ငံတွင်းရောက်ရှိကြတဲ့သူတွေဟာ၊ ၊ အမေရိကနိုင်ငံ အတွင်း၊ ရာထူးလိုအပ်ချက်အရပညာရှင်ရှာဖွေမတွေ့နိုင်တော့ဘူးဆိုတဲ့ခွင့်ပြုချက်ကို အမေရိကအစိုးရအလုပ် သမား ဌာနကြီးရဲ့ စိစစ်ချက်အရသာခန့်ထားခံကြရသူယာယီဝန်ထမ်းများသာဖြစ်တာမို့၊ ကန့်သတ်ကာလကုန် ရင် အမိမြေကိုပြန်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရောက်ရှိနေကြသူအတော်များများဟာ၊ လူဝင်မှုကြပ်ရေးစည်း မျဉ်းများနဲ့တရားဝင်ဘဲဖြစ်ဖြစ်၊ တရားမ၀င်ဘဲဖြစ်ဖြစ်၊ ဆက်လက်နေခွင့်ရဘို့၊ သက်တမ်းတိုးဘို့ နဲ့ နောက်ဆုံး အမြဲ နေထိုင်ခွင့် (Immigrant visa) ရဘို့ကြိုးစားကြတာတွေအများကြီးပါ။ လက်ရှိသမ္မတအာဏာရချိန်ကစပြီး၊ ဒီကိစ္စတွေကိုစစ်ဆေးတဲ့အခါမှာ၊ စည်းမျဉ်းအရ အမေရိကနိုင်ငံသားပညာရှင်များကိုကျော်လွန်ပြီး၊ တပါးနိုင်ငံ သားတွေကိုခေါ်ယူလစာပေးခန့်တဲ့အတွက်၊ အရေးယူခံရတဲ့ လုပ်ငန်းရှင်ကုမ္ပဏီပေါင်းဒါဇင်များစွာရှိနေပြီလို့ ဆိုပါတယ်။ Discrimination လူတန်းစားခွဲခြားမှု ဆိုတဲ့ပြစ်ချက်နဲ့အရေးယူတယ်လို့ဆိုပါတယ်။ သေခြာတာက တော့ ပြည်ပပညာရှင် များကိုခန့်ထားခြင်းနည်းနဲ့ လုပ်ငန်းရှင်များဟာ သူတို့ကိုပေးရတဲ့စရိတ်ချိုးခြံနိုင်တဲ့အပြင်၊ ပြည်ပနိုင်ငံသားဖြစ်ကြတာမို့၊ ဆင်ခြေပြဿနာအလွန်နည်းတယ်ဆိုတဲ့အားသာချက်က၊ အမေရိကလုပ်ငန်းရှင် တွေ အတွက်မက်လောက်စရာ အကြောင်းချင်းရာတွေပါ။ သမ္မတထရမ့်ရဲ့ “Buy American Hire American” သမ္မတအမိန့်စာဟာ အမေရိကနိုင်ငံသားများကိုသာအလုပ်ဈေးကွက် (Labor Market) မှာတွင်ကျယ်စေရေး ဟာ ဘယ်ကိုဦး တည်မယ်ဆိုတာမသိနိုင်သေးပေမဲ့၊ ရွှေ့ပြောင်းအခြေချလိုသူ (Immigrant) ၀ါဒကိုပြောင် ပြောင်တင်းတင်း ဆန့်ကျင်တယ်ဆိုတဲ့အတွင်းသရုပ်ကိုထင်ထင်ရှားရှားပြနေပါတယ်။
ဒီဗီဇာအမျိုးစားကိုင်ဆောင်ကြသူတွေဥပဒေချိုးဖေါက်မှုဖြစ်ခဲ့ရင်၊ သက်ဆိုင်ရာကိုတိုင်ကြားနိုင်ဘို့ အင်တာနက် မှာအတိအကျလွှင့်တင်ထားပြီမို့၊ နိုင်ငံသားမည်သူမဆိုအချိန်မရွေးတိုင်ကြားနိုင်ပြီဆိုတာ အသိပေးလိုက်ပါ တယ်။
(ခ) ထိုနည်းတူစွာဘဲ F-1, F-2- J-1, J-2, M-1 နှင့် M-2 ကိုင်ဆောင်နေကြသူ (ကျောင်းသူကျောင်းသားနဲ့ မိသားစုဝင်များ) တွေကိုလည်း၊ ပြည်သူ့ဘ၀လုံခြုံမှုကိုကာကွယ်ခြင်းအလို့ငှာဆိုတဲ့ပညတ်ချက်အရ၊ ကန့်သတ် ကာလကျော်လွန်နေထိုင်ကြောင်းတွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ကြေငြာလိုက်ပါပြီ။  အရေး ယူဆောင်ရွက်မှုတွေ ကို ယခုနှစ် (၂၀၁၈) သြဂုတ်(၉)ရက်နေ့ကစတင်မယ်လို့ပြောပါတယ်။  နေထိုင်ကျောင်း တက်ခွင့်သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း(၁၈၀)အတွင်းမှာကိုယ်နေရင်းနိုင်ငံကိုမပြန်ကြသူတွေကို၊ ဖမ်းဆီးခြင်း၊ နောင်ဗီဇာထုတ်ပေးခြင်းကို(၃)နှစ်မှ(၁၀)အတွင်းမစဉ်စားတော့ခြင်းစတဲ့ပြင်းထန်တဲ့အရေးယူမှုတွေလုပ်တဲ့အ ပြင်ရာသက်ပန်ဗီဇာပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒီအရေးယူမဲ့အစီအစဉ်ဆင့်ဆင့်ကို လက်ရှိမှာလူထုထံမှာ အကြံညဏ်များတောင်းဆိုနေတယ်လို့ဆိုပါတယ်။ ဒီဗီဇာကိုင်ဆောင်ကြသူတွေအနေနဲ့ ဥပဒေချိုးဖေါက်မှုတွေ လုပ်ခဲ့ရင်လည်း၊ နိုင်ငံသားမည်သူမဆိုတိုင်ကြားနိုင်ဘို့ အင်တာနက်မှာအတိအကျ လွှင့်တင်ထားပြီးတာကို တွေ့နိုင်ပါတယ်။
ဒီလိုတိုင်ကြားမှုတွေပြုလုပ်ကြရာမှာ ထူးခြားချက်တခုကတော့ တိုင်ကြားခံရမဲ့သူနဲ့ပါတ်သက်ပြီး၊ ဖေါက်ဖျက် ကျူးလွန်တယ်လို့ယူဆရတဲ့အခြေခံအချက်အလက်တွေကိုသာ တင်ပြသွားယုံနဲ့ အရေးယူဆောင်ရွက်ချက်တွေ ပေါ်ပေါက်လာနိုင်စရာရှိနေပါပြီ။
ဥပဒေချိုးဖေါက်နိုင်မှုအခြေအနေများ
Benefit/Marriage Fraud
Bulk Cash Smuggling/Financial Crimes
Child Exploitation/Pornography
Cyber Crimes
Employment/Exploitation of Unlawful Workers
F/M Student Violations, Including OPT
Fugitive Criminal Alien
Gang Related
Human Rights Violators
Human Smuggling
Human Trafficking (Forced Labor/Slavery)
Immigration Telefraud
Intellectual Property Rights
Narcotics Smuggling
Terrorism Related
Trade Exportation Violation
Trade Importation Violation
Weapons Smuggling
Other
အထက်ဖေါ်ပြတဲ့ ပြဌာန်းချက်တခုခုကို ကျူးလွန်သူသာမက၊ အားပေးအားမြှောက်ပြုသူ၊ တိုင်ကြားရန် ပျက် ကွက်သူတွေကိုပါလွှမ်းခြုံအရေးယူခြင်းတွေဖြစ်လာနိုင်တာမို့၊ ခပ်ပေါ့ပေါ့ လုပ်စားမယ်ဆိုတဲ့သူများတွေ၊ သတိ ပြုဘရိတ်အုတ်ကြဘို့လိုပါပြီ။ အခွင့်အရေးရပေါက်ရလမ်း လောဘဇောနဲ့ မိမိအကျိုးတခုကိုကြည့်ကြသူတွေ အမြင်မှန်ထားရမဲ့အချိန်ရောက်ပါပြီ။ ထိုနည်းတူစွာဘဲ မဟုတ်ဘဲလည်ဆည်လုပ်ကြံပြီး၊ သူတပါးအကျိုး ပျက်စီး ရာပျက်စီးကြောင်းကိုရှောင်ရှားကြဘို့လိုပါတယ်။
ကျွန်တော်တို့မြန်မာအသိုင်းအ၀ိုင်းဟာ မနာလိုမုန်းတီးမှု၊ မကြေနပ်မှုပေါ်တိုင်းမှာဥပဒေလမ်းကြောင်းကို နည်မျိုး စုံရယူပြီး၊ တဖက်သားဘ၀တိုးတက်မှုကို ပျက်စီးရာပျက်စီးကြောင်းလုပ်တတ်ကြတဲ့အထုံဝါသနာ အလွန်ကြီးပါ တယ်။
မိသားစုစိတ်ဓါတ်နဲ့ဥပဒေလမ်းကြောင်းပေါ် စိတ်ချမ်းမြေ့စွာနေနိုင်တဲ့ ပြည်ပရောက်မြန်မာလူ့အသိုက်အမြုံများ အခိုင်အမာပေါ်ပေါက်လာရေးသို့ ဦးတည်လျက်။                 

Monday, April 30, 2018

Credit ကို “အကြွေး” ဟုဆိုကြသူတွေ



ပြီးခဲ့တဲ့ရက်များအတွင်းက လူမှုကွန်ယက်တွေမှာပြန့်နှံ့ခဲ့တဲ့ အမေရိကနိုင်ငံရောက်အခြေချနေထိုင်တဲ့ လူငယ် နှစ်ဦးရဲ့စကားပြောခန်းဗီဒီယိုဖိုင်တခုကိုအမှတ်မထင်ကြည့်ရှုမိခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ဆွေးနွေးချက်ကိုအတိုချုပ် ပြောရရင်တော့ အမေရိကမှာပြောင်းရွှေ့အခြေချနေထိုင်ကြရတဲ့ဘ၀ဟာ အလွန်းကြမ်းတမ်းကြောင်းဆိုတဲ့အ ချက်ပါဘဲ။ ဒါဟာငြင်းစရာမလိုတဲ့အချက်ဆိုတာကို စာဖတ်ပရိတ်နားလည်ထားပြီးသားပါ။ ဒီဗီဒီယိုဖိုင်ဟာရုတ် တရက်ကြည့်ရင်ဟုတ်တာတွေပြောနေတာဘဲလို့ယေဘူယျထင်စရာရှိစေမဲ့ စိုးရိမ်စရာ/အထင်လွဲစရာ သတင်း မှားဖြစ်နေတာမို့၊ မောင်မိုးညိုအနေနဲ့စိုးရိမ်မိရာက ဒီဆောင်းပါးရေးဖြစ်တာပါ။ သူတို့လေးတွေရဲ့ဆွေးနွေးချက် အကြောင်းရင်းခံကတော့၊ ဘာလုပ်လုပ်၊ ဘာဝယ်ဝယ်ဝယ်၊ ဘာသုံးသုံးအကြွေးတွေချည့်ပါဘဲဆိုပြီးငြီးတွားရင်း၊ “အကြွေး”စနစ်ကိုအပြစ်ပုံချကြတဲ့အကြောင်းပါ။ အထူးသဖြင့် ဗီဒီယိုပါဆယ်ကျော် သက်ရွယ်လူငယ်တွေဖြစ်နေ တာမို့၊ ပြောင်းရွှေ့အခြေချသူမြန်မာလူငယ်တွေကြားမှာ၊ မှားယွင်းတဲ့အယူအဆ၊ ထိုးဖေါက်ဝင်ရောက် နေရာ ယူနေပြီဆိုတဲ့လက္ခဏာတွေ ၀မ်းနည်းဖွယ်တွေ့နေရပါတယ်။
အဲ့ဒီအပြန်အလှန်ပြောဆိုကြတဲ့စကားဝိုင်းမှာ “အကြွေး”ဆိုတဲ့ဝေါဟာရကိုအလေးထားပြောသွားတာ ကိုတွေ့ ရပါတယ်။ အမေရိကနိုင်ငံအပါအ၀င် တိုးတက်တဲ့နိုင်ငံကြီးငယ်မဟူမှာ credit ဆိုတဲ့ စနစ်ကိုစတင် အသုံးပြုခဲ့၊ ပြုနေကြတာနှစ်ပရိစ္ဆေဒအတော်ကြာပါပြီ။ သမိုင်းနဲ့ချီပြောရရင်ပထမနဲ့ဒုတိယကမ္ဘာစစ်ကာလထဲက ဒီအယူ အဆသစ် စတင်ပေါ်ထွန်းခဲ့ခြင်းပါ။ စီးပွားပျက်ကပ်တွေကြောင့်လူ့ဘ၀ကနေနေ့ချင်းညချင်းဒုက္ခအတိရောက်ကြ သူတွေသိန်းသန်းနဲ့ချီတဲ့အဖြစ်တွေကိုကာကွယ်နိုင်မဲ့အစီအမံတွေကိုကြံစည်တီထွင်ရာကနေ၊ လူတိုင်းကြုံတွေ့ရ နိုင်ချေများတဲ့ ငွေရေးကြေးရေးပျက်ပြုန်းမှု (financial crisis/bankruptcy) ကိုမျှဝေခုခံနိုင်မဲ့ (spreading of risk burden) အာမခံစနစ် (insurance) ပေါ်ပေါက်လာခြင်းပါဘဲ။ အဲ့ဒီနောက်ဆက်တွဲမှာဘဲ ထုတ်ကုန်ပစ္စည်း ရဲ့ ၀ယ်လိုအား (buying power) ကိုမြှင့်တင်ပေးနိုင်မဲ့ ငွေကြေးကြိုတင်သုံးစွဲခွင့် (loaning) ကိုဘဏ်တွေက စတင်ပြီး၊ ဈေးကွက်တွေမှာအသုံးပြုလာကြပါတယ်။ ဘဏ်များရဲ့ရပ်တည်နိုင်ရေးနဲ့တည်ငြိမ်ရေးအသက်သွေး ကြောဟာ ငွေလည်ပါတ်မှု (everlasting cash flow)ပါ။ ဒီအတွက်ကိုယ့်ဘဏ်ရဲ့ငွေကိုကိုယ်စိတ်ချရသူတွေက၊ သုံးချင်လာအောင်စည်းရုံးဆွဲဆောင်ကြရပါတယ်။ အဲ့ဒီအတွက် “မိမိစိတ်ချရမဲ့” စားသုံးသူ (တနည်း)မိမိငွေကို သုံးစွဲမဲ့သူကသုံးချင်လာအောင်မက်လုံးအမျိုးမျိုးတီထွင်ပေးလာကြရပါတယ်။ “မိမိစိတ်ချရမဲ့” စားသုံးသူ လို့ဆို တဲ့အတွက်ကြောင့် အဲ့ဒီငွေကိုပုံမှန်သုံးပြီး၊ ပုံမှန်ပြန်ဆပ်နိုင်မဲ့သူတွေများများပေါ်ပေါက်လာရေးဟာ၊ ဘဏ်များ အတွက် နောက်တဆင့်လိုအပ်တဲ့အခရာကျတဲ့အချက်ပါ။ ဒီကနေ့မှာ ပွိုင့်စနစ်နဲ့ငွေကြေး cash reward စနစ်၊ traveling point စနစ်စသဖြင့်ပေါ်ပေါက်လာတဲ့ credit cards တွေကိုတွေ့မြင်နိုင်ကြမှာပါ။
ဆိုခဲ့တဲ့ ဘဏ်များရဲ့သက်ဇိုးရှည်ရေးကိစ္စမှာ“မိမိစိတ်ချရမဲ့” စားသုံးသူ ရရှိလာရေး၊ ပေါများလာရေးအတွက်၊ တိုးတက်တဲ့နိုင်ငံကြီးတွေမှာ credit rating (score) system ကိုစတင်အသုံးခဲ့ကြတာဟာ၊ ခုဆိုရင် လူတိုင်း ဘ၀ရှင်သန်ရပ်တည်ရေးအတွက်အရေးပါတဲ့အစိတ်အပိုင်းတခုဖြစ်မှန်းမသိဖြစ်နေပါပြီ။
ဒီနေရာမှာ Credit ဆိုတဲ့ဝေါဟာရကို “အကြွေး” လို့ဘယ်သူကဘယ်တုံးကတီထွင်လိုက်တယ်ဆိုတာအစရှာ မရဖြစ်နေပါတယ်။ ပိုဆိုးတာက “အကြွေး”ဆိုတဲ့ဝေါဟာရဟာ မြန်မာ့လူမှုဆက်ဆံရေးနဲ့စီးပွားရေးနယ်ပါယ်မှာ “အကျဉ်ခံ”ဝေါဟာရအနေနဲ့ရှိခဲ့တဲ့ဓလေ့ဟာအရိုးစွဲနေပါတယ်။ “အကြွေး”ရှိသူတွေလူရာမ၀င်ဖြစ်ပြီး၊ အကူ အညီပေးချင်ကြသူတွေလက်တွန့်တဲ့အနေအထားပါ။ ညီအစ်ကိုမောင်နှမအရင်းအခြာဆွေမျိုးသားချင်းတွေ တောင် “အကြွေး”ရှိသူဆိုရင်မေးငေါ့ခံကြရယုံမက၊ လူရာအသွင်းမခံရပါဘူး။
“အကြွေး” နဲ့ အမေရိကလူမှုစီးပွားဘ၀မှာမရှိမဖြစ်ရှိနေဘို့လိုတဲ့ credit လောကကြီးနဲ့ ထိပ်တိုက်တွေ့ကြတာ ကြာပါပြီ။ နီးစပ်ရာအချင်းချင်းလက်တို့ပြီး၊ “အကြွေး”မထားကြဘို့၊ “အကြွေး”မ၀ယ်ဘို့၊ တန်ရာတန်ဘိုးကိုအပြီး ပေးဝယ်ဘို့စတဲ့ စကားတွေပလူပျံနေတာမတားနိုင်မဆီးနိုင်အောင်ပါဘဲ။ “အကြွေး”မ၀ယ်ဘဲ ငွေအပြည့်ပေးချေ ၀ယ်ယူရတာကို ဂုဏ်ယူဝင့်ကြွားကြသူတွေကိုလည်းမြင်ဘူးပါတယ်။ Credit card သုံးတာကိုရှုတ်ချကြသူတွေ လဲဒုနဲ့ဒေးပါ။
ဒါတွေအားလုံးဟာကြီးမားလွန်းတဲ့ မှားယွင်းတဲ့အယူအဆကြီးတခုဖြစ်ယုံမက တဖက်သားရဲ့အနာဂါတ်ဘ၀ ကိုရိုက်ချိုးဖျက်ဆီးရာရောက်တယ်ဆိုတဲ့အချက်ကို၊ တိုက်တွန်းပြောဆိုကြသူတွေမသိကြလေရော့သလားလို့ စိုးရိမ် စိတ်ဝင်မိပါတယ်။ Credit ဟာ “အကြွေး” မဟုတ်ပါဘူး။ Credit ဟာ သက်ဆိုင်သူ (ရယူသုံးစွဲသူ) အတွက် ခံစားရတဲ့ အသိအမှတ်ပြုခံနံမယ်ကောင်းတခုလို့ဆိုရရင်ပိုပြီးမှန်လိမ့်မယ်လို့ယူဆပါတယ်။ ငွေကြို တင်သုံး စွဲခွင့်ပြုသူ(Debtor/borrower) ဘဏ် (lender/creditor/bank)၊ လုပ်ငန်း(သို့မဟုတ်)ကုန်ပစ္စည်း (သို့မဟုတ်) ငွေကြေးသတ်မှတ်ချက်တခုခုတို့ပါဝယ်တဲ့ (၃)ဦး(၃)ဖလှယ်အ၀န်းအ၀ိုက်ကြားမှာ(ဥပဒေအရ) ထားရှိတဲ့ “ယုံကြည်အပ်နှံမှု” (Trust) ပါ။ အဲ့ဒီ trust မှာပါဝင်ပြီး၊ တာဝန်ကြေအချိန်မှန်ငွေပြန်လည်ပေးသွင်း ခြင်းနည်းနဲ့ ရယူသုံးစွဲသူဟာငွေချေးငှားသူမဟုတ်တော့ဘဲ၊ credit ရရှိသူဖြစ်သွားပါတယ်။ Good Credit ရှိသူတွေမျက်နှာ ရှိကြပါတယ်။ ဘဏ်တွေဝိုင်းဝိုင်းလည်ခြင်းခံကြရပါတယ်။ ဒီcredit ကောင်းမကောင်းကို စဉ်ဆက်မပြတ်စိစစ်နေ တဲ့အဖွဲ့အစည်းတွေရှိပြီး၊ ဒီအဖွဲ့တွေရဲ့ credit rating ဟာ တိုးတက်တဲ့နိုင်ငံကြီး တွေမှာနေထိုင်ကြသူ ဆင်းရဲချမ်း သာမရွေးတို့အတွက် အရေးပါအရာရောက်လှတဲ့ လူ့ဘ၀အစိတ်အပိုင်း တွေဖြစ်နေပါတယ်။ တမဟုတ်ခြင်းရတဲ့ အကျိုးကျေးဇူးတွေ -
(က) လူ့ဘ၀ရဲ့အိပ်မက်ဖြစ်တဲ့၊ အိမ်/ခြံ၊ ကားဝယ်ယူရာမှာ ဘဏ်ငွေချေးရာတွင်လွယ်ကူခြင်း။
(ခ) အတိုးနှုန်းသက်သာခြင်း၊
(ဂ) မိမိနှင့်တကွမိမိသားသမီးများရဲ့ အဆင့်မြင့်ပညာရေးအတွက်ပညာသင်ကြားစရိတ်လျှောက်ထားရာတွင် နှင့်ဘဏ်ငွေချေးရာတွင်လည်းရရှိနိုင်မည်ူ့အခွင့် အလမ်းကောင်းခြင်း၊
(ဃ) အိမ်ငှားရမ်းရာတွင်ကောင်းစွာအထောက်အကူပြုခြင်း၊
(င) မိမိလိုအပ်မည့် Credit card အမျိုးစားအမျိုးမျိုးတို့ကိုစိတ်ကြိုက်ထားရှိသုံးစွဲခွင့်ရှိခြင်း၊ ယင်း ကတ်များက ပေးလာမည့်နောက်ဆက်တွဲအကျိုးထူးများဖြစ်သော reward နှင့်အကျိုးအမြတ် ပွိုင့်များခံစားရရှိနိုင်ခြင်း၊
(စ) ကုန်ပစ္စည်း(သို့မဟုတ်) စီးပွားရေးလုပ်ငန်းများဖွင့်လှစ်ရာတွင်၎င်း၊ တိုးချဲ့ရာတွင်၎င်း၊ မိမိလိုလားချက်ကို တိုးတက်တောင်းဆိုခြင်း၊ ယှဉ်ပြိုင်အရေးဆိုခွင့်ရှိခြင်း၊
(ဆ) cell phones၊ Utilities ကဲ့သို့သော services များရရှိရန်လွယ်ကူခြင်း၊
Credit ဟူသောအရာသည် “အကြွေး” ဆိုသည့်မှားယွင်းသောအယူအဆကိုမိမိကိုယ်တိုင်လည်းခ၀ါချပြီး၊  သူ တပါးကိုအလွယ်တကူလမ်းမှားသို့တွန်းပိုခြင်းများရပ်တန်းကရပ်ကြ၍၊ Credit ကိုကောင်းနိုင်သမျှ ကောင်းအောင် ထိန်းသိမ်းနိုင်သော ပြည်ပရောက်မြန်မာမိသားစုများပေါ်ထွန်းလာရေးသို့။