Friday, April 21, 2023

ဘဏ်စုဆောင်းငွေထားကြသည် ဟုဆိုကြရာဝယ်

ပြီးခဲ့တဲ့မတ်လတွေအတွင်းက ကာလီဖိုးနီးယားအခြေစိုက် (Silicon Valley Bank) နဲ့ နယူးယောက် အခြေစိုက် Signature Bank ကြီး(၂)ခုရဲ့နေ့မြင်ညပျောက် ပြိုကွဲသွားမှုဟာ ဘဏ်စုငွေရှိကြသူတိုင်း ရဲ့စိုးရိမ်ပူပမ်မှုကိုကြီးထွားစေခဲ့ပါတယ်။ ရက်ပိုင်းသာခြားပြီးဖြစ်ခဲ့ကြတဲ့အဖြစ်ဟာ (၂၀၀၇)လောက်က ဖြစ်ပွားခဲ့တဲ့သန်းထောင်ချီပြိုပျက်ခဲ့တာကိုမှတ်မိလိုက်ကြသူတိုင်းမို့စိုးရိမ်မယ်ဆိုစိုးရိမ်စရာပါ။ အဲ့ဒီပြိုလဲ မှုမျိုး (၂၀၀၀)ခုနှစ်ကစပြီး (၅၆၂)ကြိမ်ဖြစ်ခဲ့ဖူးကြောင်းမှတ်တမ်းများကပြပါတယ်။ ပြိုလဲသွားတဲ့ ဘဏ် တွေကိုထုံးစံအတိုင်း Federal Deposit Insurance Corporation (FDIC)ကလွှဲပြောင်းရယူခြင်းဟာ လုပ်ထုံးလုပ်နည်းတရပ်ပါ။ “Failed Bank” လို့အမည်တပ်ခံရခြင်းဟာအဲ့ဒီလွှဲပြောင်းတာဝန်ယူခြငး်က စတင်ပါတယ်။ ဘာ့ကြောင့်ပြိုလဲသွားရသလဲဆိုတဲ့မေးခွန်းကိုယေဘူယျအဖြေပေးရရင်း၊ စုဆောင်းငွေ ထဲ့သွင်းရာမှာအာမခံအကာအကွယ်မရှိခဲ့လို့လို့ဖြေရပါမယ်။ ဥပဒေအရ FDIC (Credit Unions လို့ခေါ် ဘဏ်တွေအတွက်ကိုတော့ National Credit Unions Administration NCUA အပါအဝင်)အားလုံးက ထဲ့ဝင်စုဆောင်းသူအားလုံးကို ($ ၂၅၀,၀၀၀) အထိအာမခံထားတဲ့အတွက်၊ ဘဏ်ပြိုလဲရင်အဲ့ဒီငွေ ကြေးပမာဏအထိထဲ့ဝင်သူတွေပြန်ရနိုင်တယ်လို့အာမခံထားပါတယ။် အဲ့ဒီအတွက် အဲ့ဒီထက်ကြီးမား တဲ့ ပမာဏ(၂သိန်းခွဲထက်ပိုခဲ့ရင်) အာမခံမရှိဘူးဆိုတဲ့အချက်ကိုကောင်းစွာနားလည်ကြဘို့လိုပါတယ်။ အဲ့ဒီအတွက်စုဆောင်းငွေကိုဘဏ်မှာစုဆောင်းကြရာမှာ ဘဏ်တခုကို (၂သိန်းခွဲထက်ပိုပြီး) မထားဘဲ အခြားဘဏ်တွေမှာခွဲပြီးစုဆောင်းကြဘို့လိုတယ်ဆိုတာကိုနားလည်ကြဘို့လိုပါတယ်။ နားလည်ကြ သူများပေမဲ့နားမလည်ကြသူတွေလည်းရှိကြလို့ပါ။ ကိစ္စက သမ္မတကဖြေရှင်းရတဲ့အတွက်ကြောင့်ပိုမိုစိုး ရိမ်စိတ်ပွားလာကြပါတယ်။ ဘဏ်ပြိုလဲမှုက အမေရိကနိုင်ငံအတွင်းသာမကဥရောပကိုပါပျံ့သွားပါ တယ်။ ကံကောင်းတာက ပြိုလဲသွားတဲ့ဘဏ်တွေကို အခြား ဘဏ်ကြီးတွေကလွှဲပြောင်းဝယ်ယူလိုက် ကြောင်းလည်းနောက်ဆက်တွဲကြားရတာဟာသတင်းကောင်းပါ။ ဒီဆောင်းပါးရေးရခြင်းအကြောင်းကတော့ ဖြစ်ပျက်ခဲ့တဲ့ဘဏ်ပြိုလဲမှုကိုစိုးရိမ်ပူပမ်မှုပွားစေတဲ့ မြန်မာ ကွန်မြူနီတီအတွက် လက်တွေ့ကျတဲ့စုဆောင်းငွေထားနိုင်တဲ့နည်းလမ်းအချို့ကို မျှဝေပေးလိုခြင်းဖြစ်ပါ တယ်။ ဒီနေရာမှာသိစေလိုတာက ကျွန်တော့်ရဲ့လက်တွေ့အတွေ့အကြုံတွေ၊ ဖတ်ရှုလေ့လာစုဆောင်း ထားချက်တွေကို ဘဏ်သုံးစွဲသူ (consumer) တစ်ဦးအနေနဲ့တင်ပြခြင်းဖြစ်ပြီး၊ ကျွမ်းကျင်နားလည်သူ ပညာရှင်မဟုတ်ဖူးဆိုတာကိုတော့ကြိုတင်အသိပေးဝန်ခံပါရစေ။ မကြာသေးခင်က ဖြန့်ချိခဲ့တဲ့သက်ကြီး များအတွက် AARP Bulletin ကနေအခြေခံပြီးကူးယူဖေါ်ပြထားခြင်းပါ။ အမေရိကမှာ “cash”လို့ဆိုရာ မှာ မိမိလက်ထဲရှိတဲ့ငွေသားကိုသာမကဘဏ်တွေမှာထဲ့ထားတဲ့ checking and saving accounts တွေကိုပါခေါ်ပါတယ်။ အဲ့ဒီအတွက် “cash-in-hand”လို့ဆိုရင် ဘဏ်ထဲမှာရှိတဲ့ငွေသားလည်းပါတယ် ဆိုတာကို နားလည်ကြဘို့လိုပါတယ်။ ကဲ မိမိတို့အတွက်အကျိုးရှိဘို့အလားအလာရှိတဲ့ စုဆောင်းငွေ အချို့ကိုလေ့လာကြည့်ကြရအောင်ပါ။ (%နှုန်းထားအတွက်လက်ရှိကာလစျေးကွက်အခြေအနေကိုသတိပြုကြဘိို့လိုပါတယ်။) High-Yield Saving Account ဘဏ်စာရင်းဖွင့်ကြသူတွေက checking account ဖွင့်ကြပေမဲ့ saving account ဖွင့်လေ့မရှိကြပါ။ စိတ်ချတဲ့ဘဏ်ကြီးမျိုးဆိုဖွင့်သင့်ပါတယ်။ စုဆောင်းငွေသက်သက်အတွက်သာဖြစ်ပြီး၊ check ရေးလို့ မရဘူးဆိုတဲ့အချက်ကိုသတိပြုကြပါ။ အတိုးအပွားပြန်ရနိုင်မှု (Yield) ပုံမှန်က (၁-၂%)သာရှိပေမဲ့အချို့ဘဏ်အလတ်တန်းစားတွေက (၄.၀၃%)ရနိုင်ပါတယ်။ Credit Unions - CUs တွေပါ။ အကျိုးထူးများ (Pros) ဆိုင်ရာဘဏ်အတွင်း checking နဲ့ saving accounts ချင်းအပြန်အလှန်ငွေချက်ချင်းလွှဲလို့ရပါတယ်။ အပြစ်များ (Cons) ထုတ်သွင်းခြင်းအရေအတွက်ကိုကန့်သတ်လေ့ရှိပါတယ်။ minimum balance သတ်မှတ်ချက်ရှိလေ့ရှိ ပါတယ်။ ဆိုလိုတာက သတ်မှတ်စုဆောင်းငွေပမာဏတသမတ်တည်းအမြဲရှိဘို့လိုပြီး၊ လျော့နည်းသွား တာနဲ့ဒါဏ်ရိုက်ခံရတတ်ပါတယ်။ အဲ့ဒီကန့်သတ်ချက်ကိုကျော်လွှားဘို့ မိမိ၀င်ငွေ(လစာ) လစဉ်ပုံမှန် တိုက်ရိုက်ပေးသွင်းခြင်း (direct deposit) လုပ်ထားရင်တော့အဲ့ဒီကန့်သတ်ချက်ကိုဖယ်ရှားနိုင်ပါ တယ်။ မှတ်ရန်အချို့ (notes) Online သုံးဘို့ဝန်မလေးရင် အကောင်းဆုံးစုဆောင်းနည်းပါ။ www.bankrate.com ကမိမိနဲ့လိုက်ဖက် သင့်မဲ့ဘဏ်ကိုရှာနိုင်ပါတယ်။ အရေးကြီးတဲ့အချက်က မိမိနေထိုင်ရာမြို့မှာအဲ့ဒီဘဏ်(သို့မဟုတ်)ဘဏ် ခွဲရှိပြီးလူကိုယ်တိုင်သွားနိုင်မဲ့ services တွေရှိဘို့သတိပြုပါ။ Money Market ကာလတိုအတွင်းမှာ အတိုးအပွားပြန်ရရာမှာ saving accounts တွေထက်သာလွန်ကောင်းမွန်တဲ့အ တွက်ကြိုက်နှစ်သက်သူများကြပါတယ်။ အစိုးရနဲ့ corporates တွေမှာအသုံးများတတ်ကြပါတယ်။ ဒီ နေရာမှာ Capital Market နဲ့ကွာတဲ့အချက်က Capital Market ဟာစက္ကန့်ပိုင်းအတွင်းဖလှယ်ခြင်းလုပ် နိုင်တဲ့ stock စျေးကွက်နဲ့အလားသဏ္ဍာန်တူပါတယ်။ အဲ့ဒီအတွက်လျင်မြန်မစွာပြောင်းလဲနေတဲ့ စျေး ကွက်စီးပွားရေးမှာ အခရာကျလွန်းတဲ့ငွေကြေးစနစ်အဖြစ်ထဲထဲဝင်ဝင်ပေါ်ပေါက်လာရခြင်းပါ။ အတိုးအပွားပြန်ရနိုင်မှု (Yield) (၄.၁၅%) အထိရနိုင်ပါတယ်။ အကျိုးထူးများ (Pros) ထုံးစံအတိုင်း FDIC/NCUA တို့ရဲ့အာမခံအကာအကွယ်ကိုရပါမယ်။ check (သို့မဟုတ်) debit card ကိုသုံးနိုင်ကြပါတယ်။ အပြစ်များ (Cons) အများအားဖြင့် တလအတွင်း(၈)ကြိမ်ထက်ပိုအထုတ်အသွင်းလုပ်ခွင့်မရှိပါ။ သတ်မှတ်ထားတဲ့စု ဆောင်းငွေပမာဏရှိလေ့ရှိတာမို့လျော့နည်းသွားရင် ဒဏ်ဆောင်ရပါတယ်။ အများအားဖြင့် (အနည်းဆုံး) ထောင်ဂဏန်းလောက်ဘဏ်ထဲအမြဲရှိဘို့လိုတတ်ပါတယ်။ နေ့တွင်းချင်းညတွင်းချင်း အရောင်းအဝယ် ဖလှယ်လုပ်နိုင်ပေမဲ့ကာလတိုရင်အတိုးလည်းနည်းပါတယ်။ အထုတ်အသွင်းသတ်မှတ်ချက်ကျော် လွန်ရင် အချို့ဘဏ်များက checking account အဖြစ်ပြောင်း လဲနိုင်တယ်ဆိုတဲ့အချက်ကိုသတိပြုပါ။ မှတ်ရန်အချို့ (notes) သတ်မှတ်ချက်နဲ့ကိုက်ညီပြီးအထုတ်အသွင်းများများလုပ်ဖို့မရှိပေမဲ့ရံဖန်ရံခါအထုတ်အသွင်းရှိဘို့လိုရင် ဒီစုဆောင်းနည်းဟာ သာမာန် savings ထက်လူကြိုက်များလေ့ရှိတတ်ပါတယ်။ အသုံးပြုနိုင်တဲ့နည်း လမ်းကွာခြားချက်ပေါ်မူတည်ပြီး ဘဏ်တခုနဲ့တခု ကွာခြားချက်တွေရှိတာကိုသတိပြုပါ။ T-Bills လို့ခေါ်တဲ့ Treasury (short-term) တွေဟာလဲဒီအထဲပါ၀င်ပါတယ်။ ငွေစုလက်မှတ် (Certificate of Deposit) သတ်မှတ်ကာလတခု (အနည်းဆုံး ၃လမှ၆လ)အတွင်းဘဏ်ထဲသိုမှီစုဆောင်းမယ်ဆိုရင်အလွန်လူ ကြိုက်များလေ့ရှိပါတယ်။ နှစ်ပါတ်လည်လောက်သုံးစွဲစရာအကြောင်းကြီးငယ်မရှိတဲ့အပြင်၊ ဘေးဖယ် ထားနိုင်တဲ့စုဆောင်းငွေအမျိုးအစားကိုပြပါဆိုရင် ဒီ CD ဟာပေါ်ပြူလာအဖြစ်ဆုံးလို့ဆိုပါရစေ။ အတိုး နှုန်းဟာတသမတ်တည်းရှိတယ်ဆိုတဲ့အာမခံချက်အပြည့်ရှိတဲ့စုဆောင်းငွေပါ။ ငွေထုတ်ယူနိုင် တဲ့အ ချိန်ကိုအတိအကျသိဘို့လိုသလို၊ အတိုးအရင်းနှစ်ရပ်ပေါင်းကိုမိမိဘဏ်မူရင်းအကောင့်ပြန်ဝင်ဘို့တင် ကြိုစီစဉ်ထားရပါမယ်။ အဲ့ဒီအချိန်ကို Maturity Date လို့ခေါ်ပါတယ်။ အတိုးအပွားပြန်ရနိုင်မှု (Yield) (၆)လမှ(၁)နှစ်လောက်ဘဏ်ထဲစုဆောင်းနိုင်မယ်ဆိုရင် လက်ရှိ (၄%)ကျော်လောက်အတိုးအပွား ရနိုင်ပါတယ်။ ဘဏ်အချို့ (အထူးသဖြင့် Credit Unions) တွေကလက်ရှိမှာမိမိတို့ဘဏ်ငွေပမာဏ ကြီးထွားအောင်ပြုလုပ်နိုင်ဖို့ မက်မောလောက်ဖွယ် အတိုးတွေ (၅%)ကျော်အထိပေးနေကြောင်း မြင် နိုင်ပါတယ်။ အကျိုးထူးများ (Pros) ကြော်ငြာထားတဲ့အတိုင်းရနိုင်မဲ့အတိုးကိုငွေသားနဲ့အမြဲမြင်ခွင့်ရနိုင်မဲ့အာမခံချက်အပြည့်ရှိပါတယ်။ ငွေကြေးဖေါင်းပွားမှုအပါအဝင်စီးပွားရေးကမောက်ကမဖြစ်မှုဖြစ်ပေမဲ့မိမိစုဆောင်းငွေကို အထိအခိုက်မ ရှိပါဘူး။ FDIC/NCUA တို့ရဲ့အာမခံအကာအကွယ်ကိုရပါမယ်။ အပြစ်များ (Cons) စျေးကွက်နှုန်းထားဘယ်လိုရှိနေသည်ဖြစ်စေအတိုးနှုန်းတသမတ်တည်းရှိတာကိုသတိရှိစေချင်ပါတယ်။ ကြိုတင်ထုတ်ယူရင်ဒါဏ်ကြေးကြီးပါတယ်။ မှတ်ရန်အချို့ (notes) အများအားဖြင့် မိမိတို့အနာဂါတ်ကာလမှာများများသုံးနိုင်ဖို့၊ ဒါမှမဟုတ် သားသမီး မြေးမြစ်များအတွက် ရည်ရွယ်စုဆောင်းလေ့ရှိကြပါတယ်။ မိမိတို့အရွယ်မရောက်မှီသားသမီးတွေ အတွက် saving account တွေဖွင့်ဖို့နည်းပေးလမ်းညွှန်ပြတဲ့ အစီအမံတွေ (gifts) အနေနဲ့လည်းစာရင်းဖွင့်ကြလေ့ရှိကြပါတယ်။ စုဆောင်းကာလများတာနဲ့အမျှ အတိုးနှုန်းလည်းများလေ့ရှိပါတယ်။ ဒီစုငွေကိုဖွင့်မယ်ဆိုရင်သတိပြုရမဲ့ အချက်ကတော့ Federal Reserve ရဲ့ rate hike အတိုးနှုန်းမြှင့်တင်မှုကိုသတိပြုပါ။ ဆိုလိုတာက နှုန်း မြှင့်တင်ဘို့အလားအလာသတင်းကြားရင် အတိုးနှုန်းမြှင့်ပြီးမှဖွင့်ပါ။ လေ့လာကြသူပညာရှင်ရင်းနှီးကြ သူတွေကတော့ “CD Ladder” ဆိုတဲ့ငွေရေးကြေးရေးဆိုင်ရာအစီအမံကိုဇယားဆွဲပြုစုကြပါတယ်။ ဆိုလိုတာက. CD အမျိုးမျိုးကို သက်တမ်းအလိုက်ခွဲဖွင့်ပြီးပြောင်းလဲကြတဲ့နည်းလို့ဆိုပါရစေ။ သိပ် ကောင်းတဲ့အစီအမံမို့ Investopedia.com မှာလေ့လာကြည့်ကြပါ။ Money Market Fund Mutual Fund လို့ခေါ်တဲ့ဘဏ်နဲ့ထဲ့ဝင်သူတွေကြားဖက်စပ်ရံပုံငွေနဲ့အလားသဏ္ဍာန်တူပေမဲ့ကာလတို စုဆောင်းခွင့်ရှိတဲ့အတွက်ကြိုက်တဲ့သူတွေရှိပါတယ်။ Money Market နဲ့အဓိကကွာတာကတော့ MM ကဘဏ်ပေါ်အခြေပြုတဲ့စနစ်ဖြစ်တယ်ဆိုတဲ့အချက်ပါ။ CD, U.S. Treasury fund စသည်တို့နဲ့လည်း ဆင်ပါတယ်။ စျေးကွက်ပေါ်မူတည်ပြီးအတက်အကျရှိနိုင်ပေမဲ့ ဆုံးရှံုးနိုင်တဲ့အလားအလာ (risk) နည်း တယ်လို့ယျေဘူယျသိနိုင်ပါတယ်။ အတိုးအပွားပြန်ရနိုင်မှု (Yield) (၄.၅%)အထိလောက်အတိုးအပွားရနိုင်ပါတယ်။ အကျိုးထူးများ (Pros) မိမိရံပုံငွေပမာဏပေါ်မူတည်ပြီး check ရေးနိုင်ပါတယ်။ ငွေလွှဲနိုင်ပါတယ်။ အပြစ်များ (Cons) FDIC/NCUA တို့ရဲ့အာမခံအကာအကွယ်မရှိတာကိုသတိရှိကြပါ။ ဒါပေမဲ့ မူရင်းမတည်ငွေပျက်စီးဆုံး ရှံုးနိုင်ချေအလွန်နည်းတယ်လို့စျေးကွက်လေ့လာကြသူတွေကတညီတညွတ်တည်းသဘောတူကြ တာမို့ မက်လောက်ဖွယ်စုဆောင်းငွေတမျိုးပါ။ အထုတ်အသွင်းကန့်သတ်ချက်ရှိပါတယ်။ ဒါကိုတော့ သတိပြုကြပါ။ မှတ်ရန်အချို့ (notes) အလုပ်ရှင်များကပေးတဲ့ 401k လိုသက်ကြီးရံပုံငွေစုဆောင်းငွေလိုနေရာမျိုးတွေမှာတချို့မြင်နိုင်ပါ တယ်။ (Stable Value Fund) ဆိုတာဟာဒီလိုစုဆောင်းငွေမျိုးပါ။ ပုဂ္ဂလိကစုဆောင်းငွေအနေနဲ့စာရင်း ဖွင့်မယ်ဆိုရင် Security Exchange Commission - SEC လို financial regulators တွေရဲ့တင်းကြပ် တဲ့ စိစစ်မှုပေါ် ပမာဏအနဲအများပေါ်မူတည်ပြီး စောင့်ကြပ်ကြည့်ရှုမှုရှိပါတယ်။ အစိုးရဘဏ္ဍာလက်မှတ် Treasury Bills (Bonds & Notes) T-Bills လို့လဲလူပြောများတဲ့ အစိုးရရဲ့ကြွေးမြီစာရင်းလက်မှတ်မျိုးဖြစ်ပြီး နှစ်ပါတ်လည်အတွင်းအတိုး ရနိုင်ပါတယ်။ treasurydirect.gov (သို့မဟုတ်) ပွဲစားများ brokers တွေကနေတဆင့်ဝယ်နိုင်ပါတယ်။ treasurydirect မှာ(auction) လေလံလုပ်ပြီးရောင်းချပါတယ်။ ဆိုလိုတာကတန်ဖိုးထက်လျှော့ရောင်း တာမို့၊ အများဆုံးပေးနိုင်သူကိုရောင်းပါတယ်။ လက်မှတ်က အစိုးရမှဝယ်ယူစုဆောင်းသူထံအကြွေး ဘယ်လောက်ရှိတယ်ဆိုတဲ့ Face Value (FV) ကိုဖေါ်ပြပါတယ်။ ၀ယ်ယူစဉ်မှာ သက်သာတဲ့လျှော့စျေး နဲ့မို့ ငွေပေါ်ချိန်မှာရမဲ့ငွေပမာဏဟာမူရင်းတန်ဘိုးထက်များလေ့ရှိကြပါတယ်။ အဲ့ဒါအတိုးသဘောပါဘဲ။ အတိုးအပွားပြန်ရနိုင်မှု (Yield) အတိုးအပွားပြန်ရနိုင်မှုသာမာန်လောက်သာရှိပေမဲ့ ခိုင်မာတည်ငြိမ်တဲ့စုဆောင်းငွေမျိုးကိုပြပါဆိုရင် ဒီစုဆောင်းငွေအမျိုးအစားပါ။ (၄.၈%)လောက်လက်ရှိ ရှိနေပါတယ်။ အကျိုးထူးများ (Pros) ရက်ပိုင်းအတွင်းမှာမိမိစုဆောင်းငွေကိုပြန်ထုတ်နိုင်ပါတယ်။ (၁)နှစ်အထိစု ဆောင်းနိုင်ပါတယ်။ လုံခြံုစိတ်ချရမှုအာမခံအပြည့်ရှိတာမို့သက်ကြီးပိုင်းတွေကြိုက်ကြပါတယ်။ အစိုး ရဝန်ထမ်းများကိုလည်းရောင်းချကြတာကိုတွေ့ရပါတယ်။ အတိုးအပွားပေါ်မှာဖက်ဒရယ်ဗဟိုအစိုးရ ကအခွန်စီးကြပ်ပေမဲ့ပြည်နယ်နဲ့ဒေသဆိုင်ရာတွေကအခွန်ကင်းလွတ်ခွင့်ရကြပါတယ်။ အပြစ်များ (Cons) ၀ယ်ယူတဲ့နည်းလမ်းက တိုက်ရိုက်ဝယ်မယ်ဆိုရင်ရှုတ်ထွေးကြောင်း သုံးစွဲကြသူတွေကဆိုကြပါတယ်။ ဒါ့အပြင် အချိန်မစေ့မှီ (mature မဖြစ်ခင်) ထုတ်ယူရင်အတိုးရခွင့်ဆုံးရှံုးတတ်ပါတယ်။ CDs တွေထက် အတိုးနှုန်းနည်းတာမို့တချို့ကမကြိုက်ကြပါ။ ဒါပေမဲ့အစိုးရရဲ့အာမခံချက်အပြည့်ရှိတာမို့၊ ၀ယ်ပြီး စျေး ကွက်(secondary market) မှာပြန်ရောင်းကြတာမျိုးတွေရှိပါတယ်။ မှတ်ရန်အချို့ (notes) ငွေသားသုံးစွဲစရာမလိုတဲ့သက်ကြီးပိုင်းတွေအတွက် သာမာန်ဘဏ်တွေထက်မက်လောက်ဖွယ်အတိုး အပွားရနိုင်တယ်လို့လက်ရှိကိန်းဂဏန်းတွေကဆိုကြပါတယ်။ သက်တမ်းရှည်ရှည်လိုချင်ရင်တော့ဆုံး ရှံုးနိုင်မဲ့အတိုးအပွားအခွင့်အလမ်းကို သက်တမ်းအလိုက်ပြတဲ့ ဂရပ်ဖ်တွေကိုသေသေခြာခြာလေ့လာ ဆုံးဖြတ်ဝယ်ယူကြပါ။ Treasury Bills ဟာသက်တမ်းတို(၁နှစ်)ဖြစ်ပြီး၊ Notes ဟာသက်တမ်းလတ် (၂-၁၀နှစ်)များဖြစ်ကြပါတယ်။ Bonds ကတော့သက်တမ်းရှည် (နှစ်၃၀ အထိ)တွေအတွက်ဖြစ်ကြ ပါတယ်။ ရက်သတ္တ (၄)ပါတ်၊ (၈)ပါတ်၊ (၁၃)ပါတ်၊ (၂၆)ပါတ်နဲ့(၅၂)ပါတ်ဆိုပြီးအမျိုးအစားတွေခွဲ ခြားထားပါတယ်။ Series I Savings Bond လက်ရှိမှာအတိုးနှုန်းအများဆုံးပေးနေတဲ့ စုဆောင်းငွေအမျိုးအစားမျိုးပါ။ maturity ဟာ နှစ်(၂၀) အာမခံရှိပြီး၊ ငွေကြေးဖေါင်းပွမှုပေါ်မူတည်ပြီး တန်ဘိုးပြောင်းပါတယ်။ အစိုးရရဲ့အာမခံစုဆောင်းငွေပါ။ Treasury direct မှာဝယ်နိုင်ပြီးနှစ်ရှည်စုဆောင်းမှအသုံးတည့်ပါတယ်။ အတိုးအပွားပြန်ရနိုင်မှု (Yield) (၆.၈၉ %)ရှိနေတယ်လို့ဆိုကြပါတယ်။ အကျိုးထူးများ (Pros) အနဲဆုံး ($၂၅) ကစစုဆောင်းနိုင်ပြီး အခွန်စည်းကြပ်ခြင်းမှကင်းနိုင်တယ်လို့ဆိုကြပါတယ်။ အမျိုးအ စားပေါ်မူတည်ပြီးအခွန်ကိစ္စကိုသေသေခြာခြာစုံစမ်းပါ။ ပြည်နယ်နဲ့ဒေသဆိုင်ရာများကတော့အခွန်မ စည်းကြပ်ပါ။ အပြစ်များ (Cons) အတိုးနှုန်းဟာငွေကြေးဖေါင်းပွမှုနှုန်းပေါ်မူတည်တာမို့ အတိုးနှုန်းလည်းလိုက်ပြောင်းလဲနိုင်ပါတယ်။ ကြိုထုတ်ရင်ဒါဏ်ကြေးဆောင်ရပါမယ်။ စျေးကွက်မှာရောင်းချခွင့်မရှိသလိုလွှဲပြောင်းခြင်းလုပ်ခွင့်မရှိပါ။ မှတ်ရန်အချို့ (notes) ဒီစုဆောင်းငွေမျိုးဟာလည်းဆုံးရှံုးနိုင်မှုနည်းလွန်းတာကြောင့်လူကြိုက်များပါတယ်။ အထူးသဖြင့် ငွေ ကြေးဖေါင်းပွမှုများပြီး၊ စီးပွားရေးမတည်ငြိမ်ချိန်မှာအခွင့်ကောင်းယူဝယ်ကြသူတွေပေါပါတယ်။ လက်ရှိ treasurydirect မှာဝယ်ယူခွင့်ကန်ု့သတ်ချက်ကို ($၁၀,၀၀၀) အထိသာခွင့်ပြုထားပါတယ်။ အခွန် ဆောင်လို့ရတဲ့ပြန်အမ်းငွေfederal refunds နဲ့အပိုဆောင်းဝယ်ကြသူတွေများပါတယ်။ အခြား အစိုးရရဲ့ EE Series (“Patriot Bond” လဲခေါ်ပါတယ်) နဲ့အလားသဏ္ဍာန်တူပါတယ်။ဒါပေမဲ့ EE Bonds က(၂) ဆလောက်အထိအတိုးပွားနိုင်တယ်လို့ဆိုကြပါတယ်။ Series I ကတော့ဆပွားတိုးနိုင်တယ်လို့ အာမ မခံပါ။ သေခြာလေ့လာပြီးမှဝယ်သင့်ကြောင်းပါ။ မြန်မာတို့ရဲ့မိရိုးဖလာအကျင့်တခုကတော့ ရွှေနဲ့လက်ဝတ်ရတနာဟာတန်ဘိုးကြီးအိုစာမင်းစာပါ။ ဒါပေ မဲ့တိုးတက်တဲ့နိုင်ငံကြီးတွေမှာ လက်ထဲငွေရှိထားဖို့ကမဖြစ်မနေလိုအပ်လာပါတယ်။ လက်ထဲရှိဘို့ ဆို ကြရာမှာလည်းဘဏ်ထဲငွေရှိဘို့လိုပါတယ်။ စက္ကန့်အတွင်းငွေပေးခြေတာလွှဲပြောင်းတာလုပ်နိုင်တဲ့ digital ခေတ်သစ်ကြီးမှာ ဘဏ်စုဆောင်းငွေဟာ နေရာအတော်ယူနေပါပြီ။ checking account လေး ရှိယုံနဲ့ပြည့်စုံတဲ့ ငွေရေးကြေးရေးလောကမဟုတ်တော့ပါဘူး။ မြန်မာမိသားစုကွန်မြူနတီဟာ အထုပ်အ ထည်ရှိကြသူတွေချည့်ဖြစ်ကြပါတယ်။ သို့ပေမဲ့ ပြောင်းလဲလာတဲ့ခေတ်ကြီးရဲ့ ငွေရေးကြေးရေးသုံးစွဲ လည်ပါတ်မှုဟာလူတိုင်းစေ့ရဲ့နေ့တဓူဝကိစ္စကြီးတွေဖြစ်နေပါပြီ။ ကျွန်တော်တို့မြန်မာတွေ စုဆောင်းငွေ သုံးစွဲထိန်းသိမ်းတတ်တဲ့အကျင့်ကောင်းတွေမွေးမြူတတ်ကြဘို့လိုပါပြီလို့တိုက်တွန်းပါရစေ……။

Tuesday, March 21, 2023

လူမှုစီးပွားရေးစစ်တမ်း (American Community Survey) မှလှစ်ဟပြနေသောမြန်မာကွန်မြူနီတီ၏ပုံရိပ်များ

မီးမောင်းထိုးပြလိုတဲ့အချက်တခုက လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ လူထုကြီးတရပ်လုံးမကြုံ စဖူးခံစားနေကြရတဲ့အထွေထွေဒုက္ခစုံကြီးနဲ့ဆက်စပ်နေပါတယ်။ ထုံးစံအတိုင်းပြည်တွင်းပူတော့ပြည်ပ မှာနေထိုင် ကြတဲ့လူမျိုးစုပေါင်းစုံဖြစ်ကြတဲ့ ကချင်၊ ကယား၊ ချင်း၊ ကရင်၊ရခိုင် ကစပြီးရိုဟင်ဂျာမျိုးနွယ် စုတွေက ကိုယ်နိုင်ရာနည်းနဲ့ မကြံုစဖူးကူညီကြပါတယ်။ စစ်အာဏာရှင်များရဲ့ ရက်စက်ကြမ်းကြုပ်မှု ဟာ လူမှုကွန်ယက်တွေမှာမမြင်ချင်အဆုံးတွေ့နေကြရတဲ့အပြင်၊ နေ့စဉ်နဲ့မပြတ်တဲ့ ဗြောင်လိမ်လည်မှု တွေကိုသိသိကြီးနဲ့ခံစားနေကြရတာကို သီးမခံနိုင်ကြတဲ့အတွက် မိမိတို့တတ်အားသမျှပုံအောကူညီ ကြတာဝမ်းသာစရာပါ။ ဒီအတွက် နိုင်ငံတကာအကူအညီဆိုတာမရှိမဖြစ်လိုလာပါတယ်။ နိုင်ငံတကာ အကူအညီဆိုတာကအထင်ကရနိုင်ငံကြီးအစိုးရတွေရဲ့ ပါ၀င်ပါတ်သက်မှုဟာအခရာကျလာပါတယ်။ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ (သဘာဝဘေးကအစ)ဒုက္ခတွေရောက်ကြရင် အမေရိကအပါအဝင် ဥရောပနိုင်ငံကြီးတွေရဲ့ကူညီမှုတွေဟာ တမဟုတ်ချင်းရောက်လာလေ့ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့အဲ့ဒီ နိုင်ငံတွေဟာ ပထဝီအရအချက်အခြာကျတယ်ဆိုတဲ့ဖြစ်ရပ်ထက် အဲ့ဒီလူမျိုးစုများရဲ့အ မေရိကနိုင်ငံ တွင်းမှီတင်းနေထိုင်ကြတဲ့လူဦးရေအရေအတွက်ဟာအခရာကျနေလို့ပါ။ ဥပမာ-ဖိလစ်ပိုင်လို၊ တရုတ်လိုနိုင်ငံတွေဟာ မြန်မာနဲ့အိမ်နီးချင်းတွေပါ။ ဒါပေမဲ့ အမေရိကနိုင်ငံအတွင်း မြန်မာလူဦးရေဟာ (၂သိန်းခွဲ)စာရင်းပေါက်ချိန်မှာ ဖိလစ်ပိုင်လူမျိုးဦးရေ (၂သန်း ကျော်) နေတာကို ကြည့်ရင်၊ လက်နှေးလို့မရတော့ပါဘူး။ လိုတဲ့အကူအညီပေးဘို့ အခွင့်အလမ်းကို မြန်မာတွေထက်ဦး ပြီးပိုရနေရတာအမေရိကရဲ့ strategic outlook ဖြစ်သွားပါတယ်။ ထိုနည်းတူအမေရိကနိုင်ငံအတွင်း နေထိုင်သူ မြန်မာလူမျိုးတဦးရဲ့လိုအပ်ချက်အခက်အခဲကိုဆိုင်ရာကရယူကြဘို့မှာ ဖိလစ်ပိုင်လူမျိုးတဦး လောက်အခွင့်အလမ်းမသာသလို၊ ရနိုင်ခြေကအဆမတန်နည်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့အစိုးရအချက်အလက်တွေအရ မြန်မာလူမျိုးစုဦးရေဟာ အမေရိကအတွက်အရေးပါမှုဟာ အလွန်အားနည်းနေရတာကိုကိန်းဂဏန်းများကညွှန်ပြနေပါတယ်။ လွှတ်တော်အမတ်မင်းတယောက် ကိုတွေ့ခွင့်ရနိုင်ခြင်းကိုနှိုင်းယှဉ်ရာမှာလည်းဒီအချက်တွေကချိန်ထိုးတွေ့နေရပါတယ်။ ဒါတွေကလက် တွေ့တွေပါ။ မြန်မာ့အရေးလှုပ်ရှားမှုအခမ်းအနားတွေမှာဆိုင်ရာမဲဆန္ဒနယ်အမတ်မင်းများက မိမိတို့ရုံး ကလက်အောက်ဝန်ထမ်းတွေကိုသာစေလွှတ်ပြီး သဝဏ်ပါးကြတာတွေကိုကြည့်ရင်သိနိုင်ပါတယ်။ အမတ်မင်းထံရွေးကောက်ပွဲဆိုင်ရာပံ့ပိုးမှုလုပ်တဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးကအတင်းတောင်းဆို ကြမှအခမ်းအနားတွေမှာအမတ်မင်းများကိုတွေ့ကြရတာကိုကြည့်ပါ။ ဒီလိုအဖြစ်တွေဘာ့ကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုရှာကြည့်တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ လူမျိုးစုကွဲနဲ့လူမျိုးစုငယ်တွေဟာ ရာကျော်ရှိနေပါတယ်။ အမေရိကကိုပြောင်းရွှေ့အခြေချပြီးဘဝသစ် စချိန်မှာတောင်မြန်မာနိုင်ငံက လူမျိုးရေးကိစ္စကိုဒီအထိအပါခေါ်လာခြင်းကအဓိကအကြောင်းခြင်းရာခံ ပါ။ ကချင်၊ ကယား၊ ချင်း၊ ကရင်စတဲ့လူမျိုးစုတွေကြားထဲမှာဗမာဟာ “မဟာလူမျိုးကြီးဝါဒ”အထင် အမြင်ရှိနေကြသေးသလို၊ ဗမာတွေကိုယ်တိုင်လဲလူမျိုးကြီးဝါဒကိုခဝါမချနိုင်သေးတာထင်ရှားလှပါ တယ်။ ဘယ်မှာသက်သေထူသလဲဆိုတော့ သန်းခေါင်စာရင်းကောက်ခံတဲ့အခါ “မြန်မာ” (Burmese) လို့ပြန်ကြားလိုတဲ့ဆန္ဒမရှိကြခြင်းဟာ ဆိုခဲ့တဲ့လူမျိုးစုငယ်များရဲ့ မျိုးဆက်နဲ့ချီပြီးခံစားခဲ့ကြရတဲ့ ရင်တွင်း မကြေနပ်မှုတွေပါ။ အဲ့ဒီလူမျိုးရေးအစွဲအလမ်းဟာ မြန်မာလူမျိုးဦးရေကိုအဆမတန်ရုတ်လျော့စေပါ တယ်။ ပြီးခဲ့တဲ့ (၂၀၂၀)သန်းခေါင်စာရင်းကောက်ခံရေးမတိုင်မှီ ကျွန်တော်အပါအဝင် ကွန်မြူနီတီအဖွဲ့ တွေက လှံုဆော်မှုတွေမြှင့်တင်ခဲ့ပေမဲ့အောင်မြင်သင့်သလောက်မအောင်မြင်သေးတာကို ၀မ်းနဲဘွယ် တွေ့ရပါတယ်။ အမေရိကနိုင်ငံတနံတလျားမှာနေထိုင်ကြတဲ့ Asians တွေရဲ့လူမှူစီးပွားအခြေအနေတွေကို ခုနောက် ဆုံးထုတ်ပြန်တဲ့ ACS မှာပြဆိုနေတာကိုလေ့လာပါ။ ဒေသအသစ်ကိုပြောင်းရွှေ့အခြေချသူတွေရဲ့စိတ် နေသဘောထားအရမိမိတို့နဲ့ယဉ်ကျေးမှူဓလေ့တူတဲ့လူမျိုးစုနဲ့သာယှဉ်တွဲနေထိုင်လိုကြတဲ့ဆန္ဒဟာ လူမျိုးစုတိုင်းမှာရှိကြပါတယ်။ ဒါပေမဲ့မိမိတို့ပြောင်းရွှေ့အခြေချတဲ့နိုင်ငံရဲ့တိုးတက်ဖြစ်ပေါ်မှုကိုမက်မော လိုချင်ဆန္ဒတွေကြောင့်ရောက်လာကြသူတွေချည့်ပါဘဲ။ အဲ့ဒီအတွက် အမေရိကနိုင်ငံရဲ့ယဉ်ကျေးမှုရေ စီးကြောင်းထဲအမြန်ဆုံးဝင်ရောက်နိုင်ဘို့ဟာအလွန်အရေးကြီးလာပါတယ်။ (cultural assimilation) ဒီပြောင်းလဲမှုဖြစ်စဉ်ကိုနားလည်အသိအမှတ်ပြုယုံသာမက လိုလိုချင်ချင်ရှိကြဘို့အလွန်လိုအပ်ပါတယ်။ “အိမ်ကြီးထဲမှာအိမ်ငယ်ဆောက်”လိုတဲ့အကျင့်စရိုက်ကိုစောနိုင်သမျှစောစီးစွာဖယ်ထုတ်နိုင်ရပါမယ်။ American Community Survey (ACS 1 year) မြန်မာ/Filipino/Thai & Vietnamese တို့၏ U.S. လူဦးရေစစ်တမ်းကောက်ယူမှု လူမှုစီးပွားရေးဆိုင်ရာ ခြံုငုံလေ့လာချက်အညွှန်းကိန်းများ နှိုင်းယှဉ်ချက် (၂၀၂၁ ခုနှစ်) မြန်မာ Filipino Thai Vietnamese စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအဝင်)(ဦးရေ) ၂၄၈,၈၂၂ ၄,၄၂၆,၉၀၄ ၃၁၉,၆၁၇ ၂,၂၈၈,၀၈၂ အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါ၀င်(ဦးရေ) ၃.၉၄/၄.၂၈ ၃.၀၆/၃.၅၂ ၂.၅၉/၃.၁၆ ၃.၁၅/၃.၅၇ လက်ထပ်ထိမ်းမြားထားသူမိသားစု% ၆၄.၂ ၅၂.၈ ၄၄ ၅၅.၈ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း% ၁၂.၁ ၁၃.၇ ၁၂.၄ ၁၂.၇ အိမ်ထောင်ရေးအခြေပြ% (က) လူပျိုလူလွတ် (ခ) လက်ရှိအိမ်ထောင်ရှင်များ (ဂ) သီးခြားစီနေလင်မယား (ဃ) အိမ်ထောင်ကွဲ (င) မုဆိုးဖို/မ ၃၅.၅ ၅၄.၆ ၁.၈ ၃.၆ ၄.၅ ၃၇.၁ ၄၉ .၈ ၁.၅ ၆.၆ ၄.၉ ၃၅.၉ ၄၉.၆ ၁.၃ ၈.၈ ၄.၅ ၃၇ ၅၀.၇ ၁.၂ ၇.၂ ၃.၉ ပညာသင်ကြားဘွဲ့ရမှုအခြေပြ% (က) အခြေခံပညာ အဆင့် (ခ) တက္ကသိုလ်ဝင်တန်း အဆင့် (ဂ) ဘွဲ့ကြို Associate degree (ဃ) အခြေခံ Bachelor degree (င) ဘွဲ့လွန် post-graduate degree ၄၆.၈ ၁၈.၇ ၁၁.၆ ၁၅.၂ ၇.၆ ၆.၁ ၁၅.၉ ၂၉ .၅ ၃၇.၂ ၁၁.၄ ၁၂.၂ ၁၇.၇ ၂၂.၅ ၃၁.၇ ၁၅.၉ ၂၄ ၂၀.၁ ၂၁ ၂၃.၄ ၁၁.၅ အဖိုးအဖွားနှင့်နေထိုင်သူ (၁၈)နှစ်အောက်% (အဖိုးအဖွားမှဥပဒေအရစောင့်ရှောက်ထားရသူမြေးအရွယ်များ) ၆.၁ (၁၆.၃) ၅.၅ (၁၅.၂) ၂.၅ (၁၇.၁) ၅.၆ (၁၄.၄) ဘာသာစကားပြေားကြားနိုင်မှုအခြေပြ% (က) မြန်မာ(သို့မဟုတ်)ကိုယ့်လူမျိုးစုဘာသာစကားအိမ်တွင် ပြောသူ(ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကားကြား ညှပ်ပြောသူ%) (ခ) အမေရိကန်အင်္ဂလိပ်စကားသက်သက်သာပြောသူ% ၈၆.၁ (၅၇.၆) ၁၃.၉ ၄၆.၈ (၁၅.၃) ၅၃.၂ ၄၉ .၃ (၂၅.၄) ၅၀.၇ ၇၃.၁ (၄၂.၁) ၂၆.၉ မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ% (က) မြန်မာပြည်(သို့်မဟုတ်)ကိုယ့်နိုင်ငံဖွားလူမျိုးများ (ယင်းအထဲတွင် အမေရိကန်နိုင်ငံသားခံယူပြီးသူ / အမေရိကန်နိုင်ငံသားမခံယူရသေးသူ%) (ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ% ၇၃.၈ (၅၄.၅/၄၅.၅) ၂၆.၂ ၅၅.၆ (၇၄.၁/၂၅.၉) ၄၄.၄ ၅၅.၄ (၆၆.၁/၃၃.၉) ၄၄.၆ ၄၃.၄ (၇၆.၅/၂၃.၅) ၅၆.၆ အလုပ်အကိုင်အခြေပြ% (က) အလုပ်အကိုင်ရှိသူ (ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ (ဂ) အလုပ်လုံးဝမလုပ်သူ ၆၃.၅ ၂.၉ ၃၃.၆ ၆၃.၈ ၄ ၃၁.၂ ၆၁.၃ ၄.၁ ၃၃.၉ ၆၁.၂ ၄.၂ ၃၄.၁ ကျား/မ အလုပ်လုပ်ကိုင်မှုအချိုးအစား% ၄၄.၅/၅၅.၅ ၃၄.၅/၆၅.၅ ၃၈.၄/၆၁.၆ ၃၆.၅/၆၃.၅ ၀င်ငွေအခြေပြ (က)အိမ်ထောင်စုပျမ်းမျှနှစ်ပါတ်လည်ဝင်ငွေ($) (ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ% (ဂ) Social Security ၀င်ငွေခံစားနေသူ% (ဃ) Supplemental Social Security Income ခံစားနေသူ% (င) အစိုးရထောက်ပံ့ကြေးရယူနေသူ% (စ) အငြိမ်းစားခံစားနေကြသူ% (ဆ) Food Stamp/SNAP ခံစားနေကြသူ% (စျ) Per capita income ($) ၆၂,၃၅၂ ၉၃.၇ ၁၁.၂ ၇ ၆.၇ ၈ ၃၂.၃ ၂၂,၅၁၈ ၉၆,၈၈၃ ၈၇.၉ ၂၆.၄ ၅ ၅.၃ ၂၂ ၉.၅ ၃၅,၉၈၈ ၇၈,၄၃၄ ၈၃.၄ ၂၀.၆ ၄.၈ ၅.၂ ၁၅.၇ ၉.၁ ၃၄,၁၀၀ ၇၈,၈၄၅ ၈၇.၅ ၂၂.၅ ၈.၂ ၆.၅ ၁၂.၂ ၁၄.၃ ၃၂,၆၃၈ ကဏ္ဍအလိုက် အလုပ်လုပ်ကိုင်မှု% (က)ပုဂ္ဂလိက (ခ) အစိုးရ (ဂ) ကိုယ်ပိုင်၊ အစုစပ် (ဃ) လုပ်ခမရသောမိသားစုလုပ်ငန်း ၈၅.၄ ၉ .၄ ၄.၆ ၀.၆ ၈၁.၆ ၁၄.၃ ၃.၉ ၀.၂ ၈၂.၁ ၁၁.၂ ၆.၄ ၀.၂ ၈၀.၃ ၁၀.၅ ၈.၇ ၀.၅ ကျန်းမာရေးအာမခံ အခြေပြ% (က) လက်ဝယ်ရှိသူ (ခ) Medicare/Medicaid (ခ) လက်ဝယ်မရှိသူ ၄၃.၅ ၅၂.၄ ၁၀.၈ ၇၇.၂ ၂၈ ၅.၂ ၇၃.၅ ၂၆.၁ ၉.၄ ၆၇.၂ ၃၂.၉ ၆.၈ အိမ်ယာပိုင်ဆိုင်မှု အခြေပြ% (က) အိမ်ငှား (ခ) အိမ်ပိုင် ၄၁.၁ ၅၈.၉ ၃၉.၁ ၆၀.၉ ၃၈.၉ ၆၁.၁ ၃၂.၁ ၆၇.၉ မော်တော်ယာဉ်ပိုင်ဆိုင်မှု% (က) (၁)စီး(သို့မဟုတ်)(၁)စီးထက်ပိုရှိသူ (ခ) လုံးဝမရှိသူ ၈၉.၉ ၁၀.၁ ၉၂.၆ ၇.၄ ၈၈.၆ ၁၁.၄ ၉၁.၄ ၈.၆ IT နည်းပညာအသုံးချမှု% (က) ကွန်ပျူတာအသုံးပြုသူ (ခ) broadband အင်တာနက်အသုံးပြုသူ ၉၉ ၉၅.၉ ၉၈ ၉၅.၁ ၉၇.၇ ၉၄.၄ ၉၇.၂ ၉၃.၈ ထိုနည်းတူစွာဘဲ အမေရိကအတွင်းပြောင်းရွှေ့အခြေချခိုလှံုလာသူမြန်မာ refugees အရေအတွက်ကို U.S. Refugee Processing Center (RPC)ရဲ့လူဦးရေတိုးတက်ပြောင်းလဲမှုကိုကြည့်ရင် (၂၀၀၇)ခုနှစ် မြန်မာနိုင်ငံစစ်တပ်ကအာဏာသိမ်းမှုကြောင့်နယ်စပ်တနံတလျားကနေ ရောက်ရှိလာသူဦးရေဟာ (၂၀၀၇)ခုနှစ်ကစပြီး၊ ပြီးခဲ့တဲ့ (၂၀၁၆)အထိများပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရသက်တမ်းအတွင်း နိုင်ငံဒီမိုကရေစီရေးလမ်းကြောင်းပေါ်ပြန်ရောက်ရှိသွားမှုကြောင့် ၀င်ရောက်သူကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁)စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုက မြန်မာနိုင်ငံအတွင်းကဝင်ရောက်ခိုလှံုလာမှု ရှိနိုင်ခြေများတယ်ဆိုပေမဲ့ခုထိတော့ Asylum လုပ်သူတွေကိုသာတိုးပြီးတွေ့နေရပါတယ်။ နှစ်အလိုက် မြန်မာနိုင်ငံဒေသအသီးသီး (နယ်စပ်အပါအဝင်)မှပြောင်းရွှေ့ခိုလှံုသူ (refugees)ရောက်ရှိ အခြေချမှုဦးရေပေါင်း နှစ် လူဦးရေပေါင်း နှစ် လူဦးရေပေါင်း နှစ် လူဦးရေပေါင်း ၂၀၀၀-၂၀၀၁ ၅၄၄ ၂၀၀၈-၂၀၀၉ ၁၈၂၀၂ ၂၀၁၆-၂၀၁၇ ၅၀၇၈ ၂၀၀၁-၂၀၀၂ ၁၂၈ ၂၀၀၉-၂၀၁၀ ၁၆၆၉၃ ၂၀၁၇-၂၀၁၈ ၃၅၅၇ ၂၀၀၂-၂၀၀၃ ၂၀၃ ၂၀၁၀-၂၀၁၁ ၁၆၉၇၂ ၂၀၁၈-၂၀၁၉ ၄၉၃၂ ၂၀၀၃-၂၀၀၄ ၁၀၅၆ ၂၀၁၁-၂၀၁၂ ၁၄၁၆၀ ၂၀၁၉-၂၀၂၀ ၂၁၁၅ ၂၀၀၄-၂၀၀၅ ၁၄၄၇ ၂၀၁၂-၂၀၁၃ ၁၆၂၉၉ ၂၀၂၀-၂၀၂၁ ၇၇၂ ၂၀၀၅-၂၀၀၆ ၁၆၁၂ ၂၀၁၃-၂၀၁၄ ၁၄၅၉၈ ၂၀၂၁-၂၀၂၂ ၂၁၅၆ ၂၀၀၆-၂၀၀၇ ၁၃၈၉၆ ၂၀၁၄-၂၀၁၅ ၁၈၂၈၆ ၂၀၂၂-၂၀၂၃ (ဇန္နဝါရီ ၃၁ အထိ) ၁၁၇၀ ၂၀၀၇-၂၀၀၈ ၁၈၁၃၉ ၂၀၁၅-၂၀၁၆ ၁၂၃၄၇ တခါ အမေရိကနိုင်ငံအတွင်းအခြေချနေထိုင်ကြတဲ့ Asians အချို့ရဲ့လူဦးရေစုစုပေါင်းကိုလည်းအောက် ပါအတိုင်းတွေ့နိုင်ပါတယ်။ ထူးခြားချက်ကတော့ လောနဲ့ကမ္ဘောဒီးယားနိုင်ငံသားများအတွင်းလူမျိုးစု ကွဲများရှိကြပေမဲ့ မြန်မာလူမျိုးစုထက်နည်းပါးတဲ့အတွက်ကြောင့်စုစည်းတဲ့လူဦးရေဟာထင်ထင်ရှားရှား စာရင်းပေါက်သွားပါတယ်။ ရာကျော်စာရင်းပေါက်တဲ့မြန်မာလူမျိုးစုတွေကတော့မိမိတို့နှစ်သက်ရာကို စာရင်းပြန်ကြားပေးကြတဲ့အတွက် population dilution အဖြစ်ကိုစိတ်မကောင်းစွာဖြစ်သွားစေပါ တယ်။ အမေရိကသန်းခေါင်စာရင်းဗဟိုဌာနကြီးမှ “Language spoken at home” ကို အုပ်စုကြီး(၄) (Four-Forty Two Groups) ခုသတ်မှတ်ရာမှာ၊ မြန်မာလူဦးရေသည် လက်ရှိအောက်ပါအတိုင်း အောက်အ ဆင့် (၃)ဆင့်မြောက်မှာကျရောက်နေပါတယ်။ အခြားအာရှသားများကဲ့သို့ စာရင်းမပေါက်သေးပါဘူး။ ဒါကိုကြည်ြ့ခင်းအားဖြင့်“မြန်မာ” ဆိုတဲ့လူမျိုးစု(တိုင်းရင်းသားလူမျိုးစုများအပါအဝင်)ဟာအမေရိက ရောက်အမည်ပေါက်တိုင်းရင်းသားတွေကြားထဲသာမက၊ အာရှလူမျိုးတွေထဲမှာတင် ကြက်ပျောက် ငှက်ပျောက်ပျောက်နေပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီဒုတိယပါတ်လောက်မှာ လက်ရှိ Biden Administration က Race/Ethnic နဲ့ပါတ်သက် ပြီးပိုမိုကျယ်ပြန့်လက်တွေ့ကျမဲ့ လူမျိုးစုအမည်များကောက်ခံရေးနဲ့ပါတ်သက်တဲ့ မေးခွန်းလွှာကို (၂၀၃၀)သန်းခေါင်စာရင်းလူဦးရေကောက်ခံမှုမှာပြောင်းလဲဘို့တာစူနေပါတယ်။ အမေရိကန်အစိုးရရဲ့ တသမတ်တည်းကျင့်သုံးတဲ့လုပ်ထုံးလုပ်နည်းတွေအရ၊ အိမ်ဖြူတော်ရဲ့ Office and Management and Budget (OMB) ကလူထုထံကနေကျယ်ပြန့်တဲ့အကြံြ့ုချက်များကိုစတင်ဖိတ်ခေါ်နေပါတယ်။ အမေရိကနိုင်ငံရဲ့ အခြေခံဥပဒေကပေးထားတဲ့ ပိုင်ခွင့်တရပ်ဖြစ်တဲ့ မိမိရဲ့ဇစ်မြစ်လက္ခဏာ (self-identification)ကို လွတ်လပ်စွာဖေါ်ကြူးခွင့်ဆိုတဲ့ပြဌာန်းချက်ကို ကျွန်တော်တို့မေ့လို့မရပါဘူး။ အဲ့ဒီ အတွက် census questionnaires တွေပြန်ကြားရာမှာမည်သူမဆိုမိမိတို့လူမျိုးစုများကိုလွတ်လပ်စွာ ချည်နှောင်မှုကင်းကင်းနဲ့ဖြည့်သွင်းခွင့်ရှိကြပါတယ်။ အဲ့ဒီအတွက် ကချင်ကလည်းကချင်၊ ချင်းကလည်း ချင်း၊ ကရင်ကလည်းကရင် စသဖြင့်လွတ်လပ်စွာဖြည့်သွင်းခွင့်ရကြပါမယ်။ အထက်မှာဆိုခဲ့တဲ့ OMB ရဲ့ အကြံပြုချက်ကို federalregister.gov မှာဝင်ရောက်အကြံပြုကြလို့လဲရပါတယ်။ အန္တိမရည်မှန်းချက် ကတော့ သန်းခေါင်စာရင်းကိုပြန်ဆိုကြရာမှာ မိမိတို့လူမျိုးစုကိုတိတိကျကျဖြည့်သွင်းသည့်အတိုင်းဆိုင် ရာ Census Bureau ကစာရင်းချုပ်ပြုစုရာမှာ မြန်မာနိုင်ငံနယ်နမိတ်အတွင်းနေထိုင်ကြသူတိုင်းရင်း သားအားလုံးဟာ ဘယ်လူမျိုးစုကမှမဟာအင်အားကြီးမဟုတ်ကြဘဲ၊ Burma (Myanmar) ဆိုတဲ့နိုင်ငံ နယ်နမိတ်အတွင်းကမွေးဖွားကြီးပြင်း၊ သက်ဆင်းပေါက်ဖွားကြသူတွေချည့်မဟုတ်ပါလား။ တန်းတူ ရည်တူရေးအခွင့်အရေးကို အမေရိကနိုင်ငံအတွင်းနေထိုင်နေသမျှကာလပါတ်လုံး သိက္ခာရှိရှိသာတူ ညီမျှရရှိကြရေးဘဲမဟုတ်ပါလ