Wednesday, November 11, 2020

မတူကွဲပြားသောနိုင်ငံရေးကြောင့်သပ်လျှိုသင်းကွဲခြင်း နှင့် မြန်မာကွန်မြူနတီ (မောင်မိုးညို)

 မောင်မိုးညိုတို့ငယ်စဉ်အတန်းကျောင်းသားဘ၀က အတန်းထဲမှာသင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းကိုလိုနီ ခေတ်ဗြိတိသျှ အင်ပါယာရဲ့ အုပ်ချုပ်ပုံစနစ်ဖြစ်တဲ့ Divide-and-rule ကိုသွားသတိရမိပါတယ်။ အမေရိ ကအပါအ၀င်ကမ္ဘာကြီးရဲ့ နိုင်ငံရေးရေစီးကြောင်းဟာ ပြီးခဲ့တဲ့လေးငါးနှစ်လောက်အတွင်းမှာသိသိသာ သာကြီးပြောင်းလဲသွားတာ ကိုကြည့်ရင်သိနိုင်ပါတယ်။ ဒီမိုကရေစီဆိုတဲ့စကားလုံးကိုတွင်တွင်ကျယ် ကျယ်သုံးလိုက်ပြီဆိုတာနဲ့ နိုင်ငံရေးဘက်လိုက်အားပြိုင်မှု (political polarization) ပေါ်ပေါက်လာတာ ကိုမဖြစ်မနေတွေ့ရပါမယ်။ တိုးတက်ပြီးဒီမိုကရေစီရှိပြီဆိုတာနဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအင်အားစု (သို့မဟုတ်)နိုင်ငံရေးပါတီတွေဟာ၊ မိမိတို့အား သန်ရာပါတီပေါ်လစီဘက်ကိုအခြေခံတဲ့ဘက်ကိုဆွဲ နိုင်သမျှဆွဲယူပြီး၊ မိမိတို့မျှော်မှန်းချက်ကိုရအောင်ဆောင်ရွက်ကြရပါတယ်။ ဒါဟာလုပ်ရိုးလုပ်စဉ်တွေ ပါ။ ဒါပေမဲ့မတူညီတဲ့နိုင်ငံရေး (သို့မဟုတ်)ယုံကြည်ချက်ကို ရအောင်ဆွဲယူကြရာမှာ အားပြိုင်ကြရင်း ကငြင်းကြခုန်ကြ တဖက်ကိုတဖက်ပြစ်တင်ရှုတ်ချကြတာတွေ ရှိလာတတ်ကြပါတယ်။ အဲ့ဒီကနေ မကြားဝံ့မနာသာ အမနာပ စစ်ထိုးစကားတွေပြောလာတာတွေထိ ရောက်လာတတ်ပါတယ်။ တဖက်နဲ့ တဖက်မယုံကြည်မှု၊ အပြစ်မြင်မှုတွေကြီးလာကြရင်းကနေ သပ်သျှို မှုတွေ၊ အုပ်စုဖွဲ့မှုတွေရှိလာတတ် ပါတယ်။ ဒါဟာ political division ပါ။ အဲ့ဒီအပေါ်မုတည်ပြီး အဲ့ဒီနိုင်ငံ ရေးအုပ်စုကိုထောက်ခံတဲ့ လူထု ကြားမှာသူ့ဖက်ကိုယ့်ဖက်အပြိုင်ပြစ်တင်ဝေဖန်မှုတွေ၊ လက်ညှိုးထိုး ပြောဆိုကြတာတွေရှိလာတတ်ပါ တယ်။ ဒါဟာpublic division ပါ။ ခုချိန် အမေရိကမှာ လက်ရှိနိုင်ငံရေးရေစီး ကြောင်းရဲ့ဂရက်ရိုက်ခတ် မှုဟာ အရှိန်အမြင့်ဆုံးအဆင့်အထိရောက်နေတဲ့အချိန်ဖြစ်နေပါပြီ။ Deep public divisionလို့ခေတ် ရေးလေ့လာကြသူအားလုံးကတညီတညွတ်တည်းသုံးသပ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့အလား အလာတော့မဟုတ်ပါဘူး။ အထူးသဖြင့်အစိုးရကဦးဆောင်ပြီးလူထုကြားမှာ သို့လောသို့လောဖြစ်စေမဲ့ အစွန်းရောက်ကိစ္စတွေပြောဖန်များလာရင် အဲ့ဒီလုပ်ဆောင်ချက်တွေဟာ လူထုကြားမှာသပ်လျှိုမှုကို ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ အစိုးရကဦးဆောင်တဲ့ သပ်လျှိုသင်းခွဲမှု ဟာ အဆိုးရွားဆုံးသော နိုင်ငံရေးဗျူဟာတခုပါ။ ကမ္ဘာ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် နာဇီဖက်ဆစ် စနစ်ကိုပုံသွင်းခဲ့တဲ့ဟစ် တလာဟာ ဂျုးလူမျိုးတွေဟာ အမှိုက်တွေ (rats) လို့ကင်ပွန်းတပ်ပြီး၊ ဂျူးလူမျိုး တွေဟာ ဂျာမန်တွေ ရဲ့တိုးတက်မှုစီးပွားဖြစ်ထွန်းမှုကိုဟန့်တားစေတဲ့ တစ်နံပါတ်ရန်သူလို့သတ်မှတ်ခဲ့ပါ တယ်။ အဖဂျာမဏီ နိုင်ငံတော်ကြီးပြန်လည်ပေါ်ထွန်းလာရေး (Third Reich) ကိုပုံဖေါ်ခဲ့တဲ့ဟစ်တလာ ဟာသူ့နောက် လိုက်တွေအတွက် အသက်တမျှတန်ဘိုးကြီးတဲ့ ကယ်တင်ရှင်အဖြစ်ယုံကြည်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ် ဟာ ခုချိန်မှာပြန်ခေါင်းထောင်လာပြီးကူးစက်ရောဂါအသွင်နဲ့ ကမ္ဘာကြီးကိုပျံ့နှံ့နေပါပြီ။

ဒီအဖြစ်တွေ အမေရိကရောက်မြန်မာတွေကြားဘယ်လောက်အထိဝင်ရောက်ကူးစက်နေလဲဆိုတာလေ့ လာကြရအောင်။ အမေရိကကိုရောက်လာကြသူအတော်များများဟာ ကျောထောက်နောက်ခံအခြေခံ မကောင်းဘဲရောက်မလာနိုင်ကြပါဘူး။ အားလုံးသောပြောင်းရွှေ့အခြေချကြသူတွေဟာ ထိုက်သင့်တဲ့ အရည်အသွေးနဲ့လုပ်ရည်ကိုင်ရည်မှာမခေကြသူတွေများပါတယ်။ နယ်စပ်ကနေပြောင်းရွှေ့အခြေချကြ သူတွေဟာဆိုရင်လဲ၊ အမေရိကနိုင်ငံတခွင်ပြည်နယ်တွေမှာ၊ အလုပ်ကြိုးစားပြီး၊ပြဿနာကင်းကင်း နေတတ်ကြတဲ့စရိုက်ကြောင့်၊ အလုပ်ရှင်တွေအတွက် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဖြစ်နေကြသူ များပါတယ်။ သို့သော်လည်း မြန်မာတွေရဲ့ပင်ကိုယ်သဘာဝဟာ ရှေးရိုးဆန်ကြသူများဖြစ်တဲ့အ လျောက် conservative အယူအဆဘက် ယိမ်းပါတယ်။ ဒါဟာ first generation အနေနဲ့ရောက် လာကြသူတွေပါ။ သူတို့ကပေါက်ဖွားလာ တဲ့2nd generation တွေကတိုးတက်တဲ့အတွေးအခေါ်ကို အားသန်တဲ့ progressive သို့မဟုတ် လွတ်လပ်သောအယူအဆ liberal ၀ါဒီရှိကြသူလူငယ်များ ဖြစ်ကြတာနဲ့အညီ နဲ့ဓလေ့ထုံးတမ်းအားပြိုင်မှု (ideological leverage) ရှိတတ်ကြပါတယ်။ ခေတ်လူငယ်များဖြစ်ကြယုံမက ဘာသာစကားပြောဆိုဆက်ဆံမှုမှာ မိဘများထက်တပန်းသာတဲ့ အတွက် ကိစ္စတိုင်းမှာခရီးပိုရောက်ပါတယ်။ ဒီအတွက် မိဘများနဲ့ သားသမီးများကြားမှာ ဆက်ဆံရေး ဟာမြန်မာမိသားစုများကြားထဲမှာနီးကပ်ခြင်းမရှိလှပါဘူး။ ဒါဟာပြောင်းရွှေ့အခြေချကြသူimmigrants တိုင်းလိုလိုမှာရှိတတ်ကြတဲ့လက္ခဏာတွေပါ။ ရှေးရိုးဆန်သူ (Conservatism) ရှိကြသူတွေနဲ့ liberal/progressive ဖြစ်ကြသူတွေကြားအားပြိုင်ကြရာမှာ၊ လူမျိုးဘာသာခြားများဖြစ်ကြတာနဲ့အညီ အယူအဆတွေကွဲပြားပါတယ်။ ဥပမာ- ခုလိုCovid-19ကာလမှာ face mask တတ်ကြရမှာကို ကျွန်တော်တို့မြန်မာတွေဝန်မလေးကြပေမဲ့၊ ဒီကိစ္စကမိမိတို့ရဲ့လွတ်လပ်မှုရဲ့အတားအဆီးလို့ ယူဆချက် ကွာခြားမှုဟာ လူဖြူတွေမှာရှိတတ်ကြပါတယ်။ ရှေးရိုးစွဲဝါဒီချင်းတူပေမဲ့ ဘာဖြစ်လို့ဒီလိုကွဲပြားရသလဲ? ရှင်းပါတယ်။ မွေးဖွားကြီးပြင်းရာလောကချင်းကွာခြားလို့ပါ။ အမေရိကလူမျိုးတွေဟာ အယူအဆပွင့် လင်းမှုကိုဦးစားပေးပါတယ်။ Opinionated ဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုကိစ္စဆိုရင်ဟိုလိုမဖြစ်နိုင် ဘူးလားဆိုတဲ့စောဒကတက်ဘို့ဝန်မလေးကြသူပါ။ ကျွန်တော်တို့မြန်မာတွေကတော့ မိဘမျိုးရိုးစဉ် ဆက်မိမိတို့ဘ၀တလျှောက်ယုံကြည်ခဲ့တဲ့ “ကြီးသူရဲ့စကားငယ်သူကပြန်မေးခွန်းမထုတ်ရ”ဆိုတဲ့ ဓလေ့ ကသွေးသားထဲရိုက်သွင်းထားပြီးသားပါ။ (2nd generations) တွေတော့မပါဘူးပေါ့။ ဒါကသူများကို ငြင်းလို့ရရင်ရမယ်။ ကိုယ်ကိုယ်ကိုတော့ငြင်းမရပါဘူး။ မကြာသေးခင်ကဘဲ သမ္မတထရမ့်ရဲ့တူမအရင်း Mary Trump ကသူမရဲ့ဦးကြီးဟာ ကျောင်းသားဘ၀ကSAT test လို့ခေါ်တဲ့ကောလိပ်အရည်အချင်း စစ်စာမေးပွဲကို သူ့သူငယ်ချင်းတယောက်ကိုငွေပေးပြီးဖြေဆိုဘို့ကြိုးစားကြောင်း၊ သူမရဲ့ “Too much and never enough: How my family created the world’s dangerous man”စာအုပ်မှာအတိ အလင်းထုတ်ဖေါ်ခဲ့ပါတယ်။ သူမဟာနာမည်ကြီးစိတ်ပညာရှင်တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မိသားစုရေးကိစ္စကိုဘာကြောင့်ဒီလိုအထုပ်ဖြည်ခဲ့လဲ၊ ဒါအမှန်ဘဲလားလို့ ကာယကံရှင်များသာသိနိုင်ပေ မဲ့ ဒီသတင်းကလူသိရှင်ကြားဖြစ်သွားခဲ့ပါတယ်။ သမ္မတရုံးကချက်ချင်းဘဲ ဒါဟာအလိမ်အညာသက် သက်ဘဲလို့ကြေငြာခဲ့တယ်လို့ကြားပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့၊ မိမိတို့သိမြင်ရာကို လူသိ ရှင်ကြားထုတ်ဖေါ်ပြောဘို့အမေရိကန်တွေဝန်မလေးဘူးဆိုတာကိုပြတာပါ။ ကျွန်တော်တို့မြန်မာတွေမှာ ငယ်ကျိုးငယ်နာဖေါ်တဲ့ဓလေ့မရှိပါဘူး။ မကြေနပ်ရင်နေမယ်၊ ဒီလိုတော့ လူကြားသူကြားထဲ ကိုယ့်ပေါင် ကိုယ်လှန်မထောင်းတတ်ကြပါဘူး။ မြန်မာစကားပုံတခုသွားသတိရမိပါတယ် -  “ပုပ်လို့ပေါ်၊ ဟုတ်လို့ ကျော်” ဆိုတာကိုပါ။ ဆိုလိုတာက ကျွန်တော်တို့မြန်မာတွေမှာရှိတဲ့ conservatism ဟာ မိမိတို့မျိုးရိုး စဉ်ဆက်ယုံကြည်လက်ခံခဲ့တဲ့အယူဓလေ့ကို ကိုထိမ်းတာပါ။ အမေရိကမှာရှိတဲ့အင်အားကြီးပါတီဖြစ်တဲ့ Republican Party ဟာဒီအပေါ်မှာအခြေတည်ပြီးထူထောင်ခဲ့တာပါ။ဒါ့ကြောင့်လည်း Great Old Party (GOP) လို့ထင်ရှားခဲ့တာကလား။  ဒါပေမဲ့ ခေတ်တွေကြာညောင်း လာတဲ့အခါမှာ၊ အမေရိက နိုင်ငံရဲ့မူဝါဒတွေဖြစ်တဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့စာနာထောက်ထားမှုတွေအပေါ် ကမ္ဘာနဲ့ အမေရိကနိုင်ငံ အတွင်းပြောင်းရွှေ့အခြေချကြသူတွေကို၊ အခွင့်ရေးယူမှုတွေရှိလာပါတယ်။ ဥပမာအားဖြင့်-ကုလသမဂ္ဂ အပါအ၀င်နိုင်ငံတကာအဖွဲ့အစည်းတွေကိုအမေရိကကနေထဲ့ဝင်ရတဲ့ရံပုံငွေထဲ့ဝင်မှုဟာနှစ်များစွာအများဆုံးဖြစ်ခဲ့ပါတယ်။ ကာလကြာတာနဲ့အမျှ တကမ္ဘာလုံးမှုရှိတဲ့ဒုက္ခသုက္ခမှန်သမျှကို အမေရိကက ခါးဆီးခံရတဲ့အဖြစ်ကိုရောက်မှန်းမသိရောက်လာတာကို၊ မူလတန်ဘိုးရှေးရိုးနည်းကိုထိမ်းသိမ်းလိုတဲံ အမေရိကနိုင်ငံသားတွေ မကြေနိုင်မချမ်းနိုင်ဖြစ်လာပါတယ်။ သမ္မတထရမ့်ပြောလေ့ရှိတဲ့ “They must put their fair shares” ဆိုတဲ့စကားကအမှန်ပါဘဲ။ ရေသာခိုလိုသူနိုင်ငံတကာအသိုင်းအ၀န်းရဲ့ဝန်ထုပ် ၀န်ပိုးဟာ အမေရိကနိုင်ငံသားအခွန်ထမ်းတွေရဲ့ပခုံးပေါ်ခွစီးလာတာအမှန်ပါဘဲ။ ထိုနည်းတူစွာဘဲ အမေရိကအတွင်းလွယ်လင့်တကူပြောင်းရွှေ့အခြေချနေကြတဲ့အိမ်နီးချင်းနိုင်ငံသားတွေimmigrants တွေ၊ အမေရိကနိုင်ငံအတွင်းတခါမှအလုပ်မလုပ်ပေမဲ့၊ အမေရိကနိုင်ငံကချပေးတဲ့အထောက်အပံ့တွေ အားလုံးဟာ အခွန်ထမ်းတွေရဲ့အိပ်ကပ်ထဲကဆိုတာကိုမြင်လာကြပါတယ်။ ကျွန်တော့တို့မြန်မာကွန်မြူ နတီကတော့ စရောက်တဲ့နေ့ကစပြီးခါးကော့အောင်အလုပ်လုပ်ကြရသူတွေများတော့ဒီအထဲပါလဲ အနည်းဆုံးအစိတ်အပိုင်းပေါ့။ ဒီလိုအဖြစ်တွေကိုတွေ့မြင်ပြီးမကြေနိုင်မချမ်းနိုင်ကြသူတွေဟာ၊ ဒီကိစ္စတွေကိုပယ်ဖျက်ပေးနိုင်မဲ့သူကိုတောင့်တချိန်မှာဒေါ်နယ်ထရမ့်လိုလူမျိုးပေါ်လာပါတယ်။ တုန်းတိုက်တိုက်၊ကြားကိုက်ကိုက်လုပ်တတ်သူမို့ ဘေးတီးရင်းသူ့ကိုပစ်ထောက်ခံခဲ့ကြတာပါ။ ဒါတွေအားလုံးကို အများကကြည့်ရင်မြင်ကောင်းအောင် စကားလုံးလှလှလေးတခုကိုသုံးလိုက်ကြပါ တယ်။ ဘာတဲ့- “America First”ပါ။ မြန်မာလိုအနက်အဓိပ္ပါယ်ဖွင့်ရရင်တော့ အမျိုးသားရေးဝါဒပါ။ အလွန်လူမြင်ကောင်းပြီး စွဲမက်စရာဝေါဟာရဖြစ်ယုံမက၊ ကျွန်တော်တို့မြန်မာတွေအတွက်သည်းချေ ကြိုက်ဝေါဟာရပါ။ ဒါပေမဲ့ အဲ့ဒီဝေါဟာရရဲ့နောက်ကွယ်မှာရှိတဲ့အကြောင်းရင်းခံအမှန်ကတော့ “ငါ”့အတွက်ဆိုတဲ့  (Self-centered) အယူအဆသက်သက်ပါ။ “မင်းကိုပေးကမ်းနေခဲ့တာတွေ၊ ငါဆက်မပေးနိုင်တော့ဘူး။ ပြန်ယူရမယ်”ဆိုတဲ့သဘောပါ။ အဲ့ဒီအတွက်အစိုးရအဆက်ဆက်က အခြေခံလူတန်းစားတွေ၊ မရှိဆင်းရဲလူများစုတွေကိုချပေးခဲ့တာတွေကို ပြန်ရုပ်သိမ်းတာတွေကို ဇောက်ချလုပ်ခဲ့တာတွေက ငြင်းမရတဲ့သာဓကတွေပါ။ သူကိုယ်တိုင်လည်းမိမိနဲ့မိမိနဲ့နီးစပ်တဲ့၊ မိသားစုအသိုင်းအ၀ိုင်းကိုတိုက်ရိုက်အကျိုးရှိမဲ့ကိစ္စတွေကို တရားဝင်ရောတရားမ၀င်နည်းတွေနဲ့သုံးလာ ပါတယ်။ သူ့ကိုထောက်ခံကြသူတွေကလည်း၊ ရတာချင်းအတူတူ၊ မင်းရတာငါလည်းသဘောတူတယ် ဆိုပြီးမျက်စေ့မှိတ်ထောက်ခံနေကြပါတယ်။ ဒါတွေဟာ မိမိအိပ်ကပ်ထဲကအများကိုဖဲ့ပေးနေကြရသူ အခွန်ထမ်းတွေတောင့်တနေတဲ့အဖြစ်တွေအကောက်အထည်ဖေါ်လာတဲ့အချိန်ပါ။ ဒါကဘာကိုဆိုလိုလဲဆိုတော့ ကျွန်တော်တို့မြန်မာတွေရဲ့ conservatism ဟာ ဒီမှာမွေးကြီးကြတဲ့ လူဖြူ conservatism နဲ့ အကွာကြီးကွာတယ်ဆိုတာကိုပြောချင်တာပါ။

ကဲ-အဲ့ဒီ deep public division ဟာ အမေရိကရောက်မြန်မာတွေထဲဘယ်လောက်ပျံ့နှံ့ကူးစက်နေပြီ လည်းဆိုတာကြည့်ကြရအောင်ပါ။ တလောကအမေရိကမှာနှစ်ပေါင်းဆယ်စုများစွာသားစဉ်မြေးဆက် နေထိုင်ပြီး၊ Republican Party ကိုအစဉ်တစိုက်ထောက်ခံယုံမက၊ ငွေကြေးရံပုံငွေထဲ့ဝင်တဲ့ မြန်မာ မိသားစုတခု ရဲ့ ဖြစ်အင်ကတကယ်စိတ်မကောင်းစရာပါ။ အသက်ကြီးရင့်လှပြီမို့၊ သူတို့ကျင်လည်တဲ့ ကွန်မြူနတီထဲကတွေ့ဆုံခင်မင်နေကျ အဖြူအချို့က သူတို့အပေါ်အမြင်ဆက်ဆံပုံတွေပြောင်းလဲလာပုံ တွေကိုဖေါက်သယ်ချပါတယ်။ မြန်မာပြည်ပေါက်တရုတ်လူမျိုးများဆိုပေမဲ့ Asian/Chineseထဲ အလို အလျောက်အကြုံးဝင်သွားတာမို့၊ ဆက်ဆံနေကျ လူဖြူအချို့က သူတို့အပေါ်ခနဲ့တဲ့စကားနဲ့ Chinese virus အကြောင်းရှေ့မှာပြောဆိုဝေဖန်တာကိုကြုံရလို့၊ ပထမတော့အနေကျုံ့ကြရာကနေ နောက်တော့ မင်းတို့ China မှာ retire မလုပ်ကြဘူးလားဆိုတဲ့ စကားတွေအထိရောက်လာပါတယ်။ မကြာခင်ဘဲ သူတို့မြန်မာ-တရုတ်စုံတွဲနဲ့မိသားစုချင်းရင်းနှီးသူအချို့ရဲ့အိမ်ရှေ့တွေမှာ You Asians go back home. You Chinese go back home ဆိုတာတွေစာလာချိတ်တော့ တော်တော်ရှက်ကြောက်ဒေါသဖြစ်လာ ကြရတယ် ပြောပါတယ်။ မရှက်ဘဲနေပါ့မလား။ လူသိရှင်ကြားကိစ္စကိုး။ ရဲစခန်းကိုသားသမီးများကတိုင်တော့၊ တိုင်ချက်ဖွင့်ပေးပြီး ပတ္တရောင်ပိုလှည့်ပေးပါမယ် လို့ပြောပါ တယ်။ အဲ့ဒီမိသားစုဟာ အခြား မြန်မာမိသားစုအထူအထပ်နေထိုင်ရာအိမ်တွေတောင်ခေတ္တလောက် ဖြစ်ဖြစ်ပြောင်းနေရမလားဆိုတဲ့အခြေအထိရောက်သွားတယ် ဆိုပါတယ်။ ဒီလိုအဖြစ်တွေ အမေရိကမှာ မြန်မာမိသားစုအချို့ကြုံတွေ့ကြရကြောင်းတဆင့်စကားတဆင့်နားကကြားရပါတယ်။ တချို့ဆိုရင်သားသမီးများက ဖက်ဒရယ်အစိုးရအရာထမ်းအဆင့်တွေပါ။ ရှက်တာ၊ လူသိမခံချင်တာ တွေကြောင့် ကြိတ်မှိတ်ပြီးပါးစပ်ပိတ်နေကြရသူတွေများလာပါပြီ။ မြန်မာတွေ လူမျိုးခြားတွေကြားထဲ သွားကြရရင် ဘေးဘီကြည့်နေကြည့်ပြောကြဘို့. အချင်းချင်းလက်တို့ရတဲ့ကာလထဲရောက်နေပါပြီ။ ဒါကောင်းတဲ့လက္ခဏာမဟုတ်ပါ။ အထူးသဖြင့် ဒီမိုကရေစီအထွန်းကားဆုံး၊ လွတ်လပ်တရားမျှတမှု အရှိဆုံးလို့စံပြုသတ်မှတ်ရတဲ့နိုင်ငံမှာ ကိုယ့်ဒူးကိုယ်ချွန်ဘ၀မှာရုန်းကန်ပြီးအခြေကျအောင်ကိုယ့်ဘ၀ ကိုယ်ထူထောင်နေကြရသူတွေချည့်ပါဘဲ။ 

ဒီကြားထဲမှာနိုင်ငံရေးပါတီအားသန်ရာဘက်ပေါ်မူတည်ပြီး တဖက်နဲ့တဖက်အပုပ်ချတာမိသားစု ချင်းထဲရှိနေပါပြီ။ မိတ်ဆွေသူငယ်ချင်းတွေကြားထဲရောက်နေပါပြီ။ လုပ်ဖေါ်ကိုင်ဖက်ချင်း အရင်ကနိုင် ငံရေးကိစ္စလွတ်လွတ်လပ်လပ်ဆွေးနွေးပြီး၊ အခင်မင်မပျက်နေနိုင်ကြပေမဲ့ ခုချိန်ရေငုံနှုတ်ပိတ်နေပါပြီ။ သမီးရည်းစားထားရင် သူ့ရဲ့နိုင်ငံရေးပါတီအားသန်မှုကဘာလဲဆိုတဲ့မေးခွန်းဟာအဓိကကျတဲ့စစ်တမ်း တခုဖြစ်မှန်းမသိဖြစ်နေပါပြီ။ အင်အားကောင်းတဲ့ လူမှုကွန်ယက်မှာ တယောက်နဲ့တယောက် ခနဲ့စကား၊ အမုန်းစကား၊ အမနာပစကားတွေလွှမ်းမိုးလာပါပြီ။ တဖက်သားမခံသာနိုင်တဲ့၊ ဆတ်ဆတ် ထိမခံနိုင်စရာ topics တွေ links တွေနဲ့ အတိုက်အခိုက်တွေများလာပါပြီ။ နှစ်များစွာအချင်မင်မပျက်၊ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတာတွေဆိတ်သုဉ်းပြီး၊ unfriend လုပ်ကြတာတွေ၊ block လုပ်တာတွေဟာ လူတိုင်းလက်ဖျားမှာ၂-ခါမစဉ်းဘဲလုပ်ကြတာတွေကျင့်သားရနေကြပါပြီ။ တယောက်နဲ့တယောက် မခေါ်နိုင်မပြောနိုင်တာတွေရှိလာပါပြီ။ တိုးတိုးတမျိုး၊ သွယ်ဝိုက်ပြီးတမျိုး ခနဲ့စကား၊ မေးငေါ့တဲ့စကား တွေပလူပျံနေပါပြီ။ ဒါတွေဟာအခုမြန်မာကွန်မြူနတီထဲမှာ မသိမသာကနေသိသိသာသာကြီး ဖြစ်နေပါပြီ။ အပြန်အလှန်လေးစားမှု မိတ်ဝတ်မပျက်မှုဆိုတဲ့လောကပါလ၀တ်တွေဆိတ်သုဉ်းစပြုနေ ပါပြီ။ patriotism နဲ့ self-center တို့ရဲ့ကွာဟာမှုကို ရောချဘို့ဝန်မလေးတဲ့သူတွေများလာပါပြီ။ ထိပ်ဆုံး ရှိတဲ့သူကအစ လိမ်ဘို့ညာဘို့ဝန်မလေးတော့တဲ့အတွက် “Who care!” တွေကြီးစိုးလာပါပြီ။ အိမ်လည် သွားမယ်ဆိုရင်တောင်၊ အဲ့ဒီသူကိုဖိတ်ရင်ဒို့မလာဘူးဆိုတာတွေတွေ့နေရပါပြီ။ မောင်နှမချင်းမခေါ်မ ပြောနိုင်သူတွေရှိနေပါပြီ။ တိုးတက်ထွန်းကားလာတဲ့သိပ္ပံနည်းပညာရဲ့မှန်ကန်မှုသဘောတရားကို ငြင်းဆန်ဘို့ဝန်မလေးကြတော့ ပါဘူး။ 

ဒါတွေဟာ အစွန်းနှစ်ဖက်ရဲ့ကွာဟမှုအတိုင်းအဆကိုအရှိန်နဲ့ချဲ့ထွင်နေချိန်ပါ။ ကျွန်တော်တို့သိတဲ့နား လည်ကြတဲ့ value of democracy, humanity နဲ့ equalityအထွန်းကားဆုံးလို့သတ်မှတ်ခံရတဲ့ အချိန် ကာလဟာ “ငါ”ဆိုတဲ့အတ္တကိုရှေ့ဆောင်တဲ့ခေတ်ကိုအပြင်းချီတက်နေပါပြီ။ ကိုယ့်ရဲ့နောက်ကြောင်းခံ၊ ရုပ်ရည်ရူပကာရသဘာဝကိုသိလျက်နဲ့ ဗျိုင်းယောင်ဆောင်ချင်ကြသူတွေ၊ အချို့သောမြန်မာ တွေအ သွင်ပြောင်းဘို့ကြိုးစားနေပါပြီ။ ဘ၀မေ့ဘို့ကြိုးစားနေကြပါပြီ။

မျှော်လင့်ပါတယ်…..ကျွန်တော်တို့မြန်မာတွေ “ဘုန်းကြီးတွေရူးကြချိန်မှာကိုယ့်လှေမလူးကြပါစေနဲ့” လို့။

Sunday, October 04, 2020

Affirmative Action (သို့မဟုတ်) လူမျိုးရေးနှင့်လူတန်းစားခွဲ့ခြားမှုဆန့်ကျင်ရေး

 Affirmative Action ဆိုတဲ့ဝေါဟာရကို မြန်မာဂဇက်နဲ့မြန်မာတိုင်းရင်းတွေမြင်ဘူးကြားဘူးကြပါလိမ့် မယ်လို့ယူဆရပါတယ်။ အမြဲတမ်းမဟုတ်တောင်တချိန်တခါခါမှာ အမှတ်တမဲ့တွေ့ဘူးကြားဘူးတဲ့ဝေါ ဟာရတခုဖြစ်ပေမဲ့ ကျွန်တော်တို့မြန်မာတွေ သိပ်အရေးမထားကြပါဘူး။ နားလည်ဘို့ခဲယဉ်းတဲ့ ဝေါ ဟာရတခုပါ။ ရှုတ်ထွေးလှတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ပြည့်နှက်နေရုံမက၊ နိုင်ငံရေးလွှမ်းမိုးရိုက်ခတ် မှုကြောင့် ကျွန်တော်တို့မြန်မာတွေကိုသာမက၊ အမေရိကနိုင်ငံမှာမွေးဖွားကြီးပြင်းကြသူတွေအတော် များများကတောင်နားမလည်နိုင်ကြပါဘူး။

ဒါပေမဲ့ဒီဝေါဟာရဟာ အမေရိကနိုင်ငံသာမကကမ္ဘာတ၀ှမ်းနေထိုင်ကြသူမြန်မာတွေအားလုံးနဲ့ တိုက် ရိုက်သက်ဆိုင်နေတယ်လို့ဆိုပါရစေ။ ဒါထက်ရှင်းအောင်ပြောပြရရင် မိမိတို့ကိုယ်တိုင်ဟာ ရောက်လေ ရာမည်သည့်အရပ်ဒေသ/နိုင်ငံမှာလူနည်းစုဖြစ်သွားပြီဆိုတာနဲ့ Affirmative Action ဟာ မိမိတို့ရဲ့နေ့ တဓူဝဘ၀တွေမှာ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်ပြီးတော့သော်၎င်းသက်ဆိုင်နေပြီဆိုတာကိုမီးမောင်း ထိုးပြပါရစေ။ Affirmative Action ကို လူမျိုးရေးနှင့်လူတန်းစားခွဲ့ခြားမှုဆန့်ကျင်ရေး လို့ဘာသာပြန်ဆို ရခြင်းဟာအကောင်းဆုံးသောအဓိပ္ပါယ်ပြန်ဆိုမှုတခုမဟုတ်ဆိုတာကိုတော့အရိုးသားဆုံးဝန်ခံပါရစေ။ သူ့ရဲ့ပဓါနကျတဲ့အနှစ်သာရကတော့ သမိုင်းစဉ်ဆက်လူနည်းစုဘ၀နဲ့နေထိုင်ခဲ့ကြရသူတွေရဲ့အပေါ်လူ မျိုးကြီးများကြီးစိုးတဲ့နိုင်ငံရဲ့လွှမ်းမိုးမှုကြောင့်၊ တန်းတူရည်တူဖြစ်တဲ့အခွင့်အလမ်းများတပြေးညီမရရှိ မခံစားကြရခြင်းဖြစ်ပါတယ်။ (Historically disadvantaged minority groups) အဲ့ဒီရုတ်လျော့ဆုံး ရှုံးခြင်းကိုတိုက်ဖျက်ကာကွယ်တဲ့အင်အားကို Affirmative Action လို့ဝေါဟာရဖြစ်တည်ခဲ့တာ ဒီနေ့ အထိပါဘဲ။

ဒါဆိုရင် ဒီလောက်ကောင်းတဲ့ပေါ်လစီကိုဘာဖြစ်လို့ဒီနေ့အထိငြင်းခုန်ကြ၊ အားပြိုင်နေကြရသလဲဆိုတဲ့ မေးခွန်းမေးစရာဖြစ်လာပါတယ်။

ဒီဝေါဟာရအင်အားစုစတင်ပေါ်ပေါက်ချိန်မှာ လူမျိုးစုငယ်များအပေါ်ခွဲခြားဆက်ဆံမှု၊ အခွင့်အရေးများ တန်းတူမပေးမှု၊ လူ့ဖြစ်လျက်နဲ့လူသားများရရှိခံစားအပ်တဲ့မွေးရာပါအခွင့်အရေးများဆုံးရှုံးမှုတွေ အတွက်မကြေချမ်းနိုင်ကြသူတွေဆန့်ကျင်တော်လှန်ရာမှ ဒီဝေါဟာရပေါ်ပေါက်လာရတာပါ။ ဒီခွဲခြား ဆက်ဆံမှုတွေကြောင့်ပညာသင်ယူခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနစ်နာမှု၊ နေ့တဓူဝကိစ္စတွေမှာ တူညီတဲ့အခွင့်အလမ်းများမရရှိမှုတွေက လူသားတိုင်းနေ့စဉ်ကြုံတွေ့နေရသလိုခံစားနေကြရပါတယ်။ ဒါပေမဲ့ခေတ်တွေစနစ်တွေနိုင်ငံတကာမှာပြောင်းလာတာနဲ့အမျှ Affirmative Action ကိုအဓိပ္ပါယ်ဖွင့် ဆိုချက်တွေချဲ့ထွင်လာသလို၊ အဓိပ္ပါယ်ကောက်ယူပုံတွေပြောင်းလဲလာပါတယ်။ နောက်ပိုင်းမှာ အချိုး ကျခွဲဝေရရှိမှုစနစ်ပုံစံတွေ၊ ကျား/မတန်းတူရည်တူရေး၊ အဆင့်မြင့်ပညာသင်ကြားခွင့်၊ ငွေရေးကြေးရေး နဲ့ နေထိုင်စားသောက်ရေးခွဲတမ်းတွေပုံစံပြုတာတွေပါထဲ့သွင်းခဲ့ကြပါတယ်။ အဲ့ဒီအတွက်များစွာသော အများကျိုး/ကိုယ်ကျိုးရေးဦးစားပေးကြသူတွေရဲ့လွန်ဆွဲအားပြိုင်မှုတွေရှိလာပါတယ်။ Affirmative Action စတင်ပေါ်ပေါက်ချိန်မှာ ရေပန်းစားပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဝေါဟာရဟာ ခုချိန်မှာတော့ အားပေးထောက်ခံသူတွေသိသိသာသာလျော့နည်းလာကြောင်းလူထုစစ်တမ်းတွကအတိအကျပြဆို နေတာတွေ့ရပါပြီ။ 

လက်ရှိအချိန်မှာကယ်လီဖိုးနီးယားအပါအ၀င်ပြည်နယ်(၈)ခုကသာ လုပ်ခွင်၊ ပညာသင်ကြားရေးနဲ့ အစိုးရလုပ်ငန်းတွေမှာ လူမျိုးရေးကိုအခြေခံတဲ့ခွဲတမ်းစနစ်ကိုကန့်ကွက်ထားပါတယ်။

ကိစ္စကခုချိန်မှာအမေရိကနိုင်ငံအတွင်းမြန်မာလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် မှာ ဇာတ်လမ်းစပါပြီ။ လာမဲ့နိုဝင်ဘာ(၃)ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်တွင်း နေမဲပေးခွင့်ရှိသူမြန် မာတိုင်းရင်းသာတိုင်းဟာ Proposition (16) လို့ခေါ်တဲ့ Affirmative Action လို့ခေါ်တဲ့ဆန္ဒမဲကိုသ ဘောတူမတူမဲပေးကြရပါတော့မယ်။ ဒီဆန္ဒမဲဟာကျွန်တော်တို့မြန်မာတိုင်းရင်းသားအားလုံးရဲ့သား စဉ်မြေးဆက်တို့ရဲ့လက်ရှိနဲ့အနာဂါတ်ဘ၀တွေကိုရုပ်လုံးဖေါ်ပေးမဲ့၊ အခွင့်ရေးခံစားခွင့်ရှိရေးမရှိရေး ကိုအဆုံးအဖြတ်ပေးမဲ့ကိစ္စမို့ အလွန်အရေးကြီးကြောင်းပါ။ လွန်ခဲ့တဲ့ (၁၉၉၆)ခုနှစ်က Proposition (209) အရကယ်လီဖိုးနီးယားက Affirmative Actionကိုဆန့်ကျင်ခဲ့ပါတယ်။ ဒါတွေဟာ လူမျိုးခြား လူနည်းစုအများဆုံးရှိတဲ့ကယ်လီဖိုးနီးယားမှာနေထိုင်ကြသူတွေက ဆန့်ကျင်ခဲ့တာမို့အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ စာဖတ်သူတွေထဲ ဒွိဟ ဖြစ်နိုင်စရာ၊ မေးခွန်းမေးစရာတွေရှိလာမယ်ဆိုတာယုံမှားဘွယ် မရှိပါ။ ဘာ့ကြောင့်ဒီအခြေဆိုက်ရပြီ လဲ။ လက်ရှိငြင်းခုံနေကြတဲ့ Affirmative Action ဟာအချက်(၃) ချက်ပေါ်မှာအခြေခံနေပါတယ်။

(က) လူမျိုးစုအရခွဲတမ်းချပေးမှုရဲ့ဥပဒေသအဓိပ္ပါယ်ဖွင့်ဆိုချက်၊

(ခ) လူမျိုးစုငယ်တွေအပေါ်သက်ရောက်နေတဲ့ လူမှုစီးပွားရေးအရအကျိုးသက်ရောက်မှု၊

(ဂ) မြန်မာအပါအ၀င်လူမျိုးစုငယ်များနှင့်လူဖြူလူမျိုးစုကြားပညာသင်ကြားရေးဆိုင်ရာပိုင်ခွင့်အခွင့် အရေးကွာဟမှု။

 

သမိုင်းကြောင်းခံ

Affirmative Action နဲ့ပါတ်သက်ပြီး (၁၉၆၁)ခုနှစ်မှာ ကွယ်လွန်သူသမ္မတကယ်နယ်ဒီကအစိုးရလုပ် ငန်းကိစ္စတွေမှာလူမျိုးရေးကိုအခြေခံပြီးခွဲခြားဆက်ဆံအကျိုးခံစားခွင့်မပေးရဆိုတဲ့အစိုးရအမိန့်ကိုပြ ဌာန်းခဲ့ပါတယ်။ (affirmative action to ensure that applicants are employed, and that employees are treated during employment, without regard to their race, creed, color, or national origin.) ဒီအမိန့်အရဒီနေ့လူသိများတဲ့ “Equal Employment Opportunity Commission (EEOC)” ပေါ်ပေါက်လာရတာပါ။ တခါ သွားလေသူသမ္မတဂျွန်ဆင်လက်ထက် (၁၉၆၄)မှာ Civil Rights Act 1964 ဥပဒေပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီဥပဒေက အခြေခံဥပဒေ ပုဒ်မကြီး Title VI နဲ့ VII တို့ကိုရောင်ပြန်ဟပ်ထင်ရှားစေပါတယ်။ အဲ့ဒီဥပဒေနဲ့ကော်မရှင်ကြီးတို့ရဲ့စောင့်ကြပ်မှုအောက်မှာ ဖက်ဒရယ်အစိုးရအဖွဲ့အစည်းတိုင်းဟာ ဥပဒေပြဌာန်းချက်ကိုတသွေမတိမ်းလိုက်နာကြရတာဒီနေ့ အထိပါ။ ချဲ့ထွင်လာတဲ့ဥပဒေရဲ့ပြဆိုချက်အဓိပ္ပါယ်ဖွင့်ဆိုပုံတွေဟာ နောက်ပိုင်းမှာပိုမိုရှုတ်ထွေးလာယုံ မကအစွန်းရောက်အားပြိုင်မှုတွေ၊ တရားခွင်တက်ရောက်မှုတွေရှိလာပါတယ်။

ပထမဦးဆုံးနဲ့အထင်ရှားဆုံးတရားခွင်မှုတခုကတော့ကယ်လီဖိုးနီးဟားမှာ(၁၉၇၈)ခုနှစ်ကစတင်ဖြစ်ခဲ့ တာပါ။ Regents of the University of California v. Bakke, 1978 ကိစ္စမှာ Allen Bakke ဆိုသူလူဖြူတစ်ဦးကို University of California ဆေးကောလိပ်မှာတက်ရောက်ခွင့်ကိုငြင်းပါယ်ရာက စခဲ့တာပါ။ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က(၁၆%)သောလူနည်းစုတွေအတွက်ကိုလူမျိုးစုငယ်တွေအ တွက် အထက်မှာဖေါ်ပြတဲ့တည်ဆဲဥပဒေအရခွဲတမ်းချစနစ်အရ Allen ဟာအခြားတက်ရောက်ခွင့်ရှိ သူလူမျိုးစုငယ်တစ်ဦးဦး(သူ့ထက်အမှတ်score နည်းတဲ့) ကိုနေရာဖယ်ပေးရတာပါလို့စောဒကတက်ခဲ့ ပါတယ်။ အဲ့ဒီအမှုကဖက်ဒရယ် တရားရုံးချုပ်ကိုရောက်ရှိသွားတဲ့အချိန်မှာ၊ လူဖြူဖြစ်တဲ့အတွက် ကြောင့်ထဲ့သွင်းစဉ်းစားခြင်းဟာလည်း အခြေခံဥပဒေကိုသွေဖီရာရောက်ပြီး၊ လူတန်းစားခွဲနည်းအဖြစ် အဓိပ္ပါယ်သက်ရောက်စေတဲ့အတွက် Allen ကိုအနိုင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး တက္ကသိုလ် ကောလိပ်များဟာ လူတန်းစားခွဲခြားခြင်း မရှိဆိုတဲ့ race-neutrality အဖြစ်သက်သေမထူနိုင်သရွေ့ ခွဲခြားနေရာပေးခြင်းမပြုရဆိုတဲ့ တာဝန်ကို တာဝန်ယူကြဘို့နောက်ဆက်တွဲတာဝန်ရှိလာကြပါတယ်။ နောက်ပိုင်းမှာအခြားအားပြိင်မှုတွေနည်းမျိုး စုံနဲ့ရှိခဲ့ပါတယ်။ အဓိကအားပြိုင်မှုကတော့အဆင့်မြင့် ပညာသင်ကြားခွင့်ဖြစ်တဲ့ကောလိပ်ကောင်းတွေ မှာတက်ရောက်သင်ကြားခွင့်ကိစ္စပါ။

လက်ရှိအခြေအနေ

ကမ္ဘာကျော် Pew Research ရဲ့ ၂၀၁၉၊ ဖေဖေါ်ဝါရီလသုတေသနပြုချက်အရကောလိပ်ဝင်ခွင့် တွေကို စဉ်းစားရာမှာ Affirmative Actionကိုသုံးပြီး လူမျိုးစုခွဲတမ်းမပြုသင့်လို့ သဘောထားဆန္ဒရှိသူစစ်တမ်း အရ -

(က) ၇၃%က လူမျိုးစုအရခွဲတမ်းမပြုလုပ်ရေး။

(ခ) ဒီထဲမှာ (၇၈%) ကလူဖြူတွေပါ။

(ဂ) အာရှသားဦးရေ (၈၅%)ကလည်းမပြုလုပ်ရေး။

(ဃ) Democrats (၆၃%) ကလည်းမပြုလုပ်ရေး။

(င) Republicans (၈၅%) ကလည်းမပြုလုပ်ရေး။

တခါအဲ့ဒီထုတ်ပြန်ချက်မှာဘဲအမေရိကနိုင်ငံတ၀ှမ်းမှာ လူမျိုးရေးကိစ္စဟာအကြီးအကျယ်ဆုံးထိလွယ်ရှ လွယ်ပြဿနာဖြစ်နေကြောင်း(၆၅%)က၀န်ခံကြပါတယ်။ (၅၉%)က လူဖြူတယောက်ဖြစ်ရတဲ့အ တွက်အမေရိကမှာရရှိခံစားခွင့်ပိုမိုကောင်းမွန်သာလွန်ကြောင်းပြကြပါတယ်။ စိတ်ဝင်စားစရာကတော့ Asians (၇၃%)ကအဲ့ဒီအချက်ကိုထောက်ခံထားပါတယ်။ (၅၆%)သော်ပြည်သူကလူမျိုးရေးကိစ္စကို လက်ရှိသမ္မတထရမ့်ကကိုင်တွယ်ရာမှာအားနည်းကြောင်းထောက်ပြခဲ့ပြီး၊ သမ္မတဟောင်းအိုဘားမား လက်ထက်မှာ လူမျိုးရေးကိုင်တွယ်မှုအားနည်းကြောင်း(၂၇%)သာရှိခဲ့ကြောင်းနှိုင်းယှဉ်ထားပါတယ်။

Pew Research က (၂၀၁၇ စက်တင်ဘာ)ထုတ်ပြန်ချက်မှာ Asian လူဦးရေတိုးနှုန်းဟာ (၂၀၀၀)နဲ့ (၂၀၁၅)ခု နှစ်အကြား (၇၂%)ရှိခဲ့ပြီး မြန်မာတိုင်းရင်းလူဦးရေဟာတိုးတက်မှုအရှိဆုံးနှုန်းရှိတယ်လို့ဆို ပါတယ်။ အဲ့ဒီအတွက်လာမဲ့ (၂၀၅၅)ခုနှစ်နောက်ပိုင်းမှာ Asians လူဦးရေဟာအမေရိကမှာ Hispanic ကိုကျော်ဖြတ်ပြီး ဖြစ်လာနိုင်ကြောင်းဟောကိန်းထုတ်ထားပြီး၊ (၃၈%)သောimmigrants တွေဟာ Asians တွေဖြစ်လာပါလိမ့်မယ်။ ဒီအထဲမှာလက်ရှိပြည်ပဖွားမြန်မာတိုင်းရင်းသားဦးရေ(highest foreign-born share)ဟာ (၈၅%)ရှိကြောင်းစိတ်ဝင်စားဘွယ်တွေ့ရပါတယ်။ ထို့အပြင်ပျမ်းမျှနှစ် ပါတ်လည်ဝင်ငွေဟာ မြန်မာတိုင်းရင်းသားတွေထဲမှာ ($၃၆၀၀၀)ရှိတယ်လို့ဆိုပါတယ်။ (၂၀၁၅)စစ် တမ်းအရ အမေရိကတနိုင်ငံလုံးကတက္ကသိုလ်ဘွဲ့ရသူ(၁၉%)ရှိချိန်မှာ၊ Asiansတွေက(၃၀%)ရှိပြီး၊ မြန်မာတိုင်းရင်းသား (၁၇%)ကအမေရိကနိုင်ငံကဘွဲ့တွေရရှိထားပါတယ်။ ဒီအခြေခံကိန်းဂဏန်းတွေ ဖေါ်ပြရတဲ့အကြောင်းရင်းကတော့ နောင်လာမဲ့အနာဂါတ်မှာတိုးပွားလာမဲ့ အမေရိကရောက်မြန်မာတွေ အတွက် အနာဂါတ်မျိုးဆက်သစ်တွေအတွက် မှန်ကန်တဲ့ Affirmative Action အဆိုပြုချက်ရှိနေဘို့လို ပါတယ်။

Affirmative Action နှင့်ပါတ်သက်၍လက်ရှိအဆိုပြုချက်နှင့်ထဲ့သွင်းစဉ်းစားသင့်သောအချက်များ

ကယ်လီဖိုးနီးယားပြည်နယ်တွင်းမှာနေထိုင်ကြသူမြန်မာများအတွက်လာမဲ့အထွေထွေရွေးကောက်ပွဲမှာ Proposition (16) အတွက်ထိုက်သင့်တဲ့အထောက်အကူဖြစ်နိုင်စရာအချက်များကို တင်ပြပေးပါမယ်။

(၁) ဒီဥပဒေအသက်ဝင်ခြင်းကြောင့်ပြည်နယ်ဘဏ္ဍာမှာတိုက်ရိုက်နည်းနဲ့အပြောင်းအလဲသက်ရောက်မှု မရှိနိုင်ပေမဲ့ ဆိုင်ရာဒေသအလိုက်မှာတော့ ပြောင်းလဲမှုနယ်ပယ်ကိုလိုက်ပြီးသွယ်ဝိုက်သောနည်းအား ဖြင့်သက်ရောက်မှုရှိနိုင်ပါမယ်။(Fiscal responsibility)

(၂) လက်ရှိအသက်ဝင်နေသေးတဲ့ပြည်နယ်အခြေခံဥပဒေအရ၊ လူမျိုးရေးကိုအခြေခံပြီးလူမျိုးစုခွဲတမ်း နေရာသတ်မှတ်ခြင်းအလျင်းမရှိတဲ့အတွက်၊ ကိုယ်ကြိုးစားလို့အရည်အချင်းရှိရင်ကိုယ်ရမယ်ဆိုတဲ့သ ဘောရှိနေပါတယ်။ Proposition (16) အတည်ဖြစ်ရင်ခွဲတမ်းစနစ်ရှိသွားပါမယ်။ ဒါပေမဲ့ဖယ်ဒရယ်ရဲ့ တည်ဆဲဥပဒေအရ လူမျိုးစုငယ်ဖြစ်တဲ့အတွက်မတရားဇောင်းနင်းနစ်နာစေနိုင်တာကိုတားဆီးပညတ် ထားတဲ့တားမြစ်ချက်ရှိနေ ကြောင်းပါ။ သို့သော်လည်းလူမျိုးစုငယ်တွေအတွက်ကောလိပ်များက ပံ့ပိုးထောက်ပံ့တဲ့အကူassistance programတွေဖေါ်ဆောင်ပေးထားပါတယ်။ diversity ကိုဦးစားပေး အမှတ်ပေးပါတယ်။

(၃) Proposition (16) ကကျား/မတန်းတူရေးနဲ့ လုပ်ခွင့်အပါဝင်ခံစားခွင့်တန်းတူရေးကိုဦးစားပေးထား ပြီး၊ ခွဲတမ်းစနစ်ကိုတော့မကျင့်သုံဘူးလို့ငြင်းထားပါတယ်။  အဓိကကတော့ လက်ရှိထရမ့်အစိုးရ ကြောင့်လူဖြူ/မဲပြဿနာကြီးထွားလာမှု၊ အမျိုးသမီးများအဖိနှိပ်ခံရမှု၊ အစိုးရလုပ်ခွင်တွေcontract တွေမှာ အမျိုးသမီးတွေကိုနေရာမပေးမှုတွေကိုတွန်းလှန်ဘို့အတွက်ပေါ်ပေါက်လာရတဲ့ အဆိုပြုချက်ပါ။

(၄) လက်ရှိအခြေအနေမှာ အမေရိကရောက်မြန်မာတွေဟာ ကြိုးစားရင် ကြိုးစားတဲ့အလျောက်ကော လိပ်ကောင်းတွေတက်ခွင့်ရနေကြပါတယ်။ မြန်မာလူဦးရေဟာလက်ရှိမှာ Asians တွေရဲ့အသေးငယ် ဆုံးအစိတ်အပိုင်းအဖြစ်သာရှိနေသေးပြီး၊ ခုရာစုအတွင်းမှာသိသာထင်ရှားတဲ့လူဦးရေတိုးနှုန်းရှိနေသေး ပေမဲ့ ကြီးမားတဲ့ပြောင်းလဲမှုမရှိနိုင်သေးဘူးလို့မြင်ပါတယ်။

(၅) Racism ဟာလက်ရှိအချိန်မှာ အမေရိကမှာအဓိကနေရာမှာရှိတဲ့လူမျိုးရေးမုန်းတီးမှုပြဿနာဖြစ် နေပါတယ်။ အထူးသဖြင့် Covid-19ကြောင့်လူမျိုးရေးပစ်မှတ်အဖြစ်သတ်မှတ်ခံနေရချိန်မှာ၊ မြန်မာ တွေဟာကြားညပ်မှန်းမသိကြားညပ်နေပါတယ်။ “You, Asians go back home!” ဆိုတဲ့လက်ညှိုး ငေါက်ငေါက်ထိုးအပြောခံရတာတွေ၊ လုပ်ခွင်နဲ့စာသင်ကြောင်းမှာမသိမသာဘဲဖြစ်ဖြစ်၊ သိသိသာသာ ဘဲဖြစ်ဖြစ်အချင်းချင်းခနဲ့ခံရတာတွေ၊ လူမျိုးရေးမျက်စေ့နဲ့အကြည့်ခံရတာတွေ၊ အိမ်တွင်း/ရှေ့မှာ ကိုယ်ထိလက်ရောက်စော်ကားပြောဆိုတွေ၊ အမှတ်အသားပြုတာတွေ ရေရေလည်လည်ခံနေရချိန်ပါ။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ immigrant visaပိတ်ပင်ခံရတဲ့အာရှနိုင်ငံ(၂)ခု (နောက်တခုက မြောက်ကိုရီးယားပါ) ထဲကတခုဖြစ်နေပါတယ်။ ကျွန်တော်တို့မြန်မာတွေထဲမှာ Republican GOPကို ထောက်ခံကြသူတွေလည်း၊ လက်ရှိသမ္မတကိုမျက်စေ့မှိတ်ထောက်ခံနေကြရပေမဲ့၊ ရင်ထဲကတော့အ တော်ခံစားနေကြရတဲ့အချိန်ပါ။ ဒါတွေကိုထောက်ကြည့်ရင် လူမျိုးရေးကိစ္စဟာမြန်မာ တွေပေါ်မှာသိ သာတဲ့သက်ရောက်မှုရှိနေပါတယ်။

(၆) ဒီအတွက် Affirmative Action ကိုစဉ်းစားရာမှာ ပညာရေးအဆင့်မြင့်ရရှိနိုင်မှုနဲ့လူမှုစီးပွားရေးတိုး တက်ရရှိနိုင်မှုအခွင့်အရေးတို့ဟာ တခုနဲ့တခုရောင်ပြန်ဟပ်နေပေမဲ့၊ ဥပဒေပြဌာန်းသတ်မှတ်ချက်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုကကျွန်တော်တို့မြန်မာတွေအပေါ်တော်သက်ရောက်နိုင်ပါတယ်။ (၂၀၁၂)ခုနှစ် National Bureau of Economic Research ရဲ့သုတေသနပြုထုတ်ပြန်ချက်အရ University of California တက္ကသိုလ်တွေမှာလူမျိုးစုငယ်တက်ရောက်ခွင့်ဦးရေနှစ်စဉ်တိုးတက်မှု (၄.၄%)ရှိခြင်းနေ ခြင်းဟာ Affirmative Action တားဆီးထားလို့လို့ဆိုပါတယ်။ သို့သော်လည်း Hoover Institute ရဲ့ စစ်တမ်းမှာတော့လုပ်ခွင်နဲ့စီးပွားရေးလုပ်ငန်းတွေမှာ လူဖြူလူလတ်တန်းစားတွေဟာ သူတို့ရဲ့ပညာ နောက်ကြောင်းဘယ်လိုပင်ရှိသော်ငြားလဲဘဲ၊ အခြားလူမျိုးစုငယ်တွေထက်နေရာကောင်းရနေကြောင်း ထောက်ပြထားပါတယ်။

Affirmative Action ဟာအမေရိကလိုနိုင်ငံကြီးတွေမှာသာမက၊ အခြားနိုင်ငံတွေမှာရှုတ်ထွေးပွေလီ ပါတယ်။ နိုင်ငံရေးအရိပ်မဲလွှမ်းမှုကအဓိကအကြောင်းအရာပါ။ ကျွန်တော့အမြင်ကတော့ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Affirmative Actionတားဆီးထားမှုဟာ အမေရိကရောက်မြန်မာတွေ အတွက်တိုက်ရိုက်သက်ရောက်မှုမရှိသေးပါ။ နောင်မြင်သာလောက်တဲ့အနာဂါတ်မှာလည်းထင်ရှားသိ သာတဲ့သက်ရောက်မှုမရှိနိုင်သေးပါ။ Proposition (16) အသက်ဝင်လာရင်ရောဘယ်လိုသက်ရောက် မှုရှိနိုင်မလဲဆိုတာမသိနိုင်ပါ။ ဒီအဆိုပြုချက်ဟာ လက်ရှိအမေရိကမှာဖြစ်ပွားနေတဲ့လူမျိုးရေးကြောင့် လုပ်ခွင်စီးပွားရေးကိုဆန့်ကျင်လိုတဲ့အခြေခံပေါ်မှတင်သွင်းခြင်းဖြစ်တဲ့အတွက်ကြောင့် မြန်မာတိုင်းရင်း သားလူငယ်များပညာရေးကိုဘယ်လိုသက်ရောက်မယ်ဆိုတာမသိနိုင်ပါ။ ခွဲတမ်းစနစ်ကိုမသုံးဘူးလို့ဆို ထားပေမဲ့ ဘယ်ပုံစံနဲ့သွားမလဲဆိုတဲ့အချက်ကို သိနိုင်ဘို့အလွန်ခဲယဉ်းပါတယ်။ 

အရေးကြီးတာကတော့ ကျွန်တော် တို့မြန်မာတိုင်းရင်းသားတွေထဲမိမိတို့ကိုယ်ကိုမိမိတို့ Democrats (သို့မဟုတ်)Republicanဘယ်လိုဘဲသတ်မှတ်ပါစေ၊ ပကတိမျက်စိညဏ်အမြင်ကိုသုံးပြီး Proposition (16) ကိုထောက်ခံရေးမထောက်ခံရေးကို နက်နက်နဲနဲစဉ်းစားကြပါလို့။.        ။