Wednesday, February 22, 2023

၂၀၂၁ American Community Survey (ACS) ကပြဆိုသော မြန်မာလူမျိုးစုတို့၏လူမှုစီးပွားရေးဆိုင်ရာညွှန်ပြကိန်းမျ

 ၂၀၂၀ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကြီးပြီးမြောက်အောင်မြင်သွားတာ ခုဆို(၃)နှစ်တင်းတင်း ပြည့်ပါတော့မယ်။ ၂၀၁၀ သန်းခေါင်စာရင်းတုံးက မြန်မာလူဦးရေစစ်တမ်း head counts ကိုနောက် တနှစ်(၂၀၁၁)နှစ်နှစ််လယ်လောက်မှာ အမေရိကန်လူထုကတရားဝင်သိရှိခွင့်လေ့လာခွင့်ရခဲ့ကြပေမဲ့၊ ခု (၂၀၂၀)စာရင်းကတော့ ခုထိသိခွင့်မရကြသေးပါဘူး။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လူမျိုးခြားများရဲ့ immigration ကိုစိစစ်ကောက်ခံမယ်ဆိုတဲ့ကြွေးကြော်သံကြောင့် အဲ့ဒီသန်းခေါင်စာရင်း ကောက်ခံမှု ကိုပြန်ကြားပေးတဲ့သူတွေအတော်သိသိသာသာယုတ်လျော့သွားတယ်ဆိုတဲ့ သတင်း ဟာထိမ်းမနိုင် သိမ်းမရပျံ့နှံ့ခဲ့ကြတာကိုသတိရကြမယ်ထင်ပါတယ်။ အခြားနိုင်ငံရေးဖိအားပေးခဲ့မှုများကြောင့် (၂၀၂၀) သန်းခေါင်စာရင်းရဲ့တိကျမှန်ကန်နိုင်မှုကို တတ်ကြွမ်းတဲ့ပညာရှင်တွေကကြီးစွာသံသယဖြစ်ခဲ့ကြပါ တယ်။ အဲ့ဒီဂယက်နဲ့အတူများစွာသောဌာနတွင်းနောက်ကျမှု (Covid-19 ကြောင့် နှောင့်နှေးမှုများက လည်းအဓိကကျတဲ့အ ကြောင်းရင်းခံတခုပါ။) တွေကြောင့် (၂၀၂၀)သန်းခေါင်စားရင်းစာရင်းချုပ်ကို မဲဆန္ဒနယ်အပေါ်အခြေခံ တဲ့ demographic redistricting အတွက်ဦးစားပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် (၂၀၂၂)နှောင်းပိုင်း Census Bureau ရဲ့ product schedule အရတော့ မြန်မာလူမျိုးအပါအဝင် လူမျိုး စုအသေးစိပ် demographic data ကိုတော့ ခု (၂၀၂၃၊ သြဂုတ်လောက်)မှထုတ်ပြန်နိုင်လိမ့်မယ်လို့ ပြဆိုထားပါတယ်။

၀မ်းသာစရာအချက်တခုကတော့ (၁)နှစ်တကြိမ်၊ (၅)နှစ်တကြိမ် စစ်တမ်းကောက်ယူခြင်းတခုဖြစ်တဲ့ American Community Survey (ACS) ဟာလူမှုစီးပွားဘဝကိုထဲထဲဝင်ဝင်ဖေါ်ပြနိုင်တဲ့အပြင်၊ အစိုးရ. ဌာနများ နဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကအလွန်အားထားရတဲ့စစ်တမ်းကြီးအဖြစ်ရှိနေတာနှစ်အ တော်ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၁၊ဇွန်လထုတ် “မြန်မာဂဇက်”မှာလည်း(၂၀၂၁)မတိုင်မှီ မှာထုတ်ဝေခဲ့တဲ့ (၁)နှစ်နဲ့(၃)နှစ်ပါတ်လည် မြန်မာလူမျိုးစုရဲ့စစ်တမ်းကိုဖေါ်ပြခဲ့ပါတယ်။

ဒီလဆောင်းပါးမှာခုနောက်ဆုံး(၂၀၂၁)ကစနစ်တကျစစ်တမ်းကောက်ယူထုတ်ပြန်ခဲ့တဲ့အချက်အ လက်များကိုတင်ပြပါမယ်။ ကြိုတင်သိသင့်တဲ့အချက်ကတော့ ACS ဟာ လူဦးရေစုစုပေါင်း(၃.၅ သန်း) ကိုသာကောက်ခံတဲ့ ပြန်တမ်းဖြစ်ပါတယ်။ လူတိုင်းစေ့ head count မဟုတ်ပါဘူး။ ဒါပေမဲ့သူ့ရဲ့ projected အချက်အလက်တွေဟာ (၁၀)နှစ်တကြိမ်ကောက်ခံတဲ့သန်းခေါင်စာရင်းကောက်ခံမှုလိုမတိ ကျပေမဲ့အဲ့ဒီကိန်းဂဏန်းတွေဟာလက်တွေ့နယ်ပယ်မှာအသုံးအလွန်ဝင်လှတဲ့ scientific tool တခုဖြစ် နေတာကတော့ထင်ရှားပါတယ်။ 

နောက်ဆုံးထုတ်ပြန်တဲ့ ACS ကပြဆိုတဲ့အောက်ပါဇယားကိုအချိန်ယူလေ့လာစေချင်ပါတယ်။ Census Bureau ကြီးက မကြခဏဆိုသလိုခေတ်ရဲ့ေြ့ပာင်းလဲနေတဲ့ရေစီးကြောင်းတွေပေါ်မူတည်ပြီး “ပုံပြင်များ” (stories) များဖေါ်ပြလေ့ရှိပါတယ်။ ပုံပြင်များဆိုပေမဲ့ယုံတမ်းပုံပြင်များမဟုတ်တာကိုနားလည်ကြစေ ချင်ပါတယ်။ ဥပမာ-ကုန်စျေးနှုန်းကြီးမားမှု၊ စက်သုံးဆီရှားပါးမှုရဲ့ရလာဒ်ကြောင့်လူထုအတွင်းသက် ရောက်မှုတွေကိုဖေါ်ပြတဲ့ကိန်းဂဏန်းလိုမျိုးတွေ၊ LGBTQ လိုဒေသအလိုက်ခံစားနေကြရတဲ့နစ်နာမှူု တွေစသဖြင့်တွေဟာ stories များလို့ဆိုပေမဲ့အချက်အလက်တွေရဲ့ထူးခြားမှုူကိုပေါ်ပေါ်လွင်လွင် ချယ်မှုန်းပြနိုင်နေပါတယ်။ 

အခုဖေါ်ပြမဲ့ အမေရိကနိုင်ငံတွင်းအခြေချနေထိုင်သူအပါအဝင်၊ ခနလာရောက်လည်ပါတ်ကြသူတွေ၊ ကျောင်းလာနေကြသူတွေ၊ ဖြစ်တဲ့မြန်မာလူမျိုးစုတွေရဲ့ ထူးခြားတဲ့ကိန်းဂဏန်းညွှန်းပြချက်များကို သေသေခြာခြာလေ့လာရင် စိတ်ဝင်စားဘွယ်တွေ့ရမှာဖြစ်ပါတယ်။

နောက်လမှာလည်းဒီအညွှန်းကိန်းများကို ပိုမိုထင်ရှားစေနိုင်မဲ့နှိုင်းယှဉ်မှုတွေ၊ သင်္ခန်းစာယူသင့်တာ တွေကိုဆက်လက်တင်ပြပေးဘို့ရှိပါကြောင်းကြိုတင်အသိပေးပါရစေ။


American Community Survey (ACS 1 year) မြန်မာလူဦးရေစစ်တမ်းကောက်ယူမှု လူမှုစီးပွားရေးဆိုင်ရာ ခြုံငုံလေ့လာချက်အညွှန်းကိန်းများ (၂၀၂၁ ခုနှစ်)

စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအဝင်) ၂၄၈,၈၂၂ - ဦး

အိမ်ထောင်စုပေါင်း ၆၁,၆၂၂ - ခု

မိသားစုပေါင်း% ၈၅.၃%

ကျား/မအချိုး% ၅၁.၅ % / ၄၈.၅%

အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါ၀င်ဦးရေ ၃.၉၄ - ဦး / ၄.၂၈ - ဦး

လက်ထပ်ထိမ်းမြားထားသူမိသားစု% ၆၄.၂ %

အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း ၁၂.၁ %

အသက်အရွယ်လိုက်လူဦးရေ% ၅-နှစ်အောက်   = ၉ %

၅ မှ ၁၇နှစ်       = ၂၅%

၁၈ မှ ၂၄ နှစ်    = ၁၀%

၂၅ မှ ၃၄ နှစ်    = ၁၈%

၃၅ မှ ၄၄ နှစ်    = ၁၇%

၄၅ မှ ၅၄ နှစ်    = ၁၁ %

၅၅ မှ ၆၄ နှစ်    = ၅%

၆၅ မှ ရ၄ နှစ်    = ၄%

၇၅နှစ်နှင့်အထက်= ၂%

အိမ်ထောင်ရေးအခြေပြ% (က) လူပျိုလူလွတ်                = ၃၅.၅%

(ခ) လက်ရှိအိမ်ထောင်ရှင်များ   = ၅၄.၆%

(ဂ) သီးခြားစီနေလင်မယား      = ၁.၈%

(ဃ) အိမ်ထောင်ကွဲ                = ၃.၆%

(င) မုဆိုးဖို/မ                        = ၄.၅%

ကျောင်းအပ်နှံမှုအခြေပြ% (က) မူကြိုကျောင်း                      = ၃.၉ %

(ခ) အခြေခံပညာ (၁၂)တန်းအထိ   = ရ၆.၅%

(ဂ) ကောလိပ်နှင့်ဘွဲ့လွန်တန်းများ   = ၁၉.၇ %

ပညာသင်ကြားဘွဲ့ရမှုအခြေပြ% (က) အခြေခံပညာ အဆင့်              = ၄၆.၈%

(ခ) တက္ကသိုလ်ဝင်တန်း အဆင့်       = ၁၈.၇%

(ဂ) ဘွဲ့ကြို Associate degree        = ၁၁.၆%

(ဃ) အခြေခံ Bachelor degree       = ၁၅.၂%

(င) ဘွဲ့လွန် post-graduate degree = ရ.၆%

(ဆ) အမျိုးသား/အမျိုးသမီးဘွဲ့ရရှိမှု% = ၄၇.၇% / ၅၂.၃%

အဖိုးအဖွားနှင့်နေထိုင်သူ (၁၈)နှစ်အောက်% (အဖိုးအဖွားမှဥပဒေအရစောင့်ရှောက်ထားရသူမြေးအရွယ်များ) ၆.၁% (၁၆.၃%)

လွန်ခဲ့သော (၁)နှစ်အတွင်းနေရင်းနေအိမ်လိပ်စာ တွင်နေထိုင်သူ% ၈၈.၃%

လွန်ခဲ့သော (၁)နှစ်အတွင်းနေရင်းနေအိမ်လိပ်စာမှပြောင်းရွှေ့ နေထိုင်သူ% ၁၀.၄%

ဘာသာစကားပြေားကြားနိုင်မှုအခြေပြ% (က) မြန်မာ(သို့မဟုတ်)လူမျိုးစုဘာ

သာစကားအိမ်တွင်ပြောသူ   = ၈၆.၁%

(ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကား ကြားညှပ်ပြောသူ  = ၅၇.၆% ပါ၀င်သည်။)

(ခ) အမေရိကန်အင်္ဂလိပ်စကားသက်

            သက်သာပြောသူ                = ၁၃.၉ %

မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ% (က) မြန်မာပြည်ဖွားလူမျိုးများ            = ရ၃.၈%

(ယင်းအထဲတွင် - 

အမေရိကန်နိုင်ငံသားခံယူပြီးသူ  = ၅၄.၅%

အမေရိကန်နိုင်ငံသားမခံယူ/မခံယူရသေးသူ = ၄၅.၅%)

(ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ      = ၂၆.၂%

အလုပ်အကိုင်အခြေပြ% (က) အလုပ်အကိုင်ရှိသူ                      = ၆၃.၅%

(ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ = ၂.၉ %

(ဂ) အလုပ်လုံးဝမလုပ်သူ                    = ၃၃.၆%

လုပ်ငန်းကဏ္ဍအလိုက်အလုပ်လုပ်ကိုင်မှု% (က) ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့်ဆောင်ရေး၊ 

၀န်စည်ကုန်သွယ်ရေး                             = ၄၄%

(ခ) ၀န်ဆောင်မှုလုပ်ငန်းအမျိုးမျိုး                    = ၁၆.၆%

(ဂ) သိတတ်ပညာရှင်၊ စီမံခန့်ခွဲ့ရေးနှင့်လုပ်ငန်း

ပိုင်ရှင်များ                                          = ၂၄.၂%

(ဃ) ရုံးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများ     = ၁၁.၆%

(င) ဆောက်လုပ်ရေး၊ သယံဇာတနှင့်ပြုပြင်

ထိန်းသိမ်းရေး                                      = ၃.၆%

ကျား/မ အလုပ်လုပ်ကိုင်မှုအချိုးအစား% ၄၄.၅%/၅၅.၅%

၀င်ငွေအခြေပြ (က) အိမ်ထောင်စုတခု၏ပျမ်းမျှနှစ်ပါတ်လည်ဝင်ငွေ   =  $ ၆၂,၃၅၂

(ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ%   = ၉၃.၇%

(ဂ) Social Security ၀င်ငွေခံစားနေသူ  = ၁၁.၂%

(ဃ) Supplemental Social Security Income ခံစားနေသူ  = ရ%

(င) အစိုးရထောက်ပံ့ကြေးရယူနေသူ  = ၆.၇%

(စ) အငြိမ်းစားခံစားနေကြသူ  = ၈%

(ဆ) Food Stamp/SNAP ခံစားနေကြသူ  = ၃၂.၃%

(စျ) Per capita income = $၂၂,၅၁၈

ကဏ္ဍအလိုက် အလုပ်လုပ်ကိုင်မှု% (က) ပုဂ္ဂလိက = ၈၅.၄%

(ခ) အစိုးရ    = ၉ .၄%

(ဂ) ကိုယ်ပိုင်၊ အစုစပ်  = ၄.၆%

(ဃ) လုပ်ခမရသောမိသားစုလုပ်ငန်း   = ၀.၆%

ကျန်းမာရေးအာမခံ အခြေပြ% (က) လက်ဝယ်ရှိသူ          = ၄၃.၅% 

(ခ) Medicare/Medicaid = ၅၂.၄%

(ခ) လက်ဝယ်မရှိသူ          = ၁၀.၈%

အိမ်ယာပိုင်ဆိုင်မှု အခြေပြ% (က) အိမ်ငှား           = ၄၁.၁ %

(ခ) အိမ်ပိုင်             = ၅၈.၉ %

မော်တော်ယာဉ်ပိုင်ဆိုင်မှု (က) (၁)စီး(သို့မဟုတ်)(၁)စီးထက်ပိုရှိသူ = ၈၉.၉ %

(ခ) လုံးဝမရှိသူ = ၁၀.၁%

IT နည်းပညာအသုံးချမှု% (က) ကွန်ပျူတာအသုံးပြုသူ  = ၉၉%

(ခ) broadband အင်တာနက်အသုံးပြုသူ  = ၉၅.၉%

ယခင် Census များမှ ကောက်နှုတ်ဖေါ်ပြသော စုစုပေါင်း မြန်မာလူမျိုးဦးရေ
၃၇၉၁ - ဦး (၁၉၈၀ ခုနှစ်) ၁၈,၃၈၆ - ဦး (၂၀၀၀ ခုနှစ်) ၁၀၀,၂၀၀ - ဦး (၂၀၁၀ ခုနှစ်)


American Community Survey (ACS 1 year) မြန်မာ/all Asians/Total Population တို့၏ U.S. လူဦးရေစစ်တမ်းကောက်ယူမှု လူမှုစီးပွားရေးဆိုင်ရာ ခြုံငုံလေ့လာချက်အညွှန်းကိန်းများ နှိုင်းယှဉ်ချက် (၂၀၂၁ ခုနှစ်)
မြန်မာ All Asians U.S.
စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအဝင်)(ဦးရေ) ၂၄၈,၈၂၂ ၂၃,၅၄၅,၂၃၈ ၃၃၁,၈၉၃,၇၄၅
ကျား/မအချိုး% ၅၁.၅/၄၈.၅ ၄၈.၂/၅၁.၈ ၄၉.၅/၅၀.၅
အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါ၀င်(ဦးရေ) ၃.၉၄/၄.၂၈ ၂.၈၈/၃.၄ ၂.၅၄/၃.၁၅
လက်ထပ်ထိမ်းမြားထားသူမိသားစု% ၆၄.၂ ၅၇.၁ ၄၇.၃
အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း% ၁၂.၁ ၉ .၁ ၁၂.၃
အိမ်ထောင်ရေးအခြေပြ%
(က) လူပျိုလူလွတ်                
(ခ) လက်ရှိအိမ်ထောင်ရှင်များ   
(ဂ) သီးခြားစီနေလင်မယား      
(ဃ) အိမ်ထောင်ကွဲ                
(င) မုဆိုးဖို/မ                        
၃၅.၅
၅၄.၆
၁.၈
၃.၆
၄.၅
၃၃.၈
၅၅.၃
၁.၁
၅.၆
၄.၁
၃၄.၂
၄၈
၁.၇
၁၀.၆
၅.၅
ပညာသင်ကြားဘွဲ့ရမှုအခြေပြ%
(က) အခြေခံပညာ အဆင့်        
(ခ) တက္ကသိုလ်ဝင်တန်း အဆင့်  
(ဂ) ဘွဲ့ကြို Associate degree     
(ဃ) အခြေခံ Bachelor degree       
(င) ဘွဲ့လွန် post-graduate degree
(ဆ) အမျိုးသား/အမျိုးသမီးဘွဲ့ရရှိမှု%
၄၆.၈
၁၈.၇
၁၁.၆
၁၅.၂
၇.၆
၄၇.၇/၅၂.၃
၁၁.၅
၁၄.၆
၁၈.၈
၃၀.၃
၂၄.၈
၅၆.၄/၅၄
၁၀.၆
၂၆.၃
၂၈.၁
၂၁.၂
၁၃.၈၃
၃၃.၉/၃၆.၁
အဖိုးအဖွားနှင့်နေထိုင်သူ (၁၈)နှစ်အောက်% (အဖိုးအဖွားမှဥပဒေအရစောင့်ရှောက်ထားရသူမြေးအရွယ်များ) ၆.၁
(၁၆.၃) ၄.၆
(၁၄.၄) ၃.၂
(၃၁.၃)
ဘာသာစကားပြေားကြားနိုင်မှုအခြေပြ%
(က) မြန်မာ(သို့မဟုတ်)ကိုယ့်လူမျိုးစုဘာသာစကားအိမ်တွင်  ပြောသူ(ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကားကြား ညှပ်ပြောသူ%)
(ခ) အမေရိကန်အင်္ဂလိပ်စကားသက်သက်သာပြောသူ%            
၈၆.၁
(၅၇.၆)

၁၃.၉
၆၂.၉ 
(၂၆.၃)

၃၇.၁
၂၁.၆
(၈.၃)

၇၈.၄
မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ%
(က) မြန်မာပြည်(သို့်မဟုတ်)ကိုယ်နိုင်ငံဖွားလူမျိုးများ       
(ယင်းအထဲတွင် အမေရိကန်နိုင်ငံသားခံယူပြီးသူ / 
အမေရိကန်နိုင်ငံသားမခံယူရသေးသူ%)
(ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ%
၇၃.၈
(၅၄.၅/၄၅.၅)

၂၆.၂
၅၄.၀၂
(၆၁.၆၄/၃၈.၃၆)

၄၅.၉၈
၈၆.၄
(၅၃.၁/၄၆.၉)

၁၃.၆
အလုပ်အကိုင်အခြေပြ%
(က) အလုပ်အကိုင်ရှိသူ  
(ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ 
(ဂ) အလုပ်လုံးဝမလုပ်သူ    
၆၃.၅
၂.၉ 
၃၃.၆
၆၆.၆
၄
၃၃.၄
၆၃
၃.၉ 
၃၇
ကျား/မ အလုပ်လုပ်ကိုင်မှုအချိုးအစား% ၄၄.၅/၅၅.၅ ၃၉.၁/၆၀.၉ ၅၈.၄/၄၁.၆
၀င်ငွေအခြေပြ
(က) အိမ်ထောင်စုတစ်စု၏ပျမ်းမျှနှစ်ပါတ်လည်ဝင်ငွေ($)
(ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ% 
(ဂ) Social Security ၀င်ငွေခံစားနေသူ% 
(ဃ) Supplemental Social Security Income ခံစားနေသူ%  
(င) အစိုးရထောက်ပံ့ကြေးရယူနေသူ%
(စ) အငြိမ်းစားခံစားနေကြသူ%
(ဆ) Food Stamp/SNAP ခံစားနေကြသူ% 
(စျ) Per capita income ($)
၆၂,၃၅၂
၉၃.၇
၁၁.၂
၇
၆.၇
၈
၃၂.၃
၂၂,၅၁၈
၉၇,၆၂၆
၈၆.၆
၂၀.၂
၄.၈
၄.၉ 
၁၄.၄
၉ .၄
၄၃,၇၉၄
၆၉,၇၁၇
၇၇
၃၁.၂
၅.၂
၃.၄
၂၄
၁၂.၄
၃၈,၃၃၂
ကဏ္ဍအလိုက် အလုပ်လုပ်ကိုင်မှု%
(က)ပုဂ္ဂလိက 
(ခ) အစိုးရ    
(ဂ) ကိုယ်ပိုင်၊ အစုစပ်  
(ဃ) လုပ်ခမရသောမိသားစုလုပ်ငန်း  
၈၅.၄
၉ .၄
၄.၆
၀.၆
၈၂.၂
၁၂.၄
၅.၂
၀.၃
၇၉ .၁
၁၄.၆
၆.၁
၀.၂
ကျန်းမာရေးအာမခံ အခြေပြ%
(က) လက်ဝယ်ရှိသူ  
(ခ) Medicare/Medicaid
(ခ) လက်ဝယ်မရှိသူ    
၄၃.၅
၅၂.၄
၁၀.၈
၇၄.၆
၂၇.၅
၅.၈
၆၇
၃၆.၈
၈.၆
အိမ်ယာပိုင်ဆိုင်မှု အခြေပြ%
(က) အိမ်ငှား       
(ခ) အိမ်ပိုင်            
၄၁.၁
၅၈.၉
၃၈.၄
၆၁.၆
၃၄.၆
၆၅.၄
မော်တော်ယာဉ်ပိုင်ဆိုင်မှု%
(က) (၁)စီး(သို့မဟုတ်)(၁)စီးထက်ပိုရှိသူ
(ခ) လုံးဝမရှိသူ
၈၉.၉
၁၀.၁
၈၉.၁
၁၀.၉
၉ ၂
၈
IT နည်းပညာအသုံးချမှု%
(က) ကွန်ပျူတာအသုံးပြုသူ 
(ခ) broadband အင်တာနက်အသုံးပြုသူ
၉၉
၉၅.၉
၉၇.၉ 
၉၄.၇
၉၅
၉၀.၁

No comments:

Post a Comment