Sunday, November 08, 2015

The "Election" was born in our native land called Myanmar‏

For the first time in 25 years after the denial of landslide 1990 election by the then military rulers, millions of my countrymen flocked to the polls stations across Myanmar yesterday to cast their votes of choice. The results are expected to be released on Monday local time, per election officials. Many critics, inside and outside Burma, cautiously acknowledge the election would be fair despite pockets of irregularities.
My mind flew back to 1990 election when I was serving as a civil servant in the city Pyinmana, now the Capitol Naypyidaw. I was happened to be one of the township election commission members. Not to the surprised, the the entire commission members voted for the opposition party NLD!
Even the citizens outside Burma made chartered flights to the native land just to cast votes. Hundreds and thousands of Burmese citizens lined up for hours and days in front of foreign missionaries to show their eagerness.
Sadly, many Burmese who were born and even raised in their native Burma were barred to vote due to lack of Burmese citizen ships. The current constitution is lack of this human right. Our birth right has been erased once you (for any reason) bare no valid Burmese passport. Sadly Banghali (Rohingya), who historically live side-by-side in Myanmar for many centuries, were excluded. If we accept the truthfulness of 'immigration', they are our brothers and sisters despite their colors and faiths.
It is premature to predict NLD will overwhelmingly win, but it is likely. Even though, the opposition party NLD and others set to win with majority votes, there are much to be done. The standing constitution bars elected official to make major changes without blessing by 25% military mandate in all levels of legislative. The opposition figure Aung San Su Kyi is barred to become a president while the commander-in-chief maintains absolute power to appoint his choice to the presidium. Most importantly, parliamentarians have no power to draft a law on their owns. Many laws passed, to this day, are being processed and drafted by either government agencies, office of the attorney-general and/or technical expertise who are outside of the elected personals circle. Literally, lawmakers receive the drafted packages only after that and are allowed to discuss to make passage to become laws. It is not clear, how much to the extent the lawmakers' (parliamentarians) input are considered.
However, power-hunger politicians, have much of their eyes on "chairs" of the Hluttaws.
Regardless of many critics, Thein Sein is the leader of today's Myanmar who opens many doors in transition of democracy. It has been proven that all laymen are allowed to openly criticize the government in streets for the first time since 1962 military rule. His tracked record of allowance to participate in political arena by all oppositions, opening of dialogue of ceasefire of armed groups with outside technical expertise, freeing of many political prisoners, relaxation of media iron grip, decentralization of public authorities and deployment of asset management to minority ethnic regions and states and sidelining with public in religious and ethnic disputes and civil unrests. I am thrilled to learn president and military chief commitment to respect the election outcome. Thousands of images appear on public network with president and his deputies taking part in waiting lines side-by-side with general public (although still part of the propaganda) to cast their votes.
The fairness and transparency of the election will NOT be proven until elected parliamentarians are handed over with the executive power in all Hluttaws; expected to convene early next year.
All of the sudden (of the decades of political darkness), many of my fellow citizens who turned their back to opposition parties including Daw Aung San Su Kyi, due to either afraid of persecution or dislike, have turned their faces to her and embrace her like "NLD enthusiasts"!
The current constitution is lack of (2) major norms: lack of power of representation and lack of power to elect directly to the nation's top executive position called president. Constitution was crafted carefully to make sure the constitutional power rests with military ruler.
Yesterday election result came out much excitement of freedom in casting votes by the general public. But the future Myanmar's, the most important part such as formation of government and it's machinery, still lies in the forthcoming legislative meetings where the election of president will take place.  
We will see the flicker of democracy at the end of the tunnel by early next year!
with Metta
Kyi Wynn

Monday, October 26, 2015

မြန်မာ့ရွေးကောက်ပွဲ နှင့် တပ်မတော်၏အခန်းကဏ္ဍ

“အသဲကြားကမဲတပြား” ဟူသောမြန်မာလူထုတစ်ရပ်လုံး၏စိတ်ကူးယဉ်အိပ်မက်သည် များမကြာမှီ ရက်ပိုင်း အတွင်း အမှန်တကယ်ဖြစ်လာတော့မည်ကဲ့သို့သောအခြေအနေသို့ရောက်ပြန်ပေပြီ။ ပြီးခဲ့သော (၂၀၁၀) တွင်”ကြိုတင်မဲ” ဟူသောမည်သည့်နေရာမှရောက်လာခြင်းရှင်းလင်းပြခြင်းအလျင်းမရှိသည့်ရွေးကောက်ပွဲ တွင် ခတ်တည်တည်ဖြင့်အနိုင်ရအစိုးရဖွဲ့နိုင်ခဲ့သော ဦးသိန်းစိန်ဦးဆောင်သောအစိုးရတက်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်မှ လအနည်းငယ်အတွင်း၊ ကချင်ပြည်နယ်”မြစ်ဆုံစီမံကိန်းကြီး” ၎င်း၏သက်တမ်းအတွင်း ဆိုင်းငံ့ လိုက်ကြောင်းကြေငြာခြင်းဖြင့်၊ ပြည်သူ့သည်းခြေခိုက်သောလူထုသမ္မတဘွဲ့ကိုရယူနိုင်ခဲ့ပါသည်။ ယင်းနှင့် အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပွင့်လင်းမြင်သာရေး၊ စသောကြွေးကျော်ချက်များနှင့်အတူ၊ မီဒီယာလွတ် လပ်ခွင့်များ၊ အကျဉ်းကျနိုင်ငံရေးသမားရာပေါင်းများစွာတို့ကိုလွှတ်ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအ၀င်အခြားပြည်ပရောက်အင်အားစုများကိုဖိတ်ခေါ်ခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အတိုက်အခံများကိုကြားဖြတ်ရွေးကောက်ပွဲဝင်ခွင့်ပြုခြင်းဖြင့် လွှတ်တော်များတွင်ပါဝင်ခွင့်ပြုလာခြင်း၊ စီးပွားရေးဆိုင်ရာထင်လင်းမြင်သာသည့် ပြောင်းလဲမှုများ၊ အုပ်ချုပ်ရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်လာသည်ကိုအတိုင်းသားမြင်နိုင်ပါသည်။ သေခြာသည့်အချက်က ယခင် ကမိမိအိမ်တွင်းနေရင်းပင်စစ်အစိုးရကိုပွင့်ပွင့်လင်းလင်းမဝေဖန်ရဲသော လူနေမှုဘ၀များမှသည်၊ လမ်းပေါ်ထွက်၊ အရပ်ထဲထွက်၍မည်သူမဆို အစိုးရကိုဗြောင်ဝေဖန်ခွင့်ရရှိလာကြသလို၊ ဆန္ဒပြသူများ၊ အဖွဲ့အစည်းများအလျှို လျှိုထွက်ပေါ်လာကြသည်။ ယခင်ကဆန့်ကျင်ကန့်ကွက်မှုဟူသည်ကားမေးစရာမေးခွန်းမဟုတ်ခဲ့သော်လည်း၊ တူညီဝတ်စုံတီရှပ်များဝတ်လျက်ဆန္ဒပြကြသူ များမြို့ရောနယ်ပါအနှံ့တွေ့လာရသည်။ မိမိတို့ဆန္ဒပြဆန့်ကျင်မှု များ၊ မည်မျှအထိအောင်မြင်ပေါက်ရောက်ကြောင်းမသိရသော်လည်း၊ တီရှပ်ထုတ်လုပ်ရောင်းချသူတွေတော့ စီးပွားအတော်ကိုက်သောခေတ်သို့တမဟုတ်ချင်းရောက်သွားသည်။
(၁၉၆၂) တော်လှန်ရေးကောင်စီတက်ရောက်လာချိန်မတိုင်မှီအထိ၊ လွတ်လပ်သောရွေးကောက်ပွဲများမြန်မာ နိုင်ငံတွင်ရှိခဲ့သော်လည်း၊ မဲခိုးမှု၊ မဲလိမ်မှုမျိုးစုံနှင့် ၀န်ထမ်းနှင့်စစ်တပ်တို့၏ဘက်လိုက်မှုများစွာတို့ နှင့်ရောပြွန်း ခဲ့သောအဆိုပါ “ဖဆပလ”ရွေးကောက်ပွဲများကြောင့်၊ အာဏာထိမ်းသိမ်းခံနိုင်ငံဘ၀သို့ရောက်သွားခဲ့သည်။ ဗိုလ်နေ၀င်းဦးဆောင်သောတော်လှန်ရေးကောင်စီမှ၊ လူထုလက်သို့အာဏာလွှဲပြောင်းခြင်းဟူသောကြွေးကြော် ချက်ဖြင့် (၁၉၇၄)ခုနှစ်တွင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီစနစ်သို့ရွေးကောက်ပွဲအဆင့်ဆင့်တို့ဖြင့်၊ အသွင်ပြောင်းခဲ့သည်။ အမည်ကွာရုံမှအပ၊ မူလလက်ဟောင်းတော်လှန်ရေးကောင်စီဝင်များနှင့် တပ်အကြီး အကဲများကနိုင်ငံအုပ်ချုပ်ရေးကိုတာဝန်ယူခဲ့သည်မှာ (၁၉၈၈) တိုင်ပင်။ ထိုနှစ်တွင်အထွေထွေသောစီးပွားရေး ကျဆင်းမှု၊ ပါတီနှင့်ခေါင်းဆောင်ပိုင်းအပေါ်အကြည်ညိုကင်းမဲ့မှုကြီးထွားလာကာ၊ (၁၄)နှစ်ကြာ နိုင်ငံတွင်နေလ ပမာတန်ခိုးထွားခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဘုံးဘုံးလဲခဲ့သည်။ လူထုလူတန်းစားမျိုးစုံပါဝင်ခဲ့သောထို
သပိတ်မှ၊ ဒီမိုကရေစီရေးကြိုးပမ်းချက်များရရှိရန်လက်တစ်ကမ်းအလိုတွင်၊ ဗိုလ်စောမောင်ဦးဆောင်သော စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံ့အာဏာကို အချုပ်အခြာအာဏာပြိုကွဲရေးကိုတားဆီးရန်အလို့ငှာဟူသော၊ ရှင်းလင်းရန်ခက်ခဲသည့်အကြောင်းပြချက်ဖြင့်အာဏာသိမ်းလိုက်ပြန်သည်။ ဗိုလ်စောမောင်မှ “ရွေးကောက်ပွဲ များကျင်းပပေးပြီးစစ်တန်းလျားပြန်မည်” ဟူသောတိုင်းသိပြည်သိမိန့်ခွန်းပြောကြားပြီး၊ ဗိုလ်သန်းရွှေမှ ခတ်တည် တည်အာဏာလွဲယူလျက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၉၉၃)ခုနှစ်မှစတင်ကျင်းပရေးဆွဲခဲ့သည်မှာ (၂၀၀၈) တိုင်အောင်ပင်။ ထိုနိုင်ငံတကာစံနှုန်းကိုက်ဝင်မှုအလျင်းမရှိသောအခြေခံဥပဒေကြီးကိုလည်း၊ နာဂစ်မုန်ဖြစ်ပေါ် ချိန်နိုင်ငံထက်ဝက်နီးပါးခံစား၍၊ လူထုအတိဒုက္ခရောက်ချိန်အတွင်းတွင်အလျင်အမြန်ပင် ပြဌာန်းလိုက်သည်။ ထိုဥပဒေအရ အာဏာရလာသော၊ ဖေါ်ပြခဲ့သော ကြိုတင်မဲထောင်သောင်းများစွာတို့ဖြင့်တက်ရောက်လာ သော အစိုးရသည်ပြည်သူနှင့်နီးစပ်၍ပြည်သူ့မဲဖြင့်တက်လာသောအစိုးရဟုခေါ်နိုင်မည်လော။
နိုဝင်ဘာလဆန်းတွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကြီးသည် မည်မျှတရားမျှတခြင်းရှိမရှိကိုပြည်တွင်း သာမကပြည်ပကပါ မကြုံစဖူးစောင့်ကြည့်နေသည်မှာအမှန်။ လူထု၏စိတ်ဝင်စားမှုဒီရေကိုမီဒီယာနှင့်လူမှု ကွန်ယက်တိုင်းတွင်မမြင်ချင်မကြားချင်အဆုံးတွေ့မြင်နေကြရပြီ။ များစွာသောကြိုတင်ခန့်မှန်းမှုတွက်ကိန်းတို့ ထွက်ပေါ်နေပေပြီ။ ကဏ္ဍအသီးသီးတို့၏ပါဝင်မှုကိုလေ့လာကြပါစို့။
ရွေးကောက်ပွဲဥပဒေနှင့်ဗိုလ်တင်အေးဦးဆောင်သည့်ကော်မရှင်
မဲအများဆုံးရသူအနိုင်ရ ဟူသောရွေးကောက်ပုံနည်းစနစ်ကိုနှစ်များစွာငြင်းခုံကြရင်းအတည်ပြုခဲ့သော၊ အဆင့် ဆင့်သောပြင်ဆင်ချက်ဥပဒေများကိုအရှင်းဆုံးဟုဆိုသော်လည်း၊ လူထုကကြီးစွာသောသံသယဖြစ်ဆဲပင်။ ပြီးခဲ့သောရက်ပိုင်းအတွင်းက လက်ရှိဖြစ်ပေါ်နေသောရာသီဥတုဖေါက်ပြန်မှု၊ မဲဆန္ဒရှင်စာရင်းမှာယွင်းမှုများ ကြောင့်ရွေးကောက်ပွဲရွှေ့ဆိုင်းရေးကြိုးပမ်းမှုကိစ္စသည်နေ့ချင်းတွင်းပင်ကော်မရှင်ကလက်လျှော့လိုက်ရသည်။ အမှန် ဆိုရလျင်ယင်းရွှေ့ဆိုင်းရေးကိစ္စသည်လည်းအတိုက်အခံနိုင်ငံရေးပါတီများ၏ ကော်မရှင်အပေါ်ကန့်ကွက် မှုများ ကြောင့်ပေါ်ပေါက်လာခြင်းဖြစ်ရသည်မှာအမှန်ပင်။ မည်သို့ပင်ဆိုစေမူလသတ်မှတ်ရက် နိုဝင်ဘာ (၈) ရက်တွင် နိုင်ငံတ၀ှမ်း (လုံခြုံရေးအရပယ်ဖျက်ထားသောဒေသများမှအပ) ကျင်းပရန်တာစူနေပေပြီ။ ယခင်စစ် အစိုးရ အကြီးအကဲဗိုလ်သန်းရွှေနှင့်လွန်စွာနီးစပ်သောဗိုလ်တင်အေးမှများမကြာမှီလကပင် မဲဆန္ဒရှင်စာရင်း မှာယွင်းမှု ကိုဝန်ခံယုံမက၊ မှန်ကန်မှုရာနှုန်း (၃၀%)သာရှိနိုင်သည်ဟူသောတရားဝင်ပြောဆိုချက်ကစာနယ်ဇင်း လောက ကိုပွက်လောရိုက်စေခဲ့သည်။ မဲပေးမှုစနစ်ရာစုနှင့်ချီသောဒီမိုကရေစီဘိုးအေနိုင်ငံကြီးဖြစ်သော အမေရိက နိုင်ငံတွင်ပင်ဤ မှားယွင်းမှုမျိုးကမကင်းပေ။ ကော်မရှင်ကြီးမှ၊ မဲဆန္ဒပေးပိုင်ခွင့်တစ်ဦးအနေဖြင့်မဲပေး မည့်နေ့ရက်အချိန်အထိကွဲလွဲမှုရှိခဲ့ပါက၊ ဆန္ဒနယ်နေအရပ်လူကြီး၏ထောက်ခံချက်ဖြင့်မိမိမှတ်ပုံတင်ကို သုံးကာ မဲပေးခွင့်ပြုမည်ဖြစ်ကြောင်းကြေငြာမှ၊ ယင်းငြင်းခုံမှုများလျော့နည်းသွားသည်။
ဦးသိန်းစိန်ဦးဆောင်သောအစိုးရ
သမ္မတအနေဖြင့်ယနေ့အထိနောက်သက်တမ်းတွင်ဆက်လက်ပါဝင်မည်ဟုတ်မဟုတ်ကိုယနေ့တိုင်ပြောဆိုကြေ ငြာခြင်းမရှိသေးပေ။ ကိုယ်စားလှယ်လောင်းအဖြစ်မှတ်ပုံတင်ခြင်းလည်းမပြုသေးသဖြင့်၊ အနားယူမည်ဟုဆို သော်လည်း၊ မိမိအားလူထု၏ဆန္ဒရှိပါကနောက်သက်တမ်းတွင်ထမ်းဆောင်ရန်စဉ်းစားမည့်အကြောင်းလေသံ ဟထားသည်။ ပြီးခဲ့သောလကလက်ရှိအာဏာရပြည်ခိုင်ဖြိုးပါတီတွင်းသန်းခေါင်ယံထိပ်ပိုင်းခေါင်းဆောင် ပြောင်းလဲမှုဖြစ်စဉ်က၊ နောင်နိုင်ငံရေးမျက်နှာစာတွင်ဦးသိန်းစိန်ပြန်ပါလာနိုင်ကြောင်းထင်ကြေးပေးကြသည်။ အမှန်အားဖြင့်ဆိုလျင်လည်း၊ လွှတ်တော်(၂)ရပ်လုံး၏ကိုယ်စားလှယ်လောင်းအဖြစ်စာရင်းမသွင်းထား သော်လည်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စာရင်းတင်သွင်းမှုဖြင့် သမ္မတလောင်း(၃)ဦးစာရင်းဝင်အဖြစ် တိုက်ရိုက်ပါဝင်လာနိုင်ခွင့်ကိုအခြေခံဥပဒေကပေးထားသည်ကိုသိကြရန်လိုပါသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌ ဟောင်း(လက်ရှိပြည်ထောင်စုလွှတ်တော်နာယက)ဗိုလ်ရွှေမန်းကားနောင်နိုင်ငံရေးမျက်နှာစာတွင်ထိပ်ပိုင်းပြန်ပါလာနိုင်ရေးလွန်စွာခဲယဉ်းသွားပြီဖြစ်သည်။ သူ့အားအတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဘက်ယိမ်းယိုင်သည်ဟု၊ ပြင်ပလောကကတွက်ချက်ကြသော်လည်း၊ ယခုသက်တမ်းအတွင်းမိမိထက်ရာထူး တန်းစီစာရင်းတွင်ငယ်ရွယ်သော ဗိုလ်သိန်းစိန်ကိုမိမိပေါ်ကျော်လွန်၍၊ သမ္မတရာထူးပေးသည်ကိုမနှစ်မြို့နိုင် သောအမူအရာများပြသခြင်း၊ လွှတ်တော်တစ်ရပ်လုံးကိုအစိုးရနှင့်စဉ်ပြိုင်သည့် ပြည်ထောင်စုအဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်ကြိုးပမ်းမှု၊ အစိုးရနှင့်ဆိုင်ရာပြည်ထောင်စုအဖွဲ့အစည်းအသီးသီးတို့၏ဥပဒေကြမ်းများအပေါ်လက် တွေ့ကျသောပြင်ဆင်မှုပြုရန်ငြင်းဆန်မှု၊ ပါတီအတွင်းအုပ်စုဖွဲ့မှုစသည်တို့အတွက်ပါတီထိပ်ပိုင်းအဖြစ်မှဖယ်ရှား လိုက်ခြင်းဖြစ်ပုံရသည်။
အာဏာရပြည်ခိုင်ဖြိုးပါတီ
စစ်ဝတ်လဲအများစုနှင့်တည်ထောင်ထားသောဤပါတီကြီးကိုယခင်တပ်အကြီးအကဲ ဗိုလ်သန်းရွှေ၏လမ်းညွှန်မှု ဖြင့်ဆက်လက်အင်အားကြီးမားဆဲပင်ဖြစ်သည်။ ခရိုနီစီးပွားရေးလုပ်ငန်းရှင်အနည်းငယ်လည်းပါဝင်သောထိုပါတီ ကြီးမှလာမည့်ရွေးကောက်ပွဲတွင်မိမိတို့အနိုင်ရမည်ဟုတွက်ချက်ပြောဆိုနေကြသဖြင့်၊ လေ့လာသူအများစုက၊ မည်သို့သောအထောက်အထား၊ ကျောထောက်နောက်ခံဖြင့်နိုင်ရန်ကြိုးစားကြမည်ဆိုသည်ကို ဆန်းစစ်မေးခွန်း ထုတ်နေကြသည်။ အဖွဲ့အစည်းနှင့်ရပ်ကွက်များအလိုက် နှင့်လူထုလူတန်းစားနှင့်အနုပညာရှင်များပါမကျန်၊ လှည်းနေလှေအောင်းလူထုအပေါင်းက NLD မှ NLD ဖြစ်ကြောင်းအိပ်သွန်ဖာမှောက်ဆန္ဒပြုတိုင်တည်မှုတွေ နေရာအနှံ့ပြုလုပ်နေကြသော်လည်း၊ ဤပါတီကြီးက တွက်ရေးအပြည့်နှင့်စိတ်ချလက်ချနေနေကြသည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်ကြီးများ၏မဲဆွယ်စည်းရုံးရာအစည်းအဝေးကြီးများတွက်ပါအစည်းအဝေးတက်ရောက်သူပါတီဝင်များ၏ချိနဲ့သော်စိတ်ဝင်စားမျှုား၊ အခန်းအနားမပြီးမှီပင် ထ,ပြန်ကြသောအဖြစ်မျိုးတွေအနှံ့တွေ့ရ သည်။ ရပ်ကွက်ကျေးရွာများအတွင်းလူထုနှင့်တိုက်ရိုက်တွေ့ထိသောအချိန်များတွင်ပင်၊ ယေဘူယျကျလွန်း သောပဋိသန္တာရစကားများနှင့်သာရောပြွန်းနေသည်ကိုတွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အဓိကအတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လမ်းစဉ်ပါတီခေတ်မှစ၍စစ်အစိုးရအဆက်ဆက်တွင်အဖိနှိပ်ခံဒုက္ခဆင်းရဲရောက်ခဲ့ကြသော အတိုက်အခံအင် အားစုများသည်၊ အမျိုးသားဒီမိုကရေစီအလံတော်အောက်တွင်စုရုံးမိကြသည်။ ကျောင်းသား၊ ၀န်ထမ်း အပါအ၀င် အများစုအခြေခံလူတန်းစားများသည်၊ အဆိုပါအစိုးရအဆက်ဆက်တို့ကိုအထွေထွေသော မကြေနပ်မှုတို့ဖြင့်ဆန့်ကျင်ခဲ့သော်လည်းနိုင်ငံထူထောင်ရေးနှင့်၊ လူထုဘ၀မြှင့်တင်ရေးလုပ်ငန်းကြီးများတွင်၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သောအခွင့်များမရရှိခဲ့ယုံမက၊ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ အတွေ့ အကြုံများကင်းမဲ့ခဲ့သည်။ ထိုအထွေထွေသောအတွေ့အကြုံအင်အားချိနဲ့မှုသည်၊ နိုင်ငံ၏ခေါင်းဆောင်သစ် နှင့်လိုက်ဖက်သော ပညာရှင်စာရင်းဝင်ပါတီဝင်စုစည်းမှုတွင်များစွာစိမ်ခေါ်နေပေသည်။ လွှတ်တော်အမတ် ဟူသောရာထူးကိုမက်မောကြသော်လည်း၊ ထိုပြည်သူ့ကိုယ်စားပြုတာဝန်သည်၊ နိုင်ငံ၏အဖက်ဖက်ချို့တဲ့မှုကို အဖတ်ဆယ်နိုင်ရန်လုံလောက်သောအင်္ဂါချို့တဲ့ခဲ့သည်မှာဝမ်းနည်းဘွယ်ပင်။ NLD ပါတီတွင်းအမတ်လောင်း ပါဝင်ခွင့်အတွက်ပါတီတွင်းအတွန်းအတိုက်ကိစ္စများမဖုံးနိုင်မဖိနိုင်ပေါ်ပေါက်လာသည်။ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင်၊ ဗဟိုမှရွေးချယ်သောကိုယ်စားလှယ်လောင်းများကိုအသိအမှတ်ပြုရန်နှင့်၊ ပါတီကြီး၏အဓိကရည်မှန်းချက်ဖြစ်မြောက်ရေးနှင့်လူထုကိုယ်စားပြုအမတ်များပေါ်ထွက်လာရေးဦးစားပေးကြ ရန် ဗြောင်ဖွင့်ပြေရသည့်အချေသို့ရောက်နေသည်။ ထိုအတောမသတ်နိုင်သောအမတ်လောင်းအဖြစ်ရရှိခွင့် ကား၊ နေရာအနှံ့ပင်။
ပြည်ပနိုင်ငံမြန်မာသံရုံးအသီးသီးတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားအဖြစ်ဆက်လက်တည်ရှိ၍မဲပေးခွင့်ရှိသူတို့ကိုဆန်းစစ်ချက်အရ (၉၀%) ကျော်မှအတိုက်အခံများကိုမဲပေးကြောင်းအသိပေးကြပြီး၊ ထုတ်ဖေါ်မပြောလို သူ (လူများစုကအတိုက်အခံကိုမဲပေးပြီး၊ မိမိကလက်ရှိအာဏာရပါတီကိုမဲပေးထားသဖြင့်) ရာနှုန်းအနည်းငယ် ကိုသာတွေ့ရသည်။ နောက်ဆုံးရသတင်းများအရစင်္ကာံပူနှင့်ထိုင်း၊ ဂျပန်တို့တွင်ထောင်နှင့်ချီ၍ညအိပ်စောင့် မဲပေးနေကြကြောင်းသိရသည်။
တိုင်းရင်းသားပါတီနှင့်အဆုံးမသတ်နိုင်သော တစ်နိုင်လုံအပြစ်အခတ်ရပ်စဲရေး
ကရင်အမျိုးသားတပ်မတော်၏ (KNU)အပါအ၀င်တိုင်းရင်းသားပါတီ(၈)ဖွဲ့တို့ကပြီးခဲ့သောအပါတ်ကအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကိုလက် မှတ်ထိုးခဲ့သည်။ အစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့်လက်မှတ် ရေးထိုးရန်နည်းမျိုးစုံကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့ပါ။ တရုတ်နိုင်ငံနှင့်နယ်စပ်ခြင်းကပ်နေသော ရှမ်းပြည်လွတ်မြောက်ရေးအဖွဲ့နှင့်ကချင်တပ်မတော် (KIA)အပါအ၀င်အချို့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ များမှ၊ လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါ။ တိုင်းရင်းသားလက်နက်ကိုင်အားလုံးမပါဝင်ရခြင်းအကြောင်းရင်းများကား-
(က) တပ်မတော်မှမိမိဖွဲ့စည်းပုံအင်အားကိုအချိုးကျလျှော့ချပြောင်းလဲ၍ဖယ်ဒရယ်တပ်မတော် အဖြစ်ပြောင်း လဲရန်မဖြစ်နိုင်ခြင်း၊
(ခ) စီးပွားရေးလုပ်ငန်းရှင်တဖြစ်လဲစစ်ခေါင်းဆောင် (warlords) များအနေဖြင့် မိမိလက်အောက်ခံတိုင်းရင်း သားအဖွဲ့ငယ်များ၏တစ်ခုတည်းသောသဘောတူစုစည်းမှုကိုတည်ဆောက်ရန်ခက်ခဲလှခြင်း၊
(ဂ) နိုင်ငံရေးပါတီများ၏ပူးပေါင်းပါဝင်မှု၊ လူမျိုးစုတိုင်းရင်းသားပါတီများ၏ပါဝင်မှုအခန်းကဏ္ဍကင်းမဲ့ခြင်း၊
(ဃ) တပ်မတော်၏သီးသန့်မှုကဏ္ဍဆက်လက်တည်မြဲနေမှု၊
ဤကိစ္စရပ်ကြီးတခုလုံးအောင်မြင်ရေးအတွက်အစိုးရမှ ပြည်ပရောက်မြန်မာလုံခြုံရေးနှင့်ငြိမ်းချမ်းရေး ပညာရှင် များ (from Myanmar Peace Center) ကိုခေါ်ယူခန့်အပ်တာဝန်ပေးခဲ့ခြင်းမှာငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်း တွင်ပထမဦးဆုံးအကြိမ်ဖြစ်သလို၊ နိုင်ငံတကာနှင့်ဒေသတွင်းမိတ်ဖက်နိုင်ငံများကိုဖိတ်ခေါ်ခဲ့သည်။ သို့သော် လည်းနှစ်ပရစ္ဆေဒများစွာကြာခဲ့သော ဗဟိုအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များကြားယုံကြည်မှု ကင်းမဲ့ ခြင်းက၊ အောင်မြင်မှုကိုများစွာအနှောင့်အရှက်ဖြစ်နေစေသေးသည်။ လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့်အစိုးရစစ်တပ်အကြား၊ နိုင်ငံရေးဆက်လက်ဖြေရှင်းရေးနှင့်စစ်ရေးစောင့် ကြည့်ပူးတွဲအဖွဲ့ များ၏အဓွန့်ရှည်တည်တန့်ရေး၊ အခြေခိုင်မာရေးမှာလည်းခလုပ်ကသင်းများအဖြစ်မလွဲမသွေ ရှိနေပေဦး မည်ဖြစ်သည်။ ထို့အတူလာမည့်ရွေးကောက်ပွဲတွင်လက်မှတ်ရေးထိုးပြီးတိုင်းရင်းသားများအနေဖြင့်၊ သဘော တူညီချက်ပါ၊ မိမိကြမ္မာမိမိလွတ်လပ်စွာဖန်တီးခွင့်နှင့်ဖက်ဒရယ်မူများကိုအခြေခံသော ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ မိမိဒေသထွက်သယံဇာတများစီမံခန့်ခွဲခွင့်များပေးအပ်ရတော့မည်ဖြစ်သည်။
တပ်မတော်၏အနာဂါတ်မြန်မာ့နိုင်ငံရေးတွင်ပါဝင်မည့်ကဏ္ဍ
အရေးကြီးဆုံးအချက်ကား၊ အဓိကအတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိတပ်မ တော်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြားတရားဝင် dialogue ယနေ့အထိလုံးဝမရှိသေး ခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကဒေါ်အောင်ဆန်းစုကြည်အားသမ္မတဖြစ်ခွင့်ကိုတားဆီးထားဆဲ ဖြစ်သဖြင့်၊ တပ်နှင့်နောင်တက်လာမည့်အစိုးရ (အကယ်၍အတိုက်အခံပါတီကအနိုင်ရအစိုးရဖွဲ့နိုင်ခဲ့သော်) ကြား မဟာတံတိုင်းကြီးတခုရှိနေပေသေးသည်။ ယင်းတံတိုင်းကြီးသည်ပင်လျင်၊ အခြေခံဥပဒေကတရားဝင်ခွင့်ပြု ထားသော၊ နိုင်ငံတော်၏အာဏာကိုနိုင်ငံပြုကွဲခြင်းကိုကာကွယ်ခြင်းအလို့ငှာတပ်မတော်မှထိမ်းသိမ်းခွင့်ကိုပြု ထားပေသည်။ အခြေခံဥပဒေမှလည်းအခြေခံမူများအပါအ၀င်၊ ပင်မကျသော အခြေခံဥပဒေပြင်ဆင်ရေး စသည်တို့ကို၊ လွှတ်တော်အရပ်ရပ်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု (၂၅%)သဘောတူ ညီမျှမှုမရှိဘဲမဖြစ်နိုင်ပေ။ နောင်နှစ်တွင်စစ်သက်ပြည့်လျက်တပ်မှအနားယူရမည့် ဗိုလ်မင်းအောင်လှိုင် အနေ ဖြင့်လည်း၊ လောလောဆယ်အနားယူမည့်လက္ခဏာများမတွေ့ရသေးပါ။
ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ၊ တပ်အကြီးအကဲမှအရပ်ဖက်ဆိုင်ရာကိစ္စရပ်များသို့ ခရီးလှည့်လည်ခြင်း၊ သမ္မတနှင့်အတူယှဉ်တွဲလျက်ခရီးလှည့်လည်ခြင်းဖြင့်၊ ပြည်တွင်းအုပ်ချုပ်ရေးကိစ္စများတွေ့ရသည်။ ထို့ပြင် ပြည်ပနိုင်ငံများသို့ထိပ်ပိုင်းစစ်ခေါင်းဆောင်များစေလွှတ်၍မဟာဗျူဟာစစ်လက်နက်နှင့်ခေတ်မှီတည်ဆောက် ရေးလုပ်ငန်းများကိုလေ့လာခြင်းများပိုမိုပြုလုပ်လာကြသည်။ သမ္မတလောင်းရွေးချယ်ရေးအခွင့်အာဏာကို အခြေခံဥပဒေကပေးထားသဖြင့် (king maker) အဆင့်ကိုရရှိထားသူဖြစ်သည်။ လက်ရှိလွှတ်တော်များတွင် လည်းအာဏာရပါတီကြီးမှတင်သွင်းသောအဆိုနှင့်ဥပဒေကြမ်းအချို့တို့ကိုလည်း (၂၅%)ကအောင်မြင်စွာ
တားဆီးနိုင်ခဲ့သည်။ တပ်မတော်အတွင်းခေတ်မှီသောပြုပြင်ပြောင်းလဲမှုကိုစစ်ဗိုလ်ချုပ်များလိုလား တောင့်တ သည်ကားအမှန်ပင်ဖြစ်သည်။ တပ်မတော်၏လက်ရုံးတပ်များ၊ ဦး/ရေး/ထောက်စသောခက်မကြီး(၃)ရပ်စလုံးကို အခိုင်အခံ့တည်ဆောက်ထားရုံမက၊ ခရိုင်အဆင့်တိုင်းလိုတွင် တိုင်းငယ်/တပ်မငယ်များဖွဲ့စည်းခဲ့သည်။ အရပ်ဖက်အဖွဲ့အစည်းများကိုအချိန်မရွေးအစားထိုးနိုင်မည့်၊ ယှဉ်ပြိုင်ဌာနများ (parallel institutions) ဖွဲ့စည်း ထားပြီးဖြစ်သည်။ သို့အတွက်ကြောင့်တပ်နှင့်အရပ်ဖက်ညီညွတ်မျှတသောအုပ်ချုပ်ရေး စနစ်သစ်သို့ရောက် ရှိရေးမှာ အတွင်းစည်းမှစတင်ပြောင်းလဲရန်လိုအပ်ပေသည်။ (Change from within) တပ်မတော်၏အနာဂါတ် နိုင်ငံရေးမျကနှာစာတွင်ဆက်လက်အရေးပါနေဦးမည်မှာအမှန်ဖြစ်ပေသည်။
လာမည့်ရွေးကောက်ပွဲ၏ရလာဒ်ကိုမြန်မာနိုင်ငံသားတို့အနီးကပ်စောင့်နေကြသကဲ့သို့၊ ထွက်ပေါ်လာမည့်အဖြေ ကိုလည်းအမျိုးမျိုးတွက်ချက်နေကြသည်မှာအမှန်ပင်ဖြစ်သည်။ သို့သော်ပွင့်လင်းမှုရှိမည်ဟုထင်ယောင် ထင် ဘွယ်ရှိသောမြန်မာ့ရွေးကော်ပွဲအဖြေကား၊ လွယ်မယောင်နှင့်လွန်စွာခက်ခဲလှပေသည်။ ဖေါ်ပြခဲ့သောလက်ရှိ ပကတိအခြေအနေများက၊ အဖြေမျိုးစုံတို့ကိုပြညွှန်းနေသည်မှာအမှန်ပင်။