Thursday, June 28, 2018

ဘာလဲဟဲ့ ….. COBRA?



အမေရိကပြည်ရောက်မြန်မာမိသားစု၊ အထူးသဖြင့် အလုပ်လုပ်ကိုင်အသက်မွေးဝမ်းကြောင်းကြရသူတွေဟာ ရှုတ်ထွေးပွေလီလှတဲ့ လုပ်ခွင်စည်းကမ်း၊ ခံစားခွင့်နဲ့ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ၊ ၀ဲသြဂါလည်နေကြ ရပါ တယ်။ သက်တမ်းစေ့အလုပ်လုပ်ကြရလို့ အလုပ်ကအနားယူကြရပေမဲ့၊ မိမိတို့လုပ်ခွင်ကပံ့ပိုးပေးတဲ့ ကျန်းမာ ရေးအာမခံ (health insurance) ရဲ့ သဘောသဘာဝကို၊ ကိုယ်ကိုယ်တိုင်ကအနားယူကြပေမဲ့၊ နားလည်နိုင် ခြင်းမရှိခဲ့သလို၊ (အမှန်အတိုင်းမချွင်းမချန်ပြောရရင်) နားလည်အောင်ကြိုးစားအားထုတ်ခြင်း မရှိခဲ့ပါဘူး။ အမေရိကနိုင်ငံရဲ့စည်းမျဉ်းလုပ်ထုံးလုပ်နည်းများဟာ အများအားဖြင့် debate အပြန်အလှန်ဆန်း စစ်ဝေဖန် မှုများစွာကြားကပေါ်ထွက်လာတဲ့ သဘောသဘာဝရှိကြတဲ့အတွက်ကြောင့်၊ ခံစားခွင့်ရှိသူအ လုပ်လုပ်သူ လူ တန်းစားတွေအတွက်နားလည်နိုင်ခြင်းအလျင်းမရှိပေမဲ့၊ အဆင်သင့် ခံစားနိုင်ခွင့်ရှိအောင်၊ ဆောင်ရွက်ပေးထား ပါတယ်။ သည်မြေမှာမွေး၊ သည်မြေမှာကြီးကြသူတွေတောင်နားလည်၊လက်လှမ်းမှီရန်ခက်ခဲတယ်ဆိုတော့၊ အပြည်တရွာကပြောင်းရွှေ့လာကြသူတွေနားလည်မှုမရှိကြတာမဆန်းပါဘူး။ ဒါပေမဲ့ ငါကမနေ့တနေ့ကမှရောက် လာသူမို့ နားလည်အောင်မကျိုးစားတော့ဘူးဆိုတဲ့ ဆင်ခြေကတော့သိပ်ကောင်းလှတဲ့လက္ခဏာမဟုတ်ပါဘူး။ သိကြဘို့က “မသိသူကျော်သွား၊ သိသူဖေါ်စား” စနစ်ဆိုတာကိုပါ။ လေ့လာလက်လှမ်းမှီနိုင်အောင်၊ သက်ဆိုင် ရာကစီစဉ်ပေးထားပါတယ်။ တခါလေ့လာယုံနဲ့နားမလည်ရင်၊ နောက်လေးငါးဆယ်ခါလေ့လာရင်၊ နားလည်ဘို့ ဆိုတဲ့ကိစ္စ ဆိုတာပြေးမလွတ်ပါဘူး။ ထစ်ခနဲရှိရင် ရှေ့နေကိုအားကိုးမယ်ဆိုတဲ့အလေ့အထတွေလျှော့ချသင့် ပါပြီ။
ဒီလတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပါတ်သက်ပြီးအလုပ်လုပ်ကြသူတွေ လက်ထဲရောက်လာလေ့ရှိတဲ့ COBRA ဆိုတဲ့စာတစ်မျက်နှာစာအသိပေးစာအကြောင်းအစေ့တစောင်းကြည့်ကြရအောင်ပါ။ COBRA ဟာ အလုပ်လုပ်ကြသူတိုင်းမျက်စေ့ရှေ့မှောက်မဖိတ်မခေါ်ရောက်လာတတ်လေ့ရှိပြီး၊ (တနည်းအားဖြင့်) မလိုအပ် ချိန်မှာကိုယ့်လက်ထဲရောက်လာပြီး၊ တကယ်လိုအပ်ချိန်မှာ အစရှာမရတတ်တဲ့အရေးကြီးတဲ့ ကိစ္စကြီးတခုပါ။
COBRA ဘာလဲ
Consolidated Omnibus Budget Reconciliation Act ကိုအတိုကောက်ခေါ်ဝေါ်ပြီး၊ အကြောင်းအမျိုးမျိုး ကြောင့်အလုပ်ကကင်းကွာကြပြီး၊ health insurance လက်လွတ်ဆုံးရှုံးကြသူတွေနဲ့တိုက်ရိုက်သက် ဆိုင်ပါ တယ်။ မိမိတို့အလုပ်ရာထူးရှိစဉ်ခံစားခွင့်ရတဲ့ ကျန်းမာရေးအာမခံကိုဆက်လက်သယ်ဆောင်ခံစားခွင့်ရှိ စေတဲ့ စနစ်တခုပါ။ (၁၉၈၆)ခုနှစ်မှာလွှတ်တော်ကပြဌာန်းခဲ့တာပါ။
ဘယ်လိုလုပ်ငန်းခွင်မျိုးမှာရသလဲ
အလုပ်သမားဝန်ထမ်းဦးရေ (၂၀)နဲ့အထက်ရှိကြသူလုပ်ငန်းရှင်တိုင်းက COBRA အရ ကျန်းမာရေးအာမခံကို မိမိဝန်ထမ်းများအတွက်ဆက်လက်သယ်ဆောင်ခွင့်ရှိစေဘို့ဥပဒေကရံတားပေးထားပါတယ်။
COBRA အစီအစဉ်ရသူတွေအတွက်ပေးသွင်းရတဲ့ပရီမီယံကြေးဘယ်လောက်လဲ
ဥပဒေအရလက်ရှိအလုပ်ကခံစားခွင့်အတိုင်းတသွေမတိမ်းသောလွှမ်းခြုံခံစားမှုကိုရပေမဲ့လည်း၊ အရင်ကအလုပ် ရှင်ကပေးသွင်းပေးတဲ့ (employer’s contribution) ကိုပါမိမိတို့ကိုယ်တိုင်ကကျခံပေးရတာမို့၊ အလွန်ဈေးကြီး ပါတယ်။ ပရီမီယံကြေး(၁၀၂)% အထိပေးရတယ်ဆိုတော့စဉ်းစားကြည့်ပေါ့။ ဒါပေမဲ့ အလုပ်နဲ့ကင်းကွာကြရသူ တွေအများ စုဟာ ကျန်းမာရေးကြောင့်အနားယူကြရတာမို့၊ မိမိတို့ကုသမှုခဲယူနေဆဲ၊ ဆေးခန်း၊ ဆရာဝန်၊ ဆေးရုံတို့ရဲ့ကုသ မှုအောက်မှာဆက်လက်ခံစားမှုရှိဘို့လိုတာကြောင့်၊ ဈေးကြီးပေမဲ့၊ COBRA အစီအမံကို(ယာ ယီဘဲဖြစ်ဖြစ်)ဆက် ယူကြရပါတယ်။
ဒါဆိုရင်ဒီဈေးကြီးပေးနေရတဲ့ကျန်းမာရေးအာမခံစရိတ်ကိုသက်သာရာရစေမဲ့အစီအစဉ်ရှိပါသလား
ရှိပါတယ်။ မိမိတို့ကုသမှုခံယူနေတဲ့ဆရာဝန်၊ ဆေးရုံတို့ရဲ့အာမခံလွှမ်းခြုံမှုကိုရရှိနိုင်မဲ့ အာမခံကို ဈေးကွက် (Health insurance exchange or Marketplace) မှာစုံစမ်းကြဘို့အရေးကြီးပါတယ်။ (www.healthcare.gov) ကနေတဆင့်သက်ဆိုင်ရာပြည်နယ်၊ ဒေသတွေမှာရှိတဲ့ရုံး/ဖုံးနံပါတ်တွေမှာစုံစမ်းပြီး၊ ၀ယ်ယူကြဘို့လိုပါတယ်။ တခုတော့ရှိပါတယ်။ အဲ့ဒီဈေးကွက်တွေမှာရောင်းချတဲ့အာမခံပေါ်လစီများဟာ၊ မိမိတို့ ရှိခဲ့တဲ့ (သို့မဟုတ်) COBRA အရရှိရင်းစွဲအာမခံ Group plan တွေလောက်တော့မသက်သာနိုင်သလို၊ လွှမ်းခြုံ ကာကွယ်ပေးနိုင်မှု (coverage level and type) တော့ တူမယ်မထင်ပါဘူး။ ဒီအချက်တွေကိုတော့သေသေ ခြာခြာလေ့လာကြဘို့က မိမိကိုယ်တိုင်မှာတာဝန်ရှိကြတယ် ဆိုတဲ့အချက်ကိုသတိပြုကြပါ။
COBRA ကိုဘယ်သူတွေအကြုံးဝင်ခံစားခွင့်ရှိကြမလဲ
(၁) အကြောင်းမျိုးစုံကြောင့်အလုပ်ထွက်ကြရသူတွေ၊ (လုပ်ငန်းခွင်တွင်ကြီးမားသောပြစ်ဒါဏ်သတ်မှတ် ချက်ဖြစ့်အလုပ်ထုတ်ခံကြရသူတွေ အနေနဲ့ကတော့၊ မိမိတို့ပြစ်ဒါဏ်ကျခံရမှုကိုထုချေဖြေရှင်းခြင်းနှင့် တကွတင်ပြသော်လည်း၊ နောက်ဆုံးတွင် မိမိတွင်ပြစ် ချက်ရှိကြောင်း၊ အလုပ်သမားခုံအဖွဲ့ကသတ် မှတ်ခံခဲ့ရလျင်၊ ခံစားခွင့်မရှိပါ။)
(၂) အလုပ်ချိန်ကိုသက်ဆိုင်ရာအလုပ်ရှင်များကလျှောချခြင်းခံကြရသူတွေ၊
(၃) ဆိုင်ရာအလုပ်သမား/၀န်ထမ်းရဲ့ဇနီး၊ခင်ပွန်းနဲ့တရားဝင်သားသမီးတွေ၊
(၄) လင်မယားကွာရှင်းကြသူတွေ၊
(၅) သေဆုံးသူအလုပ်သမား/၀န်ထမ်းရဲ့ဇနီး/ခင်ပွန်း၊
ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ
အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်ကြရသူတွေ ကိုအလုပ်ရှိတွေက၊ မည်သို့ဆက်သွယ်ဆောင်ရွက်ရမယ် ဆိုတဲ့တိကျတဲ့ညွှန်ကြားချက်များကိုထုတ်ပေးလေ့ရှိပါတယ်။ အများအားဖြင့် သက်ဆိုင်ရာအာမခံကုမ္ပဏီ များကို ဆက်သွယ်ကြရပါတယ်။ ဒီညွှန်ကြားချက်ကို၊ အလုပ်မှကင်းကွာပြီး ရက်ပေါင်း(၉၀)အတွင်း၊ ကျန်းမာရေး အာမခံရဲ့လွှမ်းခြုံမှုကြေငြာလွှာနဲ့အတူ၊ မိမိထံပို့ပေးဘို့တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ အာမခံကုမ္ပဏီကလည်း၊ စာပို့လေ့ရှိပါတယ်။ အရေးကြီးတာက မိမိထံရောက်လာတဲ့စာအဆက်အသွယ်ကို မျက်ချေမပြတ်ကြဘို့ပါ။
မိမိထံရောက်လာတဲ့စာအရအာမခံကုမ္ပဏီကိုမိမိပါဝင်လိုကြောင်းအဆိုပြုလွှာကို ရက်ပေါင်း(၆၀)အတွင်း အကြောင်းပြန်ကြရပါမယ်။ အဲ့ဒီရက်ထက်ကျော်လွန်ခဲ့ရင်တော့၊ မိမိဆီမှာရှိတဲ့ကျန်းမာရေးအာမခံဆုံးရှုံး သွားပြီဆိုတာကိုအထူးသတိပြုကြပါ။
COBRA လွှမ်းခြုံမှုကာလဘယ်လောက်အထိရှိပါသလဲ
သက်ဆိုင်ရာပြည်နယ်များကပြဌာန်းကြတဲ့ Labor laws တွေအရ၎င်း၊ မိမိတို့လုပ်ခွင်ဝန်ထမ်းသက်ပေါ်မှာသော် ၎င်း အပေါ်မှာမူတည်ပြီး (၁၈)လ မှ (၃၆)လအထိတော့ဆက်လက်ခံ စားခွင့်ရှိကြပါတယ်။
COBRA ကိုအချိန်မကျမှီစောစီးစွာဖြတ်တောက်ခံရတတ်ပါသလား
ဖြစ်တတ်ပါတယ်။ ဥပမာ- မိမိတို့ပေးသွင်းရမဲ့ပရီမီယံကြေးများကိုပေးသွင်းရန်ပျက်ကွက်ခဲ့ရင် (သက်ဆိုင်ရာ အာမခံကုမ္ပဏီကပြေစာပို့သည်ဖြစ်၊ မပို့သည်ဖြစ်စေ၊ ပေးသွင်းရန်တာဝန်ဟာ မိမိတာဝန်ဆိုတာသတိချပ် ကြဘို့လိုပါတယ်။)၊ အလုပ်ရှင်က ရှိဆဲGroup Plan ကိုရပ်ဆိုင်းရင် (မိမိတို့ဆီ plan အသစ်နဲ့ပါတ်သက်တဲ့ စာရွက်စာတမ်းများပို့ပေးလေ့ရှိပါတယ်။ ဒါမှမဟုတ်အခြားနည်းလမ်းတခုခုနဲ့အာမခံဝယ်ယူနိုင်မဲ့အချက် အလက်တွေပေးပို့လေ့ရှိကြပါတယ်။)၊ မိမိတို့ထံမှာ အခြားအာမခံ ပေါ်လစီတခုခု (ဥပမာ- Medicare/ Medicaid) ရရှိခံစားခဲ့လျင်၊ မိမိတို့ plan ကိုအသုံးချပြီးမရိုးသားသောနည်းတခုခုနဲ့အမြတ်ထုတ်မှုတခုခု ထင်ရှားရှိခဲ့ရင်။
COBRA ပရီမီယံကြေးအတွက် အခွန်သက်သာခွင့် (tax credit) ရှိပါသလား
ခြွင်းချက်အချို့ကအပ ခံစားခွင့်ရှိပါတယ်။
အခြားဥပဒေခံစားခွင့်များအရခံစားခွင့်ရှိခဲ့ရင် ….
(က) Family and Medical Leave Act (FMLA) အရခွင့်ခံစားနေကြသူတွေဟာ COBRA နဲ့မသက်ဆိုင်တဲ့ အတွက်ကြောင့်၊ လက်ရှိခံစားနေတဲ့ မိမိအလုပ်ရှိရဲ့လွှမ်းခြုံခံစားရမှုတွေဆက်လက်ခံစားခွင့်ရှိကြပါတယ်။
(ခ) Affordable Care Act လို့ခေါ်တဲ့ Obamacare ရဲ့ကျေးဇူးကြောင့် COBRA ရဲ့လွှမ်းခြုံကာကွယ်ရရှိနိုင်မှု၊ ခိုင်မာလုံခြုံမှုရှိလာပါတယ်။ မှိခိုသာသားသမီးများ အသက်(၂၆)နှစ်အထိ ခံစားခွင့်ရခြင်း၊ ယခင်ရောဂါခံကြောင့် လွှမ်းခြုံကာကွယ်မှူမရသူတွေခုအချိန်ခံစားခွင့်ရလာကြပါပြီ။ ဒီ့အပြင် အကန့်အသတ်မဲ့ဆေးကုသကုန်ကျစရိတ် ကို အာမခံကုမ္ပဏိများကကျခံဘို့တာဝန်ရှိလာတာတို့၊ ခံစားခွင့်ရှိသူတိုင်းနားလည်လွယ်တဲ့ Summary of Plan (SoP) ကိုခံစားခွင့်ရှိကြသူတွေအတွက်ပေးရန်တာဝန်ရှိလာကြပါတယ်။
COBRA ဟာ အလုပ်သမားဝန်ထမ်းအများစုနဲ့သိသလိုလိုနဲ့ရင်းနှီးကျွမ်းဝင်မှုနည်းပါးတဲ့ ခံစားခွင့်တခုပါ။ အမေရိ ကရောက်မြန်မာအလုပ်ခွင်ရှိဝန်ထမ်းများဟာ COBRA နဲ့တနည်းမဟုတ်တနည်းနဲ့ ကြုံတွေ့ကြရမှာမလွဲဧကန်ပါ။ ဒီလိုတွေ့ကြုံကြရချိန်မှာ စိတ်ပူပန်မှုမဖြစ်ကြဘို့နဲ့စိတ်အေးအေးထားပြီး၊ ပေးပို့စာတွေကို အချိန်နဲ့တပြေးညီ လိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင် မိမိတို့ ဘ၀ဖြောင့်ဖြူးအေးချမ်းနိုင်စေရေးကို အထောက်အကူပြုနိုင်မယ်ဖြစ် ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။                  ။

Friday, May 25, 2018

အမေရိကရောက် H-1B, H-2B, F-1, F-2- J-1, J-2, M-1 နှင့် M-2 ကိုင်ဆောင်နေကြသော မြန်မာနိုင်ငံသားတို့အတွက် အထူးသတင်း



ပြီးခဲ့တဲ့ မေ(၁၁)ရက်က USCIS လို့ခေါ်တဲ့ လူဝင်မှုကြကြပ်ရေးဌာနကြီးက အထက်ဖေါ်ပြပါ ဗီဇာများကိုင် ဆောင်နေကြတဲ့အမေရိပြည်တ၀ှမ်းရောက်ရှိနေကြသူ၊ နိုင်ငံသားမဟုတ်သူ(Non-immigrants) တွေနဲ့ပါတ် သက်တဲ့ကြေငြာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ သဘောထားအချုပ်ကတော့လွန်ခဲ့တဲ့ (၂၀၁၀)အတွင်းက၊ အမေရိကတ၀ှမ်ရောက်ရှိနေကြသူ Non-immigrants တွေကို Homeland Security ဌာနအောက်မှာရှိတဲ့ USCIS နဲ့ Department of Justice တို့ကြားမှာ သဘောတူညီချက်ရှိပြီးသားပြဌာန်းချက်တွေကို တွန်းအားပေး ရုံမက၊ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းနဲ့ ထိထိရောက်ရောက်ကိုင်တွယ်အရေးယူဘို့ပါဘဲ။ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့အစိုးရအတက်ရောက်လာချိန်ကစပြီး၊ နိုင်ငံတကာမှဝင်ရောက်လာသူ တရားမ၀င်များကိုဖိနှိပ် ပိတ်ပင်ဘို့အထူးလုံးပန်းနေတာ အားလုံးသိကြားပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်။ ဒီကန့်သတ်ချုတ်ချယ်မှုတွေ ဟာအမှန်တော့နဂိုကတည်းကရှိပြီးသားပညတ်ချက်တွေဆိုပေမဲ့အစိုးရအဆက်ဆက်က၊ ထိထိရောက်ရောက် အာဏာကုန်သုံးအရေးယူတာမရှိခဲ့ပါဘူး။ ပညတ်ချက်တွေဟာ တရားမ၀င်ရောက်လာသူများသာမက၊ တရား ၀င်ရောက်လာပြီး၊ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာကြသူတွေကိုပါ အခုအခါထိထိရောက်ရောက် အရေးယူတော့မယ့်လက္ခဏာရှိနေပါပြီ။ ဒီအတွက် လက်ရှိသမ္မတကိုထောက်ခံပြီး၊ အမျိုးသားရေးဝါဒီများ၊ နိုင်ငံအတွင်း၊ တရားဝင်ရောတရားမ၀င်နည်းမျိုးစုံသုံးဝင်ရောက်လာပြီး၊ နိုင်ငံ့ဘဏ္ဍာကနေသူတို့အတွက်ကျခံ နေရတာတွေကိုမနှစ်မြို့နိုင်ကြသူတွေကမျက်စေ့မှိတ်ထောက်ခံကြတာကိုတွေ့ရပါတယ်။
ဘယ်သူတွေအကြုံးဝင်မလဲ
(က) H-1B (ပြည်ပ ပညာရှင်အလုပ်သမားများ) နဲ့
H-2B (စိုက်ပျိုးရေးပညာရှင်မဟုတ်သောပြည်ပအလုပ် သမားများ) ကိုင်ဆောင်ကြသူများ
(ခ) F-1 (တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း ကျောင်းသားများ),
F-2 (တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
J-1 (နှစ်နိုင်ငံသဘောတူညီချက်အရခေတ္တတာဝန်ထမ်းဆောင်သော ပါမောက္ခနှင့်ဆရာများ၊ ပညာရှင်များ၊ အလုပ်သင်များ) နှင့်
J-2 (အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ)
M-1 (သက်မွေးဝမ်းကျောင်း Vocational schools ကျောင်းသားများ) နှင့်
M-2 (သက်မွေးဝမ်းကျောင်း Vocational schools ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
အရေးယူဆောင်ရွက်မည့်အစီအစဉ်
(က) H-1Bနှင့် H-2Bအစီအစဉ်နဲ့ လက်ရှိအမေရိကနိုင်ငံတွင်းရောက်ရှိကြတဲ့သူတွေဟာ၊ ၊ အမေရိကနိုင်ငံ အတွင်း၊ ရာထူးလိုအပ်ချက်အရပညာရှင်ရှာဖွေမတွေ့နိုင်တော့ဘူးဆိုတဲ့ခွင့်ပြုချက်ကို အမေရိကအစိုးရအလုပ် သမား ဌာနကြီးရဲ့ စိစစ်ချက်အရသာခန့်ထားခံကြရသူယာယီဝန်ထမ်းများသာဖြစ်တာမို့၊ ကန့်သတ်ကာလကုန် ရင် အမိမြေကိုပြန်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရောက်ရှိနေကြသူအတော်များများဟာ၊ လူဝင်မှုကြပ်ရေးစည်း မျဉ်းများနဲ့တရားဝင်ဘဲဖြစ်ဖြစ်၊ တရားမ၀င်ဘဲဖြစ်ဖြစ်၊ ဆက်လက်နေခွင့်ရဘို့၊ သက်တမ်းတိုးဘို့ နဲ့ နောက်ဆုံး အမြဲ နေထိုင်ခွင့် (Immigrant visa) ရဘို့ကြိုးစားကြတာတွေအများကြီးပါ။ လက်ရှိသမ္မတအာဏာရချိန်ကစပြီး၊ ဒီကိစ္စတွေကိုစစ်ဆေးတဲ့အခါမှာ၊ စည်းမျဉ်းအရ အမေရိကနိုင်ငံသားပညာရှင်များကိုကျော်လွန်ပြီး၊ တပါးနိုင်ငံ သားတွေကိုခေါ်ယူလစာပေးခန့်တဲ့အတွက်၊ အရေးယူခံရတဲ့ လုပ်ငန်းရှင်ကုမ္ပဏီပေါင်းဒါဇင်များစွာရှိနေပြီလို့ ဆိုပါတယ်။ Discrimination လူတန်းစားခွဲခြားမှု ဆိုတဲ့ပြစ်ချက်နဲ့အရေးယူတယ်လို့ဆိုပါတယ်။ သေခြာတာက တော့ ပြည်ပပညာရှင် များကိုခန့်ထားခြင်းနည်းနဲ့ လုပ်ငန်းရှင်များဟာ သူတို့ကိုပေးရတဲ့စရိတ်ချိုးခြံနိုင်တဲ့အပြင်၊ ပြည်ပနိုင်ငံသားဖြစ်ကြတာမို့၊ ဆင်ခြေပြဿနာအလွန်နည်းတယ်ဆိုတဲ့အားသာချက်က၊ အမေရိကလုပ်ငန်းရှင် တွေ အတွက်မက်လောက်စရာ အကြောင်းချင်းရာတွေပါ။ သမ္မတထရမ့်ရဲ့ “Buy American Hire American” သမ္မတအမိန့်စာဟာ အမေရိကနိုင်ငံသားများကိုသာအလုပ်ဈေးကွက် (Labor Market) မှာတွင်ကျယ်စေရေး ဟာ ဘယ်ကိုဦး တည်မယ်ဆိုတာမသိနိုင်သေးပေမဲ့၊ ရွှေ့ပြောင်းအခြေချလိုသူ (Immigrant) ၀ါဒကိုပြောင် ပြောင်တင်းတင်း ဆန့်ကျင်တယ်ဆိုတဲ့အတွင်းသရုပ်ကိုထင်ထင်ရှားရှားပြနေပါတယ်။
ဒီဗီဇာအမျိုးစားကိုင်ဆောင်ကြသူတွေဥပဒေချိုးဖေါက်မှုဖြစ်ခဲ့ရင်၊ သက်ဆိုင်ရာကိုတိုင်ကြားနိုင်ဘို့ အင်တာနက် မှာအတိအကျလွှင့်တင်ထားပြီမို့၊ နိုင်ငံသားမည်သူမဆိုအချိန်မရွေးတိုင်ကြားနိုင်ပြီဆိုတာ အသိပေးလိုက်ပါ တယ်။
(ခ) ထိုနည်းတူစွာဘဲ F-1, F-2- J-1, J-2, M-1 နှင့် M-2 ကိုင်ဆောင်နေကြသူ (ကျောင်းသူကျောင်းသားနဲ့ မိသားစုဝင်များ) တွေကိုလည်း၊ ပြည်သူ့ဘ၀လုံခြုံမှုကိုကာကွယ်ခြင်းအလို့ငှာဆိုတဲ့ပညတ်ချက်အရ၊ ကန့်သတ် ကာလကျော်လွန်နေထိုင်ကြောင်းတွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ကြေငြာလိုက်ပါပြီ။  အရေး ယူဆောင်ရွက်မှုတွေ ကို ယခုနှစ် (၂၀၁၈) သြဂုတ်(၉)ရက်နေ့ကစတင်မယ်လို့ပြောပါတယ်။  နေထိုင်ကျောင်း တက်ခွင့်သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း(၁၈၀)အတွင်းမှာကိုယ်နေရင်းနိုင်ငံကိုမပြန်ကြသူတွေကို၊ ဖမ်းဆီးခြင်း၊ နောင်ဗီဇာထုတ်ပေးခြင်းကို(၃)နှစ်မှ(၁၀)အတွင်းမစဉ်စားတော့ခြင်းစတဲ့ပြင်းထန်တဲ့အရေးယူမှုတွေလုပ်တဲ့အ ပြင်ရာသက်ပန်ဗီဇာပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒီအရေးယူမဲ့အစီအစဉ်ဆင့်ဆင့်ကို လက်ရှိမှာလူထုထံမှာ အကြံညဏ်များတောင်းဆိုနေတယ်လို့ဆိုပါတယ်။ ဒီဗီဇာကိုင်ဆောင်ကြသူတွေအနေနဲ့ ဥပဒေချိုးဖေါက်မှုတွေ လုပ်ခဲ့ရင်လည်း၊ နိုင်ငံသားမည်သူမဆိုတိုင်ကြားနိုင်ဘို့ အင်တာနက်မှာအတိအကျ လွှင့်တင်ထားပြီးတာကို တွေ့နိုင်ပါတယ်။
ဒီလိုတိုင်ကြားမှုတွေပြုလုပ်ကြရာမှာ ထူးခြားချက်တခုကတော့ တိုင်ကြားခံရမဲ့သူနဲ့ပါတ်သက်ပြီး၊ ဖေါက်ဖျက် ကျူးလွန်တယ်လို့ယူဆရတဲ့အခြေခံအချက်အလက်တွေကိုသာ တင်ပြသွားယုံနဲ့ အရေးယူဆောင်ရွက်ချက်တွေ ပေါ်ပေါက်လာနိုင်စရာရှိနေပါပြီ။
ဥပဒေချိုးဖေါက်နိုင်မှုအခြေအနေများ
Benefit/Marriage Fraud
Bulk Cash Smuggling/Financial Crimes
Child Exploitation/Pornography
Cyber Crimes
Employment/Exploitation of Unlawful Workers
F/M Student Violations, Including OPT
Fugitive Criminal Alien
Gang Related
Human Rights Violators
Human Smuggling
Human Trafficking (Forced Labor/Slavery)
Immigration Telefraud
Intellectual Property Rights
Narcotics Smuggling
Terrorism Related
Trade Exportation Violation
Trade Importation Violation
Weapons Smuggling
Other
အထက်ဖေါ်ပြတဲ့ ပြဌာန်းချက်တခုခုကို ကျူးလွန်သူသာမက၊ အားပေးအားမြှောက်ပြုသူ၊ တိုင်ကြားရန် ပျက် ကွက်သူတွေကိုပါလွှမ်းခြုံအရေးယူခြင်းတွေဖြစ်လာနိုင်တာမို့၊ ခပ်ပေါ့ပေါ့ လုပ်စားမယ်ဆိုတဲ့သူများတွေ၊ သတိ ပြုဘရိတ်အုတ်ကြဘို့လိုပါပြီ။ အခွင့်အရေးရပေါက်ရလမ်း လောဘဇောနဲ့ မိမိအကျိုးတခုကိုကြည့်ကြသူတွေ အမြင်မှန်ထားရမဲ့အချိန်ရောက်ပါပြီ။ ထိုနည်းတူစွာဘဲ မဟုတ်ဘဲလည်ဆည်လုပ်ကြံပြီး၊ သူတပါးအကျိုး ပျက်စီး ရာပျက်စီးကြောင်းကိုရှောင်ရှားကြဘို့လိုပါတယ်။
ကျွန်တော်တို့မြန်မာအသိုင်းအ၀ိုင်းဟာ မနာလိုမုန်းတီးမှု၊ မကြေနပ်မှုပေါ်တိုင်းမှာဥပဒေလမ်းကြောင်းကို နည်မျိုး စုံရယူပြီး၊ တဖက်သားဘ၀တိုးတက်မှုကို ပျက်စီးရာပျက်စီးကြောင်းလုပ်တတ်ကြတဲ့အထုံဝါသနာ အလွန်ကြီးပါ တယ်။
မိသားစုစိတ်ဓါတ်နဲ့ဥပဒေလမ်းကြောင်းပေါ် စိတ်ချမ်းမြေ့စွာနေနိုင်တဲ့ ပြည်ပရောက်မြန်မာလူ့အသိုက်အမြုံများ အခိုင်အမာပေါ်ပေါက်လာရေးသို့ ဦးတည်လျက်။                  ။