Monday, September 01, 2025

လူမှုဖူလုံရေးအစီအမံ၏ နောက်ကွယ်ရှိအမှန်တရားများ

 ပြီးခဲ့တဲ့လပိုင်းအနည်းငယ်က AARP အဖွဲ့ကြီးက အမေရိနိုင်ငံတလွှားနေထိုင်ကြသူတွေကြားထဲ စိုးရိမ် ပူပန်မှုကြီးလာနေတဲ့ မိမိတို့ရဲ့ လူမှုဖူလုံရေးဆိုင်ရာအကျိုးခံစားခွင့် ရေချိန်မြင့်မားလာမှုတွေကို  public conference တခုလုပ်ပြီးအဖြေရှာခဲ့ပါတယ်။ ဆိုင်ရာအဖွဲ့အစည်းကြီးကတာဝန်ရှိပုဂ္ဂိုလ်များ အပြင် ကျွမ်းကျင်သူပညာရှင်များကအချိန်ယူလေ့လာဆွေးနွေးသွားတာတွေကို ဖေါက်သယ်ချလိုက်ပါတယ်။

 

ငါအငြိမ်းစားယူချိန်မှာ လူမှုဖူလုံရေးဆိုင်ရာအကျိုးခံစားခွင့်တွေဟာ အဆင်သင့်တာဝန်ယူဘို့ရှိနေလိမ့် မယ်။

လူမှုဖူလုံရေးအစီအမံစတင်သည့်နေ့မှစ၍ ငွေပေးချေမှု ယနေ့အထိမပျက်ကွက်သေးပါဘူး။ ဒါပေမဲ့ ရေရှည်အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ကွန်ဂရက်လွှတ်တော်က အရေးယူဆောင်ရွက် မှုတစုံတရာ မလုပ်ပါက၊ ရန်ပုံငွေလျော့နည်းမှုရှိနိုင်ပါတယ်။ ပြတ်တောက်ခြင်းတော့မဖြစ်နိုင်ပါ။ နိုင်ငံ ရေး ကျွမ်းကျင်သူများက ဒီအစီအစဉ်ရဲ့ ရေပန်းစားမှုကြောင့် မဖြစ်နိုင်လို့ ဆိုထားပါတယ်။ ဒီရာစုနှစ် ကုန်အထိ အကျိုးခံစားခွင့်အများစုကို ဆက်လက်ပေးဆောင်နိုင်ပါတယ်လို့ ဘတ်ဂျက်နှင့် မူဝါဒဦးစား ပေးများဆိုင်ရာ ဗဟိုဌာနမှ Senior Fellow Paul Van de Water ကဆိုထားပါတယ်။ အိပ်မက်ဆိုး တွေမမက်ကြပါနဲ့တဲ့။ လူမှုဖူလုံရေးနှင့် Medicare ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌနှင့် စီအီးအို Max Richtman ကလည်း လူငယ်များဟာ လုံခြုံစိတ်ချစွာအလုပ်လုပ်ကြဘို့ ပြော ကြားထားပါတယ်။ ဒီအစီအစဉ်က သူတို့ရဲ့ မိဘတွေ၊ အဘိုးအဘွားတွေအတွက်သာမက သူတို့အ တွက်ပါ အရေးကြီးတယ်။” လို့ဆိုပါတယ်။

 

ကွန်ဂရက်က လူမှုဖူလုံရေးရန်ပုံငွေကို ဘယ်တော့မှ စီးနင်းသိမ်းပိုက်ခြင်းမပြုပါဘူး။ လူမှုဖူလုံရေးလုပ်ခလစာအခွန်များကဖြတ်တောက်ရရှိတဲ့ အကျိုးခံစားခွင့်ထဲ့ဝင်ငွေပေးဆောင်သည် ထက် ပိုမိုများပြားသည့်နှစ်များ (surplus) ရှိပါတယ်။ ပိုငွေကို နောက်ပိုင်းအသုံးပြုရန်အတွက် လူမှုဖူ လုံရေးရန်ပုံငွေသို့ ပေါင်းထည့်ထားပါတယ်တဲ့။ ဆယ်စုနှစ်များအတွင်း စုဆောင်းရရှိသော ပိုငွေဒေါ်လာ (၂.၇) ထရီလီယံဟာ ငွေသားသက်သက်ထဲမှာပေါင်းထဲ့ခြင်း မပြုတော့ပါ။ အဲ့ဒီငွေသားကို အတိုးပေး သော စာချုပ်များမှာရင်းနှီးမြှုပ်နှံထားကြောင်း Richtman က မှတ်ချက်ပြုပါတယ်။ လူမှုဖူလုံရေး ရင်း နှီးမြှုပ်နှံမှုများအဖြစ် အမေရိကန်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ငွေတိုက်စာချုပ်များ (Treasury Bonds) အဖြစ်ရှိနေပါတယ်လို့ဆိုထားပါတယ်။

 

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ  (Undocumented immigrants) များဟာ အငြိမ်းစား ခံစားခွင့်ရံပုံငွေများကနေ ရယူခံစားနေတာကြောင့် လူမှုဖူလုံရေးအစီအမံကို ထိခိုက်စေခြင်းအလျင်း မရှိပါဘူး။ 

အထောက်အထားမဲ့အလုပ်သမားအချို့ဟာ လူမှုဖူလုံရေးနံပါတ်အတုများကို အသုံးပြုပြီး စနစ်ထဲသို့ ပေးဆောင်နိုင်ပေမဲ့လည်း တရားဝင်နေထိုင်သူ (သို့မဟုတ်) အမေရိကန် နိုင်ငံသားများ မဖြစ်သေး သရွေ့ အကျိုးခံစားခွင့်များကို ထုတ်ယူခွင့်မရနိုင်ပါဘူး။ လူမှုဖူလုံရေးသို့ ပေးဆောင်တဲ့ အထောက် အထားမဲ့ အလုပ်သမားများဟာ သူတို့ရဲ့ဝင်ငွေများကို ပေးဆောင်နေသော်လည်း အကျိုးခံစားခွင့်များ ကို ဘယ်တော့မျှရရှိနိုင်မှာမဟုတ်ကြကြောင်း Richtman က မှတ်ချက်ပြုတယ်။

 

နှစ်စဉ်လူနေမှုစရိတ် ပြုပြင်ပြောင်းလဲမှု (Cost of Living Adjustment, COLA) ဟာ အသက်ကြီးတဲ့ အမေရိကန်များရင်ဆိုင်နေကြရတဲ့ ဆေးဝါးကုသစရိတ်ကကြီးထွားလာမှုကို ငွေကြေးဖောင်းပွမှုက လိုက်လျောညီထွေဖြစ်အောင်မဆောင်ကျဉ်းနိုင်သေးပါ။ 

ငွေကြေးဖောင်းပွမှုကို ထင်ဟပ်စေဘို့ နှစ်စဉ်နှစ်တိုင်း အကျိုးခံစားခွင့်စစ်ဆေးမှုများကို ချိန်ညှိပါတယ်။ ဒါပေမဲ့တွက်ချက်ပုံ ဖော်မြူလာဟာ အငြိမ်းစားများအတွက်မဟုတ်ဘဲ ပျမ်းမျှမြို့ပြလုပ်သားများ အသုံး ပြုတဲ့ ကုန်ပစ္စည်းများရဲ့ဈေးကွက်ရလာဒ်ပေါ်မှာ အခြေခံထားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အခြား သော ထုတ်ကုန်များထက် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ကြီးထွားလာမှု ပိုမိုမြန်ဆန်လာတဲ့အခါ ၎င်းတို့ရဲ့ ဝယ်ယူမှုစွမ်းအားကို လက်တွေ့ကျကျထိန်းသိမ်းနိုင်စွမ်းရှိဘို့ သူတို့ရဲ့ ဝယ်ယူမှုပုံစံများကို ပိုမို ကောင်းမွန်စွာ ထင်ဟပ်စေမဲ့ သက်ကြီးစားသုံးသူများအတွက် ဈေးနှုန်းအညွှန်းကို အသုံးပြုရန် အဆိုပြု ထားဆဲရှိနေပါတယ်။ ကြိုးပမ်းမှုလုပ်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေထဲမှာ AARP ကထိပ်တန်းလို့ဆို ပါတယ်။

 

လူမှုဖူလုံရေးသည် တစ်ဦးချင်း အငြိမ်းစားငွေစုအကောင့် (Individual retirement saving account) တစ်ခုနှင့် မတူပါ။ 

အငြိမ်းစားယူတဲ့အခါမှာ အစိုးရက အဲ့ဒီစုဆောင်းငွေကိုအတိုးနှုန်းနဲ့ ထုတ်ပေးဘို့ထိန်းသိမ်းထားခြင်း မဟုတ်ဆိုတာကိုနားလည်ကြရပါမယ်။ ကိုယ့်အကျိုးခံစားခွင့်ဟာ ကိုယ့်လုပ်သက်တလျှောက်ဘဝ မှာရရှိတဲ့လုပ်အားခငွေ(Earned income) အပေါ်သာအခြေခံတယ်ဆိုတဲ့အယူအဆကို နားလည်လက် ခံရပါလိမ့်မယ်။ ကိုယ်အငြိမ်းစားယူတဲ့အခါမှာ လက်ရှိအလုပ်လုပ်ဆဲရှိသူတွေက ကိုယ့်ရဲ့အကျိုးခံစား ခွင့်အစိတ်အပိုင်းကို ဆက်လက်ပေးသွင်းနေရတယ်ဆိုတာကိုသတိရကြဘို့လိုပါတယ်။ မိမိတိုရဲ့ သက် တမ်းတစ်လျှောက်မှာ လူအများစုကရရှိခံစားရတဲ့ခံစားခွင့်ပမာဏဟာ မိမိတို့ထဲ့ဝင်ပေးဆောင်ငွေသား ထက်သာလွန်ကြောင်းကို Urban Institute လို့ခေါ်တဲ့ ဘက်မလိုက်ပညာရှင်အဖွဲ့ကတွက်ချက်သုံးသပ် ပေးထားပါတယ်။

 

မိမိတို့ကိုယ်တိုင်ဆက်လက်အလုပ်လုပ်ကိုင်နေပါကလည်း အကျိုးခံစားခွင့်များ လျော့နည်းရပ်တန့် ထားရပေမဲ့ ခံစားခွင့်ကအပြီးတိုင်ဆုံးရှုံးမှုမဟုတ်ပါ။ 

လူမှုဖူလုံရေးအစီအမံမှာ အလုပ်လုပ်ဆဲလူများရဲ့ အကျိုးခံစားခွင့်များကို ယာယီလျှော့ချနိုင်တဲ့ ဝင်ငွေ ကန့်သတ်ချက်” (earning limit) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ သို့သော် အဲ့ဒီစည်းမျဉ်းဟာ အပြည့်အဝ အငြိမ်းစားယူသည့် အသက် (Full retirement age, FRA) မတိုင်မီ အကျိုးခံစားခွင့် တောင်းဆိုသူများသာ အကျုံးဝင်ပြီး အလုပ်ဆက်လက်လုပ်ကိုင်ခြင်းကို မထိခိုက်ပါဘူး။ (၂၀၂၅-ခုနှစ် မှာ ဆက်လက်အလုပ်လုပ်ကိုင် နေသူတဦးဟာ FRA သို့မရောက်ရှိသေးပေမဲ့၊ ကိုယ့်ရဲ့လူမှုဖူလုံရေးငွေ ပေးချေမှုများကို ($၂၃,၄၀၀ အထက်နှစ်ပေါက်ရရှိငွေဖြစ်နေရင်) ဝင်ငွေ $၂ တိုင်းအတွက်$၁ အထိ လျော့နဲရရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ FRA ရောက်ပြီဆိုရင် အဲ့ဒီလျော့နည်းရရှိမှုအလျင်းမရှိတော့ဘဲ အခြားပုံမှန်အတိုင်းဆက်လက်ခံစားရရှိနိုင်ပါလိမ့်မယ်။ ဒါကဝင်ငွေဘယ်လောက်ပင်ရှိနေပါစေ FRA ရောက်ပြီဆိုတာနဲ့ခံစားခွင့်ရမဲ့ပမာဏတွက်ချက်ပုံပါ။

 

လူမှုဖူလုံရေးသည် အသက်ကြီးသော အမေရိကန်များအတွက်သက်သက်သက်သာ မဟုတ်ပါ။ လက်ခံသူများ၏ လေးပုံသုံးပုံသည် အငြိမ်းစားယူထားသော်လည်း လေးပုံတပုံတို့ဟာ မသန်စွမ်းသူ တွေ (သို့မဟုတ်) ကွယ်လွန်သွားသူတွေရဲ့ကျန်ရစ်သူ အိမ်ထောင်ဘက်များနဲ့ သားသမီးများဖြစ်ကြ ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ကံကြမ္မာရဲ့ဆိုးရွားမှုမျိုးဆိုတာဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခြေ အနေတွေအတွက်လည်း လူမှုဖူလုံရေးအစီအမံဟာ အလွန်အားကိုးလောက်တဲ့ အစီအမံပါ။

 

Social Security benefits နှင့် Medicare အစီအမံကြီးတို့၏နောက်ခံသမိုင်းမှတ်တိုင်များ

၁၉၃၅ ခုနှစ်၊ သြဂုတ်(၁၄-ရက်)

သမ္မတဖရန်ကလင်ဒီရုစ်ဘဲ့လ်မှ Social Security Act ကို ဥပဒေ အဖြစ်လက် မှတ်ရေးထိုးထုတ်ပြန်ခဲ့

၁၉၃၇၊ ဇန္နဝါရီ

SS benefits ခံစားခွင့်ကို တလုံးတခဲထဲအဖြစ်စတင်ထုတ်ပေးခဲ့

၁၉၃၉ ခုနှစ်၊ သြဂုတ်(၁၀-ရက်)

ကာယကံရှင်သာမကမှီခိုသူ/ကျန်ရစ်သူတို့ပါ တိုးချဲ့ခံစားခွင့်ပြုခဲ့

၁၉၄၀ ခုနှစ်၊ ဇန္နဝါရီ(၃၁-ရက်)

Ida M Fuller ဆိုသူအမျိုးသမီးကြီးဟာ လစဉ်အထောက်အပံ့ငွေ($၂၂.၆၄) ကို ကနဦးဆုံးရရှိသူဖြစ်လာခဲ့

၁၉၅၀ ခုနှစ်၊ အောက်တိုဘာ

ကွန်ဂရက်မှ နှစ်အလိုက် ငွေကြေးဖေါင်းပွမှုပေါ်အခြေခံသော COLA ကိုစတင် ပြဌာန်းခဲ့

၁၉၅၆ ခုနှစ်၊ သြဂုတ်(၁-ရက်)

မသန်စွမ်းသူအဖြစ်သတ်မှတ်ခံရသူ အသက်(၅၀ မှ ၆၄) များကိုလည်းခံစားခွင့်ဝင်များ အဖြစ်စတင်တိုးချဲ့ခဲ့

၁၉၆၀ ခုနှစ်

သမ္မတကနေဒီမှ  အသက်(၆၅နှစ်နှင့်အထက်များကို နိုင်ငံလုံး ဆိုင်ရာ အမျိုးသား ကျန်းမာရေးအာမခံစနစ်ထူထောင်ရန်တာဝန်ပေးခဲ့

၁၉၆၁ ခုနှစ်၊ ဇွန်(၃၀-ရက်)

အငြိမ်းစားယူပြီး ခံစားခွင့်စတင်ရရှိခွင့်အသက် သတ်မှတ်ချက်ကို အသက်(၆၂)နှစ် အထိ လျှော့ပေါ့သတ်မှတ်ခဲ့

၁၉၆၅ ခုနှစ်၊ ဇူလိုင်

Medicare နှင့် Medicaid ကိုစတင်ရန်သမ္မတဂျွန်ဆင်ကဖေါ် ဆောင်ပေးသော ဥပဒေပြုမှုကိုစတင်ခဲ့

၁၉၆၆ ခုနှစ်၊ ဇူလိုင်(၁-ရက်)

အသက်(၆၅)နှစ်နှင့်အထက် (၁၉ သန်း)တို့ Medicare စတင်ခံစားခွင့်ရရှိကြ

၁၉၇၂ ခုနှစ်

သမ္မတ နစ်ဆင်မှ အသက်(၆၂)အောက်ရှိသော်လည်းနာတာရှည် မပျောက်ကင်း နိုင်သော မသန်စွမ်းမှုနှင့်ကျောက်ကပ်ဝေဒနာရှင်တို့ကိုလည်း Medicare ခံစားခွင့် စခဲ့

၁၉၇၂ ခုနှစ်

အသက်(၆၅)နှစ်ပြည့်ပြီး သက်ကြီးရွယ်အို မသန်စွမ်း၊ မျက်မမြင်ဖြစ်၍ ဝင်ငွေချို့တဲ့ သူတို့ကို Supplemental Security Income, SSI ကိုစတင်ခံစားခွင့်ပြုခဲ့

၁၉၈၃ ခုနှစ်၊ ဧပြီ

သမ္မတရီဂင်မှ SS ၏ရံပုံငွေတောင့်တင်းခိုင်မာရေးဆိုင်ရာ ကြီးမားသောအပြောင်း အလဲများပါသောအစီအမံကိုစတင်ခဲ့

၁၉၉၄ ခုနှစ်၊ မေ (၁၇-ရက်)

SSA official website စတင်လွှင့်တင်ခဲ့

၁၉၉၉ ခုနှစ်

Medicare Advantage, MA ခေါ်ပုဂ္ဂလိကကျန်းမာရေးအာမခံပုံစံ (HMO) စတင်ခဲ့

၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ (၈-ရက်)

သမ္မတဂျော့ဘွတ်ရှ်မှ Medicare Modernization Act ကိုပြဌာန်းပြီး Prescription drug benefits ကိုစတင်ခဲ့

၂၀၀၆ ခုနှစ်၊ ဇန္နဝါရီ (၁-ရက်)

Prescription drug benefits စတင်ခံစားရရှိကြ

၂၀၀၇ ခုနှစ်

၂၀၀၃ ခုနှစ်ပြဌာန်းဥပဒေအရ Part B ပရီမီယံကြေးတိုးမြှင့်မှုကို ဝင်ငွေများသူများ မှစတင်ခဲ့

၂၀၀၉  ခုနှစ်

ခံစားခွင့်ရှိသူအားလုံး online စတင်လျှောက်ထားနိုင်

၂၀၁၀ ခုနှစ်

Affordable Care Act, ACA (Obamacare) မှ ရောဂါကာကွယ်မှုဆိုင်ရာ ကျန်းမာ ရေးစောင့်ရှောက်မှုများကို အခမဲ့အဖြစ်သတ်မှတ်ခဲ့

၂၀၁၈ ခုနှစ်

Medicare ခံစားခွင့်ရှိသူအားလုံးက စာ+ဂဏန်း(၁၁)လုံးပါ ကတ်အသစ်များစတင် ကိုင်စွဲကြရ

၂၀၁၉ ခုနှစ်

Medicare Advantage, MA သုံးစွဲနေကြသူများမှ နာတာရှည်ရောဂါများကိုလည်း အကြုံးဝင်ကုသခွင့်ရရှိကြ

၂၀၂၄ ခုနှစ်၊ မေ (၆-ရက်)

SS Trustee ကြီးမှ ကွန်ဂရက်မှအရေးယူဆောင်ရွက်မှုမရှိလျင် (၂၀၃၅ ခုနှစ်) ကျော်လျင် ခံစားခွင့်ပမာဏ၏ (၈၃%)သာရရှိနိုင်မည်ဟုတွက်ချက်ခဲ့သည်

၂၀၂၆ ခုနှစ်

Part D drugs များအတွက်ဈေးနှုန်းလျှော့ရေးဆိုင်ရာညှိနှိုင်းမှု များတိုးချဲ့လာနိုင် မည်။

 

အမေရိကန်များသည် ဤမြင့်မြတ်သောကတိကဝတ်များ (The Sacred Promises) ကို အားကိုးကြ သည်။

လူမှုဖူလုံရေးနှင့် Medicare တို့ကို အကာအကွယ်ပေးရမည်လို့ဆိုရင် အမေရိကတဝှမ်းနေထိုင်ကြတဲ့ ကျွန်တော်တို့မြန်မာတွေ နားလည်လက်ခံသဘောတူကြမယ်လို့ယုံကြည်ပါတယ်။ 

AARP လို့ခေါ်တဲ့ အမေရိကနိုင်ငံသက်ကြီးရွယ်အိုအငြိမ်းစားပုဂ္ဂိုလ်များဆိုင်ရာအသင်းကြီးရဲ့ CEO ဖြစ်တဲ့ DR. MYECHIA MINTER-JORDAN က AARP Bulletin လို့ခေါ်တဲ့စာစောင်ရဲ့ ထိပ်စီးဆောင်း ပါးမှာ Social Security System လို့ခေါ်တဲ့ လူမှုဖူလုံရေးမဟာဗျူဟာအစီအမံကြီးအကြောင်း ကာ ကွယ်စောင့်ရှောက်ကြဘို့လိုကြောင်း ရှင်းလင်းပြတ်သားစွာရေးသားဖေါ်ပြထားတာကို ခုနှစ်(၂၀၂၅ ခုနှစ်)မေ/ဂျွန်လထုတ်စာစောင်မှာ ဖတ်ရှုလိုက်ရပါတယ်။ လူမှုဖူလုံရေးနှင့် Medicareတို့ဟာ Social Security ကြီးက အမေရိကန်သမိုင်းမှာ အထိရောက်ဆုံးနှင့် မရှိမဖြစ်လိုအပ်တဲ့ ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေးပရိုဂရမ်များဖြစ်ကြပါတယ်။ လူမှုဖူလုံရေဟာ ၎င်းရဲ့အကျိုးခံစားခွင့်ရှိသူလူထု (၆၉ သန်း) သန်းနီးပါး၏ အများစုအတွက်ဖြစ်တဲ့ အငြိမ်းစားတို့ရဲ့ (Earned Incomer) တို့အတွက်ဝင်ငွေအကြီး ဆုံးရင်းမြစ်ဖြစ်ပြီး၊ Medicare လူ (၆၈-သန်း)ကျော်တို့်အတွက် အဓိကတစ်ခုတည်းသော ကျန်းမာရေး စောင့်ရှောက်မှုအာမခံအရင်းအမြစ်ဖြစ်တယ်လို့ဆိုပါတယ်။

ခုအချိန်လိုမသေချာမရေရာသောအချိန်များမှာ AARP ဟာဒီပရိုဂရမ်နှစ်ခုလုံးကို ထိန်းသိမ်းရန်နှင့် အားကောင်းစေရန် ၎င်း၏ကြိုးပမ်းအားထုတ်မှုကို နှစ်ဆတိုးအားထုတ်လျက်ရှိပါတယ်။

အရေးကြီးပြီး လူတိုင်းနှလုံးသွင်းထားရမဲ့အခြေခံ ခံယူချက်တခုကတော့ လူမှုဖူလုံရေးနှင့် Medicare များဟာ"ရပိုင်ခွင့်"များမဟုတ်ပါ။ ၎င်းတို့ဟာတရားဝင်ရပိုင်ခံစားခွင့်အကျိုးကျေးဇူးတွေဖြစ်ပြီး ဒီဘဝနဲ့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိမိတို့ဘဝရဲ့ အရင်းအမြစ်တွေကို ထိန်းသိမ်းထားဘို့တာဝန်ရှိတယ်ဆိုတဲ့ မြင့်မြတ် သောကတိကဝတ်တွေကိန်းအောင်းနေကြဘို့လိုပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ဒီအစီအစဉ်များဟာ အနာဂတ်လှပလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောကို ကိုယ်စားပြုပါတယ်။ 

သက်ကြီးများနဲ့မသန်စွမ်းသူများအတွက်လည်း ဒီအစီအမံကြီးနှစ်ခုလုံးဟာ ဒီလိုအပ်ချက်များက လက် လှမ်းမီနိုင်စေဘို့ အာမခံရှိရပါမယ်။

ယခု(၂၀၂၅-ခုနှစ်)မှာ လူမှုဖူလုံရေးနဲ့Medicare တို့ဟာ သက်တမ်း(၉၀)နဲ့(၆၀)ပြည့်ပါပြီ။ လုပ်အားခ တွေထဲကလစဉ်ဖြတ်ယူ စုဆောင်းတဲ့ ရံပုံငွေဟာ လက်ရှိခံစားခွင့်ရှိသူများကိုပံ့ပိုးနေရတဲ့အတွက် လာ မဲ့ (၂၀၃၅-ခုနှစ်)မှာရံပုံငွေလျော့ပါးမှုဟာ(၁၇%)ရောက်ရှိသွားပါမယ်။ ကွန်ဂရက်လွှတ်တော်ရဲ့လုပ် ဆောင်မှုမရှိရင်၊ ပျမ်းမျှအငြိမ်းစားခံစားသူအတွက်တစ်နှစ်လျှင် $4,000 ခန့်ဆုံးရှုံးမယ်လို့တွက်ချက်ခန့် မှန်းကြပါတယ်။ အဲ့ဒီအတွက်လိုအပ်တဲ့ ရေရှည်တည်တံ့ရန် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါတယ်။ 

ဒီပြဿနာများကို ဖြေရှင်းရာမှာ နှစ်ဘက်ညီတဲ့ ကတိကဝတ်များနှင့် အချိန်မီလုပ်ဆောင်ဘို့လိုအပ်ပါ တယ်။

ထိပ်တန်းဦးစားပေးများအနေနဲ့ လူမှုဖူလုံရေးနှင့် Medicare အား အားကောင်းစေခြင်း၊ ဆေးညွှန်းဆေး ဝါးဈေးနှုန်းများလျှော့ချခြင်း၊ အငြိမ်းစားယူခြင်းအတွက် ငွေကြေးတည်ငြိမ်မှုအတွက် အခွင့်အလမ်းများ တိုးချဲ့ခြင်းနဲ့သက်တမ်းနှင့် ကျန်းမာရေး အတိုင်းအတာကြား ကွာဟချက်ကို ပိတ်ခြင်းတို့လိုအပ်နေပါပြီ။

ထိုနည်းတူစွာဘဲ လက်ရှိအစိုးရဝန်ထမ်းအချို့ရရှိခံစားနေတဲ့ ပင်စင် (pension) များနဲ့ပါတ်သက်ပြီးအ ပြောင်းအလဲတွေရှိလာပါမယ်တဲ့။ SS ခံစားခွင့်ရရှိနေကြသူအချို့ဟာ အဲ့ဒီပင်စင်ကိုရရှိနေကြသူတွေ ဟာ “Windfall Elimination Provision (WEP)” ပညတ်ဥပဒေကြောင့်ခံစားခွင့်လျော့နည်းရရှိနေကြ ပါတယ်။ အဆိုပါကာယကံရှင်များသာမက သူတို့ကိုမှီခိုနေကြသူတွေပါသက်ရောက်မှုရှိကြပါတယ်။ ဒါကို Government Pension Offset (GPO) လို့ခေါ်တဲ့အစီအစဉ်တွေလည်းပါဝင်ကြပါတယ်။  ခုနှစ် မှာဒီအစီအမံအားလုံးရုတ်သိမ်းသွားပါမယ်။ (၃.၂ သန်း)သောလက်ရှိခံစားသူတွေဟာ SS payment တွေတိုးပြီးရရှိကြပါတော့မယ်။ ဒီသက်ရောက်မှုက (၂၀၂၄ ခုနှစ်ဇန္နဝါရီ)ကစပြီးအကြုံးဝင်မှာပါ။

Sunday, August 03, 2025

Lifestyle အပြောင်းအလဲရဲ့ စိမ်ခေါ်မှု

 မှတ်မိပါသေးတယ်။ မောင်မိုးညိုတို့ မိသားစုဒီအမေရိကားကိုပြောင်းရွှေ့အခြေချကြစဉ်က ကြုံကြဆုံကြ ဘုံဘဝရဲ့ဖြစ်အင် တွေ။ ကိုယ်ရွေးချယ်တဲ့လမ်းမို့ ဖြစ်အောင်ဆက်လျှောက်ကြရမှာက ကိုယ့်တာဝန် မဟုတ်ဖူးလားရောက်စက ယောက်ဖ လင်မယားအိမ်မှာတမိသားစုလုံးနေကြရပါတယ်။ သူများအိမ် မှာ နေရတာမို့သူများမျက်နှာမော့ကြည့်ရပါတယ်။ သူများက အိပ်ရင်၊ ကိုယ်ကထရပါတယ်။ သူများက ထရင် ကိုယ်ကလျှောက်ရပါတယ်။ သူများကလျှောက်ရင် ကိုယ်ကပြေးရပါတယ်” ဆိုတဲ့ လူကြီးသူမ တွေပြောခဲ့တဲ့ဆုံးမစကားကိုသွားသတိရလို့ မှန်လိုက်လေခြင်းလို့ တွေးမိပါတယ်။ ဒါကကိုယ့်လူမျိုးချင်း မို့ ပြောင်းလဲရတဲ့ လူနေမှုဘဝပုံစံတွေ။ ဒါကလူမှုကျင့်ဝတ်တွေ။ ဟောအိမ်ပြင်ထွက်တော့ရော။ ပိုဆိုးသေးသဗျ။ ပြောပုံ ဟန်အမူအယာကအစ၊ သုံးတဲ့အင်္ဂလိပ်စကားလုံးလေယူလေသိမ်း နားမလည် တာတွေက စိမ်ခေါ်ခဲ့တဲ့ (ခုလည်းစိမ်ခေါ်ဆဲ) အဖြစ်တွေ။ တွေးပုံခေါ်ပုံအယူအဆကလည်းမတူဗျ။ ကိစ္စတခုကို ကိုယ်ကဒီလိုတွေးပေမဲ့ သူတို့တွေးပုံကကွာသဗျ။ ကိုယ့် စိတ်ကြိုက် အစားအစာ၊ ၀တ်ပုံ စားပုံ၊ နေ့တဓူဝလုပ်ရတဲ့ သာမာန်ကိစ္စတွေ တောင်ကွာချင်တိုင်းကွာနေလေရဲ့။ မြန်မာနိုင်ငံမှာနေစဉ်က ဘာကိစ္စမဆို လူချင်းတွေ့ပြီးဖြစ်စေ၊ အဆက်အသွယ်အသိအကျွမ်းကတဆင့်ဖြစ်စေ ပြီးမြောက်နိုင် တဲ့ကိစ္စက ဖုံးနဲ့ဆက်သွယ်တဲ့ဆက်သွယ်ရေးနည်းကိုဇောင်းပေးတဲ့ကိစ္စ(တိုင်း)လိုလိုတွေမှာ ပြဿနာ စတာပါ။ တဖက်က ပြောတာဘာမှနားမလည်းလို၊ ရီစရာပြောလို့တောင်ရီရမှန်းမသိခဲ့ကြတာ၊ ကိုယ့်ကို စိတ်ဆိုးကြောင်းကိုတောင်မသိခဲ့ကြရ တာတွေ။ ရောက်လာမစဲတသဲသဲသော စာရွက်စာတမ်းရုံးစာတွေ အ ကြောင်းကလည်းမနဲ။ ဘာဆိုလို့ဘာဆက်လုပ်ရမှန်းမ သိလို့၊ အချင်းချင်းလက်တို့တော့လည်း၊ ဘဝ တူချင်းဖြစ်နေပြန်ရော။ မတတ်နိုင်လို့ ပြောနိုင်ဆိုနိုင်သူတွေဆီချဉ်းကပ်မေး မြန်းတော့မှ အော်-ဒါကို ဆိုလိုပါလား” ဖြစ်ရရော။ ရုတ်တရက်ဖြစ်တတ်တဲ့ကျန်းမာရေးချို့ယွင်းမှုဖြစ်ခဲ့ရင် ခေါင်းမီး တောက်ရတာတွေကရှိလာပြန်တတ်သေးတယ်။ ကိုယ့်မှာရှိတဲ့ကျန်းမာရေးအာမခံကိစ္စမေးလာရင် တခါခေါင်းခဲ ရတဲ့ကိစ္စ ကြီးကတမျိုး။ ဒီမှာက အာမခံကနေ့စဉ်အသက်ရှင်ရပ်တည်မှုအတွက်က မရှိမဖြစ်ကိစ္စ။ အဲ့ဒါ မရှိရင် ကိုယ့်ကိုလက်ဖြားနဲ့ တောင် မတို့ဘူးဗျ။ “Freedom is not free” ဆိုတာတယ်မှန်ဘဲ။ လာဘ် ထိုးရတာတို့၊ အဆက်အသွယ်ရှာရတာကတော့မရှိ တာအမှန်ခမျ။ အခွင့်အရေးနဲ့ရပိုင်ခွင့်ကရှိပြီးသား။ ကိုယ်ကရအောင်ယူနိုင်ဘို့က ကိုယ့်တာဝန်။ ပိုပြီးရှင်းအောင်ပြောရရင် ရအောင်ယူတတ်ဘို့က သာပြီး အရေးကြီးသေးတယ်။ အစစအရာရာ အဆက်အသွယ် ပေးကမ်းခြင်းအောင်မြင်ရာ၏” ဆိုတဲ့ ကျွန် တော်တို့ဘဝမှာကျင့်သားရနေကြတဲ့မြန်မာတွေ ပက်လက်လန်ကြရတဲ့ အမေရိကားပါ။ 

Lifestyle အပြောင်းအလဲဟာ တကယ်တော့ မြန်မာပြည်ဖွားမြန်မာတိုင်းကိုယ့်မြေကိုယ့်ရေမှာနေစဉ် ကတည်းက ပြောင်းလဲ မှန်းမသိပြောင်းလဲခဲ့ကြတာကို သတိမပြုမိကြလို့ပါ။ အသက်အရွယ်အပိုင်း အခြား၊ နေရာဒေသပြောင်းရွှေ့ရမှုတိုင်း လိုက် ပြီးပြောင်းလဲကြရပါတယ်။ ကိုယ့်ရဲ့ဘဝအတက်အကျ ပေါ်မူတည်ပြီးလဲပြောင်းလဲကြရပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရောက်လို့ ပြောင်းလဲကြရတဲ့ Lifestyle နဲ့ ကိုယ့်မြေပေါ်နေစဉ်ပြောင်းလဲကြရတဲ့ Lifestyle တို့က ကွာချင်တိုင်းကွာပါတယ်။ အဓိကက တော့ ယဉ်ကျေးမှုဓလေ့ထုံးစံ” ပါ။ ဒါကို  cultural shock ဆိုတဲ့စကားသုံးလေ့ရှိကြတာကိုသတိရကြမှာပါ။ အဲ့ဒီ shock ရဲ့ဒါဏ်ကိုကြံ့ကြံံ့ခံဖြတ်ကျော်နိုင်ကြသူတွေရှိသလို၊ မဖြတ်ကျော်နိုင်ကြသူတွေလည်းရှိပါ တယ်။ မြန်မာနိုင်ငံမှာခက်ခဲကြမ်း တမ်းပြီး၊ လူတန်းစေ့နေထိုင်အသက်ရှင်နိုင်ဘို့ အဆင့်တူချင်းတွေဟာ ပခုံးချင်းယှဉ်ပြိုင်ကြရပါတယ်။ အမေရိကားမှာတော့ ကိုယ်ကြိုးစားရင်ကိုယ်နေရာရနိုင်တယ်ဆိုတဲ့ လူနေမှူစနစ်မို့ ကိုယ်ရတဲ့ရလာဘ်ဟာကိုယ်ကြိုးစားမှုကြောင့်ပေါ်လုံးဝနီးပါး အခြေတည်ပါတယ်။ ရောက်ခါစမှာ ကိုယ့်ရေကိုယ့်မြေကိုပြန်လွမ်းကြသူတွေချည့်ပါ။ ဒါကငြင်းမရတဲ့ ပြောင်းရွှေ့အခြေချ သူ immigrants တိုင်းမလွဲမသွေကြုံကြတာမို့၊ ကျွန်တော်တို့မြန်မာတွေလည်းမလွတ်ပါ။ ဒီနေရာမှာ အရေးကြီးတဲ့အချက် တခုကို မီးမောင်းထိုးပြချင်ပါတယ်။ အချို့သောသူတွေက မြန်မာစကားပြောတဲ့ (တခြားမြန်မာလူမျိုးစုငယ်များလည်းအပါ အဝင်ပါ။) အသိုင်းအဝိုင်းကမထွက်ချင်ကြပါဘူး။ မြန်မာ့ဓ လေ့ယဉ်ကျေးမှုဟာ မြန်မာပြည်မှာမွေးကြသူတိုင်း ဘယ်တော့မှ မပျောက်ဆုံးပါဘူး။ ကိုယ့်လူမျိုး ဓလေ့ကိုထိမ်းသိမ်းခြင်းဟာ ဂုဏ်ယူသင့်တဲ့ စရိုက်ပါ။ အားပေးရပါမယ်။ ဒါပေမဲ့ လွန်ကျူး တဲ့အဖြစ်မျိုး မရောက်ကြဘို့အရေးကြီးပါတယ်။ မြန်မာအစာဘဲနေရာအချိန်မရွေးစားရမှ၊ မြန်မာစကားပြောတဲ့ဝန်း ကျင်ထဲ ဘဲအမြဲနေရ၊ အလုပ်လုပ်ရမှ ဆိုတဲ့အဖြစ်ဟာ ကိုယ့်ကိုယ်ကိုမသိမသာဘဝကနေသိသိသာသာ ဘောင်ခတ်ရာရောက်သွား နိုင်ပါတယ်။ ဆိုလိုတာက အိမ်ကြီးထဲမှာအိမ်ငယ်မဆောက်မိပါစေနဲ့။ ကိုယ့် ကိုယ်ကိုအမြဲသတိပေးနေရမဲ့ကိစ္စက အမေရိ ကအပါအဝင် နိုင်ငံတကာကိုပြောင်းရွှေ့အခြချကြရ ခြင်း ဟာ မိမိကိုယ်တိုင်ရဲ့ ဘဝရွေးချယ်မှုသက်သက် (You have chosen your life!) ပါ။ ဘယ်နိုင်ငံ ရပ် ခြား၊ ဘယ်အစိုးရကမှ တုတ်နဲ့ရိုက်ခေါ်တာ၊ ဒါးမိုးခေါ်တာ” မဟုတ်ပါဘူး။ ကိုယ်က လာချင်ပါချည်ရဲ့ ဆိုတဲ့စိတ်နဲ့ များစွာသောအစီအမံဆောင်ရွက်မှုနဲ့ (ငွေကုန်တာကတော့ပြောစရာမလိုထင်ပါ့။) ကိုယ့်ဖေါင် ကိုကိုယ်ဖျက်လာကြသူချည့်ပါ” ဆိုတာကိုပါဘဲ။

အဲ့ဒီလို့ကိုယ့်ကိုယ်ကိုဘောင်ခတ်နေကြတဲ့ lifestyle တွေရဲ့အကျိုးဆက်ဟာ တမိသားစုထဲမှာကို အပြောင်းလဲကြီးပြောင်း လဲလာစေနိုင်ပါတယ်။ လုပ်ခွင်နဲ့ကိုယ့်နေထိုင်ဆက်ဆံကြတဲ့ဝန်းကျင်ထဲက မဖြစ် မနေကြုံကြရတဲ့ stress စိတ်ဖိစီးမှု တွေဟာ မိသားစုထဲရောက်လာပါတယ်။ အဆင်မပြေမှုတွေကြာ လာတော့ ပေါက်ကွဲမှုတွေဖြစ်လာတတ်ကြပါတယ်။ လင်မယားချင်းကတောက်ကဆဖြစ်ကြပါတယ်။ အသေးအမွှားကိစ္စကစပြီး၊ သီးမခံနိုင်မှုတွေရှိလာပါတယ်။ တကိုယ် ကောင်းဆန်တဲ့စရိုက်ရှိသူဆိုရင် အဲ့ဒီမှာ အဇ္စျတ္တသဏ္ဍာန်တွေမဖုံးနိုင်မဖိနိုင်ပေါ်လာပါတယ်။ အပြစ်တွေမြင်လာတတ်ပါတယ်။ ဒါတွေ ဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့ စောစောကိုယ်ရှိန်မသတ်ကြရင်၊ မိသားစုဝါးလုံးစည်းပြေပါလိမ့်မယ်။ တခါ သား သမီးရှိကြသူတွေဘက်ကြည့်ကြတော့ ကျောင်းနေအရွယ်များတာမို့ အမေရိကားရဲ့ ယဉ်ကျေးမှု နဲ့ လူမှုဆက်ဆံရေးစရိုက် အယူအဆ၊ တွေးခေါ်ပုံနဲ့ အပြောအဆိုအမူအရာတွေဟာ အရွယ်ငယ်ရင်ငယ် သလောက်တွေရဲ့ဘဝထဲကိုစီးဝင်မှုလွယ်သ လောက်မြန်လည်းမြန်ပါတယ်။ ကိုယ်နဲ့နီးစပ်ပြီးကိုယ့်ဘဝရဲ့ အချိန်များများကြားထဲနေကြတဲ့အရွယ်တွေမို့ ကိုယ်တကိုယ်ရေ ဘဝရှင်သန်ဘို့ ဒီက lifestyle ကိုဒီက လေးတွေရွေးတာကို အမြင်မစောင်းသင့်ပါဘူး။ ဒါသူတို့ရဲ့ရွေးချယ်ပိုင်ခွင့်ပါ။ တကယ် လည်းရွေးချယ် ကြပါတယ်။ ပြဿနာက လူငယ်နဲ့မိဘတွေကြားကွာခြားမှု gap ဟာဒီနေရာမှာစပါတယ်။ ဒီက lifestyle ကို လေ့လာရယူဘို့ ငြင်းပယ်ကြောက်ရွံ့ကြတဲ့မိဘတွေနဲ့ ကိုယ်သားသမီးတွေရဲ့ရင်းနှီးမှုဟာ စတင်ကွာခြားစရာအကြောင်းဖန် လာပါတယ်။ ကိုယ့်အိမ်မှာနေပြီး ကိုယ်ကျွေးတာစားပေမဲ့ မေးထူးခေါ် ပြောအဆင့်ဘဲရှိပါတယ်။ မြန်မာကွန်မြူနီတီရဲ့ စုရပ် ပွဲလမ်းသဘင်တွေမှာ မိမိတို့ရဲ့ ယဉ်ကျေးမှုကိုပါ၀င် ပတ်သက်စေခြင်းဟာအလွန်ကောင်းတဲ့အလေ့အထပါ။ ဒါပေမဲ့ ကိုယ့် ကလေးကအတင်းငြင်းဆန်ချိန် မှာ ကိုယ်ကအတင်းအကြပ်သွပ်သွင်းချင်ရင်တော့ တက်တက်စင်အောင်မှားနိုင်ပါတယ်။ ကိုယ့်ကိုရန် သူလိုမြင်လာရင် ဒါဟာ red-flag ပါ။ ကိုယ်သားသမီးအချိန်မတော်ဘယ်ရောက်လို့၊ ဘာလုပ်မှန်းမသိ ကြတဲ့ အဖြစ်တွေရောက်နိုင်ပါတယ်။ ကိုယ်သားသမီးကစိတ်ဝင်စားမှု ကိုကိုယ်ကလည်းလေ့လာသင် ယူပါ။ သူကတခွန်းပြောရင် ကိုယ်ကလည်းတခွန်းပြန်ဆွေးနွေးနိုင်အောင်လေ့လာပါ။ ကိုယ့်သားသမီး ပြောသမျှကို ပါးစပ်အဟောင်းသားနဲ့ ပြန်မပြော နိုင်ရင်တော့ ကာလကြာတာနဲ့အမျှ ကိုယ့်ကိုဘာမှ အသိ မပေးတော့တဲ့အဖြစ်ရောက်သွားပါမယ်။ သူတို့ပြောသမျှကို မျက်စေ့မှိတ်ကြိုက်ကြရတဲ့ဘဝ ရောက် သွားပါမယ်။ နေ့စဉ်တွေ့နေရတဲ့သားသမီးတွေဆိုပေမဲ့ သူတို့နေ့စဉ်ဘဝဘာလဲဆို တာကို မျက်ခြေပြတ်မှန်းမသိပြတ်သွားတဲ့ဘဝတွေရောက်သွားပါလိမ့်မယ်။

 

Lifestyle ရဲ့အဓိပ္ပါယ်ကိုဒီလိုမြင်လို့ရပါတယ်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်စု၏ နေထိုင်မှုပုံစံသည် နေထိုင်မှုအခြေအနေ၊ အမူအကျင့်နဲ့ ၎င်းတို့ထဲမှ ပုံမှန် သို့မဟုတ် ၎င်းတို့ရွေးချယ် ထားသော အလေ့အထများဖြစ်ပါတယ်။ လူတော်တော်များများက လိုအင်ဆန္ဒရှိတဲ့ ဝင်ငွေနဲ့ လူနေမှု ပုံစံကို နှစ်သက်လိုက်နာကြပါတယ်။ လူနေမှုပုံစံဟာ လူတစ်ဦး ချင်း၊ အုပ်စု သို့မဟုတ် ယဉ်ကျေးမှု တစ်ခုရဲ့ အကျိုးစီးပွား၊ ထင်မြင်ယူဆချက်များ၊ အမူအကျင့်များနဲ့ အပြုအမူဆိုင်ရာ ဦးတည်ချက်များ ရှိလေ့ရှိကြပါတယ်။

 

Lifestyle ကိုဖေါ်ကြူးကြတဲ့အမူအကျင့်တွေ

(က) ကျန်းမာရေးနဲ့ဆိုင်တဲ့ အမူအကျင့်ကတော့အထင်ရှားဆုံးပါ။ ဥပမာ - ဆေးလိပ်သောက်ခြင်းကို လျှော့ချဖြတ်တောက် ခြင်းဟာသာဓကတခုပါ။ လမ်းနေ့စဉ်လျှောက်တဲ့အမူအကျင့် (daily brisk walking) ဟာစရိတ်နည်းဝန်ကျဉ်းနဲ့ထိရောက် လွန်းတဲ့အမူအကျင့်ဘဝဖြစ်တည်မှု(တနည်း) ရောဂါ ကင်းစင်မှုကိုကောင်းစွာအထောက်အကူပြုစေတယ်ဆိုတာပါဘဲ။ ဒါပေမဲ့ ကျန်းမာရေးလိုက်စားခြင်းဆို တာက နေ့စဉ်တသမတ်တည်းလုပ်ရမဲ့ကိစ္စဆိုတာကိုမျက်ခြေမပြတ်ကြဘို့လိုပါတယ်။ မအားလို့၊ မိုးရွာ နေပူလို့ ဆိုတဲ့ဆင်ခြေဟာမဖြစ်သင့်ပါ။ မိုးရွာရင်ထီးမိုးလျှောက်ပေါ့ဆိုတဲ့အမူအကျင့်နဲ့ ကိုယ့်ကိုယ်ကို ပြန် ထိန်းကြောင်းလမ်းတည့်မတ်ရပါမယ်။ ဒါဟာ lifestyle ပြောင်းခြင်းမှာအခရာကျတဲ့ ကျန်းမာရေး ဆိုင်ရာလိုက်နာဆောင် ရွက်မှုပါ။

(ခ) ကိုယ့်ရဲ့ဘဝအခြေအနေအဆင့်အတန်းကို (class) တခုအနေနဲ့သတ်မှတ်ပြုကျင့်နေထိုင်ခြင်းပါ။ ကိုယ်ဘဝအခြေမြင့်ရင် မြင့်သလို၊ နိမ့်ရင်နိမ့်သလိုပြောင်းလဲနေတတ်ကြရပါတယ်။ အလုပ်လုပ်ဝင်ငွေ ရှိချိန်မှာတမျိုး၊ အလုပ်ကအပြီးတိုင်အနားယူ တဲ့အငြိမ်းစားစားဘဝမှာ အသုံးစရိတ်ကအစပြောင်းလဲနေ ထိုင်ကြရတဲ့အခြေအနေတွေပါ။ နောက်အရေးကြီးလှပြီး၊ အရှိတ ရားကိုလက်ကိုင်ပြုကြရမဲ့ကိစ္စတခု ရှိပါတယ်။ ဒါအမေရိကကိုပြောင်းရွှေ့အခြေချကြသူတွေနဲ့လည်းတိုက်ရိုက်ဆိုင်သလို၊ လိုက်နာရခက်ခဲ လှတဲ့ကိစ္စကြီးပါ။ ကျွန်တော်တို့မြန်မာစကားမှာ ဝေါဟာရတခုရှိပါတယ်။ ဘာတဲ့…”အတိပ်ကရွှေထီး ဆောင်းခဲ့တဲ့ဘဝ။ အဲ့ဒီအဖြစ်ကခဝါချရတာခက်ခဲလှပါတယ်။ မြန်မာနိုင်ငံမှာ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်ဘဝ နေခဲ့ကြရသူတွေအကြောင်းအားလျော်စွာပြောင်းရွှေ့အခြေချကြရ ကြုံရလေ့ ရှိတဲ့ကိစ္စတခု။ lifestyle ပြောင်းရခက်လှတဲ့ ကိစ္စတခုပါ။ ကာယကံရှင်များလည်းကိုယ်တိုင်သိကြပါမယ်။ သတိပေးချင်တာက အတိပ်ကဘဝပုံရိပ်ကိုအတိပ်မှာ ထားနိုင် အောင်ကြံဖန်ကြိုးစားကြပါ။ အတိပ်က ရှိခဲ့တဲ့ကိုယ်တိုင်ရှိခဲ့တဲ့ ရာထူးဂုဏ်ဒြပ်တွေထားခဲ့ပါ။ မထားခဲ့ရင် အဲ့ဒီကိစ္စကဒုက္ခ ပေးပါလိမ်မယ်။ အထူးသဖြင့်လုပ်ခွင်တွေမှာပါ။ မြန်မာအချင်းချင်းတောင် မင်းဘာကောင်ဖြစ်ခဲ့ဖြစ်ခဲ့၊ ငါတို့ဂရုမစိုက် ဖူး” ဆိုတဲ့ကွယ်ရာပြောစကားက ကိုယ့်စိတ်ကိုကောင်း ကောင်းကြီးဒုက္ခပေးပါလိမ့်မယ်။ ဗမာဖြစ်ဖြစ်၊ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း ဘဲဖြစ်ဖြစ် မြန်မာပြည်ပေါက် ဆိုရင် မြန်မာပါဘဲ။ ဒီမှာရှိကြသူတွေကအဲ့ဒီလို ဘဲဆက်ဆံပါမယ်။ ကိုယ့် identity ကို မဖျောက်သင့်ပါ ဘူး။ ဒါပေမဲ့ ခွဲခြားမှုကိုခံရတဲ့အထဲမပါပါစေနဲ့။ diversity ကိုအသိအမှတ်ပြုတယ်ဆိုတာ အသိအမှတ်ပြု တာဘဲဖြစ်ပါတယ်။ မိမိတို့ရပိုင်ခွင့်၊ အခွင့် အလမ်းနဲ့မဆိုင်ပါဘူး။ 

(ဂ) အသက်အရွယ် -  ငါတော့အသက်ကြီးပိုင်း senior ဖြစ်ပြီဟေ့” ဆိုတာကလူတိုင်းတနေ့နေ့တ ချိန်ချိန်ရောက်ကြရမဲ့၊ ဆိုက်မဲ့ဘူတာပါ။ ကိုယ့်ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေအတွက် ငွေရေးကြေးရေး အစီအမံ (asset/estate allocation planning) လုပ်ပြီးပြီလားလို့ကိုယ့်ကိုယ်ကိုမေးပါ။ ဒါပေမဲ့ အသက်ကြီးအရွယ်ရောက်မှလုပ်မယ်။ သူ့ဟာသူဖြစ်လာပါလိမ့် မယ်လို့ထင်ရင်တော့ တက်တက်စင် အောင်မှားပါလိမ့်မယ်။ ငယ်စဉ်အရွယ်ရောက်ကတည်းကပြင်ဆင်ရမှာက သမိုင်းပေး တာဝန်ပါ။ အဲ့ဒီ အပေါ်မှာမူတည်ပြီး lifestyle based on ageism ကိုသတိပြုပါ။ အသက်ကမစောင့်ပါဘူး။

(ဃ) နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးနဲ့လူမှုဆက်ဆံရေးအပါအဝင် သတင်းအချက်အလက်နည်း ပညာတွေက lifestyle ကိုပုံရိပ်ဖေါ်တယ်ဆိုတာ ကိစ္စကြီးတခုအနေနဲ့ အချို့ကသတိလက်လွတ် ဖြစ် တတ်ပါတယ်။ ဥပမာ - နိုင်ငံရေးအယူအဆ မတူကြရတာကနေ သားချင်းထဲတောင်အပြောအဆို အ ဆက်အဆံဝေးပြီး၊ lifestyle ပြောင်းသွားကြတဲ့သာဓကတွေ ဒုနဲ့ ဒေးပါ။ ထိုနည်းတူစွာ မိမိနဲ့နီးစပ် ရာကို သားချင်းတမိသားစုပေါက်ထက်ပိုရင်းနှီးနီးစပ်ကြတာကိုလည်းကြုံဖူးကြမှာပါ။ ခင်ရာဆွေမျိုး” ဆိုတဲ့ စကားကအကြောင်းမဲ့ပေါ်လာတာမဟုတ်သလို၊ ဆွေမျိုးဆိုတာရွှေရှိမှ” လို့ခနဲ့သရော်ကြတာ ကို လည်း ကြားဖူးကြမှာပါ။ နေ့စဉ်ရိပ်သာသွားနေရတာဟာ ဘာသာအကာအကွယ်လို့ယူဆပြီး၊ တကယ့်တရား စစ်တရားမှန် ကိုမျက်ချေပြတ်ကြသူတွေတွေ့ဖူးကြမှာပါ။  ဒါတွေအားလုံးဟာ တကယ်တော့ နီးစပ်တဲ့ ဝန်းကျင်ရဲ့လွှမ်းမိုးသွားစေတဲ့ မိမိတို့ရဲ့ lifestyle တွေပါ။ Facebookအပါအဝင်လူမှုကွန် ယက်တွေရဲ့ အင်အားကြီးမားတဲ့ဆွဲဆောင်မှုနောက်ကို ကောက် ကောက်ပါအောင်လိုက်ကြသူတွေထဲ အထင်ကရ အနုပညာရှင်မျိုးတွေကိုမြင်ဖူးကြပါလိမ့်မယ်။ အထူးသဖြင့် သတင်းမီဒီ ယာအတင်းအကြပ် ထိန်းချုတ်တဲ့နိုင်ငံဒေသတွေမှာ မျက်စေ့ပိတ်နားပိတ်ပြီး၊ မှားလားမှန်လားကိုဝေဖန်ပိုင်းခြားတတ်တဲ့ ဆင်ချင်ထုံ တရားအသုံးပြုမှုအဟောသိကံဖြစ်မှုတွေဟာ မိမိတို့ရဲ့ lifestyle ကိုအခြားဆန့်ကျင်ဖက် လွတ်လပ်တဲ့ဒေသနိုင်ငံ တွေကသူတွေလို မရှိကြရှာပါဘူး။ လူဖြစ်ကျိုးမနပ်ဖူးဆိုတဲ့သဘောပါ။

 

Lifestyle ရဲ့ အင်္ဂါစဉ်တွေ

(က) အမူအရာ attitude

(၁) ရုတ်ခြည်ပြောင်းလဲသော lifestyle ပြောင်းလဲမှုကိုရှောင်ပါ။ လူအများရီစရာဖြစ်တတ်ပါ တယ်။

            (၂) ပြောင်းလဲချင်တဲ့စိတ်ဆန္ဒသန္နိဌာန်ချနိုင်မှုအားကောင်းရပါမယ်။

            (၃) အပြန်အလှန်မျှတသောကျိုးကြောင်းဆက်စပ်မှုရှိရပါမယ်။

            (၄) ဖြစ်နိုင်ချေယုံကြည်မှုရှိဘို့လိုပါတယ်။

            (၅) ကိုယ့်ကိုယ်ကိုတာဝန်ယူပါ။

            (၆) new choice = new life အယူအဆကိုလက်ခံပါ။

            (၇) စိတ်ဖိစီးနိုင်သောအကြောင်းချင်းရာကိုရှာပြီးလျှော့ချနိုင်အောင်စတင်ဆောင်ရွက်ပါ။

            (၈) fear နဲ့ anxiety ကိုထိန်းပါ။

(၉) ကောင်းတဲ့အမူအကျင့်လက္ခဏာ ကိုမကောင်းမှုရှိခဲ့တဲ့အထဲကတွေ့အောင်ရှာပြီး သင်္ခန်းစာ ယူပါ။

            (၁၀) အကျင့်ဟောင်းကိုဖျောက်ဖျက်ပါ။

(၁၁) ကိုယ့်မှာဘာလိုအပ်ချက်ရှိလဲဆိုတာကို ဓမ္မဓိဌာန်ကျကျရှာပါ။

(၁၂) ရမယ်ရှာပြီးဖင့်နှေးတွေဝေမှုအကျင့်ကိုဖျောက်ပါ။ ဤအကျင့်ဆိုးကကိုယ့်ကိုအနိုင်မယူပါ စေနဲ့။

(၁၃) ကံကိုပုံချခြင်းဟာမှားယွင်းတဲ့အယူအဆပါ။

(ခ) ကျန်းမာမှုရှိခြင်း wellness

            (၁) နေ့စဉ်ပုံမှန်အစီအစဉ်သတ်မှတ်ပြီး ကိုယ်တိုင်လည်းတသွေမတိမ်းလိုက်တနာနိုင်ကြပါ။

            (၂) သဘာဝရာသီဥတုကပေးသော ဗီတာမင်အာဟာရကိုရယူပါ။

            (၃) နေ့တဓူဝလေးလံထိုင်းမှိုင်းပင်ပမ်းသည်ဟူသောအယူအဆကိုရှောင်ပါ။

            (၄) တကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကိုအာရုံပြုပါ။

(၅) အာဟာရတန်ဘိုးကိုသိနားလည်ပါ။

            (၆) မိမိခန္ဓာရဲ့ပြောင်းလဲထူးခြားမှုကိုသတိပြုပါ။

            (၇)ကိုယ်စိတ်နှစ်ဖြာဆက်စပ်ဟန်ချက်ညီပါစေ။

            (၈) မိတ္တဗလရှိကြပါစေ။

(ဂ) လှုပ်ရှားနေထိုင်သောဘဝ activity

(၁) အာဟာရမျှစေရန်မလိုအပ်ဘဲအစားရှောင်ခြင်း၊ မိမိခန္ဓာကိုအတင်းအကြပ်ပိန်ရန်ကြိုးစား အားထုတ်ခြင်းကိုရှောင်ပါ

(၂) မလိုလားအပ်တဲ့တွေးပူကြောက်တာတွေကိုဖယ်ရှားနိုင်ဘို့၊ အခြားအစီအမံတွေ (plan A, B, C) ရှိပါစေ။

(၃) ကျန်းမာရေးနဲ့ခန္ဓာပြည့်စုံမှုမျှတပါစေ။

(၄) တရားအားထုတ်ပါ။

(၅) မိမိခန္ဓာကိုပတ်ဝန်းကျင်လောကနဲ့ဆက်စပ်မှုရှိပါစေ။

(ဃ)  ပေါင်းသင်းဆက်ဆံရေး relationship (အထက်မှာအကျယ်တင့်နမူနာပေးရှင်းပြပြီးပါပြီ။)

(င) မိမိဆိုတဲ့ဖြစ်တည်ရှိမှု existence ကိုမမေ့ပါနဲ့။ ကိုယ်ရှိနေသရွေ့ကိုယ့်ကိစ္စရှင်းရမှာကိုယ့်တာဝန်ပါ။ သူများရဲ့လွှမ်းမိုး ချယ်လှယ်မှုကိုလက်မခံပါနဲ့။ လင်နဲ့မယား၊ သားသမီးးမောင်နှမချင်းလည်းလိုတာထက်ပိုပြီးအားကိုးလွန်းတဲ့အကျင့်ကို ဖျောက်ပါ။ ကိုယ့်မှာရှိတဲ့အရည်အသွေးကိုရှာဖွေဖေါ်ထုတ်ပါ။ မိမိကိုယ်ကိုဗဟိုပြုစီမံတဲ့အကျင့်ကို အမေရိကား မှာဖေါ် ထုတ်ရတဲ့ lifestyle ကိုမြင်အောင်ကြည့်ပြီးဖြစ်အောင်လုပ်ယူကြပါ။

 

အမေရိကနဲ့ကမ္ဘာတလွှားပြောင်းရွှေ့အခြေချနေထိုင်ကြသူ မြန်မာတွေဟာ ရေကြည်ရာမြက်နုရာ တိုး တက်ရာတိုးတက် ကြောင်းရှာကြသူချည့်ပါဘဲ။ မိမိတို့ရဲ့ဘဝအနာဂါတ်ကို မိမိတို့ကိုယ်တိုင်သာပုံဖေါ်ကြရပါတယ်။ ကိုယ့်မိသားစုချင်းဘဲ ဖြစ်ဖြစ်၊ နီးစပ်ရာဆွေမျိုးမိတ်ဆွေတွေရဲ့ ကူညီစောင့်ရှောက်အကြံပေး မှု တွေ ဘယ်လိုဘဲရှိရှိ ကိုယ်ကအကောင်အထည် မဖေါ်နိုင်ရင် ပြောင်းရွှေ့နေထိုင်ရကျိုးနပ်တယ်လို့မဆို နိုင်ပါ။ ဒီလိုလုပ်နိုင်ဘို့ lifestyle ကိုမပြောင်းလို့ဘယ်လိုမှမဖြစ်နိုင်ပါ။ ဒါကိုမြင်အောင်ကြည့်ပြီးလုပ်နိုင် အောင်လုပ်ကြပါလို့……….