Saturday, August 20, 2022

ငွေရေးကြေးရေးဆိုင်ရာ ခုခံကာကွယ်ပိုင်ခွင့်

ဒီဆောင်းပါးဟာ ပြီးခဲ့တဲ့ ဇွန်၊ ၂၀၂၂ ထုတ် AARP စာစောင်ကိုအခြေခံပြုစုထားတာလို့ဆိုပါရစေ။ အမေရိကားမှာပြောင်းရွှေ့အခြေစိုက်သူတွေ နေ့တဓူဝ၊ တနည်းမဟုတ်တနည်းနဲ့ မလွဲမသွေကြုံတွေ့ ရလေ့ရှိတဲ့အခက်အခဲပြဿနာတွေပါ။ လူရယ်လို့ဖြစ်လာရင်၊ ဖြစ်ကြောင်းရယ်စုံလင် စိတ်အနှောင့် အရှက်ဖြစ်တတ်တဲ့အဖြစ်တွေဟာ လူတိုင်းကြံုတတ်ကြရပါတယ်။ ကျွန်တော်တို့မြန်မာတွေ (အထူးသ ဖြင့်စာရွက်စာတမ်းကြောက်တတ်ကြတဲ့အလေ့အထအရိုးစွဲနေတာမို့) မိမိရဲ့ပေါ့လျော့မှု (သို့မဟုတ်) မတောတဆမှု (သို့မဟုတ်) ကြောင်းကျိုးဆက်ကိုနားမလည်မှု နဲ့ ပြဿနာရဲ့အတိမ်အနက်ကိုနားမ လည်မှုတွေဟာ စိတ်ကိုအနှေင့်အရှက်ဖြစ်စေတတ်ကြပါတယ်။ ဒီအထဲမှာ အမေရိကလိုနိုင်ငံကြီးမှာ ငယ်စဉ်ကနေထိုင်လာကြသူ (နှစ်ပရိစ္ဆေဒကြာအခြေချနေကြသူတွေအပါအဝင်) များဟာလည်း ဒီအခက်အခဲတွေကြံုတတ်ကြရပါတယ်။ ၀င်ငွေကောင်းကြသူ၊ ဆရာဝန်နဲ့ လုပ်ငန်းပိုင်ရှင်တွေတောင် မလွတ်ပါဘူး။ အဲ့ဒါတွေအားလုံးအတွက် လွယ်လွယ်အဖြေကုရှာကြရာမှာ အများအားဖြင့် “ဘုံ”အဖြေ တခုဘဲထွက်လေ့ရှိကြပါတယ်။ “ရှေ့နေနဲ့လုပ်လိုက်ပါ” ဆိုတာဟာ နားနဲ့မဆန့်ကြားနေကျ အဖြေပါ။ ဒီဟာက မှန်သင့်သလောက်မှန်ပေမဲ့ ရှေ့နေနဲ့စလုပ်ရင်းက “ဒီရှေ့နေကနှစ်ဖက်စားလုပ်များနေတာ လား?” ဆိုတဲ့သံသယစိုးမိုးတတ်လာတဲ့သဘောရှိတတ်ကြပါတယ်။ အဲ့ဒီသံသယဝင်ပြီဆိုတာနဲ့ စိတ်ထဲ ခံစားရတဲ့အချက်ကတော့ “ငါကယ်သူမဲ့နေပြီလား?” ဆိုတဲ့အားငယ်စိတ်ပါ။ အဲ့ဒီမှာပြဿနာကစလေ့ရှိ ကြပါတယ်။ ကိုယ့်ဖြစ်တြဲ့့ပဿနာကို ဘေးလူမပြောနဲ့ အမျိုးရင်းခြာခြင်းတောင် အသိမပေးရဲကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကတော့ ရှက်လို့ပါ။ စုံစမ်းပြန်ရင်လည်း “ရှေ့နေနဲ့မလုပ်ဖူးလာ?”ဆိုတဲ့ မေးခွန်းစကားထက်ပိုတဲ့ အကူအညီရလာဘွယ်လမ်းမမြင်လို့ပါ။ ကြောင်းကျိုးသိပြီး၊ အခက်အခဲရှိကြ သူ မြန်မာချင်းကြားမှာလည်း မိမိကိုယ်တွေ့ကြံုခဲ့ရတာကို ဖေါက်သယ်ချပြန်အကြံပေးဘို့လည်း လုပ် လေ့မရှိကြပါဘူး။ ဆိုတော့… “ကိုယ်ဖြစ်ကိုယ်ခံ”…ဆိုတာဟာ ငါ့ကုသိုလ်ကံကြောင့်ဘဲဆိုတဲ့ စကားနဲ့ ကံကိုလွှဲချတဲ့အဖြစ်ကိုရောက်သွားတတ်ကြပါတယ်။ ဒါတွေဟာ တနည်းမဟုတ်တနည်း မြန်မာ ကွန်မြူနတီကြားထဲဖြစ်နေ၊ ခံစားနေကြရတာပါ။

ဒီဆောင်းပါးဟာ မိမိတို့အခက်အခဲအမျိုးအစားပေါ်မူတည်ပြီး၊ ဘယ်လိုလမ်းကြောင်းကိုလိုက်သင့်လဲဆို တာကိုသာမီးမောင်းထိုးပြတာဖြစ်ပါတယ်။ အမေရိကနိုင်ငံနေနိုင်ငံသားတွေရဲ့အခက်အခဲတွေကို ခုခံ ကာကွယ်ဖြေရှင်းပေးနိုင်တဲ့နည်းလမ်းအသွယ်သွယ်တို့ဟာ ဥပဒေကပေးထားတဲ့ခံစားခွင့်ပါ။ နိုင်ငံသားတိုင်းကိုတန်းတူပေးထားပေမဲ့ ယူတတ်မှရပါတယ်။ နညး်လမ်းအားလုံးလိုလိုဟာ ကနဦး အနေနဲ့ စာရွက်စာတမ်းတင်သွင်းဆက်သွယ်ခြင်းနည်း (initial petition or correspondence) ဖြစ်ပါတယ်။  ရှေ့နေနဲ့လုပ်ရင်လည်းသူတို့ကလိုတဲ့အချက်အလက်တွေကိုယ်ဆီကတောင်းပြီး၊ ကိုယ့် ကိုယ်စားသူတို့ကဆောင်ရွက်ပေးတာပါ။ ဒါပေမဲ့နားလည်ဘို့က ကိုယ်ကမျက်စေ့မှိတ်အိပ်နေလို့မရပါ။

(က) အရေးယူဆောင်ရွက်ပုံလမ်းကြောင်းကို ကြိုတင်လေ့လာပါ။ တခါနားမလည်ရင်နောက်အကြိမ်. ကြိမ်အခါခါဖတ်ပါ။ လေ့လာပါ။

(ခ) ရှေ့နေကဘယ်အဆင့်အထိတာဝန်ယူမလဲ။ အစကအဆုံးအထိတာဝန်ယူနိုင်ခြင်းရှိမရှိ။

(ဂ) အဆင့်တိုင်းအတွင်ရှေ့နေခသတ်မှတ်ချက်ဘယ်လိုလဲ။

 - ဆိုတာတွေဟာ အလွဲမသွေကြိုတင်ပြင်ဆင်ကြရမဲ့ကိစ္စတွေပါ။

ကဲ အကြောင်းချင်းရာတမျိုးချင်းကို လေ့လာကြရအောင်ပါ။


မိမိတို့ရင်းနှီးမြှုပ်နှံထားတဲ့ stocks အပါအဝင်ရင်းနှီးမြှုပ်နှံမှုတွေဟာ ဥပဒေနဲ့ညီရဲ့လား?

Securities and Exchange Commission (SEC) ရဲ့ adviserinfo.sec.gov ဟာအကောင်းဆုံး နေရာပါ။ မိမိရင်းနှီးမြှုုပ်နှံတဲ့စျေးကွက်/ကုမ္ပဏီလုပ်ငန်းရဲ့ နောက်ကြောင်းခံနဲ့အရေးယူခံရမှုမှတ်တမ်း တွေကိုလေ့လာနိုင်ပါတယ်။ မိမိတို့ဆိုင်ရာနေထိုင်ရာပြည်နယ်ရဲ့ ဥပဒေများလည်းရှိတတ်ကြပါတယ်။


မိမိရဲ့ stock ပွဲစားက မိမိကို risk နဲတဲ့stocks ကိုပေးဘို့ပျက်ကွက်ရင်

Financial Industry Regulatory Authority (FINRA) က brokercheck.finra.org မှာတိုင်လို့ရ ပါတယ်။ ဖုံးကတော့ (844) 574-3577 ပါ။ မိမိရဲ့ပွဲစားအကြောင်းသိနိုင်သလို၊ အရေးယူမှုလမ်းကြောင်း ကိုလည်းသိနိုင်ပါတယ်။


မိတ်ဆွေသူငယ်ချင်းအများကရေပန်းစားလူကြိုက်များတဲ့stocks ကိုရင်းနှီးသင့်သလား?

ဆိုင်ရာstock တခုချင်းကိုအင်တာနက်မှကြည့်နိုင်ကြသလို၊ stocks.com (သို့မဟုတ်) bankrate.com တို့ဟာအသုံးဝင်တဲ့နေရာတွေပါ။ အရေးကြီးတာက ဆိုင်ရာပြည်နယ်တိုင်းမှာ State regulators တွေရှိကြပါတယ်။ nasaa.org/contact-your-regulator ဟာအကောင်းဆုံးလေ့လာသင့်တဲ့နေရာပါ။


အကြွေးတောင်းတဲ့ကုမ္ပဏီ (သို့မဟုတ်) ဘဏ်တို့ က မိမိထံဖုံးစာတို့ခြင့်ခြိမ်းခြောက်ငွေတောင်းခံနေမှု ကိစ္စ

လူတိုင်းစိတ်ဆင်းရတဲ့ကိစ္စပါ။ တခါတရံ ပြဿနာကအိမ်ရှေ့ပေါက်အထိရောက်လာ.လေ့ရှိတတ် ကြပါတယ်။ Consumer Financial Protection Bureau (CFPB) က consumerfinance.gov/complaint (သို့မဟုတ်) (855) 411-2372 ကနေတိုင်ကြားပါ။ ဥပဒေအရ (၁၅)ရက်အတွင်းအကြောင်းပြန်ကြား တတ်ကြပါတယ်။ 


ကျန်းမာရေး (သို့မဟုတ်) အိမ်(သို့မဟုတ်)ယာဉ်ထိခိုက်ပျက်စီးမှုအတွက် ပေးလျော်မှုပျက်ကွက်ခြင်း၊ ငြင်းပယ်ခံရခြင်း နှင့် ကတိကဝတ်ပြုလွှာ (coverage declaration) နှင့်ညီညွတ်မှုမရှိဟုယုံကြည် ရခြင်း

ဆိုင်ရာပြည်နယ်များရဲ့ အာမခံကြီကြပ်ရာဌာနကြီး (state insurance regulator) ဆီတိုင်ကြား ရပါမယ်။ content.naic.org/state-insurance-department ကနေမိမိနေထိုင်ရာပြည်နယ်ရဲ့ တာဝန်ခံဆီတင်ပြတိုင်ကြားနိုင်ကြပါတယ်။ သတ်မှတ်ချိန်အတွင်းအကြောင်းပြန်သလို၊ ထိရောက်မှု ရှိတဲ့သာဓက များစွာရှိပါတယ်။ 


မိမိထံဖုံးဆက်ပြီး ပစ္စည်းရောင်းချခြင်း (သို့မဟုတ်) အယောင်ဆောင်ပြီး ငွေကြေး၊ မိမိရဲ့ဘဏ်စာရင်း တောင်းခံခြင်း

Federal Trade Commission (FTC) ဟာအကောင်းဆုံးကိုင်တွယ်ပေးနိုင်တဲ့အဖွဲ့အစည်းပါ။ တရား မဝင်စီးပွားရှာတာတွေကိုလည်းရှာဖွေဖေါ်ထုတ်ပေးသလို၊ မိမိရဲ့ပြသနာကိုပြေလည်စေနိုင်ပါတယ်။ မိမိတို့နေထိုင်ရာမြို့ရဲ့ ရဲဌာနကိုလည်းတိုင်ကြားကြဘို့မမေ့သင့်ပါ။ မိမိတို့ဖုံးနဲပါတ်ကိုလည်း donotcall.gov မှာမှတ်ပုံတင်ကြခြင်းနည်းနဲ့ မလိုလားအပ်တဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ ဖုံးခေါ် ဆိုတာတွေကိုတားဆီးနိုင်ပါတယ်။ နားလည်ကြဘို့က မိမိတို့နဲ့တိုက်ရိုက်ပါသက်တဲ့ မိမိတို့တရားဝင် အမည်ပေါက်ငွေရေးကြေးရေးအဖွဲ့အစည်း (သို့မဟုတ်) ဘဏ်တွေရဲ့ ဆိုင်ရာမိသားစုကုမ္ပဏီများက ကြော်ငြာသဘောမျိုးခေါ်တာကိုတော့ မကာကွယ်နိုင်ပါဘူး။ အဲ့ဒီလိုခေါ်ဆိုတာကိုကာကွယ်ချင်ရင်။ ဆိုင်ရာမိမိတို့အမည်ပေါက်ငွေရေးကြေးရေးအဖွဲအစည်းကနှစ်စဉ်ပို့ပေးတဲ့ (waiver of personal information sharing) တောင်းဆိုလွှာတွေမှာ ပုံမှန်ဖြည့်သွင်းအကြောင်းပြန်ကြမှသာ ကာကွယ်နိုင် ပါလိမ့်မယ်။


Car dealer မှ ချို့ယွင်းတဲ့ယာဉ်ကို မိမိအားရောင်းချခြင်း၊ ဆိုင်မှအမျိုးအစားအင်္ဂါချို့ယွင်းတဲ့ပစ္စည်း ရောင်းချခြင်း

State attorney general office တွေကိုအကြောင်းကြားတိုင်ကြားရပါမယ်။ ယာဉ်ဖြစ်ခဲ့ရင် (Lemon Law) အရချို့ယွင်းတဲ့ယာဉ်ကိုရောင်းရင် ရောင်းချတဲ့ဆိုင်ကပြင်ဆင်ဘို့တာဝန်ရှိပါတယ်။ ဒါမှမဟုတ် နောက်ထပ်ယာဉ်အသစ်အစားထိုးလဲလှယ်ပေးဘို့တာဝန်ရှိပါတယ်။ 


မိမိရဲ့ ကိုယ်ရေးအချက်အလက် (identification including social security number) ပေါက်ကြားအ လွဲသုံးစားမှုပြုခံရရင်

ဆိုင်ရာရဲစခန်းအပါအဝင် consumerfinance.gov မှာတိုင်ကြားရပါမယ်။  credit bureau ကြီး(၃)ခု အနက် တခုခုမှာလှမ်းပြီးမိမိအချက်အလက်များပိတ်ဖို့အကြောင်းကြားရပါမယ်။ ဆိုင်ရာကုမ္ပဏီက ပေါက်ကြားကြောင်းစာနဲ့အကြောင်းကြားလာရင်တော့ မိမိရဲ့ ဘဏ်စာရင်းများကိုမျက်ခြေမပြတ်စောင့် ကြည့်ရပါမယ်။ နှစ်ပေါက်လောက်စောင့်ကြည့်ဘို့လိုပါတယ်။ ဒီလိုကိစ္စမှာတော့ မိမိကိုယ်တိုင်အရေး ယူဆောင်ရွက်ရန်မလိုဘဲ ဆိုင်ရာကုမ္ပဏီကအရေးယူဆောင် ရွက်ကြလေ့ရှိပါတယ်။

အရေးကြီးဆုံးကတော့ မိမိတို့ရဲ့ credit reports တွေကို annualcreditreport.com  မှာ အခမဲ့ (၁၂)လ တစ်ကြိမ်စစ်ဆေးကြဘို့လိုပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ နောက်ဆုံးအပိုဒ်ဖြစ်တဲ့ unusual activity ကိုလေးထားကြည့်ကြပါ။ မူမမှန်တဲ့သုံးစွဲမှုပေါ်ရင် ဆိုင်ရာ credit bureau နဲ့ ကုမ္ပဏီကို မိမိ နဲ့မဆိုင်တဲ့ ငွေကြေးသုံးစွဲမှုဖြစ်ကြောင်း အကြောင်းကြားဘို့လိုပါတယ်။


မိမိ credit card တွင်မူမမှန်တဲ့သုံးစွဲမှုပေါ်ပေါက်လာခြင်း

မိမိရဲ့ credit card သုံးစွဲမှုကို ရက်သတ္တတပါတ်ပြည့်တိုင်းတကြိမ်အနည်းဆုံးတက်ရောက်စစ်ဆေး ဘို့လိုပါတယ်။ မူမမှမသုံးစွဲတဲ့အချက်ပေါ်ပေါက်လာရင် ချက်ခြင်းအကြောင်းကြားရပါမယ်။ ဒီနေရာမှာ   “pending activities” တွေတွေ့ရလေ့ရှိပါတယ်။ အဲ့ဒါတွေကအတည်မဟုတ်သေးတာမို့၊ နောက်ရက် တွေမှာ ဆက်တိုက်စောင့်ကြည့်ဘို့လိုပါတယ်။ ဆိုင်ရာ ကတ်ကအတည်ပြုလိုက်ရင်တော့ ချက်ချင်း အကြောင်းကြားဘို့လိုပါတယ်။ ဒီနေရာမှာ မိမိကိုယ်တိုင်ဝယ်ယူရင်တော့ အကြံုးမဝင်ပါ။ မိမိ၀ယ်ယူ တဲ့နေရာဆီတိုက်ရိုက်ဆက်သွယ်ပြီး စောဒကတက်ခွင့်ရှိပါတယ်။ ပစ္စည်းအမျိုးအစားမမှန်ရင် အဲ့ဒီဆိုင် ကိုကြီးကြပ်တဲ့ ဌာနချုပ်ကို တိုက်ရိုက်ဆက်သွယ်ရပါမယ်။ credit card ကုမ္ပဏီကိုဆက်လို့မရပါဘူး။ credit card ကုမ္ပဏီတွေဟာ မိမိရဲ့ကန့်ကွက်လွှာကိုမှန်ကန်ရင် ရက်ပေါင်း (၉၀) အတွင်းဖြေရှင်း ပေးဘို့တာဝန်ရှိပါတယ်။


 Mortgage payment ပေးရာတွင်ဆက်မပေးနိုင်တော့ခြင်း

ကျွန်တော်တို့မြန်မာတွေထဲမှာဖြစ်ခဲတဲ့ကိစ္စပါ။ ဒါပေမဲ့ မမျှှော်မှန်းနိုင်တဲ့ကံဆိုးမိုးမှောင်ကျမှုတွေကြောင့် လစဉ်ပေးနေကျ payment တွေဆက်မပေးနိုင်ရင်၊ အားမငယ်ကြဘို့လိုပါတယ်။  loan delinquent ဖြစ်တယ်လို့ခေါ်ပါတယ်။ ပထမဦးဆုံးမိမိငွေပေးနေကျ ကုမ္ပဏီကိုခေါ်ရပါမယ်။ ဒီလိုအဖြစ်အပျက်တွေ ဟာ ဖြစ်လေ့ဖြစ်ထရှိတတ်ကြတာမို့ သူတို့မှာဒီကိစ္စကကျော်လွှားနိုင်တဲ့အစီအမံတွေ ရှိတတ်ကြ ပါတယ်။ ငွေချေးတဲ့ဘဏ်/mortgage companies တွေဟာမိမိတို့ရဲ့ငွေချေးငှားသူတွေ အခက်အခဲဖြစ် တာကိုမလိုလားကြပါဘူး။ ဒီအဖြစ်တွေကိုကာကွယ်ဘို့ သူတို့မှာနညး်လမ်းတွေရှိကြပါတယ်။  ဒုတိယအဆင့်အနေနဲ့ Department of Housing and Development (HUD) ကဆိုင်ရာပြည်နယ် တွေနဲ့ချိတ်ဆက်ပြီး ဒီလိုကိစ္စတွေကိုကြားဝင်ဆောင်ရွက်ပေးတဲ့ အကြံပေး counselling services တွေရှိကြပါတယ်။ အရေးကြီးတာကတော့ဒီလိုအခက်အခဲရှိချိန်မျိုးမှာ fraudulent လူလိမ်တွေအ သျှိုသျှိုပေါ်လာလေ့ရှိတတ်ပါတယ်။ သတိအထူးပြုကြပါ။ consumerfinance.gov/mortgagehelp  မှာ အသုံးဝင်တဲ့နည်းလမ်းနဲ့အကြံပြုချက်တွေရှိပါတယ်။


ကိစ္စများမြောင်လှတဲ့ ခေတ်အခါကြီးမှာ မထင်မှတ်တဲ့ အခက်အခဲပြဿနာတွေက မိမိတို့ဘဝတွေမှာ ၀င်ရောက်းုက္ခပေးတတ်ကြပါတယ်။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး၊ လမ်းမှန်ပေါ်လျှောက်ပြီး ဆောင် ရွက်စရာတွေဆောင်ရွက်ရပါမယ်။ ဘာမှမလုပ်ဘဲ”သို့လောသို့လော” ဖြစ်နေရင်တော့ တံဖိုးထက်လက် ခကြီးနိုင်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ဆိုင်ရာပြည်နယ်အစိုးရတွေက ဒီအခက်အခဲတွေကိုရှောင်လွှဲ ကျော်လွှားနိုင်တဲ့နည်းလမ်းနဲ့အကူအညီတွေရှိပြီးသားဆိုတာကို နားလည်ကြဘို့လိုပါတယ်။ ကိုယ့်ကိစ္စ ကိုယ်ကလုပ်မှဖြစ်ပါမယ်။ အကူအညီကိုထိုင်စောင့်လို့မရပါ။ နည်းလမ်းတွေရှိပေမဲ့ အဲ့ဒီနည်းလမ်းတွေ က ကိုယ့်ကိုထိုင်မစောင့်ပါ။ ရအောင်ယူတတ်၊ လေ့လာတတ်တဲ့မြန်မာကွန်မြူနတီကြီးရှင်သန်ကြီးထွားလာရေးကိုဦးတည်မျှော်မှန်းလျက်……။