Tuesday, July 14, 2020

Racism အရိပ်မဲကြီးအောက်က အမေရိကနေ မြန်မာများ

ဒီဆောင်းပါးကိုရေးဘို့ အပြန်ပြန်အလှန်လှန်စဉ်းစားရတယ်လို့ကနဦးဝန်ခံပါရစေ။ ဘာဖြစ်လို့လဲဆို  တော့ လူမျိုးရေးကိစ္စက မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ကိစ္စကြီး ဖြစ်နေသလို၊ sensitive ဖြစ်နေချိန်မှာ တို့မီးရှို့မီးဖြစ်မှာလဲစိုးရိမ်နေကြရတဲ့အချိန်လည်းဖြစ်နေပါတယ်။ သွယ်ဝိုက်သောနည်းနဲ   တော့ ပြီးခဲ့တဲ့ မတ်လထုတ် “မြန်မာဂဇက်”သတင်းစာမှာ ဆောင်းပါး တခုအဖြစ် “ဆိုရှယ်လစ်ဇင် သမိုင်းတပါတ်လည်တော့ မည်လော” မှာ သတိပေးခဲ့ဘူးပါတယ်။ ကမ္ဘာနိုင်ငံကြီးတွေမှာ တဖန်ခေါင်းထောင်လာတဲ့ လူမျိုးကြီး ၀ါဒ တခုဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒ (extreme nationalism) ဟာ အမေရိကလို ဒီမိုကရေစီနဲ့ သာတူညီမျှရေးကိုဦးဆောင်တဲ့နိုင်ငံတွေမှာတောင်  တွေ့နေရပါပြီ။ ပိုပြီးဆိုးတာက အစိုးရ ကဦးဆောင်လှုံ့ဆော်အားပေးလာတာဟာ မသိမသာ အဖြစ်ကနေပေါ်ပေါ်ထင်ထင်ဖြစ်လာတာ တွေဟာ ၀မ်းနည်းစရာကောင်းတဲ့ အပြောင်းအလဲတွေပါ။ ဒီမကောင်းဆိုးဝါးမူဝါဒဟာ အချို့သော ကျွန်တော်တို့မြန်မာတိုင်းရင်းသားတွေထဲကိုတောင် ထဲထဲဝင်ဝင် ရောက်လာတာကိုတွေ့ရပါတယ်။ မိမိတို့ရဲ့ ဇာစ်မြစ် (identity) ကိုမေ့လျော်လို့ဘဲလား၊ မသိချင်ယောင်ဆောင်ကြတာဘဲလားဆိုတာကို  တော့ ကာယကံရှင်များကိုယ်တိုင်သာသိနိုင်ကြ ပါလိမ့်မယ်။ သေခြာတာတခုကတော့ “ဗျိုင်း”ဟာ “ကျီး”မဖြစ်နိုင်သလို၊ “ကျီး”ဟာလည်း “ဗျိုင်း”မဖြစ် နိုင်တဲ့သဘာဝတရားကိုစာဖတ်သူတွေ နားလည် ကြမယ်လို့ယူဆပါတယ။် အဲ့ဒီအတွက် Asian ဆိုတဲ့ရုပ်လက္ခဏာကိုကြည့်ပြီး အခြားလူမျိုးခြားတွေက Asian မဟုတ်ပါဘူးလို့တော့ ဘယ်တော့မှ ဆိုမယ်မထင်ကြောင်းပါ။
ဆိုခဲ့တဲ့ လူမျိုးကြီးဝါဒဟာ အရင်ကအခြားလူမျိုးခြားတွေဖြစ်တဲ့ African-Americans, Mexica-Latino တွေကနေ အခုအခါမှာ Asians တွေဘက်ကိုခြေဦးလှည့်လာပါပြီ။ ကမ္ဘာနဲအ၀ှမ်းကျရောက်  နေတဲ့ Covid-19 pandemic ကပ်ရောဂါဘေးကြီးမှာ တရုတ်ကစတင်တယ်လို့ အများကသိနားလည် ကြတာနဲ့အတူ၊ အသားဝါ (yellow skin) တွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်၊ ဆိုတဲ့အချက်တွေ အရ ကျွန်တော်တို့ မြန်မာတွေဟာ အခြားAsians များနဲ့အတူ ၀ါးလုံးရှည်နဲ့ရမ်းတဲ့အထဲ ပါမှန်းမသိပါ  နေပါပြီ။ ပြင်ပသွင်ပြင်လက္ခဏာကိုကြည့်ပြီး၊ “Go back to your home”ဆိုတဲ့ လက်ညှိုးငေါက်ငေါက် ထိုးပြစ်တင်ပြောဆိုတာ၊ လူအများကြားမှာ အအော်ခံရတဲ့ မြန်မာတွေမနည်းတော့ကြောင်းစိတ်မချမ်း   မြေ့ဘွယ်စတင်ကြားနေကြရပါပြီ။ အပြောခံ၊ အဆဲခံကြရသူ Asians တွေထဲ လွှတ်တော်အမတ်လို အဆင့်တွေ။ အစိုးရဌာနအကြီးအကဲတွေတောင်ပါနေပါပြီ။ ပိုဆိုးတာက အိမ်ကိုစာပို့ပြီးဖြစ်စေ၊ ဖုံး/ email တို့နဲ့ခြိမ်းခြောက်မှုတွေ၊ အိမ်ကိုစာပြစ်တာ၊ အိမ်ထရံမှာညအချိန်စာရေးသွားတာတွေ 
တွေ့နေရပါပြီ။ ကိုယ်ထိလက်ရောက်နီးပါးပြုမူမဲ့အရိပ်အယောင်တွေပါစတွေ့နေရတာဟာ ကြောက်မက် စရာကိစ္စ၊ ရှက်စရာကိစ္စတွေဖြစ်နေပါပြီ။
ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့မြန်မာတော်များများ (အားလုံးလိုလိုပါ) ကရှက်ကြောက်ဒေါသနဲ့ ဘာလုပ်ကြရမှန်းမသိဘဲ၊ ဘာမှမပြောဘဲ၊ အခြားမြန်မာတွေအချင်းချင်းတောင် အသိမပေးဘဲ၊ ဖုံးဖိနေကြ တဲ့အဖြစ်တွေရောက်နေပါပြီ။ ဒီလိုဖုံးဖိလေ လက်ရဲဇက်ရဲအဆင့်ကိုရောက်လာတာတွေ ကြားသိနေရပါတယ်။ အချို့ဆိုရင် မိသားစုရင်းနှီးရာအိမ်မှာပြောင်းရွှေ့နေကြရတဲ့အဖြစ်တွေ ရောက်  နေပါတယ်။
ဒီအဖြစ်ဆိုးတွေဟာ မြန်မာလူမျိုးတွေသာမက အခြားလူမျိုးခြားတွေဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း တွေမှာအများအပြားတွေ့ရတာကြောင့်၊ ဆိုင်ရာ လူမျိုးစု အထောက် အကူပြု လူထုလူတန်းစားအဖွဲ့အစည်းးတွေက community alliance အဖွဲ့တွေဖွဲ့ပြီး၊ ဥပဒေကြောင်းအ ရတန်ပြန်ရေးကိစ္စတွေ အားကြိုးမန်တက်လုပ်နေကြပါတယ်။ အပါတ်စဉ်ဆွေးနွေးပွဲ online နဲ့ virtual meetings တွေမှာခံစားရတဲ့ victims တွေတက်ရောက်ပြီးပွင့်ပွင့်ဆွေးနွေးအဖြေရှာမှု  တွေ၊ ဥပဒေ ကြောင်းအကာအကွယ်အစီအမံတွေလုပ်နေကြပါတယ်။
ခက်တာက အမေရိကရောက်မြန်မာမိသားစုအသိုင်းအ၀န်းထဲမှာ ဥပဒေဆိုင်ရာပညာရှင်နဲ့ အခြေအနေ  တွေကိုကောင်းစွာလေ့လာနေတဲ့ ဆန်းစစ်မှုစနစ်တခုမရှိတဲ့အပြင်၊ ဥပဒေကြောင်းပိုင်းဆိုင်ရာ၊ ဆိုင်ရာ ရဲဌာန၊ တရားရေးဌာနတွေရဲ့အထာသဘောကို ရင်းနှီးကျွမ်းဝင်သူ မြန်မာအလွန်နည်းနေတာက အားလျော့စရာအချက်ဖြစ်နေပါတယ။် တခါ ကိုယ်မိသားစု အသိုင်းအ၀န်းထဲမှာ တတ်ကျွမ်းနည်းလည် ကြသူတွေရှိခဲ့ရင်လည်း၊ အဲ့ဒီ second generation ပညာတတ်ရာထူးရှိလူငယ်များဟာ၊ မြန်မာကွန် မြူနတီနဲ့ အကင်းကွာကြီးကင်းကွာနေယုံမက၊ မိမိတို့ကိုယ်ကို မိမိတို့ မြန်မာပြည်ဖွား(သို့မဟုတ်) မြန်မာပြည်ဖွားတွေကပေါက်ဖွားလာကြသူတွေဆိုတဲ့ဇာတိဇစ်မြစ်ဟာ ပျောက်ချင်းမလှပျောက်နေ ကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း ဒီလူငယ်တွေရဲ့အပြစ်ချည့်မဟုတ်ဘဲ မိဘများက သားသမီးများ အပေါ်ချဉ်းကပ်နားလည်မှုလေ့လာမှုအားနည်းချက်က၊ မိဘနဲ့သားသမီးတွေအကြားဆက်ဆံရေး ကို ဝေးကွာအေးစက်စေတာအမှန်ပါ။
Covid-19 ဘယ်ထိခရီးဆန်ုမလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ Covid-19ဆိုတဲ့စကားကြားတိုင်း၊ လူဖြူလူမျိုးကြီးဝါဒီသမားတွေကသူတို့ရဲ့ လွတ်လပ်မှု (freedom) ကိုဖယ်ရှားခံရတာတွေဟာ ဒီ Asians တွေဘဲဆိုတဲ့ မုန်းတီးစိတ်တွေဟာ ကျွန်တော်တို့မြန်မာတွေအပေါ်မှာပါ ပစ်မှတ်သတ်မှတ်ခြင်း ခံနေကြရပါပြီ။ အိမ်ထဲချောင်ပိတ်ပြီး ရက်များသာမက၊ လများကြာရှည်လာတာနဲ့အမျှ၊ ဒီ မုန်းတီးမှု အစိုင်အခဲဟာ ကြီးထွားလာမယ်ဆိုတာကို မြင်အောင် ကြည့်ပြီး အကာအကွယ်အစီအမံတွေ လုပ်ကြဘို့လိုလာပါပြီ။ မိသားစုအလိုက် အပြင်အဆင်တွေ လုပ်ကြရပါတော့မယ်။ ဒီလိုဖြစ်စဉ်တွေကို ကြိုမြင်ကြတဲ့ အခြား Asians တွေကတော့ ဒီလိုအပြင်အဆင်တွေ၊ အစီအမံတွေ လုပ်နေကြတာအ  တော်ခရီးပေါက်နေကြပုံပါဘဲ။ မောင်မိုးညိုနဲ့အဆက်အစပ်ရှိတဲ့ အဲ့ဒီအဖွဲ့အစည်း (legal counsel for justice/grassroot organizations) တွေရဲ့ ဆက်သွယ်မှုတွေ ပလူပြန်အောင်တွေ့ကြည့်ပြီး၊ “ဒို့မြန်မာကွန်မြူနတီထဲ၊ ဒီလိုအစီအမံတွေ မရှိတာ အားငယ်စရာဘဲ”ဆိုတဲ့ အတွေးတွေဝင်လာ ပါတယ်။
ဘာတွေလုပ်သင့်သလဲ ဆိုတာကိုဖေါက်သယ်ပြန်ချပါရစေ။
(က) မြန်မာဆိုတာနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ (ကချင်၊ ကယား၊ ချင်း စသဖြင့်) (မြန်မာနိုင်ငံအတွင်း တရားဝင်သည်ဖြစ်စေ၊ တရားမ၀င်သည်ဖြစ်စေမွေးဖွားကြသူတိုင်းရင်းသားလူမျိုးများပါမကျန်) အားလုံးဟာ ဒီအမေရိကပြည်ထောင်စုအတွင်းမှာ Burmese-American ဆိုတဲ့ထီးရိပ်အောက်မှာ အတူတကွနေထိုင်ကြတယ်ဆိုတဲ့အချက်ကို ကနဦးလက်ခံကြရပါမယ်။
(ခ) Diversity (မတူကွဲပြားခြင်း)၊ Equality (တန်းတူရည်တူဖြစ်ခြင်း) နဲ့ all inclusive (အားလုံး အကြုံးဝင်သည့်သာတူညီမျှခြင်း)  ဆိုတဲ့ လောကပါလတရားကို ဆိုခဲ့တဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံ ကလက်ခံကျင်းသုံးဘို့လိုပါတယ်။
(ဂ) မြန်မာနိုင်ငံအတွင်းမှာရှိခဲ့တဲ့မိမိတို့ရဲ့ဘ၀အခြေအနေ နောက်ကြောင်းခံ (အတိပ်ကရွှေထီးဆောင်း ခဲ့တာတွေအပါအ၀င်)၊ တရားဝင်ရပ်တည်ခဲ့ရတာတွေကို ခ၀ါချပြည်ဖုံးချခဲ့ပြီး၊ အမေရိကနိုင်ငံအတွင်း အများနည်းတူ ဘ၀သစ်ကို (တစ်)ကစကြရတယ်ဆိုတဲ့အချက်ကို လက်ခံကြရပါလိမ့်မယ်။
(ဃ) နေ့စဉ်အချိန်နဲ့တပြေးညီဖြစ်ပျက်နေတဲ့ကိစ္စတွေကိုမျက်ခြေမပြတ်သလို၊ အိမ်ပြင်ထွက်တာနဲ့ သတိတရားလက်ကိုင်ထားကြရပါလိမ့်မယ်။
(င) မိမိသားစု၊ မိတ်ဆွေချင်းအရေးပေါ်အဆက်အသွယ်လမ်းကြောင်းသတ်မှတ်ကြရပါလိမ်ါမယ်။
(စ) မိမိနေထိုင်ရာရပ်ကွက်နဲ့ဆိုင်တဲ့ မြို့ရဲစခန်းနဲ့၊ ဥပဒေဘက်တောသားအဖွဲ့အစည်းတွေ၊ မဲဆန္ဒနယ် အမတ်တွေရဲ့ အဆက်အသွယ်ကိုလမ်လှမ်းမှီတဲ့မှတ်စုများထုတ်ထားကြဘို့လိုပါလိမ့်မယ်။
(ဆ) အရာရာကိုစိတ်လိုက်မန်ပါတုန့်ပြန်တဲ့အကျင့်စရိုက်ကိုထိန်းသိမ်းတဲ့အလေ့အကျင့်ကိုမွေးကြရ ပါမယ်။
(ဇ) မိမိတို့အားသန်ရာ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများရဲ့ ယုံကြည်ချက်တွေကို ဘေးချိတ်ထားရပါမယ်။ လူမျိုးရေးမုန်းတီးမှု၊ လူမျိုးကြီးဝါဒ (racial bias, supremacy) တွေကိုဖြောက်ဖျက်နိုင်ရပါမယ်။ ကိုယ်ဟာဘယ်သူလဲဆိုတာကိုမေ့လို့မရပါဘူး။ ကိုယ်ထောက်ခံတဲ့သူက “You, Asians go back to your home!” လို့ဆိုတိုင်း ကိုယ်လဲအဲ့ဒီအပြောခံရသူတွေထဲမှာ အလိုအလျောက် အကြုံးဝင်သွား တယ် ဆိုတာကိုမမေ့ကြပါနဲ့။
(ဈ) ကိုယ့်ကိုလူကြားထဲအပြောခံရပြီ ဆိုတာနဲ့ မိမိမှာရှိတဲ့ cell phone နဲ့ ဗီဒီယိုမှတ်တမ်းချက်ချင်း တင်ပါ။ ဒီလိုလုပ်တဲ့အတွက် (အထက်ဖေါ်ပြပါ anti-racism အဖွဲ့အစည်းတွေရဲ့သုတေသနပြုချက် အရ) ကိုယ့်ကိုကိုယ်ထိလက်ရောက်စော်ကားတဲ့အဖြစ်အတော်နည်းတယ်လို့ဆိုပါတယ်။ ကိုယ်ထိလက်ရောက် လုပ်ခြင်းဟာအမေရိကမှာ ရာဇ၀တ်မှုတခုအဖြစ်သိနားလည်ကြတာကြောင့် မလုပ်ကြပါဘူး။ အဲ့ဒါဟာ ကိုယ့်ရဲ့အခွင့်အရေးပါ။ အဲ့ဒီ ဗီဒီယိုမှတ်တမ်းဟာ အလွန်ကောင်းမွန်စွမ်းအား ရှိတဲ့သက်သေအထောက်အထားမို့ တရားလမ်းကြောင်းမှာ ကောင်းစွာအထောက်အကူပြုပါတယ်။
(ည) ဆိုင်ရာရဲစခန်းကို နေ့မကူးမှီတိုင်ချက်ဖွင့်ပါ။
(ဋ) အဲ့ဒီဗီဒီယိုမှတ်တမ်းကို Facebook လိုနေရာမှာရဲရဲဝံ့ဝံ့တင်ပါ။ ရှက်ရကြောက်ရမဲ့အချိန်မဟုတ်  တော့ပါ။ အဲ့ဒီလိုမလုပ်ရင် လက်ရဲဇက်ရဲဖြစ်လာစရာများပါတယ်။ အဲ့ဒီအတင့်ရဲမှုဟာ အခြားဘ၀တူ မြန်မာတွေဆီကူးစက်လာနိုင်စရာလမ်းများပါတယ်။
(ဍ) မိမိနေထိုင်ရာ မြို့ရဲ့ သတင်းစာတိုက်ကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ သတင်းမှတ်တမ်းပို့ပါ။ anonymous မလုပ်ပါနဲ့။ ကိုယ်ဆီပြန်ဆက်သွယ်ဘို့လမ်းကြောင်းကို ပါဝင်ပါစေ။
(̔̕ဎ) စည်းလုံးကြပါ။
(ဏ) ရေရှည်ကိုကြည့်ပါ။ အခြေအနေတွေတည်းငြိမ်ရင်ဘဲဖြစ်ဖြစ်၊ လက်ရှိအခြေအနေ လိုအပ်ချက် များအရဘဲဖြစ်ဖြစ် အလုပ်လုပ်ပြန်လုပ်ကြရမဲ့အချိန်ရောက်လာပါမယ်။ ဒီ racial စစ်ပွဲကအရှိန်လျှော့ မှာမဟုတ်ပါဘူး။ မိမိတို့ယုံကြည်အားသန်ရာ နိုင်ငံရေး၊ လူမျိုးရေးစိတ်ဓါတ်က လူကြားထဲ ၀င်ကြရသူ မြန်မာတွေကြားထဲမှာ ပြဿနာရှိလာနိုင်စရာများပါတယ်။ ဆိုင်ရာ အလုပ် supervisor/manager တွေကို ချက်ချင်းအသိပေးတိုင်ကြားဘို့နဲ့ ဆိုင်ရာ human resettlement ဌာန တွေကို တိုင်ကြားဘို့လက်မနှေးပါနဲ့။ အလုပ်လုပ်ကြသူအချင်းချင်းအသိပေးနေစရာမလိုပါဘူး။ သိုသိပ်ပါစေ။
အရေးကြီးတဲ့ အချက်တခုကို မီးမောင်းထိုးပြလိုတဲ့အချက်ကတော့ မပေါ့ကြပါနဲ့။ လက်ရဲဇက်ရဲ ရှိလာရင်၊ စိတ်ဆင်းရဲပြီး ဘေးကြပ်နံကြပ်ကူရာမဲ့ဘ၀ ကိုရောက်သွားနိုင်ပါတယ်။
All Burmese Lives Matter ပါလို့။        ။