Friday, July 22, 2022

Living Trust ဘက်တစေ့တစောင်း

ကျွန်တော်တို့မြန်မာလူမျိုးများဟာ စည်းစိမ်ဥစ္စာဘယ်လောက်ဘဲရှိကြပါစေ၊ မိမိတို့နောင်လာနောက် သား၊ သားသမီးများနဲ့ပါတ်သက်ပြီး အမွေဆက်ခံတာကို စာချုပ်စာတမ်းမှတ်တမ်းထားရှိတဲ့အလေ့ အထအလွန်အားနည်းပါတယ်။ အားနည်းရခြင်းအကြောင်းကလည်းမိဘမျိုးရိုးစဉ်ဆက်က သူတို့ပိုင် ဆိုင်မှုကို သားသမီးတွေကို အသိမပေးဘဲဖုံးဖိတတ်တဲ့အလေ့အထကအရိုးစွဲနေရခြင်း အကြောင်းပါ ကြသလို၊ သားသမီးတွေကြားမယုံကြည်မှုတွေ အားပြိုင်မှုတွေရှိတဲ့တဲ့စရိုက်ကြီးမားလွန်းတာကြောင့် လည်းပါကြပါတယ်။ နဂိုကလည်း စာရွက်စာတမ်းတွေကို ကြောက်ရွံ့ကြတာလဲပါကြသလို၊ အစိုးရ ရုံးပြင်ကန်းနားနဲ့ကင်းကင်းနေကြလိုတဲ့အလေ့အထလဲရှိကြလို့ဖြစ်ပါတယ်။ နောက်တခုက ဥပဒေရဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်တွေ၊ စီရင်ထုံးတွေရဲ့လျော့ရဲမှု၊ ငွေများတရားနိုင်မှုများတာတွေလဲပါကြပါတယ်။ “မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ”ဟာခုထိအသက်ရှိဆဲမို့ အဲ့ဒီဥပဒေနဲ့နောင်ပေါ်ထွက်လာတဲ့မြန်မာဥပဒေ အဆက်ဆက်တို့ကနေရာယူ လွှမ်းမိုးနေပါသေးတယ်။ အဲ့ဒီအပြင် “မရွှေ့မပြောင်းနိုင်သောအဆောက် အအုံပစ္စည်းများနဲ့သက်ဆိုင်သောဥပဒေ”ဟာလဲ ထဲထဲဝင်ဝင်လွှမ်းမိုးနေတဲ့အရေးပါတဲ့ဥပဒေတခုအ နေနဲ့လည်း အမွေခွဲခြမ်းရေးကိစ္စမှာအကျနေရာယူထားဆဲပါ။ ဒါဟာမြန်မာပြည်တွင်းကလက်ရှိအနေ အထားတွေပါ။

ပြဿနာက မြန်မာနိုင်ငံကအမေရိကလိုနိုင်ငံမှာပြောင်းရွှေ့အခြေချသူ “ရွှေ”မြန်မာတွေဟာ အမေရိ ကန်နိုင်ငံသားတင်းပြည့်ကျပ်ပြည့်ဖြစ်လာသည့်တိုင် (အချို့ဆိုဒီနိုင်ငံကပညာတတ်ဘွဲ့ရများဖြစ်နေကြ သည့်တိုင်) အမွေကိစ္စကိုမထိချင်ကြပါဘူး။ အဲ့ဒီအယူအဆဟောင်းကိုခဝါမချနိုင်ကြသေးပါဘူး။ နောင် ခါလာနောင်ခါစျေးလုပ ချင်ကြပါတယ်။ ခုပြောချင်တာက အမေရိကကိုပြောင်းရွှေ့အခြေချကြသူမြန်မာ တွေနဲ့တိုက်ရိုက်ဆိုင်လို့ပါ။ သိနားလည်ကြသူတွေကလည်း ရှေ့နေရှေ့ရပ်များနဲ့ဘဲလုပ်ကြပြီး၊ ရွေ့နေက “ထိုးဆို၍ထိုးရသည်” ဆိုတဲ့စာချုပ်စာတမ်းမှတ်တမ်းကို နာရီပိုင်းလောက်ကြည့်လက်မှတ်ထိုးပြီးမေ့ လိုက်ကြပါတယ်။ နားလည်လားဆိုတော့ ဘာတခုမှနားမလည်ပါဘူး။ ရှေ့နေကပြောပြချိန်မှာနားလည် သလိုလိုရှိကြပေမဲ့ အဲ့ဒါတွေအားလုံးကိုမေ့လိုက်ပါတယ်။ ဒီဆောင်းပါးကိုရေးတဲ့ကျနော်ဟာ trust ကိစ္စ ကျွမ်းကျင်သူမဟုတ်ဘူးဆိုတာကိုတော့ ကြိုတင်ဝန်ခံပါရစေ။ နားလည်သူပညာရှင်တွေနဲ့ ဆက်တိုင် ပင်ကြစေချင်ပါတယ်။ trust ကိုထဲထဲဝင်ဝင်လေ့လာနေဆဲ သာမာန်ပိရိသတ်ရှုထောင့်ကနေတင်ပြ ခြင်းဖြစ်သက်သက်သာပါတယ်။ ဒီ “မြန်မာဂဇက်”ကြော်ငြာကဏ္ဍမှာရှိတဲ့ မြန်မာစကားနဲ့ဆွေးနွေးနိုင် တဲ့ပညာရှင်/ဥပဒေပညာရှင်များဟာ အကောင်းဆုံးလမ်းညွှန်ဆောင်ရွက်ပေးနိုင်ကြသူတွေပါ။

ဒီလိုတင်ပြရခြင်းဟာလည်းအရေးကြီးတဲ့အကြောင်းတခုရှိနေပါတယ်။ မြန်မာနိုင်ငံကပြောင်းရွှေ့အခြေ ချသူ (တိုင်းလိုလို) ဟာ အထုပ်အထည်ရှိကြသူတွေပါ။ ကပ်လျက်နိုင်ငံတွေကနညး်မျိုးစုံနဲ့ဝင်လာ ကြသူတွေလိုအခြေအနေမဲ့သူမဟုတ်။ ခေသူတွေမဟုတ်ကြပါ။ အဲ့ဒီ”အထုပ်အထည်”ကို trust အနေ နဲ့အသွင်ကူးပြောင်းရေး ကိုမလုပ်ကြသူတွေပါပါတယ်။ ထိုနည်းတူ မြန်မာနိုင်ငံတွင်ကျန်ရစ် (လေ့)ရှိ တတ်တဲ့ စည်းစိမ်ဥစ္စာ (ဥပမာ-နေအိမ်တိုက်ခန်းနဲ့အခြားတန်ဘိုးရှိပစ္စည်းတွေ) (အချို့အမွေဆိုင်)တွေ နဲ့ပါတ်သက်နေပါတယ်။ အားလုံးသိကြဘို့က အမေရိကနိုင်ငံအတွင်း (immigrants) အနေနဲ့ပြောင်း ရွှေ့အခြေချကြပြီ ဆိုက တည်းကအဲ့ဒီပိုင်ဆိုင်မှုတွေဟာ အတော်ရှုတ်ထွေးထဲ့ဥပဒေလမ်းကြောင်းထဲ ၀င်သွားတတ်ပါတယ်။ နားလည်ကြသင့်တာက လက်ရှိမြန်မာနိုင်ငံတည်ဆဲဥပဒေများအရ မြန်မာနိုင်ငံ ထဲကပြောင်းရွှေ့ပြီဆိုကတည်းက (အထူးသဖြင့် မရွှေ့မပြောင်းနိုင်တဲ့ အိုးအိမ်၊မြေယာ immovable properties) တွေပိုင်ဆိုင်မှု (သို့မဟုတ် အမွေဆိုင်ဖြစ်နေရင်လည်း ပိုင်ဆိုင်နိုင်ခွင့်ရှိမှုအလားအလာ) ဟာကွယ်ပျောက်သွားပါတယ်။ ဒါဟာ အမေရိကနိုင်ငံမှာလက်ရှိ immigrant visa နဲ့ရောက်နေကြသူ Green Card ကိုင်ဆောင်ကြသူတွေပါအကျုံးဝင်ကြပါတယ်။ ပြောချင်တာက အမွေဆိုင်သော်၎င်း၊ အခြားကန်ုကွက်လိုသူတဦးဦးက အဲ့ဒီကာယကံရှင်ဟာ အမေရိကနိုင်ငံသားခံယူထားသူ (သို့မဟုတ်) ခံယူရန် အလားအလာရှိနေသူဆိုတာကို ဆိုင်ရာတရားရုံးမှာ သွားလက်တို့လိုက်တာနဲ့ အဲ့ဒီ ဥစ္စာပစ္စည်း ရယူခွင့် ဟာအလားအလာအလွန်နည်းသွားပါတယ်။ လျှို့ဝှက်သိပ်သည်းစွာနဲ့လက်သိပ်ထိုးပြီး၊ ကန့် ကွက်သူမရှိခဲ့ကြရင်တော့ အဆင်ပြေကြသူတွေလဲရှိသပေါ့ဗျာ၊ မြန်မာ့တရားစီရင်ရေးရဲ့ ဖြစ်နေကြသ ဘောတွေပါ။


လူတိုင်း မိသားစုတိုင်း Living Trust ရှိသင့်မရှိသင့်

မိမိတို့ပိုင်ဆိုင်မှုဘာမှမရှိသလောက်နည်းနည်းလေးပါဆိုရင်လဲ trust ဟာရှိသင့်ရှိထိုက်တဲ့ကိစ္စပါ။ ဘာ ဖြစ်လို့လဲဆိုတော့ မိဘလက်ရင်းသုံး ဘုရားဆင်းတုတော်လိုအရာမျိုးကအစ အားလုံးဟာအစား ထိုးမ ရပြီးတန်ဘိုးကြီးလှတာမို့၊ မိမိတို့မျက်ကွယ်ပြုချိန်မှာ သားသမီးချင်းကြားအချင်းများတာတွေကို ရှောင် ရှားကြဘို့လိုပါတယ်။ နောက်တချက်က ကို်ယ်ကမိမိတို့ပိုင်ဆိုင်မှုကို will နဲ့ trust မှာမလုပ်ခဲ့ဘဲ သေ လို့အငြင်းပွားကြရင် ဆိုင်ရာပြည်နယ်အစိုးရက ထိမ်သိမ်းခြင်းကနေ၊ ပိုင်ရှင်မဲ့ခဲ့ရင်ဖြစ်စေ၊ မပြနိုင်ခဲ့ရင် ဖြစ်စေ၊ (probate) လုပ်ခံကြရပါတယ်။ ပြန်ရအောင်ကျိုးစားရင် asset ပမာဏပေါ်မူတည်ပြီး ၂% မှ ၄%အထိကုန်ကျစရိတ် လည်းရှိနိုင်ကြောင်းပါ။ နောက်မှပြန်လိုက်ရင် ငွေကုန်ကြေးကျများသလို အချိန်အလွန်ယူကြောင်းပါ။


Living Trust ဟာဘာလဲ

ဥပဒေအရဖေါ်ဆောင်ထားတဲ့ ယုံကြည်အပ်နှံမှုဆိုင်ရာစာချုပ်စာတမ်းတခုပါ။ (Estate planning) လည်းဖြစ်ပါတယ်။ မိမိပိုင်ဆိုင်မှုကိုမိမိသားသမီး(သို့မဟုတ်)မိမိမှပေးလိုသောဆန္ဒရှိသောအမွေဆက်ခံ ခွင့်ရှိသူကိုဘယ်ပုံဘယ်နည်းပေးစေချင်ကြောင်းအလုံးစုံဖေါ်ပြထားတဲ့စာချုပ်ပါ။ မူရင်းဥစ္စာပိုင်ဆိုင်သူက Trustor (Grantor or Settlor လည်းခေါ်ကြပါတယ်။) ဖြစ်ပြီး၊ စီမံခန့်ခွဲခွင့်ပေးထားသူက Trustee/s ဖြစ်ကြပါတယ်။ Trustee ဟာတပြိုင်တည်းမှာ အကျိုးအမြတ်အမွေဆက်ခံခွင့်ရှိသူ Beneficiary လည်းဖြစ်လေ့ရှိကြပါတယ်။


Living Trust ရဲ့ကွဲပြားသိသင့်တဲ့အမျိုးအစားတွေ

Trusts မျိုးစုံရှိတဲ့အထဲမှာ အဓိကသိသင့်တာကတော့ (revocable = ပြန်လည်ပြုပြင်၊ဖက်သိမ်းခွင့်ရှိ) နဲ့ (irrevocable = ပြုပြင်ခွင့်မရှိ) ရယ်လို့နားလည်သင့်ပါတယ်။ အများအားဖြင့် ပြုပြင်ခွင့်ရှိတဲ့ trust ကိုလုပ်ဘို့တိုက်တွန်းကြပါတယ်။ နောင်ကာလရွေ့လျောလာတာနဲ့အမျှ မိမိသက်တမး်အတွင်းအ ပြောင်းအလဲ လုပ်ခွင့်အခွင့်အရေးရှိနိုင်တာမို့ပါ။ ရှေ့တိုးသာနောက်ဆုတ်သာပါ။


 မြန်မာတွေနား လည်ကြဘို့လိုတဲ့ trust ရဲ့သဘောအနှစ်သာရ

ကျွန်တော်တို့မြန်မာတွေအရိုးစွဲတဲ့မျိုးစဉ်ဆက် အမွေဆက်ခံခြင်းဟာ “လင်သေမယားစား၊ မယားသေ လင်စာ၊ ဒါမှမရှိရင်သားသမီးဝါစဉ်ကြီးငယ်လိုက်စား” တဲ့  ဓလေ့ထုံးတမ်းဓမ္မသတ်ပါ။ အမေရိကားမှာ တော့ မဟုတ်ပါဘူး။ “အမွေ”ပေးခွင့်ဟာ ကာယကံရှင်ရဲ့ ပင်ကိုယ်ဆန္ဒသက်သက်ဆိုတာကိုနားလည် ကြဘို့လိုပါတယ်။ ဖေါ်ပြခဲ့တဲ့ family lineage အရအမွေဆက်ခံခွင့်ဟာ ကျန်ရစ်သူမိသားစုကြားပြဿ နာမရှိခဲ့ရင်တော့ ကိစ္စမရှိပါဘူး။ တရားရင်ဆိုင်ရရင် “မြွေပါလည်းဆုံး၊ သားလည်းဆုံး” တတ်ကြပါ တယ်။ အမွေဟာမူရင်းပိုင်ဆိုင်သူကာယကံရှင်ရဲ့ လိုအင်ဆန္ဒသက်သက် (wish of the person and must honor his or her wish – by law) လို့ဆိုပါတယ်။ ဥပမာ - သားသမီးရှိပေမဲ့ သားသမီးကို ကျော်ပြီး၊ အိမ်မွေးကြောင်ကိုဆက်လက်ကြည့်ရှုစောင့်ရှောက်စရိတ် ဆိုပြီး trust/will မှာရေးခဲ့ရင်၊ ဘယ်ဥပဒေကမှအဲ့ဒီကာယကံရှင်ရဲ့ဆန္ဒကိုပယ်ဖျက်မရစကောင်းပါ။ တအိမ်ထဲနေပြုစု တဲ့သားကို ကျော်ပြီးအဝေးနေသမီးတဦးဦးကိုအမွေလွှဲပေးတဲ့ကိစ္စမျိုးတွေလည်းအပုံကြီးပါ။ 


Trustee တယောက်အနေနဲ့သိလိုက်နာရမဲ့ကိစ္စနဲ့ကြိုတင်စဉ်းစားရမဲ့အချက်များ

Trustee လို့သတ်မှတ်ခံရခြင်းဟာ မိမိကို ကာယကံရှင်ကယုံကြည်အပ်နှံခံရခြင်းမို့ ဂုဏ်ယူဘွယ်ကိစ္စ ပါ။ ဒါပေမဲ့လွယ်တဲ့ကိစ္စမဟုတ်သလိုကြိုသိသင့်တာတွေရှိပါတယ်။ Trust တွေဟာကာယကံရှင် ရဲ့လို အင်ဆန္ဒကိုတိတိကျကျညွှန်ကြားတာတွေပါတတ်ကြပေမဲ့ ကာလရွေ့လျောတာနဲ့အမျှ၊ ဥပဒေတွေရဲ့ ပြောင်းလဲတတ်တဲ့သဘောတွေကို လိုက်နာရေးဟာပိုအရေးကြီးတတ်ကြပါတယ်။ 

(က) အဲ့ဒီဝတ္တရားတွေထဲမှာ အဓိကပြဿနာဖြစ်လေ့ရှိတာကတော့ အကျိုးဆောင်ခွင့် (management fees) ဟာအဓိက မေးခွန်းဖြစ်တတ်ပါတယ်။ trustee ဟာ beneficiary ဖြစ်ခဲ့ရင် ပိုပြဿနာရှိတတ်ကြပါတယ်။ တဖက်က အကျိုးဆောင်ခွင့်စရိတ်စကကိုခံစားခွင့်ရှိသလို၊ တရားဝင် ခံစားခွင့် (benefits) ကိုလည်း ခံစားခွင့်လည်းရှိလေ့ရှိတာမို့၊ trustee မဟုတ်တဲ့ အခြား beneficiary တွေကမလိုလားတဲ့ ကန့်ကွက် မှုတွေကြံုတတ်ကြပါတယ်။ အဲ့ဒီအတွက် beneficiary အချင်းချင်းတွေ ကြားမှာကြိုတင်နားလည်လက်ခံတဲ့ ကတိကဝတ်တွေရှိကြဘို့လိုပါတယ်။

(ခ) beneficiaries အားလုံးကြားသဘောတူညီကတိကဝတ်ရှိကြပြီး၊ ကာယကံရှင်ရဲ့ဆန္ဒကို ကျော်လွန် ပြီးဖြစ်စေ၊ ဆန့်ကျင်ပြီးဖြစ်စေလုပ်ခွင့်မရှိပါ။

(ဂ) အမွေရဲ့တန်ဘိုးပမာဏနည်းကောင်းနည်းနိုင်ပေမဲ့ ဥပဒေကြောင်းပါလာရင်(တရားရင်ဆိုင်ရရင်) “တံပိုးထက်လက်ခကြီး” နိုင်ပါတယ်။ သတိအထူးပြုပါ။

(ဃ) ဥပဒေကြောင်းနားလည်ကျွမ်းကျင်သူကဖေါ်ဆောင်မှူရှိပါစေ။ အထူးသဖြင့်ပထမဦးဆုံးအကြိမ် လုပ်ခဲ့ရင်ဖြစ်ပါတယ်။ ဥပဒေပညာရှင်ပါတဲ့ third party ရှိတဲ့အတွက် သက်ဆိုင်သူအားလုံးလုံးရဲ့ယုံ ကြည်မှုကိုတည်ဆောက်နိုင်ကြပါမယ်။

(င) မူရင်းဖေါ်ဆောင်ခဲ့တဲ့ trust ဟာလက်ရေးမူဖြစ်ရင် ထင်ရှားကွဲပြားပြီး ဖတ်လို့ရပါစေ။ အဲ့ဒီအချက် ကို trustee အဖြစ်လက်ခံချိန်မှာအသေအခြာကြိုတင်လေ့လာထားရပါမယ်။ ဆိုလိုရင်းဟာအဓိပ္ပါယ် (၂)ခွထွက်တာမျိုးဆိုရင် ကြိုတင်ပြင်ဆင်ပါစေ။ ရှင်းလင်းပါစေ။

(စ)   ဆိုင်ရာ beneficiaries များရဲ့ဆက်သွယ်နိုင်တဲ့ contacts တွေအမြဲ update ရှိနေပါစေ။ ဆိုင်ရာ ခံစားခွင့်ရှိသူတွေဟာ ဥပဒေနဲ့မလွတ်ကင်းတဲ့ တရားလမ်းကြောင်းရင်ဆိုင်နေရရင် (သို့မဟုတ်) ပြစ်ဒါဏ် ကျခံနေရရင်လည်း ဆိုင်ရာရှေ့နေများနဲ့ဆက်သွယ်ရပါမယ်။ အဲ့ဒီသူတွေကလည်း စိတ် ကျန်းမာရေး(သို့မဟုတ်) မည်သို့သောသဘောရှိသည်၊ သဘောသဘာဝရှိသည်တို့ကိုနားမလည် သေးရင်လည်း၊ တရားဝင်အုပ်ထိမ်းသူကနေစနစ်တကျ ဆက်သွယ်ရပါမယ်။ သေဆုံးခဲ့ရင်လည်း အဲ့ဒီသူကတဆင့်ထားခဲ့တဲ့ trust/will ကသူ/မ ရရှိလာမဲ့ အမွေအပေါ်ဘယ်နည်းဆန္ဒထားခဲ့သလဲ ဆိုတာကိုကြိုတင်သိထားရပါမယ်။

(ဆ) trust မှာ “စောဒကတက်ငြင်းဆိုခွင့်ချွင်းချက်မရှိ” (“no contest clause”) ဆိုတဲ့အချက်ပါ လေ့ရှိပါတယ်။ အဲ့ဒီအချက်ကို ရေရေလည်လည်နားလည်သိရှိအောင်လေ့လာထားရပါမယ်။ 

(ဇ) ကာယကံရှင်များဟာ accountant မလိုဆိုတဲ့အချက်ကိုတခါတရံထဲ့သွင်းခွင့်ရှိပါတယ်။ ဥပမာ - မိမိအမွေကိုသားသမီးအားလုံးကိုအညီအမျှခွဲဝေခွင့်ရှိတယ်လို့ရေးခဲ့တဲ့အတွက်ကြောင့်ထုခွဲရောင်းချပြီး အမွေခွဲရာမှာ သားသမီး (သို့ခံစားခွင့်ရှိသူအားလုံးကြား) အညီအမျှမို့ပြဿနာမရှိသင့်သမို့၊ accountant ကုန်ကျစရိတ်အပိုမကုန်ကျရအောင် ထဲ့သွင်းရေးတတ်ကြပါတယ်။ အချို့ပြည်နယ်တွေ မှာ ဥပဒေကခွင့်မပြုပါဘူး။ accountant ကနေတဆင့်ကုန်ကျစရိတ်ပေးပြီး ခွဲဝေပေးရမဲ့ ဥပဒေကန့် သတ်ချက်ရှိနေပါတယ်။ (ဥပမာ - California ပြည်နယ်) အဲ့ဒီတားမြစ်ချက်ရှိခဲ့ရင် beneficiary အားလုံးက accountant မလိုချင်ကြောင်းသဘောတူလက်မှတ်ရေးထိုးတဲ့ (waiver) ပေးရပါမယ်။ 

(စျ) အရေးကြီးတဲ့အချက်က ကာယကံရှင်သေဆုံးရင် tax liability တွေကို ဆိုင်ရာဥပဒေပညာရှင် ရှေ့နေက နားလည်ဘို့လိုသလို၊ နားမလည်ရင်လည်း၊ နားလည်တဲ့ပညာရှင်က final tax filing of the deceased ကိုဆောင်ရွက်ပေးတဲ့အကျိုးဆောင်မှုကိုပါလုပ်ပေးနိုင်ကြောင်းသိရပါမယ်။ ဒါဟာ  trustee အပေါ်ကျရောက်နိုင်မဲ့ tax liability ကိုရှောင်လွှဲနိုင်ဘို့ပါ။ 

(ည) ကိုယ်တိုင်က trustee အဖြစ်မဆောင်ရွက်လိုတော့တဲ့ (သို့မဟုတ်) ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ အဖြစ်မျိုးကြံုတတ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ဘယ်လိုနည်းလမ်းနဲ့ဆောင်ရွက်ရမလဲဆိုတဲ့အချက်ကို စာချုပ်မှာပြထားတာမို့ အဲ့ဒီအချက်ကို စတင်တာဝန်မထမ်းခင်ကတည်းက သိနားလည်ဘို့လိုပါတယ်။

(ဋ) မိမိကိုယ်တိုင်က beneficiary ဖြစ်နိုင်တာမို့၊ မိမိခံစားခွင့်အပြင်၊  trustee အဖြစ်အကျိုးဆောင်ခွင့် (compensation on expenses for time and work)ဟာ တရားဝင်ခံစားခွင့်ရှိတယ်ဆိုတာကို အား လုံးကလက်ခံကြဘို့ရှင်းရှင်းလင်းလင်းလိုအပ်ပါတယ်။ ပမာဏဘယ်လောက်လဲဆိုတာကိုတိ တိကျကျ သတ်မှတ်ထားတာမရှိတာမို့ မိမိဆောင်ရွက်တဲ့အလုပ်နဲ့အချိန်ကို diary သီးသန့်ထားဘို့လိုပါတယ်။ အကျိုးဆောင်ခတွက်ချက်သတ်မှတ်ပုံကို လည်းဆိုင်ရာအားလုံးလက်ခံနားလည်သဘောတူပြီး ဖြစ် နေရပါမယ်။ ဆိုင်ရာပြည်နယ်တွေရဲ့ Probate Code တွေကိုမှီငြမ်းကြပါ။


အရေးကြီးတဲ့အခြားမှတ်သားဘွယ်များ

(၁) retirement plan or benefit ဟာ အမွေဆက်ခံသူဆီအလိုအလျောက်ရောက်မသွားပါဘူး။ Trust မှာခံစားခွင့်ရှိကြောင်း ဘယ်လိုပင်ဖေါ်ပြထားပါစေ၊ ဆိုင်ရာ plans တွေရဲ့ Beneficiary designation တွေမှာအတိအကျဖေါ်ပြဘို့လိုပါတယ်။

(၂) မိမိရဲ့ဇနီး(သို့မဟုတ်)ခင်ပွန်းကို မိမိရဲ့ retrement benefit မှာ မသတ်မှတ်ထားလိုရင်၊ အဲ့ဒီသူ. တွေဆီကလက်မှတ်ထိုးလက်ခံကြောင်းစာလိုပါတယ်။ ဒါ federal law ပါ။ ဥပမာ - 401k, profit sharing, pensions တွေပါ။ အဲ့ဒီအပြင် ကိုယ့်သားသမီးတွေရဲ့ နံမယ်နဲ့ Social Security နံပါတ်တွေ ကို ဖေါ်ပြရပါမယ်။

(၃) အဲ့ဒီ retirement plans တွေအားလုံးဟာ (Roth IRA ကလွဲလို့) စတင်ထုတ်ယူချိန် distribution time မှာ အခွန်ထမ်းဘို့တာဝန်ရှိတာကိုသတိရှိကြဘို့လိုသလို၊ အခွန်နှုန်းထားလဲပြောင်းလဲနိုင်ပါတယ်။  

(၄) Trust ထဲရှိငွေကြေးဟာ (အများအားဖြင့်) အခွန်စည်းကြပ်ခြင်းမှကင်းလွတ်ခွင့်ရကြပေမဲ့၊ ဥစ္စာ ပစ္စည်းအမျိုးအစားပေါ်မူတည်ကြောင်းပါ။

(၅) အညီအမျှခွဲဝေပေးတဲ့ အမွေ trust ဟာ မြန်မာမိသားစုတွေထဲမှာရှိတဲ့ “အကိုကြီး အဖရာ၊ အမ ကြီး အမိရာ”ဆိုတဲ့စကားပုံအတိုင်းအရိုးစွဲခဲ့ကြတာမို့၊ ကောင်းတာတွေများစွာရှိပါတယ်။ အဲ့ဒီ အတွက် အကို(သို့မဟုတ်) အမအကြီးဆုံးရဲ့အဆုံးအဖြတ်ကို ငယ်သူတွေလိုက်နာကြရတာဟာဓလေ့တခုပါ။ ဒါပေမဲ့ ခွဲဝေမဲ့ပစ္စည်းဥစ္စာနဲ့ပမာဏအကြီးအငယ်ဟာအရေးပါလာပါတယ်။ ဥပမာ - သားတစ်ဦးက ရွှေဆွဲကြိုး ရချိန်မှာ၊ သမီးက စိန်လက်စွပ်ရတဲ့ခွဲတမ်းမျိုးတွေမှာ၊ စိတ်ထဲနာကျင်တဲ့ သေရာပါကိစ္စ မျိုးဖန်တီးရာရောက်ပါတယ်။ အကောင်းဆုံးက ကာယကံမသေခင်မှာ မိမိတို့ရဲ့ဆန္ဒကိုသားသမီးစုံညီမှာ ဖွင့်ပြပြီး၊ အကြောင်းအကျိုးနဲ့ခွဲဝေပေးခြင်းပါဘဲ။  မိမိရဲ့နောက်ဆုံးစိတ်ဆန္ဒလိုအင်ဆိုတာကိုထင်ရှားပြ ဘို့ အလွန်အရေးကြီးပါတယ်။ ညီတူညီမျှရကြသူသားသမီးချင်းကြားထဲ အချင်းချင်းသဘောတူပြီး မိမိတို့လက်ဝယ် ရောက်ရှိလာတဲ့ ခံစားခွင့်ချင်းပေးအယူလုပ်နိုင်ကြတဲ့အလေ့အထအယူအဆကို လမ်းဖွင့်ပေးရပါမယ်။ ကျန်ရစ်သူတွေကြားထဲ မလျော့နည်းတဲ့မေတ္တာနဲ့ဆက်ဆံပေါင်းသင်းရေးဟာ အရေးအကြီးဆုံးဆိုတဲ့ အချက်ကို မီးမောင်းထိုးပြဘို့လိုပါတယ်။


စာချုပ်စာတမ်းနဲ့ရှေ့နေရှေ့ရပ်လောက်ကိုကြောက်ရွံ့တတ်ကြတဲ့ ကျွန်တော်တို့မြန်မာတွေ၊ အမေရိကလို နိုင်ငံရောက်ချိန်မှာ မိမိတို့အရိုးစွဲခဲ့တဲ့ မိရိုးဖလာအမွေဆက်ခံခြင်းနှင့် အမေရိကရဲ့သဘောသဘာဝကို သမူဟကျကျချင့်ချိန်လိုက်နာနိုင်ကြပါစေ။ မိသားစုချင်းကြားကြီးမားတဲ့မေတ္တာတရားရဲ့တန်ဘိုးဟာ trust တခုထက်များစွာအသက်ဝင်တန်ဘိုးကြီးကြောင်း ကောင်းကောင်းကြီးနားလည်သဘောပေါက် ကြစေခြင်းအလို့ငှာ……………………….။