Wednesday, December 25, 2019

“နောက်မှ” ……..

ဒီဆောင်းပါးကို ရေးချင်တာအတော်ကြာပါပြီ။ ရေးသင့်တဲ့အချိန်အခါကိုလည်း စောင့်နေရတာ အကြောင်း တခုဖြစ်ပါတယ်။ လူတိုင်းပါးစပ်ဖျားက အလွယ်တကူ ထွက်လေ့ရှိတဲ့ စကားတခွန်းဖြစ်တဲ့ “နောက်မှ” ဆိုတဲ့စကားစု ဟာ လူ့ဘ၀ကိုတမျိုးတဖုံပြောင်းသွားနိုင်ယုံမက၊ နောင်တသက်စာအတွက် ပြင်မရတဲ့အဖြစ်မျိုးတွေရောက်သွားနိုင်တာမို့ လွယ်လွယ်နဲ့ မပြောမိကြဘို့၊ မတွေးမိကြဘို့ အရေးကြီးပါ တယ်။
ဒီဆောင်းပါးကိုရေးရခြင်းဟာ နိုင်ငံတကာမှာပြောင်းရွှေ့အခြေချနေထိုင်ကြသူ ကျွန်တော်တို့ မြန်မာ  တွေရဲ့ ဘ၀မှာ အရေးပါတဲ့ကိစ္စကြီးတခုဖြစ်မှန်းမသိဖြစ်နေတတ်တာမို့၊ မှတ်သင့်တာတွေ၊ ပြင်သင့်တဲ့ အမူအကျင့်လေးတွေကိုမီးမောင်းထိုး ရှင်းလင်းတင်ပြလိုပါတယ်။
“နောက်မှ” ကို Merriam-Webster ဝေါဟာရအဘိဓါန်မှာ Later လို့တိုက်ရိုက်ဘာသာပြန်လို့ရပါ တယ်။ ဆိုလိုရင်းကိစ္စတခုကို ချက်ချင်းထလုပ်ဘို့အကြောင်းမညီညွတ်ရင်ဘဲဖြစ်ဖြစ်၊ အခြားအကြောင်း ကိစ္စတခုခုက ဖင့်နှေးစေရင်ဘဲဖြစ်ဖြစ် သုံးလေ့ရှိတဲ့ စကားစုတခုပါ။ အားမနာတမ်းပြောရရင်  ကောင်းတဲ့အလေ့အထတခုတော့မဟုတ်ပါဘူး။
“နောက်မှ”ဆိုတဲ့စကားကိုသုံးကြသူတွေအမျိုးမျိုးရှိကြရာမှာ၊ အမေရိကနဲ့ပြည်ပရောက်မြန်မာတွေထဲ သုံးစွဲကြတဲ့ ကိစ္စကိုဆွေးနွေးကြည့်ကြရအောင်ပါ။ အသက်အရွယ်အပိုင်းအခြားနဲ့ပြောရရင်၊ လူငယ်ပိုင်း တွေပြောကြတဲ့ “နောက်မှ”နဲ့ မနေ့တနေ့ကမှ နိုင်ငံရပ်ခြားမြေကိုနင်းကြတဲ့ လူလတ်လူကြီး ပိုင်းတွေသုံးကြတဲ့ “နောက်မှ”တို့ရဲ့သွင်ပြင်အသုံးပြုတဲ့အနေအထားကနဲနဲတော့ကွာပါတယ်။
ဥပမာတခုကြည့်ကြရအောင်။ အမေရိကကိုမနေ့တနေ့ကမှရောက်လာကြတဲ့ မောင်မိုးညိုတို့သက်လွန် ပိုင်းတွေအနေနဲ့ “နောက်မှ”ဆိုတဲ့စကားလုံးကိုဘဲဖြစ်ဖြစ်၊ အတွေးမျိုးဝင်လာရတဲ့ အကြောင်းရင်းကို သရုပ်ခွဲကြည့်ရင်။ အဓိကကတော့ ကိုယ့်ဘ၀ထဲချင်းနင်းဝင်လာတဲ့ကိစ္စကို ချက်ချင်းမရင်ဆိုင်ရဲတာ၊ မဖြေရှင်းရဲတာက စကြတာပါဘဲ။ ဆိုပါတော့- လူဝင်မှုကြီကြပ်ရေးလို ဌာနကြီးတခုကစာဝင်လာလို့၊ မဖတ်တတ်ရင်ဘဲဖြစ်ဖြစ်၊ ကြိမ်ဖန်များစွာဖတ်သော်ငြားလည်းဘဲ၊ ဆိုလိုရင်း လိုအပ်ချက်ကို ကောင်း စွာနားမလည်ရင်ဘဲဖြစ်ဖြစ်၊ “နောက်မှ”တယောက်ယောက်ကိုအကူအညီတောင်းမေးကြည့်တာပေါ့ ဆိုပြီး လွယ်လွယ်ကူကူဆုံးဖြတ်မိရာက အဲ့ဒီမကောင်းတဲ့အကျင့်ဆိုးက ကိုယ်ဆီမှာ တွယ်ကပ်မှန်း မသိတွယ်ကပ်ကူးစက်သွားရတာကို၊ ကိုယ်ကိုယ်တိုင်ကမသိလိုက်ရတာဟာ၊ ကိုယ့်အတွက်အရှုံးကြီး ရှုံးစရာ အကျင့်ဆိုးကြီးဖြစ်သွားတတ်ပါတယ်။ အမေရိကလိုအချိန်နဲ့ လုပ်ရတဲ့ ကိစ္စ (time sensitive matters) တွေဟာ အဲ့ဒီအကျင့်ဆိုးကြောင့်အတိဒုက္ခရောက်ကြရသူတွေရှိပါတယ်။ “မေ့သွားလို့”ဆိုတဲ့ ဆင်ခြေဟာပေးရလွယ်ပေမဲ့ ခံကရတာက ကိုယ်ကိုယ်တိုင်ဆိုတာကို သဘောပေါက်ကြလိမ့်မယ် ထင်ပါတယ်။ ထိုနည်းတူစွာဘဲ မိမိတို့အနေနဲ့တာဝန်ယူလုပ်မှာဖြစ်မဲ့ကိစ္စမျိုးတွေမှာလည်း “နောက်မှ” ဆိုတဲ့အကျင့်ဆိုးကကောင်းကောင်းကြီးဒုက္ခပေးတတ်ပါတယ်။ ဖုံးမှတဆင့် မိမိဆီဆက်သွယ်လာ ကြတာတွေ၊ ကိုယ်ကနေပြန်ဆက်သွယ်ရမဲ့ကိစ္စတွေမှာ၊ တဖက်သားပြောတာကိုနားမလည်မှာစိုးရွံ့ တဲ့ စိတ်ဟာ “နောက်မှ”ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ရမယ်ရှာအချိန်ဆိုင်းတာတွေရှိတတ်ကြတဲ့အတွက်၊ ကိုယ့် ကိုနောင်ဒီလိုအတွေ့းမျိုးနဲ့လုပ်ချင်အောင် ကိုယ့်ကိုယ်ကို တွန်းပို့ရာရောက်တတ်ပါတယ်။ မကြောက်မရွံ့စိတ်နဲ့ မှားချင်လဲ မှားပစေပေါ့ဆိုတဲ့စိတ်နဲ့ သတ္တိမွေးကြသူတွေ၊ တပမ်းသာတဲ့နိုင်ငံ ကြီးပါ။ ကိုယ်နားမလည်ပေမဲ့အရာရာ ကိစ္စမှန်သမျှကို၊ ကိုယ်တိုင်ရင်ဆိုင်ရဲခြင်းဟာ ကိုယ်ကိုယ်ရည် ကိုယ်သွေးကို တိုးတက်စေတာအမှန်ပါဘဲ။ ဆိုပါတော့-စားသောက်ဆိုင်လိုနေရာမျိုးမှာ customers  တွေနဲ့ တိုက်ရိုက် ဆက်ဆံကြရသူမြန်မာအချို့တွေ့ဘူးပါတယ်။ အလုပ်တာဝန်အရ မဆက်ဆံလို့ မဖြစ်တော့တဲ့အခါမှာ ဆက်ဆံကြရတော့၊ အစပိုင်းနဲနဲအချက်အခဲရှိကြပေမဲ့နောက်ပိုင်းမှာအစင်  ချောမှန်းမသိချောသွားကြ တာမြင်ဘူး၊ ကြုံဘူးကြပါမှာ။ အဓိကတော့ သတ္တိမွေးကြသူတွေ အရာရောက်ကြတဲ့နိုင်ငံပါ။ ကိုယ်ပြောတဲ့စကားမှားမှာစိုးလို့ လူကြားထဲဝင်မပြောရဲကြသူတွေ၊ ကိုယ့်ကိုယ်ကို လူတောထဲကနေ ကျဉ်ဖယ်ရာရောက်စေတတ်ပါတယ်။ သတိပြုကြဘို့လိုပါတယ်။
ဆိုတော့- အရာရာကိုစိုးရွံ့တတ်တဲ့ဝဲသြဂထဲအမေရိကားကို ရောက်လာကြသူတွေဟာ (၁၉၄၅)နောက် ပိုင်းကစပြီး (၁၉၇၆)လောက်အတွင်းမွေးကြသူBaby Boomers တွေနဲ့ Generation X လို့ဆိုလိုက်ကြရအောင်။ ဒီခုနှစ်အတွင်းမွေးကြသူအမေရိကနဲ့ပြည်ပနိုင်ငံများရောက် ကျွန်တော်တို့ မြန်မာ တွေဟာ ကိုယ်ကိုယ်ကို သိပ်တတ်နည်းလည်နေကြပြီလို့အထင်ရောက်တတ်ကြပေမဲ့၊ ကိုယ်သိတတ်တာတွေကို လူရှေ့သူရှေ့မှာ သိပ်မပြောရဲမဆိုရဲကြရာကနေ၊ “နောက်မှ”ဆိုတဲ့ ဆင်ခြေကတဆင့်၊ အရာရာမှာသူများတကာကို အားကိုးကြရတဲ့အဖြစ်ကိုရောက်မှန်းမသိရောက်သွား တတ်ကြပါတယ် လို့ဆိုပါရစေ။
လူငယ်ပိုင်းတွေ ပြောကြလေ့ရှိတဲ့ “နောက်မှ”ဘက်ကို ကြည့်ကြရအောင်။ သူတို့အနေနဲ့ကတော့ကျွန်  တော်တို့လူလတ်လူကြီးပိုင်းနဲ့မတူတာက၊ ခုခေတ်လူငယ်တွေဟာ အစစအရာရာ အဆင်သင့်ခူး ခတ်ပြီးအသင့်ဖြစ်တဲ့ ပညာသင်ကြားမှုနဲ့ကြီးပြင်းမှု ခေတ်ကာလ (generation) မှာမွေးကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် Generations Y, Z နဲ့ Millennials တွေအဖြစ်နဲ့ အစစအရာရာကို သိနားလည်၊ ပြောနိုင်ဆိုနိုင်ကြသော်လည်းဘဲ၊ အစစအဆင်သင့်ပြင်ဆင်စီစဉ်ပေးမဲ့HiTechတွေကြောင့် “နောက်မှ” ဆိုတဲ့ ဆင်ခြေကိုပေးတတ်ကြပါတယ်။ တခါတရံမှာ နားလည်ကြရက်နဲ့ဘာလို့မလုပ်တာလဲလို့ အားမလိုအားမရဖြစ်တတ်ကြတဲ့မိဘတွေရဲ့ အတင်းအကြပ်တိုက်တွန်းမှုတွေကို ခုခံတန်ပြန်ကြတဲ့ သားသမီးတွေကိုလည်းကြုံဘူးကြမှာပါ။ မိဘအနေနဲ့ ကိုယ်ကအရေးကြီးလို့ တိုက်တွန်းလို့၊ “နောက်မှ” လုပ်မှာပေါ့ဆိုတဲ့သားသမီးတွေရဲ့ဆင်ခြေကို အားမလိုအားမရဖြစ်ကြတာမျိုးတွေလဲကြုံဘူးကြမှာပါ။
အချိန်ကိုတန်ဘိုးရှိရှိအသုံးချကြဘို့ လူတိုင်းကသိနားကြပေမဲ့ လိုက်နာလိုကြတဲ့သူတွေအလွန်နည်း ပါတယ်။ အရွယ်လတ်ပိုင်းကျွန်တော်တို့မြန်မာတွေ ပေးတတ်တဲ့ဆင်ခြေဖြစ်တဲ့၊ နားမလည်လို့ပါ ဆိုတဲ့ အတွေးဟာ ကိုယ့်လျှောက်ရတဲ့လမ်းကို ဖင့်နှေးစေတာအမှန်ပါဘဲ။ ကိုယ့်ကိုယ်ကိုလည်းအားကိုးလို စိတ်ယုတ်လျော့စေတတ်ပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့လည်း လုပ်စရာကိစ္စတခုကို အချိန်ဆွဲပြီး၊ “ငါ့မှာအချိန်တွေအများကြီးရှိသေးတာဘဲ” ဆိုတဲ့အတွေးဝင်လိုက်တာနဲ့၊ မထင်မှတ်နိုင်တဲ့နောက်ကျမှု  တွေ၊  ပျက်ကွက်ရမှုတွေကြောင့်မလိုလားအပ်တဲ့ အသစ်ကပြန်စလုပ်ကြရတာမျိုးတွေရှိတတ်ပါတယ်။ အမေရိကမှာ လုပ်နည်းစနစ်နဲ့ပါတ်သက်ပြီး မျက်နှာမလိုက်ပါဘူး။ ကိုယ်လုပ်ရင်ကိုယ်ရမှာဖြစ်ပြီး၊ ကိုယ်မလုပ်ရင်ကိုယ်မရယုံပါဘဲ။ 
မောင်မိုးညို အနေနဲ့ တွေ့ကြုံကြဘူးသူတိုင်း ပေးကမ်းလေ့ရှိတဲ့စကားကို စာဖတ်သူမြန်မာဂဇက် ပရိသတ်ကိုလည်းပေးချင်ပါတယ်။
“နောက်မှ ဆိုလို့ကတော့၊ နောက်ကျပြီလို့မှတ်ပါ” လို့။
You are late already the moment you say or think “later”!
ရွှင်လန်းချမ်းမြေ့ကြပါစေ။