Sunday, June 26, 2022

အမေရိကရဲ့ ကနဦးဆုံး Yellowstone National Park သို့အလည်တခေါက်

ပွင့်လင်းရာသီလည်းဖြစ်၊ နှစ်နှစ်နီးပါးကြာ ကိုဗစ်ကပ်ရောဂါဒါဏ်ကိုအလူးအလဲခံကြရတဲ့သူတွေ ခုနှစ် နွေမှာ ခရီးရှည်ဆန့်ဘို့စိုင်းပြင်းကြသလို၊ တချို့ဆို လမ်းပေါ်ရောက်နေကြပြီပေါ့။ ခုလမှာတော့ Yellowstone National Park ရဲ့ (၁၈၇၂)ခုနှစ်က သမ္မတ Ulysses Grant ကဖွင့်လှစ်ပေးခဲ့တာကစ ရင် ပထမဦးဆုံးဖွင့်လှစ်အသိအမှတ်ပြုခဲ့တဲ့ကာလ နှစ်(၁၅၀)သက်တမ်း ပြည့်မြောက်ပြီမို့ သွားရောက် လည်ပါတ်ဘို့ တိုက်တိုက်တွန်းတွန်းလေးရေးရင်း၊ အသိပေးလိုတဲ့ tips လေး တွေလည်းမျှပေးချင် စိတ်ပေါက်လာပါတယ်။ အမှန်တကယ်တော့ ကိုဗစ်ကာလရှည်ကြီးထဲ အိမ်ထဲချောင်ပိတ်မိကြသူ တွေရှိခဲ့ကြပေမဲ့ လွတ်လပ်တဲ့လေထုနယ်ရှိတဲ့ National Parks များဟာ ခရီးသွားအများဆုံးနေရာများ ဖြစ်ခဲ့ကြပါတယ်။ ခရီးသွားဝါသနာအိုးများကိုတားဆီးမရတဲ့စိတ်ထွက်ပေါက်ကို အများဆုံးဖြေဆည်း ပေးတဲ့အထဲမှာ national parks တွေဟာအများဆုံးဆိုရင်မမှားပါဘူး။ ခရီးသွားချင်း အနီးအနားထိစပ် ဖို့အလားအလာလည်းနည်းသမို့ covid လမ်းညွှန်ချက်များနဲ့လည်းကိုက်ညီနေပါတယ်။ ဒါပေမဲ့ အဲ့ဒီ national parks တွေရဲ့ခရီးသွားနှုန်းဟာခါတိုင်းလောက်မများကြောင်းကိုတော့ ဆိုင်ရာတွေကဝန်ခံ. ကြပါတယ်။ Yellowstone National Park ကိုဘာကြောင့်သွားသင့်လဲဆိုတဲ့တိုက်တွန်းချက်တွေ အတွက် အဖြေတခုကောင်းကောင်းပေးပါလို့မေးခဲ့ရင်တော့ အကောင်းဆုံးအဖြေကတော့ အခြား national parks တွေမှာရှာမတွေ့နိုင်တဲ့ အပူငွေ့ဆိုင်ရာနဲ့ပါတ်သက်တဲ့ဖြစ်ပျက်မှုတွေ (thermal activities)တွေကို အမေရိကတိုက်တခုလုံးမှာဒီနေရာတခုတည်းမှာ ပုံစံအမျိုးမျိုးနဲ့ တစုတဝေးနဲ့ တစ်ခရီးထဲမှာလေ့လာခွင့်ရ ကြမှာဖြစ်လို့လို့ဘဲဖြေပါရစေ။ အဲ့ဒီ activities တွေဟာအလွန်စိတ်ဝင်စား ဘို့ကောင်းကြောင်း ကိုယ်တိုင်ရောက်ရှိလေ့လာခဲ့သမို့ ပြန်ဖေါက်သယ်ချရင်းတိုက်တွန်းရခြင်းပါလို့။ သွားရကြိုးနပ်မဲ့ခရီး သွားခြင်းတခုပါလို့။

Yellowstone National Park နဲ့ပါတ်သက်ပြီး အင်တာနက်တွေမှာပလူပျံအောင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန်မာတွေစိတ်ကြိုက်အခြေအနေမျိုးနဲ့ကိုက်ညီနိုင်မယ်ထင်တဲ့ကြိုတင်သိသင့် တာလေးတွေကိုသာ ဒီဆောင်းပါးမှာ ဇောင်းပေးဖေါ်ပြပါရစေ။ ကဲ-လေ့လာကြည့်ကြရအောင်ပါ။


Covid ကာလစည်းမျဉ်းများတင်းကြပ်ထားရှိမှုနဲဲ့့ လမ်းပိတ်ဖွင့်မှုအခြေအနေ? (လက်ရှိအခြေအနေ)

(က) အစိုးရရဲ့သတ်မှတ်ချက်ကိုလိုက်နာရတဲ့ ပြည်ထဲရေးဌာနလက်အောက်ခံ ဖြစ်နေတဲ့အတွက် အဲ့ဒီ စည်းမျဉ်းအပြောင်းအလဲကိုလိုက်နာရပါတယ်။ mask လိုအပ်ချက်ဖြေလျှော့ထားပါတယ်။

(ခ) လက်ရှိ park အတွင်းခရီးသွားဦးရေထိန်းချုတ်ထားဆဲပါ။ ဒါပေမဲ့လာလည်ကြသူတွေကို ပေးမဝင် ရလောက်အောင်အဖြစ်မျိုးအလွန်နည်းကြောင်းသိရပါတယ်။

(ဂ) အဲ့ဒီပညတ်ချက်များအသက်ဝင်နေဆဲမို့ Yellowstone National Park ရဲ့ website မှာမသွားခင် ကြိုတင်လေ့လာဘို့လိုကြောင်းပြောပါရစေ။ အချို့ national parks များဟာ ကြိုတင်စာရင်းပေးသွင်းဘို့ လိုပေမဲ့ YSNP မှာတော့ အဲ့ဒီလောက်အထိတင်းကြပ်မှုမရှိကြောင်းပါ။

(ဃ) နွေကာလမှာ အောက်တိုဘာလလယ်အထိ အရှေ့၊ အနောက်၊ တောင် နဲ့ မြောက် ၀င်ပေါက်များ အားလုံးဝင်ထွက်ခွင့်ရှိပေမဲ့ ဆောင်းတွင်းကာလမှာတော့ အခါအားလျော်စွာ ပိတ်ဖွင့်မှုတွေရှိပါတယ်။ မတ်လအတွင်းမှာတော့ နှင်းကျကာလစီးယာဉ်များသာဝင်ထွက်ခွင့်ပေးတာကိုသတိပြုမိဘို့အရေး ကြီးပါတယ်။


တည်းခိုသင့်တဲ့နေရာ

 Park ထဲပဟိုတယ်တွေစျေးကြီးပါတယ်။ မတည်းသင့်ပါ။ park အပြင်မှာသာတည်းသင့်ပါတယ်။ West Yellowstone City ဟာအကြီးဆုံးနဲ့အစည်ကားဆုံးဖြစ်ပြီး၊  WY လေဆိပ်ကနေ (၁၅)မိနစ် ကားမောင်းရင်ရောက်ပါတယ်။ ဒါပေမဲ့တည်းစရာဟိုတယ်ကတော့ နည်းပါတယ်။ တမြို့လုံးကိုလမ်း ပါတ်လျှောက်ရင် တစ်နာရီမပြည့်ခင်မှာမြို့နှံ့သွားပါလိမ့်မယ်။ ဒါပေမဲ့ လိုအပ်တဲ့အသုံအဆောင်အ ရောင်းဆိုင်နဲ့စားသောက်ဆိုင်ပေါပြီး၊ စျေးသင့်ပါတယ်။ တချို့ကတော့ Grand Teton တောင််ဖက်မှာ ရှိတဲ့ Jackson Hole Airport နဲ့ မြောက်ဖက်ဝင်ပေါက်နားက  Gardena City နားက Bozeman International Airport ကတော့အကြီးဆုံးပါဘဲ။ လေယာဉ်ခပိုသက်သာပါတယ်။ ဒါပေမဲ့ အထင်ကရ နေရာတွေနဲ့ဝေးသွားပါတယ်။ West Yellowstone City မှာတည်းရင်တော့ White Buffallo တည်းခို ခန်းဟာ စျေးသင့်တင့်ပြီး၊ သန့်ရှင်းပါတယ်။ ၀န်ထမ်းများကလည်းဖေါ်ရွေပါတယ်။ လိုအပ်ရင် (off-season) မှာ လေဆိပ်ကြိုပို့တောင်လိုက်ပို့ပေးသေးတဲ့အပြင်၊ နေ့စဉ် မနက်စာလည်းကြွေးပါသေး တယ်။ (၂)လလောက်ကြိုတင်စာရင်းပေးရင် အခက်အခဲမရှိနေရာကောင်းရနိုင်ကြောင်းပါ။


Taxi, Uber, Lyft ရှိသလား?

West YS City လေဆိပ်မှာအလွန်သေးငယ်တဲ့လေဆိပ်ရှိပါတယ်။ off-season မှာ တနေ့လေယာဉ် အဆင်းအတက် တစ်ကြိမ်သာရှိပါတယ်။ rental car ကိုလည်းအဲ့ဒီမှာဘဲထုတ်ရပြန်အပ်ရပါတယ်။ အလွန်စျေးကြီးပါတယ်။ အလွန်ရှားပါတယ်။ Uber/Lyft ကိုအားကိုးမရလောက်အောင်ရှားပါတယ်။ ကိုယ့်cell phone ပေါ်ကြည့် ပြီး စောင့်လို့ကတော့ ဘယ်တော့မှမရပါဘူး။ တခုတည်းသော taxi call ကုမ္ပဏီရှိပါတယ်။ အဲ့ဒါက တော့ www.yellowstonetaxi.com  ပါ။ ဖုံးနံပါတ်ရှိပေမဲ့အလုပ်မလုပ်ပါ။ (406)646-1118 ပါ။ online reservation မဖြစ်မနေလုပ်ပါ။ အဲ့ဒီအတွက်ကြောင့် tours ပြင်ပနေရာ တွေသွားချင်ရင် rental ကားကြိုတင်ရယူရပါမယ်။ စျေးကြီးပါတယ်။ ဒါပေမဲ့ ရွေးစရာမရှိပါ။ မြို့တွင်းနဲ့ YSNP ကိုသာအားပြုလယ်ပါတ်ကြမယ်ဆိုရင်တော့ rental car မလိုကြောင်းပါ။ tours တွေနဲ့တင အဆင်ပြေနိုင်ပါတယ်။


စားသောက်ဆိုင်

“Firehole Bar-B-Que” ဟာစျေးသက်သာပြီး၊ စားသောက်သူတွေတန်းစီရပါတယ်။ မြို့လယ်ခေါင်. မှာရှိပြီး၊ တညစာလောက်တော့စားသင့်ကြောင်းပါ။ အခြား Asian food ဆိုင်တွေလည်းရှိပါတယ်။ Chinatown Restaurant နဲ့ Red Lotus တို့ဟာအထင်ကရဆိုင်တွေပါ။


၀င်ကြေးသတ်မှတ်ချက်

ခရီးသွားအများစုဟာ အနီးမှာရှိတဲ့ Grand Teton National Park ကိုနေ့ချင်းသွားလည်လို့ရတဲ့ အတွက်ကြောင့် ကားတစ်စီးကို ($70)ပေးပြီး ၀င်ခွင့် pass စတင်အသုံးပြုတဲ့ရက်ကစပြီးတပါတ်စာ အချိန်မရွေးအခေါက်ရေအကန့်အသတ်မရှိ၀င်ထွက်တဲ့လက်မှတ်ကိုဝယ်ဘို့အကြံပြုပါရစေ။ အဲ့ဒီ pass ကိုတော့ ကိုယ်တိုင်ကားမောင်းတဲ့အခါမှ (စတင်အသုံးပြုမဲ့အချိန်မှ) စသုံးကြပါ။ တခုအရေးကြီးတာက တော့ tours နဲ့လိုက်မယ်ဆိုရင် parks ၀င်ခွင့် pass ကိုအပိုဆောင်းပေးရပါမယ်။ tours ကုမ္ပဏီက ၀ယ်နိုင်သလို park services မှာလည်းဝယ်နိုင်ပါတယ်။


ဘယ်အချိန်သွားရင်ကောင်းမလဲ

နွေရာသီဟာ ခရီးသွားအထူထပ်ဆုံးကာလဖြစ်ပေမဲ့ ဆောင်းကာလဟာလည်း နှင်းmobile အတွေ့အ ကြုံရနိုင်ပါတယ်။ ရေတံခွန်များပိုမိုတွေ့ရှိခွင့့််ရှိပါတယ်။ တခုတော့ရှိပါတယ်။ camping လုပ်ကြမဲ့သူ တွေ ရက်အတော်ကြာကြာကတည်းကကြိုတင် reserve လုပ်ဖို့လိုကြောင်းပါ။ camping လုပ်သူတွေ အလွန်များပါတယ်။ တနှစ်ပါတ်လုံးရဲ့ Labor Day နေ့ဟာပွင့်လင်းရာသီဖြစ်ပြီး၊ အဲ့ဒါပြီးရင် ခရီးသွားနဲ သွားလေ့ရှိပါတယ်။ ဒါပေမဲ့နွေနှောင်းကာလလိုအချိန်မျိုးတွေမှာနှင်းမုန်တိုင်း (snow storm)ကျလို့ လမ်းတွေပိတ်ရတာမျိုးရှိတတ်ပါတယ်။


ဘယ်နှစ်ရက်နေသင့်သလဲ?

(၄) ရက်မှ (၇)ရက်လောက်တော့နေသင့်ပါတယ်။ ရောက်တုံးအနီးအနားတွေကိုပါသက်သက်သာသာ နဲ့သွားရောက်လေ့လာနိုင်တဲ့အခွင့်အရေးရှိပါတယ်။


Cell phone နဲ့ WiFi ရှိပါသလား?

(က) အချက်အခြာကျတဲ့ ဟိုတယ်လိုနေရာမျိုးမှာတောင်အလွန်ခက်ခဲပါတယ်။ ၀င်ပေါက်တွေ အနီး အနား တဝိုက်မှာတော့ရှိပါတယ်။

(ခ) ဒါပေမဲ့ navigator နဲ့ကားမောင်းရင်တော့ ကြိုတင်ကြည့်ထားကြဘို့လိုသလို၊ မြေပုံလက်နဲ့မကွာရှိ ကြဘို့လိုကြောင်းပါ။

(ဂ) Mammoth Hot Springs Visitor Center မှာရှိတဲ့ Albright Center ဟာ ခရီးသွားတွေအတွက် တခုတည်းသော WiFi hotspot လို့ဆိုပါတယ်။

(ဃ) အဲ့ဒီအတွက် (911) service မရှိပါဘူး။ ဒါပေမဲ့ park rangers တွေက park တခုလုံးမှာဖြန့် ကျက်ထားကြောင်းပါ။

(င) drones သုံးခြင်းခွင့်မပြုသလို တွေ့ရင်အရေးယူမှုတွေရှိပါတယ်။ နားလည်ကြဘို့က park တခုလုံးကိုလွှမ်းခြံုကြည့်တဲ့ ariel monitoring system ရှိကြောင်းပါ။ လူလစ်တာနဲ့ drone သုံးလို့ ရပြီမထင်ပါနဲ့။

(စ) ကိုယ်တည်းတဲ့ဟိုတယ်တွေမှာ WiFi ရနိုင်တာမို့ အဲ့ဒီကျမှသုံးပါ။


သဘာဝတောရိုင်းတိရစ္ဆာန်များနဲ့ကြံုကြိုက်၍လေ့လာချိန်မှာသတိပြုရမဲ့အချက်တွေ၊ thermal activities များနှင့်ပါတ်သက်၍ဆောင်ရန်ရှောင်ရန်တွေ?

(က) Bison နဲ့ elks ကဲ့သို့သောသတ္တဝါများကိုလေ့လာတွေ့ရှိချင်ကြသူတွေများပါတယ်။ အချို့ဆို အဝေးကြည့်ကင်မရာတွေနဲ့မှတ်တမ်းဓါတ်ပုံရိုက်ကြပါတယ်။ selfie လုပ်ချင်ကြသူတွေလည်းအများ သားပါ။ ဒါပေမဲ့ (၂၅)ကိုက်အကွာအနဲဆုံးခွာပြီးနေကြဘို့လိုပါတယ်။ 

(ခ) bears နဲ့ wolves ဆိုရင်တော့ ကိုက်(၁၀၀)လောက်အနည်းဆုံးအကွာကကြည့်ကြပါ။ 

(ဂ) ပြောစမှတ် တခုကတော့ မိမိရဲ့လက်မကိုလက်တတန်းဆန့်ထုတ်ပြီးကိုယ့်မျက်စေ့ရှေ့မှာထားပြီး အဲ့ဒီတိရစ္ဆာန်တွေကိုမိမိလက်မနဲ့ကွယ်ကြည့်ပါ။ လက်မတစ်ခုလုံးကအဲ့ဒီတိရိစ္ဆာန်ကိုလုံးဝဖုံးနေရ ပါမယ်။ ဖုံးမနေရင်နောက်ကိုထပ်နောက်ကိုဆုတ်ဖို့လိုကြောင်း rangers တွေကသတိပေးပါတယ်။ အကောင်းဆုံးခပ်ခွာခွာနေနည်းပါ။

(ဃ) တိရစ္ဆာန်တွေအများဆုံးတွေ့နိုင်မဲ့ တနေ့တာအချိန်တွေကတော့ အာရုဏ်တက်နဲ့နေဝင်ရီတရော အချိန်တွေလို့ဆိုကြပါတယ်။ ကိုယ်တိုင်ကားမောင်းရင် လမ်းကိုကြည့်ပါ။ တိရစ္ဆာန်များလမ်းဖြတ်ကူးရင် ခပ်နှေးနှေးလျှောက်တတ်ကြပါတယ်။ သည်းခံမောင်းနှင်ကြဘို့ အရေးကြီးပါတယ်။

(င) camp လုပ်မဲ့သူတွေ၊ trailနက်နက်ထဲလမ်းရှောက်မဲ့သူတွေ၊ လူသူဝေးတဲ့နေရာအထိခြေဆန့်ကြမဲ့ သူတွေကိုတော့ ‘bear spray’ တွေမရှိမဖြစ်ကိုယ်နဲ့တပါတည်းရှိဘို့နဲ့ ၀ယ်ယူထားကြဘို့ အထူးတိုက် တွန်းထားပါတယ်။ စွန့်စွန့်စားစားသမားတွေအဲ့ဒီကိရိယာရှိကြဘို့လိုတယ်လို့တော့ သတိပေးပါရစေ။ park အထဲနဲ့အပြင်မှာပါစျေးသက်သက်သာသာနဲ့ဝယ်ယူနိုင်ကြကြောင်းပါ။ Yellowstone National Park ရောက်မှဝယ်တာက ပိုသက်သာတယ်ဆိုတာကိုသတိပြုကြပါ။ ၀ယ်သူများပါတယ်။

(စ) ကိုယ်တိုင်ကားမောင်းခရီးသွားကြသူတွေ လမ်းမှာရပ်ရင် လမ်းဘေးချရပ်ဖို့လိုကြသလို၊ ကားထဲရှိ ပစ္စည်းတွေဖုံးအုပ်ထားကြဘို့လိုပါတယ်။ ကင်မရာဓါတ်ပုံရိုက်ရာမှာလည်းဘေးဘီကြည့်ပြီးစိတ်ချရတဲ့ နေရာကသာ ပြုလုပ်ကြဘို့လိုပါတယ်။ ယာဉ်တိုက်မှုမျိုးတွေကမရှားပါဘူး။ သတ်မှတ်ယာဉ်ကြောအ တိုင်းသာမောင်းဘို့၊ မိုင်နှုန်းကိုသတိပြုကြဘို့လိုပါတယ်။ road signs တွေကိုတသွေမတိမ်းလိုက်နာ ဘို့လိုကြောင်းကိုယ်တိုင်မောင်းချိန်ကျရင်သတိပြုမိပါလိမ့်မယ်။ မြေပြန့်ဆိုပေမဲ့ စည်းကမ်းမလိုက်နာ ရင်ဘေးတွေ့တတ်တဲ့သာဓကတွေများပါတယ်။

(ဆ) thermal activities တွေရှိတဲ့နေရာမှာ လက်နဲ့မထိမိဘို့၊ အပေါ်ကနေလမ်းမလျှောက်မိကြဘို့ အရေးကြီးပါတယ်။ အလောင်းတောင်ပြန်မရအောင် အပူအက်စစ်ဓါတ်ကပြင်းထန်ပါတယ်။ သာဓက တွေအတော်များများရှိသလို၊ မကြာခဏ ပျော်ရာကနေ ကမ္ဘာပျက်မတတ် ဒုက္ခရောက်ကြတာတွေရှိပါ တယ်။ (Mother nature does not cooperate with you!) သဘာဝတောတောင်ရေမြေကို စိမ်ခေါ် ဘို့မကြိုးစားသင့်ပါဘူး။ 

(ဇ) တားမြစ်ချက်တွေဟာ အကြောင်းမဲ့မဟုတ်သလို၊ ထိခိုက်ဒုက္ခ ရောက်ကြရင်အနီးဆုံးဆေးရုံက နာရီနဲ့ချီပြီးမောင်းရကြောင်းကြိုသတိပေးပါရစေ။  အစည်ကားဆုံး West Yellowstone မြို့မှာတောင်၊ ဆေးခန်းဘဲရှိပါတယ် ဆိုတာနားလည်ကြဘို့အရေးကြီးပါတယ်။


အိမ်မွေးတိရစ္ဆာန်များခေါ်လာလို့ရပါသလား?

 ခေါ်လာလို့ရပါတယ်။ ဒါပေမဲ့ trails, thermal activities, back-country နဲ့ basins တွေကိုခေါ်သွား ခွင့်မရှိပါ။ မိမိနဲ့ပါတဲ့မိသားစုဝင် (သို့မဟုတ်) မိတ်ဆွေက အပြင်မှာအဲ့ဒီတိရစ္ဆာန်ကိုထိန်းရင်းကျန်ခဲ့ဘို့ လိုပါတယ်။


Camping ကိစ္စ နဲ့အခြား activities များ

(က) ဆိုခဲ့တဲ့အတိုင်းရက်အတော်ခွာခွာကတည်းကကြိုတင်စာရင်းပေးရပါမယ်။ တရားဝင်camp sites (၁၂)ခုရှိပါတယ်။ 

(ခ) sites တော်တော်များများက ဦးရာလူစနစ်ပါ။ Mammoth, Madison, Canyon, Grant နဲ့ Pebble Creek တွေမှာတော့ကြိုတင်စာရင်းပေးရပါတယ်။

(ဂ) ဇူလိုင်(၁)ရက်ကစပြီးစက်တင်ဘာ ပထမတနင်္လာနေ့ (Labor Day) အထိကိုတော့(၁၄)ရက် ထက်ပိုနေခွင့်မရှိပါဘူး။

(ဃ) ရေကူးခြင်း၊ မြင်းစီးခြင်း၊ ငါးမျှားခြင်းတွေလုပ်နိုင်ပေမဲ့ အများအားဖြင့်တော့ Grand Teton ဘက်မှာသာပိုသင့်လျော်ပါတယ်။ ရေကူးရလောက်အောင် အန္တရာယ်မကင်းလို့ပါ။


လေ့လာတွေ့ရှိနိုင်သော Thermal activities အမျိုးမျိုး

(၁) fumaroles - အပူပြင်းဆုံးရေပွက်ဖြစ်ပြီး၊ အက်ဆစ်ဓါတ်ပါ၀င်ပါတယ်။ အေးမြတဲ့ဆောင်းကာ လမှာသာ ထင်ထင်ရှားရှားတွေ့နိုင်တာမို့ နွေရာသီမှာသွားရောက်လည်ပါတ်ကြသူတွေအနေနဲ့ ပေါ့လျော့ ကြလို့မရပါဘူး။

(၂) geysers – Great Fountain Geyser (Lower Geyser Basin) နဲ့ Giant Geyser (Upper Geyser Basin) တို့မှာတွေ့နိုင်ပြီး ပူပြင်းပါတယ်။

(၃) hot springs - အများဆုံးတွေ့နိုင်ပါတယ်။ အမြှုပ်များနဲ့အရောင်ရင့်များအနေနဲ့တွေ့နိုင်ပါတယ်။

(၄) mud pots - ပြစ်ချွဲပြီးရွှံ့ရည်လိုဖြစ်တဲ့အတွက်ကြောင့် ရေရှိရာနည်းတဲ့နေရာတွေမှာတွေ့နိုင်ပါ တယ်။

(၅) travertine terrace – Mammoth Hot Springs တွေ့ရပြီး၊ အပူရည်နဲ့ထုံးဓါတ်ထူပြောတဲ့မြေသား မှာ အရစ်လိုက်လှပတဲ့ပုံစံတွေအနေနဲ့တွေ့ရပါတယ်။

အကောင်းဆုံးကတော့ park bus/mobile snow tours တွေမှာ guides တွေကရှင်းလင်းပြနိုင်ပါ တယ်။ ပြတိုက်ငယ်များလည်းအဓိကနေရာတွေမှာရှိပါတယ်။  Gyesers တွေအကြောင်းကိုရေရေလည် လည်ရှင်းပြထားတာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။ အရေးကြီးတာကတော့ အဲ့ဒီနေရာမြင်ကွင်း တွေကိုသွားရင်သတ်မှတ်ထားတဲ့ လူသွားလမ်းကြောင်း (board walk) တွေကနေသွေဖယ်မသွား ကြဘို့ အကြံပြုပါရစေ။ ပျော်စရာခရီးစဉ်ကနေ သွေးအပျက်ပျက်ဖြစ်တတ်လေ့ရှိလို့ပါ။


လေ့လာသွားရောက်သင့်တဲ့အထင်ကရနေရာများ (တနည်း) မဖြစ်မနေရောက်အောင်သွားရမဲ့နေရာ များ (loop တခုကို တနေကုန်ကြာတာကိုသတိပြုပါ။ ၂-ရက်အချိန်ပေးရပါမယ်။)

Yellowstone area: (တောင်ဘက် - Lower Loop)

(က) YS ဟာ Wyoming, Montana နဲ့ Idaho ပြည်နယ်(၃)ခုကိုဖြန့်ကျက်ကျယ်ဝန်းပြီး ဧက (၃၅၀၀) မိုင်ရှိပေမဲ့ အဓိကနေရာယူထားတာကတော့ Wyoming ပါဘဲ။ 

(ခ) အကောင်းဆုံးလေ့လာခြင်းကတော့ tours တွေနဲ့ လိုက်ခြင်းပါဘဲ။

(ဂ) အကောင်းဆုံး tours ကတော့ (Lower Loop) ပါ။ စိတ်ဝင်စားစရာအများဆုံးရှိတာမို့ အဲ့ဒီ tour   ကိုကြိုတင်စာရင်းသွင်းလိုက်ပါကြဘို့အကြံပြုပါရစေ၊ နေ့လည်စာကိုပါကြိုတင်မှာကြားလို့ရသလို၊ အဆင်ပြေသက်သာပါတယ်။ 

၁) Old Faithful Village & Upper Geyser Basin - မိနစ်(၂၀)ခန့်ကြာတိုင်း ရေပူပုံမှန် ပန်းထွက်တဲ့ အတွက်နာရီချိန်မှန်ကန်မှုကြောင့်အမည်တွင်ပုံရပါတယ်။ ခရီးသွားဧည့်သည်အများဆုံးနေရာပါ။ ရေပန်းထွက်မဲ့အချိန် (geyser eruption prediction announcements) ကို ကြိုတင်ဖေါ်ပြကြေ ငြာပေးတာမို့ မိမိတို့အချိန်နဲ့ကိုက်ပြီး သွားလေ့လာလို့ရပါတယ်။. Tours တွေကလည်းအဲ့ဒီအချိန် အတိုင်းရောက်နိုင်ဘို့တာဝန်ယူထားတာမို့ eruption ကိုလွတ်စရာမရှိပါဘူး။ ကိုယ့်ကားနဲ့ကိုယ်သွားရင် လည်းဆိုင်ရာဟိုတယ်တွေကနေတဆင့်စုံစမ်းနိုင်ကြကြောင်းပါ။

(၂) Canyon Village & Grand Canyon of the YS - အကြီးဆုံးရေတံခွန်ကျတာကိုအဝေးက တအံ့ အသြလှမ်းမြင်နိုင်သလို၊ ဓါတ်ပုံရိုက်သူတွေပျားပန်းခတ်တဲ့နေရာပါ။

(၃) Prismatic Hot Springs (Fairy Fall Overlook) ဟာ Midway Basin မှာရှိပြီး၊ ကားရပ်တဲ့နေရာ ကနေနေ နာရီဝက် ကျော်ကျော်လောက်လမ်းလျှောက်သွားပြီးအပေါ်စီးကကြည့်ရင် သိပ်လှတဲ့ရောင် ချယ်မြင်ကွင်းပါ။ ကားရပ်နေရာရဘို့အလွန်ခက်ခဲလို့ မနက်လင်းအားကြီးသွားသင့်ပါတယ်။ အဲ့ဒီအ တွက် tours တွေကပို့ပေးလေ့မရှိလို့ ကိုယ့်ကားနဲ့ကိုယ်သွားသင့်ပါတယ်။ အမေရိကတိုက်တခုလုံးမှာ ဒီတနေရာ ထဲမြင်ရပါတယ်။ YSNP ရဲ့ အထင်ကရေ photogenic နေရာမို့သွားရောက်ဖို့တိုက်တွန်း ပါတယ်။

Yellowstone area: (မြောက်ဘက် - Upper Loop) (ကိုယ့်ကားနဲ့ကိုယ်မောင်သွားနိုင်ပါတယ်။)

(၃) Mammoth Hot Srpings - ထုံးဓါတ်နဲ့ရေပူတို့ဓါတ်ပြုရာကနေသဘာဝပုံဖေါ်မှုကိုလှပစွာတွေ့ရတဲ့ အပြင်၊ park ၀န်ထမ်းများနေအိမ်၊ ရုံးအဆောက်အဦ၊ သုတေသန၊ကျောင်းနဲ့ အခြားလုပ်ငန်းများတစု တစည်းထဲရှိတဲ့နေရာပါ။ သဘာဝ တောရိုင်းတိရစ္ဆာန်တွေအလေ့ကျလမ်းပေါ်သွားလာနေတာတွေကို လည်း အနှံ့အပြားတွေ့နိုင်ပါတယ်။ 

(၄) Hayden Valley, Lamar Valley, Norris Geyser, Tower-Roosevelt, Grant Village, Madison နဲ့ West Yellowstone အရပ်တွေ ကိုလည်းဝင်ရောက်လေ့လာသင့်ကြောင်းပါ။ 


Grand Teton NP –  ကောင်းတာကတော့ ကိုယ်ကားနဲ့ကိုယ်မောင်းသွားရင် (၂)နာရီလောက် အတွင်းရောက်ပြီး နေ့ချင်းပြန်သွားလို့ရပါတယ်။ သဘာဝရဲ့ဆိတ်ငြိမ်ဧချမ်းမှုကိုခံစားနိုင်ပြီး၊ Yellowstone NP နဲ့မတူတမူထူးခြားတဲ့ အတွေ့အကြံုသစ်တွေရနိုင်ပါတယ်။

(၁) West Yellowstone city ကနေ YS Park ကိုဖြတ်ပြီး၊ တောင်ဖက်ထွက်ပေါက်ကသွားတဲ့လမ်း ကြောင်းကအနီးဆုံးပါ။ သွားသင့်တဲ့ခရီးစဉ်ကတော့ (route) -

(၂) Signal Mountain Summit - တောလမ်းကနေမြွေလိမ်မြွေကောက်လမ်းကျဉ်းကနေမောင်းတက် သွားရင် နာရီဝက်နီးပါးအတွင်းရောက်နိုင်ပြီး၊ Grand Teton တခုလုံးကိုအပေါ်စီးကလေ့လာခွင့်၊ ဓါတ် ပုံရိုက်ခွင့်ရပါမယ်။

(၂) Jenny Lake Scenic Drive – Grand Teton ရဲ့အဓိကဆွဲဆောင်မှုအရှိဆုံးနေရာပါ။ လူစည် ကားပြီး ကားရပ်ဖို့နေရာရှာရခက်တတ်ပါတယ်။ နေ့လည်စာစားဘို့အကောင်းဆုံးနေရာပါ။

(၃) Teton Village - အဲ့ဒီမှာလည်း နေ့လည်စာစားရင်းအနီးအနားကဆိုင်တွေမှာ အမှတ်တရတွေ ၀ယ်လို့ရပါတယ်။

(၄) Menors Ferry - ယခင်ကကုန်သဘောင်္လှေများတင်ချရာဆိပ်ကမ်းပါ။ Snake River ဟာကုန်စည်ပို့ဆောင်ရာရေလမ်းကြောင်းပါ။ စိတ်ဝင်စားစရာပါ။

(၅) Cunningham Cabin Historic site, Transfiguration နဲ့ Mormon Row Historic Site - ရှေးခေတ်လူနေအခြေချအိမ်တန်းစုပါ။ ဒေသခံများဝတ်ပြုရာခရစ်ယန်ဘုရားကျောင်းရှိပါတယ်။ အလွန်သေးပါတယ်။

(၆) အပြန်လမ်းမှာ Snake River Overlook ဟာ ဓါတ်ပုံရိုက်လို့ကောင်းပြီး၊ ပန်းချီကားသဖွယ်မြ င်ကွင်း အဖြစ်လူသိများပါတယ်။

 

အခြားသွားသင့်သော၊ လေ့လာသင့်သောနေရာများ

(၁) Jackson Hole မြို့ဟာ လူကုန်ထံများနေပြီး၊ မြို့ပြရဲ့အရိပ်အယောင်အများဆုံးတွေ့ရပါတယ်။ nightlife ကအစရှိပါတယ်။ ဒါပေမဲ့ YS မှ Grand Teton ကြီးတခုလုံးကိုကျော်ဖြတ်ပြီး ၂-၃ နာရီကြာ ကားမောင်းရပါတယ်။

(၂) Nevada City & Virginia City ဟာ အမေရိကအလယ်ပိုင်းမှာ အကြီးမားဆုံးအထင်ကရသမိုင်း ၀င် “Ghost towns” တွေဖြစ်ပြီး၊ tours နေ့ချင်းပြန်ရှိပါတယ်။ မိမိကားနဲ့လညး်သွားရင် (၁)နာရီသာ သာအတွင်းရောက်ပါတယ်။ ထူးခြားတဲ့ရှေးခေတ်အဆောက်အအုံနဲ့ စိတ်ဝင်စားစရာ ရှေးလူနေမှုစနစ် တွေကိုရှေးမူမပျက်ထိန်းသိမ်းထားတာကြောင့် ကြည့်သင့်သွားသင့်တဲ့နေရာပါ။ အဲ့ဒီမြို့(၂)မြို့ဟာ တဆက်တည်းရှိပါတယ်။ အဲ့ဒီမှာရှိတဲ့ Museum ကိုဝင်ရောက်လေ့လာဖြစ်အောင်လေ့လာပါ။ ထူးခြား တဲ့ရှေးမူမပျက် အဆောက်အအုံတွေရှိပါတယ်။ Labor Day ဟာ tours တွေနောက်ဆုံးရှိတဲ့ရက်မို့၊ အဲ့ဒီနောက်ပိုင်းမှာဆိုရင် ကိုယ်ဖာသာကားမောင်းသွားရပါတယ်။

(၃) တနေကုန်လည်ရပါတယ်။

(၄) လမ်းခရီးမှာ Earthquake Lake ကိုဝင်လေ့လာနိုင်ပါတယ်။ (၁၉၅၉)က ငလျင်ကြီးလှုပ်ရာကနေ ကန်ကြီးပေါ်ပေါက်လာတာကို ပြတိုက်ငယ်နဲ့ပြသထားပါတယ်။ 

(၅) YS City မြို့ပေါ်တဝိုက်မှာ YS Historic Museum နဲ့ Grizzly & Wolf Discovery Science Center (Imax Theatre နဲ့ Visitor Information Center တို့အနီး) တို့ကိုဝင်ရောက်လေ့လာရင်း တနေကုန်ဖြုန်းလို့ရပါတယ်။ အမှန်တော့ မြို့ပေါ်တဝိုက်ကို နေ့တပိုင်းနဲ့အပြီးလေ့လာနိုင်ကြောင်းပါ။


အကောင်းဆုံး tours ကုမ္ပဏီ

www.yellowstonevacations.com ဖြစ်ပါတယ်။ West YS မြို့မှာရှိပြီး၊ မိမိတည်းခိုရာ (အဲ့ဒီမြို့မှာ တည်းခိုရင်) လမ်းလျှောက်သွားနိုင်ပါတယ်။ ဟိုတယ်ကိုလာခေါ်ပြန်ပို့ပေးပါတယ်။


ခရီးသွားခြင်းဟာလူတိုင်းရဲ့သည်းခြေကြိုက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးမြင့်လာတဲ့ခရီးစရိတ်နဲ့တည်းခိုခ ကအစ အသုံးစရိတ်တွေဟာ အဲ့ဒီစိတ်အပမ်းဖြေတဲ့ဝါသနာတွေကို အတော်ကြီးစိမ်ခေါ်နေတဲ့အဆင့် ရှိနေပါပြီ။ အဲ့ဒီကုန်ကျစရိတ်ကြီးမားမှုကိုကာမိအောင်၊ သွားရကြိုးလည်းနပ်၊ ပျော်ရွှင်ဗဟုသုတမှုလည်း ရှိစေဘို့ကအရေးကြီးလာပါတယ်။ အဲ့ဒီအတွက် မိမိတို့သွားလိုတဲ့ခရီးစဉ်နဲ့ဆက်စပ်တဲ့အကြောင်းအရာ အားလုံးတို့ကို ကြိုတင်လေ့လာမှတ်တမ်းပြုကြဘို့လိုပါတယ်။ အမေရိကမှာအရွယ်ရောက်မှ အခြေချ ကြသူမြန်မာတွေအနေနဲ့ကိုယ်ကုန်ကျမဲ့စရိတ်စကဟာ ကုန်သင့်လားဆိုတာကို သေသေခြာခြာဆန်း စစ်ပြီးမှဆုံးဖြတ်ကြဘို့၊ ကြိုတင်လေ့လာကြဘို့ဟာ အရေးအလွန်ကြီးတဲ့ကာလထဲကိုရောက်နေပါပြီ။ ကုန်စျေးနှုန်းဟာတက်ပြီးကျရိုးထုံးစံမရှိတာမို့ ဆုံးဖြတ်ချက်တိုင်းဟာသဲထဲရေသွန်တဲ့အဖြစ်မရောက် ကြဘို့အရေးကြီးလာပါတယ်။

အဲ့ဒီအတွက် ခရီးသွားဖူးကြသူတွေကလည်းမိမိတို့အတွေ့အကြံုနဲ့ ဆောင်ရန်ရှောင်ရန်ကိစ္စနဲ့ မြန်မာ့ စိတ်နေစိတ်ထားလူနေမှုဘဝနဲ့ကိုက်ညီမဲ့ အကြံပြုချက်များကိုလက်ဆင့်ကမ်း အသိပေးခြင်းများပြု လုပ်ကြဘို့အထူးတိုင်တွန်းလိုကြောင်း ဖေါ်ပြရင်းနဲ့……………………….။

(မှတ်ချက် - ခုဆောင်းပါးရေးချိန်မှာ Yellowstone National Park မြောက်ဖက်ပိုင်းမှာရာစုနှစ်အတွင်း သမိုင်းနဲ့ချိီတဲ့ မကြံုစဖူးရေးကြီးလွှမ်းမိုးမှုတွေကြောင့် ၀င်ပေါက်အားလုံးကိုပိတ်ထားပါတယ်။ အဲ့ဒီအ တွက်ကြောင့် Yellowstone National Park ကိုလုံးဝမ်းပိတ်ထားကြောင်း သတင်းရရှိပါတယ်။ အထူး သဖြင့် Gardena ဘက်ကဝင်ပေါက်ဟာအထူးပျက်စီးသွားတာမို့အချိန်အတော်ကြာယူပြီးပြင်ဆင်ရ မှာမို့ North Loop ဟာပြန်ဖွင့်ဘို့မလွယ်ပါဘူး။ ဒါပေမဲ့ နံမယ်ကျော် Old Faithful အပါအဝင် South Loop ကိုတော့ ခုလ ဇွန် - ၁၇ ရက်လောက်မှာပြန်ဖွင့်နိုင်ဘို့ကြိုးစေားနေကြောင်းပါ။ ခုနွေ ၂၀၂၂ မှာ သွားလည်ပါတ်ကြမဲ့သူတွေအနေနဲ့ တရားဝင် website ဖြစ်တဲ့ https://www.nps.gov/yell/planyourvisit/flood-recovery.htm မှာတင်ကြိုလေ့လာကြဘို့မှာကြားပ ါရစေ။)