Wednesday, November 30, 2022

ခရီးသွားခြင်းတည်းဟူသော အတတ်ပညာ (ပထမပိုင်း)

 ‘အတတ်ပညာ’ လို့ဆိုလိုက်တဲ့အတွက် ပညာရပ်တခုကြီးလိုကြီးကြီးကျယ်ကျယ်ကိစ္စကြီးတခုလို့ ထင် လောက်သွားစရာရှိပါတယ်။ တကယ်တော့ပြောင်းလဲလာတဲ့လူနေမှူစနစ်ကြီးနဲ့ တဟုန်ထိုးခေတ်မှီ နေတဲ့လောကခေတ်အခါကြီးမှာ၊ မောင်မိုးညိုတို့ငယ်စဉ်ကသိနားလည်ခဲ့ကြတဲ့ အပျော်ခရီးထွက်ခြင်း နဲ့ လုံးဝမတူတော့တဲ့အချိန်ရောက်နေပါပြီဆိုတာ စာဖတ်ကြသူတိုင်း ရိပ်မိကြလောက်မယ်လို့ထင်ပါ တယ်။ ဖြတ်ကျော်ခဲ့တဲ့ Covid pandemic ကာလကြီးဟာ နေ့တဓူဝလူတိုင်းစေ့ရဲ့ ဘဝတွေကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပြီမဟုတ်ပါလား။ ပျော်ရွှင်ခြင်းနဲ့အတူ၊ တာဝန်ယူဆောင်ရွက်ကြရမဲ့ အပိုင်းတွေအများကြီးရှိလာပါပြီ။ “ခရီးသွားရတာအလွန်ပင်ပမ်းတယ်”ဆိုတဲ့စကားက တကယ်တော့ သွေးထွက်အောင်မှန်တဲ့ခေတ်ထဲရောက်သွားပါပြီ။ ခရီးသွားခြင်းအလေ့အထနဲ့ ခရီးသွားစရာအရပ် ဒေသမရှိခဲ့တဲ့ မောင်မိုးညိုတို့ generations နဲ့ မိဘတွေခေတ်ကအခြေအနေတွေနဲ့စာရင်၊ ခုခေတ် GenZ တွေခေတ်မှာ ခရီးသွားခြင်းကို venturous exploration လိုသတ်မှတ်ယူဆလာကြပါတယ်။ ခရီးသွားရင်းပျော်ရွှင်မှုကိုရယူနိုင်ကြသလို၊ ဗဟုသုတနဲ့မိမိတို့ဘဝမှာ မကြုံခဲ့တဲ့ အတွေ့အကြံုသစ် တွေကို စွန့်စွန့်စားစားရယူလိုတဲ့ လိုအင်ဆန္ဒပေါက်ကွဲရှေုတန်းရောက်တဲ့အချိန်အခါဖြစ်နေပါပြီ။ တခါတည်းမှာ “ပင်ပမ်းလိုက်တာ”ဆိုတဲ့အခြေအနေကို မိမိတို့လိုအင်ဆန္ဒကိုဖြည့်စွမ်းလိုမှုက လွှမ်းမိုး အနိုင်ယူလိုက်ချိန်လည်းဖြစ်ပါတယ်။ ဆေးပညာရှုထောင့်ကလေ့လာရင်လည်း၊ မကြာခဏဆိုသလို မိမိနေရင်းဒေသကနေဖဲခွာပြီး၊ ဒေသသစ်နေရာသစ်တွေကို ခရီးသွားခြင်းဟာ ပြုလုပ်သင့်တဲ့အလေ့အ ထလို့အကြံပြုကြပါတယ်။ မိမိရဲ့ကိုယ်ကာယကလိုအပ်တဲ့ ကိုယ်ခံစွမ်းအား immunity ကိုလည်းလှံု ဆော်နှိုးဆွပေးရာရောက်သလို၊ စိတ်ပိုင်းဆိုင်ရာ stress relief ကိုကောင်းစွာအထောက်အကူပြုတယ် ဆိုတဲ့အချက်ကို အများကလက်ခံနေကြပါပြီ။ တကယ်တော့ခရီးသွားခြင်းဟာ (ဒီနေ့အထိ) လူတိုင်း နှစ်ခြိုက်မက်မောကြတာအထင်းသားမြင်နိုင်ပါတယ်။

(၁၉၈၀/၉၀) ၀န်းကျင်မောင်မိုးညိုတို့ မြန်မာပြည်တွင်းကနိုင်ငံရပ်ခြားကိုစထွက်ကြချိန် (အလုပ်အကိုင်၊ တာဝန်စသဖြင့်ပေါ့) မှာ လုပ်ခွင်ထဲဖြစ်ဖြစ်၊ အစည်းအဝေးမှာတောင် ခုလာမဲ့ weekend ကိုဘယ်ကို ခရီးသွားကြမလဲ ဆိုတဲ့ တီးတိုးစကားတွေကလွှမ်းမိုးနေပါတယ်။ vacation/travel အကြောင်းပြောရ ရင် မောကြရမှန်းမသိပါဘူး။ အဲ့ဒီကိစ္စကိုဇောင်းပေးပြောရင် လုပ်ခွင်မှာ အဆင်ပြေမှုတွေရှိကြတယ် ဆိုတဲ့ ဆိုစမှတ်တွေရှိပါတယ်။ vacation/travel အကြောင်းအတွေအကြံုမရှိနားမလည်ကြတဲ့ မောင် မိုးညိုတို့တွေဟာ အဲ့ဒီစကားဝိုင်းပြောဆိုမှုတွေမှာ ပါးစပ်ဟောင်းလောင်းဘဝနဲ့ဖြတ်သန်းခဲ့ကြရပါ တယ်။ ခုနေများကတော့ vacation/travel အကြောင်းပြောရရင် အမြဲတမ်း ready ဘဲလို့ ၀န်ခံရရင် လွန်တယ်ဆိုကြမလား?

ခုလိုအင်တာနက်လူမှုကွန်ယက်အင်အားကောင်းတဲ့ကာလကြီးမှာ ခရီးသွားဆောင်းပါးတွေ၊ travel vlogger/blogger တွေဟာ tours ကုမ္ပဏီများနဲ့အပြိုင်နေရာယူနေပါပြီ။ မိမိတို့သိလိုတဲ့ခရီးသွားမဲ့ နေရာဒေသနဲ့ပါတ်သက်တဲ့အကြောင်းအရာတွေဟာလည်း လက်တမ်း one-click အဝေးမှဘဲရှိပါ တော့တယ်။ ပြီးခဲ့တဲ့လက ဥရောပ (အီတလီနဲ့ပြင်သစ်)  ကိုသွားရောက်လည်ပါတ််ခဲ့တဲ့ မောင်မိုးညို တို့ရဲ့အတွေ့အကြံုကို၊ ခရီးသွားခြင်းအတတ်ပညာတရပ်လိုဥပမာပြုပြီး၊ ဒီလမှာဆွေးနွေးသွားပါမယ်။ ဆိုခဲ့တဲ့ဒေသအကြောင်းအရာတွေအစားမြန်မာလူမျိုးတယောက်အနေနဲ့ ခရီးသွားခြင်းရဲ့ ဆောင်ရန် ရှောင်ရန်များအဖြစ်မျှဝေရေးသားထားပါတယ်။ Package cross-country tours တွေကတော့ tour operators တွေကအစအဆုံးတာဝန်ယူသွားတာမို့ ဒီဆောင်းပါးက မိမိ အစီအစဉ် self-iternary/self- guided tours များအကြောင်းကိုဒီဆောင်းပါးကဦးစားပေးဖေါ်ပြသွားပါမယ်။ မိမိတို့အားသန်ရာပေါ်မူ တည်ပြီး coach tour package နဲ့ဘဲသွားလိုသလား၊ ဒါမှမဟုတ် self-itinerary နဲ့ ဆိုင်ရာဒေသမှာရှိ တဲ့ tour operators တွေနဲ့ ချိတ်ဆက်reserve လုပ်ပြီးခရီးသွားကြမလားဆိုတာကတော့ မိမိတို့အား သန်ရာပါ။


ခရီးသွားလိုတဲ့ပုံစံအမျိုးမျိုး

(က) မိမိတဦးထဲက solo travel လုပ်ခြင်း၊ လင်ကိုယ်မယားနှစ်ဦးထဲ (couple travel)၊ နဲ့ အုပ်စုလိုက် (မိသားစု၊ သူငယ်ချင်းမိတ်ဆွေများ family or group)ဆိုတာက မိမိတို့ရဲ့အခြေအနေပေါ်မှာမူတည်ကြ  ပါတယ်။ ညွှန်ပြလိုတဲ့အချက်ကတော့ပါ၀င်သူဦးရေများရင်၊ မိမိတို့ရဲ့စိတ်ဝင်စားမှုဆန္ဒကိုလျှော့ကြရပါ မယ်။ အများဆန္ဒကို လိုက်လျောရပါမယ်။ ကောင်တဲ့အားသာချက်ကတော့ မမျှော်လင်းတဲ့ခရီးစဉ်အ ခက်အခဲနှောင့်နှေးမှု တခုခုပေါ်ပေါက်ခဲ့ရင် တိုင်ပင်ပြီးမျှယူဖြေရှင်းနိုင်ကြပါတယ်။

(ခ) ဒေသတခုနိုင်ငံတခုကနေအခြားတခုကိုဖြတ်ကျော်သွားရတဲ့ Cross-country coach travel ဟာ ဟိုတယ်နေထိုင်ရေးကအစ၊ ယာဉ်စီးနင်းရေးကိစ္စအဝဝကို tour package ကတာဝန်ယူသွားထားတာ ကြောင့်စိတ်ပူပင်စရာအလျင်းမရှိတော့ပါဘူး။ ဒါပေမဲ့စျေးပိုကြီးလေ့ရှိပါတယ်။ မိမိအစီအစဉ်အရလည် ပါတ်လိုရင်လည်း၊ နေရာချပေးတဲ့ဟိုတယ်ဟာ မြို့ပြင် မှာဖြစ်လေ့ရှိတာကိုသတိပြုပါ။ ခရီးစဉ်အတွင်း အရောင်းဆိုင်လိုနေရာမျိုး၊ စားသောက်ဆိုင်လိုနေရာမျိုးကိုခေါ်ဆောင်သွားတတ်တာမို့၊ မလိုလားအပ် တဲ့အချိန်ကုန်မှုရှိတတ်ပါတယ်။ တနေရာကတနေရာ bus နဲ့သွားကြတာများတဲ့အတွက်၊ လမ်းမှာတင် နေ့တပိုင်းလောက်အချိန်ကုန်လေ့ရှိပြီး၊ ကတယ့်အထင်ကရနေရာတွေမှာအချိန်သိပ်မပေးတော့ပါဘူး။

(ဂ) ခရီးစဉ်တခုလုံးကိုမိမိဖာသာရေးဆွဲစီစဉ်တဲ့ self-itinerary တွေကတော့လူကြိုက်များကြသလို၊ မိမိတို့ရောက်ဖူးချင်တဲ့နေရာကိုမိမိစိတ်ကြိုက်လုပ်ခွင့်ရှိပါတယ်။ onsite tours တွေကိုလည်းစိတ်တိုင်း ကျရွေးခွင့်ရှိပါတယ်။ ဒီနေရာမှာလည်း tour operator/ guide တွေရဲ့ website တွေမှာကြိုတင် reserve လုပ်ပြီး၊ ဆိုင်ရာစုရပ်နေရာ (meeting points) တွေကိုစောစောရောက်အောင်သွားတဲ့နည်းနဲ့၊ မိမိသွားလိုရာနေရာ/ပြတိုက်ရောက်မှ ရှေ့မှဝင်ခပေးပြီး သွားတဲ့နည်းရှိပါတယ်။ online reservation ပိုမိုအားကောင်းအရောင်းသွက်လာချိန်မှာ၊ ဒီနည်းကတော့မသေခြာပါ။ ရောက်အောင်သွားပြီးမှလှည့် ပြန်ရတတ်ပါတယ်။ ဒါကိုအထူးသတိထားပါ။. ဒီနည်းဟာ နေ့စဉ်နဲ့အမျှ နောင်နေ့အချိန်ကိုမျက်ခြေ မပြတ်လေ့လာကြိုတင်ပြင်ဆင်မှုလုပ်ရတဲ့ ၀တ္တရားဝန်ထုပ်ဝန်ပိုးတော့ရှိသွားပါတယ်။

(ဃ) လူငယ်လူရွယ်တွေအနေနဲ့ backpacking solo tours သွားကြသူတွေပေါလာသလို၊ မိမိတို့ သွားချင်တဲ့ခရီးစဉ်စိတ်ဝင်စားမှုကို မိမိတို့ဖာသာစိတ်တိုင်းကျဖန်တီးသွားလာနိုင်ကြပါတယ်။


သွားမဲ့ခရီးစဉ်ရဲ့ destinations ခေါ်နေရာဌာနများကိုလေ့လာစာရင်းပြုခြင်း

(က) သွားမဲ့ဒေသခရီးစဉ်မှာလေ့လာလည်ပါတ်လိုတဲ့ နေရာတွေကိုစားရင်းချပါ။ top/iconic tourist attractions နေရာတွေကိုဦးစားပေးပါ။ ရည်ရွယ်ချက်ကတော့ ငွေကုန်လူပမ်းပြီး၊ ကြည့်သင့်တဲ့နေရာ ကိုမရောက်နိုင်ခဲ့ရင် ကုန်ရကြိုးမနပ်တာမျိုးကာကွယ်နိုင်အောင်ပါ။

 https://travel.usnews.com/?top_nav_Travel ဟာအကောင်းဆုံးလမ်းညွှန်လို့ဆိုပါတယ်။ 

(ခ) travel bloggers  တွေရဲ့ဆောင်းပါးတွေ (ဥပမာ - https://myvacationitineraries.com) ဟာဥ ရောပခရီးစဉ်တွေအတွက်အလွန်အသုံးဝင်ပါတယ်။

(ဂ) YouTube လိုနေရာမှာလည်း walking tours (self-guided) တွေဟာအသုံးဝင်ပါတယ်။ ဒါ့အပြင် မိမိလေ့လာမဲ့ပြတိုက်နေရာဒေသမှာမလွတ်တမ်းကြည့်သင့်တဲ့အထင်ကရနေရာတွေပါ။ “Things to know before your go…” လို channels တွေဟာတန်ဘိုးရှိတဲ့လေ့လာသင့်တဲ့ video clips တွေပါ။ virtual tour တွေမို့ပိုမိုထိရောက်တဲ့အပြင် မိမိကိုယ်တိုင်ရောက်ချိန်မှာကိုယ်ထိလက်ရောက်အနီးကပ် လေ့လာခွင့်ရတာမို့ တန်ဖိုးမဖြတ်နိုင်ပါ။

(ဃ)  tours တွေအတော်များများဟာ reserve now pay later တွေရှိလာပါပြီ။ ဆိုလိုတာက အ. ကြောင်းကြောင်းကြောင့် cancel လုပ်ချင်ရင်လုပ်နိုင်ပါတယ်။ အရေးကြီးတာက full refund ရှိမရှိကို သေခြာကြည့်ပါ။ မသေခြာရင် အဲ့ဒီ website တွေကနေမေးခွန်းမေးလို့ရပါတယ်။  chat box တွေရှိ လာပြီမို့ အတော်အဆင်ပြေပါတယ်။  Free cancellations တွေများပါတယ်။ tourမစခင်(၂၄)နာရီ ကျော် မှာ cancel လုပ်ရင် full refund ရပါတယ်။ မိမိတို့ tour တခုချင်းကအတိအကျပြဆိုလေ့ရှိ ပါတယ်။ ဒ့ါအပြင် သုံးစွဲရင်း (same website) ကနေ အခြား tours တွေဝယ်ရင် စျေးလျှော့ပေးလေ့ရှိ ပါတယ်။ လိုချင်ရင် email/chats လုပ်ပြီးတိုက်ရိုက်တောင်းယူလို့ရကြောင်းပါ။

(င) လေ့လာသင့်တဲ့ tours websites များ -

- getyourguide.com

- citywonders.com

- viator.com

- civitatis.com တို့ဟာအလွန်ကောင်းတဲ့ websites တွေပါ။ ငွေကြေးကိစ္စမေးခွန်းမေးရင် အဖြေမြန် မြန်ရနိုင်သလို၊ ပြန်အမ်းငွေလည်း မြန်ပါတယ်။ chat/live communications နဲ့ဆက်သွယ်လိုရင် အချိန်(မနက်ည)ကွာခြားမှုကိုဘဲ သတိပြုကြရမှာပါ။

(စ) ကိုယ်သွားမဲ့ ပြတိုက်လိုနေရာများဖွင့်တဲ့နေ့၊ အချိန်တွေကိုလေ့လာပါ။ မိမိရဲ့ itinerary ဟာ တခုနဲ့ တခု အချိန်နဲတာမျိုး၊ တနေရာကနေတနေရာသွားဘို့လုံလောက်တဲ့အချိန်ပေးနိုင်မှုရှိရပါမယ်။ အဲ့ဒါမရှိ ခဲ့ရင်စိတ်အနှောင့်အယှက်ဖြစ်တတ်ကြပါတယ်။ တနင်္လာနေ့လိုနေ့တွေမှာ တချို့ပြတိုက်တွေပိတ်သလို၊ ပြက္ခဒိန်လတလရဲ့ ပထမတနင်္ဂနွေမှာ အခမဲ့ (free entry) ရှိတတ်ပါတယ် (in Italy)။ ဒါပေမဲ့ online ကြိုတင် စာရင်းပေးသွင်းဘို့လိုတာမိို့ sold out! အဖြစ်နဲ့ကြံုတတ်တာကို သတိပြုပါ။

(ဆ) ဒီနေရာမှာ tour company/operator နဲ့ tours guide ကွာတာကိုသတိပြုပါ။ အထက်ပါ tours တွေမှာreserve လုပ်ပေမဲ့ တကယ်လုပ်တဲ့ local tour operators/guides ကသပ်သပ်ပါ။ မိမိကို ပေးတဲ့ reservation မှာ meeting point နဲ့အတူပါလေ့ရှိပါတယ်။ tours မစခင်နာရီပိုင်းအလိုမှာဆက် သွယ်ရင် အဲ့ဒီ operator ကိုဆက်သွယ်ရပါတယ်။ တခါအဲ့ဒီ tour operator ကတာဝန်ချထားတဲ့ guide ကသူ့ရဲ့ဝန်ထမ်း (သို့မဟုတ်) ကံထရိုက်ငှားရမ်းထားတာဖြစ်ပါတယ်။ 

(ဇ) အချို့ tours တွေက destination ပေါ်မူတည်ပြီးဝတ်ရမဲ့အဝတ်အစားကွာပါတယ်။ ဥပမာ- Vatican cathedral & museums, Saint Mark’s Cathedral တို့လိုနေရာတွေမှာ ကျားမမရွေး လက်မောင်း၊ ဒူးခေါင်းဖုံတဲ့အဝတ်အစားဝတ်ရပါမယ်။ မေ့ခဲ့ရင်ကိုယ်တာဝန်ဖြစ်သွားပါမယ်။ အဲ့ဒီလို မဖြစ်ဖို့ reservation ကိုသေသေခြာခြာဖတ်ပါ။ တချို့တွေကတော့ ပုဝါအထူနဲ့ခါးကိုပါတ်ကြတာတာကို တွေ့ရပါတယ်။

(စျ) tour guides တွေဟာ ခရီးစဉ်အပြီးမှာ သူတို့နဲ့ပါတ်သက်ပြီး rating ပေးဘို့မေတ္တာရပ်ခံကြလေ့ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်အပိုဆောင်းရရှိမဲ့ bonus နဲ့ နောင်ဆက်ငှားရမ်းမှုဟာအဲ့ ဒီအပေါ်မူတည်ပါတယ်။ tips ပေးတာထက် မိမိစိတ်တိုင်းကျရင် rating အကောင်းဆုံးပေးကြစေလိုပါ တယ်။ အခါအားလျော်စွာ အဆင်မပြေမှု၊ မတော်တဆမှားယွင်းမှု၊ မိမိအမြင်နဲ့ခနပန်းအကဲဖြတ်မှုစတဲ့ bias ပါတဲ့ remarks မှတ်ချက်တွေမပေးသင့်ပါဘူး။ အများအားဖြင့် အဆင်မပြေမှုများဟာ tour company/operator တွေနဲ့သက်ဆိုင်လေ့ရှိတယ်လို့ဆိုပါတယ်။ မိမိ tours ရဲ့ guide အမည်များကို သေသေခြာခြာမှတ်သားကြဘို့လိုပါတယ်။


Tours စတင်မဲ့ဆုံမှတ် meeting points များသို့ရောက်နိုင်မည့် ယာဉ်စီးနိုင်မည့်နည်းလမ်းများ

(က) ဒီနေရာမှာ အလေးထားစေချင်တဲ့အချက်ကတော့ မိမိတည်းခိုရာကနေဆုံမှတ် (meeting point) ကိုသွားရင်၊ bus, tram, taxi, စသည်တို့ရဲ့ အချိန်အတိုင်းအတာနဲ့ အကွာအဝေးကိုသေသေချာချာ ကြည့်ကြရပါမယ်။ online reservations ခေတ်စားပြီးအသုံးများကြချိန်မှာ ကိုယ်ရောက်ရမဲ့အချိန်မ ရောက်နိုင်ရင် ကိုယ်ပေးသွင်းထားတဲ့ငွေဆုံးတတ်ပါတယ်။ ဒေသနဲ့ဘာသာစကားကွာဟတာကြောင့် မကြာခနဆိုသလို tour guide ရှာမရတာဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့  meeting point ကို အနည်းဆုံး (အနည်းဆုံး) နာရီဝက်စောရောက်အောင်သွားပါ။ အဲ့ဒီလိုစောရောက်တဲ့အတွက် မိမိလေ့လာမဲ့ဝန်းကျင်ကိုလေ့လာချိန်ပိုရသလို၊ ဓါတ်ပုံစိတ်ကြိုက်ရိုက်ခွင့်ရှိပါတယ်။ 

(ခ) လိုအပ်တဲ့ transport နဲ့ ကြာချိန် (ရထားဆိုလျင် ရပ်မည့်ဘူတာများ) ကိုအတိအကျပြလေ့ရှိတဲ့ Google.com/maps ပါတဲ့ app ကိုအမြဲသုံးပါ။ အလွန်အသုံးဝင်ပြီးအတိအကျဖေါ်ပြလေ့ရှိတဲ့ app ပါ။ အခြား apps တွေရှိပေမဲ့ Google maps app ကိုသုံးဘို့တိုက်တွန်းပါရစေ၊ သူက tours operators တွေအများဆုံး သုံးကြလို့ပါ။ သူ့ရဲ့အချိန်နဲ့တပြေးညီတိကျမှန်ကန်မှုကို သုံးကြည့်ရင်တွေ့ပါလိမ့်မယ်။

(ဂ) Europe မှာ Uber/Lyft ဟာ ဇိမ်ခံကားများအဖြစ်စျေးအလွန်ကြီးပါတယ်။ အများအားဖြင့် airport/ seaport transfer အနေနဲ့သာသုံးကြတာကိုသတိရှိကြပါ။ taxi တွေဟာ ဥဒဟိုရှိကြပါတယ်။ Europe မှာ အကောင်းဆုံး က bus, underground train, tram (Metrolines) တွေဖြစ်ပြီး အလွန်အသုံးဝင် ပါတယ်။ မိနစ်အနညး်ငယ်တိုင်းနောက်တစီးလာလေ့ရှိပါတယ်။ 

(ဆ) ညွှန်ပြလိုတဲ့အချက်က Paris မှာ “Navigo Pass” ကိုသုံးပါ။ များများသုံးဘို့အစီအစဉ်ရှိရင် အကန့် အသတ်မရှိသုံးနိုင်ပါတယ်။ များများသုံးဘို့မလိုရင်တော့ တခါစီး one way ticket တွေဝယ်လို့ ရပါတယ်။ အတော်များများနေရာတွေမှာ credit card နဲ့ဝယ်နိုင်ပေမဲ့၊ တခါတရံ Euro (€) ငွေသားကို သုံးမှ ရပါတယ်။ Navigo Pass ၀ယ်ဘို့အစီအစဉ်ရှိရင် အိမ်ကနေ passport ဓါတ်ပုံတွေယူသွားရပါ မယ်။ အဲ့ဒီဓါတ်ပုံပေးပြီး ကတ်လုပ်ပေးပါတယ်။ Italy မှာလည်း  Metro Pass ကို မြေအောက်ရထား ဘူတာတွေမှာဝယ်လို့ရပါတယ်။ Tobacco store လို့ခေါ်တဲ့ဆေးလိပ်(သတင်းစာ)အရောင်းဆိုင်တွေ လမ်းထောင့်တွေမှာရှိတတ်ပါတယ်။ ဒါပေမဲ့ ဆိုင်တွေမဖွင့်သေးချိန်ဆိုအခက်အခဲတွေ့တတ်ပါတယ်။ Big “M” (သို့မဟုတ်) “Metro” ရှိတဲ့ဆိုင်းဘုတ်ရှာပြီး၊ စက်မှာဝယ် နိုင်ပါတယ်။ 100-minutes ဟာ အကောင်းဆုံး metro လက်မှတ်ပါ။

(ဇ) မြို့တခုမှတခုပြောင်းမယ်ဆိုရင် အကောင်းဆုံးက express trains တွေပါ။ ဥရောပဟာနိုင်ငံတနိုင် ငံနဲ့တနိုင်ငံ(မြို့တမြို့နဲ့တမြို့) အလွန်နီးပါတယ်။ အမြန်ရထားဟာအကောင်းဆုံးပါ။ Italy မှာ “Leonardo Express” ကို လေဆိပ်မှမြို့လယ် (Roma Termini) (itiliarail.com) အထိသုံးနိုင် သလို Paris မှာတော့ Metro pass ဟာ မည်သည့် public transport မှာမဆိုသုံးနိုင်ပါတယ်။

(စျ)  ကြိုတင်လေ့လာသင့်တဲ့ resources: romevacationtips.com (Italy အတွက်) နဲ့ parisbytrain.com (Paris အတွက်)

(ည) taxi ငှားရင် how much? လို့မေးဖြစ်အောင်မေးပါ။ meter ကိုလက်ညှိုးထို့ပြမှသာ အဲ့ဒါကိုစီးပါ။ ထုံးစံက မြို့တွင်းမှာဆို စျေးအကြီးဆုံး (ယခုဆောင်းပါးချိန်) က €25 ပါ။ 


Hotel/flight reservations

(က) အထက်မှာဖေါ်ပြတဲ့ ကိုယ်သွားလိုတဲ့ခရီးစဉ် itinerary ဆွဲပြီးမှ hotel နဲ့ flights လက်မှတ်ဝယ် တာကို လုပ်စေချင်ပါတယ်။

(ခ) Booking.com ဟာ rating ကောင်းတဲ့  website လို့ဆိုကြပါတယ်။ kayak.com ကိုလည်းသုံး. နိုင်ပါတယ်။

(ဂ) hotel အတွက် တဦးချင်းရဲ့အကြိုက်ချင်းမတူကြပါဘူး။ အကောင်းဆုံး star rating ကနေ၊ campanile, BnB အမျိုးမျိုးရှိကြပါတယ်။ အရေးကြီးတာက ရထား၊ ဘတ်စ်အနီးဆုံးအချက်အချာ ကျတဲ့နေရာဖြစ်ဖို့အရေးကြီးပါတယ်။ ပင်ပမ်းမှာမို့အဲ့ဒီအတွက်ငွေပိုပေးရလည်း အကျိုးရှိကြောင်းသိ လာပါလိမ့်မယ်။ အချက်အချာကျလေစျေးကြီးပါ။ နွေကာလဆိိုပိုဆိုးတာမို့ off-season (September to April) အထိဟာခရီးသွားလျော့နဲတာမို့ စျေးသက်သာနိုင်ပါတယ်။ ခရီးသွားစဉ်မှာ ဟိုတယ်ဟာ ညအိပ်ယုံသက်သက်မို့ဇီဇာမကြောင်ကြဘို့လိုပါတယ်။

(ဃ) နောက်တခုသိဘို့က ဟိုတယ်များမှာ air condition မရှိကြပါ။ ရှိလျင်လဲ(နွေရာသီကလွဲရင်) မဖွင့်ပါ။ နံနက်စာပါတဲ့ ဟိုတယ်ဆိုပိုကောင်းပါတယ်။ မနက်မိုးလင်းရင်စားဘို့ဆိုင်လိုက်ရှာရတဲ့ဒုက္ခ ကင်းသွားသလို၊ နေ့လည်စာဟာနေ့ (၂)နာရီလောက်မှာမှစားကြတာကိုသိကြဘို့လိုပါတယ်။ ဟို တယ်အခန်းများကလည်းကျဉ်းကျပ်လေ့ရှိကြပါတယ်။

(င) “reserve now/pay at the hotel/pay later” လို့ reservations တွေလည်းရှိပါတယ်။ စျေးပို ပေးရပါတယ်။ queen/double စသဖြင့်ကိုသေသေခြာခြာကြည့်ပါ။

(စ) အရေးကြီးဆုံးက cancellation fees နဲ့ full refund ပြန်ရနိုင်တဲ့ နောက်ဆုံးရက်ကို တိတိကျကျ မှတ်ပါ။ (last day for full refund)

(ဆ) flights တွေက နှစ်မျိုးတွေ့ရပါတယ်။ အထင်ကရ flights (Air France လို) ဆိုရင်စျေးကြီးပေမဲ့ luggage ကအစတွက်ချက်မှုကိုပြပါတယ်။  budget flights တွေ (Vueling/Level လို) ကတော့ အစားအသောက်ကအစ နောက်ထပ်အပိုပေးရတာကို သတိပြုပါ။

(နောက်လဆက်ရန်)…..