Thursday, February 29, 2024

American Community Survey (ACS) ကပြဆိုသော မြန်မာလူမျိုးစုတို့၏ လူမှုစီးပွားရေးဘဝများအခြေပြ

 American Community Survey (ACS) သည် လူ့အဖွဲ့အစည်းများကို ယုံကြည်စိတ်ချရပြီး အချိန်နှင့် တပြေးညီ လူမှုရေး၊ စီးပွားရေး၊ အိမ်ရာနှင့် လူဦးရေစာရင်းအချက်အလက်များကို နှစ်စဉ်နှစ်တိုင်း ပံ့ပိုး ပေးနိုင်ရန် ဒီဇိုင်း ထုတ်ထားသည့် နိုင်ငံအနှံ့ စစ်တမ်းတစ်ခုဖြစ်သည်။

ACS-1 Year (2022) နှင့် နှစ်အလိုက်များ, ACS-5 Year (2021) နှင့် Decennial Census 2020 ပေါ်အခြေခံ ၍ http//www.data.census.gov နှင် Census Bureau တို့၏ အပြန်အလှန်လမ်းညွှန်အကြံပြုမှုများမှ ရယူဖေါ် ပြပါသည်။ သတိပြုကြရန်အချက်ကား ဤစာတမ်းတွင်ဖေါ်ပြအပ်သောကိန်းဂဏန်းအချက် အလက်အားလုံးတို့ သည် “Alone and in any combination of races” {လူမျိုးစပ်များအပါအဝင်ပေါ် တွင် (သီးသန့်ဖေါ်ပြခြင်း မပြုသမျှ) လုံးလုံးလျားလျား အခြေခံသည်ဆိုသည်ကို နားလည်မှတ်ယူကြပါကုန်။

 

ACS နှင့် DECENNIAL သန်းခေါင်စာရင်းတို့ကြား ကွာခြားချက်များ

(၁၇၉၀) ခုနှစ်မှစ၍ (၁၀)နှစ်တစ်ကြိမ်၊ ကွန်ဂရက်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုအပ် ချက်အရ အမေရိကန်လူဦးရေ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် အစိုးရအား ခွင့်ပြုပေးခဲ့ပါသည်။

(၁၉၄၀) မှ (၂၀၀၀) ခုနှစ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုတိုင်းတွင် အချက်အလက်စုဆောင်းရန် အတွက် မေးခွန်းပုံစံ(နှစ်)ခုကို အသုံးပြုခဲ့သည်- အသက်၊ လိင်၊ လူမျိုး၊ နှင့် ဟစ်စပန်းနစ် (Hispanic) နွယ်ဖွားအစရှိသော အခြေခံမေးခွန်းများဖြစ်သည့် "အတိုကောက်ပုံစံ" ၊ လူမှုရေး၊ စီးပွားရေးနှင့် အိမ်ရာ ဝိသေသလက္ခဏာများဆိုင် ရာ အပိုမေးခွန်းများပါရှိသော အခြေခံအတိုကောက် မေးခွန်းများနှင့် "ရှည်လျားသောပုံစံ"။ ၂၀၀၀ ပြည့်နှစ်တွင် ခြောက်ဦးလျှင်တစ်ဦးခန့်က ရှည်လျားသောမေးခွန်းလွှာကို လက်ခံရရှိသည်။ (၂၀၀၀) ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ACS ဖြင့် အစားထိုးခဲ့သည်။

လူများကို မည်သည့်နေရာတွင် ရေတွက်သင့်သည်ကို ဆုံးဖြတ်သည့် သန်းခေါင်စာရင်းစည်းမျဉ်းများ သည် ဧပြီလ(၁)ရက်နေ့တွင် "ပုံမှန်နေထိုင်ခြင်း" (Usual Residence) နိယာမအပေါ် အခြေခံပါသည်။ ACS သည် အချင်းချင်းကြားတွင် လက်ရှိနေထိုင်ခြင်း” (Current Residence) စည်းမျဉ်းကို အသုံးပြု သည်။ လက်ရှိနေထိုင် နေသော(သို့မဟုတ်)နေထိုင်နေသူများကို ကြည့်ရှုရယူပါသည်။ နမူနာအိမ်ရာယူ နစ်သည် ထိုလိပ်စာတွင် (၂)လ ထက်ကျော်လွန်နေထိုင်သရွေ့ ကြည့်ရှုရယူပါသည်။

 

ACS တွင်ပါဝင်သော ခေါင်းစဉ် နှင့် ရရှိနိုင်မည့်အချက်အလက်များ

လူမှုရေးလက္ခဏာများ

·       မျိုးရိုး

·       နိုင်ငံသားအဆင့်အတန်း

·       အလက်အရွယ်အလိုက်မဲဆန္ဒပေးသည့်လူဦးရေ

·       မသန်စွမ်းမှုအခြေအနေ

·       ပညာရေးအောင်မြင်မှု

·       သားဖွားနိုင်မှု

·       အဘိုးအဘွားများက စောင့်ရှောက်မှုပေးနိုင်ခြင်း

·       အိမ်တွင်ပြောသောဘာသာစကား

·       အိမ်ထောင်ရေးသမိုင်း

·       အိမ်ထောင်ရေးအခြေအနေ

·       လွန်ခဲ့သည့် (၁)နှစ်က ရွှေ့ပြောင်း/နေထိုင်ခြင်း 

·       စစ်မှုထမ်းကာလ

·       မွေးရပ်ဒေသ

·       ကျောင်းအပ်နှံမှု

·       ဘွဲ့ကြို/လွန်ဒီကရီ

·       စစ်မှုထမ်းဟောင်းအဆင့်အတန်း 

·       နိုင်ငံတွင်းဝင်ရောက်အခြေချခုနှစ်

စီးပွားရေးလက္ခဏာများ

·       အလုပ်သမားအမျိုးအစား

·       အလုပ်သွားခြင်း

·       အလုပ်အကိုင် အခြေအနေ

·       အစားအသောက်ပံ့ပိုးအကူအညီရရှိမှု/ ဖြည့်စွက်အာဟာရကူညီမှုအစီအစဉ် (SNAP)

·       ကျန်းမာရေးအာမခံ အကျုံးဝင်မှု

·       ဝင်ငွေနှင့် တရားဝင်လုပ်အားဖြင့်ရရှိသော ဝင်ငွေ(earnings)

·       လုပ်ငန်းအမျိုးအစားနှင့်ရာထူးတာဝန်

·       လုပ်ခွင်နေရာဒေသ

·       ဆင်းရဲမွဲတေမှု အခြေအနေ

·       ပြီးခဲ့သောနှစ်က အလုပ်အခြေအနေ

 

အိမ်ယာဆိုင်ရာလက္ခဏာများ 

·       ကွန်ပြူတာနှင့်အင်တာနက်အသုံးပြုမှု 

·       အိမ်အပူလောင်စာ အသုံးပြုမှု 

·       မီးဖိုချောင်သုံးပစ္စည်းများ

·       အိမ်ယာအခန်း နေထိုင်/လစ်လပ် အနေ အထား

·       အခန်းတစ်ခန်းလျှင် နေထိုင်သူဦးရေ

·       ရေပိုက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ

·       ငှားရမ်းမှုအခြေအနေ

·       အခန်းများ/အိပ်ခန်းများ

·       ရွေးချယ်ထားသော လစဉ် ပိုင်ရှင်မှကုန်ကျ စရိတ်များ 

·       တယ်လီဖုန်း ဝန်ဆောင်မှု ရရှိနိုင်မှု 

·       သက်တမ်း (ပိုင်ရှင်/ငှားရမ်းသူ)

·       အဆောက်အဦ ဖွဲ့စည်းပုံယူနစ်များ

·       အိမ်တန်ဖိုး

·       မော်မော်တော်ယဉ် အသုံးပြုနိုင်မှု

·       လက်ရှိနေအိမ်သို့ပြောင်းရွှေ့အခြေချသောခုနှစ်

·       လက်ရှိနေအိမ်ဆောက်လုပ်သောခုနှစ်

လူဦးရေစာရင်း လက္ခဏာများ

·       အသက်အရွယ်နှင့် လိင်

·       အုပ်စု အလိုက်လူဦးရေ

·       Hispanic သို့မဟုတ် Latino မျိုးနွယ် လူဦးရေ 

·       အိမ်ထောင်ဦးစီးသို့တော်စပ်ပုံ

·       စုစုပေါင်း လူဦးရေ

 

Source: https://www.census.gov/content/dam/Census/programs-surveys/acs/about/ ACS_Information_Guide.pdf(”ACS: Information Guide: Page-10)

 

ACS (1) Year, ACS Supplemental (1) Year နှင့် ACS-5 Years ကွာခြားချက်များ

ACS-1 YEAR

ACS-1 YEAR SUPPLEMENTAL*

ACS-5 YEAR

·       (၁၂)လတာကာလအတွင်းစဉ်ဆက်မပြတ်ကောက်ခံသော စစ်တမ်း။

·       လူဦးရေ(၆၅,၀၀၀)နှင့်အထက်ရှိကောက်ကွက်မြို့ဒေသများတွင်ကောက်ခံခြင်း။

·       နမူနာရည်ညွှန်းကောက်ကွက်ပမာဏ အသေးငယ်ဆုံးဖြစ် သည်။

·       (၃)နှစ်(သို့မဟုတ်)(၅)နှစ်ကောက်ခံသည့်စစ်တမ်းထက် အားထားရမှုလျော့နည်းသည်။

·       လက်ရှိပကတိအနီးစပ်ဆုံး အချက်အလက်များပါဝင်သည်။

·       နှစ်စဉ်ထုတ်ပြန်သည်။

·       အချိန်နှင့်တပြေးညီကာလတခု၏အချက်အလက်များကိုအခြေခံသည်။

·       (၁၂)လတာကာလအတွင်းစဉ်ဆက်မပြတ်ကောက်ခံသော စစ်တမ်း။

·       လူဦးရေ(၂၀,၀၀၀)နှင့်အထက်ရှိကောက်ကွက်မြို့ဒေသများတွင်ကောက်ခံခြင်း။

·       နမူနာရည်ညွှန်းကောက်ကွက်ပမာဏ အသေးငယ်ဆုံးဖြစ် သည်။

·       (၃)နှစ်ကောက်ခံသည့်စစ်တမ်းထက် အားထားရမှုလျော့ နည်းသည်။

·       လက်ရှိပကတိအနီးစပ်ဆုံး အချက်အလက်များပါဝင်သည်။

·       နှစ်စဉ်ထုတ်ပြန်သည်။

·      အချိန်နှင့်တပြေးညီကာလတခု၏အချက်အလက်များကိုအခြေခံသည်။

·       (၁၂)လတာကာလအတွင်းစဉ်ဆက်မပြတ်ကောက်ခံသော စစ်တမ်း။

·       မြို့ဒေသအားလုံးတို့တွင်ကောက်ခံခြင်း။

·       နမူနာရည်ညွှန်းကောက်ကွက်ပမာဏ အကြီးဆုံးဖြစ်သည်။

·       အားအထားရဆုံးစစ်တမ်းဖြစ်သည်။

·       (၅)နှစ်တာအချိန်ယူကောက်ခံခြင်းဖြစ်သဖြင့် လက်ရှိ ပကတိအခြေအနေနှင့်ဝေးကွာသည်။

·       နှစ်စဉ်ထုတ်ပြန်သည်။

·      အချိန်တာရှည်ယူစစ်တမ်းကောက်ခြင်းဖြစ်သဖြင့် တိကျ အရေးပါမှုပိုရှိသည်။

       ACS-1 Year (Supplemental) Survey တွင်မြန်မာလူမျိုးစုတို့၏ ကိန်းဂဏန်းအချက်အလက်များကို လူဦးရေအရေအတွက်ဒေသ sampling significance မရှိခြင်းကြောင့် ဖေါ်ပြပါဝင်ခြင်းမရှိပါ။

       Source: https://www.census.gov/content/dam/Census/library/publications/2020/ acs/acs_general_handbook_2020.pdf [“Understanding and Using ACS Data”(2020); Page-16]

 

မှတ်သားဖွယ်ရာ အချက်အလက်အချို့

       နှစ်စဉ် သန်းခေါင်စာရင်းဗျူရိုသည် ACS တွင်ပါဝင်ရန် နိုင်ငံတစ်ဝှမ်းရှိ အိမ်ထောင်စု (၃.၅)သန်း ကျော်ကို ကောက်ခံဆန်းစစ်ပါသည် ACS သည် မတူညီသော ပထဝီဝင်နယ်မြေများ သို့မဟုတ် လူဦးရေအုပ်စုခွဲများရှိ လူဦးရေအရေအတွက်ကို ပံ့ပိုးပေးရန်အတွက်မဟုတ်ဘဲ၊ လူဦးရေ၏ ဝိသေသလက္ခဏာများ ခန့်မှန်းချက် များ ကို ပံ့ပိုးပေးရန် ဒီဇိုင်းထုတ်ထားသည်။

       ACS ကို စာရွက်စာတန်းလျှော့ချရေးအက်ဥပဒေအောက်တွင် Office of the Management and Budget (OMB) ၏တာဝန်မှာ ဒေတာ၏လက်တွေ့ အသုံးဝင်မှုကို သရုပ်ပြပြီး၊ ပြန်ကြားသူ (Respondents)ပေါ်ကျ ရောက်နိုင်မည့်၀န်ထုပ်ဝန်ပိုး မည်သည့်နည်းကိုမဆိုရှောင်ရှားလျှော့ချရန် မေးခွန်းအသစ်များ ဖန်တီးရန် တာဝန်ရှိသည်။

       စစ်တမ်းကိုတောင်းဆိုမှုသည် သီးခြားလူများထံစာမပို့ဘဲ ပေးပို့တောင်းခံခြင်းမဟုတ်ဘဲ၊ "လိပ်စာ" သို့ပေးပို့ တောင်းခံခြင်းဖြစ်သည်။ သန်းခေါင်စာရင်းဗျူရိုသည် ACS တွင် ထည့်သွင်းမည့် ကျပန်း (Random)လိပ်စာ များကို ရွေးချယ်သည်။ လိပ်စာတစ်ခုစီတွင် ပေးထားသောနှစ်တွင် လိပ်စာ(၄၀)ခုတိုင်းအတွက် (၁)ခုနှုန်းဖြင့် ရွေးချယ်ခံရရန် အခွင့်အရေးရှိပါသည်။ သို့်သော်လည်း(၅)နှစ်လျှင် လိပ်စာတခုသည်တစ်ကြိမ်ထက်ပို၍ ရွေး ချယ်ပြန်ကြားရန်အကြောင်းကြားစာ ရရန်မရှိပါ။ လစဉ် သန်းခေါင်စာရင်းဗျူရိုသည် အမေရိကန်ပြည် ထောင်စုတစ်ဝှမ်းရှိ ခန့်မှန်းခြေလိပ်စာ (၂၉၅,၀၀၀)သို့ ကနဦးမေးခွန်းလွှာများကို ပေးပို့သည်။

       သန်းခေါင်စာရင်းဗျူရို၏ data.census.gov ရှိ ဒေတာပရိုဖိုင် (Data Profiles) များတွင်၊ လူမှုရေး၊ စီးပွား ရေး၊ အိမ်ရာ၊ နှင့် လူဦးရေစာရင်း အချက်အလက်များသည် အတွေ့အကြုံမရှိသေးသူများ အတွက် အထူး သင့်လျော်ပါသည်။

       သန်းခေါင်စာရင်းဗျူရိုသည် (၂၀၀၈)ခုနှစ်မှစတင်၍ ACS ၏ (၃) နှစ်ခန့်မှန်းချက်များကိုလည်း ထုတ်လုပ်ခဲ့ သော်လည်း၊ အဆိုပါစီးရီးကို (၂၀၁၅)ခုနှစ်တွင် ရပ်ဆိုင်း ခဲ့သည်။ သို့သော် နိုင်ငံအတွင်း ရှိလူ့အဖွဲ့အစည်း တိုင်းသည် ၎င်း၏လူမှုရေး၊ စီးပွားရေး၊ အိမ်ရာနှင့် လူဦးရေပုံသဏ္ဍာန်များ၏ အသေးစိတ်စာရင်း အင်းပုံတူ ကို ဆက်လက်လက်ခံရရှိမည်ဖြစ်သည်။ ACS (၁)နှစ်နှင့် (၅)နှစ် ဒေတာများတွင်ယင်းအချက်အလက်များ ကိုဆက်လက်ဖေါ်ပြနေပါသည်။

       ACS ခန့်မှန်းချက်သည် ဧရိယာနှင့် လက္ခဏာအများစုအတွက် ယခင်နှစ်ဆယ်စုနှစ် သန်းခေါင်စာ ရင်းနမူနာ ဒေတာမှရရှိသော ကိန်းဂဏန်းများနှင့် ဆင်တူကြောင်း ၎င်းတို့က ဆုံးဖြတ်ခဲ့သည်။

       2010 သန်းခေါင်စာရင်းနှင့် 2020 သန်းခေါင်စာရင်းများသည် အတိုကောက်သန်းခေါင်စာရင်းများ သာဖြစ်ပြီး ယခင်သန်းခေါင်စာရင်းများမှ ရရှိနိုင်သောအသေး စိတ်လူမှုရေး၊ စီးပွားရေးနှင့် အိမ်ရာ အချက်အလက်များ အားလုံးကို မထည့်သွင်းထားပေ။ သို့သော် ဒေတာအသုံးပြုသူတွေအနေနဲ့ ACS ခန့်မှန်းချက် များနှင့် ဤသန်း ခေါင်စာရင်းများမှ အသက်၊လိင်၊ လူမျိုး၊ နွယ်ဖွား၊ အိမ်ထောင်စုဆက် ဆံရေးနှင့် အိမ်ပိုင်ရှင်အဆင့်အတန်း များ၊ စသောအခြေခံကျသည့်ချက်အလက်များကို ထိရောက် အကျိုးပြုသောနှိုင်းယှဉ်လေ့လာမှုများ ပြုလုပ် နိုင်ပါသည်။

       အကျဉ်းချုပ်ဖိုင် (Summary File) နှင့်အတူ၊ အသေးစိတ်ဇယားများ (Detailed Tables)သည် အလုံးစုံလွှမ်း ခြုံဖေါ်ပြပေးသော ACS ဇယားများ အတွက် အကောင်းဆုံးအရင်းအမြစ်များဖြစ် သည်။

       ACS ကို ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အကျုံးဝင်ပါသည်။ အမေရိကန်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးအပြီး သုံးနှစ်အကြာတွင် စာရင်းကောက်ခြင်းနှင့် ဥပဒေအရ ညွှန်ကြားပေးသည့်ပုံစံအတိုင်း၊ ဆယ်နှစ်ကြာသည့်နောက်ဆက်တွဲ သက်တမ်းတိုင်းအတွင်း စာရင်း ကောက်ယူခြင်းကို ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။” ဤဖွဲ့စည်းပုံ အခြေ ခံဥပဒေဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကွန်ဂရက်လွှတ်တော်သည် ဆယ်စုနှစ် သန်းခေါင်စာရင်း ကောက် ယူမှုတစ်ခုစီအတွက် သီးခြားဥပဒေများကို အတည်ပြုခဲ့ပြီး စုဆောင်းရမည့် အချက်အလက်များကို သတ် မှတ်ခဲ့သည်။ (၁၉၅၄) ခုနှစ်တွင် ကွန်ဂရက်လွှတ်တော် သည် အစောပိုင်းသန်းခေါင်စာရင်းဆိုင်ရာ လုပ် ဆောင်ချက်များနှင့် နှစ်နှစ်ဆယ်ကျော်သန်းခေါင်စာရင်းကို ခေါင်းစဉ် [13၊ U.S. Code] အဖြစ် တရားဝင် ခွင့်ပြုပေးသည့် အခြားဥပဒေများအားလုံးကို အတည်ပြုခဲ့သည်။ ပထမအကြိမ် သန်းခေါင်စာရင်း ကောက် ယူမှုမှ စ၍ ကွန်ဂရက်လွှတ်တော်သည် headcount တစ်ခုတည်းထက် အချက် အလက်ပိုမိုစုဆောင်းမှုကို ရှာဖွေခဲ့သည်။ 

       ACS ဒေတာအပေါ်အခြေခံသည့် နှိုင်းယှဉ်မှုများအတွက်၊ ကိန်းဂဏန်းအချက်အလက်စစ်ဆေးမှုကို အသုံး ပြုခြင်းအားဖြင့် ခန့်မှန်းချက်တစ်ခုစီနှင့်ဆက်စပ်သော နမူနာအမှားကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါ သည်။ ယင်းအဖြစ်ကိုနည်းပါးရှောင်ရှာနိုင်ရန်အတွက် "Statistical Significance" ကိုလေ့လာ ကြရန်လို အပ်ပါသည်။ ဒေတာအသုံးပြုသူများသည် သန်းခေါင်စာရင်းဗျူရို၏ data.census.gov ဝက်ဘ်ဆိုဒ်မှ ACS ဒေတာကို ဒေါင်းလုဒ်လုပ်ပြီး ခန့်မှန်းချက်နှင့် Margin of Error (MOE) ကို စာရင်းဇယားရှိ မှန်ကန်သော ကော်လံများနှင့် ဆဲလ်များတွင် ထည့်သွင်းရန် လိုအပ်သည်။ ရလဒ်များကိုအလိုအလျောက်တွက်ချက်သည်။ ရလဒ် "Yes" သည် ခန့်မှန်းချက် များသည် စာရင်းအင်းအရ ကွဲပြားသည်ကို ညွှန်ပြပြီး ရလဒ် "No" သည် ခန့်မှန်း ချက်များသည် စာရင်းအင်းအရ ကွဲပြားခြင်းမရှိကြောင်း ဖော်ပြသည်။

       Statistical Testing tool download ရယူနိုင်သော website နေရာ -

https://www.census.gov/programs-surveys/acs/guidance/statistical-testing-tool.html



(နောက်လများတွင် ဤ ACS ကြီးမှဖေါ်ပြထားသော မြန်မာလူမျိုးစုတို့၏ စိတ်ဝင်စားဘွယ်ပိုမိုကောင်းမွန်ပြီး အသေးစိပ်အခြေအနေများကို သရုပ်ဖေါ်ပုံများဖြင့် နားလည်လွယ်အောင်ဖေါ်ပြသွားရန်စီစဉ်သွားပါမည်။)