Friday, April 16, 2021

ပေါက်ကွဲမှုသံစဉ်မျာကြားမှ..အံတုမှုတွေ

 ဒီကနေ့မြန်မာနိုင်ငံဖြစ်စဉ်က ခက်တော့ခက်ပါတယ်။ ပြည်တွင်းကလူထုတစ်ရပ်လုံးရဲ့ (အထူးသဖြင့်) ရဲဝံ့သတ္တိနဲ့ ဖြတ်ထိုးညဏ်တွေ၊ စည်းလုံညီညာမှုတွေကတော့ မလေးစားဘဲမနေနိုင်ပါဘူး။ ဦးလည်းအ ကြိမ်ကြိမ်ညွှတ်မိပါတယ်။ သေကြသူတွေ၊ အပြစ်မဲ့ခံစားကြရသူတွေကြားထဲမှာ ပျံ့လွင့်နေကြတဲ့ပုံရိပ် တွေဟာ အတားအဆီးမရှိ ကမ္ဘာတ၀ှမ်းပြန့်နှံလို့နေပြီလေ။ စစ်တပ်ရဲ့ အထိန်းအကွပ်မဲ့တဲ့ လူသတ်၊ လုယက်၊ ဖျက်ဆီး၊ စတဲ့တရားမဲ့မှုတွေဟာ “ဥပဒေနဲ့အညီ”ဆိုတဲ့ သူတို့တတွေအရှက်မရှိမျက်နှာ ပြောင်တိုက် ကတိစကားတွေကို ပြောင်လှောင်သရော်နေကြပါပြီ။ မောင်မိုးညိုတို့လိုအဝေးရောက်နေ ကြသူတွေလည်း၊ စိတ်ရောလူတွေပါ သောကနဲ့ ပရိဒေ၀တောက်လောက်နေကြရချိန်တွေပါ။

အချိန်တိုင်းသေဆုံးကြသူ၊ ဘ၀အနာဂါတ်ပျောက်ကြသူတွေဟာ၊ အနာဂါတ်ရှိကြသူ (တနည်း) မိသား စုတွေရဲ့ မီးရှူးတန်ဆောင်တွေလေ။ နှယ်နှယ်ရရတွေမှမဟုတ်တာ။ အရွယ်မရောက်ကြသူတွေ တောင် ချမ်းသာမပေးနိုင်လောက်အောင်အညှိုးကြီးကြီးနဲ့ ရက်စက်ပြနိုင်ကြတာ ကမ္ဘာကသြချနေကြရပါပြီ။ မြန်မာ့အာဏာသိမ်းသမိုင်းစဉ်မှာလက်နက်အားကိုးပြီး၊ ကိုယ်ထင်ရာကိုယ်စိုင်းခဲ့တဲ့ စစ်တပ်ဟာ သူ့ရဲ့ သရုပ်မှန်ကို ဒီ Spring Revolution မှာကမ္ဘာကြီးကိုဖွင့်ချပြလိုက်တာနဲ့တူသွားပါပြီ။ အင်တာနက်နဲ့ မီဒီယာ/လူမှုကွန်ယက်ကင်းခဲ့တဲ့ကာလတွေက စစ်တပ်ရဲ့ရက်စက်မှုတွေကို၊ ဒီတကြိမ်မှာတော့ မြန်မာ ပြည်သူတွေကောင်းကောင်ကြီးသိသွားတာနဲ့အမျှ၊ အသက်ရှိနေသရွေ့ “ကမ္ဘာမကြေဘူးဟေ့”ဆိုတဲ့ ရင်ထဲက ကြုံးဝါးသံတွေနဲ့အတူ မြန်မာပြည်သူသန်း(၅၀)ကျော်ကို ကောင်းကောင်းကြီးလှုပ်နှိုးလိုက်နိုင် ပါပြီ။ GenZလို့ ခေါ်တဲ့လူငယ်တွေရဲ့ စိတ်ဓါတ်နဲ့ရဲရင်မှုကိုလျှော့တွက်ခဲ့တဲ့ စစ်တပ်ဟာသူတို့ရဲ့ထိုးစစ်ကို ခံစစ် နဲ့ခုခံနေကြရတဲ့ဘ၀မှာရောက်နေပါပြီ။ လက်နက်ရှိရင်ဘာမဆိုဖြစ်တယ် ဆိုတဲ့ဓါတ်ပြားဟောင်း ကြီးဟာ စစ်တပ်ရဲ့ တခုတည်းသောအားကိုးဘွယ်ရာဆိုတာယုံမှားသံသယဖြစ်စရာမရှိတော့ပါဘူး။

ခုလမှာတော့ လူမှုကွန်ယက်အကြားကျယ်ကျယ်လောင်လောင်ထွက်နေပြီဖြစ်တဲ့ လူထုအံတုမှု တိုက် စစ်တွေကိုလေ့လာစုဆောင်းပြီး၊ တင်ပြပေးလိုက်ပါတယ်။

(က) Awareness campaigns ဟာ အလွန်အရေးကြီးပါတယ်။ မိမိတို့နေထိုင်ရာဒေသမြို့တွေမှာနေ ထိုင်ကြတဲ့လူမျိုးခြားတွေဟာ စူးစမ်းတတ်ကြသူတွေဖြစ်တဲ့အတွက်၊ ကိုယ်နိုင်ငံရဲ့ဖြစ်စဉ်အတွင်း သရုပ်မှန်တွေကို ခွဲခြားပြကြရပါမယ်။

·      စစ်တပ်ကနိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီညွတ်ခြင်းအလျင်းမရှိတဲ့ ၂၀၀၈ အခြေခံဥပဒေကို အသေဖက်တွယ်ထားရပါတယ်။ ဘာကြောင့်လဲ၊ ရှင်းပါတယ်။ အာဏာသိမ်းခွင့်ကို တရားဝင် ပေးထားပါတယ်။ ဒါပေမဲ့ မဲမရိုးသားမှုဟာ နိုင်ငံတော်ပြိုပျက်ရေးနဲ့ဘာမှမဆိုင်ပါဘူး။ အာဏာ မသိမ်းခင်က တစ်နိုင်ငံလုံးကသာယာအေးချမ်းနေတာကမ္ဘာသိ။ အဲ့ဒီအချက်တခုထဲနဲ့ အာဏာ သိမ်းတာဟာ အခြေခံဥပဒေ (သူတို့ရေးထားတဲ့) ကိုဖေါက်ဖျက်တာကိုသက်သေထူလိုက်ပါ တယ်။

·      လွှတ်တော်တွေခေါ်ပြီး အာဏာသိမ်းတဲ့ကိစ္စတင်ပြရမယ်။ မသိချင်ယောင်ဆောင်ပြီးအဲ့ဒီကိစ္စ မှောင်ချထားတယ်။ ဒါကကျူးလွန်မှုဒုတိယအချက်။ ပြောတော့အာဏာထိမ်းတယ် ပြောပြီး၊ ရွေးကောက်ပွဲကော်မရှင်ကအစရတရားလွှတ်တော်ချုပ်တရားသူကြီးတွေ၊ ဖွဲ့စည်းပုံခုံရုံးတွေကို သူတို့သြဇာခံ တွေနဲ့လူချင်းလဲပြီး၊ မဲခိုးတဲ့လန်ကြုပ်ဇာတ်လမ်းဆင်တာတွေဟာ စစ်တပ်ရဲ့ဖုံးဖိ မရတဲ့ အထိန်း အကွပ်မဲ့နေတဲ့အခြေအနေကိုပြညွှန်းနေပါတယ်။ ဒါကတတိယအချက်။

·      အာဏာမသိမ်းခင်ကငြိမ်းချမ်းသာယာလှတဲ့မြန်မာနိုင်ငံကြီးက၊ ခုချိန် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်ပြီး၊ စစ်တပ်ကတိုင်းပြည်အတွက်လုပ်တာဆိုလို့ ခတောင်းကျိုက်ရှာတာတောင် ယောင် လို့မှမတွေ့ရတဲ့အချက်က အကြီးဆုံးအပြစ်။ တပ်ချုပ်ဆိုသူမင်းအောင်လှိုင်လုပ်ရပ်ဟာ ဘယ် စခန်းသွားနေလဲဆိုတာကြည့်ရင်၊ သူသာလျင် ပြည်ထောင်စုပြိုကွဲရေးကို ဒိုင်ခံလုပ်သူဆို တာ လယ်ပြင်မှာဆင်သွားသလိုထင်ရှားနေတာကိုတွေ့နိုင်တယ်လို့ ဆိုကြပါတယ်။

·      နောက်တခုက ဗိုလ်မင်းအောင်လှိုင်ရဲ့လုပ်ရပ်ဟာ Crime against humanity မြောက်မ မြောက်ကိစ္စပါ။ မြန်မာ့အရေးလေ့လာသူအားလုံးနဲ့ ကျွမ်းကျင်သူအားလုံးက တညီတညွတ် တည်း (ခြွင်းချက်မရှိ) သုံးသပ်ချက်ကရှင်းပါတယ်။ မင်းအောင်လှိုင်ဟာ Genocide အတွက် တိုက်ရိုက်တာဝန်ရှိတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ပြည်တွင်းရေး သက်သက်မဟုတ်တော့လို့ပါ။ေးသတွင်းပါဂရက်ရိုက်ခတ်မှုနဲ့မတည်ငြိမ်မှူရှိနေပါပြီ။

·      ဒီအချက်တွေကို လူမျိုးခြားတွေသိကြဘို့လိုပါတယ်။

·      ဒီကိစ္စတွေကို မိမိတို့နေထိုင်ရာဒေသမှာရှိတဲ့ constituent အမတ်များ၊ မြို့တော်ဝန်များ၊ လွှတ် တော် နိုင်ငံခြားရေးရာကော်မတီနဲ့လွှတ်တော်အကြီးအကဲတွေကို အသိပေးစာနဲ့အသနား ခံလွှာတွေတင်ပြကြဘို့လိုပါတယ်။

https://www.speaker.gov/contact

https://www.schumer.senate.gov/contact/email-chuck

https://www.mcconnell.senate.gov/public/index.cfm/contact?p=ContactForm

ဆိုင်ရာအမတ်တွေကိုလည်း ဖေါ်ပြထားတဲ့ webpages တွေကနေပို့လို့ရပါတယ်။ ပြောချင်တာ က အမေရိကရောက်မြန်မာတိုင်းလုပ်သင့်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ အမတ်တွေရဲ့ စကားဟာအတော်တာသွားတဲ့နိုင်ငံပါ။ လူမျိုးခြားတွေရဲ့ ထောက်ခံမှုကိုဒီအမတ်တွေလိုလားတဲ့ အတွက်ကြောင့်၊ ကွှန်တော်တို့မြန်မာတွေအတွက်တပန်းသာတာကိုမြင်အောင်ကြည့်ကြပါ။ မြန်မာ့အရေးမှာ ဆန့်ကျင်ဘက်ပါတီတွေသဘောတူညီ မှုရဘို့မခဲယဉ်းပါဘူး။

·      ဖြစ်နိုင်ရင်မြို့အလိုက်ဟောပြောပွဲတွေလုပ်ပါ။ ဆန္ဒပြကြွေးကြော်မှုတွေ ဟာ အလွန်ထိရောက် တဲ့ awareness လက်နက်တွေပါ။ စနစ်တကျဖြစ်ပါစေ။ ဆိုင်ရာတွေမှာ  ကြိုတင်ခွင့်ပြုချက်  ရယူပါ။

·      စာကြည့်တိုက်၊ တက္ကသိုလ်ပရ၀ုဏ်နဲ့ လူအများစည်ကားရာမြို့လယ်နဲ့ဈေးဆိုင်တွေမှာ၊ ကြော်  ငြာ ပိုစတာနဲ့ လက်ကမ်းစာစောင်ဖြန့်ခြင်း၊ စသည်ဆို့ယာ ထိရောက်လှတဲ့ education process တွေမို့ ဒီကိစ္စတွေပေါ်ပေါက်လာနိုင်ပါတယ်။

·      အရေးကြီးတာက မြန်မာ့အရေးကို တာဝန်ယူဆောင်ရွက်ပေးဘို့လွှတ်တော်တွင်းမှာ Caucus တခုပေါ်ပေါက်ရေးကို လူမှုအဖွဲ့တွေက အင်တိုက်အားတိုက်ဆောင်ရွက်ကြဘို့ပါ။ အဲ့ဒီအဖွဲ့မျိုး ဟာ Biden အစိုးရအဖွဲ့ကိုအဓိကဖိအားပေးနိုင်လာမဲ့အဆင့်ရှိနိုင်ပါတယ်။

(ခ) Cutting-off lifeline - ဒီဗျူဟာက ပစ်မှတ်အရှိုက်ကိုတိုက်ရိုက်မဟုတ်တောင်သွယ်ဝိုက်သော နည်းတွေနဲ့ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်လို့ သုံးသပ်ကြသူတွေကဆိုပါတယ်။ 

·      လုပ်ရိုးလုပ်စဉ်ဆိုပေမဲ့ sanctions နဲ့ trade embargo, arms embargo တို့ကို အမေရိက နဲ့ဥရောပက လက်ရှိ အရေးယူဆောင်ရွက်နေပါပြီ။ မြန်မာအမေရိကန်ကွန်မြူနီတီရဲ့ စဉ်ဆက် မပြတ်အသနားခံလွှာတွေက ကောင်းကောင်းကြီးမီးထိုးပေရာရောက်ကြောင်းပါ။

·      အရေးကြီးတာက စစ်တပ်ရဲ့အသက်လမ်းကြောင်းဖြစ်တဲ့ငွေကြေးစီးဆင်းစေတဲ့ အရာမှန်သမျှ ကို ရရာနည်းလမ်းတွေနဲ့ တရစပ်ဖြတ်တောက်နိုင်တဲ့နည်းလမ်းတွေကိုရှာရပါမယ်။ နိုင်ငံတ ကာရောက်စစ်တပ်ရဲ့ အနွယ်ဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသေအခြာစာရင်းပြုစုမှု တွေလုပ်နေကြတာကို ကြားသိရပါတယ်။ ငွေမဲကိုငွေဖြူလုပ်ရာမှာ သမိုင်းနဲ့ချီပြီးတရားမ၀င် လုပ်ရာမှာနံမယ်ကြီးတဲ့စစ်ဗိုလ်ချုပ်တွေနဲ့သူတို့အဆက်အနွယ်တွေရဲ့ အခြေအနေကိုတော့ လျှော့တွက်လို့မရပါဘူး။ 

·      အမေရိကနဲ့နိုင်ငံတကာရောက်မြန်မာ-အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များဟာ စစ်အစိုးရ အဆက်ဆက်နဲ့ပလဲနံပသင့်ဘို့ကြိုးစားလေ့ရှိကြပါတယ်။ အဲ့ဒီပုဂ္ဂိုလ်များအနေနဲ့လည်း မြန်မာ နိုင်ငံတွင်းရှိဆဲစီးပွားရေးလုပ်ငန်းတွေနဲ့၊ နောက်ထပ်သော်၎င်း၊ စီးပွားအခွင့်အလမ်းအသစ်တွေ လုပ်ဘို့ရှိပါက၊ ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်းတွေကို လုပ်ဘို့ ကွန်မြူနီတီက ထဲထဲဝင်ဝင် လှုံ့ဆော်ကြ တာတွေလည်းရှိနေပြီလို့သိရပါတယ်။

·      ထိုနည်းတူစွာဘဲ လူမျိုးခြားတွေရဲ့ မြန်မာနိုင်ငံတွင်းတစီးပွားလုပ်ငန်းငယ်တွေ ဖွင့်ဘို့ကိစ္စမျိုး တွေ ကိုတားဆီးပိတ်ပင်ဘို့လိုလာပါတယ်။ 

·      လက်ရှိစစ်တပ်က ဘဏ်ငွေရေးကြေးရေးလည်ပါတ်မှုမှာကြီးစွာသောအခက်အခဲတွေကြုံနေကြ ရပါတယ်။ ငွေကြေးလည်ပါတ်မှုဟာ နိုင်ငံရဲ့ စီးပွားရေးအသက်သွေးကြောပါ။ Cash-flow ရပ်သွားတာနဲ့အမျှ စီးပွားရေးဆုတ်ယုတ်ကျဆင်းပါမယ်။ Covid-19 ရဲ့ဒါကိုတစ်နှစ်ကျော်ကြာခံ စားကတည်းကမြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အတော်အထိနာနေချိန်၊ ခုတပ်ရဲ့မတရားအာဏာ သိမ်းလိုက်မှုက၊ အခြေအနေကိုပိုဆိုးစေတဲ့အတွက်၊ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ၊ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ (၁၀%) ခန့်ကျုံ့သွားမယ်လို့ခန့်မှန်းပါတယ်။ (၁%) လောက်ကျုံ့ သွားရင်တောင်၊ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးဟာ နလံထူဘို့အတော်ရုန်းရတော့မှာမို့၊ မြန်မာနိုင်ငံ ရဲ့အနာဂါတ်လူနေမှုစနစ်ဟာ မတွေးနိုင်လောက်တဲ့ပျက်စီးမှုတွေရှိနိုင်ကြောင်းလေ့လာသူ တွေက ဟောကိန်းထုတ်ထားပါပြီ။

·      ဗဟိုဘဏ်နဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွေဟာ လက်ရှိအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ စီးပွား တွေကိုသက်ဇိုးရှည်စေရေးဆောင်ရွက်ပေးမဲ့အဓိကအဖွဲ့အစည်းတွေပါ။ ဒီလိုဖြစ်အောင် သူတို့စိတ်ကြိုက်သူတွေနဲ့ချက်ချင်းအစားထိုးခန့်ထားလိုက်တာကိုမြင်အောင်ကြည့်ပြီး၊ မြန်မာ နိုင်ငံတွင်းအစိုးရဘတ်ဂျက်ရံပုံငွေတိုးပွားစေမဲ့ နည်းလမ်းမှန်သမျှကို၊ နိုင်ငံတကာကပိတ်ဆို့ အရေးယူနေကြသလို၊ မြန်မာကွန်မြူနီတီကလည်းလုံးဝရှောင်ရှားကြဘို့လိုပါတယ်။

·      ဒီနေရာမှာ လက်ရှိ CRPH ရဲ့ တားမြစ်စာလွှာတွေကိုသတိပြုကြပါ။ ခုချိန်အစိုးရနဲ့စီးပွားဖြစ်မဲ့ ကိစ္စတွေကိုတိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆောင်ရွက်ကြမယ်ဆိုရင်၊ တနေ့တချိန် မှာ တရားဝင်ဒီမိုကရေစီအစိုးရအသက်ဝင်ခဲ့ရင်၊ မိမိတို့ စီးပွားတွေဆုံးရှုံးနိုင်ဘွယ်ရှိပါတယ်။ အဲ့ဒီ စာလွှာတွေဟာ ခပ်ပေါ့ပေါ့နောင်ခါလာနောင်ခါဈေးလုပ်လို့မရကြောင်း လေ့လာသူတွေက ဆိုထားပါတယ်။

(ဂ) နိုင်ငံတကာရဲ့အကူအညီ

·      ရုရှနဲ့တရုတ်ကြီးတို့ရဲ့ လက်မဲကြီးတွေက မုန်တိုင်းထန်နေတဲ့မြန်မာနိုင်ငံပြည်တွင်းရေးပြဿနာ အတွက် အလွန်ကောင်းတဲ့အသာစီးရယူလွှမ်းမိုးနိုင်မှုရှိနေပါတယ်။ အထူးသဖြင့် အနောက် နိုင်ငံတွေရဲ့ ကျဉ်ဖယ်မှုနဲ့ နိုင်ငံတကာအတော်များများရဲ့ ခပ်ခွာခွာဆက်ဆံရေးတွေကြောင့် အာ ဏာသိမ်းစစ်တပ်နဲ့ လူထုအံတုမှုအတွက် အကူအညီရယူရေးမှာများစွာခက်ခဲနေပါတယ်။

·      ဒါပေမဲ့ အဆိုပါအင်အားကြီး(၂)နိုင်ငံတို့ရဲ့ ကမ္ဘာနဲ့ဒေသတွင်းတည်ငြိမ်မှုကိုများစွာပျက်ပြားနိုင် တယ်ဆိုတာကိုအနောက်နိုင်ငံတွေနဲ့အထူးသဖြင့်အမေရိက ကကောင်းစွာရိပ်စားမိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့စစ်ရေးအရပါသက်လာနိုင်မှုအလားအလာဟာအလွန်နည်းပါသေးတယ်။ အနောက်နိုင်ငံတွေရဲ့လုံခြုံမှုကိုတိုက်ရိုက်ထိခိုက်နိုင်ခြင်းမရှိသေးသရွေ့၊ အနောက်နိုင်ငံတွေ ဆီကအကူအညီဆိုတာဝေးနေပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီအင်အားချိန်ခွင်လျှာကို ပြောင်းလဲ စေနိုင်တဲ့တွန်းအားကိုရောက်တဲ့အချိန်နဲ့၊ မြန်မာကွန်မြူနီတီရဲ့ စဉ်ဆက်မပြတ် ဖိအားပေး တောင်းခံမှုတွေက စစ်တပ်ရဲ့အချက်အခြာများကိုခပ်နာနာထိုးနှက်နိုင်တဲ့ အခြေအနေတွေ ဖန်တီးလာနိုင်တယ်လို့၊ သုံးသပ်သူအချို့ကတွက်ချက် အခါတော်ပေးမှုတွေရှိနေကြောင်းပါ။

·      ဖိအားပေးအသနားခံလွှာများများတင်သွင်းနိုင်လေ လှုပ်ရှားနိုင်မှုအင်အားများလာနိုင်လေ လို့ဆိုကြပါတယ်။ အမေရိကမှ မဟာမိတ်နိုင်ငံများရဲ့အင်အားကိုယူပြီး၊ အိန္ဒိယ၊ တောင်ကိုးရီး ယား၊ ဂျပန်စတဲ့နိုင်ငံတွေကို ဖိအားပေးလာနိုင်လေ အနည်းဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရှိတဲ့ အဲ့ဒီနိုင်ငံတွေ စိုးရိမ်ပူပန်မှုကြောင့် စီးပွားရေးဖြတ်တောက်မှုတွေ အုံနဲ့ကျင်းနဲ့ပေါ်ပေါက်လာမှာ ပါ။

(ဃ) လူမှုရေးဒါဏ်ခတ်သော Social Punishment

·      မှန်မှန်ကန်ကန်လုပ်နိုင်ရင်၊ ထိရောက်ပြီးတရားဝင်တဲ့ဒါဏ်ခတ်အရေးယူမှုအဖြစ် ကောင်း ကောင်းကြီးရနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သိပ်စနစ်မကျသေးပါဘူး။ ငယ်ကျိုးငယ် နာဖေါ်တဲ့အဖြစ်မရောက်စေဘဲ ယဉ်ကျေးညင်သာသော နည်းဗျူဟာ ကိုကျင့်သုံးနိုင်ရင် စည်းရုံးသိမ်းသွင်းနိုင်ပါလိမ့်မယ်။

·      အာဏာသိမ်းစစ်ခေါင်းဆောင်တွေတင်မကဘဲ၊ သူတို့ကိုပံ့ပိုးပေးနေတဲ့အရပ်ဖက်အရာရှိကြီး ငယ်နဲ့စီးပွားရေးလုပ်ငန်းရှင်များရဲ့ သားသမီးများဟာ နိုင်ငံတကာမှာကျောင်းတက်၊ အလုပ် သင်၊ စီးပွားရှာ စသဖြင့် ပျံ့နှံ့နေပါတယ်။ အချို့သောသူတွေဟာ ထူးခွန်အောင်မြင်ကြတာတွေ တွေ့ရပါတယ်။ သူတို့တတွေဟာ လူထုရဲ့ပစ်မှတ်တွေအဖြစ်ရောက်သွားရတာစိတ်မကောင်း ပေမဲ့ မြန်မာပြည်တွင်းမြောက်မြားလှစွာသော အသက်ပေးလိုက်ကြရသူတွေ၊ အနာဂါတ် ပျောက်သွားကြရသူတွေကို၊ ပြန်ပေးဆပ်ဖို့အကြွေးတင်သွားကြပါပြီလို့ မြန်မာလူထုတစ်ရပ် လုံးကတညီတညွတ်တည်း သဘောတူနေကြပါပြီ။

·      မျက်ခြေမပြတ်ဖို့က သူတို့ရဲ့ သူတို့မိဘသားချင်းများဆီ မှားယွင်းတဲ့လုပ်ရပ်တွေကို အမြန်ဆုံး ရပ်ကြဘို့နဲ့ မတရားအာဏာသိမ်းမှုအပါအ၀င် မျိုးစုံသောအကြမ်းဖက်မှုတွေကို လက်လွှတ်ကြ ဘို့ ပြန်တောင်းဆိုပေးကြဘို့က အဓိကဦးတည်ချက်ပါ။

·      အမေရိကအစိုးရအနေနဲ့ အဲ့ဒီအာဏာသိမ်းအဆွယ်အပွားသားသမီးနဲ့ ဆိုင်ရာတွေကို အခွန် ကိစ္စ၊ ဘဏ်ငွေရေးကြေးရေးကအစ၊ မှုခင်းကိစ္စအဆုံးမျက်စေ့ဒေါက်ထောက်ကြည့်ပြီး တင်း ကြပ်တဲ့ စိစစ်မှုတွေလုပ်လာနိုင်တဲ့အစီအမံတွေလည်းဖြစ်အောင်ကြိုးစားနေကြသလို၊ အချို့ ကိစ္စတွေမှာလည်း၊ ဥပဒေကြောင်းဆိုင်ရာနည်းလမ်းတွေခြေလှမ်းလှမ်းဖို့ ဆိုင်ရာတွေကစတင် နေကြပါပြီ။

(င) လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာအကူအညီ နှင့် နိုင်ငံရေးခိုလှုံခွင့်၊ ဒုက္ခသည်ပြောင်းရွှေ့ အခြေချနေထိုင်ခွင့်ဆိုင်ရာအထူးအစီအစဉ်များ အမြန်လမ်းကြောင်းဖေါက်ရေး

·      မြန်မာနိုင်ငံအတွင်း တရိပ်ရိပ်ကျဆင်းနေတဲ့လူမှုစီးပွားရေးအခြေအနေတွေ၊ ငတ်မွတ်ခေါင်းပါး မှုတွေ၊ ထိခိုက်သေဆုံးမှု၊ အလုပ်လက်မဲ့နဲ့အထွေထွေအခက်အခဲများဟာ ဒီရေအလားများလာ ပါပြီ။

·      ပြဿနာက မြန်မာနိုင်ငံမှာ ဘဏ်ငွေကြေးလည်ပါတ်မှုမရှိတော့တဲ့အတွက်၊ ငွေကြေးကြပ် တည်းမှုက အထွတ်အထိပ်ရောက်နေပါတယ်။ ဒါတွေအတွက် လိုအပ်ချက်တွေ မြန်မာနိုင်ငံ အတွင်း တိုက်ရိုက်အမြန်ဆုံးနည်းနဲ့ရောက်ရှိရေးကိစ္စအတွက် နည်းလမ်းတွေအရေးတကြီး ရှာရပါတော့မယ်။

·      လက်ရှိမှာစစ်တပ်နဲ့ရဲဟာ လက်ပါးစေတွေနဲ့အတူ မြို့ရှာရပ်ကွက်ကျေးရွာတိုင်းမှာ ငွေ၊ ပစ္စည်း၊ တွေ သိမ်းပိုက်တာတွေ၊ လူတွေကိုပြန်ပေးဆွဲငွေတောင်းတာတွေ၊ သတ်ဖြတ်မှုတွေအတောမ သတ်နိုင်အောင်ဖြစ်နေပါပြီ။ ဖုံးဖိလို့မရတဲ့ကိစ္စတွေကနေရာတိုင်းမှာဖြစ်နေပါပြီ။ လူထုကို အငြှိုး ကြီးကြီးနဲ့ ကောင်းကောင်းကြီးဒုက္ခပေးနေချိန်ပါ။

·      နယ်စပ်ဖြတ်ကျော်ပြီး ဒုက္ခသည်အဖြစ်ခံယူမှုကိစ္စတွေ၊ နိုင်ငံရေးခိုလှုံမှုကိစ္စတွေကို အထူးအစီ အစဉ်အဖြစ် (special designated asylum and refugee programs) တွေဖေါ်ထုတ်ကြဘို့ တင်ပြဆောင်ရွက်မှုတွေရှိနေပါပြီ။

(စ) စစ်ရေးအကူအညီ (Military intervention)

·      ဒီကိစ္စက မြန်မာပြည်တွင်းသာမက၊ နိုင်ငံတကာရောက်မြန်မာကွန်မြူနီတီထဲမှာ အသံအကျယ် ဆုံးတောင်းဆိုနေတဲ့ကိစ္စတခုဖြစ်နေပါပြီ။ R2P ကဲ့သို့သောတောင်းဆိုမှုတွေကအစ၊ နိုင်ငံတ ကာ (အထူးသဖြင့်) အနောက်အုပ်စုဆီကမျှော်လင်းချက်ကိုတောင်းပေမဲ့လည်း၊ ရနိုင်ခြေ အ လွန်နည်းပါတယ်။ “ဒါပေမဲ့” ဆိုတဲ့ မျှော်လင့်ခြင်းကိုတော့ အားမလျှော့သေးကြတာကတော့ အမြင်သာကြီးပါ။

·      တရားမ၀င်စစ်အာဏာသိမ်းမှုအံတုမှု လူထုတစ်ရပ်လုံးလှုပ်ရှားမှုရဲ့ ပင်မဒေါက်တိုင်ကြီး(၃) ခုဖြစ်တဲ့ လမ်းမပေါ်ထွက်ဆန္ဒပြကြခြင်း၊ Civil Disobedience Movement (CDM) နဲ့ Committee Representing Pyidaungsu Hluttaw (CRPH) တို့အပြင်၊ နောက်တခုအနေနဲ့ စစ်ရေးအရတုံ့ပြန်ရေးအတွက်၊ လူထုကစတင်ဆောင်ရွက်နေတဲ့သတင်းဟာကျယ်ကျယ်ပြန့် ပြန့်ထွက်ပေါ်လာတာကိုမြင်တွေ့နေရပါပြီ။ ဒီစတုတ္ထဒေါက်တိုင်ရဲ့အစွမ်းထိရောက်မှုကိုတော့ စောင့်ကြည့်ရမှာဖြစ်သလို၊ နိုင်ငံတကာက အင်တိုက်အားတိုက်ကူညီကြတာကို အတော မသတ်နိုင်အောင်လေ့လာတွေ့နေရပါတယ်။

တနေ့ထက်တနေ့ ဆိုးရွားလာတဲ့ စစ်အာဏာရှင်များရဲ့ အညှိုးကြီးလှတဲ့ ရက်စက်မှုတွေဟာ တန်ဘိုး ကြီးလှတဲ့အသက်တွေကို တဖြုတ်ဖြုချွေနေသလို၊ အနာဂါတ်ရှိသူတွေလဲ ဘ၀ပျောက်ရတာတွေ မမြင် ချင်မကြားချင်ဆုံးဖြစ်နေပါပြီ။ ဆိုးရွားလှတဲ့ စစ်တပ်ရဲ့ ရက်စက်မှုကို ‘တက်’ခေါက်မျက်ရေကျရသူ ပြည်ပနေမြန်မာတွေရဲ့ ဘ၀ကိုဒီလိုစာစုရဲ့ သရုပ်ဖေါ်မိပါတယ်။

         မိုင်ပေါင်းထောင်သောင်းအဝေးမှာနေကြပေမဲ့လည်း…

         လုံခြုံတဲ့အိမ်မှာနေတယ်..ရင်တထိပ်ထိပ်ဖြစ်ကြရတယ်..

         စားကောင်းခြင်းစားရတယ်…အရသာရှိတယ်မထင်ဘူး..

         အလုပ်လုပ်နေတယ်…အလုပ်ထဲစိတ်မရောက်နိုင်ဘူး…

         မိတ်ဆွေတွေနဲ့ဆုံကြတယ်…သူတို့ပြောတဲ့စကား နားမ၀င်ဘူး…

         မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းဆုံကြတယ်…မပျော်နိုင်ဘူး…

         Netflix ကြည့်တယ်..စစ်မြေပြင်စစ်ပွဲတွေ့ရင်…ကိုယ့်နိုင်ငံကိုသွားမြင်ယောင်တယ်…

         ညအိပ်တယ်…အိပ်မက်ဆိုးတွေမက်တယ်…

အာမခံချက်ရှိတဲ့ဘ၀ရောက်တယ်… နေ့စဉ်အသက်ပေးနေကြတဲ့ မြန်မာပြည်ကတန်ဘိုး ရှိတဲ့ကလေးတွေကိုမြင်ယောင်မျက်ရေကျရတယ်…

Facebook ကိုဘိန်းစွဲသလိုစွဲကြည့်နေရပြီ… ဖုံးလေးတွေပွတ်ရင်းမျက်ရေဖြေမဆည်းနိုင်တဲ့ 

ငါတို့…ဘ၀….

ဘယ်မှာလဲ… လောကပါလဆိုတာ?????