Sunday, April 07, 2013

အမေရိကား တ၀ှမ်းနေထိုင်ကြသော မြန်မာလူမျိုး တိုင်းရင်းသားပေါင်းစုံ (၁၀၀၂၀၁) ဦးရှိပြီ



ပြီးခဲသော (၂၀၁၁) အောက်တိုဘာလကုန်ပိုင်းက အမေရိကနိုင်ငံ အဓိကရ လူဦးရေသန်းခေါင်စာရင်းဌာနကြီး (Census Bureau) ၏နောက်ဆုံးပိတ်စာရင်းချုပ်ထုတ်ပြန်ချက်များက အမေရိကားနိုင်ငံတ၀ှမ်းနေထိုင်ကြသော လူမျိုးပေါင်းစုံတို့တွင် အပါအ၀င်ဖြစ်သော မြန်မာလူမျိုးတိုင်းရင်းသားပေါင်းစုံတို့၏လူဦးရေစစ်တမ်းစာရင်းကို စတင်တွေမြင်ကြရပြီဖြစ်ပါသည်။ (၂၁)ရာစု၏ပထမဦးဆုံးသော လူဥိးရေစစ်တမ်းဖြစ်သကဲ့သို့ ယခင်ဆယ်စုနှစ်များနှင့်မတူ စာရင်းကောက်ယူမှုပုံစံမျိုးကိုတမူပြောင်းလဲ၍ ကောက်ခံခဲ့ခြင်းဖြစ်သည်ဟုဆိုကြပါသည်။ အမေရိကားနိုင်ငံကဲ့သို့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခုပင်ဖြစ်လင့်ကစား၊ သန်းခေါင်စာရင်းကိန်းဂဏန်း၏ အရေးပါမှုကား လွန်စွာအရေးကြီးလှပေသည်။ လူ့နေထိုင်မှုဝန်းကျင်၏ ဖြစ်ပေါ်ပြောင်းလဲမှု မျိုးစုံကို ရောင်ပြန်ဟပ်ရာတွင်၊ သန်းခေါင်စားရင်းနှင့် ၎င်းနှင့်ဆက်နွယ်သောအချက်အလက်ကိန်းဂဏန်းများက လူမှုစီးပွားရေးတွင်သာမက နိုင်ငံရေးရေစီးကြောင်း၏အရေးပါသော ကဏ္ဍတွင်ပါဝင်လေသည်။
အမေရိကားရောက် မြန်မာလူမျိုးပေါင်းတို့အတွက် အရေးပါလှသော ဤလူဦးရေကိန်းဂဏန်းထုတ်ပြန်ချက် လေ့လာကြသူအားလုံးလိုလိုက ခန်းမှန်းထားသော စုစုပေါင်းလူဦးရေထက်သိသိသာသာနည်းပါးနေကြောင်း သတိထားမိကြပါသည်။ သို့သော် ထုတ်ပြန်ထားသောကိန်းဂဏန်းများပေါ်မူတည်လျက် အဓိပ္ပါယ်ဖွင့်ဆိုကြရာတွင် မူကွဲရှိကြသလို၊ ဤကိန်းဂဏန်းများ၏အရေးပါမှုကို အတော်များများက သတိမထားကြောင်း တွေ့ရှိရသည်။ အချို့ကလည်း မြန်မာလူမျိုးအားလုံးအတွက် သိပ်အရေးမပါလှကြောင်းအဓိပ္ပါယ်ဖွင့်ဆိုကြသူတွေရှိပါသည်။ သေချာလှသော အကျိုးသက်ရောက်မှုတခုကား မြန်မာလူမျိုးတိုင်းရင်းသားပေါင်းစုံတို့ အတွက်တိုက်ရိုက်အထောက်အကူပြုသော အစိုးရနှင့်ပုဂ္ဂလိက အထောက်အကူပြုလုပ်ငန်းများဖြစ်သော ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းပံ့ပိုး ကူညီမှုဆိုင်ရာ ကိစ္စများသာမက၊ community based အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ယဉ်ကျေးမှု၊ အသိပညာပေးကိစ္စများတွင် များစွာကျောထောက်နောက်ခံပြုသည်ကိုကားငြင်းဘွယ်ရာမရှိနိုင်ပါ။
ဤဆောင်းပါးတွင်ပါဝင်သောကိန်းဂဏန်းတို့ကို အောက်ဖေါ်ပြပါ internet link တွင်အသေးစိပ်တွေ့ရှိနိုင်ပါသည်။
ဖေါ်ပြလတ္တံ့သောကိန်းဂဏန်းများကို Census 2010 ၏ American Fact Finder Summary File I နှင့် ၂၀၁၀ ခုနှစ် သန်းခေါင်းစာရင်းကာလအတွင်းကောက်ခံခဲ့သော American Community Survey 2010 (ACS 2010) တို့မှထုတ်နှုတ်ဖေါ်ပြထားပါသည်။ ယင်းစစ်တမ်းနှစ်ခု၏အဓိကကွာခြားချက်ကား 2010 Census က နိုင်ငံတ၀ှမ်းလှည်းနေလှေအောင်းမကျန် လူဦးရေစစ်တမ်းကောက်ခံခဲ့ခြင်းဖြစ်ပြီး၊ ACS 2010 ကား လူဦးရေ(၆၅၀၀၀)အထက်ရှိသောဒေသ/ရပ်ကွက်/မြိုးများတွင်နေထိုင်ကြသောအိမ်ထောင်စုအချို့ကိုသာ ရွေးချယ်၊ ကောက်ခံခဲ့ခြင်းဖြစ်သည်ဆိုသည်ကိုနားလည်ထားကြဘို့လိုပါသည်။ ထို့အပြင် Department of Health & Human Services နှင့် State Department တို့၏အစီအမံများဖြင့် မြန်မာနိုင်ငံသို့ပြောင်းရွှေခိုလှုံလာ ကြသူများစားရင်းကို နိုင်းယှဉ်သိသာနိုင်ရန်အလို့ငှာထဲ့သွင်းထားပါသည်။


အကြောင်းအရာ
လူဦးရေ (သို့) ရာခိုင်နှုန်း
CENSUS 2010 DATA FROM AMERICA FACT FINDER (TABLE CODE QT-P8/P35D & P1)
အမေရိကားတ၀ှမ်းနေထိုင်သော လူဦးရေစုစုပေါင်း
၃၁၂၄၇၁၃၂၇
အာရှနိုင်ငံသားလူမျိုးပေါင်းစုံ
(စုစုပေါင်းပေါ်တွင် အာရှသား%)
၃၄၂၃၈၇၉
(၁၀.၉၆%)
မြန်မာလူမျိုးတိုင်းရင်းသားပေါင်စုံနှင့်အခြားမြန်မာလူမျိုးအားလုံး
(စုစုပေါင်းပေါ်တွင် မြန်မာ%)
(စုစုပေါင်းအာရှနိုင်ငံလူဦးရေစုစုပေါင်းပေါ်တွင် မြန်မာ%)
၁၀၀၂၀၁
(၀.၃၂%)
(၂.၉၃%)
CENSUS 2000 ကောက်ခံရရှသောမြန်မာလူဦးရေစုစုပေါင်း
၁၈၃၈၆
CENSUS 1980 ကောက်ခံရရှသောမြန်မာလူဦးရေစုစုပေါင်း
၃၇၉၁
၂၀၀၆ ခုနှစ်အတွင်းနယ်စပ်ဒေသများနှင့် ပြည်ပနိုင်ငံအသီးသီးများမှ ပြောင်းရွှေ ခိုလှုံလာသူ မြန်မာလူမျိုးတိုင်းရင်းသားပေါင်စုံဦးရေ
၁၃၂၃
၂၀၀၇/၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များအတွင်းနယ်စပ်ဒေသများနှင့် ပြည်ပနိုင်ငံအသီးသီးများမှ ပြောင်းရွှေ ခိုလှုံလာသူ မြန်မာလူမျိုးတိုင်းရင်းသားပေါင်စုံဦးရေ
၁၇၇၆
၁၂၈၅၂
၁၁၂၇၈
မြန်မာတိုင်းရင်းသားပေါင်းစုံအများဆုံးနေထိုင်သောပြည်နယ် (၄)ခု
(မြန်မာလူဦးရေအနဲဆုံး ၇၀၀၀ မှ ၁၇၀၀၀ အထိ ခန့်နေထိုင်သောပြည်နယ်များ)

၇၈၆၈ဦးIndiana; ၁၀၄၅၁ဦးTexas;
၁၂၁၇၄ဦးNew York ၁၇၉၇၈ဦးCalifornia
မြန်မာတိုင်းရင်းသားပေါင်းစုံ အနည်းဆုံး နေထိုင်သောပြည်နယ်
၁၀ဦး Wyoming
မြန်မာတိုင်းရင်းသားပေါင်းစုံ အများဆုံး နေထိုင်သောပြည်နယ်
၁၇၉၇၈ California
မြန်မာတိုင်းရင်းသားပြောင်းခိုသူဦးရေ(၂၈၃ ဦး) ရှိသည်ဟု IowaState ကတရားဝင်ထုတ်ပြန်ထားသော်လည်း၊ Des Moinesမြို့ Census 2010 တွင် မြန်မာလူဦးရေစုစုပေါင်း
(သုည)
အဓိကမြို့ကြီးများရှိ လူဦးရေစုစုပေါင်း -
·         Phoenix (AZ)
·         Sacramento (CA)
·         Daly City (CA)
·         San Francisco (CA)
·         Los Angeles County (CA)
·         San Diego (CA)
·         Bakersfield
·         Atlanta (GA)
·         Honolulu (HI)
·         Indianapolis (IN)
·         Fort Wayne (IN)
·         Des Moines (IA)
·         Las Vegas (NV)
·         New York City (NY)
·         Dallas (TX)
·         Portland (OR)
·         Washington DC (MD)

၂၁၈၄
၇၁
၂၀၂၃
၁၅၇၉
၅၂၅၄
၈၂၄
၂၉၄
၁၉
၁၉၅
၃၆၂၂
၃၈၁၉
၅၈
၄၁၃၂
၂၁၂၇
၇၄၇
၁၃၄
AMERICAN COMMUNITY SURVEY 2010 (ACS2010) [TABLE CODE# S0201)
မြန်မာလူဦးရေ လွှမ်းခြုံမှု
၈၂၂၀၀
ကျား/မ ဦးရေ
၅၀/၅၀
အသက်အရွယ်လိုက် မြန်မာလူဦးရေ - (ရာခိုင်နှုန်း%)
·         ၅ နှစ်အောက်
·         ၅ - ၁၇ နှစ်
·         ၁၈ - ၆၄ နှစ်
·         ၆၅ နှင့် အထက်

၁.၅%
၁၁%
၇၇%
၁၀.၅%
အိမ်ထောင်စုအသွင်ဖြင့်နေထိုင်သော လူဦးရေစုစုပေါင်း
၈၁၅၈၆
အိမ်ထောင်စုဦးရေ % (household)
၅၇.၆%
သားသမီးဦးရေ %
၁၇.၃%
အခြား ဆွေမျိုးသားချင်း % (other relatives)
၁၈.၁%
အမျိုး မတော် စပ်သော အတူနေ % (non-relatives)
၆.၉%
အိမ်ထောင်မပြုဘဲ အတူနေကြသော စုံတွဲ % (unmarried couples)
၁.၁%
အိမ်ထောင်စုပေါင်း (household)
၂၈၀၈၅
မိသားစုအသွင်ဖြင့်နေထိုင်သော မိသားစု% (families)
၈၃.၄%
အိမ်ထောင်စုဝင် ပျမ်းမျှ ဦးရေ
၃.၈၄
မိသားစုဝင် ပျမ်းမျှ ဦးရေ
၎.၁၈
အိမ်ထောင်ရှိဦးရေ % (married)
၆၃.၃%
တခုလပ်ဦးရေ % (widowed)
၎.၈%
အိမ်ထောင်ပြတ်စဲ ဦးရေ % (divorced)
၃.၄%
အိမ်ထောင်ကွဲ ဦးရေ % (separated)
၂%
အိမ်ထောင်လုံးဝမပြုဘူးသူ ဦးရေ % (never married)
၂၇.၃%
အသက်(၃) နှစ် နှင့် အထက် ကျောင်းစာရင်းသွင်းထားသူ ဦးရေ စုစုပေါင်း
၁၇၂၆၅
မူကြိုအပါအ၀င် အခြေခံပညာ (၁၂) တန်းအထိကျောင်းတက်သူဦးရေ%
၆၃.၈%
တက္ကသိုလ် အပါအ၀င် ဘွဲ့လွန်တက်ရောက်နေဆဲ ဦးရေ %
၃၆.၂%
အသက် (၂၅) နှင့် အထက်အရွယ်တွင် ပညာအရည်အချင်း အခြေအနေ -
·         အခြေခံပညာအဆင့် မအောင်မြင်သော %
·         အခြေခံပညာအဆင့် (၁၀-၁၂ တန်း) အထိသာပြီးစီးသူ %
·         အခြားအသက်မွေးဝမ်းကျောင်းကောလိပ် (သို့) AA/IA တန်း ပြီး%
·         Bachelor တက္ကသိုလ် (၄) နှစ်ဘွဲ့ရရှိပြီး %
·         ဘွဲ့လွန် (သို့) မဟာဘွဲ့ (သို့) ပါရဂူဘွဲ့ ပြီး %

၃၆.၆%
၁၅.၆%
၁၄.၃%
၂၃.၆%
၉.၈%
အသက်(၁၈) နှစအောက် မြေးများထိန်းကျောင်းပေးရသော အဖိုးအဖွား % (မြေးများနှင့်အတူနေသော အဖိုးအးဖွာ ၇% ထဲမှ)
၂၁.၆%
အသက် ၆၅ နှစ် နှင့် အထက် SSI/disabilityခံစားခွင့် နှင့်နေထိုင်သော ဦးရေ %
၃၄.၁%
လွန်ခဲ့သော တနှစ်တာအတွင်းလက်ရှိနေထိုင်ရာ အိမ်တွင်ဆက်လက်နေထိုင်သူ%
၇၆.၆%
လွန်ခဲ့သော တနှစ်တာအတွင်းလက်ရှိနေထိုင်ရာ အိမ်တွင် ဆက်လက်နေထိုင်ခြင်းမပြုတော့သူ%
၁၅.၉%
လွန်ခဲ့သော တနှစ်တာအတွင်းလက်ရှိနေထိုင်ရာ အမေရိကားနိုင်ငံမှ အပြီးအပိုင်ပြောင်းရွှေ့သွားသူ%
၇.၅%
အမေရိကားနိုင်ငံပြင်ပ (မြန်မာနိုင်ငံအပါအ၀င်) အခြားနိုင်ငံများမှမွေးဖွားပြီး အမေရိကားသို့ရောက်ရှိအခြေချနေထိုင်ကြသူ ဦးရေ စုစုပေါင်း
၈၂၂၀၀
အမေရိကားနိုင်ငံသားအဖြစ်ခံယူပြီးသူ ဦးရေစုစုပေါင်း
၃၁၆၉၉
အမေရိကားနိုင်ငံအတွင်း (၁၉၉၀) မတိုင်မှီက ပြောင်းရွှေ့အခြေချသူဦးရေ %
၂၂.၃%
အမေရိကားနိုင်ငံအတွင်း (၁၉၉၀ မှ ၁၉၉၉) က ပြောင်းရွှေ့အခြေချသူဦးရေ %
၁၆.၄%
အမေရိကားနိုင်ငံအတွင်း (၂၀၀၀) ခုနှစ်နောက်ပိုင်း ပြောင်းရွှေ့အခြေချသူဦးရေ %
၆၁.၃%
အမေရိကန်ပြော အင်္ဂလိပ်ဘာသာတမျိုးတည်းကိုသာပြောဆိုအသုံးပြုသော မြန်မာဦးရေ%
၇.၄%
အမေရိကန်ပြော အင်္ဂလိပ်စကားလုံးဝမပြောဆိုသော မြန်မာဦးရေ%
၉၂.၆%
ထိုအမေရိကန်ပြော အင်္ဂလိပ်စကားလုံးဝမပြောဆိုသော်လည်း မြန်မာဦးရေထဲမှ ရံဖန်ရံခါ အနဲငယ်သုံးစွဲပြောဆိုသူဦးရေ %
၇၀.၈%
ဝင်ငွေရသော အလုပ်လုပ်ကိုင်၍အသက်မွေးဝမ်းကျောင်းသူဦးရေ %
၆၃.၁%
အလုပ်လက်မဲ့ %
၆.၃%
ကိုယ်ပိုင် (သို့) carpool ယာဉ်တမျိုးမျိုးနှင့်အလုက်တက်ဆင်းလုပ်သူ ဦးရေ %
(ကိုယ်ပိုင်ယာဉ်ဖြင့်အလုပ်တက်ဆင်းသူ ၅၈.၄% အပါအ၀င်)
၈၀.၆%
လမ်းလျှောက်သွားသူ %
၅.၁%
Bus ဖြင့်အလုပ်တက်ဆင်းသူ %
၁၃.၂%
အိမ်မှအလုပ်လုပ်သူ %
၁ %
စီမံခန့်ခွဲရေး/အုပ်ချုပ်မှု/စီးပွားရေး/သိပ္ပံ နှင့်နည်းပညာအဆင့်မြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ %
၂၈.၈%
အထောက်ကူပြု လုပ်ငန်း services လုပ်ကိုင်သူ %
၂၂.၇%
သက်မှုလက်မှု၊ ပြုပြင်ထိန်းသိမ်းရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်သူ%
၂.၇%
လမ်းပမ်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေး %
၂၃.၇%
ရုံးလုပ်ငန်း နှင့် အရောင်စအ၀ယ်လုပ်ငန်း
၂၂%
စီမံခန့်ခွဲရေး/အုပ်ချုပ်မှု/စီးပွားရေး/သိပ္ပံ နှင့်နည်းပညာအဆင့်မြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (အမျိုးသား/အမျိုးသမီး အချိုး)
ဝ.၄/၀.၆
(၂၄% / ၃၆%)
ပုဂ္ဂလိကလုပ်ငန်းတွင် လစာဖြင့်လုပ်ကိုင်သူ %
၈၄.၁%
အစိုးရ၀မ်းထမ်း %
၁၂.၃%
ကိုယ်ပိုင်စီးပွားရေးသက်မွေးဝမ်းကျောင်းသူဦးရေ %
၃.၇%
ပျမ်းမျှ အိမ်ထောင်စုဝင်ငွေ (တနှစ်)(ဒေါ်လာဖြင့်)
၄၅၁၇၅
ပျမ်းမျှ မိသားစုဝင်ငွေ (တနှစ်) (ဒေါ်လာဖြင့်)
၄၈၆၃၅
Social security ၀င်ငွေဖြင့်ရပ်တည်သူ  (SSI အပါအ၀င်) %
၂၁%
ပုဂ္ဂလိက 401k အပါအ၀င်ပင်စင်ဖြင့်နေထိုင်သူ %
၅.၇%
Food stamp/SNAP/public assistance ဖြင့်နေထိုင်သူ %
၃၇.၃%
ပျမ်းမျှ အမျိုးသား/အမျိုးသမီးဝင်ငွေ အချိုး (ဒေါ်လာဖြင့်) (တနှစ်)
၄၇၈၂၀ / ၆၆၃၂၂
ပုဂ္ဂလိက ကျန်းမာရေးအာမခံစနစ် လက်ဝယ်ရှိသူ %
၄၅.၄%
အစိုးရ ကျန်းမာရေးအာမခံစနစ် လက်ဝယ်ရှိသူ %
၃၇.၉%
ယင်းကျန်းမာရေးအာမခံစနစ်(၂)မျိုးလုံး လုံးဝမရှိသူ %
၂၁.၆%
ကိုယ်ပိုင်အိမ်နှင့်နေထိုင်နိုင်သူဦးရေ %
၄၆.၇%
အိမ်ငှားရမ်းနေထိုင်ရသူဦးရေ %
၅၃.၃%

ဤစာရင်းချုပ် ကအမေရိကားနိုင်ငံတ၀ှမ်းနေထိုင်ကြသော မြန်မာလူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံတို့၏ ဘ၀ကိုသရုပ်ဖေါ်နေသကဲ့သို့၊ အဓိပ္ပါယ်များစွာဖေါ်ဆောင်ပေးနေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ စာဖတ်သူများအနေဖြင့် ပိုမိုသိလိုသော၊ စူးစမ်းလိုသော စိတ်ဖြစ်လာပါက ဤသတင်းစာအယ်ဒီတာမှတဆင့် စာရေးသူထံ ဆက်သွယ်နိုင်သလို၊ သက်ဆိုင်ရာ အစိုးရဌာနများသို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် မိမိတို့၏ဆင်းသက်ပေါက်ဖွားရာ လူမျိုးတို့၏သွင်ပြင်စရိုက်ကို မျက်ကွယ်ပြု၍မရသလို၊ မိမိတို့၏ဘိုးဘွားစဉ်ဆက်ပေါက်ဖွားလာခဲ့သော လူမျိုး၊နိုင်ငံ၊ ယဉ်ကျေးမှုဓလေ့ထုံးစံဆိုသည်တို့ကို မမေ့စကောင်းသောအရာတခုအဖြစ်မှတ်ယူကြပါကုန်ဟူ၍။

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာ - နိုင်ဝင်ဘာထုတ် "မန္တလေးရတနာပုံနေပြည်တော် သတင်းစာ" တွင်ဖေါ်ပြထားပြီးဖြစ်)
 

No comments:

Post a Comment