Wednesday, March 27, 2019

ဆိုရှယ်လစ်ဇင် သမိုင်းတစ်ပါတ်လည်တော့မည်လော

အမေရိကပြည်ထောင်စုလို ကမ္ဘာ့အထင်ကရ ဒီမိုကရေစီနိုင်ငံကြီးမှာ တောင်လက်ရှိသမ္မတထရမ့် စတက် ကတည်းက အဖြူလူတန်းစားလူနည်းစု ကောင်းစားကြီးစိုးရေးကို ဗြောင်ကျကျ ပြောဆို  ကြွေးကြော် ကြတာတွေ ထူပြောလာတဲ့နောက်၊ ခေတ်အဆက်ဆက် အနင်းပြားခံ လူများစု လူဆင်းရဲတွေ၊ သာမာန် လူတန်းစားတွေ မခံမရပ်နိုင်ဖြစ်တဲ့ခေတ်ကို ရောက်မှန်း မသိရောက်ကြ ရပြန်ပါပြီ။
“ဆိုရှယ်လစ်”ဆိုတဲ့ စကားလုံးနဲ့ ဘ၀ပျက်ခဲ့ကြတဲ့၊ ကျွန်တော်တို့မြန်မာများက၊ ဒီ “ဆိုရှယ်လစ်ဇင်” ဆိုတဲ့အသံကိုကြားတာနဲ့ အနာပေါ်ဒုတ်ကျတဲ့ ခံစားမှုတွေရှိမှန်းမသိရှိလာကြပုံရပါတယ်။ ဆိုရှယ်လစ်စနစ် ဟာ မြန်မာနိုင်ငံမှာ သွားလေသူမြန်မာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း တို့ နိုင်ငံရေးလောကထဲမ၀င်ခင် တက္ကသိုလ်ကောလိပ်ကျောင်းသားခေတ်မှာအတော် ခေတ်စားတဲ့ ၀ါဒတခုဖြစ်ခဲ့ပုံရပါတယ်။ ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးတဲ့ သခင်သိန်းဖေတို့ လက်ထက်မှာတော့ ကွန်မြူနစ်ပါတီ ထူထောင်နိုင်ခဲ့ရာမှာ ကိုအောင်ဆန်းဟာ ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့ပါ တယ်။ ဒါပေမဲ့သက်ဇိုးမရှည်တဲ့ အဲ့ဒီပါတီ ဟာ အလုပ်သမားကွန်ဂရက်၊ ဆိုရှယ်လစ်ပါတီတို့က အစားနေရာယူပြီးနိုင်ငံရေးစင်မြင့်ကိုရောက်ခဲ့ပါတယ်။ ဒါက ဂျပန်နဲ့ ဗြိတိသျှနယ်ချဲ့သူတို့ကို မတွန်း လှန်ခင်ဖြစ်ပြီး၊ ဖက်ဆစ်ဆန်ုကျင်ရေးကနေအသွင်ကူးပြောင်းတဲ့ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေးပါတီ (ဖဆပလ) ဟာ အမြို့မြို့အနယ်နယ်မှာလျှို့ဝှက်စွာ မှိုလိုပေါက်အောင်ဖွဲ့ နိုင်လောက်တဲ့ နိုင်ငံရေးအင်အားစုကြီး ဖြစ်သွားပါတယ်။ ဒါလွတ်လပ်ရေးမရမှီနဲ့ ရပြီးတိုင်အောင်၊ နိုင်ငံရေးခြေကုပ်ရခဲ့တဲ့ နိုင်ငံရေးတွန်းအားကြီးတခုပါ။ ဒီအစဉ်အဆက်သော နိုင်ငံရေးအင်အားစု အဖွဲ့အစည်းအသီးသီးတို့ဟာ ခေတ်ရေးစီးကြောင်းနိုင်ငံရေးအလှည့်အပြောင်းတွေမှာ၊ အသွင်မျိုးစုံ  ပြောင်းခဲ့ပေမဲ့၊ ခေါင်းဆောင်အများစုရဲ့နိုင်ငံရေးအာသီသဟာ “ဒိုးတူဘောင်ဖက် အများကောင်းစား  ရေး” ၀ါဒဟာ အတွင်းကျကျကိန်းအောင်းခဲ့ပုံရပါတယ်။ ပြည်ပစွက်ဖက်ရန်ကို တွန်းလှန်ဘို့ “၀ံသာနု”စိတ်ဓါတ်တွေမွေးမြူအားပေးချိန်မှာ၊ နိုင်ငံထူထောင်ရေး ကိစ္စတွေအတွက် အများကောင်းစား ရေးဝါဒဖြစ်တဲ့ ဆှိုရှယ်လစ်ဇင် ကိုတော့ ရင်ထဲကတေးထားခဲ့ကြတဲ့ စိတ်ဓါတ်တွေ အဖြစ်နဲ့ရှိခဲ့ပုံ ရကြပါတယ်။ အရင်းရှင်စနစ်ကနေ အများပြည်သူတစ်ရပ်လုံးကောင်းစားရေးဝါဒကို ထူထောင်နိုင်ရေး၊ တစ်ခုတည်းသောနိုင်ငံရေး ထွက်ရပ်လမ်းဟာ ဆိုရှယ်လစ်ဇင် လို့ ဆိုပြီးအဲ့ဒီအချိန်အခါ ကာလက နိုင်ငံတကာ နိုင်ငံရေးအလှည့်အပြောင်းကာလမှာ ရေပန်းစားတဲ့ ၀ါဒတခုအဖြစ်ရှိခဲ့တာအမှန်ပါဘဲ။ (၁၉၆၂) တော်လှန်ရေးကောင်စီတက်လာပြီး ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရလက်ထက်မှာ၊ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလအတူလက်တွဲခဲ့တဲ့ရောင်းရင်းတောတွင်းရောက် နိုင်ငံရေးရဲဘက်ဟောင်းတွေကို လက်တွဲခေါ်ဘို့ကြိုးစားပေမဲ့လည်း၊ ပုဂ္ဂိုလ်ရေးအာဃာတတွေကြောင့်မအောင်မြင်ဘဲ၊ နောက်ဆုံး ဆိုရှယ်လစ်လမ်းစဉ်ကိုမြန်မာ့နည်းမြန်မာ့ဟန်နဲ့ချီတက်မယ်ဆိုတဲ့ကြွေးကြော်ချက်နဲ့ မြန်မာ့အနာဂါတ်  ရေးကို ပုံဖေါ်ခဲ့ပါတယ်။ အာဏာမှာဆယ်စုနှစ်နှစ်ခုကျော်လောက်ကိုင်ခွင့်ရရှိ တာနဲ့အမျှ၊ နောက်လိုက်အချို့ရဲ့အကျင့်ပျက်ချစားမှု၊ ပုဂ္ဂိုလ်ရေးအာဏာဆောက်တည်မှုတွေကြောင့်၊ တချိန်က အာရှရဲ့ဆန်အိုး လို့ နံမယ်ကြီးပြီး စီးပွားရေးဗိုလ်စွဲခဲ့တဲ့ မြန်မာနိုင်ငံမှာ (၁၉၈၀)အလွန်မှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ဒေ၀ါလီခံခဲ့ရပြီး၊ နိုင်ငံချွတ်ခြုံကျခဲ့တဲ့ကာလပေါ့။ ပြောရရင်တော့ မယုံနိုင်စရာဆိုတဲ့အတိုင်း မြန်မာ့အနာဂါတ်ကို မျှော်လင့်ချက်ကုန်ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များဟာ ရတဲ့နည်းနဲ့ နိုင်ငံကခွာကြတာ၊ ဒီကနေ့ခေတ်တိုင်အောင် ပါဘဲ။ 
ဆိုတော့..မြန်မာမြေကခွာကြတဲ့မြန်မာများရော၊ ပြည်တွင်းကျန်ခဲ့တဲ့ မြန်မာတွေဟာ ဆိုရှယ်လစ်ဇင် လို့ဆိုလိုက်တာနဲ့ တီကောင်ကိုဆားနဲ့တို့လိုက်သလို၊ ခါးခါးသီးသီးရွံမုန်းကြတာမဆန်းပါဘူး။ ကိုယ်တင်မက ကိုယ်ကပေါက်ဖွားလာတဲ့ သားစဉ်မြေးဆက်တွေ ခါးဆီးခံခဲ့ကြရတဲ့ဒါဏ်က မသေးဘဲ ကိုး။ မုန်းမယ်ဆိုမုန်းစရာဖြစ်နေသလို၊ မကြားချင်မမြင်ချင်တဲ့ ဝေါဟာရတွေထဲ ဆိုရှယ်လစ်ဇင် ဟာ တခုအပါအ၀င်ပေါ့။ အခုတခါ လက်တဆုပ်စာလူနပ် ချမ်းသာတွေကြီးစိုးလာပြီး၊ မိမိလူမျိုးကြီးဝါဒ၊ မိမိလူနည်းစုကောင်းစားရေးဝါဒ၊ လူးမျိုးစုငယ်၊ ပြောင်းရွှေ့အခြေချသူ immigrants တွေအပေါ် မုန်းတီးစိတ်စတာတွေဦးမော့လာတဲ့ Supremacy ၀ါဒခေါင်းထောင်လာချိန်မှာ၊ လူများစုကိုအရေး စိုက်ဦးစားပေးတဲ့ အများကောင်းစားရေးဝါဒ (တနည်း) ဆိုရှယ်လစ်ဇင်ဟာ စိတ်ကူးယဉ်စရာ ထွက်ရပ်ဖြစ်မှန်းမသိဖြစ်လာပါပြီ။ အထင်ကရ နိုင်ငံရေးပရောဟိတ်များရဲ့တွက်ချက်မှု  တွေအရ ဆိုရှယ်လစ်ဇင်စနစ် သမိုင်းတပါတ်ပြန်လည်အုံးမယ်ဆိုတဲ့ ဟောကိန်းတွေ  ပေါ်ပေါက် လာပါပြီ။ 
ဒီဖြစ်စဉ်ပြောင်းလဲမှုတွေကိုလေ့လာကြည့်ရအောင်ပါ။
ကျွန်တော်တို့မြန်မာတွေတွေ့ကြုံခဲ့ကြရတဲ့ ဆိုရှယ်လစ်ဇင်ဖြစ်တဲ့ “မြန်မာဆိုရှယ်လစ်လမ်းစဉ်”ဟာ စတင်ထူထောင်စဉ်က မြန်မာ့နည်းမြန်မာ့ဟန်လို့ ကြွေးကြော်ခဲ့တဲ့အတွက် စကတည်းက အထီးကျန် လမ်းစဉ်ကြီးဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်။ ခေတ်ပြိုင်ကမ္ဘာ့ ဆိုရှယ်လစ်လောကသားတွေရဲ့ အမေ့လျော့ခံ  စနစ်ကြီးဖြစ်ခဲ့သလို၊ ကမ္ဘာ့ နိုင်ငံရေးဇတ်ခုံမှာ နေရာမဲ့ခဲ့တဲ့အဖြစ်ကိုရောက်ခဲ့ရပါတယ်။ တိုတိုပြောရရင် အများကောင်းစားရေး၊ သာတူညီမျှရေးစတဲ့ကြွေးကြော်ချက်တွေနဲ့ လူထုကိုဦးဆောင်ခဲ့တဲ့သူ တစုသာလျှင် အခွင့်အရေးတွေခဲစားခဲ့ကြရပါတယ်။အများကရသင့်တဲ့အသီးအပွင့် အကျိုးအမြတ်  တွေကို ၀ါဒကိုင်စွဲသူလူတစုလက်ထဲကိုဘဲပြန်ရောက်သွားပါတယ်။ဥပမာပေးရရင် သမ၀ါယမ စနစ်တို့၊ အစိုးရစက်မှုဝန်ကြီးဌာနကဖွင့်တဲ့ “မေတ္တာမွန်”၊ “ပဒုမ္မာပြခန်း”စသည်တို့ဟာ အခွင့်ထူးခံသူ တစုကသာခံစားခွင့်ရခဲ့ကြတဲ့ အခွင့်အရေးတွေမဟုတ်လား။ ဒီအဖြစ်အပျက်တွေရဲ့ အနိဌာရုံ အကြောင်းရင်းခံကိုကြည့်ရရင်မြစ်ဖျားခံရာ အကြောင်းချင်းရာတွေများစွာထဲက၊ အဓိက အကြောင်းရင်း ခံ (၂) ခုကတော့-
(က) နိုင်ငံရေးအာဏာကိုကြာရှည်စွာဆုပ်ကိုင်ထားခြင်း၊
(ခ) လူထုအများစုခံစားစံစားခွင့်အသီးအပွင့်များကို ဖေါ်ထုတ်ပေးဘို့ တာဝန်ရှိတဲ့အစိုးရက အဲ့ဒီအသီးအပွင့်တွေဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးစားဝတ်နေရေးဖူလုံစေမဲ့ယန္တရားကြီးမှာ ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲခြင်းဆိုတဲ့ - မဟာအမှားကြီးတွေကိုကျူးလွန်ခဲ့ကြလို့ လို့ ယျေဘူယ 
ကောက်ချက်ယူလို့ရပါတယ်။ အဲ့ဒီအတွက်ကြောင့် ဆိုရှယ်လစ်အသီးအပွင့်တွေကို အများလူထုက ရရှိခံစားခွင့်မရဘဲ၊ အများကောင်းစားရေး၊ သာတူညီမျှရေးစသည်တို့ကိုကြွေးကြော် တဲ့အစိုးရလက်တဆုပ်စာ လူတန်းစားကသာ ခံစားခွင့်ရခဲ့ကြပါတယ်။ အဲ့ဒီရဲ့ဆိုးကြိုးဟာ ဒီကနေ့ကျွန်တော်တို့မြန်မာတွေ ပြည်တွင်းရော၊ ပြည်ပမှာ ကျောကော့အောင်ခံစားနေကြရတာ အထင်အရှားပါ။ 
နိုင်ငံချွတ်ခြုံကျပြီး လူထုတစ်ရပ်လုံးရဲ့ ဘ၀အဆင့်ကျဆင်းခြင်းမကကျဆင်းနေရတဲ့ အဖြစ်တွေကို ပြန်ကယ်တင်နိုင်ရေး အတွက် (၁၉၈၈) အရေးအခင်းကြီးပြီးနောက်၊ တပ်ကအာဏာလွှဲပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာချိန်မှာ၊ နိုင်ငံတကာရောက် (ပညာတတ်နဲ့စီးပွားရေး လုပ်ငန်းရှင်များအပါအ၀င်) မြန်မာများကိုဖိတ်ခေါ်ခဲ့ပေမဲ့ လောက်လောက်လားလားပြည်တော် ပြန်ကြတာတွေ မတွေရသလို၊ စီးပွားရေးကိုနှိုးဆွပေးမဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၊ မြန်မာနိုင်ငံထဲ သိပ်မ၀င်ခဲ့ပါဘူး။ ဖြစ်နိုင် စရာအကြောင်းချင်းရာများစွာရှိတဲ့အထဲမှာ၊အဓိကအကြောင်းအရာကတော့၊ မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာတိုင်းရင်းသား ပြည်ပရောက်များကိုတိုင်က ၊ ကိုယ့်နိုင်ငံရဲ့ မတည်ငြိမ်သေး တဲ့ နိုင်ငံရေးဂ ယက် တွေရဲ့ အန္တရာယ်ကို ကြောက်ပြီး ယုံကြည်မှုခေါင်းပါးနေသေးတာကြောင့်ပါဘဲ။ပြည်ပရောက်ပြီး ကိုယ့်ရဲ့တည်ငြိမ်နေတဲ့ လူမှုဘ၀ကိုဘေးချိတ်ပြီး၊ ပြည်တွင်းပြန်ဘို့ ဆိုတဲ့အချက်ကို မစွန့်စားရဲကြသေး. တာ ထင်ရှားနေပါတယ်။ တဖက်ကလည်း ပြည်တွင်းရေခင်းမြေခင်း နိုင်ငံစီးပွား  ရေးက သိပ်ပြီး ပျူငှာတဲ့ လက်ကမ်းကြိုမှု ကင်းမဲ့နေသေး တာကြောင့်လည်းပါပါလိမ့် မယ်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများဖြစ်တဲ့ အမေရိကနဲ့ ဥရောပတို့မှာ ဆိုရှယ်လစ်ဇင်လို့အမည်မတတ်သော်လည်း၊ ဆိုရယ်လစ်ဇင်ရဲ့သဘောတရားကိုတိုက်ရိုက်ရောင်ပြန်ဟပ်နေတဲ့လူထုကိုအထောက်အကူပြုနေတဲ့ အစိုးရတွေရဲ့ လက်ရှိ services တွေကိုကြည့်ကြရအောင်။
ဥပမာ- public transportation, postal services, federal reserve, federal deposit incorporation, taxing and levies policies, health insurance protection, public school, social services, land preservation and urbanization, strategic freeway system, public safety, law enforcement, jury duties စသည်တို့ဟာများစွာသော လူထုကိုတိုက်ရိုက်အကျိုးပြု တဲ့လုပ်ငန်းဆောင်တာတွေပါ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာရော ဒီservices တွေမရှိဘူးလားလို့မေးရင်၊ သိပ်ရှိသပေါ့လို့ဆိုနိုင်ပါတယ်။ ဒီလိုရှိပြီးဘာ့ကြောင့် ကမ္ဘာ့ခေတ်နောက်ကိုကျနေရသလဲဆိုတဲ့အချက်ကြီးတခုရှိပါတယ်။ အဲ့ဒီအချက် ကတော့ ဒီလိုတိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ အထောက်ဖေါ်ပြတဲ့ အစိုးရယန္တရားလုပ်ငန်းစဉ်တွေ ကိုအစိုးရကပုံဖေါ်ထားပေမဲ့အဲ့ဒီယန္တရားတွေမှာ ကိုယ်တိုင်ဝင်မချယ်လှယ်ပါဘူး။ ခန့်ထားသူကြီးကြပ် သူအဆင့်ဆင့်က မိမိတို့ လုပ်ရည်ကိုင်ရည်နဲ့ သီးခြားလွတ်လပ်စွာစီမံခန့်ခွဲအုပ်ချုပ်ခွင့်အပြည့် အ၀ ရှိနေကြခြင်းပါဘဲ။ Independent charges တွေရှိနေလို့ပါဘဲ။ငါကတော့အစိုးရအကြီးအကဲဖြစ်လို့ ကွင်းဆင်းစစ်ဆေးတာတို့၊ ၀င်ချယ်လှယ်တာတို့အလျင်းမရှိပါဘူး။ ဆိုရယ်လစ်ဇင်လို့ခေါ်နိုင်တဲ့ ဒီယန္တရားတွေကိုလည်ပါတ်စေနိုင်လေ လူထုဘ၀လုံခြုံဖူလုံလေပါဘဲ။ လူထုကပေးသွင်းရတဲ့အခွန်ကို လူထုလက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်စေနိုင်အောင်ဖန်တီးထားတာပါဘဲ။
ကျွန်တော်တို့မြန်မာတွေသိနားလည်တဲ့ ဆိုရှယ်လစ်ဇင်ဟာ စီမံခန့်ခွဲသူလူတစုကနှစ်ရှည်လများစွာ ၀င်ရောက်ချယ်လှယ်ကြတဲ့အတွက်၊ ပေါ်ထွက်လာတဲ့အသီးအပွင့်တွေကို အဲ့ဒီစီမံသူတွေ ကဘဲ  မောင်ပိုင်စီးသွားကြတာပါဘဲ။
အုပ်ချုပ်သူလူတန်းစားက ၀င်ရောက်ချယ်လှယ်ခြင်းအလျင်းကင်းတဲ့ public services ဖွံ့ဖြိုးပေါ်ထွက် လာရေးနဲ့ အဲ့ဒီအဆောက်အအုံခိုင်ခံ့ကြီးမားလာရေးဟာ ကျွန်တော်တို့ သိနားလည်တဲ့ ဆိုရှယ်လစ်ဇင် နဲ့ ပကတိဆန့်ကျင်တဲ့ ကောင်းမွန်သန့်စင်တဲ့ ခေတ်သစ် ဆိုရှယ်လစ်ဇင်ဖြစ်ပါကြောင်း ရှင်းလင်းတင် ပြအပ်ပါတယ်။.    ။

Friday, March 01, 2019

ဘယ်ဆရာဝန် နဲ့ ပြရပါ့ .....?

အမေရိက နဲ့ ကမ္ဘာ့နိုင်ငံ တနံတလျားမှာ ရောက်နေကြတဲ့ မြန်မာတွေတင်မကပါဘူး၊ ပြည်တွင်း မှာနေထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာတွေမှာ ပြုပြင်ရခက်ခဲလှတဲ့ အရိုးစွဲနေတဲ့ အကျင့် တခုကတော့ နေထိုင်မကောင်းဖြစ်ရင် ဘယ်ဆရာဝန်နဲ့ပြရပါ့ ဆိုတဲ့ကိစ္စကြီးတခုပါဘဲ။ ပြောရင်လွယ်သလောက် အဖြေရှာရ ခက်ခဲလှတဲ့ အကျင့်ဆိုးကြီးတခုပါ။ ဒအီ ကျင့်မြစ်ဖြားခံရာအရပ်ကိုနောက်ကြောင်း ပြန်လိုက်ရင် ဒီအကျင့်ကြီးကိုအရိုးစွဲကြရတာကိုလည်း အဆိုးဆိုလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တတ်ကျွမ်းတဲ့ဆရာဝန်တွေရှားပါးခဲ့တဲ့ခေတ်ကစရလိမ့်မယ်လို့ ဆိုရပါမယ်။ ဆရာဝန်ရှားပါးတော့ ဆရာဝန်ရှိတဲ့နေရာကို ခရီးခြေဆန့်သွားရှာကြရပါတယ်။ တခါ ကိုယ်ပြမဲ့ဆရာဝန်က ကိုယ့်ရောဂါကို နိုင်နိုင်နင်းနင်းကျွမ်းကျွမ်းကျင်ကျင် အဖြေရှာ ကုသနိုင်ပါ့မလားဆိုတဲ့ ကိစ္စက နောက်ဆက်တွဲပြဿနာ တခုပါ။ ရွေးစရာဆရာဝန် မရှိဘူးဘဲဆိုပါတော့၊ ကုသဘို့အတွက်ကုန်ကျစရိတ်ဆိုတဲ့ ကြီးမားတဲ့ မဟာ ကိစ္စကြီးတခုက လူနာနဲ့ ဆိုင်ရာမိသားစုတွေပခုန်းပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်ပါတယ်။
ဆေးကုသခံပြီးအလုံးစုံကိစ္စအ၀၀ ပြီးမြောက်သွားနိုင်မဲ့ ခရီးကြမ်းကြီးမှာ ရှာရမဲ့ဆရာဝန်၊ ကုန်ကျရမဲ့ စရိတ်၊ ပျောက်ကင်းနိုင်မဲ့ အတိုင်းအတာ၊ ဘယ်မိသားစုဝင်နဲ့မိတ်ဆွေ သဂ်ဟက ဘာတာဝန်တွေ ယူကြပါလိမ့်ဆိုတာတွေတန်းစီရောက်လာကြလေ့ရှိပါတယ်။ ဒီကိစ္စတွေက ငြင်းလို့မရ၊ တားလို့မရတဲ့ ကိစ္စတွေပါ။ ခုလို မြန်မာနိုင်ငံမှာအထူးကုတွေ မှိုလိုပေါက် လာတဲ့အချိန်ရောက်ပြန်တော့ ဘယ် ပါမောက္ခနဲ့ ရွေးကုရပါ့ ဆိုတဲ့ မဟာတာဝန်ကြီးတခုကတိုးလာပြန်ပါတယ်။ ဆရာဝန်ရှားပါးတဲ့အချိန်၊ ရှားပါးတဲ့ဒေသ ကျပြန်တော့ တမျိုး၊ ဆရာဝန်ပေါများပြီးအထူးကုတွေ၊ သမားတော်တွေ၊ ခွဲစိပ်ဘက် ဆိုင်ရာတွေပေါလာတဲ့အချိန်၊ နေရာဒေသရောက်ပြန်တော့လည်း၊ ရွေချယ်ကုသမှုခံယူဘို့ကလည်း လွယ်လွယ်ကူကူကိစ္စတခု အဖြစ်မရောက်သေးပါဘူး။ အရွေးမှားလို့ အတိမ်းအစောင်းရှိခဲ့ရင် အကြံပေး သူကဒုက္ခရောက်အုံးမှာလေ။ အဝေဖန်အကဲ့ရဲ့ခံရအုံးမှာမို့လား။ ကုသမှုပိုင်းဆိုင်ရာအထိန်းအကွပ် လို့ခေါ်တဲ့ Therapeutic Guidelines တွေကလည်းမြန်မာနိုင်ငံမှာမယ်မယ်ရရပြစရာမရှိသလို၊Professional Ethics လို့ခေါ်တဲ့ Medical Ethics တွေကလည်း ဥပဒေစာအုပ်တွေထဲကမထွက်သေး ပါဘူး။ ဆိုရရင်တော့ ကိုယ့်ရောဂါနဲ့ကိုယ်၊ ကိုယ့်စိတ်ကြိုက်ဆရာဝန်နဲ့ကုတာမို့ ကိုယ်ဖြစ်ရင်ကိုယ်သာခံ ဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအ၀န်းအ၀ိုက်ထဲက မွေးဖွားကြီးပြင်းလာကြသူ ပြည်ပရောက် အခြေချ မြန်မာတွေရဲ့နောက်ကြောင်းခံတွေပါဘဲ။ ခုဆိုခဲ့တဲ့သမိုင်းနောက်ကြောင်းခံတွေဟာ ကျွန်တော်တို့မြန်မာအားလုံးကို လမ်းမှားပေါ်တွန်းပေးမှန်းမသိတွန်းပေးနေတဲ့ ဖြစ်ရပ်မှန်တွေပါ။ မြန်မာ့မြေကထွက်ခွာလို့ အမေရိကအပါအ၀င် ပြည်ပနိုင်ငံအသီးသီးရောက်ကြတဲ့ ကျွန်တော်တို့ တတွေဟာ ဆိုခဲ့တဲ့ အတတိကအရိပ်လွှမ်းမိုးမှုတွေ ကို ကိုယ်ပြောင်းရွှေ့အခြေချတဲ့ နိုင်ငံတွေကို၊ မပါပါအောင် အရောက်သယ်ယူလာကြပုံပေါက်ပါတယ်။
အမေရိကအပါအ၀င် ဖွံ့ဖြိုးနေပါပြီဆိုတဲ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးကြတဲ့ ကျန်းမာရေးလွှမ်းခြုံမှု စနစ်က အဲ့ဒီကိုယ်စိတ်ကြိုက်ခေါင်းခေါက်ယူကုသမှုခံယူတဲ့စနစ်နဲ့ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တဲ့ ကုသမှုစနစ်ပေါ်မှာ အခြေခံနေပါတယ်။ ဒါဟာ တိုးတက်တဲ့အနောက်နိုင်ငံတွေမှာသာမက
page1image37447040
မြန်မာ့အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေမှာလည်း၊ အနောက်နိုင်ငံတွေနဲ့အလားသဏ္ဍာန်တူတဲ့ ကုသမှု စနစ်ကိုကျင့်သုံးကြပါတယ်။
အဲ့ဒါဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ ဆိုခဲ့တဲ့ 
therapeutic နဲ့ ethical errors လို့ခေါ်တဲ့တမင်တကာ ဖန်တီးတာဘဲပြောပြော၊ မတော်တဆဖြစ်တာဘဲဆိုဆို၊ အဲ့ဒီမှားယွင်းမှုတွေကိုနဲနိုင်သမျှ နဲပါးအောင် ဆိုတဲ့ရည်ရွယ်ရင်း အကြောင်းကြောင့်ပါဘဲ။ အဲ့ဒီကိစ္စတွေကိုချွန်းအုပ်ထားတဲ့ ဥပဒေပြုကန့်သတ်ချက် ကြီး()ခုကိုကြည့်ကြရအောင်ပါ။
(က) HIPAA လို့ခေါ်တဲ့ (၁၉၉၆ကပြဌာန်းလိုက်တဲ့ Health Insurance Portability and Accountability Act ဟာကျန်းမာရေးအာမခံစနစ်ကြီးတခုလုံးကိုထိန်းကျောင်းပေးတဲ့ပဲ့ကိုင်ကြီးတခုပါ။ ဥပဒေရဲ့အနှစ်သာရကတော့ လူနာရှင်တွေရဲ့ကျန်းမာရေးဆေးကုသရေးဆိုင်ရာ အချက်အလက် အကြောင်းအရာတွေကို လုံခြုံမှုအာမခံချက်ပေးတဲ့ ချုပ်နှောင်တားဆီးချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဥပဒေရဲ့ အာဏာစက်ဟာအဲ့ဒီထက်ပိုပြီးကျယ်ဝန်းပါတယ်။ အာမခံစနစ်ကိုဝယ်ယူထားသူရဲ့ အပေါ်မှာ ကုသမှုဆိုင်ရာ မတရားသဖြင့်ပြုမူဆောင်ရွက်မှုတွေကိုတန်ပြန်အရေးယူနိုင်တဲ့ ဥပဒေလမ်းကြောင်းနဲ့တကွ၊ အာမခံစနစ်ရိုးရှင်းနားလည်လွယ်စေခြင်းအားဖြင့် လူနာပေါ်ဝန်ထုပ်ဝန်ပိုး ကျရောက်မှုသက်သာစေနိုင်မဲ့ကန့်သတ်ချက်တို့ကိုထားရှိပါတယ်။ ဒီ့အပြင်လားဆိုတော့ အာမခံကြေး သက်သာသောနှုန်းထားကိုရရှိနိုင်မဲ့ နည်းလမ်းတွေထွင်ထားပေးထားရပါတယ်။ အမေရိကနိုင်ငံ တွင်းမှာရှိတဲ့တည်ဆဲဥပဒေတွေဟာ ရိုးရှင်းနိုင်သမျှပြုလုပ်ထားတယ်ဆိုပေမဲ့လည်း၊ နားလည်ရခက်ခဲလှ တယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမဲ့ HIPAA ဟာ နားလည်ရန်ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်းပေးတဲ့နည်းလမ်းတွေဖေါ်ထုတ်ပေးထားပါတယ်။ HIPAA ရဲ့အနှစ်ချုပ်ကိုဆေး ရုံဆေးခန်း တွေရဲ့ကြော်ငြာသင်ပုန်းတွေမှာ အတိအကျဖေါ်ပြထားပေးရပါတယ်။ မိမိကုသမှုခံယူရတာ နဲ့ ပါတ်သက်ပြီးအလိုမကျမှု၊ မကြေနပ်မှုတွေရှိခဲ့ရင် ဘယ်လိုနည်းနဲ့တိုင်ကြားပြီး နစ်နာမှု (Grievence)ကိုဘယ်လိုအဖြေရှာရမလဲ ဆိုတဲ့နည်းလမ်းကြောင်းတွေ ရှိပြီးသားပါ။
အဲ့ဒီအတွက်ကြောင့် မိမိကသု မှုခံယူမဲ့ဆရာဝန်ရဲ့ကုထုံး၊ ဆေးရုံဆေးခန်းတွေရဲ့စောင့်ရှောက်မှုတွေနဲ့ ပါတ်သက်ပြီး၊ ဒွိဟဖြစ်စရာ၊ သံသယဖြစ်စရာ၊ ယုံကြည်ဘွယ်ရှိမရှိ ဆိုတဲ့ စိုးရိမ်စိတ်တွေကို နည်းနိုင် သမျှနည်းအောင်အရံအတားလုပ်ပြီးသားဖြစ်ပါတယ်။
(နောက်တခုက Health Maintenance Organization တွေပါ။ ဒီအဖြဲေ့ တြဟာ
ကုသမှုစောင့ေ် ရှာက်မှုစတာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ကြပ်မတ်နေတဲ့အဖွဲ့တွေပါ။ သူတို့ရဲ့ ကုသသူ 
Providers တွေအပေါ်စောင့်ကြပ်ကြည့်ရှုမှုဟာ အမေရိကနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကြီးရဲ့အခရာကျတဲ့ အချက်ကြီးတခုပါ။ ဒီအဖွဲ့တွေရဲ့စွမ်းဆောင်ရည်ရှိမှုမရှိမှု ဟာ ကုသသူ ဆရာဝန် ဆေးရုေံ ဆးခန်းတွေရဲ့ အရည်အသွေးကိုရောင်ပြန်ဟပ်နေတာမို့၊ ဒီအဖွဲ့တွေရဲ့ ကဏ္ဍဟာ အတော်လေးအရေးပါနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရကျန်းမာရေးဌာနကြီးကဲ့သို့ စီမံအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိယုံမက၊ အရေးယူနိုင်တဲ့အာဏာလည်းရထားပါတယ်။ အမေရိကနိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရရဲ့ကျန်းမာရေးဆိုင်ရာဌာနကြီးများဟာ လူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်း တွေ မှာမြင်သာထင်သာနေရာမှာမရှိပါဘူး။ အစိုးရရဲ့အလုပ်က တည်ဆဲဥပဒေတွေ အင်ပြည့် အားပြည့်အာဏာသက်ရောက်ဖို့နဲ့ ချွတ်ယွင်းချက်တွေတည့်မတ်ပေးဘို့သက်သက်မို့၊ လုပ်ငန်းဆောင် ရွက်မှုကိစ္စ 
(services) တွေမှာ ၀င်ချယ်လှယ်ခြင်းအလျင်းမရှိပါဘူး။ ဒီလိုဝင်ချယ်လှယ်တာတွေကို
page2image37254272page2image37241600page2image37247552
လည်းလက်သင့်ခံခြင်းမရှိပါဘ။ူ အဲ...အစိုးရက၀င်ပါခဲ့ရရင်တော့၊ အဲ့ဒီအဖွဲ့အစည်း၊ ဆေးရုံဆရာဝန် များဒုက္ခရောက်ဖို့သာပြင်ကြပေရောလို့။
ကျွန်တော်တို့ မြန်မာတွေဟာ အစွဲအလန်း အလွန်ကြီးမားကြပါတယ်။ ဆေးရုံစွဲ၊ ဆရာစွဲ၊ ဒီထက်ပို လာလို့ နည်းနည်းပါးပါး မတောက်တခေါက်သိရင်ဘဲဖြစ်ဖြစ်၊ အရိုးများသော၊ ချေးခါးသော

ဆိုပြီး ချေးများတတ်ကြပါတယ်။ အယူသီးကြပါတယ်။ တလွဲဆံပင်ကောင်းတတ်ကြပါတယ်။ မြန်မာနိုင်ငံတလွှားမှာနေထိုင်ကြတဲ့ မောင်မိုးညိုတို့ရဲ့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားတွေ ကိုသိစေချင်တာကတော့ ငွေရလှို့တတ်နိုင်ရင်ဘဲဖြစ်ဖြစ်၊ ငွေကြေးမကြွယ်ဝတဲ့ လူများစုလူဆင်းရဲ၊ အခြေခံလူတန်းစားဘဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် စိတ်ပူပန်ကြရတာမျိုး (ဘယ်ဆရာဝန်နဲ့ပြ ရပါ့မလဲ။ ဘယ်ဆေးရုံတက်ရင်ပိုသင့်တော်မလဲ။ ငွေကြေးဘယ်လောက်ကုန်လို့ ဘယ်လိုစီမံရပါ့မလဲ။ နိုင်ငြံခားဘဲထွက်ဆေးကုကြရရင်ကောင်းမလား။ဆိုတာမျိုးရှိခဲ့ရင်၊ မိမိတို့မှာ စိတ်ချလုံခြုံပြီး အာမခံချက်အပြည့်ရတှိဲ့ ကျန်းမာရေးစနစ်ချို့တဲ့နေတယ်လို့သတ်မှတ်လိုက်ကြပါ။ အဲ့ဒီအစီအမံတွေ ပေါ်ထွန်းလာရေးဟာ အစိုးရအပေါ်မှာတာဝန်အပြည့်ရှိသလို၊ လူထုကလည်းလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ၀ိုင်းပံ့ပိုးတာဝန်ယူကြဘို့လိုပါတယ်။
ပြည်ပရောက် မြန်မာများအနေနဲ့ကလည်း နေမကောင်းဖြစ်ကြရတိုင်း ကိုယ့်မှာရှိတဲ့ အာမခံ ပေါ်လစီကိုဘေးချိတ်ပြီး၊ နီးစပ်ရာ မြန်မာဆရာဝန်တွေဆီ ထစ်ကနဲရှိ၊ဆက်သွယ်မေးမြန်းအကူ အညီတောင်း တာမျိုးတွေကို ရပ်တန်းကရပ်ကြဘို့ လိုပါတယ်။ Second opinion လိုအကူ အညီတောင်းတာမျိုးတောင်လွန်လှပါပြီ။ ဆေးရုေံ ဆးခန်းဆရာဝန်တွေဆီလိုက်ပြောပေး၊ ဆေးဝါး အတွက် အကူအညီတောင်းတာမျိုးတွေ ရပ်တန်းကရပ်ကြဘို့လိုပါပြီ။ အဲ့ဒီလိုအကူအညီတောင်း တာတွေဟာ အတောင်းခံရသူ ဆရာဝန်တွေမှာ တာဝန်ရှိလာသလို အကြောင်းမညီညွတ်ရင် ယုံထင်ကြောင်ထင် အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဘက်အတွက် မကောင်းတော့ပါဘူး။ တရားမျှတမှုကို အခြေခံတဲ့ ဥပဒေစည်းမျဉ်းတွေက ကိုယ့်ရဲ့နောက်ကွယ်မှာ အရံသင့် ကာရံပြီးသားပါ။ ရှိပြီးသာ အရံအတားကို ဘေးချိတ်ပြီး နီးစပ်ရာအတင်းရှာပြီး အကူအညီတောင်းတာမျိုးတွေ ရပ်တန်းကရပ်ကြဘို့လိုနေပါပြီလို့။ ။