Wednesday, September 16, 2020

Home Care (သို့မဟုတ်) In-Home Support Services (သို့မဟုတ်) Caregiver ဘက်တစေ့တစောင်း

  အမေရိကရောက်မြန်မာမိသားစု အတော်များများဟာ တချိန်ချိန်မှာ Home Care (သို့မဟုတ်) In-Home Support Services နဲ့ ကင်းလို့မရတော့ပါဘူး။ အနည်းဆုံးမိမိတို့ရဲ့မိဘမောင်ဘွားတွေ၊ ဒါမှမဟုတ် မွေးရာပါကျန်းမာရေးချို့တဲ့သူ၊ အခြားအကြောင်းကြောင်းကြောင့် တပါးသူတစ်ဦးဦးရဲ့ အကူအညီ မဖြစ်မနေရယူဘို့လိုအပ်သူတွေ ရှိလာနိုင်ပါတယ်။ ဒါဟာမြန်မာမိသားစု ရာနှုန်းတော်တော် များများနဲ့ပါတ်သက်နေပါပြီ။ အထူးသဖြင့် Covid-19 ကာလမှာ အိမ်တွင်းစောင့်ရှောက်မှုရဲ့လိုအပ် ချက်ကိုနဖူးတွေ့ဒူးတွေ့ ကြုံကြသူတွေရှိလာပါပြီ။ လက်ရှိအိမ်တွင်းစောင့်ရှောက်သူ Home Aid တွေရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စောင့်ရှောက်မှုပေးတဲ့ပုံစံတွေကို အိမ်မှာနေရင်းအလုပ်လုပ်ကြရင်းကနေ၊ သိမြင်ကြရပါပြီ။ Covid-19 တင်းကြပ်မှုကာလမှာ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် Home Aid လုပ်သူတွေ များလာပေမဲ့အရည်အသွေးပြည့်မှီသူ၊ အထူးသဖြင့် ကိုယ်စိတ်ကြိုက်ရှိနိုင်တဲ့သူဟာ အရေးတကြီးလိုအပ်လာပါတယ်။ ကဲ- Home Aid/Caregivers တွေကိစ္စလေ့လာကြရအောင်ပါ။

 

Home Care (သို့မဟုတ်) In-Home Support Services နဲ့ Home Health Aid ဘာကွာသလဲ။

Home Care (သို့မဟုတ်) In-Home Support Services ကမိမိတို့စောင့်ရှောက်ရသူရဲ့ နေ့တဓူဝ လိုအပ်ချက်ဖြစ်တဲ့ သာမာန်လုပ်ပေးရတဲ့ ကိစ္စမျိုးတွေဖြစ်တဲ့ အစားအသောက်ပြင်ဆင်ကျွေးမွေး တာတို့၊ ရေချိုးသန့်စင်ပေးတာတွေကိုသာလုပ်ပေးရပြီး၊ Home Health Aid ကတော့ အဓိကကျတဲ့ အျေားတိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အနာဆေးလိမ်းခြင်း၊ ရောဂါတခုခုနဲ့ပါတ်သက်တဲ့သာမာန်ကိစ္စ  တွေကိုလုပ်ပေးဘို့တာဝန်ရှိပါတယ်။ Home Health Aid ရဲ့ အဲ့ဒီအလုပ်တွေဟာ သာမာန်ကြည့်ရင် ဘာခက်တာမှတ်လို့လို့ထင်ရပေမဲ့အမေရိကနိုင်ငံမှာ၊ မိမိတို့ရဲ့တာဝန်ထက်ကျော်လွန်ပြီး၊ ကျွမ်းကျင်မှု ဆိုင်ရာကိစ္စတွေကိုလုပ်ကိုင်ပေးခြင်းကြောင့် မိမိစောင့်ရှောက်ရသူမှာ၊ မထင်မှတ်တဲ့ အန္တရာယ်ကျ  ရောက်လာနိုင်မဲ့ဆိုးကျိုးကို ကြိုတင်ကာကွယ်လိုတဲ့သဘောရှိတာကိုသတိထားကြပါတယ်။ ဒီလိုဆောင်ရွက်ပေးကြရသူတွေက Caregivers တွေဖြစ်ပြီး သူတို့ကို ဆိုင်ရာပြည်နယ်ဒေသ အစိုးရတွေကနာရိပိုင်းနဲ့တွက်ပြီးအခကြေးငွေပေးပါတယ်။

 

Home Care (သို့မဟုတ်) In-Home Support Services နဲ့ Home Health Aid ကို အစိုးရအထောက် အပံ့အရအပြည့်အ၀ ပံ့ပိုးပေးခြင်းရှိပါသလား။

ဒီလုပ်ငန်းဟာ သက်ကြီးပိုင်းတွေအတွက်နောက်ဆုံးသက်တမ်းပိုင်းအတွင်းမှာတနည်းမဟုတ် တနည်းနဲ့ လိုအပ်နိုင်တာကြောင့်၊ အစိုးရကလိုအပ်တဲ့ပံ့ပိုးမှုတွေရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြန် မာတွေသိနားလည်စေခြင်တဲ့အချက်ကြီးတခုကတော့၊ ဒီထောက်ပံ့မှုတွေအတွက်အစိုးရရဲ့ထောက်ပံ့မှု ဟာ မိမိခန္ဓာကိုသာမာန်သူတွေလိုသယ်ပိုးဆောင်ရွက်ခြင်းမပြုနိုင်သူတွေ(Physical disability) ကိုသာ၊ ပိုင်းခြားထောက်ပံ့တယ်ဆိုတဲ့အချက်ကိုသတိပြုကြစေချင်ပါတယ်။ အိပ်ရာထဲလဲမနေဘဲ ကိုယ်ထူကိုယ်ထလုပ်နိုင်သူတွေ ဆိုရင်၊ နာတာရှည်ရောဂါအခံကကိုယ့်ခန္ဓာလုပ်ကိုင်နိုင်မှုကိုအဟန့် အတားဖြစ်နေစေသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး (degree of disability) ထောက်ပံ့ကူညီမှုကိုပေး ပါတယ်။

 

အစိုးရရဲ့ထောက်ပံ့မှုပိုင်းမှာကွာခြားမှုဘယ်လိုရှိသလဲ။

Medicare လို့ခေါ်တဲ့ မိမိတို့သက်တမ်းတလျှောက်လုပ်အားစုဆောင်းငွေရံပုံငွေကနေ၊ အလုပ်မှအပြီး အနားယူချိန်မှာရရှိတဲ့ plan မှာ In-Home Support ကိုထောက်ပံ့ပေးခြင်းအလျင်းမရှိပါဘူး။ Disability ရှိခဲ့မှသာ ဆိုင်ရာ Part A နဲ့ Part B တွေကနေ Home Health Aid တွေကိုနာရီပိုင်းနဲ့.  စောင့်ရှောက်မှုပေးပါတယ်။ Medicaid လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးသူ (သို့မဟုတ်) ၀င်ငွေအလျင်းမရှိသူ (သို့မဟုတ်) အကြောင်းကြောင်းကြောင့် ၀င်ငွေတခါမျှမရှိခဲ့ကြသူတွေအတွက် plan မှာတော့ Disability အတိုင်းအတာပေါ်မှာမူတည်ပြီး၊ Home Aid Support သို့်မဟုတ် Home Health Aid တွေကို ပံ့ပိုးပေးတာမို့၊ ပိုကောင်းတယ်လို့ထင်ရပေမဲ့ ကန့်သတ်ချက်များစွာရှိနေတာကိုသတိပြုပါ။ ဒါ့အပြင် မိမိနေထိုင်ရာဒေသရဲ့တည်ဆဲဥပဒေတွေရဲ့ခွင့်ပြုမှုတွေပေါ်မှာ များစွာတည်နေပါတယ်။ ဆိုလိုတာက Medicare ရဲ့ပံ့ပိုးမှုဟာ မိမိကိုယ်ပိုင် plan အထဲမှာရှိနေပြီ၊ Medicaid ရဲ့ပံ့ပိုးမှုဟာ ဒေသဆိုင်ရာနိုင်ငံရေး၊ ဘတ်ဂျက်ရှိနေမှု၊ ဥပဒေအပြောင်းအလဲများစွာပေါ်မှာများစွာတည်နေပါတယ်။ ဒါပေမဲ့ မောင်မိုးညိုလေ့လာမိသလောက် Medicaid plan ရှိသူတွေအနေနဲ့ လက်ရှိမှာ သိပ်စိုးရိမ်ဘွယ် မရှိကြောင်းပါ။

 

သက်ကြီးပိုင်းSeniors တွေအတွက် အာမခံရှိတဲ့ပံ့ပိုးမှုဟာဘယ်အပေါ်မူတည်ပါသလဲ။

ဖေါ်ပြခဲ့တဲ့အတိုင်း အိပ်ယာထဲလဲနေသူ၊ အတိုင်းအတာတခုခုအထိ စိတ် (သို့မဟုတ်)ခန္ဓာ ချို့တဲ့သူတွေ ဆိုရင်တော့ ဒီအစီအမံရဲ့အစိုးရပံ့ပိုးမှုတွေ ရရှိသင့်ပါတယ်။

 

အစိုးရရဲ့အထောက်အပံ့ဟာ မိမိတို့ဆွေမျိုးရင်းခြာမိသားစုဝင်ရဲ့ လိုအပ်ချက်ကို ရာနှုန်းပြည့် (သို့မဟုတ်) မျက်နှာလွှဲရလောက်တဲ့ပံ့ပိုးမှုရှိပါသလား။

အစိုးရရဲ့ထောက်ပံ့ကူညီမှု (အဓိက ကတော့ငွေကြေးပံ့ပိုးမှု) ဟာ မလုံလောက်ပါဘူး။ မိမိတို့စိတ်တိုင်း ကျလိုအပ်တဲ့ပုံစံမျိုးရောက်တဲ့အထိဖြစ်အောင်၊ ဆိုင်ရာမိသားစုတို့က မိမိတို့အိပ်ကပ်ဝင်ငွေထဲက ထပ်ဆောင်းပံ့ပိုးကြရပါတယ်။ ဒီလိုဖြစ်ရတဲ့အချက်ကလည်း မိသားစုတိုင်းလိုလိုဟာ မိမိတို့ လိုဘနဲ့ တန်းတူတဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို မိမိတို့မိသားစုဝင်တွေကိုရစေချင်တဲ့ စေတနာစေ့ဆော်မှုကြောင့် လဲပါပါတယ်။ ဒီနေရာမှာအရေးကြီးတာက ပညာရှင်/ကျွမ်းကျင်မှုပိုင်း ကိစ္စပါ။ Homecare workers တွေဟာ ဒီလိုကိစ္စတွေဆောင်ရွက်တတ်ဘို့သင်တန်းများတက်ရောက်ယုံမက နေ့စဉ်နဲ့အမျှ မိမိတို့စောင့်ရှောက်မှုပေးရသူတွေရဲ့လိုအပ်ချက်ဆောင်ရွက်ပေးရတဲ့အတွေ့အကြုံရှိနေကြသူတွေဖြစ် တာမို့ Home Health Aid တွေရဲ့ကဏ္ဍဟာ မရှိမဖြစ်လိုအပ်လာပါတယ်။ စာရေးသူအတွေ့အကြုံအရ သားသမီးတွေကဆရာဝန်တွေဖြစ်သည့်တိုင်အောင်၊ ဒီလိုကိစ္စတွေမှာ Home Health Aid တွေရဲ့   ဆောင်ရွက်  ပေးနိုင်မှုတွေက တာသွားတာကိုတွေ့ရပါတယ်။ တခုဘဲရှိတာက သူတို့တတွေဟာ သတ်မှတ်ချိန် နာရီပိုင်းသာ (အလုပ်ဝန်ဆောင်မှုပေးချိန်အတွင်း) သာ စောင်ရှောက်မှုပေးကြတာပါ။

 

အစောင့်ရှောက်ခံတွေရဲ့ လိုအပ်ချက်ကိုဘယ်သူတွေကဆုံးဖြတ်သလဲ။

ဒီနေရာမှာ (၂)ပိုင်းရှိပါတယ်။ ကိုယ်ရဲ့လိုအင်ကမိမိ မိသားစုဝင်ကိုဘယ်အတိုင်းအတာအထိစောင့်  ရှောက်မှုရှိစေချင်သလဲပေါ်မှာမူတည်ပါတယ်။ ဆိုင်ရာအစောင့်ရှောက်ခံ (recipients) တွေကို မျက်စေ့ရှေ့က အပျောက်မခံရလောက်အောင်အထိ၊ စောင့်ရှောက်မှုရှိစေချင်ရင်တော့၊ ကိုယ်တာဝန်ဖြစ်ပါမယ်။ အစိုးရကစောင့်ရှောက်မှုပေးရမဲ့အပိုင်းကိုတော့ ဆိုင်ရာ ပြည်နယ်/ဒေသရဲ့ Social Workers တွေကကွင်းဆင်းစစ်ဆေးပြီး လိုအပ်မဲ့အချိန်နာရီပိုင်းနဲ့ လိုအပ်မဲ့ စောင့်ရှောက် မှုအမျိုးအစားတွေကိုသတ်မှတ်ပါလိမ့်မယ်။ (Field examination on recipient case, identification of care procedure and care hours) မကျန်းမာကြသူတွေကိုတော့ မိမိတို့ဆိုင်ရာဆရာဝန် (Primary Care Physician) ရဲ့ထောက်ခံချက်ပုံစံနဲ့ ဆိုင်ရာဒေသ Social Services တွေမှာတင်ပြကြ ရပါတယ်။ ဆရာဝန်ရဲ့ထောက်ခံချက်နဲ့ Social worker ရဲ့စိစစ်ချက်တွေပေါ်မှာမူတည်ပြီး၊ အစိုးရရဲ့  ထောက်ပံ့ငွေနဲ့ ကျွမ်းကျင်သူ Home Health Aid တွေရဲ့နာရီပိုင်းစောင့်ရှောက်မှု care ကိုရကြ ပါတယ်။

 

ဘယ်လိုစောင့်ရှောက်မှုအမျိုးအစားတွေ (Home health care) တွေရနိုင်ပါသလဲ။

(၁) ဆရာဝန်သတ်မှတ်တဲ့ကွမ်းကျင်မှုဆိုင်ရာ nursing skill စောင့်ရှောက်မှု၊

(၂) physical therapy

(၃) rehabilitative care by nurse or technician

(၄) Speech-language therapy

(၅) လိုအပ်သောအထောက်အကူပြုကိရိယာ လမ်းလျှောက်၊ အိမ်သာတက်၊ ရေချိုးသန့်စင်ခြင်း၊ နဲ့ပါတ်သက်သော ကိရိယာများ၊ အပြင် နားမျက်စေ့အာရုံနှင့်ဆိုင်သော ကိရိယာများ၊ (Durable medical equipment)

(၆) အနာသက်သာပျောက်ကင်းစေသောဆေးဝါးများ၊

(၇) နေ့စဉ်ကျန်းမာရေးအတွက်လှုပ်ရှားမှုနှင့်ဆေးရုံဆေးခန်းသို့ပို့ဆောင်ပေးသောယာဉ်ပံ့ပိုးခြင်း၊

(ဂ) Homemaking (အိမ်တွင်းမှုကိစ္စအဖေါ်ဆောင်ရွက်ပေးခြင်း) [အချို့plan နဲ့ Medicaidသာ]

 

အစိုးရထောက်ပံ့မှုတွင်မပါဝင်သော စောင့်မှုမျိုးများ

ဒါတွေမပါတာကို သတိချပ်ဘို့လိုပါမယ်။

(က) ၂၄-နာပါတ်လုံးစောင့်ရျောက်မှုမျိုး၊

(ခ) အိမ်တိုင်ရာရောက်အစားအသောက်ပို့ဆောင်ပေးမှုမျိုး၊

(ဂ) အိမ်တွင်းမှုကိစ္စများဆောင်ရွက်ပေးရမှုမျိုး၊

(ဃ) ကိုယ်ရေးကိုယ်တာကိစ္စဆောင်ရွက်ပေးရသောကိစ္စမျိုးများ၊

 

စောင့်ရှောက်သူရွေးချယ်ခြင်း (Caregiver selection)

ပြောရလွယ်သလောက်ရှုတ်ထွေးခက်ခဲပါတယ်။ အများအားဖြင့် agency များကဖေါ်ပြပေးတဲ့ စာရင်းကခေါ်ယူသူတွေဟာ ကျွန်တော်တို့မြန်မာတွေအတွက် အတော်လေးအခက်အခဲရှိလေ့ ရှိပါတယ်။ များသောအားဖြင့် အဲ့ဒီ caregivers တွေဟာ များစွာသော ကန့်သတ်ချက်များရှိပြီး၊ မြန်မာ့ဓလေ့နဲ့ဆန့်ကျင်တယ်လို့အထင်ရောက်စရာရှိပေမဲ့ သူတို့တတွေဟာ trained/experienced professionals တွေဆိုတဲ့အချက်ကိုမြင်အောင်ကြည့်တတ်ကြဘို့လိုပါတယ။် ငှားရမ်းခကြေးကြီးပြီး နာရီပိုင်းနဲ့တွက်ချက်ငွေတောင်းလေ့ရှိပါတယ်။ ကျွန်တော်တို့မြန်မာတွေသုံးလေ့ရှိတဲ့ “အပြီးအစီးပုတ်ပြတ်” ဆိုတဲ့ကိစ္စက ဒီနေရာမှာသိပ်အံမ၀င်ပါဘူး။ သေခြာတာတခုကတော့ အမေရိကမှာ ကိုယ်အိမ်မှာအတူနေတဲ့ Live-in caregivers တွေဟာ ရာဇ၀တ်မှုကင်းတဲ့အထောက် အထားများနဲ့အလုပ်လုပ်ကြသူတွေဖြစ်သလို၊ ဆိုင်ရာကနောက်ကနေကြိုးကိုင်ထားကြသူများပါတယ်။ အိမ်တွင်းအပျောက်အရှဟာရှားပါတယ်။ သတိထားဘို့အချက်ကတော့ caregivers တွေဟာ မိမိတို့ရဲ့မိဘမောင်ဘွားတွေကို စောင့်ရှောက်ဘို့ငှားရမ်းထားသူတွေဖြစ်တဲ့အတွက်၊ အဲ့ဒီ ဆိုင်ရာစောင့် ရှောက်ခံရသူရဲ့ကိစ္စမှတပါးအခြားကိစ္စတွေကို၊ “ဒါလေးတော့ ကူလုပ်လိုက်ပါအုံး။” ဆိုတာမျိုးလုပ်လို့မရပါဘူး။ ကိုယ်အကူအညီတောင်းတဲ့ကိစ္စက အစောင့်ရှောက်ခံမိဘရဲ့ကိစ္စနဲ့အနည်း ဆုံးသွယ်ဝိုက်သောနည်းနဲ့သက်ဆိုင်နေဘို့အရေးကြီးပါတယ်။ နောက်တခုက caregivers ရဲ့ Driver License (သို့မဟုတ်) Identification card ကိုအလုပ်ဝင်ရက်မှာတင် မိတ္တူယူမိထားဘို့အရေး ကြီးပါတယ်။ သူတို့ဆီမှာ ကျန်းမာရေးအာမခံလွှမ်းခြုံကာကွယ်မှု (health insurance) အတိအကျရှိ နေဘို့လဲအရေးကြီးပါတယ်။ မိမိတို့အိမ်မှာအချိန်ပြည့်မရှိရင် အရေးပေါ်ဆက်သွယ်ရမဲ့ဖုံးနံပါတ် ကို ကိုယ့်လက်ထဲမှာအမြဲအသင့်ရှိနေပါစေ။

 

မိမိတို့အစောင့်ရှောက်ခံမိဘများကို အိမ်မှာအတူနေရင်းစောင့်ရှောက်မှုပေးခြင်း နဲ့ Senior home ခေါ် ဘိုးဘွားဆောင်မှာထားခြင်း ဘာကွာသလဲ။

ကိစ္စများမြောင်လှတဲ့ အမေရိကနိုင်ငံလူမှုဘ၀မှာ။ သားသမီးများက မိမိတို့ရဲ့မိဘ ဆွေမျိုးများကို မျက်စေ့အောက်မှာထားပြီးအချိန်ပြည့်စောင့်ရှောက်မှုပေးဘို့ဟာ မလွယ်တဲ့ကိစ္စပါ။ Senior Home တွေရဲ့ care levels တွေမှာမူတည်ပြီး ထားဘို့ကလည်း၊ အလွန်ဈေးကြီးပြီး၊ ဆိုင်ရာ plan များကပံ့ပိုးပေးခြင်းမရှိတဲ့အတွက်ကြောင့်၊ အိုမင်းမစွမ်းသူတို့အတွက်အားထားရာတခုတည်း  သောနည်းကတော့၊ မိမိတို့ အိုနာစာစုဆောင်းငွေ ထဲကသာကျခံပြီး Senior Homes တွေမှာ နေကြရပါတယ်။  သားသမီးများကတပါတ်တခါအားရင်အားသလိုသွားရောက်လည်ပါတ်၊ ကြည့်ရှုကြပေမဲ့၊ senior abuse တွေဟာ မှိုလိုပေါက်နေတာမို့၊ မိသားစုနဲ့သိုက်သိုက်ဝန်းဝန်း  နေပြီး၊ သေတာတောင်ကိုယ်အိမ်ပြန်သေချင်တတ်ကြတဲ့ဓလေ့ရှိတဲ့ ကျွန်တော်တို့မြန်မာတွေအတွက် senior homes ဟာ မစဉ်စားသင့်တဲ့နေရာတခုအဖြစ်သတ်မှတ်ထားကြပုံရပါတယ်။

 

Medicare အရ စောင့်ရှောက်မှုရနိုင်တဲ့အခွင့်အလမ်းတွေဟာ၊ ဆိုင်ရာ plan တွေရဲ့သတ်မှတ်ချက်တွေ မှာအတိအကျပါလေ့ရှိတာမို့၊ ရှုတ်ထွေးလှတဲ့ Medicaid ရဲ့လမ်းကြောင်းပေါ်က Home Support/ Health Aid တွေဘက်ကို့ဦးစားပေးကြည့်ကြရအောင်။ မြန်မာတိုင်းရင်းသားပေါင်းစုံအများဆုံးနေထိုင် ကြတဲ့ပြည်နယ်တွေရဲ့ Programs တွေကိုဦးစားပေး ဖေါ်ပြပေးလိုက်ပါတယ်။

(က) Arizona – ALTC (Long Term Care Services); payingforseniorcare.com အရ တစ်ဦးချင်းအတွက် $2,349 (စုံတွဲအတွက် $4,698) မပိုသောလစဉ်ဝင်ငွေသားရှိသူ။ (၂၀၂၀ ခုနှစ်အတွက်)

(ခ) California – IHSS (In-Home Support Services) လက်ရှိ Medicaid/MediCal လက်ဝယ်ရှိပြီး၊ caregiver လိုအပ်သည်ဟု၊ ဆရာဝန်ကထောက်ခံသူ၊ (၂၀၂၀)အတွက် ( $1,294)ထက်မပို  သောဝင်ငွေသာရှိသူ။

(ဂ) Florida – Medicaid Managed Care Long-Term Care Program (SMMC LTC)

(ဃ) Indiana – Structured Family Caregiving / Indiana Caregiver Homes Program (SFC) ၀င်ငွေပေါ်မူတည်ပြီး၊ အဆင့်လိုက်သတ်မှတ်ထားသောစောင့်ရှောက်မှုပုံစံမျိုးရှိပါတယ်။

(င) New York – NY Madicaid’s Managed Long Term Care (MLTC) Program

(စ) Texas – Community First Choice (CFC) Program Option from Texas Medicaid

 

စာဖတ်သူပရိတ်သတ်မိသားစုဝင်ထဲမှာ မိမိတို့ရဲ့မိဘမောင်ဘွားများကို စောင့်ရှောက်ပေးရမဲ့ အချိန်အခါ ဟာ အချိန်မရွေးရောက်လာနိုင်သလို၊ လက်ရှိအချိန်မှာတောင် တွေ့ကြုံနေကြရပြီဆိုတာ သေခြာ ပါတယ်။ Home care or home health care or cargiving ဟာ ငွေကုန်တိုင်းစိတ်ငြိမ်းရတဲ့ ကိစ္စတခုတော့မဟုတ် ပါဘူး။ သိမ်မွေ့နက်နဲတဲ့ လုပ်ငန်းစဉ်တခုပါ။ နားလည်အောင်လေ့လာနိုင်ပြီး၊ ထိုက်သင့်တဲ့အသုံးချမှုပြု နိုင်တဲ့ မြန်မာကွန်မြူနတီကြီးဖြစ်ပါစေ။