Saturday, September 11, 2021

တကြော့ပြန် Public Charge

 Public Cahrge နဲ့ပါတ်သက်ပြီး ပြီးခဲ့တဲ့နှစ် (၂၀၂၀)သြဂုတ်လထုတ် “မြန်မာဂဇက်”မှာအကျယ်တ၀င့် ရေးသားခဲ့ဘူးပါတယ်။ အဲ့ဒီခေါင်းစဉ်ဟာ မြန်မာကွန်မြူနတီနဲ့ယဉ်ပါးမှုမရှိတာထင်ရှားပါတယ်။ ကွန်မြူ နတီဦးဆောင်သူတော်တော်များများတောင် ဒီကိစ္စကိုကြားဘူးကောင်းကြားဘူးကြပေမဲ့ (ထဲထဲဝင်ဝင် လေ့လာကြသူတွေကလွဲရင်) နားလည်မယ်မထင်ပါဘူး။ ပိုဆိုးတာက မြန်မာတွေနဲ့မဆိုင်လှဘူးလို့ ထင်ကြတာဟာပိုဆိုးပါတယ်။ တကယ်တော့ Public Charge ဟာ မြန်မာတွေနဲ့တိုက်ရိုက်ဆိုင်သလို၊ အမေရိကမှာလူတလုံးသူတလုံးလုပ်ကြမယ်ဆိုရင် မသိမဖြစ်သိနေကြဘို့လိုသလို၊ မျက်ခြေမပြတ်ကြ ဘို့ အလွန်လိုပါတယ်။

လွန်ခဲ့တဲ့နှစ်သြဂုတ်မှဖေါ်ပြခဲ့တဲ့ဆောင်းပါးဟာ ယခင်Trump အစိုးရလက်ထက်၊ Asians များအပါ အ၀င် လူဖြူမဟုတ်သူ (Non-Asians)အားလုံးကိုလွှမ်းခြုံ ပစ်မှတ်ထားခဲ့ပြီး၊ ဥပဒေအရအသက်ရှိနေတဲ့ ပြင်းထန်တဲ့ပညတ်ချက်တွေကို၊ တွန်းအားအပြည့်ပေးရေးအစီအမံကြီးတခုဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ ကြီးစိုးတဲ့ Setphen Millerလိုပုဂ္ဂိုလ်တွေဦးဆောင်ပြီး၊ တွန်းအားပေးရေးကိစ္စကြီးဟာ၊ နောက်တက်တဲ့ Biden အစိုးရလက်ထက်မှာ မီးစာကုန်ဆီခမ်းဖြစ်သွားပုံရပါတယ်။ ဒါပေမဲ့ အခွန်ထမ်းအမေရိကန်ပြည် သူအများဟာ မိမိတို့အိပ်ကပ်ထဲကပေးနေရတဲ့ထောက်ပံ့မှုပေါင်းစုံတို့ကို ရပ်တန်းကရပ်ဘို့အများစုက လိုလားတဲ့လက္ခဏာတွေကတော့ဆက်လက်ရှင်သန်ဆဲဆိုတာထင်ရှားလျက်ပါ။ လက်ရှိBidenအစိုးရ ကတော့ဝင်ငွေနည်းလူတန်းစားတွေကိုပိုမိုပံ့ပိုးရေးနဲ့အတူနိုင်ငံရေးလောကမှာအထင်ကရနေရာယူထားတာမို့၊ သူ့ရဲ့ထောက်ခံမှုအ၀န်းအ၀ိုက်ဟာမသေးဘူးဆိုတာကိုလည်းထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒါတွေဟားလုံးဟာနိုင်ငံရေးကစားကွက်တွေပါ။ နောက်ဆုံးမတော့ နိုင်ငံရေးလောကသားတွေရဲ့ ကစား ကွက်ထဲမှာပြည်သူအများက တိုက်ရိုက်ခံစားကြရသူတွေစစ်စစ်ပါ။ သေခြာတာကတော့ ပြည်သူထဲက မြန်မာကွန်မြူနတီဟာလည်းတိုက်ရိုက်သက်ရောက်ခံစားနေရသူတွေပါဘဲ။ မြန်မာတိုင်းဟာ immigrants ပြောင်းရွှေ့အခြေချသူ (သို့်မဟုတ်)ပြောင်းရွှေ့ခိုလှုံသူ refugees/ asylee ဖြစ်နေကြတာမို့ ကင်းလို့မရတဲ့ကိစ္စကြီးတခုဖြစ်မှန်းမသိဖြစ်နေတယ်ဆိုတာကိုသတိချပ်ကြစေလိုပါတယ်။

စာဖတ်ပရိဿတ်ကို Public Charge ရဲ့အဓိပ္ပါယ်ကိုပြန်ဖေါက်သယ်ချရမယ်ဆိုရင်၊ ဥပဒေအရ နိုင်ငံ အခွန်ဘဏ္ဍာကိုမိမိဘ၀ရဲ့အဓိကလိုအပ်ချက်အဖြစ်နည်းတနည်းနဲ့ရယူမှုတွေဖြစ်ပါတယ်။ ဥပမာအနေနဲ့ - Medicaid, Supplemental Nutritional Assistance ခေါ် “Food Stamp”, Supplemental Social Security Income (SSI), Housing Assistance (Section 8), Cash Aid, Affordable Care Act (“Obamacare”) စသည်တို့ပါ။ နေထိုင်ရာဒေသပြည်နယ်ပေါ်မူတည်ပြီးအသွင်အမျိုးမျိုး၊ အမည်အ မျိုးမျိုးကွဲပြားပေမဲ့ ဆိုလိုရင်းကတော့ ပြည်သူ့အခွန်ဘဏ္ဍာကနေတိုက်ရိုက်ကျခံရတာပါ။ မမေ့စေ ချင်တဲ့နောက်ကိစ္စတခုကတော့ အမေရိကကိုပြောင်းရွှေ့အခြေချကြသူတိုင်းဟာ Form I-864 လို့ခေါ် တဲ့ ပုံစံတခုမှာဆိုင်ရာအထောက်အထားတွေနဲ့အတူ ကတိခံဝန်ထိုးခဲ့ရတာကို အမှတ်ရကောင်းရ ပါလိမ့်မယ်။ အဲ့ဒီပုံစံ (Affidavit of Support) အရတာဝန်ခံခေါ်ယူသူ (petitioner/sponsor) က၊ အခေါ်ခံရသူ (applicants) တွေရဲ့နေရေးစားရေးတာဝန်ယူနိုင်ဘို့ ကိုယ်ကိုယ်တိုင်က လူမွဲအဆင့် မရှိရပါဘူး (income and assets of the petitioner must not fall under the Federal Poverty Guideline of 125%) ဒါဟာတည်ဆဲ Immigration Act of 1882 ဥပဒေ အရပါ။ ယခင်Trump လက်ထက်မှာ အဲ့ဒီပြဌာန်းချက်တွေကိုအထိရောက်ဆုံးဖိအားပေးသက်ရောက်စေဘို့ကြိုးစားခဲ့ပေမဲ့ တရားရုံးတွေရဲ့ စီရင်ထုံးတွေကြောင့်အသက်ဝင်ခဲ့ခြင်းတပိုင်းတစသာရှိခဲ့ပါတယ်။ Ground of Inadmissibility ကိုတိုက်ရိုက်စိစစ်တဲ့ Department of Homeland Security ကဒီကိစ္စကို နေ့တဓူဝ ဆောင်ရွက်နေတာပါ။ 

အတိုချုပ်ဖေါ်ပြရရင် ယခင် Trump အစိုးရကလူဝင်မှုကိုအပြင်းထန်ဆုံးတင်းကြပ်မှုလုပ်ခဲ့တာဖြစ်ပြီး၊ လက်ရှိ Biden အစိုးရကတော့ အတတ်နိုင်ဆုံးဖြေလျှော့ပေးရေးအစီအမံအမံကွာခြားချက်ပါ။ လက်ရှိ မြန်မာနိုင်ငံနိုင်ငံရေးမီးပါတ်လည်ဝိုင်းပြီး၊ လူထုကရရာနည်းနဲ့နိုင်ငံကိုစွန့်ခွာကြသူတွေ ဒုနဲ့ဒေးရှိလာ ချိန်မှာ၊ ဒီကိစ္စကအရေးပါတဲ့မဟာအခွင့်အလမ်းကြီးတခုဖြစ်နေပါပြီ။

 

လက်ရှိအစိုးရရဲ့ပြောင်းလဲရေးအစီအမံနောက်ကြောင်း

(က) ယခင် Trump အစိုးရရဲ့ 2019 Public Charge Final Rule ဟာ မတ်(၉ )ရက်ကစပြီး တရား မ၀င်တော့ကြောင်း၊ လက်ရှိအစိုးရက၊ ပြီးခဲ့တဲ့ ဧပြီ (၁၂)၊ ၂၀၂၁ မှာ USCIS ကတရားဝင်ထုတ်ပြန်ခဲ့ ပါတယ်။

(ခ) အဲ့ဒီအမိန့်မတိုင်ခင်ကဘဲ၊ ယခင်အစိုးရကအသစ်တီထွင်တဲ့ပုံစံများကိုဖယ်ရှားပြီး၊ ယခင်ပုံစံများ ဖြစ်တဲ့ I-864, I-539, I-129, I-485 နဲ့ I-912 တို့ကိုသာသုံစွဲမယ်လို့ကြေငြာကျင့်သုံးနေပါတယ်။

(ဂ) ဒါတွေဟာယာယီအစီအမံတွေပါ။ အဲ့ဒီအတွက်မူရင်းခဲ့သုံးစွဲနေခဲ့တဲ့ “1999 Interim Field Guidance” ဆိုတဲ့ကျင့်သုံပုံနည်းစနစ်လက်စွဲကိုအသက်ပြန်သွင်းခဲ့ပါတယ်။

(ဃ) အဲ့ဒီအစီအမံအသစ်အရမြန်မာတွေနဲ့တိုက်ရိုက်ဆိုင်တဲ့ Public Charge ကင်းလွတ်ခွင့် (exemption) တွေရှိတဲ့ immigrant အမျိုးအစားတွေကတော့ -

 - refugees/asylees

 - T- non-immigrant (victims of human trafficking)

 - U – non-immigrant (victims of criminal activity)

 - Applicant seeking Temporary Protected Status (လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ တွေကြောင့် မြန်မာနိုင်ငံသို့မပြန်နိုင်ဘဲ အမေရိကတွင်ချောင်ပိတ်မိနေကြသူတွေ)

- Self-petitioners under the Violence Against Women Act. - တွေပါဘဲ

(သံဃာတော်များကိုတော့ ဒီwaiverထဲအကြုံးမ၀င်ပေမဲ့၊ အခြားအချက်တွေနဲ့ တန်းတူထား စိစစ်ပါ တယ်။ ဒါပေမဲ့ အမေရိကရောက်သံဃာအများစုဟာ လုပ်အားအရ၀င်ငွေမရှိသူစာရင်းဝင်များအဖြစ် Public Charge ရဲ့လောင်းရိပ်ကကင်းလွတ်ခွင့်ရကြပါတယ်။)

(င) နောက်တခုက Sponsorလုပ်သူတစ်ဦးဟာ မိမိsponsorလုပ်ပေးသူအတွက်၊ ငွေရေးကြေးရေးက စလို့ဘ၀မှာမိမိခြေထောက်ပေါ်မိမိအမြန်ဆုံးရပ်တည်းနိုင်ရေး(self-sufficeinecy) ဟာ၊  အစိုးရရဲ့တ သမတ်ထဲရှိနေခဲ့တဲ့ ပေါ်လစီပါ။ အဲ့ဒီအတွက် အဲ့ဒီခံစားခွင့်ရှိသူအပေါ်တာဝန်ရှိမှုဟာ စတင်ရောက်ရှိအ ခြေချချိန်ကစပြီး (၁၀)နှစ်တာကာလအကြမ်းဖျဉ်း (သို့မဟုတ်) citizen နိုင်ငံသားဖြစ်တဲ့အထိ (သို့မ ဟုတ်) Social Security credit (40) units quarter လုပ်သက်ရှိနေကြဘို့လိုကြောင်းပါ။

(စ) ၀မ်းသာစရာသတင်းကတော့၊ လက်ရှိအစိုးရရဲ့ဖြေလျှော့ပေးမှုတွေကြောင့်၊ ယခင်နဲ့လက်ရှိက အစိုးရထောက်ပံ့မှုအမျိုးမျိုးရကြသူတွေဟာ၊ နောင်အနာဂါတ်မှာ ပြန်ပေးဆပ်ရမဲ့အကြွေးတင်တော့မှာ မဟုတ်ကြောင်းပါ။ လိမ်လည်ခဲ့ကြသူတွေကတော့ အဲ့ဒီပြစ်ဒါဏ်ကိုကျခံရနိုင်ကြောင်းပါ။ နောက်တ ချက်ကဒီဖြေလျှော့မှုဟာ နိုင်ငံရေးရေစီးကြောင်းပေါ်မှာများစွာမူတည်တယ်ဆိုတဲ့အချက်ပါ။

Q12: If noncitizens received public benefits in the past, do they have to repay them to avoid becoming inadmissible under the public charge ground?

A12: No. Nothing in the public charge ground of inadmissibility rule requires repayment of public benefits to avoid being found inadmissible, nor has such a requirement existed in the past. Accordingly, we will not instruct noncitizens to repay benefits previously received as a condition of admission or adjustment or suggest that they should do so. Further, we will not request proof of repayment as a condition for finding the noncitizen admissible to the United States.)

ယခုသွားနေသောအစီအမံလမ်းကြောင်း

(က) ဖေါ်ပြခဲ့တဲ့အတိုင်းလက်ရှိအစိုးရက ပြီးခဲ့တဲ့ သြဂုတ်(၂၃)ရက်၊ ၂၀၂၁ မှာDHS မှလက်ရှိကျင့်သုံး နေတဲ့ Public Charge ပေါ်လစီတွေနဲ့ပါတ်သက်ပြီးအမေရိကန်နိုင်ငံသားတွေရဲ့ သဘောထားဆန္ဒတွေ တရားဝင်ကြားနာမှုတွေ(hearing sessions) လုပ်ဘို့ရှိပါတယ်။ ဒီကြားထဲမှာ လူထုဆီကတလည်းအ ကြံပြုချက်တွေဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအကြံပြုချက်တွေကို website DHS Docket No. USCIS-2021-0013, through the Federal eRulemaking Portal: https://www.regulations.gov ကနေတဆင့် အောက်တိုဘာ (၂၂)ရက်၊ ၂၀၂၁ မတိုင်မှီတင်သွင်းနိုင်ကြကြောင်းပါ။ လက်ရှိအကြံပြု ချက်များကိုလည်းလေ့လာဖတ်ရှိနိုင်ကြပါတယ်။

(ခ) အဲ့ဒီအစီအမံကို “Advanced Notice of Proposed Rulemaking” (ANPRM) လို့နံမယ်ပေး ထားပြီး၊ “Federal Register” ရဲ့ “Public Charge Ground of Inadmissibility” ခေါင်းစဉ်အောက်မှာ သွားလေ့လာအကြံပြနိုင်ကြကြောင်းပါ။ အနဲဆုံးအနေနဲ့အချိန်ယူလေ့လာသင့်ကြောင်းပြောပါရစေ။

(ဂ) ဒီကိစ္စနဲ့ပါတ်သက်ပြီး၊ အခြား Asian communities အကုန်လုံးလိုလိုက ထဲထဲဝင်ဝင်ဆွေးနွေးမှု တွေလုပ်နေကြပေမဲ့၊ ကျွန်တော်တို့မြန်မာကွန်မြူနတီမှာတော့ စိတ်ဝင်စားမှုအလွန်နည်းသေးတာကို ၀မ်းနည်းဘွယ်တွေ့ရပါတယ်။

(ဃ) ANPRM ကလုပ်မဲ့အစီအမံတွေကတော့ -

  - Public Charge ရဲ့အဓိပ္ပါယ်ကိုဆန်းစစ်ခြင်း၊

  - Inadmissibility determination ရဲ့သဘောသဘာဝကိုဆန်းစစ်ခြင်း၊

  - ထဲ့သွင်းစဉ်းစားမဲ့ immigrant visa အလျောက်အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစုအရေအ တွက်၊ ပိုင်ဆိုင်မှု၊ ငွေရေးရေးကြေးရေး၊ ပညာအရည်အချင်းနဲ့တတ်ကျွမ်းမှု စသည်တို့ရဲ့တိုင်းတာမဲ့ စံနှုန်းပေတံ ဆန်းစစ်ခြင်း၊

  - Affidavit of Support

  - အခြားလေ့လာသင့်တဲ့စံနှုန်းတွေ၊

  - အစိုးရအထောက်အပံ့များ၊

  - ကတိခံဝန်ချက်နဲ့တကွတင်ပြပေးသွင်းရမဲ့ငွေကြေး (bond) နှင့်လုပ်ထုံးလုပ်နည်းများ၊

  - ဗဟိုနဲ့ဒေသဆိုင်ရာ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ပါဝင်ပါတ်သက်မှု အနေအထား၊

စသည်တို့ဟာဆွေးနွေးကြားနာမဲ့အချက်တွေပါ။

(င) အဲ့ဒီအချက်တွေပေါ်မှုမူတည်ပြီး၊ Notice of Proposed Rulemaking – NPRM) ပေါ်ပေါက်လာ ဘွယ်ရှိပါတယ်။ အဲ့ဒီကနေ Final Rule (FR) ဟာပေါ်ပေါက်လာမှာပါ။

ဆွေးနွေးကြမဲ့အချက်တွေဟာ မြန်မာကွန်မြူနတီနဲ့ မြန်မာနိုင်ငံကနေပြောင်းရွှေ့အခြေချလိုသူအားလုံး ရဲ့အနာဂါတ်ကိုပုံရိပ်ဖေါ်ပေးမှာဖြစ်သလို၊ အဲ့ဒီအစီအမံဟာ အစိုးရအဆက်ဆက်ဘယ်လိုဘဲပြောင်း ပြောင်း၊ တည်တံ့ခိုင်မြဲတဲ့နည်းစနစ်နဲ့အကျိုးစီးပွားကာကွယ်မှုကိုကောင်းစွာဆောင်ကျဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။

Public Charge ဟာ တချိန်သောကာလအနာဂါတ်မှာရေးကြီးခွင်ကျယ်ဖြစ်လာနိုင်ပါတယ်။ ဥပမာတခု ပေးပါရစေ။ ခုနောက်ဆုံး Census Bureau ရဲ့နှစ်အလိုက် လူမှုစီးပွားဆန်းစစ်မှူစစ်တမ်းကြီးဖြစ်တဲ့ American Community Survey (ACS) အရ အမေရိကအစိုးရကထောက်ပံ့တဲ့အခမဲ့ ကျန်းမာရေး အာမခံ Medicaid ပေါ်လုံးလုံးလျားလျားမှီခိုနေကြရသူ၊ မြန်မာ-အမေရိကန်လူဦးရေဟာ (၄၈.၇၂%) ရှိတယ်ဆိုရင်ယုံနိုင်ကြမလား?? ဒါဟာနှစ်အလိုက်ဆန်းစစ်မှူတိုင်းတသမတ်တည်းညွှန်ပြနေတာ မို့ငြင်း လို့မရပါဘူး။ ဘာဖြစ်လို့ဒီကိစ္စကိုတင်ပြရလဲဆိုတော့၊ အမေရိကကိုပြောင်းရွှေ့အခြေချကြသူမြန်မာ တွေဟာ ခေသူတွေမဟုတ်ပါဘူး။ အချိန်ကာလတခုရောက်ရင် လူတိုင်းစေ့နေထိုင်မှုကိုအလိုက်သင့် အလျားသင့်ဝင်သွားနိုင်ကြသူတွေချည့်ပါဘဲ။ ကုန်ကျစရိတ်ခြိုးခြံကြရာမှာ အခြားAsiansများနည်းတူ၊ အသုံးအစွဲကင်းကြပါတယ်။ ဒါပေမဲ့ အဓိကမလိုက်နိုင်တာက ကျန်းမာရေးကုသစရိတ်ပါဘဲ။ အဲ့ဒီအ တွက် ကျန်းမာရေးစရိတ်စကဟာ မြန်မာတိုင်းအတွက်ကြီးစွာသောဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်။ အမေရိကနိုင်ငံရဲ့ကျန်းမာရေးစနစ်အရ “ရေစုံသွား” (downward coverage) မို့ သားသမီးများသာ ခံစားခွင့်ရှိကြတာမို့၊ မိဘနဲ့သက်ကြီးပိုင်းတွေ ကိုယ့်ကိစ္စကိုယ်တာဝန်ယူကြရပါတယ်။ အဲ့ဒီမှာတင် ပြဿနာကစပါတယ်။ အဲ့ဒီတော့ သားသမီးများက၀င်ငွေကောင်းတဲ့ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်း ရှင်တွေဖြစ်နေလင့်ကစား၊ ကျန်းမာရေးအာမခံဝယ်ကြရာမှာ Medicaid(သို့မဟုတ်) Obamacare လို့ခေါ်တဲ့ Exchange marketplace မှာအာမခံရယူကြရပါတယ်။ ဒါဟာအနီးစပ်ဆုံးသာဓကပါ။ ဒါကိုကြည့်ရင် မြန်မာတွေရာနှုန်းတော်တော်များများ အစိုးရအထောက်အပံ့ပေါ်မှာ မှီခိုနေကြရပါတယ်။ ဒီလောက်ဆိုရင် Public Charge ရဲ့အရေးပါမှုကို ကျွန်တော်တို့မြန်မာ တစ်ဦးချင်းက အလေးထားသင့် ကြောင်းပေါ်လွင်သွားပြီပေါ့ခင်ဗျား။ လေ့လာလိုက်နာရမှာကတော့ ကာယကံရှင်များရဲ့ ၀တ္တရားဖြစ် နေပြီလို့ဆိုပါရစေ။               ။