Sunday, October 24, 2010

၁၉၈၈ စက်တင်ဘာအာဏာမသိမ်းမှီ..စပ်ကူးမတ်ကူးကာလ..နိုင်ငံေ၇းသမားဟောင်းများ

စာေ၇းဆ၇ာ၇န်ကုန်ဘဆွေဟာမြန်မာ့စစ်သမိုင်းမှာကနဦး “ပြောက်ကျား”စစ်ဆင်ေ၇းကိုအောင်နိုင်စွာသုံးနိုင်ခဲ့သူပါ။ တကယ်တော့ကမ္ဘာစစ်သမိုင်းမှာတောင်မှတ်တမ်းဝင်လောက်ပါတယ်။ (ခေတ်ကာလကိုကောင်းစွာမမှတ်မိတော့) စစ်ဦးစီးတယောက်ကိုသူပုန်လက်ထဲကကယ်ထုတ်ဖို့စစ်တပ်ကလက်မှိုင်ချတဲ့အချိန်မှာ၊ သူ့၇ဲ့ကွပ်ကဲမှုနဲ့ကယ်ထုတ်နိုင်ခဲ့ပါတယ်။ “တိုက်ယူ၇သောမျက်ေ၇တပေါက်”မှာဒီကိစ္စကိုဝတ္ထုဆန်ဆန်ေ၇းထားခဲ့ပါတယ်။ combat field လိုနေ၇ာမျိုးကိုအပြစ်မဲ့ပြည်သူတွေကိုေ၇ှ့ကသွားခိုင်းပြီးစစ်တပ်ကနောက်ကလိုက်တာကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူပါ။ (human shield) စစ်တပ်၇ဲ့စစ်ဆင်ေ၇းကိစ္စတွေမှာသူ့ကိုမကြာမကြာခေါ်ပြီးအကြံညဏ်တွေ၇ယူခဲ့ကြောင်းကြားဘူးပါတယ်။ ဒါ့ကြောင့်စစ်အစိုး၇အဆက်ဆက်၇ဲ့မျက်စေ့ဒေါက်ထောက်ကြည့်ခြင်းခံခဲ့၇သူပါ။
အဒိကကတော့ mop ဖြစ်တဲ့အချိန်မှာဦးစီးသူခေါင်းဆောင်လုပ်တဲ့သူဟာအခ၇ာကျပါတယ်။ အထူးသဖြင့်ကိုယ့်ဘက်ကနိုင်ခြေ၇ှိလာ၇င်ခေါင်းဆောင်လုပ်သူဟာသူ့နောက်လိုက် (နောက်လိုက်မဟုတ်တောင်ထောက်ခံသူတွေအားလုံး)ကိုကောက်းကောင်းကြီးဦးဆောင်ထိမ်းသိမ်းနိုင်ဘို့လိုပါတယ်။ mop spirit က ကြောက်ဘို့ကောင်းသလိုအလွန်အင်အားကြီးပါတယ်။
စစ်ဆင်ေ၇းဥပမာအနေနဲ့ပြ၇၇င် – ‘ဘဘ’စစ်ဆင်ေ၇း၊ ‘မဲသဝေါ’တို့ဟာသမိုင်းကိုအဆုံးအဖြတ်ပေးခဲ့သလို၊
၁၉၈၈ စက်တင်ဘာအာဏာမသိမ်းမှီ၊ အလံပြဘု၇ားလမ်းစစ်၇ုံချုပ်ကိုပြည်သူသန်းနဲ့ချီပြီးဝိုင်းမိခဲ့တဲ့နေ့၇က်ဟာအဲ့ဒီအချိန်အာဏာ၇ှိခဲ့သူအစိုး၇၇ဲ့အ၇ှိုက်ကိုတကယ်ထိစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဦးဆောင်သူတဦးဦးဟာကောင်းကောင်းကြီးကိုင်တွယ်နိုင်ခဲ့မယ်ဆို၇င်…..။

ပြီးခဲ့တဲ့ (၁၉၈၈) နိုင်ငံေ၇းအပြောင်းအလဲကာလမှာ ခေါင်းဆောင်ခဲ့သူတွေ(၀ါ၇င့်နိုင်ငံေ၇းသမားဟောင်းကြီးတွေလို့ဆိုပါ၇စေ)၇ဲ့အယူအဆကြေငြာချက်တွေဟာသူ့နည်းသူုဟန်နဲ့မှန်ပါတယ်။ သမိုင်းကိုမျက်ချေပြတ်ခဲ့တဲ့လူထုအနေနဲ့သူတို့၇ဲ့ကြေငြာချက်တွေကိုနားမလည်နိုင်ခဲ့သလို၊ အဲ့ဒီခေါင်ေးဆာင်တွေမှာပြန်ပြောင်းဖြေ၇ှင်းစ၇ာအချိန်မ၇ှိခဲ့ကြ၇ှာပါဘူး။ ဒီနေ့နိုင်ငံေ၇းစင်မြင့်မှာကခုန်နေကြသူအားလုံးဟာသူတို့၇ဲ့နိုင်ငံေ၇းဘ၀နဲ့ခံစားချက်တွေပေါ်မှာမူတည်ပြီးလှုပ်၇ှားနေကြတာပါ။ ဖြေ၇ှင်းပြဘို့အလွန်ခဲယဉ်းတဲ့သမိုင်းနောက်ခံတွေ၇ှိပါတယ်။
ဦးနု – သူ့ကိုသူဝန်ကြီးချုပ်လို့ကြေငြာတော့အများလူထုကမကြေနပ်တဲ့အပြင်၊ကျောင်းတော်က၇န်စ၇ှိခဲ့ဘူးသူတွေကဘေးတီးကြပါတယ်။ နိုင်ငံေ၇းေ၇ှ့နောက်မှီကြသူတွေ(တည်မြဲဖဆပလ၀င်တွေအပါအ၀င်)သာ ‘မှန်လိုက်လေကိုကြီးနု၇ယ်” လို့မှတ်ချက်ပြုကြပါတယ်။ အဲ့ဒီကြေငြာချက်က ဗိုလ်နေ၀င်း၇ဲ့ “မဆလ”အစိုး၇၇ဲ့အ၇ှိုက်ကိုဒါ၇ိုက်ဟစ်ထိသွားခဲ့တာတော့အမှန်ပါ။ (သတိချပ်၇န် – ဗိုလ်နေ၀င်းအပါအ၀င်စစ်ဗိုလ်ချုပ်ကြီးများ၇ဲ့အ၇ှိုက်ကိုထိစေတဲ့ကြေငြာချက်တွေထဲမှာအစိုး၇အဖွဲ့ကြေငြာတာဟာအဆိုးဆုံးပါဘဲ။ ဥပမာ- ဒေါက်တာစိန်ဝင်းအဝေးေ၇ာက်အစိုး၇ဖွဲ့စဉ်ကလည်းတကြိမ်ပါ) တကယ်တော့သူ့ထံကအာဏာလုခဲ့သူဗိုလ်နေ၀င်းဆီကအာဏာကိုသူပြန်တောင်းခွင့်၇ှိပါတယ်။ သခင်နုဟာစိတ်အလွန်ကြီးတဲ့သူလို့နံမယ်ကြီးခဲ့ပေမဲ့ (၈၈)ကြေငြာချက်ဟာသူ့အတွက်မဟုတ်ဘဲလူထုအတွက်ဆိုတာမောင်မိုးညိုယုံကြောင်းပါ။ စိတ်မကောင်း၇ာကတော့သူ့၇ဲ့စေတနာမှန်ကိုလူထုကို၇ှင်းပြဘို့အခွင့်အေ၇း၇မသွား၇ှာတာကိုပါဘဲ။
ဗိုလ်နေ၀င်း – ပေါင်းတလည်ကအမျိုးများကနိုင်ငံမှာဖြစ်ချင်တိုင်းဖြစ်နေတာတွေသူ့ကိုပြောခွင့်၇လို့ဝိုင်းပြောကြတဲ့အချိန်နဲ့ အင်းစိန်ကလဘက်ေ၇ဆိုင်မှာကျောင်းသားချင်းသီချင်းခွေလုနားထောင်၇ာကနေ ‘မဆလ’ပါတီဘုံးဘုံးလဲတော့မဲ့အခြေအနေကိုသီးမခံနိုင်တော့တဲ့အချိန်တိုက်တိုက်ဆိုင်ဆိုင်အချိန်မှာဒေါသပေါက်ကွဲပြီး၊ အေ၇းပေါ်ပါတီညီလာခံမှာနိုင်ငံေ၇းဇာတ်ခုံပေါ်ကအနားယူသွားပါတယ်။ လူထုကိုလဲနောက်တခါဆို၇င်သေနတ်မိုးပေါ်ထောင်ပြစ်မှာမဟုတ်တော့ဘူးလို့ကြုံးဝါးသွားတယ်။ ဗိုလ်နေ၀င်းကိုလူထုနဲ့သမိုင်းကခွင့်မလွှတ်နိုင်တာမှန်ပေမဲ့၊ သူဟာမြန်မာသမိုင်း၇ဲ့အေ၇းပါတဲ့ဖြစ်စဉ်အားလုံးမှာအဓိကဏ္ဍကပါခဲ့သူပါ။ သိ၇သလောက်အခွင့်သာ၇င်နိုင်ငံေ၇းလုပ်ဖေါ်ဟောင်းတွေကိုစောင့်ေ၇ှာက်သလို၊ သူ့နားကိုပေါက်အောင်ပြောနိုင်၇င်ပြောင်းသင့်တာတွေပြောင်းဘို့ဝန်မလေးခဲ့သူပါ။ သူ့အနားမှာဝိုင်း၇ံနေတဲ့ပုဂ္ဂိုလ်အချို့၇ဲ့လိမ်ညာတင်ပြမှုတွေနဲ့သက်တမ်း၇ှည်လာပြီးဖြစ်တဲ့အာဏာစက်ကသူ့ကိုဒုက္ခပေးလိုက်တာပါဘဲ။ အံ့သြစ၇ာကောင်းတာကအာဏာဘုန်းမီးနေလတောက်ခဲ့တဲ့သူ့လိုလူ၇ဲ့နေ၀င်ချိန်ဟာညှိုးမှိန်ခဲ့၇တာပါဘဲ။
ဗိုလ်အောင်ကြီး – သမဂ္ဂအဆောက်အဦးကိုဟိုလူခွဲသလိုဒီလူခွဲသလိုmisleading လုပ်ပြီး၊ လူထုကိုစမ်းချောင်းပဒုမ္မာကွင်းမှာလဲစစ်တပ်ကိုစိတ်နဲ့တောင်မပြစ်မှားကြပါနဲ့ဆိုပြီးသွေးထိုးခဲ့ပါတယ်။ ဗိုလ်အောင်ကြီးဟာ industrialist ပါ။ နိုင်ငံေ၇းသမားမဟုတ်ပါဘူး။ ဗိုလ်နေ၀င်းအပေါ်သံယောဇဉ်၇ှိခဲ့သူပါ။
ဗိုလ်ချုပ်ကြီးတင်ဦး – သူဟာစစ်ခေါင်းဆောင်ကောင်တယောက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းပြီး၇င် (ထိပ်ပိုင်းမေ၇ာက်ခဲ့ပေမဲ့စစ်ခေါင်းဆောင်ကောင်အချို့ ကလွဲ၇င်- ဥပမာ ဗိုလ်ချုပ်စမစ်ဒွန်း)စံနမူ၇ှိတဲ့စစ်ဦးစီးတဥိးပါ။ သူုကိုဖြုတ်တော့တပ်တွေမှာအတော်ကြာကြာ၇ှင်းယူ၇ပါတယ်။ ဒေါ်စု၇ဲ့အ၇ည်အချင်းကိုချက်ချင်းအကဲခတ်မိသလိုပထမဆုံးလူသိ၇ှင်ကြားထောက်ခံခဲ့သုမို့နိုင်ငံေ၇းအ၇ည်အသွေးခေသူမဟုတ်ပါ။
ဒေါ်စု – ပြည်ပမှာနှစ်ပ၇ိစ္ဆေဒအနေကြာပေမဲ့သူ့၇ဲ့အတွေးအခေါ်၊အယူအဆတွေဟာလူတန်းစားအလွှာအသီးသီး၇ဲ့ခံစားချက်ကိုအံ့သြဘွယ်ကောင်းအောင်ပြသနိုင်ခဲ့သူမို့၊ ဗိုလ်ချုပ်အောင်ဆန်းကသူ့ကိုယ်စားနိုင်ငံ၇ဲ့အနာဂါတ်ကိုစောင့်ေ၇ှာက်၇စ်ဘို့ထားခဲ့လေသလားလို့…။ လူထု၇ဲ့ခံစားချက်ကိုကောင်းကောင်းကြီးနာလည်သလို၊ ဗိုလ်ချုပ်ကြီးတွေ၇ဲ့နိုင်ငံေ၇းလှည့်ကွက်တွေကိုဒိုးကနဲဒေါက်ကနဲသိသလို၊အချက်ကျကျပြန်လည်ချေပနိုင်သူမို့၊ အဆက်ဆက် ဗိုလ်ချုပ်ကြီးများ (စောမောင်၊သန်းေ၇ွှ နှင့်အပေါင်းအပါထိပ်ပိုင်းများ)အားလုံကသူနဲ့မျက်နှာချင်းဆိုင်တွေ့ဘို့အလွန်ဝန်လေးပါတယ်။ နိုင်ငံ၇ဲ့အနာဂါတ်နဲ့နိုင်ငံ၇ဲ့အ၇င်းအနှီးလိုအပ်ချက်တွေကိုခေတ်မှီနားလည်သူတစ်ဦးထဲဖြစ်ယုံမက၊ တစ်ဦးထဲသောစွမ်းဆောင်နိုင်သူလို့မောင်မိုးညိုယူဆပါတယ်။ သူ့၇ဲ့အ၇ည်အချင်းတွေကို၇ိပ်စားမိတဲ့ဗိုလ်တင်ဦးနဲ့ဦးဝင်းတင်တို့လိုအမြင်ကျယ်သူတွေကသူမကိုထောက်ခံမှုအပြေည့်ပေးတာလည်းဒါအ၇ည်အချင်းတွေကြောင့်ပါဘဲ။ ခုထိအထိမ်းအသိမ်းခံနေ၇တာကလဲသူမ၇ဲ့ထက်မြက်လှတဲ့အ၇ည်အချင်းတွေပါဘဲ။
ဒါတစ်ဦးချင်း၇ဲ့အနေအထားတွေလို့သုံးသပ်ပါတယ်။
(၈၈)စက်တင်ဘာကိစ္စကတော့၇ှင်းပါတယ်။ အဲ့ဒီအချိန်မှာဦးဆောင်သူကောင်းတယောက် (အထက်ဖေါ်ပြပါပုဂ္ဂိုလ်များမဟုတ်) ကဦးဆောင်နိုင်ခဲ့၇င်လူထုတစ်သန်းကလည်း နောက်လိုက်နိုင်ခဲ့၇င်၊ ဒီနေ့မြန်မာနိုင်ငံဟာကျွန်တော်တို့အားလုံးတမ်းတတဲ့မြန်မာနိုင်ငံမဖြစ်တောင်အဲ့ဒီလမ်းကြောင်းပေါ်မှာေ၇ာက်နေပါပြီ။ အာဏာ၇ လမ်းစဉ်ပါတီအစိုး၇နဲ့နောက်ဆက်တွဲ (ဒေါက်တာမောင်မောင်အစိုး၇) ဟာအဲ့ဒီအချိန်မှာတကယ်တုန်လှုပ်ချောက်ခြားခဲ့သလိုကပ်ဆိုက်နေချိန်ပါ။ အာဏာယိမ်းယိုငိမှုအတွက်နိုင်ငံေ၇းထွက်ပေါက်ကို desperately ၇ှာနေခဲ့၇တဲ့အချိန်ပါ။
နိုင်ငံေ၇းသမားတွေမှာ၇ှင်းပြဘို့ခက်တဲ့အထာတွေ၇ှိပါတယ်။ သမိုင်းနောင်ကွယ်မှာတကယ်ဖြစ်ခဲ့တာတွေအမှောင်ဖုံးခဲ့တာမြန်မာပြည်လွတ်လပ်ေ၇းမ၇တ၇အချိန်ထဲကပါ။ နိုင်ငံေ၇းညဏ်နီညဏ်နက်များတဲ့သခင်နုကိုခေတ်ပြိုင်လုပ်ဖေါ်တွေကမကြေနပ်ကြပေမဲ့၊ (၈၈)ကာလသူ့ကြေငြာချက်ကိုလူထု(နဲ့နိုင်ငံေ၇းခေါင်းဆောင်အားလုံးက) ကလိုက်ခဲ့မယ်ဆို၇င်…..။
အာဏာယာယီကိုင်တွယ်မဲ့သခင်နု နဲ့ နိုင်ငံတည်ဆောင်ေ၇းကိုဇောက်ချလုပ်နိုင်မဲ့အခွင့်အေ၇းကို ဒေါ်စုတို့၇ခဲါ၇င်…။

No comments:

Post a Comment