Friday, January 21, 2022

အငြိမ်းစားယူခြင်း၏ နောက်ကွယ်

မောင်မိုးညိုတယောက် အငြိမ်းစားယူတဲ့ဘဝကို ဆိုင်းမပါဗုံမဆင့်ဘဲရောက်လာပါပြီ။ နဂိုက ဘယ် လောက်ဘဲစီစဉ်ပြင်ဆင်ထားတယ်ဆိုအုံးတော့၊ တကယ်အငြိမ်းစားယူတဲ့ဘဝရောက်လာပြီဆိုတော့ အတုန်လှုပ်သား။ ကိုယ့်ဇာတိမြေမဟုတ်ပေမဲ့ဒီမြေဒီရေမှာ နှစ်ပရိစ္ဆေဒဘယ်လောက်ပင်အနေကြာပေ မဲ့လည်း၊ ပူပင်မှုတွေအတော်ဖြစ်လာသား။ ကိုယ့်အတွက်မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးအာမခံက အစနေ့စဉ်အသုံစရိတ်၊ မမျှော်မှန်းဘဲရုတ်ချည်ကုန်ကျနိုင်မဲ့စရိတ်စကတွေအတွက် ကြံကြံဖန်ဖန်တွေး ပြီးပူပန်မိတာတော့အမှန်ပါဘဲ။ ဘယ်လောက်ပင်ပြင်ဆင်မှု၊ အခုအခံတွေရှိနေပြီဆိုသော်ငြားလည်း၊ ဒါတွေက ထည့်မစဉ်းစားလို့မဖြစ်ဘူးလေ။ ကျွန်တော့်ဘဝတူ သက်ကြီးပိုင်း အမေရိကရောက်မြန်မာ တွေလည်းဒီလိုအပူအပင်တွေရှိကြလိမ့်မယ်ဆိုတာ သေခြာသပေါ့။ ဒါနဲ့အနှစ်နှစ်အလလ လေ့လာ ထားတဲ့ကိစ္စအချို့ကိုရှာဖွေတင်ပြလိုက်ပါတယ်။ ကြိုတင်အသိပေးလိုတဲ့အချက်က အငြိမ်းစားယူတာနဲ့ ပါတ်သက်ပြီး၊ လက်လှမ်းမှီနိုင်တဲ့ကိုးကားဖတ်ရှုစရာတွေက တပုံကြီးပါ။ မောင်မိုးညိုတယောက် လူပြိန်းတွေးနဲ့လေ့လာစုဆောင်းထားတဲ့ရှုထောင့်ကနေတင်ပြတာမို့၊ အသုံးကျတဲ့ကိစ္စတွေလဲပါနိုင် သလို တချို့ကိစ္စတွေကလည်းအပ်ကြောင်းထပ်သိပြီးသားတွေရှိကြမယ်ဆိုတာယုံမှားသံသယဖြစ်စရာ မလိုပါဘူး။ ယခင်ကလည်း အငြိမ်းစားယူတဲ့ကိစ္စနဲ့ပါတ်သက်ပြီး၊ ကြိုတင်ပြင်ဆင်ဘို့လိုအပ်ချက်တွေ ကအစ အကြောင်းစုံပေါင်းစုံတွေနဲ့ပါတ်သက်ပြီး ဆောင်းပါးတွေရေးဘူးပါတယ်။

တကယ်တော့ မောင်မိုးညိုနဲ့ဘဝတူကောလိပ်ကျောင်းထွက်အားလုံးလိုလိုက၊ အမိမြန်မာပြည်ကြီးမှာ အငြိမ်းစားယူနေကြပါပကော။ ဒါ့ကြောင့် မောင်မိုးညိုရဲ့ နှစ်ဟောင်းကကူးနှစ်သစ်ကူးချိန် မှတ်မှတ်ရရ အငြိမ်းစားယူလိုက်တဲ့အဖြစ်က ထူးပေမဲ့မဆန်းလှပါဘူး။ အိုပြီလေ…။

အငြိမ်းစားယူခြင်း (retirement) ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ပင်စင် (pension) ယူလိုက်ပြီ လို့နှုတ်ကျိုးနေကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာပင်စင်ယူတယ်ဆိုတဲ့ဝေါဟာရဟာ အစိုးရဝန် ထမ်း (government services/public services) ကနေယူကြတာဆိုရင်ပိုမှန်ပါလိမ့်မယ်။ ပုဂ္ဂလိက ကဏ္ဍ (private sector) ကယူတွေကျတော့ အလုပ်ကအနားယူလိုက်ကြပြီဆိုတဲ့စကားကပိုမှန်ပါလိမ့် မယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဝန်ထမ်းများ အသက်(၆၀) (အချို့သောပညာရှင်များနဲ့political positions ညွှန်ကြားရေးမှူးချုပ်နဲ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ၊ သံအမတ်ကြီးများကို လိုအပ် ချက် အရနှစ်အလိုက်စာချုပ်နဲ့ထမ်မံခန့်အပ်တာတွေကလွဲရင်) ဆိုရင်ပင်စင်ယူကြရပါတယ်။ ပင်စင်မ ယူမှီ ဆိုရင်လည်း ကြိုတင်ပြင်ဆင်ခွင့်လို၃-၆လလောက်ခံစားခွင့်ပေးကြတာတွေလည်းရှိပါတယ်။ အချို့ကျတော့လည်း၊ လုပ်သက်နဲ့ယူကြသူတွေရှိသလို၊ အပြစ်ပေးခံရလို့ forced-to-retire မျိုးတွေ လည်းရှိတတ်ကြပါတယ်။ ဒါကမြန်မာနိုင်ငံရဲ့ ၀န်ထမ်းအဖွဲ့အစည်းလောကဘက်ကအခြေအနေတွေပါ။ အမေရိကနိုင်မှာတော့ အငြိမ်းစားယူဘို့အသက်ကန့်သတ်ချက်မရှိတာအများသိကြတဲ့အတိုင်းမို့၊ အချို့ ဆို အသက်(၈၀)ကျော်အထိအလုပ်လုပ်ကောင်းကြသူတွေဒုနဲ့ဒေးပါ။ ဒါပေမဲ့ (၇၀)လက်အထိကိုသာ လုပ်ကြပြီး အငြိမ်းစားယူနေကြတာများတာကလား။ 

စိတ်ဝင်စားစရာအချက်ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာပင်စင်ယူပြီဆိုရင်၊ (ရိုင်းရိုင်းမချွင်းမချန် ပြောရရင်) လမ်းဘေးရောက်သွားကြပါတယ်။ ဒါတွေကအဖြစ်မှန်တွေပါ။ ပင်စင်ယူပြီးရင် တပည့် တပန်းတွေ ဆိတ်သုဉ်းသွားသလို၊ အခေါ်အပြောလဲနည်းသွားပါတယ်။ တချို့ဆိုစိတ်ဓါတ်ကျပြီးစော စောစီးစီး အိုဇာ သွားကြသလို၊ ရိပ်သာဘဲသွားပြီးတရားရှာရတော့မလို၊ ဘဝတွေရောက်သွားကြတာ အမှန်ပါဗျို့။ အမေရိကမှာတော့ဗျာ ဗြောင်းပြန်ဆိုမှဗြောင်းပြန်ပါ။ အငြိမ်းစားယူတော့မယ့်သူကလည်း၊ သူအငြိမ်း စားယူတော့မဲ့ ရက်လတေံကိုလက်ချိုးရေတွက်ကြသလို၊ အငြိမ်းစားမယူနိုင်သေးတဲ့လုပ်ဖေါ် ကိုင်ဖက်တွေက လည်း အငြိမ်းစားယူမဲ့သူကိုမနာလိုဖြစ်ကြဆိုဘဲ။ မောင်မိုးညို အငြိမ်းစားယူတော့မဲ့ နောက်ဆုံးနေ့ ရက်တွေမှာ “Congratulations” တွေ wishes တွေကသောသောညံဗျို့။ ကိုယ့်အစား ၀ိုင်းပြီးဝမ်းသာ လုံးဆို့နေကြသူတွေကလည်းဒုနဲ့ဒေး။

ကိုင်း - ဆွေးနွေးတင်ပြမဲ့ဘက်တွေကိုကြည့်ကြရအောင်ပါ -

(က) မိမိအငြိမ်းစားယူချိန်မှာ စုဆောင်းငွေနဲ့အခြားဝင်ငွေအမျိုးအစားတွေကိုတန်းစီ ရေးချပြီးလေ့လာပါ။

     (၁) မိမိဇနီး(သို့မဟုတ်)ခင်ပွန်းရဲ့ပုံမှန်ဝင်ငွေ

     (၂) 401-k ကဲ့သို့သောစုဆောင်းငွေရံပုံငွေ

     (၃) ဘဏ်များတွင်စုဆောင်းထားသောငွေ

     (၄) အခြားstocks (သို့မဟုတ်) IRAs

     (၅) ငွေသားသက်သက်ထားရှိငွေ

(ခ) နေ့စဉ်၊ လစဉ်၊ နှစ်အလိုက် ကုန်ကျစရိတ် (၂)နှစ်စာခန့်

     (၁) Mortgage/rent/HOA fees

     (၂) ယာဉ်အတွက်ပေးနေရသောliensနှင့်registration fees

     (၃) Property tax

     (၄) Utilities - ရေမီတာခ စသည်တို့

     (၅) အိမ်နှင့်ယာဉ်နှင့်ပါတ်သက်သောအာမခံပရီမီယံကြေးများ

     (၆) ဖုံးနှင့်အင်တာနက်၊ တီဗွီစရိတ်၊

     (၇) အခြားနှစ်စဉ်ကြေးများ - ဥပမာ-Costco, AAA နှင့် မဂ္ဂဇင်းစသည်ဖြင့်

     (၈) credit cards လစဉ်အသုံးစရိတ်

(ဂ) ကျန်းမာရေးအာမခံ(health insurance)

(၆၅)မပြည့်မှီ(၃)လလောက်ကစပြီး၊ (၆၅)နှစ်ပြည့်ပြီး(၃)လမကုတ်ခင်အထိလျှောက်ထားခွင့်ရှိတာကို မမေ့ကြဘို့အရေးကြီးပါတယ်။ (“မြန်မာဂဇက်” နိုဝင်ဘာ ၂၀၁၉ နဲ့ နိုဝင်ဘာ ၂၀၂၁ထုတ်တွေမှာ သီး သန့်ဆောင်းပါးရေးဘူးပြီးသားပါ။) (၆၅)နှစ်မပြည့်သေးရင်တော့ကိုယ်နည်းကိုယ့်ဟန်နဲ့ အာမခံဝယ် ရပါလိမ့်မယ်။ ကို်ယ့်ဇနီး(သို့)ခင်ပွန်းအလုပ်ကနေဝယ်မလား၊ ဒါမှမဟုတ် Obamacare/state exchange ကနေဝယ်မလား ဆိုတာစီစဉ်ရပါမယ်။ သေခြာတာတော့ အလုပ်ကပေးတဲ့အာမခံကို ဘယ်သူမှမယှဉ်နိုင်ကြောင်းပါ။ ဒါမှမဟုတ်ရင်တော့ Medicaid လို့ခေါ်တဲ့တန်ဘိုးနည်း(သို့မဟုတ်) အခမဲ့အာမခံကိုလည်းလျှောက်နိုင်ကြပါတယ်။ ကိုယ်ရောကို်ယ့်ဇနီး/ခင်ပွန်းကအလုပ်လက်မဲ့ ဖြစ်ခဲ့ ရင်ပေါ့လေ။

(ဃ) အလုပ်လက်မဲ့ (unemployment benefit) လျှောက်ထားနိုင်ခြင်းရှိမရှိ

ဒီကိစ္စကသိမ်မွေ့နက်နဲပါတယ်။ ဥပဒေအရမိမိဆန္ဒသက်သက်ဆိုရင်ခံစားခွင့်မရှိပါဘူး။ အငြိမ်းစား လည်းအဲ့ဒီအထဲပါပါတယ်။ လျှောက်ကြည့်လို့ရပါတယ်။ ဆိုင်ရာအလုက်အကိုင်ကြီကြပ်ရေးဌာနက ဆိုင်ရာအလုပ်ကိုလှမ်းမေးစုံစမ်းလေ့ရှိပါတယ်။ တကယ်လို့ရခဲ့ရင်လည်း အလုပ်ရှာတဲ့အလုပ်ကို သက်သေနဲ့ပြန်တင်ပြကြရတဲ့အလုပ်ရှိပါတယ်။ (job search proof) အခုထွက်ပေါ်လာတဲ့သတင်းများ အရ အလုပ်လက်မဲ့ခံစားခွင့်ကို (ရှေ့နေ့တွေကတဆင့်လျှောက်ထားကြသူတွေအပါအဝင်) လိမ်လည် လျှှောက်ထားကြသူတွေ ဒါဏ်ကြေးနဲ့တကွငွေပြန်ပေးသွင်းနေကြရကြောင်းပါ။ အဲ… အလုပ်လက်မဲ့ခံ စားခွင့်ရကြသူတွေအနေနဲ့တော့ ကျန်းမာရေးအာမခံကိုအလွန်သက်သာတဲ့နှုန်းထားတွေရှိတဲ့ပရီမီယံ ကြေးနဲ့ဝယ်ယူနိုင်ကြကြောင်းပါ။

(င) Social Security Benefit ဘယ်တော့လျှှောက်မလဲ

(၆၂)နှစ်ပြည့်ုသူတိုင်း အလုပ်လုပ်ဖူးပြီး လုပ်သက်ခံစားခွင့်(earned income) အဖြစ်ယူနစ်(၄၀) (40 credits)ရှိရင်ထုတ်ခွင့်ရှိပါတယ်။ ကြိုတင်အသိပေးပါရစေ။ အငြိမ်းစားခံစားခွင့်သက်တမ်းအပြည့်(full retirement) ရှိမှထုတ်ကြဘို့အကြံပြုလိုပါတယ်။ (၁)နှစ်ထုတ်ယူဘို့စောင့်တိုင်း (၈%)တိုးခံစားခွင့် ရှိတာမို့ပါ။ ကျွန်တော်တို့မြန်မာအတော်များများဟာ စုဆောင်းငွေရှိတတ်ကြပါတယ်။ လက်မဲ့တွေ မဟုတ်တာမို့ ဒီခံစားခွင့်ကိုလက်ရှောင်ကြပါ။ အသက်ပြည့်မှထုတ်ကြပါ။ အချို့သူတွေက ကိုယ်နောက် ကျမှထုတ်တဲ့အတွက် ကိုယ့်ခံစားခွင့်လျော့တာနဲ့ဘာမှမထူးတာမို့ စောထုတ်ကြဘို့ ‘ပုလိပ်တွက်’တွက် ပြီးထုတ်ခံစားကြပါတယ်။ ကွာခြားချက်ကို မိမိစုဆောင်းငွေပေါ်မူတည်ပြီးအနီးစပ်ဆုံးကိန်းဂဏန်းကို ရှာဖွေနိုင်ကြပါတယ်။ www.socialsecurity.gov မှာတက်ကြည့်ရင်ကွာခြားမှုကိုသိနိုင်ပါတယ်။ အရေးကြီးတာကတော့ (၇၀)ပြည့်ရင်နောက်ဆုံးအသက်အနေနဲ့မထုတ်မနေထုတ်ကြရပါတော့မယ် ဆိုတာ သတိပြုပါ။ နောက်တခုက မိမိရဲ့ထုတ်ယူခွင့်ကို full retirement အထိစောင့်ပြီးထုတ်ယူနေစဉ် ကာလအတွင်းသေဆုံးခဲ့ရင် မိမိရဲ့ကျန်ရစ်သူ ဇနီး(သို့)ခင်ပွန်းဟာ မိမိရဲ့ခံစားခွင့်သော်၎င်း၊ ထိုသူရဲ့ခံစား ခွင့်ကိုသော်၎င်း (များရာ)ကိုထုတ်ယူခွင့်ရှိပါမယ်။ အဲ့ဒီအတွက် full retirement မပြည့်မှီထုတ်ခဲ့ရင် တော့အဲ့ဒီအခွင့်အလမ်းဆုံးရှုံးသွားပါမယ်။ မိမိခံစားခွင့်ရယူနေချိန်အငြိမ်းစားကာလမှာ အလုပ်တခုထ, လုပ်ခဲ့ရင်တော့ လစဉ်ခံစားခွင့်လျော့နည်းသွားဘွယ်ရာရှိသွားနိုင်ပါတယ်။

(စ) အငြိမ်းစားမယူမှီ မိမိအလုပ်ကပေးတဲ့ခံစားခွင့်တွေကုန်အောင်သုံးပါ။

     (၁) မိမိအလုပ်ကပေးနဲ့သွားနဲ့မျက်စေ့ဆိုင်ရာနဲ့မျက်မှန်ခံစားခွင့်တွေကိုကုန်အောင်သုံးပါ။

     (၂) Healthcare Spending Account (HSA) ဟာလက်ကျန်စုဆောင်းငွေရှိပေမဲ့လည်းဆက်သုံး   စွဲလို့ရပါတယ်။ Flexible Spending Account (FSA) ကတော့ကုန်အောင်သုံးရင်သုံးမသုံးရင်ဆုံးနိုင် တာကိုသတိချပ်ကြပါ။

     (၃) charitable giving တို့ employer-sponsored tuition ရှိရင်လည်းသုံးကြပါ။

     (၄) အလုပ်ကပေးတဲ့ ဆုကြေး points တွေကိုလည်းမျက်ခြေမပြတ်ပါစေနဲ့။

(ဆ) 401-k ကိစ္စကအရေးကြီးပါတယ်။

အလုပ်ကပေးတဲ့ဒီစုဆောင်းငွေဟာ အသက်(၅၉ နှစ်ခွဲ)ပြည့်ရင်တရားဝင်ထုတ်ခွင့်ရှိပါတယ်။ အငြိမ်း စားယူကြချိန်မှာအများအားဖြင့်ဒီအသက်ရှိကြပြီမို့ ထုတ်ခွင့်ရှိကြပါပြီ။ ဒါပေမဲ့အရေးကြီးတာကမထုတ် ဘဲနေရင်လဲအလုပ်က retirement group plan မှာဆက်ထားခွင့်ရှိလေ့ရှိပါတယ် ဆိုတာကိုသိကြဘို့ လိုပါတယ်။ အဲ့ဒီငွေပမာဏပေါ်လည်းမူတည်တာမို့ စုဆောင်းငွေနည်းရင်တော့ အလုပ်ရှင်ကချက်လက် မှတ်နဲ့ကိုယ်ဆီပို့ပေးပါတယ်။ အလုပ်ရှင်တွေကအဲ့ဒီစုဆောင်းငွေနဲ့ပါတ်သက်ပြီးဘာလုပ်ချင်လဲမေး လေ့ရှိပါတယ်။ အချို့အလုပ်ရှင်တွေကတော့ မိမိစုဆောင်းငွေပမာဏပေါ်မူတည်ပြီး မိမိဆီကို ချက်ငွေ ပို့လေ့ရှိပါတယ်။ အဲ့ဒီချက်လက်မှတ်ကိုမိမိဘဏ်စာရင်းထဲထဲ့လိုက်ပြီဆိုတာနဲ့ အခွန်တည်းဖြတ် တယ်ဆိုတာကို ကျွန်တော်တို့မြန်မာတွေမျက်ခြေပြတ်လေ့ရှိပါတယ။် သိတဲ့အချိန်နောက်ကျနေပါပြီ။ အားသာချက်က အလုပ်မှာထားရင်အဲ့ဒီရုံပုံငွေစုဆောင်းငွေအပေါ်ပေးရတဲ့ဝန်ဆောင်ခ (servicing fees, etc.) ကသက်သာပါတယ်။ ဒါပေမဲ့ အချို့ကတော့ မိမိတို့စိတ်ကြိုက် fund/stocks ကိုရွေးချယ် ခွင့်ပိုရှိတဲ့IRA (သို့မဟုတ်) RothIRA ကိုအားသတ်ကြပါတယ်။ နောက်တခုလေ့လာသင့်တဲ့နည်း လမ်းတသွယ် ကတော့ Annuity ပါဘဲ (ပြီးခဲ့တဲ့လက မြန်မာဂဇက်မှာဖေါ်ပြထားပါတယ်။)။ အဲ့ဒီမှာ မိမိစုဆောင်း ငွေအားလုံးကိုပြောင်းလဲပြီးလစဉ်ပုံးမှန်နည်းနဲ့အပူအပင်ကင်းကင်းထုတ်ယူနိုင်တဲ့နည်း ကိုလည်းအချို့က အားသန်ကြပါတယ်။ ဒါပေမဲ့ 401-k ကနေထုတ်ပြီဆိုရင်တလုံးတခဲထဲဘဲထုတ်ခွင့်ရှိ သလို၊ အခွန်ဖြတ် တာကိုလည်းကြိုသိကြဘို့လိုပါတယ်။ “ငါ့စာရင်းထဲရှိတဲ့အတိုင်းဘာ့ကြောင့်အပြည့် ထုတ်မပေးပါလိမ့်” ဆိုတာမျိုးနားမလည်ကြတာတွေကြားဘူးလို့ပါ။

အရေးကြီးတာက 401-k စသည်တို့ဟာ မိမိဘဏ်ရှိစုဆောင်းငွေမျိုးဖြစ်ပြီး၊ social security income ကတော့လစဉ်ရမဲ့ဝင်ငွေပုံသေပါ။ ဒါရဲ့ကွဲပြားချက်ကိုသိကြဘို့လိုပါတယ်။ 

အချုပ်ပြောရရင်တော့ အငြိမ်းစားယူကြတယ်ဆိုတာ ဘဝရဲ့အအေးငြိမ်းဆုံးအချိန်ကိုလျှောက်လှမ်းကြ တဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလကို (Golden age) လို့တင်စားခေါ်ကြလို့အကူးအပြောင်း ကာလကိုစိတ်ကူးရင်မှားကြသူမြန်မာတွေအတော်များများရှိပါတယ်။ အနီးစပ်ဆုံးအမှားတွေကိုကြည့် ကြရအောင်ပါ။

(က) အိမ်ခြေရာခြေအသစ်ရှာဖွေပြောင်းရွှေ့နေထိုင်ခြင်း။ ဒါဟာကိုယ်လက်ထဲစုဆောင်းငွေသီး သန့် (set aside money cash)ဘယ်လောက်ရှိကြတယ်ဘဲပြောပြော ကို်ယ့်အခြားစုဆောင်းငွေထဲက ပဲ့ပါလေ့ရှိပါတယ်။ သိတဲ့အချိန်မှာနောက်ကျသွားပါပြီ။

(ခ) မြန်မာနိုင်ငံပြန်ပြောင်းနေကြမလား။ ဒါကလည်းဖြစ်တတ်တဲ့သဘောပါ။ ဒါပေမဲ့နှစ်ရှည်လများ အမေရိကားမှာအခြေချနေပြီးပြီဆိုရင်မြန်မာပြည်ပြန်လို့လအနည်းငယ်အတွင်း၊ တက်သုတ်ရိုက်တိုးတိုး တိပ်တိပ်ပြန်တပ်ခေါက်ကြရသူတွေဒုနဲ့ဒေးပါ။ လူနေမှုစနစ်မတူတော့ပါဘူးဆိုတာကိုမျကခြေပြတ်ကြ လေ့ရှိကြပါတယ်။

(ဂ) သားသမီးမြေးမြစ်များအိမ်ပေါ်တင်ခေါ်ခြင်း၊ စရိတ်ထောက်ပံ့မှုပြန်လုပ်ခြင်း တွေဟာလည်းကောင်း မွန်တဲ့ဆန္ဒပေမဲ့ကူရာမရောက်၊ နှစ်ရာရောက်တတ်ပါတယ်။

(ဃ) အငြိမ်းစားယူပြီးမို့ စုဆောင်းသမျှကုန်အောင်သုံးကြသူတွေ သတိရလို့လှည့်ကြည့်လိုက်တော့ ကိုယ့်လက်ထဲငွေလက်ကျန်မရှိတာတွေရှိတတ်ကြပါတယ်။

(င) ယုံလွယ်ခြင်း ကိစ္စဟာ အမေရိကားမှာမိမိပျက်စီးရာဆုံးရှံုးစေရာအကြောင်းရင်းကြီးပါဗျို့။ အရံအ တားတွေ၊ သတိပေးမှုတွေကြားက အလိမ်ခံလိုက်ကြရသူတွေ၊ ဒူးနဲ့မျက်ရေတိုးတိုးတိပ်တိပ်ကြိတ် သုတ်ကြရသူတွေလည်းမနည်းပါဘူး။ အထူးသဖြင့်vacation home/time-share properties ကိစ္စတွေပါ။ 

(စ) လောင်းကစားခြင်း၊ ရင်းနှီးမြှုပ်နှံ့မှုမက်လောက်စရာအတိုးကောင်းကောင်းနောက် အလိုက်မှားကြ ခြင်းဟာလည်း၊ အသက်ကြီးမှ မိမိပျက်စီးစေရာအကြောင်းကြီးတခုပါ။

အငြိမ်းစားယူခြင်းနောက်ကွယ်က ကိစ္စတချို့ကိုတင်ပြလိုက်ပါတယ်။ မြန်မာတွေနှစ်သစ်မှာ (အငြိမ်းစား ယူမဲ့သူ၊ ယူနေကြဆဲသူတွေအားလုံး) အမှာအယွင်းကင်းကင်းနဲ့နှစ်သစ်မှာရွှင်လမ်းချမ်းမြေ့ကြပါစေ လို့……။


(ZG)

ေမာင္မိုးညိဳတေယာက္ အၿငိမ္းစားယူတဲ့ဘ၀ကို ဆိုင္းမပါဗံုမဆင့္ဘဲေရာက္လာပါၿပီ။ နဂိုက ဘယ္ ေလာက္ဘဲစီစဥ္ၿပင္ဆင္ထားတယ္ဆိုအံုးေတာ့၊ တကယ္အၿငိမ္းစားယူတဲ့ဘ၀ေရာက္လာၿပီဆိုေတာ့ အတုန္လွုပ္သား။ ကိုယ့္ဇာတိေၿမမဟုတ္ေပမဲ့ဒီေၿမဒီေရမွာ ႏွစ္ပရိေစၦဒဘယ္ေလာက္ပင္အေနၾကာေပ မဲ့လည္း၊ ပူပင္မွုေတြအေတာ္ၿဖစ္လာသား။ ကိုယ့္အတြက္မရွိမၿဖစ္လိုအပ္တဲ့ က်န္းမာေရးအာမခံက အစေန့စဥ္အသံုစရိတ္၊ မေမွ်ာ္မွန္းဘဲရုတ္ခ်ည္ကုန္က်ႏိုင္မဲ့စရိတ္စကေတြအတြက္ ၾကံၾကံဖန္ဖန္ေတြး ၿပီးပူပန္မိတာေတာ့အမွန္ပါဘဲ။ ဘယ္ေလာက္ပင္ၿပင္ဆင္မွု၊ အခုအခံေတြရွိေနၿပီဆိုေသာ္ၿငားလည္း၊ ဒါေတြက ထည့္မစဥ္းစားလို့မၿဖစ္ဘူးေလ။ က်ြန္ေတာ့္ဘ၀တူ သက္ၾကီးပိုင္း အေမရိကေရာက္ၿမန္မာ ေတြလည္းဒီလိုအပူအပင္ေတြရွိၾကလိမ့္မယ္ဆိုတာ ေသၿခာသေပါ့။ ဒါနဲ့အႏွစ္ႏွစ္အလလ ေလ့လာ ထားတဲ့ကိစၥအခ်ိဳ့ကုိရွာေဖြတင္ၿပလိုက္ပါတယ္။ ၾကိဳတင္အသိေပးလိုတဲ့အခ်က္က အၿငိမ္းစားယူတာနဲ့ ပါတ္သက္ၿပီး၊ လက္လွမ္းမွီႏိုင္တဲ့ကိုးကားဖတ္ရွုစရာေတြက တပံုၾကီးပါ။ ေမာင္မိုးညိဳတေယာက္ လူၿပိန္းေတြးနဲ့ေလ့လာစုေဆာင္းထားတဲ့ရွုေထာင့္ကေနတင္ၿပတာမို့၊ အသံုးက်တဲ့ကိစၥေတြလဲပါႏိုင္ သလို တခ်ိဳ့ကိစၥေတြကလည္းအပ္ေၾကာင္းထပ္သိၿပီးသားေတြရွိၾကမယ္ဆိုတာယံုမွားသံသယၿဖစ္စရာ မလိုပါဘူး။ ယခင္ကလည္း အၿငိမ္းစားယူတဲ့ကိစၥနဲ့ပါတ္သက္ၿပီး၊ ၾကိဳတင္ၿပင္ဆင္ဘို့လိုအပ္ခ်က္ေတြ ကအစ အေၾကာင္းစံုေပါင္းစံုေတြနဲ့ပါတ္သက္ၿပီး ေဆာင္းပါးေတြေရးဘူးပါတယ္။

တကယ္ေတာ့ ေမာင္မိုးညိဳနဲ့ဘ၀တူေကာလိပ္ေက်ာင္းထြက္အားလံုးလိုလိုက၊ အမိၿမန္မာၿပည္ၾကီးမွာ အၿငိမ္းစားယူေနၾကပါပေကာ။ ဒါ့ေၾကာင့္ ေမာင္မိုးညိဳရဲ့ ႏွစ္ေဟာင္းကကူးႏွစ္သစ္ကူးခ်ိန္ မွတ္မွတ္ရရ အၿငိမ္းစားယူလိုက္တဲ့အၿဖစ္က ထူးေပမဲ့မဆန္းလွပါဘူး။ အိုၿပီေလ…။

အၿငိမ္းစားယူၿခင္း (retirement) ကိုက်ြန္ေတာ္တို့ၿမန္မာႏိုင္ငံမွာေတာ့ ပင္စင္ (pension) ယူလိုက္ၿပီ လို့ႏွုတ္က်ိဳးေနၾကပါတယ္။ တကယ္ေတာ့ ၿမန္မာႏိုင္ငံမွာပင္စင္ယူတယ္ဆိုတဲ့ေ၀ါဟာရဟာ အစိုးရ၀န္ ထမ္း (government services/public services) ကေနယူၾကတာဆိုရင္ပိုမွန္ပါလိမ့္မယ္။ ပုဂၢလိက က႑ (private sector) ကယူေတြက်ေတာ့ အလုပ္ကအနားယူလိုက္ၾကၿပီဆိုတဲ့စကားကပိုမွန္ပါလိမ့္ မယ္။ ဘာၿဖစ္လို့လဲဆိုေတာ့ အစိုးရ၀န္ထမ္းမ်ား အသက္(၆၀) (အခ်ိဳ့ေသာပညာရွင္မ်ားနဲ့political positions ညႊန္ၾကားေရးမွူးခ်ဳပ္နဲ့၀န္ထမ္းအဖြဲ့အစည္းအၾကီးအကဲ၊ သံအမတ္ၾကီးမ်ားကို လိုအပ္ ခ်က္ အရႏွစ္အလိုက္စာခ်ဳပ္နဲ့ထမ္မံခန့္အပ္တာေတြကလြဲရင္) ဆိုရင္ပင္စင္ယူၾကရပါတယ္။ ပင္စင္မ ယူမွီ ဆိုရင္လည္း ၾကိဳတင္ၿပင္ဆင္ခြင့္လို၃-၆လေလာက္ခံစားခြင့္ေပးၾကတာေတြလည္းရွိပါတယ္။ အခ်ိဳ့က်ေတာ့လည္း၊ လုပ္သက္နဲ့ယူၾကသူေတြရွိသလို၊ အၿပစ္ေပးခံရလို့ forced-to-retire မ်ိဳးေတြ လည္းရွိတတ္ၾကပါတယ္။ ဒါကၿမန္မာႏိုင္ငံရဲ့ ၀န္ထမ္းအဖြဲ့အစည္းေလာကဘက္ကအေၿခအေနေတြပါ။ အေမရိကႏိုင္မွာေတာ့ အၿငိမ္းစားယူဘို့အသက္ကန့္သတ္ခ်က္မရွိတာအမ်ားသိၾကတဲ့အတိုင္းမို့၊ အခ်ိဳ့ ဆို အသက္(၈၀)ေက်ာ္အထိအလုပ္လုပ္ေကာင္းၾကသူေတြဒုနဲ့ေဒးပါ။ ဒါေပမဲ့ (၇၀)လက္အထိကိုသာ လုပ္ၾကၿပီး အၿငိမ္းစားယူေနၾကတာမ်ားတာကလား။ 

စိတ္၀င္စားစရာအခ်က္ကေတာ့ က်ြန္ေတာ္တို့ၿမန္မာႏိုင္ငံမွာပင္စင္ယူၿပီဆိုရင္၊ (ရိုင္းရိုင္းမခ်ြင္းမခ်န္ ေၿပာရရင္) လမ္းေဘးေရာက္သြားၾကပါတယ္။ ဒါေတြကအၿဖစ္မွန္ေတြပါ။ ပင္စင္ယူၿပီးရင္ တပည့္ တပန္းေတြ ဆိတ္သုဥ္းသြားသလို၊ အေခၚအေၿပာလဲနည္းသြားပါတယ္။ တခ်ိဳ့ဆိုစိတ္ဓါတ္က်ၿပီးေစာ ေစာစီးစီး အိုဇာ သြားၾကသလို၊ ရိပ္သာဘဲသြားၿပီးတရားရွာရေတာ့မလို၊ ဘ၀ေတြေရာက္သြားၾကတာ အမွန္ပါဗ်ိဳ့။ အေမရိကမွာေတာ့ဗ်ာ ေၿဗာင္းၿပန္ဆိုမွေၿဗာင္းၿပန္ပါ။ အၿငိမ္းစားယူေတာ့မယ့္သူကလည္း၊ သူအၿငိမ္း စားယူေတာ့မဲ့ ရက္လေတံကိုလက္ခ်ိဳးေရတြက္ၾကသလို၊ အၿငိမ္းစားမယူႏိုင္ေသးတဲ့လုပ္ေဖၚ ကိုင္ဖက္ေတြက လည္း အၿငိမ္းစားယူမဲ့သူကိုမနာလိုၿဖစ္ၾကဆိုဘဲ။ ေမာင္မိုးညိဳ အၿငိမ္းစားယူေတာ့မဲ့ ေနာက္ဆံုးေန့ ရက္ေတြမွာ “Congratulations” ေတြ wishes ေတြကေသာေသာညံဗ်ိဳ့။ ကိုယ့္အစား ၀ိုင္းၿပီး၀မ္းသာ လံုးဆို့ေနၾကသူေတြကလည္းဒုနဲ့ေဒး။

ကိုင္း - ေဆြးေႏြးတင္ၿပမဲ့ဘက္ေတြကိုၾကည့္ၾကရေအာင္ပါ -

(က) မိမိအၿငိမ္းစားယူခ်ိန္မွာ စုေဆာင္းေငြနဲ့အၿခား၀င္ေငြအမ်ိဳးအစားေတြကိုတန္းစီ ေရးခ်ၿပီးေလ့လာပါ။

     (၁) မိမိဇနီး(သို့မဟုတ္)ခင္ပြန္းရဲ့ပံုမွန္၀င္ေငြ

     (၂) 401-k ကဲ့သို့ေသာစုေဆာင္းေငြရံပံုေငြ

     (၃) ဘဏ္မ်ားတြင္စုေဆာင္းထားေသာေငြ

     (၄) အၿခားstocks (သို့မဟုတ္) IRAs

     (၅) ေငြသားသက္သက္ထားရွိေငြ

(ခ) ေန့စဥ္၊ လစဥ္၊ ႏွစ္အလိုက္ ကုန္က်စရိတ္ (၂)ႏွစ္စာခန့္

     (၁) Mortgage/rent/HOA fees

     (၂) ယာဥ္အတြက္ေပးေနရေသာliensႏွင့္registration fees

     (၃) Property tax

     (၄) Utilities - ေရမီတာခ စသည္တို့

     (၅) အိမ္ႏွင့္ယာဥ္ႏွင့္ပါတ္သက္ေသာအာမခံပရီမီယံေၾကးမ်ား

     (၆) ဖံုးႏွင့္အင္တာနက္၊ တီဗြီစရိတ္၊

     (၇) အၿခားႏွစ္စဥ္ေၾကးမ်ား - ဥပမာ-Costco, AAA ႏွင့္ မဂၢဇင္းစသည္ၿဖင့္

     (၈) credit cards လစဥ္အသံုးစရိတ္

(ဂ) က်န္းမာေရးအာမခံ(health insurance)

(၆၅)မၿပည့္မွီ(၃)လေလာက္ကစၿပီး၊ (၆၅)ႏွစ္ၿပည့္ၿပီး(၃)လမကုတ္ခင္အထိေလ်ွာက္ထားခြင့္ရွိတာကို မေမ့ၾကဘို့အေရးၾကီးပါတယ္။ (“ၿမန္မာဂဇက္” ႏို၀င္ဘာ ၂၀၁၉ နဲ့ ႏို၀င္ဘာ ၂၀၂၁ထုတ္ေတြမွာ သီး သန့္ေဆာင္းပါးေရးဘူးၿပီးသားပါ။) (၆၅)ႏွစ္မၿပည့္ေသးရင္ေတာ့ကိုယ္နည္းကိုယ့္ဟန္နဲ့ အာမခံ၀ယ္ ရပါလိမ့္မယ္။ ကို္ယ့္ဇနီး(သို့)ခင္ပြန္းအလုပ္ကေန၀ယ္မလား၊ ဒါမွမဟုတ္ Obamacare/state exchange ကေန၀ယ္မလား ဆိုတာစီစဥ္ရပါမယ္။ ေသၿခာတာေတာ့ အလုပ္ကေပးတဲ့အာမခံကို ဘယ္သူမွမယွဥ္ႏိုင္ေၾကာင္းပါ။ ဒါမွမဟုတ္ရင္ေတာ့ Medicaid လို့ေခၚတဲ့တန္ဘိုးနည္း(သို့မဟုတ္) အခမဲ့အာမခံကိုလည္းေလွ်ာက္ႏိုင္ၾကပါတယ္။ ကိုယ္ေရာကို္ယ့္ဇနီး/ခင္ပြန္းကအလုပ္လက္မဲ့ ၿဖစ္ခဲ့ ရင္ေပါ့ေလ။

(ဃ) အလုပ္လက္မဲ့ (unemployment benefit) ေလွ်ာက္ထားႏိုင္ၿခင္းရွိမရွိ

ဒီကိစၥကသိမ္ေမြ့နက္နဲပါတယ္။ ဥပေဒအရမိမိဆႏၵသက္သက္ဆိုရင္ခံစားခြင့္မရွိပါဘူး။ အၿငိမ္းစား လည္းအဲ့ဒီအထဲပါပါတယ္။ ေလွ်ာက္ၾကည့္လို့ရပါတယ္။ ဆိုင္ရာအလုက္အကိုင္ၾကီၾကပ္ေရးဌာနက ဆိုင္ရာအလုပ္ကိုလွမ္းေမးစံုစမ္းေလ့ရွိပါတယ္။ တကယ္လို့ရခဲ့ရင္လည္း အလုပ္ရွာတဲ့အလုပ္ကို သက္ေသနဲ့ၿပန္တင္ၿပၾကရတဲ့အလုပ္ရွိပါတယ္။ (job search proof) အခုထြက္ေပၚလာတဲ့သတင္းမ်ား အရ အလုပ္လက္မဲ့ခံစားခြင့္ကို (ေရွ့ေန့ေတြကတဆင့္ေလွ်ာက္ထားၾကသူေတြအပါအ၀င္) လိမ္လည္ ေလွွ်ာက္ထားၾကသူေတြ ဒါဏ္ေၾကးနဲ့တကြေငြၿပန္ေပးသြင္းေနၾကရေၾကာင္းပါ။ အဲ… အလုပ္လက္မဲ့ခံ စားခြင့္ရၾကသူေတြအေနနဲ့ေတာ့ က်န္းမာေရးအာမခံကိုအလြန္သက္သာတဲ့ႏွုန္းထားေတြရွိတဲ့ပရီမီယံ ေၾကးနဲ့၀ယ္ယူႏိုင္ၾကေၾကာင္းပါ။

(င) Social Security Benefit ဘယ္ေတာ့ေလွွ်ာက္မလဲ

(၆၂)ႏွစ္ၿပည့္ုသူတိုင္း အလုပ္လုပ္ဖူးၿပီး လုပ္သက္ခံစားခြင့္(earned income) အၿဖစ္ယူနစ္(၄၀) (40 credits)ရွိရင္ထုတ္ခြင့္ရွိပါတယ္။ ၾကိဳတင္အသိေပးပါရေစ။ အၿငိမ္းစားခံစားခြင့္သက္တမ္းအၿပည့္(full retirement) ရွိမွထုတ္ၾကဘို့အၾကံၿပဳလိုပါတယ္။ (၁)ႏွစ္ထုတ္ယူဘို့ေစာင့္တိုင္း (၈%)တိုးခံစားခြင့္ ရွိတာမို့ပါ။ က်ြန္ေတာ္တို့ၿမန္မာအေတာ္မ်ားမ်ားဟာ စုေဆာင္းေငြရွိတတ္ၾကပါတယ္။ လက္မဲ့ေတြ မဟုတ္တာမို့ ဒီခံစားခြင့္ကိုလက္ေရွာင္ၾကပါ။ အသက္ၿပည့္မွထုတ္ၾကပါ။ အခ်ိဳ့သူေတြက ကိုယ္ေနာက္ က်မွထုတ္တဲ့အတြက္ ကိုယ့္ခံစားခြင့္ေလ်ာ့တာနဲ့ဘာမွမထူးတာမို့ ေစာထုတ္ၾကဘို့ ‘ပုလိပ္တြက္’တြက္ ၿပီးထုတ္ခံစားၾကပါတယ္။ ကြာၿခားခ်က္ကို မိမိစုေဆာင္းေငြေပၚမူတည္ၿပီးအနီးစပ္ဆံုးကိန္းဂဏန္းကို ရွာေဖြႏိုင္ၾကပါတယ္။ www.socialsecurity.gov မွာတက္ၾကည့္ရင္ကြာၿခားမွုကိုသိႏိုင္ပါတယ္။ အေရးၾကီးတာကေတာ့ (၇၀)ၿပည့္ရင္ေနာက္ဆံုးအသက္အေနနဲ့မထုတ္မေနထုတ္ၾကရပါေတာ့မယ္ ဆိုတာ သတိၿပဳပါ။ ေနာက္တခုက မိမိရဲ့ထုတ္ယူခြင့္ကို full retirement အထိေစာင့္ၿပီးထုတ္ယူေနစဥ္ ကာလအတြင္းေသဆံုးခဲ့ရင္ မိမိရဲ့က်န္ရစ္သူ ဇနီး(သို့)ခင္ပြန္းဟာ မိမိရဲ့ခံစားခြင့္ေသာ္၎၊ ထိုသူရဲ့ခံစား ခြင့္ကိုေသာ္၎ (မ်ားရာ)ကိုထုတ္ယူခြင့္ရွိပါမယ္။ အဲ့ဒီအတြက္ full retirement မၿပည့္မွီထုတ္ခဲ့ရင္ ေတာ့အဲ့ဒီအခြင့္အလမ္းဆံုးရွံဳးသြားပါမယ္။ မိမိခံစားခြင့္ရယူေနခ်ိန္အၿငိမ္းစားကာလမွာ အလုပ္တခုထ, လုပ္ခဲ့ရင္ေတာ့ လစဥ္ခံစားခြင့္ေလ်ာ့နည္းသြားဘြယ္ရာရွိသြားႏိုင္ပါတယ္။

(စ) အၿငိမ္းစားမယူမွီ မိမိအလုပ္ကေပးတဲ့ခံစားခြင့္ေတြကုန္ေအာင္သံုးပါ။

     (၁) မိမိအလုပ္ကေပးနဲ့သြားနဲ့မ်က္ေစ့ဆိုင္ရာနဲ့မ်က္မွန္ခံစားခြင့္ေတြကိုကုန္ေအာင္သံုးပါ။

     (၂) Healthcare Spending Account (HSA) ဟာလက္က်န္စုေဆာင္းေငြရွိေပမဲ့လည္းဆက္သံုး   စြဲလို့ရပါတယ္။ Flexible Spending Account (FSA) ကေတာ့ကုန္ေအာင္သံုးရင္သံုးမသံုးရင္ဆံုးႏိုင္ တာကိုသတိခ်ပ္ၾကပါ။

     (၃) charitable giving တို့ employer-sponsored tuition ရွိရင္လည္းသံုးၾကပါ။

     (၄) အလုပ္ကေပးတဲ့ ဆုေၾကး points ေတြကိုလည္းမ်က္ေၿခမၿပတ္ပါေစနဲ့။

(ဆ) 401-k ကိစၥကအေရးၾကီးပါတယ္။

အလုပ္ကေပးတဲ့ဒီစုေဆာင္းေငြဟာ အသက္(၅၉ ႏွစ္ခြဲ)ၿပည့္ရင္တရား၀င္ထုတ္ခြင့္ရွိပါတယ္။ အၿငိမ္း စားယူၾကခ်ိန္မွာအမ်ားအားၿဖင့္ဒီအသက္ရွိၾကၿပီမို့ ထုတ္ခြင့္ရွိၾကပါၿပီ။ ဒါေပမဲ့အေရးၾကီးတာကမထုတ္ ဘဲေနရင္လဲအလုပ္က retirement group plan မွာဆက္ထားခြင့္ရွိေလ့ရွိပါတယ္ ဆိုတာကိုသိၾကဘို့ လိုပါတယ္။ အဲ့ဒီေငြပမာဏေပၚလည္းမူတည္တာမို့ စုေဆာင္းေငြနည္းရင္ေတာ့ အလုပ္ရွင္ကခ်က္လက္ မွတ္နဲ့ကိုယ္ဆီပို့ေပးပါတယ္။ အလုပ္ရွင္ေတြကအဲ့ဒီစုေဆာင္းေငြနဲ့ပါတ္သက္ၿပီးဘာလုပ္ခ်င္လဲေမး ေလ့ရွိပါတယ္။ အခ်ိဳ့အလုပ္ရွင္ေတြကေတာ့ မိမိစုေဆာင္းေငြပမာဏေပၚမူတည္ၿပီး မိမိဆီကို ခ်က္ေငြ ပို့ေလ့ရွိပါတယ္။ အဲ့ဒီခ်က္လက္မွတ္ကိုမိမိဘဏ္စာရင္းထဲထဲ့လိုက္ၿပီဆိုတာနဲ့ အခြန္တည္းၿဖတ္ တယ္ဆိုတာကို က်ြန္ေတာ္တို့ၿမန္မာေတြမ်က္ေၿခၿပတ္ေလ့ရွိပါတယ။္ သိတဲ့အခ်ိန္ေနာက္က်ေနပါၿပီ။ အားသာခ်က္က အလုပ္မွာထားရင္အဲ့ဒီရံုပံုေငြစုေဆာင္းေငြအေပၚေပးရတဲ့၀န္ေဆာင္ခ (servicing fees, etc.) ကသက္သာပါတယ္။ ဒါေပမဲ့ အခ်ိဳ့ကေတာ့ မိမိတို့စိတ္ၾကိဳက္ fund/stocks ကိုေရြးခ်ယ္ ခြင့္ပိုရွိတဲ့IRA (သို့မဟုတ္) RothIRA ကိုအားသတ္ၾကပါတယ္။ ေနာက္တခုေလ့လာသင့္တဲ့နည္း လမ္းတသြယ္ ကေတာ့ Annuity ပါဘဲ (ၿပီးခဲ့တဲ့လက ၿမန္မာဂဇက္မွာေဖၚၿပထားပါတယ္။)။ အဲ့ဒီမွာ မိမိစုေဆာင္း ေငြအားလံုးကိုေၿပာင္းလဲၿပီးလစဥ္ပံုးမွန္နည္းနဲ့အပူအပင္ကင္းကင္းထုတ္ယူႏိုင္တဲ့နည္း ကိုလည္းအခ်ိဳ့က အားသန္ၾကပါတယ္။ ဒါေပမဲ့ 401-k ကေနထုတ္ၿပီဆိုရင္တလံုးတခဲထဲဘဲထုတ္ခြင့္ရွိ သလို၊ အခြန္ၿဖတ္ တာကိုလည္းၾကိဳသိၾကဘို့လိုပါတယ္။ “ငါ့စာရင္းထဲရွိတဲ့အတိုင္းဘာ့ေၾကာင့္အၿပည့္ ထုတ္မေပးပါလိမ့္” ဆိုတာမ်ိဳးနားမလည္ၾကတာေတြၾကားဘူးလို့ပါ။

အေရးၾကီးတာက 401-k စသည္တို့ဟာ မိမိဘဏ္ရွိစုေဆာင္းေငြမ်ိဳးၿဖစ္ၿပီး၊ social security income ကေတာ့လစဥ္ရမဲ့၀င္ေငြပံုေသပါ။ ဒါရဲ့ကြဲၿပားခ်က္ကိုသိၾကဘို့လိုပါတယ္။ 

အခ်ဳပ္ေၿပာရရင္ေတာ့ အၿငိမ္းစားယူၾကတယ္ဆိုတာ ဘ၀ရဲ့အေအးၿငိမ္းဆံုးအခ်ိန္ကိုေလွ်ာက္လွမ္းၾက တဲ့အခ်ိန္ၿဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ကာလကို (Golden age) လို့တင္စားေခၚၾကလို့အကူးအေၿပာင္း ကာလကိုစိတ္ကူးရင္မွားၾကသူၿမန္မာေတြအေတာ္မ်ားမ်ားရွိပါတယ္။ အနီးစပ္ဆံုးအမွားေတြကိုၾကည့္ ၾကရေအာင္ပါ။

(က) အိမ္ေၿခရာေၿခအသစ္ရွာေဖြေၿပာင္းေရႊ့ေနထိုင္ၿခင္း။ ဒါဟာကိုယ္လက္ထဲစုေဆာင္းေငြသီး သန့္ (set aside money cash)ဘယ္ေလာက္ရွိၾကတယ္ဘဲေၿပာေၿပာ ကို္ယ့္အၿခားစုေဆာင္းေငြထဲက ပဲ့ပါေလ့ရွိပါတယ္။ သိတဲ့အခ်ိန္မွာေနာက္က်သြားပါၿပီ။

(ခ) ၿမန္မာႏိုင္ငံၿပန္ေၿပာင္းေနၾကမလား။ ဒါကလည္းၿဖစ္တတ္တဲ့သေဘာပါ။ ဒါေပမဲ့ႏွစ္ရွည္လမ်ား အေမရိကားမွာအေၿခခ်ေနၿပီးၿပီဆိုရင္ၿမန္မာၿပည္ၿပန္လို့လအနည္းငယ္အတြင္း၊ တက္သုတ္ရိုက္တိုးတိုး တိပ္တိပ္ၿပန္တပ္ေခါက္ၾကရသူေတြဒုနဲ့ေဒးပါ။ လူေနမွုစနစ္မတူေတာ့ပါဘူးဆိုတာကိုမ်ကေၿခၿပတ္ၾက ေလ့ရွိၾကပါတယ္။

(ဂ) သားသမီးေၿမးၿမစ္မ်ားအိမ္ေပၚတင္ေခၚၿခင္း၊ စရိတ္ေထာက္ပံ့မွုၿပန္လုပ္ၿခင္း ေတြဟာလည္းေကာင္း မြန္တဲ့ဆႏၵေပမဲ့ကူရာမေရာက္၊ ႏွစ္ရာေရာက္တတ္ပါတယ္။

(ဃ) အၿငိမ္းစားယူၿပီးမို့ စုေဆာင္းသမွ်ကုန္ေအာင္သံုးၾကသူေတြ သတိရလို့လွည့္ၾကည့္လိုက္ေတာ့ ကိုယ့္လက္ထဲေငြလက္က်န္မရွိတာေတြရွိတတ္ၾကပါတယ္။

(င) ယံုလြယ္ၿခင္း ကိစၥဟာ အေမရိကားမွာမိမိပ်က္စီးရာဆံုးရွံုးေစရာအေၾကာင္းရင္းၾကီးပါဗ်ိဳ့။ အရံအ တားေတြ၊ သတိေပးမွုေတြၾကားက အလိမ္ခံလိုက္ၾကရသူေတြ၊ ဒူးနဲ့မ်က္ေရတိုးတိုးတိပ္တိပ္ၾကိတ္ သုတ္ၾကရသူေတြလည္းမနည္းပါဘူး။ အထူးသၿဖင့္vacation home/time-share properties ကိစၥေတြပါ။ 

(စ) ေလာင္းကစားၿခင္း၊ ရင္းႏွီးၿမွဳပ္ႏွံ့မွုမက္ေလာက္စရာအတိုးေကာင္းေကာင္းေနာက္ အလိုက္မွားၾက ၿခင္းဟာလည္း၊ အသက္ၾကီးမွ မိမိပ်က္စီးေစရာအေၾကာင္းၾကီးတခုပါ။

အၿငိမ္းစားယူၿခင္းေနာက္ကြယ္က ကိစၥတခ်ိဳ့ကိုတင္ၿပလိုက္ပါတယ္။ ၿမန္မာေတြႏွစ္သစ္မွာ (အၿငိမ္းစား ယူမဲ့သူ၊ ယူေနၾကဆဲသူေတြအားလံုး) အမွာအယြင္းကင္းကင္းနဲ့ႏွစ္သစ္မွာရႊင္လမ္းခ်မ္းေၿမ့ၾကပါေစ လို့……။