Wednesday, December 27, 2023

၂၀၂၀ လူဦးရေသန်းခေါင်စာရင်းပြန်တမ်းမှပြဆိုသော မြန်မာလူမျိုးစုတို့၏ အခြေပြ (ဂ) (နောက်ဆုံးအပိုင်း)

 မြန်မာလူမျိုးစုများ (လူမျိုးစပ်များအပါအဝင်) ပဉ္စမ” အများဆုံးနေထိုင်ရာ Minnesota ပြည်နယ်

o          မြန်မာလူမျိုးစု(ပဉ္စမ)အများဆုံးနေထိုင်သော ပြည်နယ်ဖြစ်သည်။ (၁၈,၇၈၀ - ဦး /၅.၃%)

o          Ramsey ခရိုင်သည် Minnesota ပြည် နယ်တွင် မြန်မာလူမျိုစုအများဆုံးနေထိုင်ရာခရိုင် ဖြစ် သည်။ (၁၅ %)

o          St Paul   သည် Minnesota ပြည်နယ်တွင် မြန်မာလူမျိုးစု အများ ဆုံးနေထိုင်ရာမြို့ဖြစ်ပါသည်။

 

မြန်မာလူမျိုးစု အများဆုံးနေထိုင်သောခရိုင်များ (Counties) (Asians လူမျိုးစုအားလုံးထဲမှမြန်မာပါ၀င် မှု%)

Ramsey

၁၄,၀၁၅ (၁၅%)

Mower

,၂၃၉ (၅၃.၅%)

Freeborn

၈၅၃ (၆၅.၄%)

Nobles

၆၁၈ (၄၀.၅%)

Lyon

၅၉၀ (၄၂.၆%)


မြန်မာလူမျိုးစုအများဆုံးနေထိုင်သောမြို့များ (Cities)

St. Paul  

၁၂,၆၆၂

 

Minneapolis  

၈၅

Austin  

,၂၃၇

 

Eagan  

၅၀

Maplewood  

၇၄၂

 

Burnsville  

၄၂

Albert Lea  

၇၃၅

 

Rochester  

၃၈

Worthington  

၅၈၄

 

White Bear Lake  

၃၈

Marshall  

၅၇၀

 

Oakdale  

၃၇

Roseville  

၃၉၁

 

Apple Valley  

၃၅

Willmar  

၃၄၁

 

Windom  

၃၂

North St. Paul  

၁၂၅

 

Little Canada  

၃၀

Clarks Grove  

၁၀၉ 

 

St. Cloud  

၃၀

Fulda  

၉၁

 

 

 

 

မြန်မာလူမျိုးစုအနဲဆုံးနေထိုင်ရာမြို့ (နှင့်ပြည်နယ်) {ပြန်တမ်းအရ ၂၂-ဦးသာပြဆိုသည်}

(Noise-infused counts of less than 22 are not published for privacy and security reasons)

Albany, California

 

Nebraska, Nebraska

Antelope CDP, California

 

Searing town CDP, New York

Camarillo, California

 

White Plains, New York

Farmersville, California

 

Blue Ash, Ohio

Rancho Cordova, California

 

Cincinnati, Ohio

San Luis Obispo, California

 

Madeira, Ohio

Stanford CDP, California

 

Norman, Oklahoma

Arvada, Colorado

 

Gettysburg borough, Pennsylvania

New Haven, Connecticut

 

Columbia, South Carolina

Palm Coast, Florida

 

North Charleston, South Carolina

Temple Terrace, Florida

 

Missouri, Texas

Centerville, Georgia

 

Woodbridge CDP, Virginia

Johns Creek, Georgia

 

Lakeland North CDP, Washington

Mililani Town CDP, Hawaii

 

Pullman, Washington

Glenmont CDP, Maryland

 

Martinsburg, West Virginia

Parkville CDP, Maryland

 

Fond du Lac, Wisconsin

Lemay CDP, Missouri

 

Neenah, Wisconsin

Bellevue, Nebraska

 

 

 

Census ၂၀၁၀ နှင့် ၂၀၂၀ တို့တွင် မြန်မာလူမျိုးစုလူဦးရေအများဆုံးပြည်နယ်(၅)ခုကို အဆင့်လိုက် ပြသခြင်း

 

Census ၂၀၁၀

Census ၂၀၂၀

ပထမအများဆုံးပြည်နယ်

California (၁၇,၉၇၈ - ဦး)

Indiana (၃၁,၆၂၀ - ဦး)

ဒုတိယအများဆုံးပြည်နယ်

New York (၁၂,၁၇၄ - ဦး)

Texas (၂၆,၂၇၁ - ဦး)

တတိယအများဆုံးပြည်နယ်

Texas (၁၀,၄၅၁ - ဦး)

New York (၂၅,၄၄၉ - ဦး)

စတုတ္ထအများဆုံးပြည်နယ်

Indiana (,၈၆၈ - ဦး)

California (၂၅,၁၀၀ - ဦး) 

ပဥ္စမအများဆုံးပြည်နယ်

North Carolina (,၇၇၉ - ဦး)

Minnesota (၁၈,၇၈၀ - ဦး)


 ဒီဇယားကိုကြည့်မယ်ဆိုရင် ပြည်နယ်များအလိုက်မြန်မာလူမျိုးစုများနေထိုင်မှုဟာ Census 2010 နဲ့ 2020 ကြားမှအပြောင်းအလဲကြီးများ ကိုမြင်တွေ့နိုင်ပါတယ်။ မြန်မာအများဆုံးနေတယ်လို့ယုံကြည် ယူဆ ခံရတဲ့ California ဟာ စတုတ္ထအဆင့်အထိလျှောကျသွားတာကိုမြင်နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိ တာက လူနေမှုအဆင့်ယှဉ်ပြိုင်မှုများတဲ့ California ကနေအခြားပြည်နယ်တွေကိုပြောင်းရွှေ့ထွက်ခွာ သွားကြတာဖြစ်နိုင်သလို၊ ပြောင်းရွှေ့ခိုလှုံသူ Refugees အတော်များများတို့ဟာ Indiana နဲ့ New York, Minnesota တို့မှာအခြေချထာများတာလည်းပါနိုင်ပါတယ်။


Census ၂၀၁၀ နှင့် ၂၀၂၀ တို့တွင် အမေရိကတနိုင်ငံလုံးနှင့် မြန်မာလူမျိုးစုလူဦးရေ အများဆုံး ပြည်နယ်(၅)ခု၏ လူဦးရေတိုးနှုန်း (%) ကိုပြသခြင်း

အမေရိကတနိုင်ငံလုံးတွင် မြန်မာလူမျိုးစုဦးရေ တိုးပွားလာမှု%

၁၇၅.၇၇%

Indiana

၃၀၁.၈၈%

Texas

၁၅၁.၃၇%

New York

၁၀၉.၀၄%

California

၃၉.၆၂%

Minnesota

၃၉၉.၀၇%


ဆယ်စုနှစ်တခုအတွင်းမှာ တိုးပွားလာတဲ့မြန်မာလူမျိုးစုဦးရေတိုးနှုန်းဟာ ကြောက်ခမန်းလိလိ ကြီးထွား လာတာကိုတော့ အထက်ကဇယားကမခြွင်းမချန်ပြနေပါတယ်။ မြန်မာလူမျိုးစု (အထူးသဖြင့် ကရင်၊ ချင်း စသဖြင့်တိုင်းရင်းသားမျိုးနွယ်စု)တွေအုပ်လိုက်ဝင်ရောက်လာတဲ့ Indiana, Minnesota နဲ့ Texas တိုဟာ အခုချိန်မြန်မာရွာကြီးတွေဖြစ်နေပါပြီ။ နောက်တခုက ပေါ်ထွက်လာတဲ့ community grassroot organizations များရဲ့ခြေလှမ်းသွက်တဲ့စည်းရုံးပညာပေးမှုတွေကလည်း၊ အရေးပါတဲ့ ကဏ္ဍ မှာရှိနေကြ တာမို့၊ လူဦးရေသန်းခေါင်စာရင်းပြန်ကြားမှုဟာ အဲ့ဒီပြည်နယ်တွေမှာထိရောက်တာကတော့ အမှန်ပါ ဘဲ။ California လိုပြည်နယ်တွေကိုရောက်လာကြသူတွေကတော့ မိမိတို့မိသားစုချင်းအရ ရောက်လာ ကြတာမို့၊ သူတို့အထဲကိုထိုးဖေါက်ဝင်ရောက်ပညာပေးနိုင်ခြင်းဟာခက်ခဲသလို၊ သူတို့ရဲ့ပင် ကိုယ်အာသီ သပေါ်မူတည်ပြီးဖြည့်စွက်ပြန်ကြားကြတာတွေရှိပါတယ်။ မြန်မာပြည်ဖွားဖြစ်ပေမဲ့ မြန်မာ (Burmese)” ဆိုတဲ့ဖြည့်စွက်ချက်ကိုတကယ်လုပ်မလုပ်ဆိုတာသိနိုင်ဘို့အလွန်ခဲယဉ်းလှပါတယ်။


လူဦးရေ အရေအတွက်အလိုက် မြန်မာလူမျိုးစုများပျံ့နှံ့နေထိုင်ကြသောမြို့အရေ အတွက်များ

မြန်မာလူဦးရေစုစုပေါင်း

မြို့အရေအတွက်

(၂၀၀၀)နှင့်အထက်

၂၅

(၁၀၀၀)မှ(၁၉၉၉)

၂၉ 

(၁၀၀)မှ(၉၉၉)

၁၈၈

(၉၉)ဦးအောက်

၄၉၇

 

လူဦးရေတိုးပွားမှုနှုန်း အနည်းဆုံးနှင့်အများဆုံးမြို့များ

လူဦးရေတိုးပွားမှု%အများဆုံးရှိသောမြို့

Milwaukee, Wisconsin (၆၈၈%)

လူဦးရေတို့းပွားမှု%အနည်းဆုံးရှိသောမြို့

Rosemead, California (၄%)

လူဦးရေယုတ်လျော့သွားသောမြို့

Alhambra, California (-၁၄%)


ဒီဇယားကိုကြည့်မယ်ဆိုရင် လူဦးရေတိုးပွားမှုအလွန်အမင်းကွာခြားမှုရှိနေတဲ့ Milwaukee နဲ့ Rosemead လိုမြို့တွေရဲ့လူဦးရေအရေအတွက်ဟာသံသယဝင်စရာဖြစ်နေပါတယ်။ သေခြာတာက တော့ Census Bureau ၀င်ပေါက်ကိုဝင်သွားတဲ့ ကိန်းဂဏန်းတွေဟာ တမင်ပြောင်းလဲခြင်းလုပ်လို့မရတာကတော့သေ ခြာပါတယ်။ ပြန်ကြားသူတွေရဲ့အပေါ်လုံးလုံးလျားလျားတာဝန်ရှိနေပါတယ် ဆိုတာကို ဆိုင်ရာတာဝန်ရှိ သူတွေက အာမခံပြောပြတာကိုပြန်ကြားယောင်မိပါတယ်။  Alhambra လို immigrants အဝင်အထွက် အလွန်များပြီး၊ မြန်မာလူဦးရေထူထပ်တဲ့မြို့တွေမှာရှိတဲ့မြန်မာလူမျိုးစုဦးရေဟာ မတိုးတဲ့အပြင်၊ ယုတ် လျော့သွားတယ်ဆိုတဲ့အချက်ကတော့ မေးခွန်းထုတ်စရာတခုအဖြစ် စိုးရိမ်မကင်းစရာအချက်အဖြစ် ပြနေသပါတယ်။

 

Census 2010 နှင့် Census 2020 တို့တွင်ပြဆိုသော မြန်မာလူမျိုးစု (လူမျိုးစပ်များ အပါအဝင်) အများ ဆုံးအဓိကမြို့များရှိ လူဦးရေနှိုင်းယှဉ်ချက် (နှင့် ဆယ်လူစုနှစ်တခု အတွင်း လူဦးရေတိုးပွားမှု%) (ထိပ်ဆုံး(၂၅)မြို့)


Census 2010 မှ Census 2020 အကြား မြန်မာလူမျိုးစုလူဦးရေတိုးပွားမှုနှုန်းကို အထင်ကရမြို့ များတွင် လေ့လာခြင်း

Cities

Census 2020

Census 2010

Growth%

Oklahoma, Oklahoma

1,084

222

388

Hayward, California

438

120

265

Philadelphia, Pennsylvania

1,145

388

195

San Antonio, Texas

1,346

535

152

Portland, Oregon

1,701

747

128

Austin, Texas

1,074

492

118

Oakland, California

637

377

69

Washington, District of Columbia

205

134

53

Union City, California

469

314

49

San Diego, California

1,199

824

46

San Gabriel, California

350

261

34

Bakersfield, California

389

294

32

El Monte, California

314

241

30

Diamond Bar, California

211

166

27

Los Angeles, California

1,040

842

24

Monterey Park, California

336

279

20

Fremont, California

1,730

1,450

19

San Jose, California

714

602

19

Denver, Colorado

935

800

17

Walnut, California

138

119

16

Arcadia, California

427

376

14

San Francisco, California

1,723

1,579

9

Rosemead, California

390

376

4

Alhambra, California

452

528

-14

 


အထက်ပါဇယားကိုလေ့လာမယ်ဆိုရင် စိတ်ဝင်စားဘွယ်အချက်က Census 2020 အထိနိုင်ငံအတွင်း တရားဝင်ဝင်ရောက်ခွင့်ပြုမိန့် (Immigrant visa) ရရှိသူဦးရေဟာ (၁၈၀,၃၆၄)ဦးရှိတာမို့၊ မြန်မာလူဦး ရေစုစုပေါင်း (၂၇၆,၃၂၂ ဦး)ပေါ်မူတည်တွက်ချက်ရင် (၆၅.၂၇%)သောမြန်မာလူမျိုးစုဦးရေဟာ refugees များဖြစ်ကြတယ်လို့ကောက်ချက်ဆွဲကြရမလိုဖြစ်နေပါတယ်။ ဒါဟာမေးခွန်းထုတ်စရာကိစ္စကြီးတခု ဖြစ်လာပါတယ်။

 

Immigrant visas မျိုးစုံရရှိမှုအခြေအနေ

(၂၀၀၀)ခုနှစ်မှ(၂၀၂၂)ခုနှစ်အတွင်း၊ အမေရိကနိုင်ငံသို့ပြောင်းရွှေ့အခြေချနေထိုင်ကြ သော Immigrant Visas မျိုးစုံရရှိသူ တစ်နှစ်လျင်(ပျမ်းမျှ)မြန်မာလူမျိုးစုဦးရေပေါင်း

,၀၇၄ - ဦး

 

Asylum visa ခွင့်ပြုရရှိမှုနှင့်ငြင်းပယ်ခြင်းခံရမှုအခြေပြ (ဇူလိုင်၊ ၂၀၂၃ ခုနှစ်အထိ)

Asylum လျှောက်ထားမှုပေါ်အရေးယူဆောင်ရွက်ခြင်းများ(%)

%

ဆက်လက်မလျှောက်ထားတော့ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်းနှင့်လျှောက်ထားခြင်း ကိုကာယကံရှင်ကိုယ်တိုင်မှအဆုံးသတ်ခြင်း (%)

၁၉%

ငြင်းပယ်ခြင်း Rejections (%)

၁၃%

ခွင့်ပြုမိန့်ချပေးထားခြင်း (%)

၆၈%

 

မြန်မာလူမျိုးစုလူဦးရေဆိုင်ရာအချက်အလက်များကို Census Bureau ၏ https://data.census.gov တွင် တက်ရောက်ကြည့်ရှုနိုင်သောနည်းလမ်း 



၁။ “Advanced Search” ကို click လုပ်ပါ။

၂။ “Geography” ခေါင်းစဉ်အောက်ရှိမိမိနေထိုင်ရာ (သို့မဟုတ်) ကြည့်လိုသော ဒေတာရှိသောနိုင်ငံ၊ ပြည်နယ်၊ ခရိုင်၊ မြို့ (“Place” သည်မြို့ဖြစ်သည်။) နှင့် ZIP Code နှင့် ကောက်ကွက်တို့ကိုလိုရာနှိပ်ပါ။

(ဥပမာ - မိမိနေထိုင်ရာမြို့ဖြစ်သော Daly City, California ရှိမြန်မာလူမျိုးစုလူဦးရေကိုကြည့်မည်ဆို ပါစို့။)

၃။ “Place” ကိုနှိပ်ပါ။

၄။ “California” ကိုနှိပ်ပါ။

၅။ “Daly City” မြို့အမည်ကို Search box တွင်ရိုက်သွင်းပြီးရှာပါ။

၆။ “Surveys” ခေါင်းစဉ်ကိုနှိပ်ပြီး၊ “Decennial Census” ကိုနှိပ်ပါ။

၇။ ပြီးနောက် “Detailed Demographic and Housing Characteristics File A” ကို check mark လုပ်ပြီး ရွေးပါ။

၈။ “Topics” ခေါင်းစဉ်အောက်ရှိ “Race and Ethnicity” ကိုရွေးနှိပ်ပါ။

၉ ။ “Asian” ကိုရွေးပါ။

၁၀။ “Detailed Asian Alone or in any Combination” ကိုနှိပ်ပါ။

၁၁။ “Southeast Asian Alone or in any Combination” ကိုနှိပ်ပါ။

၁၂။ “Burmese” ကို check mark လုပ်ပြီးရွေးပါ။

(webpage ၏ညာဖက်တွင်ဖေါ်ပြနေသော “Filters” တွင် အချက်(၃)ခုလုံး အပြည့်အစုံရှိ နေပါစေ။)

၁၃။ ညာအောက်ဖက်ထောင့်တွင်ရှိသော “Search” blue box ကိုနှိပ်ပြီး၊ မိမိတို့ကြည့်လိုသော ကိန်း ဂဏန်းအချက်အလက်များကိုကြည့်နိုင်ပါပြီ။ ဇယားအညွှန်းနံပါတ်များမှာ (T01001), (T02002), (T02003) စသဖြင့် လူဦးရေနှင့်ကျား/မ အသက်အပိုင်းအခြားအလိုက်ဖေါ်ပြချက်များ ရှိပါသည်။

၁၄။ ထိုနည်းတူ ခရိုင်၊ ပြည်နယ် နှင့် အမေရိကတဝှမ်းလုံးရှိမြန်မာလူမျိုးစု လူဦးရေကိုကြည့်ရှုနိုင် ပါသည်။

(သတိချပ်ရန်မှာ မိမိတို့ရွေးချယ်မှုဖြစ်သော Burmese Alone (သို့မဟုတ်) Burmese Alone or in any combination ပေါ်မူတည်ပါသည်။)



မြန်မာလူမျိုးစု လူဦးရေဆိုင်ရာအချက်အလက် (သရုပ်ဖေါ်ပုံ)များကို Census Bureau ၏ https://www.census.gov/library/visualizations.html တွင် တက်ရောက်ကြည့်ရှုနိုင်သောနည်းလမ်း

၁။ “Resource Library” ကိုနှိပ်ပါ။

၂။ “Infographic and Visualizations” ကိုနှိပ်ပါ။

၃။ ဒုတိယ column ဖြစ်သော “Demographic Program or Survey” ကိုနှိပ်ပါ။

၄။ Drop-down menu မှ “Decennial Census” ကိုနှိပ်ပါ။

၅။ “Detailed Races and Ethnicities in the U.S. and Puerto Rico: 2020 Census” ခေါင်းစဉ်ကိုရွေးပြီးနှိပ်ပါ။

၆။ “Ranking” ခေါင်းစဉ်ပါ tab ကိုနှိပ်ပါ။

၇။ “Select a Racial or Ethnic Group” ၏ drop-down menu မှ “Asian Alone” (or) “Asian Alone or in Any Combination” ကိုနှိပ်ပါ။

၈။ သင်ကြည့်လိုသောကိန်းဂဏန်းများကိုသရုပ်ဖေါ်ပြသသော graphs များကိုမြင်နိုင်ပါမည်။

(မှတ်ရန်မှာ - ညာဖက်ရှိ “Select a geography” ကိုရွေးချယ်ခြင်းဖြင့် လိုအပ်သလိုပြောင်းလဲကြည့်ရှု နိုင်ပါသည်။)

အချုပ်အားဖြင့် တိုက်တွန်းလိုတဲ့အချက်ကြီးကတော့ ဒီကနေ့မြန်မာကွန်မြူနတီအတွင်း မိမိတို့ဇာတိနိုင် ငံအရေးတောင်းဆိုမှုကစတင်ပြီး၊ အမေရိကနိုင်ငံအတွင်းပြောင်းရွှေ့အခြေချနေထိုင်ကြသည့်တိုင် အောင်၊ မိမိတို့ဘဝတသက်တာလိုအပ်ချက်တွေဟာ စဉ်ဆက်မပြတ်ရှိနေကြမှာက ငြင်းမရတဲ့ကိစ္စတွေ ပါ။ ဒီကိစ္စတွေကို ဆိုင်ရာပိုင်ရာတွေကိုတောင်းဆိုကြရာမှာ အမေရိကနိုင်ငံ အစိုးရအဖွဲ့အစည်းတွေက စိတ်ဝင်တစားအလေးဂရုပြုလာကြဘို့ကရေးကြီးပါတယ်။ ဒီလိုအရေးစိုက်လာဘို့က အမေရိကနိုင်ငံ တော်ကြီးနဲ့အစိုးရက လိုလိုချင်ချင်ကူညီဆောင်ရွက်ပေးဘို့ လိုအပ်တဲ့ လူဦးရေအရေအတွက်နဲ့ပံ့ပိုးပေး ဘို့မဖြစ်မနေလိုအပ်နေတဲ့အချက်အလက်ကိန်းဂဏန်းတွေက သက်သေထူပြသနေဘို့လိုပါတယ်။

မြန်မာနိုင်ငံတနံတလျားအတွင်းကနေပေါက်ဖွားနေထိုင်ကြသူအားလုံးဟာ Burmese တွေဖြစ်ကြပါ တယ်။ Burmese တွေဟာ Burmese ပါလို့တရားဝင်ပြောဘို့၊ (တနည်း)သန်းခေါင်စာရင်းပြန်ကြားဘို့က "မဖြစ်မနေ"လိုအပ်လာတာကတော့ထင်ရှားလှပါတယ်။ ပကတိအခြေအနေကိုနားလည်သုံးသပ်တတ် ကြပြီး၊ အမှန်ကိုအမှန်အတိုင်း ရဲရဲပြောနိုင်ကြသော Burmese တွေဖြစ်ကြပါစေဟူ၍သာ.......။