Wednesday, November 17, 2021

မရှိမဖြစ်တဲ့... Medicare Advantage

အမေရိကားရောက်ကျွန်တော်တို့မြန်မာတွေ အသက်(၆၅)ပြည့်ကြပြီဆိုတာနဲ့ အရေးတကြီးလိုအပ်လာ တဲ့ကိစ္စတခုကတော့ ကျန်းမာရေးအာမခံစနစ်ကြီး တခုဖြစ်တဲ့ ကျန်းမာရေးအာမခံ (Medicare) ကို လျှောက်ထားရယူကြရပါတယ်။ များစွာသော အသိပေးကြော်ငြာတွေကြားမှာဘဲ သက်ကြီးပိုင်းမြန်မာ အတော်များများဟာအဲ့ဒီအရေးကြီးတဲ့လိုအပ်ချက်ကို လုပ်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ အချိန်နှောင်း မှသိရချိန်ဒါဏ်ကြေးနဲ့မကြုံချင်ဘဲ ဆုံကြရပါတယ်။ သိကြဘို့က Medicare ဟာ မိမိအသက်(၆၅)နှစ် ပြည့်ချိန်နေ့ရက်ကစပြီး (၃)လနောက်ကျခဲ့ရင်ဒါဏ်ရိုက်ခံရနိုင်သလို၊ ကျန်းမာရေးအာမခံမရှိရင် အခွန် tax filing လုပ်ချိန်မှာ တခါဒဏ်ရိုက်ခံကြရနိုင်တယ် ဆိုတာကို နားလည်ကြပါ။ မပေါ့ကြဘို့ထပ် လောင်းအသိပေးပါရစေ။ ဒီကြားထဲမှာ အခက်ခဲဆုံးကိစ္စတခုကတော့ များမြောင်လှစွာသောကြော်ငြာ အသိပေးမှုတွေနဲ့ ပါးစပ်ပြောသတင်းတွေဟာ လူတိုင်းကိုပိုစိတ်ရှုတ်ထွေးစေယုံမက၊ ဘာလုပ်လို့ ဘယ် သူ့ကိုမေးရမှန်းမသိလမ်းစ ပျောက်တတ်ကြပါတယ်။ ပိုဆိုးတာက ကျွန်တော်တို့မြန်မာတွေမှာ ကိုယ် မသိရင်သူများကိုမေးရမှာကို ရှက်တတ်ကြပါတယ်။ သိက္ခာကျတယ်လို့ထင်တတ်ကြပါတယ်။ ဒါမှား ယွင်းတဲ့အလေ့အထပါ။ တခါ သိသူတွေ ကလည်း နားလည်းသလောက်လမ်းညွှန်ခြင်းရှင်းပြကူညီခြင်း မလုပ်ပေးကြပါဘူး။

ဒီလမှာတော့ မြန်မာတိုင်းမရှိမဖြစ်လိုအပ်တဲ့ Medicare Advantage (MA) (ခေါ်) Medicare ရဲ့ Part (C) အကြောင်းဘက်တစေ့တစောင်းနဲ့ ဘာကြောင့်မရှိမဖြစ်လိုအပ်လဲဆိုတာကိုဆွေးနွေးပေးပါ့မယ်။ ကြိုတင်အသိပေးလိုတဲ့အချက်ကတော့ ကျွန်တော့်ရဲ့နှစ်မျာစွာကြာ အာမခံစနစ်လုပ်ငန်းအတွေ့အကြုံ နဲ့ထဲထဲဝင်ဝင်ပါတ်သက်မှုလေ့လာမှုတွေပေါ်မှာအခြေခံထားမှာမို့ ရှုထောင်စုံကို တင်ပြရာမှာကွဲလွဲချက်၊ ယူဆချက်ကိုနားလည်ခွင့်လွှတ်ကြဘို့ ကြိုတင်အသိပေးလိုပါတယ်။

ဟုတ်ပါတယ် Medicareလို့လူသိများတဲ့ သက်ကြီးများရဲ့ program ဟာ ရေပန်းစားလူကြိုက်များတဲ့ သမရိုးကျ (traditional) အာမခံစနစ်အဖြစ် ဆယ်စုနှစ်များစွာတည်နေပါပြီ။ အဲ့ဒီ program ကနေ ခေတ်မှီတဲ့Advantage  အာမခံစနစ်များ (တနည်း) အာမခံကုမ္ပဏီများကတိုက်ရိုက်စီမံတဲ့ MA ဟာခုချိန်လူတိုင်းအတွက်မရှိမဖြစ်လိုအပ်လာပါတယ်။ ဘာ့ကြောင့်လဲ ဆိုတဲ့အချက်ကိုမကြည့်ခင် အဓိကသိသင့်တဲ့အကြောင်းချင်းရာကတော့ ကျွန်တော်တို့မြန်မာအားလုံးအတွက် မရှိမဖြစ်လိုအပ်ရ ခြင်းအကြောင်းရင်းတခုအနေနဲ့ စိုးရိမ်ပူပမ်မှု(worry-free)နေခြင်းဟာ MA လက်ဝယ်ရှိနေခြင်းက အားသာချက်ပါဘဲ။ ပွင့်ပွင့်လင်းလင်း တိုက်တွန်းရရင် မြန်မာသက်ကြီးတိုင်း MA ကိုလက်ဝယ်ရှိ ကြပါစေ။ 

 

ကဲ ကွာခြားချက်တွေကို www.medicare.gov မှာဖေါ်ပြထားတာကိုလေ့လာကြည့်ကြရအောင်ပါ။

မူလ “traditional” Medicare

Medicare Advantage (MA)

မိမိစိတ်ကြိုက်ဆရာဝန်၊ဆေးရုံနဲ့အခြားစိတ် ကြိုက်ရွေးချယ်ခွင့်ရှိသူတွေအတွက်မို့၊ စရိတ် ကြီးလေးနိုင်ပါတယ်။

မိမိစိတ်ကြိုက်ဆရာဝန်၊ဆေးရုံနဲ့အခြားစိတ် ကြိုက် ရွေးချယ်ခွင့်ရမရှိပေမဲ့၊ စရိတ်အလွန်သက်သာပြီး လက်တွေ့ကျပါတယ်။

Part B ခေါ်အစိတ်အပိုင်းအတွက်ဖြစ်ပါတယ်။ ခွင့်ပြုကန့်သတ်အဘိုးအခရဲ့ ၂၀% ကို deductible/s တွက်ချက်မှုနောက်ပေးသွင်းရပါ့ မယ်။

အိပ်ကပ်မှပေးသွင်းရတဲ့ (out-of-pocket cost) က ရယူမဲ့ plan/insurance ကုမ္ပဏီပေါ် မူတည် ပါတယ်။ ဒါပေမဲ့ ပေးသွင်းရမဲ့ပရီမီယံကြေး ကင်း ငြိမ်းမဲ့ plans တွေပေါ်နေပါပြီ။

Part D ခေါ်ဆေးဝါးနဲ့ဆက်စပ်ကိရိယာအတွက် သီးသန့်ပေးရပါမယ်။

ဤစရိတ်ကို MA တွေကတာဝန်ယူထားတတ်ကြ ပါတယ်။

စရိတ်စကအကန့်အသတ်မရှိပါ။ (no annual limit) ဒါပေမဲ့ Medicare Supplement Insurance (Medigap)ရှိရင်တော့ကွာခြားမှု ရှိပါတယ်။

မိမိအိတ်မှပေးခြေရသောစရိတ်စကကန့်သတ်ချက် (Annual limit/cap) ရှိပါတယ်။ Plan A နဲ့ B ရဲ့သတ်မှတ်ကြေးပေးခြေပြီးနောက် ထပ်ပေးရန် မလိုပါ။

Medigap ရယူခွင့်ရှိပါတယ်။

Medigap ရယူခွင့်မရှိပါ။

မည်သည့်ဆေးရုံ၊ဆရာဝန်ကိုမဆိုပြခွင့်ရှိပေမဲ့၊ မျက်စိ၊ သွားကုသခွင့်မရှိပါ။

လိုအပ်တဲ့စံပြုကုသခွင့်မျိုးစုံ (လိုလို) (standard services) ကိုလွှမ်းခြုံကု သခွင့်ရှိပါတယ်။

Part D သီးသန့်ဝယ်နိုင်ပါတယ်။

Part D ဟာ plans တိုင်းမှာလိုလို ပါပြီးသားပါ။

ကြိုတင်ခွင့်ပြုမိန့်(service/supplies approval) မလိုပါ။

ကြိုတင်ခွင့်ပြုမိန့် approvalလိုအပ်လေ့ရှိပါတယ်။

အမေရိကနိုင်ငံပြင်ပမှာကုသခံယူခွင့်မရှိပါ။ Medigap အချို့မှာရယူနိုင်ပါတယ်။

အမေရိကနိုင်ငံပြင်ပမှာကုသခံယူခွင့်မရှိပါ။ အချို့ plans တွေကတော့အရေးပေါ်ကုသခံယူခွင့်ရှိ ပါတယ်။

 

MA ရှိပြီးသူတိုင်း မဖြစ်မနေသိသင့်တဲ့အချက်တွေ -

(က) MAလက်ဝယ်ရှိပြီးသူတိုင်းဟာ Medicare ရှိပြီးသားပါ။ သီးသန့်ထပ်ရယူဘို့တော့လိုပါတယ်။

(ခ) အဲ့ဒီအတွက် Medicare ရဲ့အခွင့်အလမ်းကာကွယ်မှုရှိပြီးသားပါ။

(ဂ) Part A ရော B ပါပါပြီးသားပါ။

(ဃ) vision, hearing နဲ့ dental services တွေပါပြီးသားပါ။

(င) မိမိအိပ်ကပ်မှကျသင့်ခံရမဲ့စရိတ်ဟာ မူလ original Medicare ထက်ပိုမိုသက်သာနိုင်ခြေ များပါ တယ်။

(စ) Medigap သီးသန့်ဝယ်ရန်မလိုပါ။

(ဆ) ယခင်ရောဂါအခံရှိသူများလည်းစာရင်းသွင်းခွင့်အပြည့်ရှိကြပါတယ်။

(ဇ) ဆိုင်ရာ အာမခံကုမ္ပဏီရဲ့စက်ဝန်း network ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံများတွင်သာစစ်ဆေးကုသ ခွင့်ရှိကြပါမယ်။

(ဈ) အရေးပေါ်အခြေအနေမှာ နီးစပ်ရာကိုတော့ကုသခံပိုင်ခွင့်ရှိပါတယ်။ မိမိမူရင်းအာမခံကုမ္ပဏီကို တော့ အချိန်မှီပြန်အကြောင်းကြားဘို့လိုပါတယ်။ အရေးကြီးတာက စောနိုင်သမျှစောစီးစွာဆက်သွယ် လမ်းညွှန်မှုခံယူဘို့လိုပါတယ်။ ဆိုလိုတာကအရေးပေါ်ကုသမှုတည်ငြိမ်ပြီဆိုတာနဲ့ ဆက်သွယ်ကြပါ။

(ည) မူလ Medicare ထက်ပိုမိုကျသင့်စရာအကြောင်းမရှိပါ။

(ဋ) မိမိတို့အာမခံကုမ္ပဏီက network ထဲရှိ ဆရာဝန်ဆေးခန်းဆေးရုံ အပြောင်းအလဲရှိနိုင်ပါတယ်။

 

MA ကပြဆိုနေသောကိန်းဂဏန်းများ

(က) (၂၀၀၀)ပြည့်နှစ်မှာ MAလက်ဝယ်ရှိသူ (၉%) မှ (၂၀၂၀) မှာ (၃၉%)တိုးလာပါပြီ။

(ခ) (၂၀၁၅)မှာ အာမခံကုမ္ပဏီ(၁၈%)သာ MA plans ရှိပေမဲ့ ပြီးခဲ့တဲ့ (၂၀၂၁)မှာတင် (၃၂%) ရှိနေပါပြီ။

(ဂ) ဗဟို federal အစိုးရရဲ့စိစစ်သတ်မှတ်ချက်အရ အကောင်းဆုံး star rating (++++) ရှိတဲ့ plans (၇၁%) ရှိနေပါပြီ။

(ဃ) MA စာရင်းသွင်းမှုရာနှုန်းအများဆုံးပြည်နယ်တွေကတော့ Minnesota, California, Florida, Texas နဲ့ New York တို့ဖြစ်ကြပါတယ်။

(င) ထိပ်တန်းစာရင်းပေါက် အာမခံကုမ္ပဏီကြီးတွေကတော့ - United Healthcare, Humana, Blue Cross/Blue Shield နဲ့ Kaiser Permanente တို့ဖြစ်ကြတယ်လို့ AARPအဖွဲ့ကြီးကဆိုထားပါတယ်။

(စ) ၂၀၂၀ခုနှစ်စစ်တမ်းအရ MA မှဆောင်ရွက်မှုအပေးရဆုံး services တွေကတော့ - မျက်စေ့နဲ့မျက် မှန် (၇၉%)၊ ဖုံးမှတဆင့်ကုသပေးနိုင်မှု (၇၇%)၊ သွား(၇၄%)၊ နားကြားကိရိယာ(၇၂%)၊ ဆေးဝါးနဲ့ ကိရိယာ (၆၁%)၊ အစားအသောက် (၃၉%)၊ သယ်ယူပို့ဆောင်ရေးနဲ့အရေးပေါ်ကိစ္စများ (၃၄%) တို့ဖြစ်ကြပါတယ်။

 

MA ရယူဘို့ မြန်မာများစဉ်းစားသင့်တဲ့အချက်တွေ -

(က) စရိတ်စကသက်သာမှု။

(ခ) သက်ကြီးပိုင်းများအိမ်မှာအနေများတာမို့ အိမ်နဲ့နီးရာ ကျန်းမာရေးအာမခံလွှမ်းခြုံမှုရှိတဲ့ network ဟာပိုအဓိပ္ပါယ်ရှိမှု။

(ဂ) အခြားသီးသန့် plans များသီးသန့်မရှိဘဲ၊ မိမိတို့ MAအောက်ရှိစုပေါင်း bundled plan ရှိနေပြီမို့ ကရိကထနည်းမှု။

(ဃ) ဆေးဝါးအမြဲမပြတ်သောက်သုံးနေကြရသူတွေအတွက် အလုံးစုံပါဝင်ပြီးမို့၊ အဆင့်ဆင့်ဆက် သွယ်ရမှုကင်းမှု။

(င)  plan အများကိုတခုချင်းဆက်သွယ်ရသောကိစ္စငြိမ်းမှု။

(စ) သက်ကြီးပိုင်းတိုင်းလိုလိုဟာ ဆေးရုံဆေးခန်းနဲ့မကင်းနိုင်ကြသူမို့၊ ရုတ်တရက်ပေါ်ပေါက်နိုင် တဲ့ကျန်းမာရေးပြဿနာကို တထိုင်တည်းမှာ အဖြေထွက်ရှင်းပေးနိုင်ပါလိမ့်မယ်။

 

ကျန်းမာရေးဟာလာဘ်ကြီးတပါးဆိုတာအထူးပြောစရာလိုမယ်မထင်ပါ။ ဒါပေမဲ့အရွေးမမှားကြဘို့ အရေးကြီးပါတယ်။ Medicare/MA ဟာ individual plan ပါ။ Group plans တွေမဟုတ်တာကြောင့် ကိုယ်ရွေးချယ်မှုများရင်၊ နောက်တစ်နှစ်လုံးလုံးစောင့်ပြီးမှ ပြင်လို့ပြောင်းလဲလို့ရပါမယ်။ ကိုယ်ဖြစ်ကိုယ် ခံကိစ္စပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။