Saturday, February 19, 2022
မြန်မာတိုင်းမဖြစ်မနေသိထားရမည့် “No Surprises Act”
ရေပန်းစားလူကြိုက်များတဲ့ Kaiser Group ကြီးရဲ့ Family Foundation က ၂၀၁၈မှ ၂၀၂၀ အတွင်း လူထုစစ်တမ်းကောက်ယူချက်အရ အသုံးစရိတ်တွေထဲမှာ ကျန်းမာရေးဆေးကုသစရိတ်အဆမတန် ကြီးမားလာမှုတွေကို စိုးရိမ်ပူပန်မှုအများဆုံးဘဲလို့ ဖေါ်ထုတ်ပါတယ်။ ဒီအထဲမှာ မျှော်လင့်မထားတဲ့ ဆေးကုသစရိတ်တောင်းခံလွှာ (unexpected medical bills) ဟာအကြီးမားဆုံးရင်ဆိုင်ကြရတဲ့ကိစ္စ ကြီးလို့ဆိုထားပါတယ်။ အမှန်မှာတော့ဒီလိုတောင်းခံလွှာအမှတ်မထင်ရရှိကြတဲ့အထဲ အမေရိကား ရောက်မြန်မာတွေဟာလဲအိမ်တိုင်းလိုလိုကြုံနေကြရတဲ့ကိစ္စတွေပါ။ အချို့ကလည်း အရေးမကြီးပါဘူး ဆိုပြီးချောင်ထိုးထားကြသလို၊ အချို့ကလည်းဂရုစိုက်မနေပါနဲ့ကွာဆိုတဲ့ ဒုက္ခဘက်တွန်းပိုမှန်းမသိပို့ပေး တဲ့အကြံတွေပြုကြပါတယ်။ အချို့ကတော့ မသိကြရိုး၊ နားမလည်ကြရိုးအမှန်ပါ။ အဆိုပါတောင်းခံလွှာ တွေရရှိကြမှုဟာဆေးကုသမှုခံယူကြသူအားလုံးရဲ့ (၁၆% - ၁၈%) အထိရှိကြတယ်လို့စစ်တမ်းကဆို ထားတာကြောင့် ခပ်ပေါ့ပေါ့ကိစ္စတော့မဟုတ်ပါဘူး။ အဲ့ဒီတောင်းခံလွှာတွေကို အရေးတယူမဆောင် ရွက်ခဲ့ကြလို့ အကြွေးတောင်းတဲ့ claims နဲ့ collection agencies ဌာနတွေရဲ့တောင်းဆိုမှု၊ ဖုံးခေါ်မှု၊ အမှုဖွင့်အရေးယူခံရမှုနဲ့ ကိုယ့်ရဲ့ credit FICO scores တွေထိခိုက်ပြီး၊ ကြွေးပါတ်လည်ဝိုင်းတဲ့ဘဝ ရောက်သွားကြသူတွေရှိပါတယ်။ အမေရိကလိုနိုင်ငံရောက်ပြီးဘဝအဆင်မပြေမှုတွေကြံုကြရသူ မြန်မာတွေတွေ့ရဖူးပါတယ်။ ရှက်လို့အသိမပေးကြသူတွေလည်းဒုနဲ့ဒေးပါ။ သူ့ကိုကိုယ်မကယ်နိုင်၊ ကိုယ့်သူမကယ်နိုင်ကြတဲ့နိုင်ငံပါ။ အပူကပ်အကူအညီပေးနိုင်ကြသူတွေရှိတဲ့နိုင်ငံမဟုတ်တာတော့ အားလုံး နားလည်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ ကိုယ့်ဝမ်းစာကိုသာနာကြရတာကို သဘောပေါက်
ကြပါ။ 
ကဲ-ဒီဥပဒေပြဌာန်းချက်ကိုလေ့လာကြရအောင်ပါ။
ဇာတ်လမ်းအစ
တနေ့တခြားတိုင်တန်းမှုတွေများလာတဲ့ မမျှော်လင့်တဲ့ bills တွေရဲ့အန္တရာယ်တွေကိုကာကွယ်တားဆီး ပေးဘို့ဆူညံလာတာမို့ ဗဟိုအစိုးရရဲ့  Centers for Medicare and Medicaid Services မှကမကထ ပြုပြီး၊ ဒီဥပဒေ Act ကို (၂၀၂၁)ဇူလိုင်(၁)ရက်ကစတင်ခဲ့ပါတယ်။ ဆိုင်ရာဆေးဌာနတွေက မိမိတို့ network နဲ့မဆိုင်တဲ့ပြင်ပကလာရောက်စစ်ဆေးကုသခံကြသူတွေကို ကုန်ကျစရိတ်ခန့်မှန်းခြေ(Good-faith Estimate) ကို လူနာထံတင်ပြခွင့်ပြုချက်တောင်းခံကြဘို့လိုလာပါတယ်။ အဲ့ဒီနှစ် အောက်တိုဘာ (၁၈)ရက်မှာနောက်ဆုံးပြင်ဆင်ချက်အနေနဲ့ ခုနှစ်ဆန်း (၂၀၂၂) ခုဇန္နဝါရီ(၁)ရက်မှာအသက်သွင်းဘို့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအာမခံစနစ်များဖြစ်တဲ့ Medicare, Medicaid, Indian Health Services, VA Healthcare or TRICARE တို့ဟာဒီကာကွယ်မှုတွေရပြီးနေကြပါပြီ။ အများနဲ့ဆိုင်ကြ တာကတော့ အလုပ်ရှင်နဲ့ပြင်ပ Exchange တွေကဝယ်ယူတဲ့group plans တွေနဲ့ဆိုင်နေပါတယ်။
Surprise medical bills ဆိုတာဘာလဲ?
(က) အရေးပေါ်ကျန်းမာရေးချို့တဲ့လို့ဆေးရုံဆေးခန်းကိုဦးစားပေးသွားကြရတဲ့အခါတိုင်းမှာ surprise medical bills ရနိုင်ပါတယ်လို့အကြမ်းဖျဉ်းနားလည်ထားကြပါ။ ခရီးသွားရင်းဘဲဖြစ်ဖြစ်၊ မိမိကျန်းမာ ရေးအာမခံ network ထဲကအရေးပေါ်/အခါမတော် (Emergency Room or Urgent Care) သွားပြ ရရင်လည်းရနိုင်ပါတယ်။ ကို်ယ့်network ပြင်ပ(သို့်မဟုတ်) အခြားမြို့တခုခုမှာပြရင်လည်းရပါလိမ့်မယ်။ ဆိုလိုတာကကြိုတင်ခွင့်ပြုချက်မရဘဲ (without approval by insurance carrier/s)ဆိုရင်ဒီ bills ရဘို့အလားအလာအလွန်များပါတယ်။ ဒါကိုအကာအကွယ်ပေးမှာပါ။
(ခ) တခါ ကိုယ်ရရှိတဲ့တောင်းခံလွှာဟာ တောင်းခံလွှာ (bill) ဟုတ်မဟုတ်ကိုကြည့်ပါ။ စာရင်းရှင်းတမ်း (statement)ဆိုရင်တောင်းခံလွှာမဟုတ်တာကြောင့်ပေးရန်မလိုသေးပါဘူး။ ဒါပေမဲ့ မျက်ခြေမပြတ်ကြ ဘို့အရေးကြီးပါတယ်။ တောင်းခံလွှာကနောက်ကလိုက်တတ်ပါတယ်။ ဆေးကုသပေးသူ၊ ရောဂါစစ် ဆေးရေးဌာနတွေကသူတို့တောင်းခံလွှာတွေတိုက်ရိုက်ပို့တောင်းတတ်ပါတယ်။ ဆိုလိုတာက စရိတ်ကို ဆိုင်ရာအာမခံကုမ္ပဏီကိုတောင်းခံပေမဲ့မရရင်၊ ကာယကံရှင်ဖြစ်တဲ့ကို်ယ့်ဆီတိုက်ရိုက်တောင်းခံလွှာ ပို့တတ်ပါတယ်။ ကိုယ်ကဖြေရှင်းဘို့တာဝန်ရှိကြောင်းပါ။
(ဂ) ကို်ယ်ကုသစစ်ဆေးခံခဲ့တဲ့ဌာနက မိမိပေးရန်ကြွေးပမာဏ (balance amount) ကိုလျှော်ပေး တတ်ကြတာတွေလည်းရှိပါတယ်။ ဥပမာ-သွားဆေးကုခန်းလိုဌာနတွေကလည်း ဒီလိုဆောင်ရွက်ပေး တတ်ကြတာတွေရှိပါတယ်။
(ဃ) အကောင်းဆုံးနည်းကတော့ အကြောင်းကြောင်းကြောင့် မိမိဆိုင်ရာ network ပြင်ပကဖြစ်ခဲ့ရင်၊ မိမိကျန်းမာသက်သာလာသည်နဲ့တပြိုင်နက်တည်း၊ မိမိနဲ့တိုက်ရိုက်ဆိုင်တဲ့ ကျန်းမာရေးအာမခံကုမ္ပဏီ ထံဆက်သွယ်အသိပေးအကြောင်းကြားဘို့လိုပါ တယ်။ မိမိကုသမှုခံယူခဲ့တဲ့ဆေးကုဌာနတွေမှာလည်း မိမိရဲ့ ကျန်းမာရေးအာမခံ (health insurance information) ကိုတိတိကျကျပေးခဲ့ယုံမက၊ ဆိုင်ရာ ဆေးဌာနကိုမိမိအာမခံကုမ္ပဏီသို့ဆက်သွယ်ပြီး ကုန်ကျစရိတ်တောင်းခံခွင့်ကိုလက်မှတ်ထိုးခွင့်ပြုခဲ့ကြ ဘို့အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက insurance ID ပေးခဲ့ယုံနဲ့မလုံလောက်ပါဘူး။ authorization to claims ကိုပါပုံစံဖြည့်သွင်းလက်မှတ် ရေးထိုးကြဘို့လိုပါတယ်။ ID ပေးခဲ့ယုံနဲ့လုံ လောက်တယ်လို့မထင်ကြပါနဲ့။ 
ဒီဥပဒေပြဌာန်းချက်ရဲ့အကာအကွယ်ပေးမှုများ
(က) Balance Billing ကိုတားဆီးပေးပါတယ်။ အရေးပေါ်ကုသမှုအားလုံး(emergency services) နဲ့အချို့သော (non-emergency services) တွေအတွက်မူလလွှမ်းခြံုကာကွယ်မှု(in-network coverage) မှအပ ထပ်မံတောင်းခံခြင်းကိုကာ ကွယ်ပေးပါတယ်။ ဥပမာ-ခွဲစိတ်ကုသမှု၊ မေ့ဆေး၊ ရောဂါရှာဖွေမှု၊ ဆေးရုံပေါ်တင်ကုသစောင့်ရှောက်စရိတ် စသည်တို့ဖြစ်ပါတယ်။
(ခ) တောင်းခံရာမှာလည်းမိမိတို့သဘောတူထားတဲ့ in-network ကနှုန်းထားအတိုင်းဘဲဆောင်ရွက် ကြရပါမယ်။ ပိုတောင်းခံခွင့်မရှိပါဘူး။
(ဂ) out-of-network ဆေးစစ်မှုကုသမှုပေးသူတွေအားလုံးဟာ in-network မှာဆောင်ရွက်ပေးတဲ့ ကုသပေးမှုအားလုံးအတွက် in-network အာမခံနှုန်းထားထက်ပို တောင်းခံခွင့်မရှိပါဘူး။
(ဃ) လူနာကိုလေကြောင်း (air ambulance) နဲ့တင်ပို့သယ်ဆောင်ပေးရရင်လည်း မူလ အာမခံအ တိုင်းဘဲ ကျခံလွှမ်းခြံုကာကွယ်မှုပေးရပါမယ်။ ဒါပေမဲ့ လူနာတင်ယာဉ် (ground ambulance) တော့ အကြံုးမဝင်ပါဘူး။ ဒါကလည်းအရေးကြီးပြီးမှတ်သားသင့်ပါတယ်။ (911) ခေါ်မယ်ဆိုရင်နှစ်ခါစဉ်းစား ကြပါ။
(င) အရေးပေါ်ကိစ္စမဟုတ်တဲ့ဆေးစစ်ကုသမှုများကို in-network မှာလုပ်ပေးခဲ့ရင်လည်းအကာအ ကွယ်ပေးထားပါတယ်။ ဒါပေမဲ့ out-of-network ဌာနများဖြစ်တဲ့ ကလေးမွေးခန်း၊ stand-alone ဆေးခန်း၊ ဆေးစွဲကုသမှုဌာန၊ အကြောအပြင်နာကျင်မှုကုသရာဌာနများ၊ နာတာရှည်၊ hospice/nursing home နဲ့ Urgent Care တွေဟာအကြံုးမဝင်ပါဘူးဆိုတာကို သတိရှိကြဘို့လို ပါတယ်။
သတိပြုရမဲ့ပုံစံဖြည့်စွက်ခြင်းနဲ့လက်မှတ်ထိုးခြင်းများ
(က) ဒါပေမဲ့ ဥပဒေက ကာယကံရှင်ကသဘောတူရင်ဆိုင်ရာကုသပေးသူဆေးရုံဆရာဝန်ဆီမှာ မိမိရဲ့ ရပိုင်ခံစားပိုင်ခွင့်ကိုလက်လွှတ်ကြောင်းပုံစံ (Standard Waiver Form) ကိုပုံစံဖြည့်စွက်လက်မှတ်ရေး ထိုးခွင့်ရှိကြပါတယ်။ 
(ခ) ဒီပုံစံကိုမလိုအပ်ဘဲ ဆေးဌာနကတော့အတင်းအကြပ်ဖြည့်စွက်လက်မှတ်ထိုးခွင့်မရှိပါဘူး။
(ဂ) ဒါပေမဲ့ဒီပုံစံကိုမဖြည့်စွက်တဲ့အတွက်ဆိုင်ရာဆေးဌာနကတော့ စစ်ဆေးကုသခွင့်ကိုငြင်းပယ်ခွင့် ရှိကြတာကိုတော့သိကြရပါမယ်။
(ဃ) ဒီပုံစံကို ကာယကံရှင်လူနာထံ အနည်းဆုံး (၇၂)နာရီ(သို့မဟုတ်) ကုသရမဲ့ကိစ္စကနေ့ချင်းဆိုရင် အနည်းဆုံး(၃)နာရီကြိုတင်ရယူဘို့လိုပါတယ်။
(င) မည်သို့သောသဘောရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ ဥပဒေသဘောသဘာ ၀နဲ့ဖြစ်ပျက်တတ်သောသဘောကိုမသိနိုင်သောသူ (သို့မဟုတ်) ဆင်ချင်ထုံတရားမဲ့သူတစ်ဦး (impaired or otherwise limited in the ability to make informed decisions) ထံကလည်း လက်မှတ်ရေးထိုးမှုရယူခွင့်မရှိပါဘူး။
(စ) အဲ့ဒီအတွက် လက်မှတ်ရေးထိုးသူတွေဟာ (အများအားဖြင့် အရေးပေါ်ကိစ္စမဟုတ်တဲ့အပြင် မိမိစိတ်ကြိုက်ဆရာဝန်/ဆေးရုံမှာ မိမိကုန်ကျစရိတ်သက်သက်သာလိုချင်တဲ့ကုသစစ် ဆေးမှုတွေ) ကိုအခြေအနေကိုသိလျက်နဲ့ waiver ကို တမင်တောင်း ဆိုတာဖြစ်နိုင်တာများပါမယ်။
အကယ်၍ တောင်းခံလွှာရောက်လာပြီးသဘောမတူညီခဲ့ပါက
(က) ခုနှစ် (၂၀၂၂)ဇန္နဝါရီ(၁)ရက်နောက်ပိုင်းတောင်းခံမှုရရှိလာပါက ကန့်ကွက်လွှာ (dispute letter) တင်ခွင့်ရှိနေပါပြီ။
(ခ) မိမိကိုယ်တိုင်ဟာ ကျန်းမာရေးအာမခံလုံးဝမရှိဘဲ၊ ကျသင့်စရိတ်ကိုပေးခြေပါမည်ဟုလက်မှတ်ထိုး ထားပါက၊ တောင်းခံငွေပမာဏဟာ (Good-Faith Estimate) ထက် ($၄၀၀)အထက်ပိုများခဲ့ရင် တောင်းခံနိုင်ပါတယ်။ ဆိုင်ရာဆေးဌာနကလည်းပေးဘို့တာဝန်ရှိပါတယ်။
(ဂ) Patient-provider Resolution Process လို့ခေါ်တဲ့ နှစ်ဘက်ညှိနှိုင်းမှုလမ်းကြောင်းကိုသွား ရပါမယ်။ အဲ့ဒီဇန္နဝါရီ(၁)ရက်နောက်ပိုင်းစစ်ဆေးကုသမှခံယူပြီး နောက်ရက်ပေါင်း (၁၂၀)အ တွင်းရခဲ့ရင်အဲ့ဒီအတိုင်းပြုလုပ်ကြရပါမယ်။
(ဃ) လိုအပ်ရင် independent external review တောင်းဆိုခွင့်ရှိကြပါတယ်။
(င) Online (တိုင်ကြားလွှာ Resolution Dispute) တင်သွင်းမှု  - https://www.cms.gov/nosurprises/consumers/medical-bill-disagreements-if-you-are-uninsured
(စ) Online (ကန့်ကွက်လွှာ Complaint) တင်သွင်းမှု  - https://www.cms.gov/nosurprises/consumers/complaints-about-medical-billing
(ဆ)  ဖုံးခေါ်လိုပါက - Toll free number for “No Surprises Help Desk”: 1(800)985-3059
(ဇ) စိတ်ဆန္ဒရှိရင် Independent Dispute Resolution Entities တွေကို တောင်းဆိုနိုင်ပါတယ်။ အဲ့ဒီစာရင်းကို https://www.cms.gov/nosurprises/Help-resolve-payment-disputes/certified-IDRE-list မှာရှာဖွေနိုင်ကြောင်းပါ။ လက်ရှိနှုန်းထားများကိုလည်းပြထားပါတယ်။
(စျ) အဲ့ဒီတင်သွင်းစဉ်ကာလအတွင်း ဆိုင်ရာဆေးဌာနကအတင်းအကြပ်တောင်းဆိုခွင့်မရှိပါ။ ထိုနည်းတူ အဲ့ဒီဆေးဌာနအနေနဲ့ collection agencies တွေတင်ခွင့်မရှိကြပါဘူး။
(ည) ဒါပေမဲ့ မိမိကို်ယ်တိုင်ကအာမခံရှိသော်လည်းမသုံးဘဲအိပ်ကပ်ထဲမှအလုံးစုံကျခံပါ့မယ်လို့ သဘောတူခဲ့ပြီးရင်တော့ကိုယ့်တာဝန်ဆိုတာကိုနားလည်ကြပါ။ မိမိမူရင်းလက်ဝယ်ရှိအာမခံက မပေးခဲ့လို့ အိပ်ကပ်ထဲကကျခံခဲ့ရတယ်ဆိုရင်တော့၊ ဒီလမ်းကြောင်းကိုသွားကြည့့်နိုင်ကြပါတယ်။
ဒီဥပဒေပြဌာန်းချက်ဟာ ခုမှပေါ်ပေါက်လာရတဲ့အတွက် များစွာသောအပြောင်းအလဲတွေရှိလာ နိုင်ပါ တယ်။ အဲ့ဒီ updates တွေကို www.cms.gov/nosurprises မှာအသေးစိပ်လေ့လာဖတ်ရှုနိုင်ကြ ပါတယ်။ အမေရိကရောက်မြန်မာတွေသိနားစေချင်တဲ့အကြောင်းကတော့ “Balance Bills” ဆိုတဲ့ ငွေတောင်းခံလွှာပေါများတဲ့စိတ်ညစ်စရာအဖြစ်တွေကို ဒီပြဌာန်းချက်က ဇက်သတ်လိုက်ပါတယ်။ “မြန်မာဂဇက်”ဟာများစွာသောမြန်မာတွေနဲ့ပါတ်သက်ပြီးအခါအားလျော်စွာ အသိပညာပေးခြင်းများစွာ တို့ကိုနှစ်များစွာအစဉ်တစိုက်လုပ်နေပါတယ်။
ယူတတ်ရင်ရပါတယ်။ ယူကြဘို့ဘဲလိုပါတယ်။ အသိပညာကြွယ်ဝပြီးလုံခြံုတဲ့မိသားစုဘဝများအဖြစ် ရောက်သော မြန်မာမိသားစုများဖြစ်ကြပါစေလို့…
(ZG)
ကြပါ။ 
ဇာတ်လမ်းအစ
(ည) ဒါပေမဲ့ မိမိကိုယ်တိုင်ကအာမခံရှိသော်လည်းမသုံးဘဲအိပ်ကပ်ထဲမှအလုံးစုံကျခံပါ့မယ်လို့ သဘောတူခဲ့ပြီးရင်တော့ကိုယ့်တာဝန်ဆိုတာကိုနားလည်ကြပါ။ မိမိမူရင်းလက်ဝယ်ရှိအာမခံက မပေးခဲ့လို့ အိပ်ကပ်ထဲကကျခံခဲ့ရတယ်ဆိုရင်တော့၊ ဒီလမ်းကြောင်းကိုသွားကြည့်နိုင်ကြပါတယ်။
ယူတတ်ရင်ရပါတယ်။ ယူကြဘို့ဘဲလိုပါတယ်။ အသိပညာကြွယ်ဝပြီးလုံခြုံတဲ့မိသားစုဘ၀များအဖြစ် ရောက်သော မြန်မာမိသားစုများဖြစ်ကြပါစေလို့…….။