Saturday, June 13, 2020

Census 2020 နှင့် အမေရိကရောက်မြန်မာတို့အတွက် အရေးကြီးသောကာလတခုသို့

Census 2020 ဟာများစွာသော အဖုအထစ်နှောင့်နှေးမှုတွေကြောင့် စီမံဆောင်ရွက်သူတွေရော၊ အမေရိကတ၀ှမ်းနေထိုင်ကြသူတွေ ဒီအရေးကြီးတဲ့အမျိုးသားရေးကိစ္စကြီးကို မေ့လျော့မှန်းမသိ  မေ့လျော့နေကြပါပြီ။ သန်းခေါင်စာရင်းတုန့်ပြန်ကြားခြင်းဟာ၊ အမေရိကရောက်မြန်မာတွေအတွက်  “ဘာများထူးလာမှာမို့လဲ” ဆိုတဲ့လွဲမှားတဲ့အသိစိတ်ကလွှမ်းမိုးနေကြဆဲဆိုတာကိုဝမ်းနည်းဘွယ်တွေ့ ရဆဲပါ။ ဒီဆောင်းပါးအပါအ၀င် ဆောင်းပါးပေါင်း(၅)ခုလောက်ကို ဒီမြန်မာဂဇက်မှ ရေးသားလှုံဆော်မှု  တွေလုပ်နေသလို၊ အမေရိကတ၀ှမ်းရှိ မြန်မာကွန်မြူနတီးအဖွဲ့စုံ၊ တိုင်းရင်းသားစုံတို့က လှုံ့ဆော်မှုတွေ အင်တိုက်အားတိုက်လုပ်ပေမဲ့လည်း၊ ထင်သလောက်အကြောင်းပြန်ခြင်း (Census response)လုပ် တာတွေအားနည်းနေဆဲဆိုတာကို ကိန်းဂဏန်းများကပြဆိုနေပါတယ်။
Census data ဟာမြန်မာတွေအတွက်ဘာ့ကြောင့်အရေးကြီးလဲဆိုတာအရင်ဆောင်းပါးတွေမှာ အကြိမ်ကြိမ်ဖေါ်ပြ ဘူးပေမဲ့၊ ခုတကြိမ်ပြန်အမှတ်ရစေခြင်းအလို့ငှာ အရေးကြီးဆုံး အချက်(၂) ချက်ကိုမီးမောင်းထိုးလို ပါတယ်။
(က) မြန်မာတိုင်းရင်းသားစုံတွေရဲ့ အမေရိကမှာနေထိုင်တဲ့လူနေမှုဘ၀၊ အေးချမ်းတည်ငြိမ်ရေးနဲ့ အခြားအာရှတိုင်းသားတွေနဲ့တန်းတူရည်တူ၊ အောက်တန်းနောက်တန်းမကျရေး၊ အခွင့်ရေးတူ ညီမျှတရေး (အရေးဆိုခွင့်မျိုးတွေအပါအ၀င်)။
(ခ) Immigration ကိစ္စတွေအပါအ၀င် မြန်မာနိုင်ငံမှာရှိနေကြသေးတဲ့မိမိဆွေမျိုးသားချင်းတွေ၊ နိုင်ငံသားတွေအတွက်၊ အမေရိကအစိုးရရဲ့ အရေးကြီးတဲ့တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ ပိတ် ဆို့အရေးယူမှုတွေဖြေလျှော့ပေးနိုင်ါ်ရေးကိစ္စတွေမှာ ဥစ္စာရင်လိုဥစ္စာရင်ခဲဆောင်ရွက်ပေးလိုတဲ့ အခြေရောက်အောင် အောင်အောင်မြင်မြင်အရေးဆိုနိုင်ခွင့်ရှိတဲ့ လူဦးရေပမာဏတိတိကျကျရှိရေး တို့ဟာ အလွန်ပဓါနကျနေပါတယ်။
အခုဖေါ်ပြမဲ့ကိန်းဂဏန်းတွေဟာ စာရေးသူအနေနဲ့ Census Bureau ကြီးရဲ့ webpage ကရယူထား တာဆိုပေမဲ့ မြန်မာနဲ့တိုင်းရင်းသားတွေအားလုံးကိုကိုယ်စားပြုတဲ့ကိန်းဂဏန်းတွေမဟုတ်ပါဘူး ဆိုတာကိုတော့ကြိုတင်ဝန်ခံပါရစေ၊ အဲ့ဒီကိန်းဂဏန်းတွေဟာ အမေရိကနိုင်ငံတ၀ှမ်းမှာ မြန်မာတိုင်း ရင်းသားပေါင်းစုံအများဆုံးနေထိုင်ကြတဲ့မြို့ကြီးတွေမှာနေထိုင်တဲ့ လူမျိုးအားလုံးတို့ရဲ့ကိန်းဂဏန်းတွေ ပါ။ မြန်မာရယ်လို့သတ်မှတ်ကောက်ချက်ချလို့မရသေးပေမဲ့၊ မြန်မာအချိုးကျနေထိုင်ရာမြို့ (city)နဲ့ သန်းခေါင်စာရင်းကောက်ကွက် (Census tract) တွေဖြစ်နေတာမို့ စိုးရိမ်ပူပန်မိတာအမှန်ပါဘဲ။
လေ့လာကြည့်ရအောင်။ (ဂျွန် ၄ ရက် စာရင်းချုပ်အရ)
အမေရိကတ၀ှမ်းပြန်ကြားသူ          = ၆၀.၇% (ဧပြီ ၃၀ ရက် = ၅၃.၇%)
(လွန်ခဲ့တဲ့ ၁၀နှစ်က Census 2010 June မှာ ၆၆.၅% ရှိနေပါပြီ။ အဲ့ဒီအချိန်က internet response မရှိခဲ့ဘဲ စာတိုက်မှပြန်ကြားတာနဲ့အိမ်တိုင်ရာရောက်ကောက်ခံတဲ့နည်း ၂ မျိုးကိုသာသုံးခဲ့တာကို သတိပြုရပါမယ်။)
ကယ်လီဖိုးနီးယားပြည်နယ်           = ၆၁.၈% (ဧပြီ ၃၀ ရက် = ၅၇.၂%)
အာရီဇိုးနားပြည်နယ်                 = ၅၇%    (ဧပြီ ၃၀ ရက် = ၅၂.၁%)
ဖလော်ရီဒါပြည်နယ်                  = ၅၈.၁% (ဧပြီ ၃၀ ရက် = ၅၃.၃%)
အင်ဒီယားနားပြည်နယ်              = ၆၅.၄% (ဧပြီ ၃၀ ရက် = ၆၀.၃%)
နယူးယောက်ပြည်နယ်               = ၅၅.၉% (ဧပြီ ၃၀ ရက် = ၄၉.၉%)
တက္ကဆက်စ်ပြည်နယ်                = ၅၅.၄% (ဧပြီ ၃၀ ရက် = ၅၀.၃%)
မြို့ကြီးများ -
Phoenix, AZ                        = ၅၈.၉ % (ဧပြီ ၃၀ ရက် = ၅၅.၂%)
Alhambra, CA                     = ၆၈.၂% (ဧပြီ ၃၀ ရက် = ၆၄.၇%)
El Monte, CA                      = ၅၈.၈% (ဧပြီ ၃၀ ရက် = ၅၃.၅%)
Bakersfield, CA                    = ၆၀.၂% (ဧပြီ ၃၀ ရက် = ၅၅.၉ %)
Monterey Park, CA                = ၆၆.၇% (ဧပြီ ၃၀ ရက် = ၆၄%)
Daly City, CA                      = ၆၈.၃% (ဧပြီ ၃၀ ရက် = ၆၄.၄%)
Arcadia, CA                        = ၆၄.၈% (ဧပြီ ၃၀ ရက် = ၆၂.၁%)
Rosemead, CA                     = ၆၆.၃% (ဧပြီ ၃၀ ရက် = ၆၃.၁%)
San Diego, CA                     = ၆၇.၁% (ဧပြီ ၃၀ ရက် = ၆၃.၅%)
San Gabriel, CA                   = ၆၅.၅% (ဧပြီ ၃၀ ရက် = ၆၂.၄%)
West Covina, CA                  = ၆၄.၂% (ဧပြီ ၃၀ ရက် = ၆၁.၁%)
Fort Wayne, IN                    = ၆၆.၉ % (ဧပြီ ၃၀ ရက် = ၆၃.၁%)
Buffalo, NY                        = ၄၈.၆% (ဧပြီ ၃၀ ရက် = ၄၃.၇%)
Austin, TX                         = ၅၉ .၄% (ဧပြီ ၃၀ ရက် = ၅၅.၆%)
Dallas TX                          = ၅၂.၅% (ဧပြီ ၃၀ ရက် = ၄၈.၉ %)
စာဖတ်သူအနေနဲ့မိမိနေထိုင်ရာပြည်နယ်/မြို့နဲ့ပါတ်သက်ပြီး လေ့လာကြည့်ချင်ရင်အောက်ပါ link မှာသွားရောက်ကြည့်ရှုစေလိုပါတယ်။
ဒီနေရာမှာ ကယ်လီဖိုးနီးတားပြည်နယ် Arcadia မြို့မှာမြန်မာအထူထပ်ဆုံးနေထိုင်တဲ့ ရပ်ကွက်ဖြစ်တဲ့  (West Lemon Avenue ဗဟိုပြုကောက်ကွက်) Census Track ဖြစ်တဲ့ (#4317, Region 8) ကိုလေ့ လာကြည့်ရာမှာ Asian (၆၉.၉%) အများဆုံးနေထိုင်တဲ့ရပ်ကွက်မှာ Burmese လို့စာရင်းပေါက် ဖေါ် ပြထားခြင်းမတွေ့ရ တာဟာ ထူးခြားချက်တခုဖြစ်နေသလို၊ စိုးရိမ်စရာတခုလည်းဖြစ်နေပါတယ်။ သို့သော်လည်း Mandarin, Chinese, Cantonese နဲ့ Min Nan Chinese တို့လို့ဖြည့်စွက်ပြန်ကြား ကြတယ် လို့တွေ့ရပါတယ်။
Census 2020 ရဲ့အရေးကြီးပြီးအခက်အခဲဆုံအစိတ်အပိုင်းကို ခုဂျွန်လကစပြီးနိုင်ငံတ၀ှမ်းစတင် ပါတော့မယ်။ Census Bureau မှကွင်းဆင်းစာရင်းကောက်ကြမဲ့သူတွေ အိမ်တိုင်ရာရောက် သွားကြ ပါတော့မယ်။ ခုချိန်မှာ internet အပါအ၀င်နည်းမျိုးစုံနဲ့ပြန်ကြားကြဘို့ အချိန်ရှိပါသေးတယ်။ ပြည်နယ်များရဲ့အခြေအနေပေါ်မူတည်ပြီး အောက်တိုဘာလကုန်အထိပြန်ကြားခွင့်ရကြပါလိမ့်မယ်။ အကောင်းဆုံးကတော့ internet ကပြန်ကြားတာအလွယ်ကူဆုံးဖြစ်ပါတယ်။ အိမ်တိုင်ရာရောက်  ကောက်ခံတာတွေကိုလည်းတပြိုင်တည်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ဒီနေရာမှာ (Hard-to-Count HTC) စာရင်းကောက်ခံနိုင်ဘို့အခက်အခဲဆုံးရပ်ကွက်/ကောက်ကွက်  တွေရှိနိုင်မဲ့နေရာတွေ (မြန်မာတွေအများဆုံးနေထိုင်တဲ့နေရာဒေသတွေဖြစ်ဘို့များပါတယ်။) အကြောင်း သိကြဘို့လိုပါတယ်။ 
(က) senior သက်ကြီးပိုင်းများ၊
(ခ) ကျောင်းသားများနေထိုင်ရာအဆောင်များ၊
(ဂ) အိမ်ခြေရာခြေမဲ့ homeless များ၊
(ဃ) တရားမ၀င်နေထိုင်ကြသူများ၊
(င) အငှားနေထိုင်ရာအိမ်ခြေများ၊
(စ) ဘာသာခြားစကားပြောပြီး၊ အင်္ဂလိပ်ဘာသာအကျွမ်းတ၀င်မရှိကြသူများ၊ နားမလည်ကြသူများ၊
(ဆ) သွားလာရေးခက်ခဲသောနေရာများ၊
HTC 2020 ရဲ့ သုံးသပ်ချက်ကိန်းဂဏန်းများအရ New Mexico နဲ့ West Virginia တို့ဟာ Census ပြန်ကြားမှုအနိမ့်ဆုံအခြေအနေမှာရှိနေကြပါတယ်။ Minnesota ဟာအကောင်းဆုံးအခြေအနေ မှာရှိနေပါတယ်။ အမှန်ကိုပြောရရင် ၁၉၉၀ နဲ့ ၂၀၀၀ Census တွေရဲ့ပြန်ကြားမှုနှုန်း (Response Rate%) ဟာ (၂၀၂၀)ထက်သာလွန်နေတာကိုတွေ့ရပါတယ်။ 2020 Census ဟာများစွာသော အနှောင့်အယှက်တွေကို ပွဲဝင်စဉ်ကတည်းကကြုံးခဲ့ရပါတယ်။ အစိုးရကိုယ်တိုင်ဦးဆောင်ပြီး၊ မိမိတို့နိုင်ငံရေးအသာစီးရလိုမှုကိုဦးတည်တဲ့ အကြပ်ကိုင်ပြီး ပါတီဝင် (party affiliation) ကိုမေးတဲ့မေးခွန်းကိုကြိုးပမ်းခဲ့ရာကအစ၊ Census ရဲ့အနှစ်သာရကိုပျက်ယွင်းစေတဲ့ကိစ္စကြီးတွေပေါ်  ပေါက်ခဲ့ရပါတယ်။ အဲ့ဒီကြိုးကိုင်ဘို့ကြိုးစားမှုဟာ လူထုရဲ့အစိုးရနဲ့ သန်းခေါင်စာရင်းကောက်ခံမှုအပေါ် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေကြီးစိုးအရိပ်ထိုးခဲ့ပါတယ်။ တခါ Covid-19 နဲ့ ဆန္ဒပြသပိတ်မှောက်မှုနိုင် ငံတ၀ှမ်းပေါ်ပေါက်လာခြင်းဟာလည်း၊ လုပ်ငန်းတွေကိုဖင့်နှေးစေပြီး၊ လူထုကအလေးဂရုပြုမှုအကြီးအ ကျယ်ကျဆင်းစေခဲ့တာခုချိန်ထိပါ။
ဒါပေမဲ့ ဒီကိစ္စတွေဟာ အမေရိကရောက်မြန်မာတွေအပေါ်သက်ရောက်မှုဘယ်လိုဘဲရှိတယ်ပြောပြော၊ ကြီးမားဆိုးရွားတဲ့ အခြေအထိတော့မရောက်နိုင်ပါဘူး။ ဖြည့်သွင်းပြန်ကြားချိန် (၁၅)မိနစ်ကာအချိန် ကာလဟာမိမိနဲ့တကွ မိမိတို့ရဲ့နောင်လာနောက်သားတွေရဲ့ဘ၀အခြေအနေကို ခိုင်မာစေယုံမက၊ အကာကွယ်အစောင့်အရှောက်ကောင်းတဲ့ လူမှုဘ၀တွေကိုပျိုးထောင်ပေးနိုင်မယ်ဆိုတာကို မြင်အောင် ကြည့်တတ်ကြဘို့လိုပါပြီလို့။