Saturday, October 16, 2021

Race, Ethnicity နဲ့ Nationality ကိစ္စ တစေ့တစောင်း

ခုပြီးခဲ့တဲ့ အောက်တိုဘာ (၈)ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ် Governor Newsom ကပြည်နယ် တ၀ှမ်းလုံးမှာ Ethnic Studies နဲ့ပါတ်သက်တဲ့ဘာသာရပ်ကြီးကို အခြေခံပညာအထက်တန်းစာမေးပွဲ မအောင်မဖြစ်ဘာသာရပ်အဖြစ်အတည်ပြုကြောင်းအမိန့်ထုတ်ကြေငြာခဲ့ပါတယ်။ ဒီဥပဒေဟာလွယ် လွယ်ကူကူချောချောမွေ့မွေ့နဲ့မွေးဖွားလာရတာတော့မဟုတ်ပါဘူး။ Riverside ကပြည်နယ်အမတ်တစ် ဦးကဥပဒေကြမ်းအကြိမ်ကြိမ်တင်သွင်းပြီးမှပေါ်ပေါက်လာရတာပါ။ Diversityကိုကိုးကွယ်တဲ့နိုင်ငံကြီး ဖြစ်တာနဲ့အတူ လူမျိုးရေးပဋိပက္ခပစ်ခတ်သတ်ဖြတ်မှုတွေများမြောင်တဲ့ကြားက အတိုက်အခိုက်များစွာ ကြားကပေါ်ပေါက်လာရတာပါ။  အတိုက်အခံများက လူမျိုးကြီးဝါဒကိုအားပေးအားမြှောက်ပြုတယ်ဆို တဲ့စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ School districts တော်တော်များ မျာမှာ Ethnic studies ဟာ အဓိကဘာသာရပ်ဖြစ်နေတာကြာပါပြီ။ မိမိတို့လူမျိုးရဲ့ အခြေခံသဘော တရား၊ သမိုင်းကြောင်းနဲ့စောင့်စည်းအပ်တဲ့ကျင့်ဝတ် (root of ethnic) ကိုထင်ရှားသိနားလည်စေ လိမ့်မယ်ဆိုတဲ့မျှော်မှန်းချက်ဟာ အဲ့ဒီဘာသာရပ်ပြဌာန်းရခြင်းရဲ့အနှစ်သာရဖြစ်နေလို့ပါဘဲ။ ဒီဘာသာ ရပ်မှာ အမေရိကန်တွေသာမက Asians တွေရဲ့အခြေခံသဘောတရားတွေကိုပါပါဝင်လာ မှာဖြစ်တဲ့အ တွက် ကျွန်တော်တို့ မြန်မာကွန်မြူနီတီအနေနဲ့ ၀မ်းသာအားရကြိုဆိုကြရမဲ့ဥပဒေဖြစ်ပါတယ်။  

လူမျိုးရေးကိစ္စက မောင်မိုးညိုတို့မိခင်မြေမှာတင် အုတ်အော်သောင်းနင်းဖြစ်သလားအောက်မေ့တယ်။ လက်စသပ်တော့ နိုင်ငံရပ်ခြားပြောင်းရွှေ့အခြေချပြီးကြတာတောင် အပါခေါ်လာကြတာကို ပေါ်ပေါ်ထင် ထင်တွေ့နေရတာနှစ်ပရိစ္ဆေဒကြာပါပေါ့။ မှတ်မိသလောက် (၁၉၅၀-၆၀)၀န်းကျင်ကပြောင်းရွှေ့လာကြ သူအများစုဟာ မြန်မာပြည်အခြေစိုက်ခဲ့ကြတဲ့ တရုတ်လူမျိုးတွေများကြတာမို့ လူမျိုးရေးကိစ္စဟာ ခုခေတ်လောက် ကျယ်ကျယ်လောင်လောင်မရှိခဲ့တာထင်ရှားပါတယ်။ တခုရှိတာက ITနည်းပညာနဲ့ လူမှုကွန်ယက်ကဖွံ့ဖြိုးမှုမရှိတာလဲပါသပေါ့။ ကိုယ့်သားချင်းထဲက မြန်မာပြည်ကိုခွာပြီး ရေကြည်ရာ မြက်နုရာ နိုင်ငံရပ်ခြားကိုထွက်သွားရင် တခြားကမ္ဘာတခုကိုရောက်သွားသလို တသီးတသန့်ဖြစ်သွား ကြပါတယ်။ နိုင်ငံခြားမှာရှိသူက ဖုံးနဲ့ဖြစ်ဖြစ်ဆက်သွယ်လာကြမှ နိုင်ငံခြားရောက်ကိုယ့်သားချင်းက ဆက်သွယ်ကြောင်း ရပ်ကျော်ရွာကျော်မောင်းထုသတင်းဖြန့်ခဲ့ကြရတဲ့ခေတ်ကိုမှတ်မိကြအုံးမယ်ထင် ပါ့။ ခုခေတ်မှာတော့ မြန်မာပြည်တလွှားတောရောမြို့ပါမကျန်နေထိုင်ကြသူတွေနည်းမျိုးစုံနဲ့ပြည်ပကို ကူးလူးဆက်သွယ်ပြောင်းရွှေ့နေကြပြီမို့၊ ကိုယ့်သားချင်းထဲနိုင်ငံခြားမှာရှိနေကြတဲ့ကိစ္စ ထူးဆန်းအံ့ ဘွယ်မဟုတ်တော့တာအမှန်ပါ။ 

ပြောချင်တာက တောင်ပေါ်မြေပြန့်မကျန်ကလူမျိုးစုစုံဟာ နိုင်ငံတကာမှာအခြေချနေကြပြီမို့ diversity ဟာပေါ်လွင်ထင်ရှားလာတာ migration ရဲ့ဝိသေသတခုပါဘဲ။ တကယ်တော့ လူဟာသမိုင်းဦးခေတ်က တည်းက ရေကြည်ရာမြက်နုရာကိုရှာဖွေပြောင်းရွှေ့အခြေချကြတာပါ။ ဒါဟာမွေးရာပါ အခွင့် အရေးတ ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးအသိအမှတ်ပြုကြပြီးသားပါ။

ဒီနေရာမှာမီးမောင်းထိုးပြချင်တဲ့ကိစ္စက “လူမျိုး” ဆိုတဲ့မရိုးနိုင်တဲ့ဝေါဟာရရဲ့ဂယက်ရိုက်ခတ်မှုကို ကြည့် ကြရအောင်ပါ။

“လူမျိုး”ဆိုတဲ့ဝေါဟာရကိုနိုင်ငံတိုင်းက မိမိတို့နိုင်ငံရဲ့ပေါ်လစီတွေ၊ ယဉ်ကျေးမှု နဲ့မိရိုးဖလာဓလေ့တွေ ပေါ်မူတည်ပြီးအမျိုးမျိုးသမုတ်အဓိပ္ပါယ်ဖွင့်ကြတာမြင်သာပါတယ်။ ဒီအထဲက ဒီမိုကရေစီရဲ့ကမ္ဘာ့ ဘိုးအေကြီး အမေရိကနိုင်ငံရဲ့ကျင့်ထုံးစံနဲ့ လူမှုစီးပွားဆိုင်ရာအထင်ကရ institutions တွေက လေ့လာ တွေ့ရှိချက်တွေကိုတစေ့တစောင်းလေ့လာကြဘို့လိုလာပါတယ်။ ဒီနေရာမှာကြိုတင်ပြလိုတဲ့အချက်ကတော့ ဝေါဟာရတွေကိုမြန်မာလိုပြန်ဆိုခြင်းမပြုဘဲတိုက်ရိုက်သုံး ခွင့်ပြုတာကိုနားလည်ခွင့်လွှတ်ကြဘို့ကြိုတင်မေတ္တာ ရပ်ခံပါရစေ။

Race

လူမျိုးတွေရဲ့မျက်နှာပုံပန်းနဲ့စကားပြောဆိုကြပုံတွေစတဲ့လက္ခဏာတွေကိုဖေါ်ကြူးတဲ့ဝိသေသရှိပါတယ်။ ဥပမာ- Asian တယောက်ဟုတ်မဟုတ်ကိုတန်းပြောနိုင်သလိုပေါ့ဗျာ။ (biological/physical appearance) ဒါပေမဲ့ဇီဝလက္ခဏာမျိုးစုခွဲခြမ်းနိုင်တဲ့ရင်းမြစ်တော့မရှိဘူးဆိုတဲ့အချက်ကိုပညာရှင်များ ကဆိုထားကြပါတယ်။ အဲ့ဒီအတွက်ကြောင့် race ဟာ ပဓါနကျတဲ့ပင်ရင်း genetic determination မရှိပါဘူး။ သာမာန် ဗီဇမျိုးကွဲတော့အနည်းငယ်ပါကောင်းပါနိုင်တယ်လို့ဆိုပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့သူတေသနပြုမှုတွေက geneticရဲ့လွှမ်းမိုးမှုဟာ (၁%)အောက်မှာဘဲရှိတယ်ဆိုကြ ကြောင်းပါ။

Ethnicity

လူမျိုးတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ရိုးရာဓလေ့အယူအဆချင်းတူကြတဲ့အစုအဖွဲ့ ဟာ မိမိတို့က ဖေါ်ထုတ်ပြသတဲ့ဝိသေသဖြစ်ပါတယ်။ (revealing one’s cultural identity or shared-culture) လူမျိုးချင်းပေါင်းစပ်ရာကထွက်ပေါ်လာကြတဲ့ လူမျိုးစပ်များကိုတွေ့ကြရမှာပါ။

ဒါပေမဲ့ race နဲ့ ethnicity အပြန်အလှန်ရောထွေးသုံးကြလေ့ရှိကြပါတယ်။ အကြောင်းကတော့ တူရာ သဘောလက္ခဏာတွေပေါင်းစုလိုက်တဲ့အခါ လူမျိုးစုတူရာတခုတည်းကိုညွှန်ပြနေတတ်သမို့ပါ။ ဥပမာအနေနဲ့ မြန်မာတစ်ဦးနဲ့မက္ကဆီကန်တစ်ဦးတို့ကပေါင်းစပ်မွေးဖွားလာသူဟာ အမေရိကနိုင်ငံမှာ နေထိုင်ပြီး၊ အမေရိကနိုင်ငံရဲ့စကားအပြောအဆို၊ ဓလေ့၊ တွေးခေါ်မှုလွှမ်းမိုးပြီး၊ မိမိကိုယ်တိုင်က Burmse-Maxican-Americanတစ်ဦးဖြစ်နေပေမဲ့ American တစ်ဦးအဖြစ်မိမိကိုယ်ကိုသဘောထားပြီး American လို့ဘဲတထစ်ချယုံကြည်တတ်တဲ့သဘောကိုကြည့်ရင်သိသာပါတယ်။

Race နဲ့ Ethnicity တို့ရဲ့ကွာခြားချက်

(က) Race ကလုပ်ယူလို့မရပါဘူး။ သွင်ပြင်လက္ခဏာမှာပေါ်ပြီးသားပါ။ “ဗျိုင်းဟာငါကျီးကန်းဘဲ” လို့ဆိုမရသလိုပေါ့။ Ethnicity ကတော့ရယူလို့ရပါတယ်။ မြန်မာလူမျိုးကဆင်းသက်လာတာဖြစ်ပေမဲ့ ကြီးပြင်းရာဒေသရဲ့စရိုက်ကလွှမ်းမိုးသွားလေ့ရှိပါတယ်။ နေထိုင်ကျက်စားရာဒေသပေါ်မူတည်သပေါ့။ ဒါ့ကြောင့်ပညာရှင်များက race ကို kind/breed/lineage ကနေ social hierarchy အဖြစ်အသွင် ပြောင်းခဲ့တယ်လို့ဆိုကြပါတယ်။

(ခ) Ethnicity မှာ မျိုးစုငယ်များရှိလေ့ရှိကြပါတယ်။ ချင်းလူမျိုးစုကြီးအောက်မှာ လူမျိုးစုငယ် (sub-groups) များရှိကြသလိုပါ။ 

(ဂ) Ethnicity ဟာ စွန့်လွှတ်လို့ရပါတယ်။ Race ကတော့မရပါ။ အထက်မှာဖေါ်ပြခဲ့တဲ့ကြောင်းချင်းရာ ကိုကြည့်ပါ။

(ဃ) Ethnicity ကတော့ အင်အားကြီးမားရာရဲ့ဓလေ့ရိုးရာကအချိန်တခုအတွင်းလွှမ်းမိုးလာရပါတယ်။ Race မှာတော့သွင်ပြင်လက္ခဏာဟာပြောင်းလဲမှအနည်းဆုံး (မရှိသလောက်)ပါဘဲ။

အဲ့ဒီအတွက်မြန်မာမိဘနှစ်ဦးကမြန်မာလူငယ်တစ်ဦးဟာ race အရ Asian ဖြစ်နေပေမဲ့၊ ကိုယ့်ကိုယ်ကို American ethnic လို့ခံယူကျင့်သုံးဘ၀ရပ်တည်တာ မဆန်းပါဘူး။ ဒီအချက်ကိုကြည့်ပြီး မျိုးရိုးဓလေ့ ပျောက်မှာကိုစိုးရိမ်ပူပန်တတ်သူမိဘများကအတင်းအကြပ်တိုက်တွန်းသွတ်သွင်းတဲ့အဖြစ်တွေရှိတတ် ပါတယ်။ အောင်မြင်လားဆိုတော့ မအောင်မြင်ပါဘူး။ စိတ်ထဲကထုတ်မပြောပေမဲ့အဲ့ဒီသားသမီးရဲ့ အတွင်းစိတ်ကမကြေနပ်မှုတွေကိုမျိုသိပ်ထားကြရတယ်ဆိုတဲ့အချက်ကို မိဘအတော်များများကရိပ်မိ ပေမဲ့ ကိုယ့်ကြိုးပမ်းချက်တွေကိုလျှော့ဖြေပေးမှုမရှိကြပါဘူး။ အမှားတကာ့အမှားဆုံးကိစ္စပါ။ ဘာ့ ကြောင့်လဲ?  အဲ့ဒီကလေးငယ်တွေ တနေ့တာကုန်လွန်တဲ့အချိန်တော်တော်များများမှာသူတို့ထိတွေ့ နေကြ ရတဲ့ပါတ်ဝန်းကျင်သူငယ်ချင်းတွေ ကြားမှာ ရှင်သန်နေကြရဘို့ဟာ၊ သူတို့ရဲ့အန္တိမကိစ္စဖြစ်နေပါ တယ်။ သေခြာတဲ့အချက်က အဲ့ဒီသားသမီးအရွယ်ရောက်လာပြီး၊ ဆင်ချင်တုံတရားနဲ့မိမိရဲ့ root ကိုလေ့လာစူးစမ်း ချင်တဲ့အချိန်ဟာ ကြိမ်းသေပေါက်ရောက်လာပါလိမ့်မယ် ဆိုတာကိုမိဘများသိကြ ဘို့လိုပါတယ်။

တခုတော့ရှိပါတယ်။ race နဲ့ ethnicity တွေကိုအခြေခံပြီး၊ ဒေသဆိုင်ရာအင်အားကြီးအုပ်စု (သို့မဟုတ်) အစိုးရက အင်အားသုံးဖိနှိပ်ချုတ်ချယ်မှုနဲ့အဆင့်အတန်းခွဲခြားမှုတွေကိုသုံးလေ့ရှိကြပါ တယ်။ ဒါဟာသမိုင်းမှာအတောမသတ်သေးတဲ့(၀ါ)မသတ်နိုင်သေးတဲ့သံသရာကြီးတခုဖြစ်နေပါ တယ်။ ၀မ်းနည်းစရာအချက်ပါ။ အသုံးပြုတဲ့အင်အားနဲ့သက်ရောက်မှုပေါ်မူတည်ပြီး၊ လူမျိုးကြီးဝါဒ (Supremacy)၊ မုန်းတီးဗိုလ်ကျစိုးမိုးရေးဝါဒ (Hegemonism)၊ လူမျိုးတုန်းသတ်ဖြတ်ရေးဝါဒ (Genocide) နဲ့ (Ethnic Cleansing) ဆိုတဲ့ဝေါဟာရတွေပေါ်ပေါက်လာကြရတာပါ။ (၂၀)ရာစုနှောင်း ပိုင်းမှာတော့လူမျိုးရေးခွဲ့ခြားမှုတော့လူမျိုးရေးခွဲခြားမှု (discrimination)ကိုဥပဒေအရတားဆီးလာ သလို၊ လူမျိုးစုံအတူယှဉ်တွဲနေထိုင်တဲ့ (Diversity or Pluralism)ကိုအထူးအားပေးလာပါတယ်။ တပြိုင်တည်းမှာဘဲ လူမျိုးရေးတန်းတူရည်တူမှု(Racial Equality) ကရှေ့တန်းရောက်လာပါတယ်။ ဒါတွေအားလုံးဟာ race/ethnic ဦးရေကြီးထွားလာမှုအတိုင်းအတာပေါ်မှာအခြေခံမှုကြီးစွာရှိနေ ပါတယ်။ ဒါတွေအားလုံးအတွက်ကိုယ့်လူမျိုးရှေ့တန်းရောက်လာရေးသော့ချက်ဟာ တရားဝင်တဲ့ လူဦးရေကိန်းဂဏန်းပေါ်ပေါက်လာရေးပေါ်မှာများစွာမူတည်နေပါတယ်။ အမေရိကနိုင်ငံသာမက ဘယ်နိုင်ငံမဆိုကျင့်သုံးတဲ့မူဝါဒပါ။ ဥပမာအနေနဲ့- Rohingya လူဦးရေထူထပ်သိပ်သည်းမှုဟာ မြန်မာ ပြည်အနောက်ဖက်ခြမ်းအတွက်အရေးကြီးလှတဲ့ကိစ္စတခုဖြစ်နေပါပြီ။ တပြိုင်တည်းမှာဘဲ (အထက်မှာဖေါ်ပြခဲ့တဲ့ကြောင်းခြင်းရာသမိုင်းနောက်ခံတွေအရ) မိမိဟာဘာလူမျိုးပါလို့ သတ်မှတ်ကြေ ငြာခွင့်ဟာမွေးရာပါလူ့အခွင့်အရေးပါ။ အမေရိကနိုင်ငံမှာကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးက ကျွန်တော်တို့ဟာ“မြန်မာ”တွေပါလို့ဆိုပြီးသန်းခေါင်စာရင်းမှာထဲ့သွင်းကြတာကို အမေရိကအစိုးရက ကန့်ကွက်ခြင်းအလျင်းမရှိသလို၊ ကျန်လူမျိုးစုတွေက “မြန်မာ”ဆိုတဲ့လူမျိုးမရှိဘူးဟေ့ဆိုတဲ့စကားကန့် ကွက်သံလုံးဝမရှိပါဘူး။ ဒါဟာနိုင်ငံရေးစနစ်နဲ့လုံးဝမဆိုင်ပါဘူး။ ဒါဟာ development of mankind လို့သမိုင်းကအမည်သညာခဲ့တာ နှစ်ထောင်သောင်းချီပါပကော။

Nationality

Nationality နဲ့ “တိုင်းရင်းသား” ကိုဖန်တစ်ရာတေအောင်ကျွန်တော်တို့မြန်မာတွေကြားဖူးကြပါမှာ။ အမှန်တော့ Nationality ဆိုတာဟာ မိမိဟာဘယ်အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံရဲ့နိုင်ငံသားလူမျိုး ဖြစ်နေလဲဆိုတဲ့အချက်ကို ဖေါ်ကြူးပါတယ်။ “တိုင်းရင်းသား”ဆိုတဲ့ဝေါဟာရကိုလေ့လာကြည့်ရင် မြန်မာနိုင်ငံရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကျင့်သုံးစဉ်ကာလမှာ ရေလဲနဲ့တိုးမြငှ့်သုံးစွဲခဲ့တာကိုထင်သာ မြင်သာလေ့လာတွေ့ရှိရပါတယ်။ တကယ်တော့ ဒီဝေါဟာရဟာ လူမျိုးစုငယ်များ (minority ethnic groups) တွေကိုဖန်တီးမြှောက်ပင့်လိုရင်းသက်သက်ဝေါဟာရလို့ သမိုင်းလေ့လာကြသူတွေကမြင် ပါတယ်။ အမှန်အားဖြင့်တော့ အဲ့ဒီခေတ်ကာလကတည်းက အာဏာ ပိုင်စိုးခဲ့တဲ့အစိုးရတွေဟာ လူမျိုး စုငယ်များအတွက် အပေါ်ယံအနှစ်သာရမရှိတဲ့အုပ်ချုပ်ပုံစနစ်နဲ့ခွဲခြားဆက်ဆံတဲ့ နယ်ချဲ့လက်သုံးစနစ် ဖြစ်တဲ့ (divide-and-rule) ကိုဇောက်ချသုံးခဲ့ပါတယ်။ ဥပမာတခုအနေနဲ့ကြည့်ရင် တိုင်းရင်းသား (အထူးသဖြင့်ကိုးကွယ်ရာဘာသာခြား)ဖြစ်ခဲ့ရင် စစ်တက္ကသိုလ်လိုကျောင်းကိုဝင်ခွင့်မပေးခဲ့ပါဘူး။ ၀င်ခွင့်ရလို့စစ်ဗိုလ်ဖြစ်ရင်ရာထူးမတိုးပါဘူး။ တိုးခဲ့ရင်လည်း အရေးမပါတဲ့တပ်ကိုရောက်ပြီး ပင်စင်သွား ကြရပါတယ်။ ဒါပေမဲ့ အမေရိကနိုင်ငံကိုပြောင်းရွှေ့အခြေချသူတွေရဲ့ Nationality ကိုမေးရင် American  (သို့မဟုတ်) Burmese-American လို့ဘဲဆိုရပါမယ်။ ဒါဟာ Green Card ကိုင်စွဲနေကြ သူတွေရော၊ ကျမ်းကြိမ်ဆိုထားတဲ့ Naturalized Citizens တွေအားလုံးအကြုံးဝင်ပါတယ်။ ကိုယ့်ရဲ့ပင် ကိုယ်စိတ်ထဲမှာ အမေရိကနိုင်ငံသားလို့ သတ်မှတ်ယူဆကြဘို့လိုသလို၊ အမေရိကနိုင်ငံသားတို့ခံစား ထိုက်တဲ့အခွင့်အရေးတွေရရှိပြီး၊ အမေရိကနိုင်ငံရဲ့တည်ဆဲဥပဒေတွေကိုလိုက်နာဘို့တာဝန်ရှိသွားကြ ပါတယ်။

Ethnic Groups

မြောက်များလှစွာသောလူမျိုးစုံအတူတကွပေါင်းစပ်နေထိုင်ကြတဲ့အမေရိကလိုနိုင်ငံမှာတော့ (အထက် မှာဆိုခဲ့တဲ့အတိုင်း) ကိုယ်ဆင်းသက်ရာလူမျိုးကိုစိတ်ကြိုက်ဖေါ်ထုတ်သတ်မှတ်ခွင့်ရှိပါတယ်။ မြန်မာ လူမျိုးကမြန်မာလူမျိုးပါဟေ့-အတင်းပြောစရာမလိုသလို၊ ကန့်ကွက်သူအလျင်းမရှိပါဘူး။ ဒါပေမဲ့ ကိုယ့် ရဲ့ပုံပန်း (appearences) အရပေါ်လွင်တဲ့ကိစ္စတွေမှာတော့ ပြဿနာအကျယ်အကျယ်တွေဖြစ်လေ့ ရှိပါတယ်။ ဥပမာ-Asian hate crimes တွေ White Supremacy ဟာအတောမသတ်အောင်ရှိပါ တယ်။ ခုချိန်ဘယ်လောက်အထိပြင်းထန်လာလဲဆိုတော့ လူဝင်မှုကြီကြပ်ရေးဥပဒေနဲ့အညီပြောင်းရွှေ့ အခြေချသူတွေကိုတောင် အန္တာရယ်ပြုတဲ့အထိအတင့်ရဲလာပါတယ်။ (Invaders) တွေလို့မြင်လာတာ တွေ့ရပါတယ်။ ဒီအချက်ဟာ ပြီးခဲ့တဲ့သမ္မတ ထရမ့်လက်ထက်မှာ (သူ့ရဲ့ လူမျိုးခြားမုန်းတီးရေးစကား လုပ်ရပ်တွေကြောင့်)အတင့်ရဲလာတာကိုတွေ့ရပါတယ်။ လူဖြူတွေကြားထဲနေကြရသူမြန်မာတွေကြား ထဲမှာ ကိုယ့်လုံခြုံရေး စိုးရိမ်လာရမှုရေချိန်ဟာ အဆမတန်တိုးပွားလာတာကိုတွေ့ရပါတယ်။ ဒါတွေဟာ ငြင်းမရတဲ့ဖြစ်ရပ်တွေပါ။ ရှက်လို့အသိမပေးကြတဲ့အဖြစ်တွေအများကြီးရှိလာပါပြီ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ လူမျိုးစု (တိုင်းရင်းသားဆိုတဲ့ဝေါဟာရကိုကြားညှပ်သုံးဆဲ) (၁၃၅) မျိုးနဲ့ ကြားအေသူ့အမေရိုက်နေဆဲပါ။ Numerological obsession အယူသီးတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေါင်းဆောင်ဗိုလ်နေ၀င်းရဲ့စိတ်တိုင်းကျထုတ်ပြန်ခဲ့တဲ့စာရင်းဟာနောက်ဆုံးပါ။ အဲ့ဒီစာရင်းဟာ အဲ့ဒီခေတ်လမ်းစဉ်ပါတီဌာနချုပ်ရဲ့ ‘တိုင်းရင်းသားလူမျိုးရေးရာ’ကော်မတီကြီးတခုက “လူမျိုးကြီးဝါဒ” ကိုင်စွဲခြင်းမရှိကြောင်းသက်သေထူတဲ့အနေနဲ့ (၉ )ဂဏန်း ‘န၀င်း’ပေါ်လွင်အောင် ရုပ်လုံးဖေါ်ခဲ့တယ်လို့ အတွင်းသိလေ့လာသူတွေကဖေါ်ပြကြပါတယ်။ ဥပမာအနေနဲ့ ရှမ်းလူမျိုးစုစာရင်းမှာ ‘တိုင်းလုံး’ နဲ့ ‘ရှမ်းကြီး’ အနေနဲ့စာရင်းနှစ်ခါထပ်ဖေါ်ပြခဲ့တာကိုတွေ့ရပါတယ်။ အဲ့ဒီလူမျိုးစုကအမှန်တော့ တစ်ခုထဲပါ။

Indigenous/Native

ကျွန်တော်တို့မြန်မာနိုင်ငံမှာ သမိုင်းဆရာတို့အဆိုအရလူမျိုးစုတိုင်းဟာ ရေကြည်ရာမြက်နုရာရွှေ့ ပြောင်းအခြေချနေထိုင်ရာကနေပေါ်ပေါက်လာရတာမို့၊ indigenous/native လူမျိုးစုဆိုတာရှိတယ်လို့ သက်သေမထူနိုင်ပါဘူး။ ‘ပုံတောင်ပုံညာ’ဒေသမှာသမိုင်းဦးနေရင်းအရပ်ကတွေ့ရှိတဲ့ excavations တွေနဲ့လက်ရှိဒေသခံတွေရဲ့သမိုင်းကြောင်းဆက်စပ်မှုကို ခုချိန်ထိမတွေ့ရသေးပါဘူး။ ဒါတွေဟာ မြန်မာ နဲ့အခြားလူမျိုးစုတွေဟာ indigenous မဟုတ်ဆိုတာကိုလက်ရှိအနေနဲ့မြင်နိုင်ကြပါတယ်။ အနာဂါတ် မှာတော့လေ့လာသုတေသနပြုမှုအားကောင်းလာရင်တော့မပြောတတ်ပါဘူး။ ဒါပေမဲ့အစိုးရကတော့ “တိုင်းရင်းသား”ဆိုတဲ့ဝေါဟာရကိုတွင်တွင်သုံးပြီး၊ indigenous ဖြစ်သယောင်ရောထွေးအသုံးပြုနေကြ တာကိုမြင်ရပါတယ်။ အထင်ရှားဆုံးသာဓကအနေနဲ့ နှစ်ပရိစ္ဆေဒများစွာသမိုင်းရှိခဲ့တဲ့ မြန်မာပြည်အ နောက်ခြမ်းကရက္ခိုင်လူမျိုးစုတွေရဲ့နောက်ပြီးခဲ့တဲ့ရာစုနှစ်ခုလောက်က၀င်ရောက်လာတဲ့ မူဆလင် Rohingya တွေဟာ indigenous မဟုတ်ကြောင်း ကြောက်စရာအကောင်းဆုံး“လူမျိုးရေးမှိုင်း”ကြီးကို တိုက်ခဲ့ပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ လက်ရှိမြန်မာ့နိုင်ငံရေးဒုက္ခစုံကို ကျွန်တော်တို့မမြင်ချင် အဆုံးဖြစ်နေပါပြီ။ အဆိုးဆုံးကလူထုတရပ်လုံးကအဲ့ဒီမှိုင်းရဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက် မိမှန်းမသိလိုက်ခဲ့တဲ့သမိုင်းနဲ့ချီတဲ့အမှားကြီးတခုပါ။ ဒီကိစ္စတွေကိုပါးနပ်စွာလေ့လာမိတဲ့ လက်ရှိရက္ခိုင် လူမျိုးစုကထောက်ခံမှုရလာတဲ့ Arakanese Army ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ထွန်းမရတ်နိုင် ကဒေသ ရဲ့ဒုတိယအကြီးဆုံးလူမျိုးစုနဲ့လက်တွဲနေနိုင်မယ်ဆိုတဲ့ စကားရိပ်ပြထားပါပြီ။ အမေရိကမှာတော့ Native Indians တွေအနေနဲ့ ဗဟိုအစိုးရကအခွန်ကင်းလွတ် ခွင့်နဲ့အထူးအထောက်အပံ့တွေကို ပေး ထားပါတယ်။

Citizenship နိုင်ငံသား

ကုလသမဂ္ဂအပါအ၀င်ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတိုင်းရဲ့စံအရ အဲ့ဒီနိုင်ငံတွင်းမွေးဖွားသူဘယ်သူမ ဆိုဟာအဲ့ဒီမွေးရပ်နိုင်ငံကိုပုန်ကန်သစ္စာဖေါက်ဖျက်မှု (အစိုးရကိုပုန်ကန်တာနဲ့လုံးဝမဆိုင်)မပြုသရွေ့ အလိုအလျောက် နိုင်ငံသားဖြစ်တည်မှု(Citizenship) ကိုဖယ်ရှားခွင့်ဘယ်သူ့ဆီမှမရှိပါဘူး။ မသေမချင်း ဖယ်ခွင့်မရှိတဲ့ကိုယ်ပိုင်အခွင့်အရေးပါ။ မြန်မာနိုင်ငံလိုနိုင်ငံမှာတော့ နိုင်ငံသားဖြစ်ပိုင်ခွင့် ကို (ကိစ္စရပ်တခုချင်းအလိုက်သာ) စိစစ်တယ်လို့ဆိုပါတယ်။ ဒီအထဲဘယ်သူတွေတောင်ပါလဲဆိုတော့၊ မြန်မာနိုင်ငံမှာမွေးပြီးပြည်ပရောက်လို့၊ မြန်မာနိုင်ငံကိုပြန်အခြေချချင်လိုသူတွေပါအကြုံးဝင်ပါတယ်။ ဒီအချက်ကို “မြေမြို၍မြေမပြို၊ လူမျိုးမြိုမှလူမျိုးပြိုမည်”ဆိုတဲ့ဆောင်ပုဒ်နဲ့ ထင်ယောင်ထင်မှားလုပ်ထား တာကိုကြည့်ရင်သိသာပါတယ်။ ကြည့်လိုက်ရင်တော့ဟုတ်သလိုလိုရှိပေမဲ့၊ အမှန်တော့ မရှိတဲ့ပြဿနာ ကို အရှိလုပ်ထားတာသက်သက်ပါဘဲ။ ရည့်ရွယ်ရင်းကတော့အစိုးရဆန့်ကျင်မှုရှိနိုင်သူကိုတားဆီး ကန့်သတ်ရေးပေါ်လစီတခုသက်သက်ပါဘဲ။ အမေရိကနိုင်ငံမှာတော့ ကျမ်းကြိမ်ရရှိတဲ့ Naturalized Citizens နဲ့ Naturally Born Citizens အနေနဲ့ တန်းတူရည်တူအခွင့်အရေးတွေ ဥပဒေကပေးထား ပါတယ်။

Dual Citizenship

အမေရိကနိုင်ငံမှာတော့ တစ်ပြိုင်နက်တည်းမှာ နိုင်ငံသားဖြစ်တည်မှုရှိခွင့်ကို (၁၉၆၇)နောက်ပိုင်းမှာခွင့် ပြုခဲ့ပါတယ်။ အဲ့ဒီအတွက် အစိုးရက ‘Master nationality rule’ စံစနစ်ကိုကျင့်သုံးပြီး၊ အမေရိကန် နိုင်ငံသားဖြစ်တည်မှုကိုပဓါနထားသတ်မှတ်လက်ခံထားပါပြီ။ ဆိုလိုတာက အခြားနိုင်ငံသားဖြစ်တည်မှု ကို စိတ်မ၀င်စားပါဘူး။ သိထားကြဘို့ကတော့ကျမ်းကြိမ်ပြီးတရားဝင်နိုင်ငံသားဖြစ်သူတစ်ဦးအနေနဲ့ အမေရိကနိုင်ငံရဲ့ဥပဒေနဲ့စနစ်ကိုသစ္စာခံရပါ့မယ်။ (Owe allegiance as a dual citizen) ထိုနည်းတူ စွာဘဲနှစ်နိုင်ငံလုံးရဲ့ဥပဒေနဲ့အခွန်ဆောင်မှုစတဲ့ကိစ္စတွေမှာ တာဝန်ရှိလာတာကိုသတိချပ်ကြရပါမယ်။ မိမိက အမေရိကနိုင်ငံသားဖြစ်တည်ပြီးမှ အခြားနိုင်ငံရဲ့ကျေးဇူးသစ္စာကိုစောင့်သိလိုကြောင်း ထုတ်ဖေါ်ခဲ့ ရင်တော့ အမေရိကနိုင်ငံသားအဖြစ်ကနေစွန့်လွှတ်ဖို့တာဝန်ရှိလာပါလိမ့်မယ်။ နောက်တခုကတော့ နိုင်ငံတော်အပေါ် သစ္စာဖေါက်ခဲ့ရင်ပေါ့။ 

ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဥပဒေအရအတိအကျပြဌာန်းပြီး၊ အခြားနိုင်ငံသားဖြစ်တည်မှုကိုစွန့် လွှတ်ဘို့လိုကြောင်းဆိုထားပါတယ်။ ဒါပေမဲ့အဲ့ဒီအချက်ကိုဘယ်အတိုင်းအတာအထိသက်ရောက်မှု ရှိလဲဆိုတာမသိနိုင်ပါဘူး။ လေ့လာကြည့်ရသလောက်ကတော့ မြန်မာနိုင်ငံရောက်အမေရိနိုင်ငံသား (မြန်မာပြည်ဖွားလုပ်ငန်းရှင်များအပါအ၀င်) ဆို့ဟာ အဲ့ဒီကိစ္စကိုလျှို့ဝှက်သိပ်သည်းစွာနဲ့အပေးအယူ တွေနဲ့အဆင်ပြေနေကြကြောင်းပါ။

လူမျိုးရေးကိစ္စဟာအပြောကျယ်ပြီး ကမ္ဘာမြေတလွှားမှာဒီနေ့အထိအတောမသတ်တောက်လောင် လျက်ရှိဆဲပါ။ ဖေါင်ဖျက်ပြီးအမေရိကအပါအ၀င်ကမ္ဘာမြေတလွှားပြောင်းရွှေ့အခြေချကြသူမြန်မာတွေ အနေနဲ့ မိမိတို့မြန်မာပြည်ကခွာတဲ့အချိန်ကတည်းက၊ မိမိတို့အတိပ်တွေကို ထားရစ်ခဲ့ကြဘို့လိုပါတယ်။ အစွန်းယောက်တဲ့လူမျိုးရေးဝါဒအပြင် အခြားမလိုလားအပ်တဲ့အယူသီးမှုတွေကိုခ၀ါချခဲ့ကြဘို့လို ပါတယ်။ ကိုယ်မွေဖွားကြီးပြင်းခဲ့တဲ့ဒေသရေမြေမို့ ကိုယ့်ယဉ်ကျေးမှုစရိုက်ကိုမဖယ်နိုင်ကြရတာ လူတိုင်းရဲ့ဓမ္မတာပါ။ ဒါပေမဲ့ ကိုယ်ရယူပြောင်းရွှေ့အခြေချတဲ့နိုင်ငံမှုလူတန်းစေ့ဝင်ဆန့်နိုင်အောင်ကြိုး စားချိန်မှာ (odd)ဖြစ်စေမဲ့အတွေးအခေါ်အသုံးအနှုန်းနဲ့စရိုက်တွေဟာ၊ ပါးစပ်ကထုတ်မပြောပေမဲ့ အထင်သေးစရာအဖြစ်အသွင်ပြောင်းသွားနိုင်ပါတယ်။ အနည်းဆုံးအနေနဲ့ ကိုယ်မွေးဖွားတဲ့ new generations သားသမီးများရဲ့ မိမိအပေါ်တစိမ်းဆံတဲ့ဆက်ဆန်မှုတွေဟာမလိုလားအပ်တဲ့ဆိုးကျိုး တွေပါလို့။             ။

(မကြာမှီပေါ်ထွက်လာမည့် Census 2020 မြန်မာလူဦးရေစာရင်းအားစိတ်လှုပ်ရှားစွာစောင့်မြှော်လျက်)