Saturday, December 28, 2013

2013 Christmas wishes to friends and families!

From The Wynns to all our friends -
For centuries Christmas symbolizes the birth of Jesus. New age calls upon all of us to come together to renew the true original characters of mankind filled with love, respect and forgiving to each other with open heart. In this millennium many, regardless of their faiths, colors and backgrounds, celebrate on this very day with a dream that each of us filled with goodness!
Dear friends, Christmas has already idolized the world it is more than Christianity. Wake up and seek the truth!

Wednesday, December 25, 2013

Covered California ကျန်းမာရေးအာမခံစနစ် တာထွက်ပြီးအခြေအနေ



ဒီဇင်ဘာ (၁၂)ရက်နေ့ထုတ်သတင်းစာများပါ ထုတ်ပြန်ချက်များအရ၊ နိုဝင်ဘာလအတွင်း ပြည်နယ်အားလုံးတွင် အာမခံဝယ်ယူရန်အတွက်စာရင်းသွင်းသူဦးရေ သည် အော်တိုဘာလထက် (၃) ဆတက်လာကြောင်း တွေ့ရသည် ဟုဆိုထားသည်။ ဒီဇင်ဘာ (၁၃)ရက်နေ့ ကာလီဖိုးနီးယားပြည်နယ် CoveredCA သက်ဆိုင်ရာမှ စာရင်းထုတ်ပြန်ချက်အရ လူဦးရေ (၇၇၇၀၀၀) အတွက် လျှောက်လွှာပေါင်း (၄၃၁၇၅၆) ရရှိကြောင်းကြေငြာခဲ့ပြီး၊ လျောက်လွှာပြည့်စုံပြီးဟုသတ်မှတ်ခံရသူလူဦးရေ (၄၀၃၃၂၃)အတွက် လျှောက်လွှာပေါင်း (၂၄၄၀၂၁)စောင် ရှိကြောင်းထုတ်ပြန်ခဲ့ပါသည်။ ယင်းအနက်အတည်ပြုခွင့်ရရှိသူ (၂၁၉၆၃၉)ရှိကြောင်းကြားသိရသည်။ စိတ်ဝင်စားဘွယ်အချက်ကား လျှောက်လွှာအဆိုပြုသူအားလုံးထဲတွင် အစိုးရအထောက်အပံ့(subsidy)ရရှိသူ အင်္ဂလိပ်စကားပြောသူ (၈၈%)၊ Spanish ဘာသာစကားပြောသူ (၄.၆%) နှင့် အာရှသား ဘာသာစကားပြောသူ (၆.၆%)ရှိကြောင်းဆိုထားသဖြင့်၊ အာရှသားဦးရေမသေးငယ် ကြောင်း မှတ်သားမိသည်။ လူမျိုးစုအရေအတွက်ဖြင့်ကြည့်ပါက အာရှသားဦးရေသည် စုစုပေါင်းဦးရေ၏ (၂၆%)ရှိကြောင်းအံ့သြဘွယ်တွေ့ရသည်။ သို့သော်လည်းမူလကရည်မှန်းထားသော ဦးရေစံနှုန်းကို မပြည့်မှီ သေးကြောင်းဝန်ခံကြသည်။ ဗဟိုအစိုးရ၏အစီအမံအရဆောင်ရွက်နေသော ပြည်နယ်(၃၆)ပြည်နယ် မှအပ ကျန်(၁၄)ပြည်နယ်တွင် ကာလီဖိုးနီးယားကဗိုလ်စွဲနေပြီဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်လာ ခဲ့သည်။
စီးပွားလုပ်ငန်းရှင်များအတွက် internet ပေါ်တွင်စာရင်းလက်ခံကန့်ုသတ်ရက်နောက်ဆုတ်ခြင်း
နိုဝင်ဘာ (၂၈) CoveredCA ထုတ်ပြန်ချက်အရ SHOP ခေါ် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အင်တာနက်တွင် စာရင်းသွင်းနိုင်သော နေ့ရက်ကို(၁)နှစ်တိတိနောက်ဆုတ် လိုက်ကြောင်း ကြေငြာချက်ထွက်ပေါ်လာသည်။ ဗဟိုအစိုးရမှလည်းစောစောပိုင်းကတည်းက ယင်းကြေငြာချက်ကိုထုတ်ပြန်ပြီးဖြစ်ပါသည်။ 

အများပြည်သူအတွက် နောက်ဆုံးစာရင်းသွင်းရက်ကန့်သတ်ချက်နောက်ဆုတ်ခြင်း
ထို့အပြင် ဇန္န၀ါရီ(၁) ရက် (၂၀၁၄)တွက်အကျိုးသက်ရောက် ခံစားမှုစတင်ရမည့်နေ့အတွက် နောက်ဆုံးစာရင်းသွင်းရမည့်ရက်ကို ဒီဇင်ဘာ (၂၃)ရက်အထိရက်နောက်ဆုတ်ပေးခဲ့လေသည်။

ပြည်ပရောက်ခရီးလွန်နိုင်ငံသားများအတွက်သတင်း
စိတ်ဝင်စားဘွယ်ပြဌာန်းချက်တခုကို အခွန်ဌာနကြီးမှလည်းထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။ ပြည်ပရောက်ခရီးလွန်အမေရိကန် နိုင်ငံသားမြန်မာများအတွက်မူ အာမခံကင်းမဲ့ခြင်းအတွက် ဒါဏ်ရိုက်ခြင်းမှကင်းလွတ်ရန်မှာ၊ ပြည်ပတွင် (၁၂)လတာနှစ်တခုအတွင်း ရက်ပေါင်း (၃၃၀)ထက်မနည်း ရောက်ရှိနေကြောင်းသက်သေထူနိုင်ရမည်ဖြစ်ပါသည်။
အရေးပေါ်ကုသမှုများသာအာမခံမည့် စနစ်တခု ပေါ်ပေါက်လာမည့်အစီအစဉ်
(၄) အသက်(၃၀)ထက်လည်းငယ်ရွယ်ပြီး၊ ဥပဒေကမရှိမနေရှိနေရမည့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ကာကွယ်ကုသခြင်းလုပ်ငန်း(၁၀)ရပ်စလုံးဝယ်ယူနိုင်ခြင်းမပြုပါက၊ ထိုသူများအတွက် အရေးပေါ်ကုသရေး အာမခံစနစ်တခုကို CoveredCA ကိုထူထောင်ထားကြောင်းကြားသိရပါသည်။ Catastrophic (minimum coverage) အရေးပေါ်နာမကျန်းမှုများအတွက်အာမခံစနစ်ကို လူသိနည်းကြသေးကြောင်းသိရပါသည်။ စုစုပေါင်းအာမခံစာရင်းသွင်းမည့်သူ (၇) သန်းအနက်မှ၊ ယင်းအသက်အပိုင်းအခြားအတွင်းရှိသူ (၂.၇ သန်း - ၃၉%) တို့ ကအာမခံဝယ်ယူနိုင်ကြမည်ဟု ဗဟိုအစိုးရကခန့်မှန်းထားသည်။ သို့မှသာ ဤစီမံကိန်းကြီး တစ်ရပ်လုံးအတွက်ကုန်ကျစရိတ်ကိုကာနိုင်မည်ဟုတွက်ချက်ကြသည်။ အောက်ပါပုဂ္ဂိုလ်များ အနေဖြင့် catastrophic အစီအမံအောက်သို့ရောက်ရှိနိုင်ဘွယ်ရှိပါသည်။ သို့သော် သတိထားရန်အချက်မှာ အစိုးရကပံ့ပိုးမည့် အခွန်သက်သာခွင့်နှင့် အထောက်အပံ့များရရှိနိုင်တော့မည်မဟုတ်ပါ။
  - အသက်(၃၀)အောက်ရှိပြီး အသက်(၃၀)ကျော်သူ တစ်ဦးဦးနှင့်အတူတွဲလျက်အာမခံ လျှောက်ထားခြင်း မပြုသူ၊
  - မည်သည့်အသက်အရွယ်မဆို မိမိဝင်ငွေစုစုပေါင်း၏(၈%) ထက်တန်ဘိုးမများသော အာမခံနစ်ကိုရှာမရသူ၊
  - အိမ်ခြေမဲ့ homelessness၊ အိမ်ဥပစာမဥပဒေကြောင်းအရနှင်ထုတ်ခံရသူ၊ (၆)လအတွင်းလူမွဲစာရင်း ကြေငြာထားသူ၊ ဆေးဝါးကုသစရိတ်ပေးရန်မရှိသူဟူသက်သေထူထားသူ၊
 
တရားမ၀င်ရောက်ရှိနေထိုင်သူများ
တရားမ၀င်ရောက်ရှိနေထိုင်သူတို့ လျှောက်ထားခွင့်မရှိဟုဆိုထားသော်လည်း၊ ဥပဒေနှင့်အညီ တရားဝင် နေထိုင်သူနိုင်ငံသားများနှင့်အတူနေထိုင်သူများအနေဖြင့်၊ Covered CA တွင်လျှောက်ထား နိုင်ခွင့်ရှိနိုင်ပါသည်။ ၂၀၁၄နှစ်အတွင်း ဘတ်ဂျက်ငွေအကြီးအကျယ်တိုးချဲ့ချပေးမည့် Medicaid program နှင့်အတူ၊ လွှမ်းခြုံ ကာကွယ်မှုရလာမည့် ၀င်ငွေမရှိ/နည်းပါးသူတို့အတွက် အစီအမံများက ယင်းလိုအပ်ချက်များကိုအများဆုံး ဖြည့်ဆည်းပေးမည်ဟုတွက်ချက်ထားသည်။ Medicaid ၏ပဓါနပြဌာန်းချက်ဖြစ်သော၊ social security ကင်းလွတ်ခွင့်က၊ တရားမ၀င် (သို့) တရားဝင်ဖြစ်ရေးစောင့်ဆိုင်းနေကြသူများအတွက်၊ အထောက်အပံ့ အကူညီကောင်းများရနေသော်လည်း၊ အရေးကြီးသောအချက်တခုကား တိုးချဲ့Medicaid (Medicaid expansion) ကတရားမ၀င်နေထိုင်သူများကိုလွှမ်းခြုံပေးနိုင်မည်မဟုတ်ဆိုသည့်အချက်ကိုပင်။
တရားမ၀င်ရောက်ရှိနေထိုင်သောမိဘမှမွေးဖွားသောကလေးများ အတွက်အာမခံစနစ်
Covered CA သည် လူတစ်ဦးချင်း၏၀င်ငွေပေါ်မူတည်တွက်ချက်၍၊ ခံစားခွင့်ကိုသတ်မှတ်ခြင်း ဖြစ်သည့်အတွက်၊ တရားမ၀င်မိဘများအနေဖြင့်၊ အမေရိကပြည်ပေါက် မိမိကလေးအတွက် တရားဝင်လျှောက်ထားခွင့်ရှိသလို၊ ခံစားခွင့်လည်းရှိနေပါသည်။ ထိုသို့လျှောက်ထားသည့်အတွက် မိဘနှင့်ပါတ်သက်သော နိုင်ငံသားဖြစ်မှု၊ပြုမှုများကိုမေးမြန်းစုံစမ်းခြင်း အလျင်းမရှိအောင်ဥပဒေကအကာ အကွယ်ပေးထားသည် ဆိုသည်ကို နားလည်ထားကြဘို့လိုပါသည်။
နိုင်ငံခြားကုမ္ပဏီ/အစိုးရလစာခံစားခွင့်ကိုရရှိခံစားပြီး၊ အမေရိကားတွင်တရားဝင်နေထိုင်လုပ်ကိုင်ကြသူ နိုင်ငံခြားသားများ အတွက်ဥပဒေ၏အာဏာသက်ရောက်မှု
ယင်းဝန်ထမ်းများက အခွန်ဆောင်နေပါက၊ ယင်းအခွန်ထမ်းသည်နှင့်အညီ၊ ပြည်ပမှမည်သို့သော အာမခံစနစ်ရှိသည်ဆိုစေကာမူ၊ ဥပဒေကမူဘောင်ချမှတ်ချက်နှင့်မညီညွတ်ပါက၊ ဒါဏ်ရိုက်ခြင်းခံ ရမည်ဖြစ်ပါသည်။
အသက် (၃၀)အောက်လူငယ်များနှင့်ကျောင်းသားများအတွက် အာမခံစနစ်
လူငယ်အများစုတွင် အာမခံမရှိကြောင်းဆိုသည့်အချက်ကားငြင်းဘွယ်မရှိပါ။ ယခုအစိုးရကကြိကြပ်မည့် ACA တွင်လည်း လူငယ်အများစုက ဒါဏ်တပ်ခံမည်ဟူသောအယူအဆရှိကြသူတွေများသည်။ ရောဂါဖြစ်ပွားရန် အလားအလာနည်းသောအသက်အရွယ်ပိုင်းတွင် အာမခံဆိုသည့်ကိစ္စကိုရေးကြီးခွင်ကျယ် ဟုမယူဆကြသော လူငယ်ပိုင်းတွင်မတော်တဆအပါအ၀င်၊ ရှောင်တခင်မှအသက်ဆုံးပါးရသော ထိခိုက်ဒါဏ်ရာရနာမကျန်း ဖြစ်မှသာ အမိ တ,ကြသူတွေများသည်။ အတွေ့အကြုံရှိသူလူကြီးသူမများက အတင်းအကြပ်တိုက်တွန်းပြီး၊ အာမခံမ၀ယ်မနေရတွန်းအားပေးလာသူအချို့က (ကျောင်းများတွင်မရှိမနေရ သတ်မှတ်ချက်မျိုးရှိမှသာ) လက်ဝယ်ရယူတတ်ကြသည်။
နားလည်ထားကြရန်မှာ (ကောလိပ်များအပါအပါအ၀င်)ကျောင်းများတွင်ရောင်းချပေးပေးသော အာမခံစနစ် ဟုပင်ခေါ်ဆိုမရသော၊ health plan များသည် ဥပဒေ၏လိုအပ်ချက်နှင့်ပြီးပြည့်စုံသော အာမခံများမဟုတ် ဆိုသည့်အချက်ကိုပင်။ အစိုးရကောလိပ်ကြီးများ (University of California System) နှင့် (California State University System) တို့တွင် ကျောင်းသားရေးရာဌာနကြီးများကကြီးမှူး၍၊  Covered CA တွင်စာရင်းသွင်း ကြရန်အစီအစဉ်များပြုလုပ်နေကြောင်းကြားသိရသည်။ အသက်(၃၀)အောက် လူငယ်/ကျောင်းသားများ အနေဖြင့် မိမိ မိဘအောက်တွင် အသက်(၂၆)နှစ်နေူအ့ပြည့်သည်အထိအကြုံးဝင် ခံစားခွင့်များရှိကြသော်လည်း၊ မိမိအစီအစဉ်ဖြင့်ကျောင်းနေထိုင်ကြသူ လူငယ်များအနေဖြင့်၊ (အထူးသဖြင့်ဝင်ငွေနည်းပါက) Covered CA ၏အစီအစဉ်ဖြင့် အောက်ပါအစီအစဉ်များတွင်ခံစားခွင့်များရှိနိုင်ရန်အခွန့်အလမ်း အလွန်ကောင်းကြောင်း သိရသည်။
(၁) အစိုးအရအထောက်အပံ့ပေးသော အာမခံစနစ် (premium assistance program)
(၂) MediCal ခေါ်ဝင်ငွေနည်း/မရှိသူများအတွက် အာမခံစနစ်
(၃) Minimum coverage plan
တခုခုတွင်ကြိမ်းသေပေါက်ခံစားခွင့်ရနိုင်မည်ဖြစ်သည်။ အရေးပေါ်အပါအ၀င် ဆေးကုသခွင့်နှင့် တနှစ်လျင် (၃)ကြိမ်အထိဆရာဝန်ထံတွေ့ဆုံ၍အခမဲ့ဆေးကုသခွင့်၊ နှင့် ခန္ဓာကျန်းမာရေးဆန်းစစ်ခြင်း (annual physical check) အခမဲ့ပြုလုပ်ခွင့်ရရှိကြမည်ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ဗဟိုအစိုးရ၏ထပ်ဆင့်ညွှန်ကြားချက်အသစ်များထပ်မံထွက်ပေါ်လာခဲ့ပါသည်။
(၁) အာမခံရပ်ဆိုင်းခြင်းခံရသူမည်သူမဆို၊ လက်ရှိအာမခံစနစ်၏အောက်ရှိဆရာဝန်များထံဆက်လက်ပြသခွင့်၊ ဆေးဝါးဝယ်ယူခွင့်၊ ကုသဆဲရောဂါတူကိုလက်စသပ်ဆက်လက်ကုသခံစားခွင့်ကို သက်တမ်းကုန်ပြီးနောက် (၁)လတိတိသက်တမ်းတိုးခံစားခွင့်ပြုရေး။
(၂) ဇန်န၀ါရီ(၁)ရက်ခံစားခွင့်စတင်အကြိုးသက်ရောက်ရန်နောက်ဆုံးထားစာရင်းတင်ငွေသွင်းခြင်းကို ဒီဇင်ဘာ(၂၃)ရက်ထက်တိုးချဲ့သက်တမ်းတိုးရန် စီစဉ်နေခြင်း။
(၃) အာမခံစနစ်သစ်၏အားနည်းချက်အကြောင်းတခုခုကြောင့်ရက်လွန်စာရင်းသွင်းရသူများကို နောက်ကြောင်းပြန်၊ ခံစားခွင့်အကျိုးးသက်ရောက်မှုရှိစေရေး။
(၄) ပေးသွင်းရမည့်ပရီမီယံကြေးကိုအပြည့်မပေးသွင်းနိုင်ပါကလည်း၊ အချို့တ၀က်ကိုဝန်ခံကတိဖြင့်လက်ခံ၍၊ စာရင်းသွင်းခွင့်ပြုရန်။
-စသော တိုးချဲ့အစီအစဉ်များကြားသိရပါသည်။
အမှန်ဆိုရသော် Obamacare ခေါ်နိုင်ငံရေးနှင့်စီးပွားရေးလောကတွင်းပွက်လောရိုက်နေသော နိုင်ငံရေး ၀ဲသြဂထဲ မိမိတို့မြန်မာများမျက်စေ့မလည်မိစေရေး၊ နားမယောင်စေရေးကား အထူးအရေးကြီးလှပေသည်။ ဥပဒေပြဌာန်းချက်များအရပေါ်ပေါက်လာသော Covered California သည် ပြည်နယ်အစိုးရ၏ပြည်သူများ ခံစားခွင့်မနစ်နာစေရေး၊ ယခင်အာမခံစနစ်မရှိ၍ ရောဂါကုသမှုမပြုနိုင်၊ အသက်ဆုံး၊ နာတာရှည်ဖြစ် ကျန်ရစ်သော၊ မြန်မာများအပါဝင် အခြားတိုင်းရင်းသားများအတွက် အကာအကွယ်ပြုလုပ်သော အစီအမံ သက်သက်သာဖြစ်ပြီး၊ တကယ်ကုသသောကိစ္စအ၀၀ကို အာမခံကုမ္ပဏီများကသာ ကြိကြပ်ကြောင်း ရှင်းရှင်းလင်းလင်းသိကြရန်သာလိုအပ်ပါသည်။
ပေါ်ထွက်လာသောဥပဒေကပေးထားသောအခွင့်အလမ်းကိုသုံးလျက် မိမိနှင့်တကွ မိမိမိသားစုတစ်ဦး ချင်းအတွက် ဈေးအသက်သာဆုံးနှင့်ထိရောက်ကျယ်ပြန့်မှုအရှိဆုံးကျန်းမာရေးအာမခံကို ရှာဖွေဝယ်ယူ နိုင်ကြရန်သာ အားထုတ်သင့်ကြောင်းတိုက်တွန်းဖေါ်ပြလိုက်ရပါသည်။

(၂၀၁၃ ဒီဇင်ဘာ ထုတ် "မြန်မာ့ဂဇက်" တွင်ဖေါ်ပြပြီးဖြစ်။)