Friday, December 23, 2022

ခရီးသွားခြင်းတည်းဟူသော အတတ်ပညာ (ဒုတိယပိုင်း)

ဆောင်ရန်ရှောင်ရန်များ

(က) ဥရောပမှာအိမ်သာမရှိသလောက်ရှားပါတယ်။ သူတို့တတွေဟာ အိမ်တွေမှာ bidet လိုသန့်စင်မှု ပါတဲ့ အိမ်သာခွက်ကိုသုံးတဲ့အတွက် ပြင်ပကအများသုံးအိမ်သာမျိုးကိုမသုံးလိုကြပါ။ public restrooms ရှားပါတယ်။ ဟိုတယ်ကမထွက်ခင်ကိုယ်ကိစ္စ ကိုယ်ရှင်းခဲ့ကြပါ။ အရေးပေါ်ရင်လည်း နီးရာ ဆိုင်မှာကော်ဖီတခွက်ဝယ်ရင်းနဲ့သုံးနိုင်ပါတယ်။ အိမ်သာကိုအခပေးသုံးကြရပါတယ်။ ပြတိုက်ကြီးတွေ မှာတော့ရှိတတ်ပါတယ်။ toilets ဆိုတဲ့အသုံအနှုန်းကို သာသုံးကြပါတယ်။ 

(ခ) tips ပေးလေ့မရှိကြပါ။ ဒါပေမဲ့ tours guides တွေကိုပေးနိုင်ရင်ကောင်းပါတယ။် $(€)5-10 လောက်ပေးလေ့ရှိပါတယ်။ စားသောက်ဆိုင်တွေမှာလည်းပေးလေ့မရှိကြပါ။

(ဂ) နှုတ်ခွန်းဆက်စကားလို Spanish စကားတွေနားလည်နိုင်အောင်ကြိုတင်လေ့လာရင်ကောင်းပါ တယ်။ Italy မှာ English language ပြဿနာမရှိပေမဲ့၊ ပြင်သစ်မှာတော့ နားလည်တဲ့လူရှားပါတယ်။ သိချင်တာမေးချင်တာကို ဟိုတယ်မှာအကုန်မေးသွားပါ။ Google/Translate ဟာအသုံးဝင်ဆုံးဆိုပေမဲ့ လက်တွေ့ခရီးလမ်းပေါ်မှာရောက်နေတဲ့အချိန်မှာသိပ်မလွယ်ပါ။ Tour guides တွေကိုမေးလို့ရပါတယ်။ ကိုယ်သွားချင်တဲ့နေရာ၊ public restrooms, စားစရာဆိုင်စသည်တို့ကိုလမ်းညွှန်နိုင်ကြပါတယ်။ guides တွေက ကိုယ့်အတွက်အကောင်းဆုံးလမ်းညွှန်တွေပါ။

(ဃ) reservations မှန်သမျှ မိမိရဲ့ email ကနေလုပ်တာမို့၊ ခရီးစဉ်အတွင်းမှာတောင် အမြဲပုံမှန်စစ်ကြ ဘို့လိုပါတယ်။ ဆန္ဒပြမှုတွေပေါ်ပေါက်တတ်တဲ့အပြင်၊ မမျှော်မှန်းနိုင်တဲ့ခရီးစဉ်ဖျက်သိမ်းခြင်း (tour cancellation) လုပ်တတ်ပါတယ်။ digital pass တွေကို self-guided tours တွေအတွက်တရက် ကြိုပြီးပို့တတ်တာမို့ မျက်ခြေပြတ်တတ်ပါတယ်။ အဲ့ဒီအတွက် internet (သို့မဟုတ်)WiFi ရှိရပါမယ်။

(င) ခါးပိုက်နှိုက်အလွန်ပေါပါတယ်။ ကိုယ်ဆောင်မိခင်လို၊ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးကအစသတိပြု ပါ။ အုပ်စုဖွဲ့လုပ်လေ့ရှိပါတယ်။ ရထား၊ ဘတ်စ်တို့ပေါ်မှာများပါတယ်။ passport ကိုဟိုတယ်ကမီးခံသေ တ္တာမှာသိမ်းပါ။ မီးခံသေတ္တာမရှိရင် ဟိုတယ်ဝန်ထမ်းတွေကထိမ်းသိမ်းပေးပါတယ်။

(စ) passport နဲ့ လေယာဉ် boarding passes တွေကိုမိမိ cell phones တွေနဲ့ လူတိုင်း screen-shot ရိုက်ထားပါ။ passport စာမျက်နှာတွေက entry endorsement ပါတဲ့စာမျက်နှာလဲရိုက်ဖို့မမေ့ပါနဲ့။


အစားအသောက်

Food အနေနဲ့ spaghetti Bolognese, Napoletana pizza, baked lasagna, Rivoli, pizza with various toppings နဲ့ Fatamorgana gelato တို့ဟာ Italy မှာနံမယ်ကြီးပါတယ်။ Paris မှာလည်း ဆိုင်ကောင်းတွေ Seine မြစ်နဘေးမှာရှိပါတယ်။ ၀မ်းသာစရာကတော့ သာမာန် pickup food ဆိုရင် အအေးနဲ့အတူ €25 လောက်ဘဲကျတာမို့ America ထက်ပေါပါတယ်။ ဆိုင်ကြီးဆိုင်ကောင်းတွေမှာ sit-down dinner လိုမှာတောင်သက်သာပါတယ်။ Florence မှာလည်း Italian အစာကောင်း တွေရှိ ပါတယ်။ ဒေသထွက်အစာကိုစားဘို့အတွက် take-out တွေကိုစားခြင်းနည်းနဲ့ ခြွေတာပါ။ အချိန်ကုန် လည်းသက်သာပါတယ်။ coffee အဖြစ် Cappuccino ဟာအထင်ကရအလွန်ကောင်းပါတယ်။ ဒါပေမဲ့ ပေးတဲ့ခွက်ကသေးတဲ့အတွက် (၂)ခွက်လောက်သောက်မှ Americans တွေအနေနဲ့ နေသာထိုင်သာရှိ သွားတတ်ပါတယ်။ ဆိုင်မှာဝယ်သောက်ရင်တော့ ငွေပေးချေပြီးပြီဆိုတာနဲ့ ကိုယ့်ရှေ့ကိုပန်းကန်ပြားနဲ့ ဇွန်းငယ်ရောက်လာပါတယ်။ နောက်မှကော်ဖီခွက်ရောက်လာတာပါ။ Latte ဆိုရင်နွားနို့သက်သက်ဆို တာသတိပြုပါ။ Espresso ဆိုရင်ခွက်ကပိုသေးပါတယ်။ ကော်ဖီခါးခါးမို့တချို့ကနှစ်သက်ကြပါတယ်။ ဘယ်အမျိုးအစားဖြစ်ဖြစ် စျေးအလွန်ပေါပါတယ်။ 


Cell phone and data plans/internet

(က) Phone နဲ့ internet ဟာ ခရီးစဉ်တွေမှာမရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါတယ်။ ကောင်းတာက SIM card ကို ဟိုတယ်တွေရောက်တာနဲ့ဝယ်နိုင်ရင်ပိုကောင်းပါတယ်။ လေဆိပ်တွေမှာလဲရှိပေမဲ့စျေးကြီးပါ တယ်။ (၂)ပါတ်စာအတွက် data plan ပါတဲ့SIM ဆိုရင် €25 လောက်ဘဲကျတာမို့ အလွန်သက်သာပါ တယ်။ အရေးကြီးတာကတော့ ကိုယ်ဖုံးက unlocked phone ဖြစ်ဘို့အရေးကြီးပါတယ်။ 

(ခ) SFR La Carte  ဟာ ဥရောပနိုင်ငံအားလုံးလိုလိုမှာသုံးလို့ရပါတယ်။ ဆိုင်တွေမှာတင် မိမိဖုံးမှာထဲ့ ပြီး activate လုပ်ပေးနိုင်ကြပါတယ်။ တချို့ SIM တွေက roaming လုပ်ဖို့လိုတာမို့၊ မိမိဖုန်းရဲ့ setting မှာ roaming “on” လုပ်နည်းကိုကြိုတင်လေ့လာပါ။

(ဂ) အဓိကလိုအပ်ရတဲ့အကြောင်းရင်းကတော့ Google/maps သုံးဘို့နဲ့ email ကအစ tours operator ဆက်သွယ်ရာမှာလိုအပ်လို့ပါ။

(ဃ) eSIM တွေအတွက်ကိုယ်ကိုယ်တိုင်လုပ်နိုင်ရင် ပြဿနာမရှိနိုင်ပေမဲ့၊ SIM card ကိုသုံးစေလိုပါ တယ်။ မိမိ၀ယ်ယူမဲ့ဆိုင်က လုပ်ဆောင်ပေးဖို့ပိုအဆင်ပြေပါတယ်။ ကိုယ်ပိုင်သုံးဖို့ paper clip တခုကို မိမိ cell phone နောက်ကြော cover ထဲမှာထဲ့ယူလာပါ။

(င) SIM card ကို America ထဲမှာလည်း online ကြိုတင်ဝယ်နိုင်ပါတယ်။ အရေးကြီးတာက Europe နိုင်ငံတိုင်းမှာသုံးနိုင်ခြင်းရှိဖို့၊ 4G  speed ရှိဖို့၊ 10-15GB ရှိဖို့၊ အနဲဆုံး (၂)ပါတ်လောက်သုံးနိုင်ဖို့၊ WiFi သုံးခွင့်ရှိဖို့ (ဟိုတယ်တွင်လည်းသုံးပါ)၊ ဆိုတဲ့အချက်တွေပါမပါကြည့်ပါ။ U.S. မှာ unlimited သုံးနိုင်တဲ့ အကျင့်ကြောင့် GB နည်းတာကိုမေ့လျော့တတ်ကြပါတယ်။ FaceBook လိုသုံးတာကစပြီး GB ကိုသုံးစွဲ နေတာကိုသတိပြုရမှာဖြစ်တဲ့အတွက်၊ WiFi သုံးတာကိုအကျင့်လုပ်ပါ။ ဟိုတယ်တွေမှာ WiFi ရှိကြပါ တယ်။ 

(စ) လိုအပ်ရင် top-up လုပ်နိုင်တဲ့နည်းကိုလည်းလေ့လာထားကြပါ။ (၂)ပါတ်လောက်အတွက်မူရင်း SIM နဲ့တင်လုံလောက်သင့်ပါတယ်။ Europe နိုင်ငံများစွာကို ရက်ရှည်သွားရင်တော့ ဒီနည်းသိထား ရပါမယ်။ ဆိုင်မှာတခါတည်းမေးသွားပါ။ instructions တွေပါသလို၊ လွယ်ကူပါတယ်။ 


ကြိုတင်စုဆောင်းရမည့် ပစ္စညး်များ

(က) ဆေးဝါးနဲ့ ဆေးမှတ်တမ်း  (prescriptions များအပါအဝင်)။ ဥရောပနိုင်ငံမှာဆေးဆိုင်pharmacy တွေဟာနေရာအနှံ့ရှိသလို၊ လိုအပ်တဲ့ဆေးနဲ့ပါတ်သက်ပြီး U.S. လောက်မတင်းကြပ်ပါ။ ဒါပေမဲ့ ကိုယ် သောက်နေကျဆရာဝန်ညွှန်ကြားချက်ဆေးများအတွက် prescription drug list/dosage ပါတဲ့ ဆေး မှတ်တမ်းများကို print-out ဖြစ်ဖြစ် ယူသွားပါ။

(ခ) ဥရောပမှာသုံးတဲ့ electric port တွေက U.S. နဲ့မတူတာမို့ double-pins adapter လိုပါတယ်။ ဆိုင်တွေမှာရှာဝယ်ရလွယ်ပါတယ်။ စျေးသက်သာပါတယ်။

(ဂ) မိမိရဲ့ U.S. bank မှ Euro (€) ငွေလဲသွားပါ။ ဟိုမှာလဲခစျေးကြီးပါတယ်။ ဒေါ်လာသုံးရင်လဲ ဒေါ် လာစျေး ကောင်းသည့်တိုင်အောင် ငွေလဲခနှုန်းနင့်နေအောင်ယူလေ့ရှိပါတယ်။ 

(ဃ) Lavandera လို့ခေါ်တဲ့ self-laundry (coin-laundry) တွေရှိတာမို့ အဝတ်အစားကို လိုအပ်သ လောက်ဘဲယူသွားပါ။ စျေးတော့ကြီးပါတယ်။ အနီးအနားက လိပ်စာကိုဟိုတယ်မှာမေးလို့ရပါတယ်။


ငွေကြေး

(က) credit card ကို international charge free card ကိုသုံးပါ။ U.S. မှာကတည်းhotel/flight/ tours reservations လုပ်ကတည်းက အဲ့ဒီကတ်တမျိုးထဲကိုသီးသန့်သုံးပါ။ (Costco Citi card) ဟာ အကောင်းဆုံးပါ။ credit card တမျိုးတည်းကိုသုံးတဲ့အတွက် မိမိခရီးစဉ်ကုန်ကျစိတ်အလုံးစုံကို တနေ ရာတည်းမှာလေ့လာစစ်ဆေးနိုင်ပါတယ်။ ကိုယ်သုံးမဲ့ card တမျိုးတည်းကိုသာသယ်ဆောင် သွားသင့် ပါတယ်။ touchless pay system ကိုသုံးတဲ့အတွက် Apple Wallet ကိုလည်းသုံးနိုင်ပါတယ်။ 

(ခ) pay later reservations တွေကိုလည်း ကတ်ပြောင်းသုံးခဲ့ရင်လဲ updateလုပ်ဖို့မမေ့ပါနဲ့။

(ဂ) နေရာများများ (taxi တွေအပါအဝင်) credit card လက်ခံပါတယ။် 

(ဃ) cash ဘဲလိုချင်တယ်ပြောရင် “မရှိပါ”လို့ပြောပါ။ ဥပမာ- taxi စီးရင် credit card ဘဲရှိတယ်လို့ ပြောပါ။

(င) “U.S. Dollars ဘယ်လောက်ယူသွားသင့်လဲ?”ဆိုတဲ့မေးခွန်းကို မေးလေ့ရှိပါတယ်။ မိမိအနေနဲ့ လက်ဆောင်ပစ္စည်းကအစ tours တွေ၊ အစားအသောက်တွေပေါ်မူတည်ပါတယ်။ အလေးပေးပြော ချင်တာကတော့ ဘယ်နေရာမဆို credit card ကိုသာသုံးပါ။ ပါလာတဲ့ဒေါ်လာနဲ့ Euro ကိုကျစ်ကျစ် ပါအောင်ဆုတ်ထားပါ။ မဖြစ်မနေအရေးပေါ်မှသုံးမယ်လို့သဘောထားကြပါ။


Travel insurance

(က) သက်ရွယ်ပိုင်းတွေကမလိုအပ်ဖူးလို့ထင်ကြပေမဲ့ သက်ကြီးပိုင်းတွေအနေနဲ့ ၀ယ်ယူသင့်ပါတယ်။  €100အောက်လောက်ပဲရှိပါတယ်။ မိမိခရီးသွားမဲ့ကာလပေါ်မူတည်ပါတယ်။ အဓိကကတော့ ကျန်း မာရေးအတွက်ပါ။ tours တွေက free cancellation ယူထားရင်၊ ကျန်းမာရေးအတွက်နဲ့ flights/ hotels အတွက်တွေဘဲလိုပါတယ်။

(ခ) https://www.sevencorners.com ဟာ U.S. based ဖြစ်ပြီးရှင်းလင်းတဲ့ coverage ရှင်းလင်း. ချက်နဲ့ပါ။ အရေးကြီးတာက ခရီးစဉ်ပါမိသားစုဝင်တိုင်း printouts policy တွေကိုယ်နဲ့မကွာ ထားပါ။ လိုအပ်ရင် ဆေးရုံဆေးခန်းကိုလည်းလမ်းညွှန်ပေးတဲ့အပြင် (၂၄)နာရီမပြတ်ဖုံးခေါ်လို့ရပါ တယ်။


ကြိုတင် notify လုပ်သင့်သောကိစ္စများ (မိမိ accounts တွေ sign-up လုပ်ဖို့တော့လိုပါတယ်။)

(က) STEP Notification to State Department – passport လိုကိစ္စအရေးပေါ်ကစပြီး မိမိကိုယ်ရေး ကိုယ်တာအခက်အခဲကိစ္စတွေ အကူအညီတောင်းနိုင်ဘို့ ဆိုင်ရာသံရုံးတွေရဲ့အဆက်အသွယ် လုပ်ဖို့လို လာရင် ဒီကိစ္စက verification process မှာအချိန်ကုန်သက်သာစေပါမယ်။

(ခ) မိမိအသုံးပြုမဲ့ credit card ကုမ္ပဏီ ကိုသွားမဲ့ကာလနဲ့နိုင်ငံများ၊ ကြားမှာ layover ပါရင်လဲထဲ့ပါ။

(ဂ) United States Postal Services (USPS) မှာ Mail Hold လုပ်ပါ။ Informed Delivery ပါရှိရင်၊ မိမိဆီပို့မယ့် စာများရဲ့ images တွေနေ့စဉ် ကိုယ့် email ကိုပို့ပေးတဲ့အတွက် ကိုယ်ပြန်ရောက်ချိန် အဲ့ဒီ စာတွေထဲအရေးကြီးတဲ့စာပါရင် မျက်ချေမပြတ်တော့ပါဘူး။


သွားရောက်လေ့လာသင့်သော အထင်ကရနေရာများ 

tours များ reserve လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ tour operators များကမဖြစ်မနေကြည့် သင့်တဲ့ထိပ်တန်းနေရာတွေကိုပြလေ့ရှိကြလို့ပါ။ ကိုယ်ဖာသာကိုယ်ကြည့်တဲ့ self-guided ဆိုရင်ဘယ် ကစရမှန်းမသိဖြစ်တတ်ပါတယ်။ တချို့နေရာတွေက audio guides တွေပေးပေမဲ့ အချိန်အလွန်ယူပါ တယ်။ ဒီဆောင်းပါးက first time tours တွေအတွက်ရည်ရွယ်ပါတယ်။ နောက်တခုက skip-the-line ဖြစ်ဖို့လိုပါတယ်။ ဘယ်နေရာသွားသွားတန်းရှည်ကြီးတွေတွေ့မှာပါ။ ဒေသခံတွေဆိုရင်တော့ အချိန်က အရေးမကြီးပါဘူး။


 Rome & Vatican tours (၅ ရက်မှ ရ ရက်အပြည့်လောက်အချိန်ပေးသင့်ပါတယ်။)

(၁) Colosseum, Roman Forum (Romulus Door ဟာသက်တမ်းအရင့်ဆုံးရှေးဟောင်းအမွေ. အနှစ်အနေနဲ့ကြည့်ဖြစ်အောင်ကြည့်ကြပါ) နဲ့ Palatine Hills ဟာတဆက်ထဲမို့အဆင်ပြေပါတယ်။ underground tour ကိုလည်းသွားနိုင်ပါတယ်။ အဲ့ဒီနဲ့နီးတဲ့နေရာတချို့ကတော့ Constantine Arch, Circus Maximus နဲ့ “Mouth of Truth” ရှိတဲ့ Church of Santa Maria de Cosmedin တို့ကို လည်းအချိန်ပေးနိုင်ရင်သွားနိုင်ပါတယ်။ (နေ့တပိုင်းအနညး်ဆုံးကုန်ပါမယ်)

(၂) Rome Walking tours များစွာရှိပါတယ်။ အဓိက public squares တွေဖြစ်တဲ့ Piazza Navona (အကြီးဆုံးနဲ့ ဆိုင်ဖြေဖျော်မှုတွေများစွာရှိပါတယ်)၊ Piazza di Spagna (နံမယ်ကြီး“Spanish Steps”ရှိရာ)၊ Piazza del Popolo (city gate ပါ)၊ Piazza Barberini (နံမယ်ကြီးTrevi Fountain မှာ ငွေအကြွေစေ့ကိုနောက်ပြန်ပစ်ပြီးဆုတောင်းတဲ့အလေ့အထရှိတဲ့နေရာမှာ လူကြိတ်ကြိတ်တိုးစည်ကား လေ့ရှိပါတယ်။) , Piazza della Rotanda (“Pantheon” ရှိပြီး မူလလက်ရာမပျက် ရှေးဟောငး်အ ဆောက်အဦအဖြစ်သက်တမ်းအကြာဆုံးဖြစ်ပါ တယ်။)၊ Piazza Venezia (Italy ကို republic အဖြစ် ပြောင်လဲပြီး unified နိုင်ငံအဖြစ်ပြောင်လဲတဲ့ Vittorio Emanuele II ရဲ့အထိမ်းအမှတ်ဧရာမအ ဆောက်အဦရှိတဲ့နေရာပါ။) အဲ့ဒီနေရာတွေမှာ နှစ်ထောင်ကျော်သက်တမ်းရှိတဲ့ Obelisk ကျောက်တိုင် တွေ အထင်ကရအဖြစ်ရှိသလို၊ အများသောက်သုံးရေအဖြစ်သုံနိုင်တဲ့ water fountains တွေရှိပါ တယ်။ လှပတဲ့ cobble stone streets တွေဟာ ဥရောပရဲ့ထူးခြားတဲ့ အများသုံးလမ်းတွေပါ။ (တရက်. လုံးလုံးလောက်အချိန်ပေးသင့်ပါတယ်။)

(၃) ပုတ်ရဟန်းမင်းကြီးနဲ့ Catholic ခရစ်ယန်တို့ရဲ့အထွတ်အမြတ်ရဲ့ Vatican City နဲ့ ယျေဇူးသခင်ရဲ့ ရဟန်းတော်မြတ်ကြီးနဲ့ ပထမဦးဆုံးသော ပုတ်ရဟန်းမင်းကြီးခန္ဓာလဲလျောင်းရာကမ္ဘာ့အကြီးဆုံး church Saint Peter Basilica တို့ဟာ မဖြစ်မနေသွားသင့်တဲ့နေရာတွေပါ။ Vatican City ဟာသီး သန့်နိုင်ငံကြီးဖြစ်သလို၊ ကမ္ဘာပေါ်မှာ ဒုတိယလာရောက်လည်ပါတ်သူအများဆုံးပြတိုက်တွေဖြစ်တဲ့ Vatican Museums နဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေကျင်းပတဲ့ Sistine Chapel တို့တည်ရှိတဲ့. နေရာပါ။ အထင်ကရ ရှေးပန်းပုပန်းချီ ပညာရှင်များဖြစ်ကြတဲ့ Bramante လှေခါး, Gian Bernini ရဲ့ St Peter သချိုင်းပေါ်က canopy, Michelangelo ရဲ့  Pieta တို့ဟာများစွာသောကမ္ဘာ့အံ့ဘွယ် ပန်းချီ၊ ပန်းပု၊ ကော်ဇော၊ မြေပုံများစွာနဲ့ အမိုးနံရံဆေးပန်းချိီတွေ မျက်စေ့တဆုံးမြင်နိုင်ပါတယ်။

 St Peter ရဲ့ Dome (Cupola) climbing ကနေတမျို့လုံးကိုစီးမြင်နိုင်ပါတယ်။ နန်းတော်အောက်က ပုတ်ရဟန်းမင်းအဆက်ဆက်ရဲ့အုတ်ဂူများလည်းလေ့လာနိုင်ပါတယ်။  St Peter ရဲ့အုတ်ဂူဝင်ရောက် ကြည့်ရှုခွင့်ကိုတော့ Vatican အုပ်ချုပ်ရေးကိုတိုက်ရိုက်ကြိုတင်လျှောက်ထားနိုင်ပေမဲ့ တလကို လေ့လာသူ (၂၀၀)ကျော်သာခွင့်ပြုကြောင်းပါ။ (တရက်လုံးလုံးအချိန်ပေးရပါမယ်)

(၄) အဲ့ဒီကနေ မြောက်ဖက်ယွန်းယွန်းကို နာရီဝက်လောက်နီးနီးလမ်းလျှောက်သွားနိုင်တဲ့နေရာမှ ပုတ် ရဟန်းမင်းများနေထိုင်ခဲ့ဖူးတဲ့ Castel Sant’Angelo မှာတော့ အသုံးအဆောင်ပစ္စည်းနဲ့ အခန်းများ ကို သွားရောက်လေ့လာနိုင်ပါတယ်။ (ညနေ ၆ နာရီအထိသာဖွင့်ပြီး ၂ နာရီခန့်အချိန်ပေးရပါမယ်။) Vatican City ကနေညနေ (၅)နာရီလောက်ထွက်ပြီး taxi နဲ့အပြေးသွားရင်လေ့လာနိုင်လောက်ပါ တယ်။ ဗုဒ္ဓဟူးနေ့တွေမှာတော့ ပုတ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းစကားကို ခရီးသယ်တိုင်တက်ရောက် ခွင့်ရှိကြပါတယ်။

(၅) လက်ရှိ ပုတ်ရဟန်းမင်းကြီး Francis လက်ထက်မှာလူထုကိုကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ပြီးလေ့လာ ခွင့်ပြုလိုက်တဲ့ Castel Gandalfo ဟာ Rome မှ (၁)နာရီသာသာလောက်သွားရတာမို့ tour နဲ့သွား. သင့်ပါတယ်။ ပုတ်ရဟန်းမင်းအဆက်ဆက်ရဲ့အသုံးအဆောင်၊ လက်ဝတ်ရတနာ၊ လက်ဆောင်ပဏ္ဏာ၊ အဝတ်အစား၊ သုံးတဲ့ Pope Mobile တွေကိုခင်းကျင်းပြသထားသမို့စိတ်ဝင်စားစရာပါ။ (ကားစီးချိန်အ ပါအဝင်၊ နေ့တပိုင်းကုန်မှာပါ)

(၆) ဒုတိယအကြီးဆုံး Santa Maria Maggiore နဲ့ Dan Brown ရဲ့ Da Vinci Code ရုပ်ရှင်ရိုက်ကွင်း များရှိရာ Church of Santa Maria della Vittoria တို့ဟာသွားရောက်လေ့လာသင့်တဲ့အပြင်၊. အံ့မ ခန်းဘွယ်ရှေးဟောင်းအနုပညာလက်ရာများတွေ့နိုင်ကြပါမယ်။

(၇) Galleria Borghese  နဲ့ gardens တွေဟာလည်းပန်းချီအနုသုခုမလက်ရာ အံ့မခန်းဘွယ်မြောက် များစွာတွေ့နိုင်တဲ့နေရာပါ။ (လစဉ်ပထမတနင်္ဂနွေမှာအခမဲ့မို့ လများစွာကကြိုတင်စာရင်းသွင်းဘို့လို ကြောင်းပါ။)

(၈) Vesuvius မီးတောင်ပေါက်ကွဲမှုကြောင့်တမြို့လုံးပြာဖြစ်ခဲ့တဲ့ Pompeii မြို့ဟောင်းဟာ Rome ရဲ့အနောက်တောင်ဖက်မှာရှိပြီး၊ tour နဲ့သွားသင့်တဲ့နေရာပါ။ B.C. ရာစုကသမိုင်းရုပ်ကြွင်းများနဲ့ အဆောက်အဦများကိုလေ့လာခွင့်ရပါမယ်။ ကမ္ဘာကျော် လှပတဲ့ renaissance ပင်လယ်ကမ်းစပ် တလျှောက် ဖြစ်တဲ့Amalfi Coast နဲ့ Positano မြို့ရဲ့လှပမှုဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက်ဆွဲ ဆောင်မှုများစွာရှိတဲ့နေရာပါ။ အဲ့ဒီခရီးစဉ်ကိုတွဲလျက်ပို့ပေးတဲ့ tours ကိုရှာပါ။ (အဲ့ဒီနေရာတွေ အတွက်တနေကုန်မိုးချုပ်တဲ့အထိအချိန်ပေးရပါမယ်။)

(၉) Trastevere ဟာညနေခင်း(သို့မဟုတ်)နံနက်ခင်းလမ်းလျှောက်လို့ကောင်းပြီးလူစည်ကားတဲ့. ရပ်ကွက်ကြီးဖြစ်ပါတယ်။ လူငယ်များအတွက် nightlife နေရာပါ။ စားသောက်ဆိုင်ကောင်း နဲ့ အရောင်းဆိုင်မျိုးစုံရှိပြီး၊ လူစည်ကားတဲ့နံမယ်ကြီးနေရာတခုပါ။


(နောက်လ တတိယနောက်ဆုံးတွဲတွင်ဆက်ဖတ်ရှုပါရန်။)