ယုံချင်ယုံမယုံချင်နေ။ ဒိကိစ္စကမနေ့ကပြီးသွားတဲ့ မြန်မာနိုင်ငံတော်သံဃနာယကအဖွဲ့ကြီးရဲ့ (၄၇)ပါးစုံညီ အစည်းအဝေးမှာ၊ တညီတညွတ်ထဲဆုံးဖြတ်လိုက်တဲ့ သတိပေးတားမြစ်ချက်တွေပါ။ အဲ့ဒီအပြင်ဒီကိစ္စတွေပါပညတ်လိုက်ပါတယ်။
- ဒါယကာ/မ များအထင်ကြီးအောင် ထင်ယောင်ထင်မှား အစွမ်းအစရှိသယောင်ဟောပြောခြင်း။
- ဒေါသ၊ မာနကြီးခြင်း။
- ဗေဒင်၊ ဆေးကု၊ ဓါတ်ရိုက်ဓါတ်ဆင်၊ အင်းအိုင်လက်ဖွဲ့များစီရင်ခြင်း၊ ချဲထီအစရှိသောကိစ္စများ ဆောင်ရွက်ပေးခြင်း
- ယင်းကိစ္စများနှင့်အသက်မွေးဝမ်းကျောင်းပြုခြင်း။
- လာဘ်ပါသကလက်ခံ၍ ဆောင်ရွက်ပေးခြင်း ကိစ္စများ။
- မြှူဆွယ်ဖြားယောင်၍ ကိစ္စပြီးမယောင် ထင်ယောင်ထင်မှား လုပ်ခြင်း။ ဆောင်ရွက်ပေးမည်ဟုပြောဟောပြီး ဆောင်ရွက်ခြင်း။
- ကိလေသာတရားနှင့် ၀ိနည်းနှင့်မညီညွတ်သော အကြံအစည်အပြုအမူ ပြုလပ်ခြင်း။
မောင်မိုးညို မနေ့ကသတင်းစာမှာဖတ်လိုက်ရတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်သလိုဖြစ်သွားပါတယ်။ ခုတလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိမ်တောင်ပြောင်းလဲမှုတွေ ခြေလှမ်းသွက်လာနေတဲ့ကြားထဲက၊ ဒိသတင်းထွက်လာတော့ တော်တော်အံ့သြသွားသလို၊ စိတ်ချမ်းသာစရာ သာသနာသန့်စင်ရေး ခြေလွမ်းတခုအနေနဲ့ အဖြစ်မြင်လိုက်မိပါတယ်။ ကြိုဆိုမိလိုက်ပါတယ်
ဒီကနေ့ ဘာသာရေးလောကမှာ (ဗုဒ္ဓဘာသာတင်မကပါဘူး။ ခရစ်ယန် နဲ့ မူစလင်ရော၊ ကက်သလစ်ဘာသာတွေမှာ) ဘာသာရေးခေါင်းဆောင်မျာူရဲ့ ကိုယ်ကျင့်တရားပျက်မှုတွေက မမြင်ချင်မကြားချင်အဆုံးဖြစ်လာနေပါတယ်။ မြန်မာဘုန်းကြီးတွေထဲမှာလဲ မဖုံနိုင်မဖိနိုင်အောင်ဖြစ်နေပါတယ်။ ဘယ်သူ။ ဘယ် media ကမှာ မထိရဲလို့ ဒီကိစ္စတွေကသိသာသိစေမမြင်စေနဲ့ ဆိုတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီကျူးလွန်ချက်တွေ ပါတဲ့စာရင်းကိုကြည့်လိုက်တော့ မောင်မိုးညိုအပါအ၀င် စာဖတ်ကြသူ အပေါင်းတို့က ကိုယ်ဘုန်းကြီးကရောဒီလိုပညတ်တွေနဲ့ ကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေ သံသယတွေ ထိမ်းမနိုင်သိမ်းမရ ပေါ်လာပါလိမ့်မယ် ဆိုတာတွေးကြည်ရုံနဲ့သိနိုင်ပါတယ်။ ဒီကိစ္စကထိပ်ဆုံက စဖေါက်လို့ ဖြစ်ကြရတာပါ။ ဘုန်းကြီးရောတကာတွေမှာပူးတွဲတာဝန်ရှိပါတယ်။ ခုတော့ ဒီကိစ္စတွေထိထိရောက်ရောက်လုပ်တော့မဲ့ပုံပါဘဲ။ ပွဲပြီးမီးသေမဟုတ်ဘဲ၊ သာသနာတခုလုံးမှာတပြေးညီ အရေးယူဆောင်ရွက်လာနိုင်သည်နဲ့အမျှ၊ ဗုဒ္ဓသာဿနံစီရံတ္ထိထု ဖြစ်နိုင်ကြောင်းပါ။
အင်း သူကြီးပြောတဲ့ မီဒီယာကတော့ လူ့လောကမှာတင်မဟုတ်၊ သံဃာ့လောကကိုတောင်ချင်းနင်းဝင်ရောက်တော့မှာပါကလား။ စ,ခါစတော့ ဟုတ်တာရော မဟုတ်တာတွေရော သတင်းတွေ “မိုးလုံးပြည့်”နေမှာဘဲ။ ရေးရင်းတွေးရင်းနဲ့ နောင်အခါမှာသတင်းတွေစိစစ်လာလိမ့်မယ်ထင်တယ်။ သတင်းမီဒီယာလောကလဲ professional ဖြစ်လာပါလိမ့်မယ်လို့ထင်ပါတယ်။
အခက်ဆုံက အစိုးရက နိုင်ငံတော်ဘာသာလို့မပြောယုံတမယ်၊ မသတ်မှတ်ယုံတမယ်ဘဲရှိပါတော့တယ်။ သခင်နုလဲဒါနဲ့ဘဲဒုက္ခ လှလှ တွေ့သွားတာလေ။ ဘာတဲ့…သာဿနာရေးဝန်ကြီးဌာန၊ သာဿနာရေးဦးစီးဌာန၊ နောက် သာထွန်းပြန့်လို့ခေါ်တဲ့ သာဿနာတော်ထွန်းကားပြန့်ပွားးရေးဦးစီးဌာန ဆိုပြီး၊ အမြို့မြို့အနယ်နယ် နဲ့တောင်တန်းဒေသတွေပါမကျန် သာဿနာပြုကျောင်းတွေ တင်မကပါဘူး..”လူ”သာဿနာပြုတွေ ပါလွှတ်ပြီးထောက်ပံ့ကြေးပေးတော့…မောင်မိုးညို ရောက်ရှိတာဝန်ကျခဲ့တဲ့ဒေသဆိုရင် ခရစ်ယန်တွေက နေ့ချင်းညချင်းဘာသာကူးပြီး “ဗုဒ်ခရစ်”တွေဖြစ်ကုန်တယ်။ ထောက်ပံ့ကြေးနဲ့တခြားရပေါက်ရလမ်းတွေလဲပါတာကိုး။ ဒါက ဗိုလ်ချူပ်မျိုးညွန့် လက်ထက်ကတည်းကပါ။ အစိုးရရဲ့တာဝန်က မဟန ကထုတ်ပြန်တဲ့ပညတ်ချက်ကို ထပ်ဆင့်ဥပဒေပြဌာန်းချက် နဲ့ လူကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်ကို စည်းလဲခြား၊ အာဏာသက်ရောက်မှုလဲရှိအောင်လုပ်ဘို့တာဝန်ပါဘဲ။ အဲ- သာဿနာရေးဆိုင်ရာပုဂ္ဂိုလ် အဖွဲ့တွေက လိုအပ်တဲ့ငွေရေးကြေးရေး နဲ့ ကျန်ပစ္စည်း(၄) ပါးကိစ္စကို ပံ့ပိုးပေးဘို့ပါဘဲ။ ဗုဒ္ဓဘာသာတင်မကပါဘူး၊ ကျန်ဘာသာခြားတွေကိုလဲ တပြေးညီထောက်ပံ့ရပါမယ်။ ခရစ်စမတ်၊ ဒေ၀ါလီ၊ အစ်ပွဲတော် တို့လိုအခန်းအနားတွေ မှာ တက်ေ၇ာက်စားသောက်ပြီးပြန်ယုံနဲ့ မလုံလောက်ပါဘူး။ အဲ့ဒါမှ- အစိုးရကလုပ်ရမဲ့ ပါဝင်ရမဲ့ အပိုင်းပါ။ ဒါကိုမှ ဓမ္မာစက်၊ အာဏာစက် လို့ခေါ်ပါတယ်။ ခုခါမှ ဒီကိစ္စ တရားဝင်ပေါ်ပေါ်ထင်ထင်ဖြစ်လာပေမဲ့ ရှိနေတာကတော့ ရာစုများစွာထဲကပါ။
ဒါတွေဘာ့ကြောင့်ဖြစ်ရသလဲ။ ရှင်းပါတယ်။ ခေတ်ပျက်ပြီး၊ အစိုးရမင်းတွေရော ပြည်သူတွေမှာ အကျင့်စာရိတ္တ ပျက်ခြင်းကြီးမက ပျက်တဲ့အချိန်မှာ၊ ဒီလိုကိစ္စတွေ ထွန်းကားပါတယ်။ စီးပွားပျက်တော့ ချဲထီခေတ်ထတဲ့သဘောနဲ့အတူတူပါဘဲ။ ဒါမှမလုပ်ရင် လူရာမ၀င်သလို၊ ခေတ်မမှီသလိုဖြစ်နေတဲ့အချိန်ပါ။
အခုသတင်းကိစ္စထွက်လာပြီးတဲ့နောက်ပိုင်း၊ မဟုတ်မဟတ် ဇာတ်လမ်းတွေလဲ ဖုံးထားဖိထားလို့မရတော့ပါဘူး (ထင်ရတာဘဲ)။ ဖြစ်နိုင်ရင် သံဃာအဖွဲ့အစည်းအဆင့်ဆင့်က ကွင်းဆင်းအရေးယူ တာ ၀ိနည်းအရဆောင်ရွက်တာတို့လုပ်နိုင်ရပါမယ်။ လူတွေကြားထဲမှာလဲ ဒီလိုကိစ္စတွေဟာ အထင်သေးစရာ၊ လက်မခံနိုင်စရာ ဆိုတဲ့ အဖြစ်ရောက်တဲ့အထိ အသိပညာပေးရပါမယ်။ ဒါတွေဟာ ဗုဒ္ဓက မလုပ်ပါနဲ့လို့ တားမြစ်ထားတဲ့ကိစ္စတွေပါ။ ဗုဒ္ဓ ကတားမြစ်ထားသမျှကို အိပ်သွန်ဖာမှောက် လုပ်ကြပြီး၊ လုပ်ပါလို့ လမ်းညွှန်ထားတာတွေကိုတော့ မသိချင်ယောင်ဆောင်သလိုလို၊ မဆိုင်သလိုလို၊ နှာစေးချင်ယောင်ဆောင်နေကြတာ လူ့သဘာဝဖြစ်မှန်းမသိဖြစ်နေပါပြီ။
MG ရွာသားအပေါင်းကလည်း – ကိုယ့်သာဿနာ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည် အဖတ်ပြန်ဆယ်ရေးကိစ္စ (အမှန်အတိုင်းပြောတာမို့ လွန်ရင်လဲခွင့်လွှတ်ပေါ့နော်) အင်တိုင်အားတိုက် ကွန်မင့်ကြပါလို့…..။