ပြီးခဲ့တဲ့
မေ(၁၁)ရက်က USCIS လို့ခေါ်တဲ့ လူဝင်မှုကြကြပ်ရေးဌာနကြီးက အထက်ဖေါ်ပြပါ ဗီဇာများကိုင်
ဆောင်နေကြတဲ့အမေရိပြည်တ၀ှမ်းရောက်ရှိနေကြသူ၊ နိုင်ငံသားမဟုတ်သူ(Non-immigrants) တွေနဲ့ပါတ်
သက်တဲ့ကြေငြာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ သဘောထားအချုပ်ကတော့လွန်ခဲ့တဲ့ (၂၀၁၀)အတွင်းက၊
အမေရိကတ၀ှမ်ရောက်ရှိနေကြသူ Non-immigrants တွေကို Homeland Security ဌာနအောက်မှာရှိတဲ့
USCIS နဲ့ Department of Justice တို့ကြားမှာ သဘောတူညီချက်ရှိပြီးသားပြဌာန်းချက်တွေကို
တွန်းအားပေး ရုံမက၊ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းနဲ့ ထိထိရောက်ရောက်ကိုင်တွယ်အရေးယူဘို့ပါဘဲ။
လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့အစိုးရအတက်ရောက်လာချိန်ကစပြီး၊ နိုင်ငံတကာမှဝင်ရောက်လာသူ
တရားမ၀င်များကိုဖိနှိပ် ပိတ်ပင်ဘို့အထူးလုံးပန်းနေတာ အားလုံးသိကြားပြီးဖြစ်မယ်လို့ယုံကြည်ပါတယ်။
ဒီကန့်သတ်ချုတ်ချယ်မှုတွေ ဟာအမှန်တော့နဂိုကတည်းကရှိပြီးသားပညတ်ချက်တွေဆိုပေမဲ့အစိုးရအဆက်ဆက်က၊
ထိထိရောက်ရောက် အာဏာကုန်သုံးအရေးယူတာမရှိခဲ့ပါဘူး။ ပညတ်ချက်တွေဟာ တရားမ၀င်ရောက်လာသူများသာမက၊
တရား ၀င်ရောက်လာပြီး၊ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာကြသူတွေကိုပါ အခုအခါထိထိရောက်ရောက်
အရေးယူတော့မယ့်လက္ခဏာရှိနေပါပြီ။ ဒီအတွက် လက်ရှိသမ္မတကိုထောက်ခံပြီး၊ အမျိုးသားရေးဝါဒီများ၊
နိုင်ငံအတွင်း၊ တရားဝင်ရောတရားမ၀င်နည်းမျိုးစုံသုံးဝင်ရောက်လာပြီး၊ နိုင်ငံ့ဘဏ္ဍာကနေသူတို့အတွက်ကျခံ
နေရတာတွေကိုမနှစ်မြို့နိုင်ကြသူတွေကမျက်စေ့မှိတ်ထောက်ခံကြတာကိုတွေ့ရပါတယ်။
ဘယ်သူတွေအကြုံးဝင်မလဲ
(က) H-1B
(ပြည်ပ ပညာရှင်အလုပ်သမားများ) နဲ့
H-2B (စိုက်ပျိုးရေးပညာရှင်မဟုတ်သောပြည်ပအလုပ်
သမားများ) ကိုင်ဆောင်ကြသူများ
(ခ) F-1
(တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း ကျောင်းသားများ),
F-2 (တက္ကသိုလ်နှင့်အခြေခံစာသင်ကျောင်း
ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
J-1 (နှစ်နိုင်ငံသဘောတူညီချက်အရခေတ္တတာဝန်ထမ်းဆောင်သော
ပါမောက္ခနှင့်ဆရာများ၊ ပညာရှင်များ၊ အလုပ်သင်များ) နှင့်
J-2 (အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့်
ငယ်ရွယ်သူသားသမီးမိသားစုဝင်များ)
M-1 (သက်မွေးဝမ်းကျောင်း
Vocational schools ကျောင်းသားများ) နှင့်
M-2 (သက်မွေးဝမ်းကျောင်း
Vocational schools ကျောင်းသားများနှင့်အတူလိုက်ပါလာသောဇနီး/ခင်ပွန်းနှင့် ငယ်ရွယ်သူသားသမီးမိသားစုဝင်များ),
အရေးယူဆောင်ရွက်မည့်အစီအစဉ်
(က) H-1Bနှင့်
H-2Bအစီအစဉ်နဲ့ လက်ရှိအမေရိကနိုင်ငံတွင်းရောက်ရှိကြတဲ့သူတွေဟာ၊ ၊ အမေရိကနိုင်ငံ အတွင်း၊
ရာထူးလိုအပ်ချက်အရပညာရှင်ရှာဖွေမတွေ့နိုင်တော့ဘူးဆိုတဲ့ခွင့်ပြုချက်ကို အမေရိကအစိုးရအလုပ်
သမား ဌာနကြီးရဲ့ စိစစ်ချက်အရသာခန့်ထားခံကြရသူယာယီဝန်ထမ်းများသာဖြစ်တာမို့၊ ကန့်သတ်ကာလကုန်
ရင် အမိမြေကိုပြန်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရောက်ရှိနေကြသူအတော်များများဟာ၊ လူဝင်မှုကြပ်ရေးစည်း
မျဉ်းများနဲ့တရားဝင်ဘဲဖြစ်ဖြစ်၊ တရားမ၀င်ဘဲဖြစ်ဖြစ်၊ ဆက်လက်နေခွင့်ရဘို့၊ သက်တမ်းတိုးဘို့
နဲ့ နောက်ဆုံး အမြဲ နေထိုင်ခွင့် (Immigrant visa) ရဘို့ကြိုးစားကြတာတွေအများကြီးပါ။
လက်ရှိသမ္မတအာဏာရချိန်ကစပြီး၊ ဒီကိစ္စတွေကိုစစ်ဆေးတဲ့အခါမှာ၊ စည်းမျဉ်းအရ အမေရိကနိုင်ငံသားပညာရှင်များကိုကျော်လွန်ပြီး၊
တပါးနိုင်ငံ သားတွေကိုခေါ်ယူလစာပေးခန့်တဲ့အတွက်၊ အရေးယူခံရတဲ့ လုပ်ငန်းရှင်ကုမ္ပဏီပေါင်းဒါဇင်များစွာရှိနေပြီလို့
ဆိုပါတယ်။ Discrimination လူတန်းစားခွဲခြားမှု ဆိုတဲ့ပြစ်ချက်နဲ့အရေးယူတယ်လို့ဆိုပါတယ်။
သေခြာတာက တော့ ပြည်ပပညာရှင် များကိုခန့်ထားခြင်းနည်းနဲ့ လုပ်ငန်းရှင်များဟာ သူတို့ကိုပေးရတဲ့စရိတ်ချိုးခြံနိုင်တဲ့အပြင်၊
ပြည်ပနိုင်ငံသားဖြစ်ကြတာမို့၊ ဆင်ခြေပြဿနာအလွန်နည်းတယ်ဆိုတဲ့အားသာချက်က၊ အမေရိကလုပ်ငန်းရှင်
တွေ အတွက်မက်လောက်စရာ အကြောင်းချင်းရာတွေပါ။ သမ္မတထရမ့်ရဲ့ “Buy American Hire
American” သမ္မတအမိန့်စာဟာ အမေရိကနိုင်ငံသားများကိုသာအလုပ်ဈေးကွက် (Labor Market) မှာတွင်ကျယ်စေရေး
ဟာ ဘယ်ကိုဦး တည်မယ်ဆိုတာမသိနိုင်သေးပေမဲ့၊ ရွှေ့ပြောင်းအခြေချလိုသူ (Immigrant) ၀ါဒကိုပြောင်
ပြောင်တင်းတင်း ဆန့်ကျင်တယ်ဆိုတဲ့အတွင်းသရုပ်ကိုထင်ထင်ရှားရှားပြနေပါတယ်။
ဒီဗီဇာအမျိုးစားကိုင်ဆောင်ကြသူတွေဥပဒေချိုးဖေါက်မှုဖြစ်ခဲ့ရင်၊
သက်ဆိုင်ရာကိုတိုင်ကြားနိုင်ဘို့ အင်တာနက် မှာအတိအကျလွှင့်တင်ထားပြီမို့၊ နိုင်ငံသားမည်သူမဆိုအချိန်မရွေးတိုင်ကြားနိုင်ပြီဆိုတာ
အသိပေးလိုက်ပါ တယ်။
(ခ)
ထိုနည်းတူစွာဘဲ F-1, F-2- J-1, J-2, M-1 နှင့် M-2 ကိုင်ဆောင်နေကြသူ (ကျောင်းသူကျောင်းသားနဲ့
မိသားစုဝင်များ) တွေကိုလည်း၊ ပြည်သူ့ဘ၀လုံခြုံမှုကိုကာကွယ်ခြင်းအလို့ငှာဆိုတဲ့ပညတ်ချက်အရ၊
ကန့်သတ် ကာလကျော်လွန်နေထိုင်ကြောင်းတွေ့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ကြေငြာလိုက်ပါပြီ။ အရေး ယူဆောင်ရွက်မှုတွေ ကို ယခုနှစ် (၂၀၁၈) သြဂုတ်(၉)ရက်နေ့ကစတင်မယ်လို့ပြောပါတယ်။ နေထိုင်ကျောင်း တက်ခွင့်သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း(၁၈၀)အတွင်းမှာကိုယ်နေရင်းနိုင်ငံကိုမပြန်ကြသူတွေကို၊
ဖမ်းဆီးခြင်း၊ နောင်ဗီဇာထုတ်ပေးခြင်းကို(၃)နှစ်မှ(၁၀)အတွင်းမစဉ်စားတော့ခြင်းစတဲ့ပြင်းထန်တဲ့အရေးယူမှုတွေလုပ်တဲ့အ
ပြင်ရာသက်ပန်ဗီဇာပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒီအရေးယူမဲ့အစီအစဉ်ဆင့်ဆင့်ကို လက်ရှိမှာလူထုထံမှာ
အကြံညဏ်များတောင်းဆိုနေတယ်လို့ဆိုပါတယ်။ ဒီဗီဇာကိုင်ဆောင်ကြသူတွေအနေနဲ့ ဥပဒေချိုးဖေါက်မှုတွေ
လုပ်ခဲ့ရင်လည်း၊ နိုင်ငံသားမည်သူမဆိုတိုင်ကြားနိုင်ဘို့ အင်တာနက်မှာအတိအကျ လွှင့်တင်ထားပြီးတာကို
တွေ့နိုင်ပါတယ်။
ဒီလိုတိုင်ကြားမှုတွေပြုလုပ်ကြရာမှာ
ထူးခြားချက်တခုကတော့ တိုင်ကြားခံရမဲ့သူနဲ့ပါတ်သက်ပြီး၊ ဖေါက်ဖျက် ကျူးလွန်တယ်လို့ယူဆရတဲ့အခြေခံအချက်အလက်တွေကိုသာ
တင်ပြသွားယုံနဲ့ အရေးယူဆောင်ရွက်ချက်တွေ ပေါ်ပေါက်လာနိုင်စရာရှိနေပါပြီ။
ဥပဒေချိုးဖေါက်နိုင်မှုအခြေအနေများ
Benefit/Marriage
Fraud
Bulk
Cash Smuggling/Financial Crimes
Child
Exploitation/Pornography
Cyber
Crimes
Employment/Exploitation
of Unlawful Workers
F/M
Student Violations, Including OPT
Fugitive
Criminal Alien
Gang
Related
Human
Rights Violators
Human
Smuggling
Human
Trafficking (Forced Labor/Slavery)
Immigration
Telefraud
Intellectual
Property Rights
Narcotics
Smuggling
Terrorism
Related
Trade
Exportation Violation
Trade
Importation Violation
Weapons
Smuggling
Other
အထက်ဖေါ်ပြတဲ့
ပြဌာန်းချက်တခုခုကို ကျူးလွန်သူသာမက၊ အားပေးအားမြှောက်ပြုသူ၊ တိုင်ကြားရန် ပျက် ကွက်သူတွေကိုပါလွှမ်းခြုံအရေးယူခြင်းတွေဖြစ်လာနိုင်တာမို့၊
ခပ်ပေါ့ပေါ့ လုပ်စားမယ်ဆိုတဲ့သူများတွေ၊ သတိ ပြုဘရိတ်အုတ်ကြဘို့လိုပါပြီ။ အခွင့်အရေးရပေါက်ရလမ်း
လောဘဇောနဲ့ မိမိအကျိုးတခုကိုကြည့်ကြသူတွေ အမြင်မှန်ထားရမဲ့အချိန်ရောက်ပါပြီ။ ထိုနည်းတူစွာဘဲ
မဟုတ်ဘဲလည်ဆည်လုပ်ကြံပြီး၊ သူတပါးအကျိုး ပျက်စီး ရာပျက်စီးကြောင်းကိုရှောင်ရှားကြဘို့လိုပါတယ်။
ကျွန်တော်တို့မြန်မာအသိုင်းအ၀ိုင်းဟာ
မနာလိုမုန်းတီးမှု၊ မကြေနပ်မှုပေါ်တိုင်းမှာဥပဒေလမ်းကြောင်းကို နည်မျိုး စုံရယူပြီး၊
တဖက်သားဘ၀တိုးတက်မှုကို ပျက်စီးရာပျက်စီးကြောင်းလုပ်တတ်ကြတဲ့အထုံဝါသနာ အလွန်ကြီးပါ
တယ်။
မိသားစုစိတ်ဓါတ်နဲ့ဥပဒေလမ်းကြောင်းပေါ်
စိတ်ချမ်းမြေ့စွာနေနိုင်တဲ့ ပြည်ပရောက်မြန်မာလူ့အသိုက်အမြုံများ အခိုင်အမာပေါ်ပေါက်လာရေးသို့
ဦးတည်လျက်။ ။