အမေရိကပြည်ရောက်မြန်မာမိသားစု၊
အထူးသဖြင့် အလုပ်လုပ်ကိုင်အသက်မွေးဝမ်းကြောင်းကြရသူတွေဟာ ရှုတ်ထွေးပွေလီလှတဲ့ လုပ်ခွင်စည်းကမ်း၊
ခံစားခွင့်နဲ့ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ၊ ၀ဲသြဂါလည်နေကြ ရပါ တယ်။ သက်တမ်းစေ့အလုပ်လုပ်ကြရလို့
အလုပ်ကအနားယူကြရပေမဲ့၊ မိမိတို့လုပ်ခွင်ကပံ့ပိုးပေးတဲ့ ကျန်းမာ ရေးအာမခံ (health
insurance) ရဲ့ သဘောသဘာဝကို၊ ကိုယ်ကိုယ်တိုင်ကအနားယူကြပေမဲ့၊ နားလည်နိုင် ခြင်းမရှိခဲ့သလို၊
(အမှန်အတိုင်းမချွင်းမချန်ပြောရရင်) နားလည်အောင်ကြိုးစားအားထုတ်ခြင်း မရှိခဲ့ပါဘူး။
အမေရိကနိုင်ငံရဲ့စည်းမျဉ်းလုပ်ထုံးလုပ်နည်းများဟာ အများအားဖြင့် debate အပြန်အလှန်ဆန်း
စစ်ဝေဖန် မှုများစွာကြားကပေါ်ထွက်လာတဲ့ သဘောသဘာဝရှိကြတဲ့အတွက်ကြောင့်၊ ခံစားခွင့်ရှိသူအ
လုပ်လုပ်သူ လူ တန်းစားတွေအတွက်နားလည်နိုင်ခြင်းအလျင်းမရှိပေမဲ့၊ အဆင်သင့် ခံစားနိုင်ခွင့်ရှိအောင်၊
ဆောင်ရွက်ပေးထား ပါတယ်။ သည်မြေမှာမွေး၊ သည်မြေမှာကြီးကြသူတွေတောင်နားလည်၊လက်လှမ်းမှီရန်ခက်ခဲတယ်ဆိုတော့၊
အပြည်တရွာကပြောင်းရွှေ့လာကြသူတွေနားလည်မှုမရှိကြတာမဆန်းပါဘူး။ ဒါပေမဲ့ ငါကမနေ့တနေ့ကမှရောက်
လာသူမို့ နားလည်အောင်မကျိုးစားတော့ဘူးဆိုတဲ့ ဆင်ခြေကတော့သိပ်ကောင်းလှတဲ့လက္ခဏာမဟုတ်ပါဘူး။
သိကြဘို့က “မသိသူကျော်သွား၊ သိသူဖေါ်စား” စနစ်ဆိုတာကိုပါ။ လေ့လာလက်လှမ်းမှီနိုင်အောင်၊
သက်ဆိုင် ရာကစီစဉ်ပေးထားပါတယ်။ တခါလေ့လာယုံနဲ့နားမလည်ရင်၊ နောက်လေးငါးဆယ်ခါလေ့လာရင်၊
နားလည်ဘို့ ဆိုတဲ့ကိစ္စ ဆိုတာပြေးမလွတ်ပါဘူး။ ထစ်ခနဲရှိရင် ရှေ့နေကိုအားကိုးမယ်ဆိုတဲ့အလေ့အထတွေလျှော့ချသင့်
ပါပြီ။
ဒီလတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပါတ်သက်ပြီးအလုပ်လုပ်ကြသူတွေ
လက်ထဲရောက်လာလေ့ရှိတဲ့ COBRA ဆိုတဲ့စာတစ်မျက်နှာစာအသိပေးစာအကြောင်းအစေ့တစောင်းကြည့်ကြရအောင်ပါ။
COBRA ဟာ အလုပ်လုပ်ကြသူတိုင်းမျက်စေ့ရှေ့မှောက်မဖိတ်မခေါ်ရောက်လာတတ်လေ့ရှိပြီး၊ (တနည်းအားဖြင့်)
မလိုအပ် ချိန်မှာကိုယ့်လက်ထဲရောက်လာပြီး၊ တကယ်လိုအပ်ချိန်မှာ အစရှာမရတတ်တဲ့အရေးကြီးတဲ့
ကိစ္စကြီးတခုပါ။
COBRA ဘာလဲ
Consolidated
Omnibus Budget Reconciliation Act ကိုအတိုကောက်ခေါ်ဝေါ်ပြီး၊ အကြောင်းအမျိုးမျိုး ကြောင့်အလုပ်ကကင်းကွာကြပြီး၊
health insurance လက်လွတ်ဆုံးရှုံးကြသူတွေနဲ့တိုက်ရိုက်သက် ဆိုင်ပါ တယ်။ မိမိတို့အလုပ်ရာထူးရှိစဉ်ခံစားခွင့်ရတဲ့
ကျန်းမာရေးအာမခံကိုဆက်လက်သယ်ဆောင်ခံစားခွင့်ရှိ စေတဲ့ စနစ်တခုပါ။ (၁၉၈၆)ခုနှစ်မှာလွှတ်တော်ကပြဌာန်းခဲ့တာပါ။
ဘယ်လိုလုပ်ငန်းခွင်မျိုးမှာရသလဲ
အလုပ်သမားဝန်ထမ်းဦးရေ
(၂၀)နဲ့အထက်ရှိကြသူလုပ်ငန်းရှင်တိုင်းက COBRA အရ ကျန်းမာရေးအာမခံကို မိမိဝန်ထမ်းများအတွက်ဆက်လက်သယ်ဆောင်ခွင့်ရှိစေဘို့ဥပဒေကရံတားပေးထားပါတယ်။
COBRA
အစီအစဉ်ရသူတွေအတွက်ပေးသွင်းရတဲ့ပရီမီယံကြေးဘယ်လောက်လဲ
ဥပဒေအရလက်ရှိအလုပ်ကခံစားခွင့်အတိုင်းတသွေမတိမ်းသောလွှမ်းခြုံခံစားမှုကိုရပေမဲ့လည်း၊
အရင်ကအလုပ် ရှင်ကပေးသွင်းပေးတဲ့ (employer’s contribution) ကိုပါမိမိတို့ကိုယ်တိုင်ကကျခံပေးရတာမို့၊
အလွန်ဈေးကြီး ပါတယ်။ ပရီမီယံကြေး(၁၀၂)% အထိပေးရတယ်ဆိုတော့စဉ်းစားကြည့်ပေါ့။ ဒါပေမဲ့
အလုပ်နဲ့ကင်းကွာကြရသူ တွေအများ စုဟာ ကျန်းမာရေးကြောင့်အနားယူကြရတာမို့၊ မိမိတို့ကုသမှုခဲယူနေဆဲ၊
ဆေးခန်း၊ ဆရာဝန်၊ ဆေးရုံတို့ရဲ့ကုသ မှုအောက်မှာဆက်လက်ခံစားမှုရှိဘို့လိုတာကြောင့်၊
ဈေးကြီးပေမဲ့၊ COBRA အစီအမံကို(ယာ ယီဘဲဖြစ်ဖြစ်)ဆက် ယူကြရပါတယ်။
ဒါဆိုရင်ဒီဈေးကြီးပေးနေရတဲ့ကျန်းမာရေးအာမခံစရိတ်ကိုသက်သာရာရစေမဲ့အစီအစဉ်ရှိပါသလား
ရှိပါတယ်။
မိမိတို့ကုသမှုခံယူနေတဲ့ဆရာဝန်၊ ဆေးရုံတို့ရဲ့အာမခံလွှမ်းခြုံမှုကိုရရှိနိုင်မဲ့ အာမခံကို
ဈေးကွက် (Health insurance exchange or Marketplace) မှာစုံစမ်းကြဘို့အရေးကြီးပါတယ်။
(www.healthcare.gov) ကနေတဆင့်သက်ဆိုင်ရာပြည်နယ်၊ ဒေသတွေမှာရှိတဲ့ရုံး/ဖုံးနံပါတ်တွေမှာစုံစမ်းပြီး၊
ဝယ်ယူကြဘို့လိုပါတယ်။ တခုတော့ရှိပါတယ်။ အဲ့ဒီဈေးကွက်တွေမှာရောင်းချတဲ့အာမခံပေါ်လစီများဟာ၊
မိမိတို့ ရှိခဲ့တဲ့ (သို့မဟုတ်) COBRA အရရှိရင်းစွဲအာမခံ
Group plan တွေလောက်တော့မသက်သာနိုင်သလို၊ လွှမ်းခြုံ ကာကွယ်ပေးနိုင်မှု (coverage
level and type) တော့ တူမယ်မထင်ပါဘူး။ ဒီအချက်တွေကိုတော့သေသေ ခြာခြာလေ့လာကြဘို့က မိမိကိုယ်တိုင်မှာတာဝန်ရှိကြတယ်
ဆိုတဲ့အချက်ကိုသတိပြုကြပါ။
COBRA ကိုဘယ်သူတွေအကြုံးဝင်ခံစားခွင့်ရှိကြမလဲ
(၁) အကြောင်းမျိုးစုံကြောင့်အလုပ်ထွက်ကြရသူတွေ၊
(လုပ်ငန်းခွင်တွင်ကြီးမားသောပြစ်ဒါဏ်သတ်မှတ် ချက်ဖြစ့်အလုပ်ထုတ်ခံကြရသူတွေ အနေနဲ့ကတော့၊
မိမိတို့ပြစ်ဒါဏ်ကျခံရမှုကိုထုချေဖြေရှင်းခြင်းနှင့် တကွတင်ပြသော်လည်း၊ နောက်ဆုံးတွင်
မိမိတွင်ပြစ် ချက်ရှိကြောင်း၊ အလုပ်သမားခုံအဖွဲ့ကသတ် မှတ်ခံခဲ့ရလျင်၊ ခံစားခွင့်မရှိပါ။)
(၂) အလုပ်ချိန်ကိုသက်ဆိုင်ရာအလုပ်ရှင်များကလျှောချခြင်းခံကြရသူတွေ၊
(၃) ဆိုင်ရာအလုပ်သမား/၀န်ထမ်းရဲ့ဇနီး၊ခင်ပွန်းနဲ့တရားဝင်သားသမီးတွေ၊
(၄) လင်မယားကွာရှင်းကြသူတွေ၊
(၅) သေဆုံးသူအလုပ်သမား/၀န်ထမ်းရဲ့ဇနီး/ခင်ပွန်း၊
ဘယ်လို ဆက်သွယ်ဆောင်ရွက်ရမလဲ
အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်ကြရသူတွေ
ကိုအလုပ်ရှိတွေက၊ မည်သို့ဆက်သွယ်ဆောင်ရွက်ရမယ် ဆိုတဲ့တိကျတဲ့ညွှန်ကြားချက်များကိုထုတ်ပေးလေ့ရှိပါတယ်။
အများအားဖြင့် သက်ဆိုင်ရာအာမခံကုမ္ပဏီ များကို ဆက်သွယ်ကြရပါတယ်။ ဒီညွှန်ကြားချက်ကို၊
အလုပ်မှကင်းကွာပြီး ရက်ပေါင်း(၉၀)အတွင်း၊ ကျန်းမာရေး အာမခံရဲ့လွှမ်းခြုံမှုကြေငြာလွှာနဲ့အတူ၊
မိမိထံပို့ပေးဘို့တာဝန်ရှိပါတယ်။ သက်ဆိုင်ရာ အာမခံကုမ္ပဏီကလည်း၊ စာပို့လေ့ရှိပါတယ်။
အရေးကြီးတာက မိမိထံရောက်လာတဲ့စာအဆက်အသွယ်ကို မျက်ချေမပြတ်ကြဘို့ပါ။
မိမိထံရောက်လာတဲ့စာအရအာမခံကုမ္ပဏီကိုမိမိပါဝင်လိုကြောင်းအဆိုပြုလွှာကို
ရက်ပေါင်း(၆၀)အတွင်း အကြောင်းပြန်ကြရပါမယ်။ အဲ့ဒီရက်ထက်ကျော်လွန်ခဲ့ရင်တော့၊ မိမိဆီမှာရှိတဲ့ကျန်းမာရေးအာမခံဆုံးရှုံး
သွားပြီဆိုတာကိုအထူးသတိပြုကြပါ။
COBRA လွှမ်းခြုံမှုကာလဘယ်လောက်အထိရှိပါသလဲ
သက်ဆိုင်ရာပြည်နယ်များကပြဌာန်းကြတဲ့
Labor laws တွေအရ၎င်း၊ မိမိတို့လုပ်ခွင်ဝန်ထမ်းသက်ပေါ်မှာသော် ၎င်း အပေါ်မှာမူတည်ပြီး (၁၈)လ
မှ (၃၆)လအထိတော့ဆက်လက်ခံ စားခွင့်ရှိကြပါတယ်။
COBRA ကိုအချိန်မကျမှီစောစီးစွာဖြတ်တောက်ခံရတတ်ပါသလား
ဖြစ်တတ်ပါတယ်။
ဥပမာ- မိမိတို့ပေးသွင်းရမဲ့ပရီမီယံကြေးများကိုပေးသွင်းရန်ပျက်ကွက်ခဲ့ရင် (သက်ဆိုင်ရာ
အာမခံကုမ္ပဏီကပြေစာပို့သည်ဖြစ်၊ မပို့သည်ဖြစ်စေ၊ ပေးသွင်းရန်တာဝန်ဟာ မိမိတာဝန်ဆိုတာသတိချပ်
ကြဘို့လိုပါတယ်။)၊ အလုပ်ရှင်က ရှိဆဲGroup Plan ကိုရပ်ဆိုင်းရင် (မိမိတို့ဆီ plan အသစ်နဲ့ပါတ်သက်တဲ့
စာရွက်စာတမ်းများပို့ပေးလေ့ရှိပါတယ်။ ဒါမှမဟုတ်အခြားနည်းလမ်းတခုခုနဲ့အာမခံဝယ်ယူနိုင်မဲ့အချက်
အလက်တွေပေးပို့လေ့ရှိကြပါတယ်။)၊ မိမိတို့ထံမှာ အခြားအာမခံ ပေါ်လစီတခုခု (ဥပမာ-
Medicare/ Medicaid) ရရှိခံစားခဲ့လျင်၊ မိမိတို့ plan ကိုအသုံးချပြီးမရိုးသားသောနည်းတခုခုနဲ့အမြတ်ထုတ်မှုတခုခု
ထင်ရှားရှိခဲ့ရင်။
COBRA ပရီမီယံကြေးအတွက် အခွန်သက်သာခွင့်
(tax credit) ရှိပါသလား
ခြွင်းချက်အချို့ကအပ
ခံစားခွင့်ရှိပါတယ်။
အခြားဥပဒေခံစားခွင့်များအရခံစားခွင့်ရှိခဲ့ရင်
….
(က)
Family and Medical Leave Act (FMLA) အရခွင့်ခံစားနေကြသူတွေဟာ COBRA နဲ့မသက်ဆိုင်တဲ့
အတွက်ကြောင့်၊ လက်ရှိခံစားနေတဲ့ မိမိအလုပ်ရှိရဲ့လွှမ်းခြုံခံစားရမှုတွေဆက်လက်ခံစားခွင့်ရှိကြပါတယ်။
(ခ)
Affordable Care Act လို့ခေါ်တဲ့ Obamacare ရဲ့ကျေးဇူးကြောင့် COBRA ရဲ့လွှမ်းခြုံကာကွယ်ရရှိနိုင်မှု၊
ခိုင်မာလုံခြုံမှုရှိလာပါတယ်။ မှိခိုသာသားသမီးများ အသက်(၂၆)နှစ်အထိ ခံစားခွင့်ရခြင်း၊
ယခင်ရောဂါခံကြောင့် လွှမ်းခြုံကာကွယ်မှူမရသူတွေခုအချိန်ခံစားခွင့်ရလာကြပါပြီ။ ဒီ့အပြင်
အကန့်အသတ်မဲ့ဆေးကုသကုန်ကျစရိတ် ကို အာမခံကုမ္ပဏိများကကျခံဘို့တာဝန်ရှိလာတာတို့၊ ခံစားခွင့်ရှိသူတိုင်းနားလည်လွယ်တဲ့
Summary of Plan (SoP) ကိုခံစားခွင့်ရှိကြသူတွေအတွက်ပေးရန်တာဝန်ရှိလာကြပါတယ်။
COBRA ဟာ
အလုပ်သမားဝန်ထမ်းအများစုနဲ့သိသလိုလိုနဲ့ရင်းနှီးကျွမ်းဝင်မှုနည်းပါးတဲ့ ခံစားခွင့်တခုပါ။
အမေရိ ကရောက်မြန်မာအလုပ်ခွင်ရှိဝန်ထမ်းများဟာ COBRA နဲ့တနည်းမဟုတ်တနည်းနဲ့ ကြုံတွေ့ကြရမှာမလွဲဧကန်ပါ။
ဒီလိုတွေ့ကြုံကြရချိန်မှာ စိတ်ပူပန်မှုမဖြစ်ကြဘို့နဲ့စိတ်အေးအေးထားပြီး၊ ပေးပို့စာတွေကို
အချိန်နဲ့တပြေးညီ လိုက်နာဆောင်ရွက်နိုင်မယ်ဆိုရင် မိမိတို့ ဘ၀ဖြောင့်ဖြူးအေးချမ်းနိုင်စေရေးကို
အထောက်အကူပြုနိုင်မယ်ဖြစ် ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ။