အတိုကောက်စကားလုံးသုံးရာမှာယဉ်ပါးပြီးဖြစ်နေတဲ့
အမေရိကနိုင်ငံဖွားတွေအတွက် အခက်အခဲမဟုတ်လှပေ မဲ့ မောင်မိုးညိုတို့လိုဘာသာခြားစကားကိုခတောင်းကျိုက်နေကြရသူတွေအတွက်၊
အတိုကောက်စကားလုံး ထွန်းကားတဲ့အမေရိကနိုင်ငံကြီးဟာ၊ ကြီးမားတဲ့တံတိုင်းကြီးတခုဖြစ်နေပါတယ်။
FML ခေါ် Family Medical and Leave Act ဟာသမ္မတကလင်တန်လက်ထက် (၁၉၉၃) ခုသြဂုတ်လမှာ သက်ဝင်ခဲ့တဲ့
အလုပ်သမားဥပဒေ တခု ဖြစ်ပါတယ်။ မိသားစုရေးရာ မွေးဖွားခြင်း၊ မကျန်းမမာဖြစ်ခြင်းတို့နဲ့စပ်ဆိုင်တဲ့ကိစ္စကြီးငယ်ပေါ်ပေါက်ရာမှာ၊
ဥပဒေအရ လုပ်သက်ခံစားခွင့်ရှိကြသူအလုပ်သမားများအတွက်ရည်ရွယ်ပြီး၊ လျော်ကန်သင့်မြတ်တဲ့ဥပဒေ
တခုအဖြစ်ပေါ်ထွက်လာတာပါ။ ဒီလိုအဖြစ်မျိုးတွေဟာကျွန်တော်တို့မြန်မာမိသားစုတွေမှာ ကြုံတွေ့တတ်တဲ့
ကိစ္စတွေမို့၊ မသိမဖြစ်ကြရ လေအောင်ရည်ရွယ်ရင်းနဲ့ ရှာဖွေစုဆောင်းတင်ပြထားပါတယ်။
ဘယ်သူတွေအကြုံးဝင်ခံစားလျှောက်ထားခွင့်ရှိသလဲ
အလုပ်သမားဦးရေ(၅၀)ထက်မနည်းတဲ့အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းခွင်တွေမှာလုပ်ကိုင်ကြသူ အရည်အချင်း
ပြည့်မှီသူတွေ ဒီခံစားခွင့်ရရှိနိုင်ဘို့သတ်မှတ် ထားပါတယ်။ အလုပ်သမားဦးရေ(၅၀)ထက်နဲတဲ့နေရာတွေမှာ
ဗဟိုအစိုးရပြဌာန်းချက်အကြုံးမ၀င်ပေမဲ့လည်း၊ သက်ဆိုင်ရာပြည်နယ်တိုင်းလိုလိုမှာ သီးခြားပြဌားန်ခံစားခွင့်ရှိ
ကြောင်းပါ။ အရည်အချင်းပြည့်မှီသူအလုပ်သမား (၀န်ထမ်း) လို့ဆိုထားတာမို့ ဒီအချက်တွေနဲ့ကိုက်ညီကြဘို့
တော့လိုပါတယ်။
(က) လက်ရှိအလုပ်မှာလုပ်သက်
(၁၂)လဆက်တိုက်လုပ်ကိုင်သူ။ (ဒီကြားထဲ ၇-နှစ်ထက်ပိုပြီးလုပ်ခွင်နဲ့ကင်း ကွာကြသူတွေတော့
ခံစားခွင့်ပျက်ပြယ်ပါတယ်။)
(ခ) လက်ရှိအလုပ်မှာ
အနည်းဆုံးနာရီပေါင်း (၁၂၅၀) နာရီကို လုပ်သက်(၁၂)လအတွင်းလုပ်ကိုင်နေသူ။
(ဂ) လက်ရှိအလုပ်အကိုင်နေရာဌာနဟာ
ဖေါ်ပြခဲ့တဲ့ အလုပ်သမားဦးရေ(၅၀)အထက်ရှိတဲ့အလုပ်ရှင်ရဲ့တည် နေရာဌာနချုပ်ကနေ(၇၅)မိုင်အကွာအဝေး(အတွင်း)မှာရှိနေဘို့လိုပါတယ်။
ဘယ်အချိန်မှာစတင်ခံစားခွင့်တောင်းခံနိုင်သလဲ
ဖေါ်ပြခဲ့တဲ့အချက်တွေနဲ့ကိုက်ညီပြီဆိုရင်စတင်ခံစားခွင့်ရှိပါတယ်။
ယေဘူယျအားဖြင့် ခွင့်ပါတ် စုစုပေါင်း(၁၂) ပါတ်တာ ကာလကို (၁၂)လတာကာလအတွင်းခံစားနိုင်ပါတယ်။
(က) မိသားစုဝင်များ
(ဇနီး/ခင်ပွန်း၊ သားသမီးနဲ့မိဘ)တွေအကြုံးဝင်ပါတယ်။ (ယောက္ခမ အကြုံးမ၀င်မပါ။ သို့သော်
စစ်မှုထမ်းများရဲ့သားသမီးများကိုစောင့်ရှောက်ဘို့ ဦးလေး/အဒေါ်များကလည်းခံစားခွင့် ရှိကြပါ
တယ်။)
(ခ) ကြီးမားသောရောဂါဝေဒနာတခုခု
မိမိကိုယ်တိုင် (သို့မဟုတ်)ဖေါ်ပြတဲ့မိသားစုဝင်အတွင်းဖြစ်ခဲ့ရင်၊
ဥပမာ
- ညအိပ်ညနေဆေးရုံတက်ရရင်၊ (၃)ရက်ထက်ပိုတဲ့ဆေးဝါးကုသမှုခံစားဘို့လိုရင်၊ ကြိမ်ဖန်များ
စွာသော ဆေးကုသမှု၊ ဆရာဝန်ဆေးခန်းဆေးရုံတို့နဲ့ပြသရန်လိုအက်မှု၊ နာတာရှည်ရောဂါကြောင့်
မိသားစုဝင်အတွင်း၊ စောင့်ရှောက်မှုပေးဘို့လိုအပ်မှု၊ မိသားစုဝင်မှာကိုယ်တိုင်စွမ်းဆောင်နိုင်သော
ကျန်းမာရေးပကတိအခြေအနေရုတ်လျော့နေမှု၊ ကိုယ်ဝန်ဆောင်မှုနှင့်ကုသရန်လိုအပ်မှု။
(ဂ) စစ်မှုထမ်းဝင်မိသားစုများ
အတွက် (၂၆) ပါတ်အထိ၊
(ဃ) မိခင်များနည်းတူခင်ပွန်းများဟာလည်း
မိမိမွေးကင်းစရင်သွေးများနဲ့ရင်းနှီးကျွမ်းဝင်မှုရရှိစေရေး၊
FMLA ကဘာတွေလုပ်ပေးမလဲ
(က) မိမိအလုပ်ရှင်ကခံစားခွင့်ပေးထားတဲ့
ကျန်းမာရေးအာမခံ (health insurance) ဆက်လက်ခံစား ခွင့်ရှိပါ တယ်။ လိုအပ်တဲ့မိမိဘက်ကလိုက်နာပေးသွင်းရမဲ့ပရီမီယံကြေးကိုတော့ပေးသွင်းဘို့တာဝန်ရှိကြောင်းပါ။
(ခ) ခွင့်ခံစားခွင့်ကုန်ဆုံးလို့
လုပ်ခွင့်ပြန်ဝင်ရင် မိမိရာထူး (သို့မဟုတ်) အနီးစပ်ဆုံးတာညီတဲ့ရာထူးတာဝန် ကိုပြန်လည်ရရှိခွင့်ရှိပါတယ်။
(ဂ) မိမိရာထူးတိုးရေး၊
စသည်တို့ကိုလည်းအခြားဝန်ထမ်းများနည်းတူခံစားခွင့်ရှိပါတယ်။
(ဃ) ခွင့်များကိုခွဲခြမ်းစိတ်ဖြာလို့ဘဲဖြစ်ဖြစ်၊
တစုတပေါင်းတည်းဖြစ်ဖြစ်ခံစားခွင့်ရှိပါတယ်။ မိမိဆိုင်ရာအလုပ်ရှင် ရဲ့သဘောတူညီချက်နဲ့၊
ကြိုတင်ပြင်ဆင်မှုတွေတော့လိုပါလိမ့်မယ်။
(င) FMLA
ခံစားခွင့်ဟာ လစာ/နေ့စားခံစားခွင့်မဲ့တဲ့ (unpaid leave) ဖြစ်တာမို့၊ မိမိထံမှာစုဆောင်းထားတဲ့၊
နာမကျန်းမခွင့်၊ ပုဂ္ဂိုလ်ရေးခွင့်၊ စသည်တို့ကနေဖဲ့နှုတ်ပြီးခံစားဘို့လိုပါတယ်။ အဲ့ဒီခွင့်တွေရဲ့သတ်မှတ်ချက်
ပညတ်ချက်တွေကိုလိုက်နာဘို့လိုတာကြောင့်၊ အလုပ်ရှင်ရဲ့ခွင့်ပြုချက် (သို့မဟုတ်) သတ်မှတ်ပေးချက်တို့ကို
တော့လိုက်နာဘို့လိုပါတယ်။
(စ)
FMLA ခွင့်လိုအပ်ကြောင်းကို အလုပ်ရှင်ဆီမှာ ရက်(၃၀)ကြိုတင်အကြောင်းကြားဘို့လိုတယ်လို့ဆိုပေမဲ့၊
စောနိုင်သမျှစောအောင်အလုပ်ရှင်ဆီကြိုတင်ခွင့်ပြုချက်တောင်းဘို့လိုပါတယ်။
(ဆ) မိမိရောဂါအမျိုးအမည်နဲ့အခြေအနေများကိုမိမိအလုပ်ရှင်ထံဖွင့်ပြောပြဘို့မလိုပါဘူး။
ဒါပေမဲ့ လိုအပ်တဲ့ ဆရာဝန်ထောက်ခံချက်တော့တင်ပြနိုင်ဘို့လိုပါတယ်။
မိမိအလုပ်ရှင်နဲ့ဆက်သွယ်ဆောင်ရွက်ခြင်း
(က) မိမိအလုပ်ရှင်နဲ့အဆက်အသွယ်မပြတ်ရေးဟာ
အခရာပါ။
(ခ) အလုပ်ရှင်ကနေမိမိဆီမှာ
FMLA ခံစားခွင့်ရှိကြောင်းတရားဝင်အသိပေးဘို့လိုသလို၊ ခံစားခွင့်မရှိရင် (သို့မဟုတ်)
ပျက်ပြယ်ရင်လည်းအသိပေးဘို့လိုပါတယ်။
(ဂ) မိမိထံမှာရှိတဲ့ခွင့်ကာလအမျိုးအစားတမျိုးမျိုးထဲကဘယ်ခွင့်ကနေနှုတ်ပယ်ခံစားခွင့်ပြုမလဲဆိုတာကို
ညှိနှိုင်း ဘို့လိုပါတယ်။
(ဃ) မိမိရှိရင်းစွဲရာထူးတာဝန်ရဲ့စဉ်ဆက်မပြတ်ခွင့်ကိုအလုပ်ရှင်နဲ့ဝန်ထမ်းကြားရှင်းရှင်းလင်းလင်းသတ်မှတ်မှုရှိ
ကြရပါမယ်။
FMLA ခွင့်ဆောင်ရွက်ပုံအဆင့်ဆင့်
(၁) မိမိခွင့်လိုအပ်ပြီဆိုတာနဲ့
FMLA (သို့မဟုတ်)ရှိရင်းစွဲခွင့်အမျိုးအစားတခုခုရရှိရေးကို မိမိအလုပ်ရှင် (Human
Resource/Human Capital ကဲ့သို့ဌာနသို့ မိမိဌာနအကြီးအကဲမှတဆင့်) ထံတင်ပြတောင်းခံခြင်း။
(၂) မိမိအလုပ်ရှင်မှ
မည်သည့်ခွင့်အမျိုးအစားခံစားခွင့်ရှိသလဲဆိုတာတရားဝင်မိမိထံအသိပေးခြင်း။
FMLA-Protected ဟုတ်မဟုတ်)
(၃) မိမိအလုပ်ရှင်ကမိမိရဲ့ခံစားခွင့်အတိုင်းအတာကိုဖေါ်ပြပေးခြင်း
နဲ့ အဲ့ဒီ FMLA ခွင့်အတွက်လိုအပ်မဲ့ဆိုင်ရာ ထောက်ခံစာ (certification) တောင်းခံကောင်းတောင်းခံပါလိမ့်မယ်။
(၄) လိုအပ်ခဲ့ရင်
သက်ဆိုင်ရာကထုတ်ပေးတဲ့ certificate ကို (၁၅)ရက်အတွင်းအလုပ်ရှင်ကိုတင်သွင်းရပါမယ်။
(၅) မိမိအလုပ်ရှင်ကမိမိဆီကို
အလုပ်လုပ်ရက် (Business day) (၅)ရက်အတွင်းခွင့်ပြုမိန့်ထုတ်ပေးရပါမယ်။
(၆) မိမိအလုပ်ခွင်မှာမရှိပေမဲ့၊
မိမိအလုပ်ခွင်မှာရှိနေဘိသကဲ့သို့၊ လုပ်ခွင့်ပြဌာန်းချက်များလိုက်နာဘို့လိုပါတယ်။
(၇) မိမိခွင့်ကိစ္စပြီးဆုံးလို့
လုပ်ခွင့်ကိုပြန်လည်ဝင်ရောက်ခြင်း။
အရေးကြီးတဲ့အချက်ကတော့
မိမိအလုပ်ရှင်ကခွင့်တည်တံ့နေဘို့အတွက်လိုအပ်တဲ့နောက်ဆက်တွဲ အချက် အလက်များ တောင်းခံနိုင်တာမို့၊
တင်သွင်းဘို့အကြောင်းကြားရင် (၇) ရက်အတွင်းတင်ပြဘို့လိုပါတယ်။ ဒီနေရာမှာ မိမိအလုပ်ရှင်က
မိမိတင်ပြချက်တွေဟာကျိုးကြောင်းဆီလျော်ခြင်းမရှိဘူးလို့ယူဆစရာရှိရင်၊ ဒုတိယ နဲ့တတိယအကြံပြုချက်အထိကိုကျွမ်းကျင်သူတွေဆီကတောင်းခံနိုင်စရာရှိပါတယ်။
ထိုနည်းတူစွာဘဲ
မိမိရဲ့ FMLA-Protected ခွင့်ခံစားခွင့်ကုန်ဆုံးခဲ့ရင် မိမိရှိရင်းစွဲရာထူးတာဝန်များကို
အခြားသူ တစ်ဦးဦးဆီလွှဲပြောင်းပေးနိုင်ဘွယ်ရှိတယ်ဆိုတာကိုတော့ကြိုတင်နားလည်ကြဘို့လိုပါတယ်။
အထူးသဖြင့် ရာထူးတာဝန်ကြီးများယူထားကြရသူတွေ၊ ပညာရေးဝန်ထမ်းများအနေနဲ့ကွဲလွဲချက်တွေအနည်းငယ်စီရှိ
ကြပါတယ်။
FMLA ဥပဒေကိုထိန်းကြောင်းအုပ်ချုပ်သော
အစိုးရဌာနကြီး
သိထားဘို့လိုပါတယ်။
မိမိလုပ်ခွင်ရဲ့ဆောင်ရွက်ချက်ကို တိုင်တန်းခြင်းမေးမြန်းစုံစမ်းခြင်းများလုပ်နိုင်ဘို့ပါ။
U.S.
Department of Labor Wage and Hour Division (WHD)
1(866)
487-9243
လိုတာကိုရအောင်ယူတတ်ပြီး၊
ကျန်းမာရွှင်လမ်းတဲ့ အမေရိကရောက်မြန်မာမိသားစုများတိုးပွားလာစေရေး ကိုရည်သန်လျက်။ ။