(၂၀၂၀) ဟာလူတိုင်းအတွက်များစွာသောအဆင်မပြေမှုတွေဖြစ်စေခဲ့ပါတယ်။ Covid-19 ကပ်ရောဂါ ဟာ(၁၀)နှစ်တစ်ကြိမ်ပြုလုပ်နေကျ သန်းခေါင်စာရင်းကောက်ခံမှုကို ဆိုင်းငံ့မှုတွေနဲ့ များစွာသော အ နှောင့်အရှက်မျိုးစုံကိုကြုံစေခဲ့ပါတယ်။ ဒီကြားထဲ သမ္မတဟောင်းထရမ့်ရဲ့ နိုင်ငံရေးလွှမ်းမိုးချယ်လှယ်မှု တွေက အမေရိကန်လူထုကို စိတ်ပူပန်မှုများစွာဖြစ်ခဲ့ရတာဟာ ၀မ်းနည်းစရာနောက်ဆက်တွဲပြဿနာ ပါ။ ထူးခြားချက်အနေနဲ့ (၂၀၂၀)သန်း ခေါင်စာရင်းကောက်ခံမှုမှာ ခါတိုင်းပြုလုပ်နေကျအမျိုးသားရေး လှုပ်ရှားမှုနဲ့ကွာချင်တိုင်းကွာတဲ့အချက်ကတော့ အိမ်တိုင်ရာရောက်စာရင်းကောက်ခံမှု၊ (သို့တည်းမ ဟုတ်) စာတိုက်မှ ဖြည့်သွင်းပြန်ကြားဘို့ မလိုတော့ဘဲ၊ သတ်မှတ်အင်တာနက်ကနေပြန်ကြားနိုင်တဲ့ နည်းပညာကိုအသုံးပြုခဲ့တဲ့အတွက် ကြီးမားသောအခက်အခဲများစွာတို့ကိုကျော်လွှားနိုင်ခဲ့တာကတော့ ၀မ်းသာ စရာအချက်ပါ။
မြန်မာကွန်မြူနီတီအသိုင်းအ၀ိုင်းရဲ့ ပြည်နယ်၊မြို့များရှိအဖွဲ့အစည်းများကလည်း အားတက်သရော်လှုံ့ ဆော်မှုနဲ့ အသိပညာပေးမှုတွေကို တတ်အားသမျှလုပ်ခဲ့တာကို ၀မ်းမြောက်ဘွယ်တွေ့ရပါတယ်။ အမေ ရိကရောက်မြန်မာလူမျိုးပေါင်စုံတို့က မိမိတို့လူမျိုးစုကိုဖြည့်သွင်းရာမှာများစွာသော နောက်ကြောင်းခံ အကြောင်းရင်းများပေါ်အခြေခံပြီး အယူအဆများစွာကွဲလွဲမှုတွေရှိခဲ့ပါတယ်။ ဆိုင်ရာအရပ်ဖက်နဲ့ ကွန်မြူနီတီတွေက advocacy များမိုးမွှန်အောင်အသိပေးပညာပေးပေမဲ့လဲ အတိပ်ကအရိပ်များ ကြောင့် လူမျိုးစုပေါင်းစုံတို့ရဲ့ တသီးတသန့်မှုနဲ့ခံယူမှုတွေကိုကျော်လွှားနိုင်ခြင်းမရှိသေးတာကတော့ ၀မ်းနည်း စရာပါ။ (၂၀၁၀)သန်းခေါင်စာရင်းမှာ မြန်မာလူဦးရေစာရင်းချုပ်တရားဝင်ထွက်လာတဲ့အချိန် (တစ်သိန်းကျော်ယုံသာ) ထွက်လာတဲ့အချိန် မြန်မာကွန်မြူနီတီခေါင်းဆောင်များက စိတ်ပျက်အား လျော့သွားကြရပါတယ်။ အဲ့ဒီကိန်းဂဏန်းထက်အဆပိုမယ်လို့ တထစ်ချယုံကြည်ကြတာမို့ စိတ်ပျက် ကြရတာမဆန်းပါဘူး။
ဘာဖြစ်လို့စိတ်ပျက်ကြရတာလည်း? ရှင်းပါတယ်။ ကိုယ်နဲ့ယဉ်ကျေးမှုဓလေ့ကွာခြားလွန်းတဲ့နိုင်ငံမှာ ပြောင်းရွှေ့အခြေချကြရတာမို့၊ ကိုယ်ရောက်ရာအရပ်မှာလူတောတိုးပြီး၊ တန်းတူအခွင့်ရကြဘို့လိုပါ တယ်။ အလားတူ Asians တွေကအခွင့်ရေးတွေရပြီး၊ မေးထူးခေါ်ပြောရရှိကြချိန်မှာ၊ ကိုယ်ကတပန်းရှုံး နေကြရတာတွေ အမေရိကရောက်မြန်မာတိုင်းကြုံဘူးကြပါမှာ။ အလုပ်ထဲဘဲဖြစ်ဖြစ်၊ အရပ်ထဲဘဲ ဖြစ်ဖြစ် minority ဆိုတဲ့ သိမ်ငယ်ရတဲ့ဘ၀က အလွန်ဆိုးတာ လူတိုင်းအသိပါ။ အမေရိကဟာ လူတိုင်း ကို တန်းတူအခွင့်အရေးပေးပြီးရနိုင်တဲ့နည်းလမ်းတွေဖေါ်ဆောင်ပေးထားပါတယ်။ အရေးကြီးတာက ဘယ်လိုရအောင်ယူရမလဲဆိုတာဘဲ။ ဒီနေရာမှာ ကိုယ်လိုချင်တာကိုရအောင်ယူရာမှာ လက်ချည့် သက်သက်နဲ့တောင်းလို့မရပါ။ အချက်အလက်နဲ့တောင်းတတ်ဘို့လိုပါတယ်။ အဲ့ဒါကဘာလည်း ဆိုတော့ ထိုက်သင့်တဲ့မြန်မာလူဦးရေစာရင်းပေါက်ကြဘို့ပါ။ အမှတ်တကယ်(၃)သိန်းလောက်ရှိတယ် လို့အများကယုံကြည်ကြတဲ့ မြန်မာလူဦးရေဟာ (၂၀၁၀)မှာ(၁)သိန်းလောက်နဲ့ကျေနပ်ခဲ့ကြရပါတယ်။ ဒါဟာအရေးကြီးတဲ့အချက်ပါ။
အမေရိကနိုင်ငံရဲ့ Department of Commerce အောက်မှာရှိတဲ့ Census Bureau ဟာ (၁၀)နှစ်တစ် ကြိမ်သန်းခေါင်စာရင်းကောက်ခံမှုအပြင်၊ လူသိနည်းတဲ့ အခြားစစ်တမ်းများကိုလည်းပုံမှန်ကောက်ပါ တယ်။ များစွာသောစစ်တမ်းတွေထဲမှာ “American Community Survey – ACS” ဟာအထင်ရှား ဆုံးနဲ့ အသုံးအ၀င်ဆုံး လူမှုစီးပွားစစ်တမ်းတခုဖြစ်ပါတယ်။ အဲ့ဒီစစ်တမ်းကိုယခင်က (၃)နှစ်နဲ့(၅)နှစ် တစ်ကြိမ် ကောက်ခံခဲ့ရာက၊ ခုချိန်မှာ နှစ်စဉ်ကောက်ခံမှုအဖြစ်ပြောင်းလဲခဲ့ပါပြီ။ စာရေးသူအနေနဲ့Census Bureau ရဲ့ advocacyစာရင်းဝင်တစ်ဦးအနေနဲ့(၂၀၁၀)သန်းခေါင်စာရင်း ကစပြီးပါဝင်ခဲ့တာမို့၊ အမေရိကရောက်မြန်မာလူမျိုးတွေရဲ့လူဦးရေနဲ့လူမှုရေးစစ်တမ်းကိစ္စမှာ Bureau နဲ့အနီးကပ်ဆက်သွယ်လေ့လာခွင့်တွေရရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီးတော့လဲ ဆိုင်ရာ Racial Department ရဲ့ specialists တွေနဲ့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ပါတယ်။ Beureau ကထုတ်ပြန်ချက်ကို ဆိုင်ရာ webpage တွေမှာမည်သူမဆိုလွတ်လပ်စွာဝင်ရောက်လေ့လာအသုံးချခွင့်ပေးထားပေမဲ့လဲ၊ အလျင် အမြန်တိုးတက်နေတဲ့နည်းပညာတိုးတက်မှုတွေရဲ့ အဟန့်အတားများကို ကျော်လွှားနိုင်ဘို့၊ သူတို့တတွေရဲ့ နည်းပေးလမ်းပြမှုတွေဟာလဲ အခရာကျလှပါတယ်။ ဒီဆောင်းပါးကတဆင့်လဲဆိုင်ရာ ပုဂ္ဂိုလ်တွေကိုကျေးဇူးတင်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်။
ကဲ- ပြီးခဲ့တဲ့ မေလကနောက်ဆုံးထုတ်ပြန်ခဲ့တဲ့ (၂၀၁၉ )ACS ကစပြီး (၂၀၁၁)ကစလို့ရှိခဲ့တဲ့ကိန်းဂ ဏန်းများကိုကြည့်ကြရအောင်ပါ။ ကြိုတင်သတိပေးလိုတဲ့အချက်ကတော့၊ ကောက်ခံရရှိတဲ့ကိန်း ဂဏန်းများဟာ ဖေါ်ပြထားတဲ့ (၁၀)စုနှစ်အတွင်းနှစ်အလိုက်သတ်မှတ်ကောက်ကွက်တစိတ်တပိုင်း အပေါ်အခြေခံထားတာမို့ ပျမ်းမျှ projections များသာဖြစ်ကြောင်းဖေါ်ပြလိုပါတယ်။ (၁၀)နှစ်တစ်ကြိမ် ကောက်ခံတဲ့ သန်းခေါင်စာရင်းလို “လူတိုင်းစေ့ခေါင်းခေါက်ကောက်ခံခြင်း”လုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီprojections တွေဟာ အမှန်တကယ်ကောက်ခံတဲ့ census ရလဒ်ကိုရောင်ပြန်ဟပ်လေ့ရှိတယ်ဆို တာကိုတော့မချွင်းမချန်ဖေါ်ပြရပါလိမ့်မယ်။
Census နဲ့ ACS ကွာခြားပုံ -
Census ဟုဆိုရာဝယ် | American Community Survey (ACS) ဆိုသည်မှာ |
(၁) (၁၀)နှစ်တစ်ကြိမ်သာ အခြေခံဥပဒေအရကောက် ခံသည်၊ (၂) ပြည်နယ်အားလုံးနှင့်Territories များတွင်လူတိုင်းစေ့ ကိုတစ်ပြိုင်နက် ကောက်ခံသည်၊ (၃) မေးခွန်းတိုများအဖြစ် လူမျိုး၊ အသက်၊ကျား/မတို့ကို သာမေးသည်၊ | (၁) နှစ်စဉ်လတိုင်းကောက်ခံသောစစ်တမ်း၊ (၂) ပြည်နယ်(၅၀)နှင့် Washington DC တွင်ကောက်ခံ၊ (၃) လူဦးရေ (၃.၅)သန်းကိုသာကောက်ခံ (၄) ဆယ်စုနှစ်တိုင်းကောက်ခံသော သန်းခေါင်စာရင်း တွင်မပါသော လူမှုစီးပွားရေးဆိုင်ရာမေးခွန်များပါဝင် သောမေးခွန်းလွှာ၊ |
(၂၀၁၉ )ACS နှစ်တခုတည်းတွင်ကောက်ခံရရှိမှုတွင် မြန်မာ/အာရှသားများ/အမေရိကလူမျိုးပေါင်းစုံ အားလုံးဦးရေ
မြန်မာလူဦးရေ | အာရှတိုက်သားပေါင်းစုံ | အမေရိကတစ်နိုင်ငံလုံးလူမျိုးပေါင်းစုံ |
၁၈၉,၁၀၈ | (၂၂)သန်းကျော် | (၃၂၈)သန်းကျော် |
ယခင် Census များမှ ကောက်နှုတ်ဖေါ်ပြသော စုစုပေါင်း မြန်မာလူမျိုးဦးရေ
၃၇၉၁ - ဦး (၁၉၈၀ ခုနှစ်) | ၁၈,၃၈၆ - ဦး (၂၀၀၀ ခုနှစ်) | ၁၀၀,၂၀၀ - ဦး (၂၀၁၀ ခုနှစ်) |
နှစ်အလိုက် မြန်မာနိုင်ငံဒေသအသီးသီး (နယ်စပ်အပါအ၀င်)ပြောင်းရွှေ့ခိုလှုံသူ (refugees)ရောက်ရှိ အခြေချမှုဦးရေပေါင်း
နှစ် | လူဦးရေပေါင်း | နှစ် | လူဦးရေပေါင်း | နှစ် | လူဦးရေပေါင်း |
၂၀၀၀-၂၀၀၁ | ၅၄၄ | ၂၀၀၇-၂၀၀၈ | ၁၈၁၃၉ | ၂၀၁၄-၂၀၁၅ | ၁၈၂၈၆ |
၂၀၀၁-၂၀၀၂ | ၁၂၈ | ၂၀၀၈-၂၀၀၉ | ၁၈၂၀၂ | ၂၀၁၅-၂၀၁၆ | ၁၂၃၄၇ |
၂၀၀၂-၂၀၀၃ | ၂၀၃ | ၂၀၀၉-၂၀၁၀ | ၁၆၆၉၃ | ၂၀၁၆-၂၀၁၇ | ၅၀၇၈ |
၂၀၀၃-၂၀၀၄ | ၁၀၅၆ | ၂၀၁၀-၂၀၁၁ | ၁၆၉၇၂ | ၂၀၁၇-၂၀၁၈ | ၃၅၅၇ |
၂၀၀၄-၂၀၀၅ | ၁၄၄၇ | ၂၀၁၁-၂၀၁၂ | ၁၄၁၆၀ | ၂၀၁၈-၂၀၁၉ | ၄၉၃၂ |
၂၀၀၅-၂၀၀၆ | ၁၆၁၂ | ၂၀၁၂-၂၀၁၃ | ၁၆၂၉၉ | ၂၀၁၉-၂၀၂၀ | ၂၁၁၅ |
၂၀၀၆-၂၀၀၇ | ၁၃၈၉၆ | ၂၀၁၃-၂၀၁၄ | ၁၄၅၉၈ | ၂၀၂၀ မှ မေ ၂၀၂၁ | ၂၃၇ |
မေ၊ ၂၀၂၁ အထိ အမေရိကသို့တရားဝင်ဝင်ရောက်ပြောင်းရွှေ့အခြေချသော refugees ဦးရေပေါင်း = (၁၈၀,၆၀၁)ဦး
နှစ်အလိုက် အမေရိကနိုင်အတွင်း အခြေချနေထိုင်ကြသော မြန်မာလူမျိုး (လူမျိုးစပ်များအပါအ၀င်) လူဦးရေနှင့်လူမှုစီးပွားရေးအခြေပြ (၂၀၁၁ မှ ၂၀၁၉ အတွင်း American Community Survey ACS ပျမ်းမျှကိန်းဂဏန်းများဖြစ်ပါသည်။)
စုစုပေါင်းလူဦးရေ (လူမျိုးစပ်များအပါအ၀င်) | ၁၅၈,၀၁၈ - ဦး |
အိမ်ထောင်စုပေါင်း | ၃၇,၈၇၆ - ခု |
မိသားစုပေါင်း% | ၈၅.၇၄% |
ကျား/မအချိုး% | ၅၀.၉ % / ၄၉ .၀၇% |
အိမ်ထောင်စုတစ်စု/မိသားစုတစ်စုတွင်ပါဝင်ဦးရေ | ၄.၁၄ - ဦး / ၄.၄၆ - ဦး |
လက်ထပ်ထိမ်းမြားထားသူဦးရေ% | ၆၉.၇၁ % |
အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုပေါင်း | ၉.၀၇ % |
အသက်အရွယ်လိုက်လူဦးရေ% | ၅-နှစ်အောက် = ၁၂% ၅ မှ ၁၇နှစ် = ၂၃% ၁၈ မှ ၂၄ နှစ် = ၁၁% ၂၅ မှ ၃၄ နှစ် = ၁၈% ၃၅ မှ ၄၄ နှစ် = ၁၆% ၄၅ မှ ၅၄ နှစ် = ၉ % ၅၅ မှ ၆၄ နှစ် = ၆% ၆၅ မှ ၇၄ နှစ် = ၃% ၇၅နှစ်နှင့်အထက်= ၂% |
အိမ်ထောင်ရေးအခြေပြ% | (က) လူပျိုလူလွတ် = ၃၂% (ခ) လက်ရှိအိမ်ထောင်ရှင်များ = ၆၀% (ဂ) သီးခြားစီနေလင်မယား = ၁% (ဃ) အိမ်ထောင်ကွဲ = ၄% (င) မုဆိုးဖို/မ = ၃% |
ကျောင်းအပ်နှံမှုအခြေပြ% | (က) မူကြိုကျောင်း = ၇% (ခ) အခြေခံပညာ (၁၂)တန်းအထိ = ၇၄% (ဂ) ကောလိပ်နှင့်ဘွဲ့လွန်တန်းများ = ၁၉ % |
ပညာသင်ကြားဘွဲ့ရမှုအခြေပြ% | (က) အခြေခံပညာ အဆင့် = ၄၈% (ခ) တက္ကသိုလ်ဝင်တန်း အဆင့် = ၁၅% (ဂ) ဘွဲ့ကြို Associate degree = ၁၂% (ဃ) အခြေခံ Bachelor degree = ၁၇% (င) ဘွဲ့လွန် post-graduate degree = ၈% |
ဘာသာစကားပြေားကြားနိုင်မှုအခြေပြ% | (က) မြန်မာ(သို့မဟုတ်)လူမျိုးစုဘာ သာစကားအိမ်တွင်ပြောသူ = ၉၁.၂% (ထိုအထဲတွင် အမေရိကန်အင်္ဂလိပ်စကား ကြားညှပ်ပြောသူ = ၆၆.၇% ပါဝင်သည်။) (ခ) အမေရိကန်အင်္ဂလိပ်စကားသက် သက်သာပြောသူ = ၈.၈% |
မွေးဖွားရာဒေသ နှင့် နိုင်ငံသားဖြစ်မှုအခြေပြ% | (က) မြန်မာပြည်ဖွားလူမျိုးများ = ၈၀% (ယင်းအထဲတွင် - အမေရိကန်နိုင်ငံသားခံယူပြီးသူ = ၂၃% အမေရိကန်နိုင်ငံသားမခံယူ/မခံယူရသေးသူ = ၅၇%) (ခ) အမေရိကနိုင်ငံတွင်မွေးဖွားသူ = ၂၀% |
အလုပ်အကိုင်အခြေပြ% | (က) အလုပ်အကိုင်ရှိသူ = ၆၃.၃၄% (ခ) အလုပ်လက်မဲ့အဖြစ်သတ်မှတ်ခံရသူ = ၄.၂၇% (ဂ) အလုပ်လုံးဝမလုပ်သူ = ၃၆.၆၆% |
လုပ်ငန်းကဏ္ဍအလိုက်အလုပ်လုပ်ကိုင်မှု% | (က) ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့်ဆောင်ရေး၊ ၀န်စည်ကုန်သွယ်ရေး = ၄၀% (ခ) ၀န်ဆောင်မှုလုပ်ငန်းအမျိုးမျိုး = ၂၂% (ဂ) သိတတ်ပညာရှင်၊ စီမံခန့်ခွဲ့ရေးနှင့်လုပ်ငန်း ပိုင်ရှင်များ = ၂၁% (ဃ) ရုံးလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းများ = ၁၃% (င) ဆောက်လုပ်ရေး၊ သယံဇာတနှင့်ပြုပြင် ထိန်းသိမ်းရေး = ၄% |
ကျားမ အလုပ်လုပ်ကိုင်မှုအချိုးအစား | ၁.၆ အချိုး ၁ |
ဝင်ငွေအခြေပြ | (က) မိသားစုတစ်စု၏နှစ်ပါတ်လည်ဝင်ငွေ = $ ၃၉,၄၆၁ (ခ) အလုပ်နှင့်ဝင်ငွေတမျိုးမျိုးပုံမှန်ရှိသူ% = ၉၂.၅၇% |
ကျန်းမာရေးအာမခံ အခြေပြ% | (က) လက်ဝယ်ရှိသူ = ၈၈% (ပုဂ္ဂလိကအာမခံ = ၃၉ % + Medicare/Medicaid = ၄၉ %) (ခ) လက်ဝယ်မရှိသူ = ၁၂% |
အိမ်ယာပိုင်ဆိုင်မှု အခြေပြ% | (က) အိမ်ငှား = ၆၂% (ခ) အိမ်ပိုင် = ၃၈% |
IT နည်းပညာအသုံးချမှု% | (က) ကွန်ပျူတာအသုံးပြုသူ = ၉၁% (ခ) အင်တာနက်အသုံးပြုသူ = ၈၁% |
ဒီကိန်းဂဏန်းများဟာ မြန်မာတို့ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းနဲ့ ဖြတ်သန်းခဲ့ကြရတဲ့ ဘ၀တွေကိုလှစ်ဟာပြ နေပါတယ်။ လေ့လာကြသူတွေ အဆင့်တို့ပြီးကျယ်ကျယ်ပြန့်ပြန့်လေ့လာကြတာနဲ့အမျှ၊ အံ့သြဘွယ် ကောင်းတဲ့ ဇာတ်လမ်း (stories) များအဖြစ်အသွင်ပြောင်းသွားနိုင်ပါတယ်။ မေးစရာမေးခွန်းတွေ၊ ဆွေးနွေးငြင်းခုန်စရာအချက်အလက်တွေပေါ်ပေါက်လာနိုင်ပါတယ်။ စောဒကတက်နိုင်စရာတွေရှိလာ နိုင်ပါတယ်။ ဒါတွေက သုံးသပ်မှုရှုဒေါင့်ကနေပြောတာပါ။ တဖက်ကရလာမဲ့ ခံစားခွင့်နဲ့ အခွင့်အရေး ဟာ အနတဂ္ဂမပါ။ (၂၀၂၀)သန်းခေါင်စာရင်းချုပ်ဟာ ခုလာမဲ့နှစ်ကုန်လောက်ကိုတရားဝင်ထုတ်ပြန် ဘွယ်ရှိပါတယ်။ ကျွန်တော်တို့မြန်မာတွေ အဲ့ဒီစာရင်းကိုစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြရပါမယ်။ ကိန်း ဂဏန်းများဟာ အမေရိကရောက်မြန်မာတို့ရဲ့အနာဂါတ်ကိုပုံဖေါ်ပေးမှာမုချဖြစ်တာမို့ လွန်စွာအရေးကြီး တယ်ဆိုတာကို လက်ဆင့်ကမ်း အသိပေးကြဘို့လိုပါတယ်။ အဲ့ဒီအစီအမံတွေရဲ့အနာဂါတ်လှုပ်ရှားမှုမှာ အင်တိုက်အား တိုက်ပါဝင်ဘို့ စာရေးသူတို့အသက်အရွယ်ဟာ အတားအဆီးဖြစ်ချိန်ရောက်နေပါပြီ။ နောင် အနာဂါတ်မြန်မာလူငယ်များကပခုန်းပြောင်းပြီးဆက်ပါဝင်ကြဘို့လိုကြောင်း အသိပေးရင်း…။
ကိုးကား - [Census Table Code (400-499, 100-299) or (300, A01-Z99) or (400-999)]
https://www.wrapsnet.org/admissions-and-arrivals/
(ဤဆောင်းပါးပါအချက်အလက်ကိန်းဂဏန်းများနှင့်ပါတ်သက်၍ဆွေးနွေးလိုသောကိစ္စများအတွက် “မြန်မာဂဇက်”အယ်ဒီတာမှတဆင့် စာရေးသူထံဆက်သွယ်နိုင်ပါကြောင်း။)