(င) မိမိတို့နဲ့ဆိုင်တဲ့ဘဏ်အစသဖြင့်နေရာများကိုခရီးစဉ်အတွင်း ကြိုတင်အကြောင်းကြားဘို့ အလွန် လိုအပ်ပါတယ်။
(၁) STEP notification - https://mytravel.state.gov/s/step/step-create-account?p1&p2&p3&recordId&urlRedirectSuccess&urlRedirectFailure ကိုပြည်ပနိုင်ငံများ သွားတိုင်းမဖြစ်မနေစာရင်းကြိုသွင်းကြပါ။ passport ပျောက်တာ၊ ခါးပိုက်နှိုက်ခံရတာကအစ အ ကြောင်းကြီးငယ်၊ ကျန်းမာရေးကအစဆိုင်ရာ သံရုံးများကလုပ်ပေးပါတယ်။ ဒါပေမဲ့သူတို့ရဲ့ database ထဲစာရင်းမပေါက်ရင်အလွန်ခက်ခဲပါတယ်။ ကြိုတင်စာရင်းသွင်း sign-up မဖြစ်မနေလုပ်ထားကြပါ။
(၂) မိမိအသုံးပြုမဲ့ credit card ကို online မှာတင်လုပ်လို့ရပါတယ်။
(၃) USPS mail hold ကိုရက်(၃၀)အထိလုပ်ခွင့်ရှိပါတယ်။ ကိုယ်အရေးကြီးတဲ့စာတွေမပျောက်ဖူးပေါ့။
(၄) မိမိတို့လစဉ်ပေးသွင်းရမဲ့ utility, mortgage, bill payments စသည်တို့အတွက် ကြိုတင်စီစဉ်ပါ။ ပြန်လာမှနောက်ကျလို့ဖုံးခေါ်ရတဲ့ဒုက္ခဝေးနိုင်ပါတယ်။
(၅) မိမိတို့အိမ်မှာရှိတဲ့ ဧည့်ခန်းမီးအပါအဝင်မီးအချို့ကို auto turn on-off လုပ်ထားသင့်ပါတယ်။ မကြာ ခနလာကြည့်ပေးသူရှိပေမဲ့ ဒီအစီအမံက မလိုလားအပ်တဲ့ဖေါက်ထွင်းမှုတွေကိုယ်ရှိန်တန့်သွားစေနိုင်ပါ တယ်။
(၆) တန်ဘိုးကြီးလက်ဝတ်ရတနာနှင့်စာရွက်စာတမ်းအထားအသို ကိုဘဏ် (safe box) လိုမှာထားခြင်း ဟာ အကောင်းဆုံးပါ။ မိမိအခြားမိသားစုဝင်တွေကိုအသိပေးဘို့မမေ့ပါနဲ့။
(၇) နေ့စဉ်ပုံမှန်သောက်နေရတဲ့ဆေးဝါးတွေ ပါအောင်ယူသွားနိုင်ဘို့နဲ့ ကိုယ်နဲ့လက်လှမ်းမှီတဲ့အိတ်နဲ့ အမြဲအတူတကွရှိကြဘို့လိုပါတယ်။ refills လုပ်ရမှာရက်လိုသေးရင် ဆိုင်ရာpharmacy မှာကိုယ်တိုင် သွားကြိုးကြောင်းပြောပြရင် ပိုထုတ်ပေးနိုင်ကြပါတယ်။ အိမ်နဲ့ဝေးတဲ့နေရာရောက်မှဆေးပြတ်တတ် ကြသူတွေရှိပါတယ်။
(စ) ကျန်းမာရေးအာမခံ နဲ့ ခရီးစဉ် travel protection/ insurance လိုအပ်မှု - အသက်အရွယ်ထောက်လာရင် travel health insurance ဟာ မရှိမဖြစ်လိုပါတယ်။ U.S. based health coverage တွေဘယ်လောက်ကောင်းတယ်ပြောပြော၊ ပြည်ပနိုင်ငံကို လွှမ်းခြုံကာကွယ်မှု အလွန်နည်းပါ တယ်။ https://www.sevencorners.com ဟာနံမယ်ကြီးပြီး စရိတ်သက်သာပါတယ်။ ခရီးစဉ်မှာမတော် တဆမှုဆိုတာရှောင်လွှဲမရပါဘူး။ အသက်ကြီးပိုင်းတွေအနေနဲ့ for health insurance (alone) လောက် တော့ဝယ်ထားသင့်ပါတယ်။ ပြီးတော့ ID ကိုချက်ချင်း printout ထုတ်ပြီး passport နဲ့အတူကိုယ်နဲ့မကွာ အမြဲရှိပါစေ။ အဲ့ဒီထဲမှာ တခုခုမကျန်းမမာဖြစ်ခဲ့ရင် ဆိုင်ရာဆက်သွယ်နိုင်မဲ့အရေးပေါ်ဆေးခန်းလိပ်စာ ကအစကြည့်လို့ရပါတယ်။ အရေးကြီးတာက ဆေးဝယ်ရာမှ အချို့ဆေးများဟာ prescriptions များမို့ over-the-counterဝယ်မရပါ။ အဲ့ဒီအတွက် မိမိတို့ရဲ့ဆေးမှတ်တမ်းပါတဲ့ (ဆေးဝါးအမည် dosage) ပါတဲ့ ဆေးမှတ်တမ်း printout ကိုမိမိတို့ကိုယ်ပိုင် အာမခံဆေးရုံဆရာဝန်ရဲ့ (medical record from most recent visit) ကိုယူသွားပါ။ ဥရောပလိုနေရာမျိုးမှာ အဲ့ဒီမှတ်တမ်းပါ ရင် (controlled substance ဆေးမျိုး)ပါရောင်းချပေးပါတယ်။ ခရီးစဉ် (travel protection) ကတော့ ကျနော့အနေနဲ့ဝယ်လေ့မရှိဘူး လို့ရိုးရိုးသားသားဝန်ခံပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်လက် မှတ်ကလွဲရင် tour reservations တွေအားလုံးလိုလိုက (၂၄)နာရီအတွင်းမဟုတ်လျင် (free) cancel လုပ်လို့ရပါတယ်။ ဟိုတယ်ကတော့ဆက်နေဘို့လိုတာမို့ ရက်ပိုနေရင်တောင်နေရတတ်ပါတယ်။
(ဆ) ဘယ်လိုဟိုတယ်မျိုးကိုရွေးသင့်လဲ - ဒါကမိမိတို့စိတ်ကြိုက်အားသန်မှုပေါ်မူတည်ပါတယ်။ ကျ နော်ကတော့ သွားလာရေးအချက်အခြာကျပြီး၊ ဘတ်စ်၊ရထားတို့နဲ့နီးတဲ့မြို့လယ်ခေါင်ကိုရွေးလေ့ရှိပါ တယ်။ အထူးသဖြင့် Europe လိုနိုင်ငံအတော်များများက အထင်ကရနေရာတွေဟာ walking distance အတွင်းမှရှိတတ်ကြတာမို့ မြို့လယ်ခေါင်ကျနိုင်လေကောင်းလေပါ။ စောနိုင်သမျှစောဝယ်လေ ဈေး သင့်လေပါ။ မြို့ပြင် ဟိုတယ်ဆိုရင်တော့ ဈေးသက်သာပါတယ်။ ဟိုတယ်တည်နေရာက ရထား tram, bus တို့နဲ့နီးရင်၊ သွားရမဲ့နေရာဝေးပေမဲ့ အဆင်ပြေတတ်ပါတယ်။ နောက်တခုက စားသောက်ဆိုင် (fast food) လိုနေရာအနားမှာရှိမရှိ Google/maps ကိုကြည့်ပါ။ package tours မျိုးဆိုရင်တော့ မြို့ပြင်ဟို တယ်ဖြစ်တတ်ပါတယ်။ ကြည့်သင့်တဲ့ဟိုတယ်အင်္ဂါတွေကတော့ -
(၁) အကျယ်အဝန်း (160-200 sq feet) ရှိတဲ့အိပ်ခန်းကိုရွေးပါ။ ကျဉ်းလို့ဖင်ချင်းပေါက်နေကြရတာမျိုး (အထူးသဖြင့် ဥရောပဟိုတယ်)တွေမှာရှိပါတယ်။ မြို့လယ်ကျလေကျဉ်းလေပါ။
(၂) aircon ပါမပါ။ အေးမြတဲ့ Europe လိုမြို့ကြီးတွေတောင် ခုချိန်မှာ နွေဦး/ကုန်မှာပူအိုက်လွန်းလို့ဒေ သခံတွေတောင် နေရထိုင်ရခက်ပါတယ်။ မယုံမရှိကြပါနဲ့ ပန်ကာရှိတာတောင်ညအိပ်မရတာမျိုးဖြစ်နေ ကြရပါပြီ။
(၃) B&B ဆိုတိုင်း မပေါပါ။ အိပ်ရာအသုံးအဆောင်ကအစ အခြားအတိုအထွာမရှိမဖြစ်တွေကိုယ်ဖာ သာကိုယ် ညကြီးမင်းကြီးထွက်ဝယ်ကြရတတ်ပါတယ်။ အဝင်အထွက် key entry ကလည်းအခက်အခဲ ရှိလို့ဖုံးခေါ်ရတာမျိုးရှိတတ်ပါတယ်။ (၂၄)နာရီ front desk ရှိတဲ့ဟိုတယ်ကိုရွေးကြပါ။
(၄) နံနက်စာ breakfast လိုချင်ရင်ပိုပေးရတာရှိပေမဲ့ မနက်မိုးလင်းရင်ကော်ဖီကအစလိုက်ရှာရတဲ့ ဒုက္ခ၊ အချိန်ကုန်မှာသတာတွေကို ပူစရာမလိုတော့ပါ။ ဟိုတယ်ခန်းထဲ ကော်ဖီ ready-made ထားတတ်ပါ တယ်။ စားစရာကို grocery ကဝယ်စားရင်တော့စရိတ်ငြိမ်းပေါ့။
(၅) ဟိုတယ်ကိုရောက်ပြီးတာနဲ့အနီးအနားမှာ grocery ရှာသင့်ပါတယ်။ ဟိုတယ်မှာ kitchenette/ mini-refrigerator ပါရင် microwavable အစာဝယ်သုံးသင့်ပါတယ်။ ငွေချွေတာရာမှာအထောက်အကူ အများကြီးပေးပါတယ်။ ဒါမျိုးဟိုတယ်ခန်းဆိုရင်တော့ ကိုယ့်ဖာသာအစာဝယ်သုံးပါ။ hotel reservation လုပ်ချိန်မှာ ဖေါ်ပြထားတာတွေကိုအသေအခြာကြည့်ပါ။
(၆) ပြည်ပနိုင်ငံတွေမှာသုံးတဲ့ electrical outlets တွေနဲ့သင့်လျော်တဲ့ device adapters တွေဟာမရှိ မဖြစ်လိုအပ်တာမို့၊ အဲ့ဒီဒေသရောက်ရောက်ချင်း ရှာဝယ်ထားရပါမယ်။ cell phone နဲ့အခြားလျှပ်စစ် အသုံးအဆောင်တွေလူတိုင်းသုံးနေကြပြီဖြစ်တဲ့ခေတ်ထဲမှာ adapter မရှိလို့အဆင်မပြေအခက်တွေ့ တာတွေဖြစ်တတ်ပါတယ်နော။ လိုအပ်တဲ့အတိုအထွာတွေမျိုးကို ဟိုတယ်မန်နေဂျာဆီမှာမေးဝယ်လို့ရ တတ်ပါတယ်။ သဘောကောင်းသူတွေဆို တရက်တခနသုံးဘို့အခမဲ့ပေးတတ်ကြပါတယ်။ တောင်းဘို့ ဝန်မလေးပါနဲ့။ ပြီးတော့ (best rating review) ရေးပေးမဲ့အကြောင်းပြောပါ။
(ဇ) လေယာဉ်လက်မှတ်ဟူသောကိစ္စကြီး - နောက်ဆုံးမှာထဲ့ထားလို့ခပ်ပေါ့ပေါ့စီစဉ်ရမဲ့ကိစ္စမဟုတ်ပါဘူး။ ရည်ရွယ်ရင်းကတော့ ခရီးစဉ် စဉ်ပြီး သွားချင်လည်ပတ်ချင်တဲ့နေရာအံဝင်ဂွင်ကျဖြစ်ပြီဆိုရင် လေယာဉ်လက်မှတ်ကိုဝယ်ကြဘို့လိုပါတယ်။ ဒီလို preps တွေကို ကာလအတန်ကြာလများစွာ (ဖြစ်နိုင်ရင် တနှစ်လောက်ကစကြည့်ပြီးစဉ်သင့်ပါ တယ်။) ကြိုစီစဉ်ဘို့လိုရခြင်းကတော့ reservations အားလုံးကိုရက်ပိုင်းတလ၊ နှစ်လလောက်အတွင်း အပြီး အစီးလုပ်နိုင်ကြဘို့အတွက်ပါ။ အများအားဖြင့် ဈေးအသက်သာဆုံး round trip/multiple city trips ကိုဝယ်ကြလေ့ရှိပါတယ်။ အရေးကြီးတာက reserve ခလုတ်မနှိပ်ခင်ကြိုစဉ်းစားသင့်တာတွေပါ -
(၁) seating selection လုပ်လို့ရသလားဆိုတာကိုပြလေ့ရှိပါတယ်။ တချို့က ငွေနဲနဲပိုပေးရင် စ reserve လုပ်ပြီးရက်ပိုင်းအတွင်း နောက်ထပ်ဝင်ပြီး upgrade လုပ်ရပါတယ်။ ဒါမှမဟုတ် သွားမဲ့ရက် မတိုင်ခင် (၂၄-၇၂) နာရီအတွင် check-in လုပ်ရင် အချိုအခြောင်ရွေးခွင့်ရတတ်ပါတယ်။ ကိုယ့်မှာ ထိုင်ခုံနေရာရ ပြီးဆိုပေမဲ့ check-in လုပ်ခွင့် open ဖြစ်တာနဲ့ (ချက်ချင်း) ဝင်ပြီးကြည့်ပါ။ အဲ့ဒီမှာ good deal ရတတ် ပါတယ်။ လေယာဉ်ကွင်းရောက်ရင် machine check-in တွေကိုသာစသုံးနေပြီမို့ အချို့ လေကြောင်း တွေက luggage drop-off ကလွဲရင် အခြားကိစ္စလုပ်လို့မရတော့ပါဘူး။ aisle seats တွေက သက်ကြီး ပိုင်းတွေအတွက် အလွန်အဆင်ပြေသလို၊ အိမ်သာကအစ အညောင်းအညာပြေ လမ်းထလျှောက်နိုင် ပါတယ်။
(၂) ဖြစ်နိုင်ရင် အသွားအပြန်ကလွဲရင် round trip မှာ ကြားခံလေကြောင်းခရီးစဉ်ကိုသပ်သပ် reserve လုပ်ပါ။ ပိုသက်သာသလို၊ ရွေးစရာပိုများပါတယ်။ ဥပမာ - Europe budget airlines
(၃)လေကြောင်းလိုင်းတော်တော်များများက check-in luggage မပါတော့တာမို့ ထပ်ပေးရပါတယ်။ သေ ခြာပေါက် ယူသွားဖို့ရှိရင်တော့ စောစောစီးစီးပေးပါ။ လေဆိပ်ရောက်မှဆိုရင်ဈေးကြီးကြောင်းပါ။ ကိုယ်လေယာဉ်ခရီးစဉ်ရွေးစဉ်မှာအသေအခြာကြည့်ကြပါ။ carry-on နဲ့ personal bags တွေတောင် စီစစ်ပါတယ်။ တခါတရံ carry-on bags တွေကိုအခမဲ့ check-in (သို့မဟုတ်) လေယာဉ်ရှေ့ခန်း storage area မှာအခမဲ့ယူထားပေးတာမို့ ကိုယ်ထိုင်တဲ့နေရာဝန်းကျင်ကျယ်ဝန်းသွားပါတယ်။
(၄) screening line ကိုဖြတ်ကြရတာမို့၊ ခါးပတ်၊ ဖိနပ်ကအစကိုယ်ပါအသုံးအဆောင်တွေကို လေဆိပ် မဝင်ခင်ကတည်းက carry-on ထဲဖြုတ်ထဲ့ထားကြပါ။ ဆေးဝါးအရေးကြီးစာရွက်စာတမ်းကလွဲ ရင်ကျန် တာအားလုံးက check-in luggage ထဲထားသင့်ပါတယ်။
(ဈ) မဖြစ်မနေယူလာရမဲ့ပစ္စည်းမျိုးတွေ -
(၁) မိမိနေ့စဉ်လိုအပ်ချက်အရသောက်နေရသောဆေးများ၊ allergy, pain-killers, topical applicants with band-aids, Melatonin (ရေမြေအချိန်အပြောင်းမှာ ညအိပ်ပျော်ဆေး), anti-diarrhea, motion sickness ဆေး (cruise မှာသုံးရတတ်ပါတယ်။)
(၂) battery pack (cell phone and other devices), chargers, ear-jacks (အချို့လေကြောင်းလိုင်းများ ကမပေးပါ), flash-lights, bathroom essentials, wipes, toiletries, pocket towels, etc.
(၃) မိုးရွာတာအတွက် ထီးနဲ့ poncho မိုးကာ၊ Binney/scuff, etc.
(၄) အဝတ်ဟောင်းထဲ့ရန် waste bags အပိုများ၊ ညှပ်ဖိနပ်၊ ဇွန်းခရင်း (ဟိုတယ်ခန်းတွင်းသုံးရန်)၊ swim suits, thermos bottle
(၅) ball pen, စာရွက်စာတမ်းများတစုတည်းသိမ်းရန် clippers
(၆) နှင်းတောအတွင်းကားမောင်းရန်အစီအစဉ်ရှိပါက snow broom
(၇) ခါးပိုက်နှိုက်ရန်ကကာကွယ်နိုင်မဲ့ ရှေ့စလွယ်သိုင်း sling bags တွေခေတ်စားလာပါတယ်။
(ည) ခရီးစဉ်မတိုင်မှီနဲ့ခရီးစဉ်အတွင်း နေ့စဉ် မိမိ email ကိုစစ်ဖို့မမေ့ကြပါနဲ့။ ခရီးစဉ်နဲ့ပတ်သက်ပြီး tours company မှ အကြောင်းကြားတာတွေရှိတတ်ပါတယ်။ မေ့တတ်ကြလို့ အခက်အခဲတွေ့တတ်ကြ တာကြုံဘူးပါတယ်။
(ဤဆောင်းပါးကို စာဖတ်သူတို့အနေနဲ့မိမိကိုယ်ပိုင်သိမ်းဆည်းထားနိုင်ရေးအတွက် အယ်ဒီတာထံတွင် .pdf version ကိုတောင်းယူနိုင်ပါကြောင်း။)