Saturday, February 01, 2025

အခရာကျသော Estate အကြောင်းတစေ့တစောင်း

  Estate ကို အိမ်ခြံမြေ” လို့မြန်မာတို့နှုတ်ကျိုးနေကြပေမဲ့ အမေရိကလိုနိုင်ငံမှာတော့ ဒီထက်ပိုကျယ် ပြောတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပြုထားပါတယ်။ အိမ်၊ ခြံမြေတို့အပြင် မိမိတို့ပိုင်ဆိုင်မှုလက်ဝတ်ရတနာ၊ အမွေလက်ခံရပစ္စည်းနဲ့တန်ဘိုးမဖြတ်နိုင်တဲ့ အသုံးအဆောင်ပစ္စည်းတင်မကပါဘူး။ စာရွက်စာတမ်း၊ မှတ်တမ်းမှတ်ရာ၊ ဓါတ်ပုံ၊ အယ်လ်ဘန်နဲ့ တန်ဖိုးဖြတ်မရတဲ့ဘိုးဘပိုင် မှတ်တမ်းမှတ်ရာ တံဆိပ်စု ဆောင်းပစ္စည်း၊ ရုပ်တု၊ ပရိဘောဂအသုံးအဆောင်တွေကိုသိမ်းကျုံးခေါ်ဆိုနိုင်ပါတယ်။ အဲ့ဒီအတွက် သူ့ရဲ့ပိုင်ခွင့်အပါအဝင်၊ အစဉ်အဆက်လက်ဆင့်ကမ်းသယ်ဆောင်နိုင်မှုအခွင့်အလမ်းနည်းလမ်းပုံစံဟာ လည်းပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ကလက်ဆင့်ကမ်းပေးမယ်လို့ရည်ရွယ်ရင်းဆန္ဒကို စာချုပ်လုပ် ထားပြီး ခိုင်မာအောင်ဆောင်ရွက်ကြတဲ့အစီအမံပါ။ ကျယ်ပြောရှုတ်ထွေးလှတဲ့နေ့တဓူဝဘ၀တွေမှာ ဒီအစီအမံကိုစိတ်အနှောင့်အယှက်သံသယရှင်းစွာ ဆက်လက်တည်မြဲစေချင်တာကတော့ ကာယကံ ရှင်များရဲ့ လိုအင်ဆန္ဒဖြစ်သလို ဥပဒေအရံအတားများ ကဖေါ်ကြူးပေးကြရပါတယ်။ 

ခုလမှာတော့  OC Register သတင်းစာကြီးက ဇန္နဝါရီ(၅)ရက်မှာဖေါ်ပြခဲ့တဲ့ Jeff Goertzen ရဲ့ “Estate Matters”  ဆိုတဲ့ ဆောင်းပါးကို မြန်မာကွန်မြူနီတီက ပိုမိုရှင်းလင်းကြစေချင်းအလို့ငှာ ဖေါက် သယ်ချလိုက်ပါတယ်။ 

(၃၂%)သော အမေရိကနိုင်ငံသားများကသာဒီနေ့အထိ estate planning တိတိကျကျရှိကြတယ် လို့ဆိုပါတယ်။ မြန်မာကွန်မြူနီတီထဲမှာတော့ နဲနဲပါးပါးရှိကြတယ်ဆိုပေမဲ့ ရှေ့နေများက လမ်းကြောင်း ပေးမှုနဲ့ဆောင်ရွက်ကြသူတွေလိုလိုချည့်ပါဘဲ။ ဆိုလိုချင်တာက ကိုယ်တိုင်ကလည်း မိမိတို့ရဲ့ ပိုင်ဆိုင်မှု တွေအပေါ် မိမိနဲ့တကွ နောင်လာနောက်သားများအပါအဝင်က မိမိတို့ရဲ့တာဝန်၊ အခန်းကဏ္ဍ၊ ပိုင်ခွင့်၊ ခွဲဝေပုံတွေရဲ့သဘောသဘာဝကိုတော့ တီးခေါက်မှတ်သားကြဘို့လိုပါတယ်။ အကြောင်းပေါ်မှ စာချုပ် ပါအတိုင်းခွဲဝေမှုအပေါ်အမြင်မကြည်တာ၊ ဝိဝါဒကွဲတာ၊ သဘောမတူတာ၊ အချင်းချင်းအမြင် စောင်းပြီး အခေါ်အပြောမလုပ်ကြတာတွေက ဖြစ်ရိုးဖြစ်စဉ်တွေဖြစ်တတ်ကြလို့ပါ။ နားလည်ကြဘို့က အမေရိ ကနိုင်ငံမှာ မူရင်းပိုင်ဆိုင်သူက မိမိတို့နှစ်သက်ရာကို အမွေပေးခွင့်အပြည့်ရှိသလို၊ စာတမ်းကိုလည်း အဲ့ဒီအတိုင်းချုပ်ခွင့်ရှိတဲ့ ဥပဒေရှိပါတယ်။ ဒါကို သေဆုံးသူရဲ့လိုအင်ဆန္ဒ (Death’s wish)” လို့အသိ အမှတ်ပြုသလို၊ အဲ့ဒီဆန္ဒကို လိုက်နာရမဲ့တာဝန်ရှိပါတယ်။ (respect the death’s wish) နားလည်ကြ သင့်တဲ့အကြောင်းအချက်က နေထိုင်ရာနဲ့စာချုပ်အသက်ဝင်ရာဒေသပြည်နယ်ရဲ့ပြောင်းလဲတတ်တဲ့ ဥပဒေတွေရဲ့ အခြေအနေတွေကြောင့် ကာလံဒေသံပေါ်မူတည်ပြီး မိမိချုပ်ဆိုထားချက် စာချုပ်ဟာ လိုက်လျောညီထွေ (မူရင်းလိုအင်ဆန္ဒမှမသွေဖည်စေဘဲ) ထိန်းညှိပြောင်းလဲပေးရတတ်တာရှိတတ် ပါတယ် ဆိုတာကိုသဘောပေါက်ဖို့လိုပါတယ်။ အဲ့ဒီအတွက် မိမိတို့အသုံးပြုတဲ့ Will/trust software များနဲ့ ဆိုင်ရာရှေ့နေတွေကအခါအားလျော်စွာ ကာယကံရှင်များကို ခေါ်ယူအသိပေးလက် မှတ်ထိုးပြင် ဆင်ကြရတတ်ပါတယ်။ တခါတရံမှာ သက်သေများကိုလည်းခေါ်ယူတတ်ပါတယ်။ အဲ့ဒီ အတွက် ညွှန်ကြားချက်များကိုပါအလွယ်တကူပူးတွဲပေးလေ့ရှိကြကြောင်းပါ။

ဒီလိုအကြမ်းဖျဉ်းလေ့လာကြရအောင်ပါ။

 

Will မရှိသော အခြေအနေ

Will ရှိသော အခြေအနေ

Living Trust ရှိသည်ဆိုပါက

ခံစားရယူခွင့်

အလိုအလျောက်မဟုတ်ပါ။ အကုန်အကျများပါမည်။ ကာလကြာပါ မည်။

ကာယကံရှင်မှခံစားခွင့်ရှိသူတို့ကိုစာချုပ်တွင်ထဲ့သွင်းထားသော်လည်း ယင်းကာယကံရှင်ကွယ်လွန်မှ စာချုပ်အသက်ဝင်ပါမည်။

ကာယကံရှင်မသေဆုံးမှီ၊ လက်မှတ်ရေးထိုးချုပ်ဆိုသောနေ့တွင်ပင်စာချုပ်အသက်ဝင်သည်။ သို့သော် (revocable) အမျိုး အစားတွင်စာချုပ်ပါအချက်တို့ကိုပြင်ဆင်၍ဆိုင်ရာအားလုံးသို့ဖြန့်ဝေအသိပေးရပါ မည်။ (irrevocable)ဆိုပါက ထိုသို့ပြု ရန်မလို ပါ။

အစိုးရမှပါဝင်ပတ်သက်မှု နှင့် Probate

ဆိုင်ရာပြည်နယ်အစိုးရကသေဆုံးသူ၏ပိုင်ဆိုင်မှုကို သိမ်းယူပါသည်။ ကျန်ရစ်သူ သားသမီးများကမိမိတို့ပိုင်ဆိုင်သင့်သည်တို့ကို ဆိုင်ရာသတ်မှတ်တရားရုံးတွင် (probate) အဖြစ်လျှောက်ထားရပါမည်။ တရားရုံးမှ သင့်လျော်သူ(ဥပဒေပညာရှင်)ကိုတာဝန်ပေးခန့်အပ်စီမံခန့်ခွဲပါမည်။

Probate နှင့်သွားရန်လို အပ်နိုင်ပါသည်။ ယင်းမှာ လည်းကြွေးကျန် အပြင်၊ အငြင်းပွားမှုကင်းစင်စေ ခြင်အလို့ငှာဖြစ်ပါသည်။

ပါဝင်ခြင်းမရှိပါ။

Trustee များက ကြွေးရှင်များကိုပြန်ဆပ်နိုင်သည်။ ကုန်ကျစရိတ်ကိုလည်းရယူနိုင်သည်။ ပေးရန်ကိစ္စများဆောင်ရွက်ရသည်။ သို့သော်စာချုပ်သည်(irrevocable) ဖြစ်ပါက tax အခွန်နှင့် အကြွေးများပေးရန်မလိုတော့သလိုယင်းကိစ္စများကို ဆောင်ရွက်ပေးရန်မလိုတော့ပါ။

ပါဝင်ကြမည့်သူများ

Creditors ခေါ်ကြွေးရှင်များ၊ ရှေ့နေနှင့် တရားရုံးဆိုင်ရာ probates များ။

ရှေ့နေနှင့် probate,  executor (next-of-a-kin) ခေါ်သေဆုံးကြောင်းလက် မှတ်ရေးထိုးထားသူသေစာရင်းပါပုဂ္ဂိုလ်၊ creditors ကြွေးရှင်များ။

Trustor/Grantor ခေါ်ကာယကံရှင်က မိမိတို့စာချုပ်ကို တာဝန်ယူခန့်အပ်သော trustee (ယုံကြည်အပ်နှံသူ)များရှိ နိုင်သလို (ခံစားခွင့်ရှိသူ heirs များလည်းဖြစ်နိုင်)၊ ခံစားခွင့် ရှိသူများစာချုပ်ပါအတိုင်းအတိအကျလိုက်နာဆောင်ရွက်ရပါသည်။

ခံစားခွင့်ရှိသူများ (heirs)

နောက်ဆုံးရှင်းလင်းကြောင်းအမိန့်ချပြီးမှသာခံစားခွင့်ရှိကြသည်။

နောက်ဆုံးရှင်းလင်းကြောင်းအမိန့်ချပြီးမှသာခံစားခွင့်ရှိကြသည်။

ဆိုင်ရာခံစားခွင့်ရှိသူတို့အားလုံးကစာချုပ်ပါအတိုင်း ကာယကံ သေဆုံးပြီးသည်နှင့်ခံစားခွင့်ကိုရနိုင်ကြောင်းအာမခံသည်။

ကုန်ကျနိုင်မည့်စရိတ်

-

Onlineလုပ်နိုင်သလို ရှေ့နေဖြင့် လုပ်နိုင်ပြီး ($1,000)အထိကျနိုင် ပါသည်။

($150 မှ $3,000 ထိ) ရှုတ်ထွေးမှုရှိမရှိပေါ်မူတည်။

သင့်လျော်နိုင်မည့်သူမျိုး

-

ကလေးငယ်ရှိမိသားစုနှင့် end-of-life care ရှိကြသူ များ

အမွေခံရစေလိုသူတို့အပေါ်အခွန်အခကြွေးမြီမရှိစေလိုသူများ၊ probate ကိုကျော်လွှားနိုင်စေလိုသူများ။

ရှင်းလင်းလွယ်ကူမှု

-

ဆောင်ရွက်ရန်အလွန်လွယ်ကူနိုင်ပါသည်။

ပိုင်ဆိုင်မှုပမာဏနှင့်အမျိုးအစားပေါ်မူတည်၍ရှုတ်ထွေးနိုင်ပါသည်

အခွန်အခ

-

Estate tax ရှိပါသည်။  (၂၀၂၄တွင် ၁၄%ခန့်) နှစ်စဉ်ရာနှုန်းပြောင်းလဲမှု ရှိပါသည်။ သို့သော်ပမာဏပေါ်မူတည်ပါသည်။

မရှိပါ

စာချုပ်ပါအချက်အလက်များအများပြည်သူသို့အသိပေးထားခြင်း

-

ရှိပါသည်။ သို့အတွက် မည်သူမဆို ပိုင်ဆိုင်လိုမှုကို ဆိုင်ရာတရားရုံးမှ လျှောက်ထားတောင်းဆိုခွင့်ရှိပါသည်။

မရှိသော်လည်း ရန်ဖန်ရန်ခါတရားရုံးတွင်ရင်ဆိုင် ရပါကလည်း အနိုင်ရနိုင်ခြေအလွန်ကောင်းပါသည်။

စတင်အသက်ဝင်အကြုံးဝင်သက်ရောက်မှု

-

မူလကာယကံရှင်သေဆုံးပြီးမှသာ။ သို့အတွက် သတိ လစ်မေ့မြောယုံဖြင့်စာချုပ်သက်ဝင်မှုမရှိပါ။

မူလကာယကံရှင်လက်မှတ်ရေးထိုးပြီးသည်နှင့်စာချုပ်တရားဝင်လာသကဲ့သို့ သတိလစ်မေ့မြောသော် လည်းအကြုံးဝင်သက်ရောက်မှုရှိပါသည်။

 Probate ၏ကုန်ကျစရိတ်မှာ မူရင်းပိုင်ဆိုင်မှုပစ္စည်းတန်ဘိုး၏ (၂၀%)ထိရှိနိုင်ကြောင်းဆိုထားပါ တယ်။ လအနည်းငယ်မှ (၂-၃)နှစ်အထိကြာတတ်ပါတယ်။ ကြာရခြင်းအကြောင်းရင်းတွေကတော့ -

(၁) Probate အတွက်စာရွက်စာတမ်းပြင်ဆင်ရမှု၊

(၂) မိမိတင်သွင်းချက်အသနားခံစာကိုကြားနာမှု၊

(၃) ဆိုင်ရာရုံးဌာနများသို့အကြောင်းကြားစာဖြန့်ဝေပေးပို့မှု၊

(၄) လိုအပ်ပါက probate bonds အာမခံပေးသွင်းရမှု၊

(၅) ကြွေးရှင်များသို့အကြောင်းကြားခြင်း၊

(၆) ဆိုင်ရာကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊

(၇) ပိုင်ဆိုင်မှုပစ္စည်းပမာဏကိုတန်ဖိုးရာဖြတ်ခြင်း နှင့်စာရင်းပြုစုခြင်း၊

(၈) ဒေသ၊ ပြည်နယ်နှင့်ဗဟိုအစိုးရတို့သို့ အခွန်ပေးဆပ်ခြင်း (လိုအပ်လျင်)၊

(၉) ကြွေးရှင်များသို့ကြွေးအပြေပေးဆပ်ပြီးစီးခြင်း၊

(၁၀) အခွန်ရုံးများမှ အခွန်ကင်းရှင်းကြောင်းစာရရှိခြင်း၊

(၁၁) ပိုင်ဆိုင်မှုပစ္စည်းများအားလုံးခွဲဝေခြင်းပြုရန်နောက်ဆုံးပိတ် ပုံစံဖြည့်သွင်းလျှောက်ထားခြင်း၊

(၁၂) နောက်ဆုံးပိတ်ခွဲဝေခြင်းအဆုံးအဖြတ်ကိုကြားနာခြင်း၊

(၁၃) အဆုံးအဖြတ်ကိုစစ်ဆေးခြင်း၊

(၁၄) ခွဲဝေခြင်း၊

(၁၅) ခွဲဝေမှုပြီးဆုံးကြောင်းကြေငြာခြင်း၊

(၁၆) နောက်ဆုံးပိတ် ဖြန့်ဝေမှုပိတ်သိမ်းအပြီးသတ်ခြင်း၊

 

နှစ်သစ်ရဲ့အစ မိမိတို့မိသားစုအလိုက်ဘဝတသက်တာဆောင်ရွက်ဖွယ်များပြီးပြည့်စုံကုံလုံစွာဆောင် ရွက်နိုင်ကြပါစေကြောင်း နှစ်သစ်ဆုမွန်နဲ့တကွ။