Thursday, April 10, 2025

Earned Income ဘက်တစေ့တစောင်း

 အခွန်ဆောင်ကြတဲ့ကာလ tax season မို့ ကျွန်တော်တို့မြန်မာတွေကိုပြန်ဖေါက်သယ်ချချင်တဲ့ ကိစ္စ လေးတခုရှိပါတယ်။ earned income ဆိုတာကို တော်တော်များများတွေ့ဘူးကြမယ်လို့ယူဆပါတယ်။ သိနားလည်ကြသူတွေရှိသလို၊ သိသလိုလို မသိသလိုသမားတွေလည်းရှိကြပါတယ်။ ဒီလို ဇဝေဇဝါ ဖြစ်ကြရတဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့နောက်ကြောင်း အရင်းခံဘဝတွေကြောင့်ပါ။ ကြားဖူး ကြပါလိမ့်မယ် ဝင်ငွေကောင်းတဲ့ရာထူး/အလုပ်” ဆိုတာ။ ကျွန်တော်တို့မြန်မာပြည် ဖွားတွေအထူးသ ဖြင့် အစိုးရဝန်ထမ်းဘဝရှိခဲ့ကြသူတွေ ပါးစပ်ဖျားမှာထမင်းစားရေသောက်ဖြစ်ခဲ့ကြတဲ့စကား။ ဝင်ငွေ ကောင်းတဲ့အလုပ်ရာထူးနဲ့နော။” ဆိုတာအမှန်တော့ အဲ့ဒီကာယကံရှင်ရဲ့ မူရင်းလစာ (salary/ pay) ကလူစိတ်ဝင်စားမှုမရှိတဲ့ကိစ္စပါ။ အဲ့ဒီရာထူးတာဝန်ရှိရင် အောက်ဆိုက်” (တရားမဝင်ရတဲ့ under-table, “လဘက်ရေဖိုး”)ဆိုတာတွေက မြန်မာ ပြည်မှာသည်းခြေကြိုက်ဝေါဟာရတွေဖြစ်နေသလို၊ အိမ်ထောင်စုတခု၊ မိသားစုတစုရဲ့ နေထိုင်စားသောက်ရေးဘဝလုံခြုံမှု ကို ရောင်ပြန်ဟပ်ပါတယ်။ ဒါကို  လာဘ်ပေးလာဘ်ယူမှု (ဝါ) အဂတိ(bribery)” လို့တောင်မသတ်မှတ်တော့ပါဘူး။ ပေးနိုင် တယ်၊ လက်ခံတဲ့သူတွေကလည်းလက်ခံတယ်ဆိုတာဟာ အဆင်ပြေချောမွေတဲ့ (ချောဆီ”)ဖြစ်ယုံမက၊ “making a deal” လို့တောင် အပေးအယူ တဲ့တဲ့အခြေဖြစ်နေကြပါပြီ။ သာမာန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေပါပြီ။ နိုင်ငံခြားမှာအလုပ်လုပ်တဲ့မိသားစုဝင်ရှိခဲ့ရင်၊ ကိုယ်ပိုင်စီးပွားရေးအောင်မြင်သူတွေအတွက်က တော့ မေးစရာမေးခွန်းမ ဟုတ်ပါဘူး။ ဒါတောင် အဲ့ဒီပုဂ္ဂလိကစီးပွားရေးနယ်ပယ်မှာတောင် ဒီအပို” ရဝင်ငွေဟာ ထဲထဲဝင်ဝင်နေရာယူနေတာတော့ တွေ့နေကြရပါပြီ။ ဒါကမြန်မာပြည်ကနောက်ကြောင်း ရင်းခံရှိခဲ့တဲ့၊ ရှိနေဆဲ ယဉ်ကျေးမှုပါ။

အမေရိကားလိုနိုင်ငံမှာတော့ အဲ့ဒီဝင်ငွေမျိုးဟာမရှိပါဘူး။ လာဘ်ပေးလာဘ်ယူမှုမရှိဘူးလားဆိုတော့ ရိုးရိုးသားသားပြော ရင်ရှိနေပါတယ်။ ဒါပေမဲ့အဲ့ဒီအဖြစ်တွေက လုပ်ငန်းတခုရဲ့ထိပ်ပိုင်းအဆင့်ရာထူး၊ အစိုးရအဖွဲ့အစည်းမှာရှိတဲ့ တချို့သော ကိစ္စမျိုးတွေပါ။ များစွာသောဥပဒေအရံအတားတွေမို့ မိရင်လည်း မလွယ်ပါ။ IRS လိုအဖွဲ့ကြီးတွေကလည်း မြန်မာပြည်က ထောက်လှမ်းရေးအဖွဲ့အစည်းထက် ပိုကြောက် စရာကောင်းတဲ့စောင့်ကြည့်အဖွဲ့တွေပါ။ ဆိုလိုတာက ကြိုကြားရှိတဲ့ လာဘ် ပေးလာဘ်ယူမှုဟာ အများ ပြည်သူပေါ်မှာသက်ရောက်မှုမရှိသလောက်ပါဘဲ။ တခုတော့ရှိပါတယ်။ အခွင့်အလမ်းခံစားခွင့်၊ ကာ ကွယ်ပိုင်ခွင့်တွေဟာ အများပြည်သူကို ဆိုင်ရာနည်းမျိုးစုံနဲ့အသိပေးထားပါတယ်။ ဒါတွေကိုရှာဖွေယူ တတ်ရပါတယ်။ ဒါမျိုးအခွင့်အလမ်းတွေကို ရယူတတ်နိုင်ကြစေဖို့ community grass-roots တွေ၊ တတ်သိပညာရှင်မြန်မာတွေက မီဒီယာနဲ့ social network တွေကနေ နည်းစုံအသိပေးကြပါတယ်။ ကိုယ်က စဉ်ဆက်မပြတ်လေ့လာတဲ့အလေ့အထကိုမွေးကြဘို့ ဘဲလိုပါတယ်။

 

Earned Income

Earned Income ဆိုတာကိုအနီးစပ်ဆုံးအဓိပ္ပါယ်ဖွင့်ရရင်၊ တရားဝင်လုပ်အားခ” ဆိုရင်လုံလောက် မယ်ထင်ပါတယ်။ ကိုယ့်လုပ်အားနဲ့ရင်းပြီးရတဲ့ဝင်ငွေဖြစ်တဲ့အတွက် တန်ဖိုးရှိသလို၊ ဂုဏ်ယူသင့်တဲ့ ဖြစ်ထွန်းမှုအဖြစ် ဒီနိုင်ငံမှာယူဆလက် ခံကြပါတယ်။ ဒီဝင်ငွေပေါ်မှာ အစိုးရအဖွဲ့အစည်းနဲ့ နောင်ရေး ဘဝခံစားမှုအတွက် အခွန်ထမ်းကြရပါတယ်။ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်တခါကပြော ဖူးတဲ့ အစိုးရကိုအခွန်ထမ်းရတာကို ဂုဏ်ယူဘွယ်ကိစ္စအဖြစ်ယူဆကြဘို့ တိုက်တိုက်တွန်းတွန်းစကား ကိုအမှတ်ရမိပါတယ်။ တကယ်တော့ ကိုယ့်ဝင်ငွေကကိုယ့်မိသားစုဘဝကိုဖြည့်တင်းနိုင်ပေမဲ့ အလုံးစုံ ကိစ္စတွေမဟုတ်ပါ။ ကိုယ်ကမလုပ်နိုင်တဲ့ကိစ္စတွေ၊ မနိုင်နင်းနိုင်တဲ့ကိစ္စကိုအစိုးရကလုပ်ပေးဘို့ ငွေလိုပါတယ်။ အဲ့ဒီအတွက်အခွန်ထမ်းကြရပါတယ်။ ဥပမာ-လမ်းတံတား၊ ရေပေးဝေမှု၊ သဘာ၀ ဘေးအန္တရာယ်နဲ့ စစ်မက်ဘေးကာကွယ် ရေးကစပြီး၊ စာပို့တိုက်လုပ်ငန်းတွေဟာ များစွာသောအစိုးရ ဝန်ဆောင်လုပ်ငန်းတွေထဲကအချို့ပါ။

အဲ့ဒီအတွက်ရတဲ့ဝင်ငွေထဲကထုတ်နှုတ်ပေးကြရဘို့တာဝန်ဟာ ဝန်ငွေရှိသူတိုင်းရဲ့တာဝန်ဖြစ်လို့၊ ဆိုင်ရာလုပ်ငန်းကုမ္ပဏီ၊ ဌာနအဖွဲ့အစည်းတွေက ကိုယ့်ဆီမပေးခင်ကြိုတင်ဖြတ်ယူကြပါတယ်။ ဒီလိုအခွန်ထမ်းခြင်းကြောင့်လောလောလတ်လတ် ရတဲ့ခံစားခွင့်တွေများစွာရှိပါတယ်။ ဥပမာအချို့ ကတော့ ကျန်းမာရေးအာမခံအတွက်ပေါ့လျော့သက်သာခွင့် (subsidy)၊ ကောလိပ်နှင့်ကျောင်း ပညာရေးသက်သာခွင့် grants, subsidized loan, free basic education တွေပါ။ ဒါကို Earned Income Tax Credit EITC ကြောင့်လို့ခြုံပြီးဆိုနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာတော့ အခွန် ဆောင်ရမဲ့ကာလဆို ရင် အခွန်ထမ်းပြည်သူတွေဟာ ကိုယ့်ဝင်ငွေအနည်းအများဆိုသလို (အထူးသဖြင့် လုပ်ငန်းရှင်များ) ဟာဆိုင်ရာ ပြည်တွင်း အခွန်ဦးစီးဌာနကလူုတွေနဲ့အပေးအယူလုပ်ကြရတာက ထုံးတမ်းစဉ်လာဖြစ်နေပါပြီ။ အခွန်ရှောင်ဆိုတဲ့ဝေါဟာရဟာ စာအုပ်ထဲအိပ်မောကျနေတဲ့ရှေးဟောင်း ဝေါဟာရဖြစ်နေပါတယ်။ အဲ့ဒီအတွက် လူထုဝန်ထမ်းတွေက အစိုးရကဆီကရနိုင် တဲ့အခွင့်အလမ်း ခံစားခွင့်ဆိုတာက ထူးဆန်းတဲ့ဝေါဟာရဖြစ်နေသလို၊ တောင်းခံမိလို့တန်ဘိုးထက်လက်ခကြီးတဲ့အဖြစ် တွေကအများကြီးပါ။ လုပ်မနေပါနဲ့ကွာ၊ အချိန်ကုန်လူပမ်းပါတယ်။ဆိုတဲ့စကားနဲ့လှည့်မကြည့်တဲ့သူ ချည့်လိုလိုပါ။ အမေရိက ကလမ်းမကြီးတွေမှာ “Your tax dollars at work!” ဆိုတဲ့ဆိုင်းဘုတ်တွေ ဟာ အခွန်လုပ်ဆောင်ချက်တွေရဲ့အမှတ်လက္ခဏာတွေပါ။

 

Earned income ရဲ့ဥပမာတွေ

အနေနဲ့ money received as payment for work, wages, salaries, bonuses, commissions, tips, net earnings, self-employment incomes တို့ရှိကြပါတယ်။ ဒါ့အပြင် strike benefits, certain social security income, certain deferred retirement payments, honorarium (ဟောပြောပွဲလိုမှာရတဲ့ညဏ်ပူဇော်ခ), Long-term Disability benefits တွေပါ။ ဒါပေမဲ့ unemployment payments, Temporary Assistance for Needy Families Program - TANF, Worker’s Compensation, Social Security income တွေဟာအခွန်ကောက်ခံခြင်းမှကင်းလွတ်ခွင့် ရတဲ့ဝင်ငွေ ဥပမာ တွေပါ။ လက်ရှိမှာ ဝင်ငွေနဲ့အခြားအခြေအနေတွေပေါ်မူတည်ပြီး အစိုးရကိုပေးသွင်းရ မဲ့အခွန်နှုန်းဟာ (0%) မှ (37%) ရှိနေပါတယ်။

 

Unearned Income

ဒီနေရာမှာ လုပ်အားခနဲ့ရတဲ့ဝင်ငွေလို့ဆိုတဲ့အတွက်ကြောင့်၊ လုပ်အားမစိုက်ဘဲ ရတဲ့ဝင်ငွေမျိုး  (passive earned income) ရောမရှိဘူးလားဆိုတဲ့မေးခွန်းမေးစရာရှိနေပါတယ်။ ဒါမျိုးကိုလည်း ဝင်ငွေအဖြစ်သတ်မှတ်သမို့အခွန်ထမ်းဘို့တာဝန်ရှိသ ပေါ့နော။ ကိုယ့်လုပ်အားမစိုက်ထုတ်ဘဲရတဲ့ဝင် ငွေပေါ့။ အဲ့ဒီအတွက် အဲ့ဒီဝင်ငွေတွေကို Individual Retirement Account IRA တွေမှာထဲ့ဝင်စု ဆောင်းခွင့်မရှိပါဘူး။ အခွန်နှုန်းထားလည်းကွာခြားပါတယ်။

 

Unearned Income အမျိုးအစားများ

1.         Interest income from saving accounts, bonds, loans and certificate of deposit CD (municipal bonds ကိုတော့ကင်းလွတ်ခွင့်ပေးထားပါတယ်။)

2.         လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှုအပေါ်အကျိုးအမြတ်ခွဲဝေရရှိမှု Dividends from investment

3.         Pensions, annuities and 401k saving accounts when withdraw

4.         မိဘ(သို့မဟုတ်)အခြားသူတဦးထံမှရရှိသောအမွေဆက်ခံရရှိမှု (inheritance)

5.         သားသမီးထောက်ပံ့စရိတ် (alimony)

6.         လက်ဆောင်ပဏာတန်ဘိုး (gifts)

7.         ထီပေါက်ခြင်းဆုလာဘ် (lottery or gaming win)

8.         Veteran affairs benefits

9.         Social security benefits

10.       Welfare benefits

11.       Unemployment compensation

12.       Property income/rental

စသည်တို့ဟာ နမူနာများဖြစ်ကြပါတယ်။ ဒီလို unearned income ကိုအခွန်ဆောင်ဘို့လိုသလို၊ အခွန် နှုန်းထားများလည်း ကွာခြားကြတယ်ဆိုတာကိုနားလည်ကြဘို့လိုပါတယ်။ ဒီလိုအခွန်ဆောင်ခြင်းဟာ မတရားဘူးဆိုပြီးဆန့်ကျင်ကြ၊ တိုက်ဖျက် ဖို့ကြိုးစားနေကြတာတွေကတော့ရှိဆဲပါ။ အဓိကကတော့ အခွန်စည်းကြပ်ပုံ၊ လုပ်ထုံးလုပ်နည်းတွေကိုသဘောမတူမကြိုက် နှစ်သက်ကြလို့ဖြစ်ပါတယ်။ လက်ရှိ အာဏာလက်ကိုင်အစိုးရဟာအခွန်စည်းကြပ်ခြင်းကိုအမြစ်ကလှန်ပြုပြင်ဘို့စိုင်းပြင်း နေပါတယ်။ အခွန် စနစ်ကိုရွံမုန်းတယ်လိုဆိုရင်ပိုမှန်ပါမယ်။ အခွန်ကိုတတ်နိုင်သမျှ လျှော့ပေါ့ပေးချင်ကြတာ လူတိုင်းရဲ့ အာသီသပါ။ ဒါပေမဲ့ကြီးလေးတဲ့အစိုးရယန္တရားကြီးနဲ့ ပြည်သူကိုပြန်ပံ့ပိုးရာမှာ အစိုးရရဲ့ဘဏ္ဍာပြည့်မှီ ရေးဟာအခရာကျလွန်းပါတယ်။ နိုင်ငံတနိုင်ငံရဲ့ငွေကြေးကျွယ်ဝမှုကိုတိုင်းတာရာမှာ အစိုးရရဲ့ဘဏ္ဍာ ပြည့်တင်းမှု (financial wealth) ပေါ်များ စွာတည်မှီပါတယ်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်နိုင်ငံကြီးတွေ ရဲ့တိုးတက်ထွန်းကားမှုကိုကြည့်ရင်၊ ပေးဆောင်ရတဲ့အခွန်နှုန်း ထားတွေကိုသိနိုင်ပါတယ်။

 

ဝင်ငွေပေါ်မူတည်ပြီး (per capita Adjusted GDP) အရကမ္ဘာ့အချမ်းသာဆုံး (၂၅)နိုင်ငံစာရင်းကို (worldadate.info) (၂၀၂၃ ခုနှစ်ထုတ်) မှာဒီလိုပြထားပါတယ်။

Rank     Country/Region                         Adjusted GDP/capita

1          Singapore                                 141,553 $

2          Luxembourg                              139,106 $

3          Qatar                                        128,919 $

4          Ireland                                      124,578 $

5          Macao                                       116,491 $

6          Bermuda                                   108,811 $

7          Norway                                     100,668 $

8          Switzerland                               89,315 $

9          Cayman Islands                         86,689 $

10        Brunei                                       85,268 $

11        United States of America            82,769 $

12        Faroe Islands                            78,103 $

13        Netherlands                              78,103 $

14        Iceland                                     76,159 $

15        United Arab Emirates                 76,110 $

16        Denmark                                   73,547 $

17        Andorra                                    71,731 $

18        Hong Kong                                71,549 $

19        Australia                                   70,340 $

20        Austria                                      70,297 $

21        Germany                                   69,027 $

22        Belgium                                    68,894 $

23        Sweden                                    67,024 $

24        Bahrain                                     63,498 $

25        Canada                                     63,419 $

 

တခါ အခွန်နှုန်းထားအများဆုံးနိုင်ငံများကို   (datapandas.org) က (၂၀၂၄)ခုနှစ်မှာ ဒီလိုထုတ်ပြန်ခဲ့ပါတယ်။

Ivory Coast - 60%

Finland - 56%

Japan - 55%

Austria - 55%

Denmark - 55%

Sweden - 52%

Aruba - 52%

Belgium - 50%

Israel - 50%

Slovenia - 50%

 

ဖေါ်ပြခဲ့တဲ့အချက်တွေကိုသာမာန်ကြည့်မယ်ဆိုရင် လုပ်အားစိုက်ထုတ်ရတဲ့ကိုယ့်ရဲ့ဝင်ငွေကို အစိုးရက ဘယ်လိုနောက် ကြောင်းလိုက်အခွန်ဖြတ်နိုင်လဲဆိုတဲ့မေးခွန်းပါ။ အတော်များများက နားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။ Social Security number ဟာအမေရိကားမှာအခရာကျတဲ့ identification system ကြီးဖြစ်ပါတယ်။ အမေရိကားမှာအခြေချနေထိုင်ကြ သူတိုင်းဟာ ကိုယ့်ဘဝရပ်တည်ရေးအတွက် ဝင် ငွေရှိတဲ့အလုပ်မရှိမဖြစ်ရှိဘို့လိုကြတယ်ဆိုတာစောဒကတက်ဖွယ်မဟုတ် တော့ပါဘူးဆိုတာ လူတိုင်းသိ ကြပါတယ်။ မိမိတို့လူမှုဘဝလုံခြုံရှိမရှိဟာ အလုပ်နဲ့ဝင်ငွေရှိပေါ်မှာလုံးလုံးလျားလျားနီးပါး အခြေပြုနေပါ တယ်။ အဲ့ဒီအချက်ဟာအလွန်အရေးကြီးတဲ့လိုအပ်ချက်ပါ။ ဝင်ငွေပုံမှန်မရှိတဲ့အခြေအနေဟာကိုယ့် ဘဝရပ်တည်ချက်ကို ပြိုလဲစေနိုင်ပါတယ်။ အလုပ်ခန့်ထားနိုင်သူအလုပ်ရှင်တိုင်းဟာ အလုပ်လုပ်ခွင့်ရှိ တဲ့ဝန်ထမ်းများကိုသာခန့် ထားခွင့်ရှိပါတယ်။ payrollပေါ်တင်ရပါတယ်။ မတင်ရင်အရေးယူခံနိုင်ရပါ တယ်။ cash job (or) under-table တရား မဝင်ပေးတယ်ဆိုရင်လည်းခဏပါဘဲ။ ဘာဖြစ်လို့လဲဆို တော့ လုပ်အားခပေးခြင်းနည်းနဲ့ အလုပ်ရှင်ရဲ့အခွန်အခသက်သာစေ မှုရှိတဲ့ထိန်းကျောင်းထားတာမို့၊ အလုပ် ရှင်များကဥပဒေကိုဖေါက်ဖျက်ပြီးလုပ်အားခပေးတယ်ဆိုရင် အဲ့ဒီလုပ်အားခက အဆမတန် နည်းတဲ့ လုပ်အားခဖြစ်မှာကတော့အသေအခြာပါဘဲ။ ပေးရင်လဲအချိန်တိုကာလသာဖြစ်နိုင်ပါတယ်။ အဲ့ဒီ အတွက် မြန်မာနိုင်ငံကပြောင်းရွှေ့အခြေချကာစ အလုပ်လုပ်ကိုင်ခွင့် (employment permit) မရခင်မှာဝင်ငွေမရှိတဲ့အ တွက်ကြောင့် လူမှုစီးပွားရေးသာမက စိတ်ဓါတ်ရေးရာတွေပါထိခိုက်ကြတဲ့ မြန်မာမိသားစုအသစ်ချပ်ကြွပ်တွေအတော် များများရှိတတ်ပါတယ်။ အလုပ်လုပ်ခွင့်ဆိုတာ social security number နဲ့နောက်ကလိုက်တတ်တာမို့ ပြေးလို့်မလွတ်တဲ့ အမေရိကအစိုးရရဲ့ earned income tracking system ပါလို့ဆိုပါရစေ။

Earned income ရှိသောပြည့်စုံသောလူမှုဘဝရှိတဲ့ မြန်မာမိသားစု များအဖြစ်သို့……….