ပြီးခဲ့တဲ့လပိုင်းအနည်းငယ်က AARP အဖွဲ့ကြီးက အမေရိနိုင်ငံတလွှားနေထိုင်ကြသူတွေကြားထဲ စိုးရိမ် ပူပန်မှုကြီးလာနေတဲ့ မိမိတို့ရဲ့ လူမှုဖူလုံရေးဆိုင်ရာအကျိုးခံစားခွင့် ရေချိန်မြင့်မားလာမှုတွေကို public conference တခုလုပ်ပြီးအဖြေရှာခဲ့ပါတယ်။ ဆိုင်ရာအဖွဲ့အစည်းကြီးကတာဝန်ရှိပုဂ္ဂိုလ်များ အပြင် ကျွမ်းကျင်သူပညာရှင်များကအချိန်ယူလေ့လာဆွေးနွေးသွားတာတွေကို ဖေါက်သယ်ချလိုက်ပါတယ်။
ငါအငြိမ်းစားယူချိန်မှာ လူမှုဖူလုံရေးဆိုင်ရာအကျိုးခံစားခွင့်တွေဟာ အဆင်သင့်တာဝန်ယူဘို့ရှိနေလိမ့် မယ်။
လူမှုဖူလုံရေးအစီအမံစတင်သည့်နေ့မှစ၍ ငွေပေးချေမှု ယနေ့အထိမပျက်ကွက်သေးပါဘူး။ ဒါပေမဲ့ ရေရှည်အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ကွန်ဂရက်လွှတ်တော်က အရေးယူဆောင်ရွက် မှုတစုံတရာ မလုပ်ပါက၊ ရန်ပုံငွေလျော့နည်းမှုရှိနိုင်ပါတယ်။ ပြတ်တောက်ခြင်းတော့မဖြစ်နိုင်ပါ။ နိုင်ငံ ရေး ကျွမ်းကျင်သူများက ဒီအစီအစဉ်ရဲ့ ရေပန်းစားမှုကြောင့် မဖြစ်နိုင်လို့ ဆိုထားပါတယ်။ ဒီရာစုနှစ် ကုန်အထိ အကျိုးခံစားခွင့်အများစုကို ဆက်လက်ပေးဆောင်နိုင်ပါတယ်လို့ ဘတ်ဂျက်နှင့် မူဝါဒဦးစား ပေးများဆိုင်ရာ ဗဟိုဌာနမှ Senior Fellow Paul Van de Water ကဆိုထားပါတယ်။ အိပ်မက်ဆိုး တွေမမက်ကြပါနဲ့တဲ့။ လူမှုဖူလုံရေးနှင့် Medicare ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌနှင့် စီအီးအို Max Richtman ကလည်း လူငယ်များဟာ လုံခြုံစိတ်ချစွာအလုပ်လုပ်ကြဘို့ ပြော ကြားထားပါတယ်။ “ဒီအစီအစဉ်က သူတို့ရဲ့ မိဘတွေ၊ အဘိုးအဘွားတွေအတွက်သာမက သူတို့အ တွက်ပါ အရေးကြီးတယ်။” လို့ဆိုပါတယ်။
ကွန်ဂရက်က လူမှုဖူလုံရေးရန်ပုံငွေကို ဘယ်တော့မှ စီးနင်းသိမ်းပိုက်ခြင်းမပြုပါဘူး။ လူမှုဖူလုံရေးလုပ်ခလစာအခွန်များကဖြတ်တောက်ရရှိတဲ့ အကျိုးခံစားခွင့်ထဲ့ဝင်ငွေပေးဆောင်သည် ထက် ပိုမိုများပြားသည့်နှစ်များ (surplus) ရှိပါတယ်။ ပိုငွေကို နောက်ပိုင်းအသုံးပြုရန်အတွက် လူမှုဖူ လုံရေးရန်ပုံငွေသို့ ပေါင်းထည့်ထားပါတယ်တဲ့။ ဆယ်စုနှစ်များအတွင်း စုဆောင်းရရှိသော ပိုငွေဒေါ်လာ (၂.၇) ထရီလီယံဟာ ငွေသားသက်သက်ထဲမှာပေါင်းထဲ့ခြင်း မပြုတော့ပါ။ အဲ့ဒီငွေသားကို အတိုးပေး သော စာချုပ်များမှာရင်းနှီးမြှုပ်နှံထားကြောင်း Richtman က မှတ်ချက်ပြုပါတယ်။ လူမှုဖူလုံရေး ရင်း နှီးမြှုပ်နှံမှုများအဖြစ် အမေရိကန်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ငွေတိုက်စာချုပ်များ (Treasury Bonds) အဖြစ်ရှိနေပါတယ်လို့ဆိုထားပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများ (Undocumented immigrants) များဟာ အငြိမ်းစား ခံစားခွင့်ရံပုံငွေများကနေ ရယူခံစားနေတာကြောင့် လူမှုဖူလုံရေးအစီအမံကို ထိခိုက်စေခြင်းအလျင်း မရှိပါဘူး။
အထောက်အထားမဲ့အလုပ်သမားအချို့ဟာ လူမှုဖူလုံရေးနံပါတ်အတုများကို အသုံးပြုပြီး စနစ်ထဲသို့ ပေးဆောင်နိုင်ပေမဲ့လည်း တရားဝင်နေထိုင်သူ (သို့မဟုတ်) အမေရိကန် နိုင်ငံသားများ မဖြစ်သေး သရွေ့ အကျိုးခံစားခွင့်များကို ထုတ်ယူခွင့်မရနိုင်ပါဘူး။ လူမှုဖူလုံရေးသို့ ပေးဆောင်တဲ့ အထောက် အထားမဲ့ အလုပ်သမားများဟာ သူတို့ရဲ့ဝင်ငွေများကို ပေးဆောင်နေသော်လည်း အကျိုးခံစားခွင့်များ ကို ဘယ်တော့မျှရရှိနိုင်မှာမဟုတ်ကြကြောင်း Richtman က မှတ်ချက်ပြုတယ်။
နှစ်စဉ်လူနေမှုစရိတ် ပြုပြင်ပြောင်းလဲမှု (Cost of Living Adjustment, COLA) ဟာ အသက်ကြီးတဲ့ အမေရိကန်များရင်ဆိုင်နေကြရတဲ့ ဆေးဝါးကုသစရိတ်ကကြီးထွားလာမှုကို ငွေကြေးဖောင်းပွမှုက လိုက်လျောညီထွေဖြစ်အောင်မဆောင်ကျဉ်းနိုင်သေးပါ။
ငွေကြေးဖောင်းပွမှုကို ထင်ဟပ်စေဘို့ နှစ်စဉ်နှစ်တိုင်း အကျိုးခံစားခွင့်စစ်ဆေးမှုများကို ချိန်ညှိပါတယ်။ ဒါပေမဲ့တွက်ချက်ပုံ ဖော်မြူလာဟာ အငြိမ်းစားများအတွက်မဟုတ်ဘဲ ပျမ်းမျှမြို့ပြလုပ်သားများ အသုံး ပြုတဲ့ ကုန်ပစ္စည်းများရဲ့ဈေးကွက်ရလာဒ်ပေါ်မှာ အခြေခံထားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အခြား သော ထုတ်ကုန်များထက် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ကြီးထွားလာမှု ပိုမိုမြန်ဆန်လာတဲ့အခါ ၎င်းတို့ရဲ့ ဝယ်ယူမှုစွမ်းအားကို လက်တွေ့ကျကျထိန်းသိမ်းနိုင်စွမ်းရှိဘို့ သူတို့ရဲ့ ဝယ်ယူမှုပုံစံများကို ပိုမို ကောင်းမွန်စွာ ထင်ဟပ်စေမဲ့ သက်ကြီးစားသုံးသူများအတွက် ဈေးနှုန်းအညွှန်းကို အသုံးပြုရန် အဆိုပြု ထားဆဲရှိနေပါတယ်။ ကြိုးပမ်းမှုလုပ်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေထဲမှာ AARP ကထိပ်တန်းလို့ဆို ပါတယ်။
လူမှုဖူလုံရေးသည် တစ်ဦးချင်း အငြိမ်းစားငွေစုအကောင့် (Individual retirement saving account) တစ်ခုနှင့် မတူပါ။
အငြိမ်းစားယူတဲ့အခါမှာ အစိုးရက အဲ့ဒီစုဆောင်းငွေကိုအတိုးနှုန်းနဲ့ ထုတ်ပေးဘို့ထိန်းသိမ်းထားခြင်း မဟုတ်ဆိုတာကိုနားလည်ကြရပါမယ်။ ကိုယ့်အကျိုးခံစားခွင့်ဟာ ကိုယ့်လုပ်သက်တလျှောက်ဘဝ မှာရရှိတဲ့လုပ်အားခငွေ(Earned income) အပေါ်သာအခြေခံတယ်ဆိုတဲ့အယူအဆကို နားလည်လက် ခံရပါလိမ့်မယ်။ ကိုယ်အငြိမ်းစားယူတဲ့အခါမှာ လက်ရှိအလုပ်လုပ်ဆဲရှိသူတွေက ကိုယ့်ရဲ့အကျိုးခံစား ခွင့်အစိတ်အပိုင်းကို ဆက်လက်ပေးသွင်းနေရတယ်ဆိုတာကိုသတိရကြဘို့လိုပါတယ်။ မိမိတိုရဲ့ သက် တမ်းတစ်လျှောက်မှာ လူအများစုကရရှိခံစားရတဲ့ခံစားခွင့်ပမာဏဟာ မိမိတို့ထဲ့ဝင်ပေးဆောင်ငွေသား ထက်သာလွန်ကြောင်းကို Urban Institute လို့ခေါ်တဲ့ ဘက်မလိုက်ပညာရှင်အဖွဲ့ကတွက်ချက်သုံးသပ် ပေးထားပါတယ်။
မိမိတို့ကိုယ်တိုင်ဆက်လက်အလုပ်လုပ်ကိုင်နေပါကလည်း အကျိုးခံစားခွင့်များ လျော့နည်းရပ်တန့် ထားရပေမဲ့ ခံစားခွင့်ကအပြီးတိုင်ဆုံးရှုံးမှုမဟုတ်ပါ။
လူမှုဖူလုံရေးအစီအမံမှာ အလုပ်လုပ်ဆဲလူများရဲ့ အကျိုးခံစားခွင့်များကို ယာယီလျှော့ချနိုင်တဲ့ “ဝင်ငွေ ကန့်သတ်ချက်” (earning limit) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုရှိပါတယ်။ သို့သော် အဲ့ဒီစည်းမျဉ်းဟာ အပြည့်အဝ အငြိမ်းစားယူသည့် အသက် (Full retirement age, FRA) မတိုင်မီ အကျိုးခံစားခွင့် တောင်းဆိုသူများသာ အကျုံးဝင်ပြီး အလုပ်ဆက်လက်လုပ်ကိုင်ခြင်းကို မထိခိုက်ပါဘူး။ (၂၀၂၅-ခုနှစ် မှာ ဆက်လက်အလုပ်လုပ်ကိုင် နေသူတဦးဟာ FRA သို့မရောက်ရှိသေးပေမဲ့၊ ကိုယ့်ရဲ့လူမှုဖူလုံရေးငွေ ပေးချေမှုများကို ($၂၃,၄၀၀ အထက်နှစ်ပေါက်ရရှိငွေဖြစ်နေရင်) ဝင်ငွေ $၂ တိုင်းအတွက်$၁ အထိ လျော့နဲရရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ FRA ရောက်ပြီဆိုရင် အဲ့ဒီလျော့နည်းရရှိမှုအလျင်းမရှိတော့ဘဲ အခြားပုံမှန်အတိုင်းဆက်လက်ခံစားရရှိနိုင်ပါလိမ့်မယ်။ ဒါကဝင်ငွေဘယ်လောက်ပင်ရှိနေပါစေ FRA ရောက်ပြီဆိုတာနဲ့ခံစားခွင့်ရမဲ့ပမာဏတွက်ချက်ပုံပါ။
လူမှုဖူလုံရေးသည် အသက်ကြီးသော အမေရိကန်များအတွက်သက်သက်သက်သာ မဟုတ်ပါ။ လက်ခံသူများ၏ လေးပုံသုံးပုံသည် အငြိမ်းစားယူထားသော်လည်း လေးပုံတပုံတို့ဟာ မသန်စွမ်းသူ တွေ (သို့မဟုတ်) ကွယ်လွန်သွားသူတွေရဲ့ကျန်ရစ်သူ အိမ်ထောင်ဘက်များနဲ့ သားသမီးများဖြစ်ကြ ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ကံကြမ္မာရဲ့ဆိုးရွားမှုမျိုးဆိုတာဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခြေ အနေတွေအတွက်လည်း လူမှုဖူလုံရေးအစီအမံဟာ အလွန်အားကိုးလောက်တဲ့ အစီအမံပါ။
Social Security benefits နှင့် Medicare အစီအမံကြီးတို့၏နောက်ခံသမိုင်းမှတ်တိုင်များ
၁၉၃၅ ခုနှစ်၊ သြဂုတ်(၁၄-ရက်) | သမ္မတဖရန်ကလင်ဒီရုစ်ဘဲ့လ်မှ Social Security Act ကို ဥပဒေ အဖြစ်လက် မှတ်ရေးထိုးထုတ်ပြန်ခဲ့ |
၁၉၃၇၊ ဇန္နဝါရီ | SS benefits ခံစားခွင့်ကို တလုံးတခဲထဲအဖြစ်စတင်ထုတ်ပေးခဲ့ |
၁၉၃၉ ခုနှစ်၊ သြဂုတ်(၁၀-ရက်) | ကာယကံရှင်သာမကမှီခိုသူ/ကျန်ရစ်သူတို့ပါ တိုးချဲ့ခံစားခွင့်ပြုခဲ့ |
၁၉၄၀ ခုနှစ်၊ ဇန္နဝါရီ(၃၁-ရက်) | Ida M Fuller ဆိုသူအမျိုးသမီးကြီးဟာ လစဉ်အထောက်အပံ့ငွေ($၂၂.၆၄) ကို ကနဦးဆုံးရရှိသူဖြစ်လာခဲ့ |
၁၉၅၀ ခုနှစ်၊ အောက်တိုဘာ | ကွန်ဂရက်မှ နှစ်အလိုက် ငွေကြေးဖေါင်းပွမှုပေါ်အခြေခံသော COLA ကိုစတင် ပြဌာန်းခဲ့ |
၁၉၅၆ ခုနှစ်၊ သြဂုတ်(၁-ရက်) | မသန်စွမ်းသူအဖြစ်သတ်မှတ်ခံရသူ အသက်(၅၀ မှ ၆၄) များကိုလည်းခံစားခွင့်ဝင်များ အဖြစ်စတင်တိုးချဲ့ခဲ့ |
၁၉၆၀ ခုနှစ် | သမ္မတကနေဒီမှ အသက်(၆၅နှစ်နှင့်အထက်များကို နိုင်ငံလုံး ဆိုင်ရာ အမျိုးသား ကျန်းမာရေးအာမခံစနစ်ထူထောင်ရန်တာဝန်ပေးခဲ့ |
၁၉၆၁ ခုနှစ်၊ ဇွန်(၃၀-ရက်) | အငြိမ်းစားယူပြီး ခံစားခွင့်စတင်ရရှိခွင့်အသက် သတ်မှတ်ချက်ကို အသက်(၆၂)နှစ် အထိ လျှော့ပေါ့သတ်မှတ်ခဲ့ |
၁၉၆၅ ခုနှစ်၊ ဇူလိုင် | Medicare နှင့် Medicaid ကိုစတင်ရန်သမ္မတဂျွန်ဆင်ကဖေါ် ဆောင်ပေးသော ဥပဒေပြုမှုကိုစတင်ခဲ့ |
၁၉၆၆ ခုနှစ်၊ ဇူလိုင်(၁-ရက်) | အသက်(၆၅)နှစ်နှင့်အထက် (၁၉ သန်း)တို့ Medicare စတင်ခံစားခွင့်ရရှိကြ |
၁၉၇၂ ခုနှစ် | သမ္မတ နစ်ဆင်မှ အသက်(၆၂)အောက်ရှိသော်လည်းနာတာရှည် မပျောက်ကင်း နိုင်သော မသန်စွမ်းမှုနှင့်ကျောက်ကပ်ဝေဒနာရှင်တို့ကိုလည်း Medicare ခံစားခွင့် စခဲ့ |
၁၉၇၂ ခုနှစ် | အသက်(၆၅)နှစ်ပြည့်ပြီး သက်ကြီးရွယ်အို မသန်စွမ်း၊ မျက်မမြင်ဖြစ်၍ ဝင်ငွေချို့တဲ့ သူတို့ကို Supplemental Security Income, SSI ကိုစတင်ခံစားခွင့်ပြုခဲ့ |
၁၉၈၃ ခုနှစ်၊ ဧပြီ | သမ္မတရီဂင်မှ SS ၏ရံပုံငွေတောင့်တင်းခိုင်မာရေးဆိုင်ရာ ကြီးမားသောအပြောင်း အလဲများပါသောအစီအမံကိုစတင်ခဲ့ |
၁၉၉၄ ခုနှစ်၊ မေ (၁၇-ရက်) | SSA official website စတင်လွှင့်တင်ခဲ့ |
၁၉၉၉ ခုနှစ် | Medicare Advantage, MA ခေါ်ပုဂ္ဂလိကကျန်းမာရေးအာမခံပုံစံ (HMO) စတင်ခဲ့ |
၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာ (၈-ရက်) | သမ္မတဂျော့ဘွတ်ရှ်မှ Medicare Modernization Act ကိုပြဌာန်းပြီး Prescription drug benefits ကိုစတင်ခဲ့ |
၂၀၀၆ ခုနှစ်၊ ဇန္နဝါရီ (၁-ရက်) | Prescription drug benefits စတင်ခံစားရရှိကြ |
၂၀၀၇ ခုနှစ် | ၂၀၀၃ ခုနှစ်ပြဌာန်းဥပဒေအရ Part B ပရီမီယံကြေးတိုးမြှင့်မှုကို ဝင်ငွေများသူများ မှစတင်ခဲ့ |
၂၀၀၉ ခုနှစ် | ခံစားခွင့်ရှိသူအားလုံး online စတင်လျှောက်ထားနိုင် |
၂၀၁၀ ခုနှစ် | Affordable Care Act, ACA (Obamacare) မှ ရောဂါကာကွယ်မှုဆိုင်ရာ ကျန်းမာ ရေးစောင့်ရှောက်မှုများကို အခမဲ့အဖြစ်သတ်မှတ်ခဲ့ |
၂၀၁၈ ခုနှစ် | Medicare ခံစားခွင့်ရှိသူအားလုံးက စာ+ဂဏန်း(၁၁)လုံးပါ ကတ်အသစ်များစတင် ကိုင်စွဲကြရ |
၂၀၁၉ ခုနှစ် | Medicare Advantage, MA သုံးစွဲနေကြသူများမှ နာတာရှည်ရောဂါများကိုလည်း အကြုံးဝင်ကုသခွင့်ရရှိကြ |
၂၀၂၄ ခုနှစ်၊ မေ (၆-ရက်) | SS Trustee ကြီးမှ ကွန်ဂရက်မှအရေးယူဆောင်ရွက်မှုမရှိလျင် (၂၀၃၅ ခုနှစ်) ကျော်လျင် ခံစားခွင့်ပမာဏ၏ (၈၃%)သာရရှိနိုင်မည်ဟုတွက်ချက်ခဲ့သည် |
၂၀၂၆ ခုနှစ် | Part D drugs များအတွက်ဈေးနှုန်းလျှော့ရေးဆိုင်ရာညှိနှိုင်းမှု များတိုးချဲ့လာနိုင် မည်။ |
အမေရိကန်များသည် ဤမြင့်မြတ်သောကတိကဝတ်များ (The Sacred Promises) ကို အားကိုးကြ သည်။
“လူမှုဖူလုံရေးနှင့် Medicare တို့ကို အကာအကွယ်ပေးရမည်”လို့ဆိုရင် အမေရိကတဝှမ်းနေထိုင်ကြတဲ့ ကျွန်တော်တို့မြန်မာတွေ နားလည်လက်ခံသဘောတူကြမယ်လို့ယုံကြည်ပါတယ်။
AARP လို့ခေါ်တဲ့ အမေရိကနိုင်ငံသက်ကြီးရွယ်အိုအငြိမ်းစားပုဂ္ဂိုလ်များဆိုင်ရာအသင်းကြီးရဲ့ CEO ဖြစ်တဲ့ DR. MYECHIA MINTER-JORDAN က AARP Bulletin လို့ခေါ်တဲ့စာစောင်ရဲ့ ထိပ်စီးဆောင်း ပါးမှာ Social Security System လို့ခေါ်တဲ့ လူမှုဖူလုံရေးမဟာဗျူဟာအစီအမံကြီးအကြောင်း ကာ ကွယ်စောင့်ရှောက်ကြဘို့လိုကြောင်း ရှင်းလင်းပြတ်သားစွာရေးသားဖေါ်ပြထားတာကို ခုနှစ်(၂၀၂၅ ခုနှစ်)မေ/ဂျွန်လထုတ်စာစောင်မှာ ဖတ်ရှုလိုက်ရပါတယ်။ လူမှုဖူလုံရေးနှင့် Medicareတို့ဟာ Social Security ကြီးက အမေရိကန်သမိုင်းမှာ အထိရောက်ဆုံးနှင့် မရှိမဖြစ်လိုအပ်တဲ့ ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေးပရိုဂရမ်များဖြစ်ကြပါတယ်။ လူမှုဖူလုံရေဟာ ၎င်းရဲ့အကျိုးခံစားခွင့်ရှိသူလူထု (၆၉ သန်း) သန်းနီးပါး၏ အများစုအတွက်ဖြစ်တဲ့ အငြိမ်းစားတို့ရဲ့ (Earned Incomer) တို့အတွက်ဝင်ငွေအကြီး ဆုံးရင်းမြစ်ဖြစ်ပြီး၊ Medicare လူ (၆၈-သန်း)ကျော်တို့်အတွက် အဓိကတစ်ခုတည်းသော ကျန်းမာရေး စောင့်ရှောက်မှုအာမခံအရင်းအမြစ်ဖြစ်တယ်လို့ဆိုပါတယ်။
ခုအချိန်လိုမသေချာမရေရာသောအချိန်များမှာ AARP ဟာဒီပရိုဂရမ်နှစ်ခုလုံးကို ထိန်းသိမ်းရန်နှင့် အားကောင်းစေရန် ၎င်း၏ကြိုးပမ်းအားထုတ်မှုကို နှစ်ဆတိုးအားထုတ်လျက်ရှိပါတယ်။
အရေးကြီးပြီး လူတိုင်းနှလုံးသွင်းထားရမဲ့အခြေခံ ခံယူချက်တခုကတော့ လူမှုဖူလုံရေးနှင့် Medicare များဟာ"ရပိုင်ခွင့်"များမဟုတ်ပါ။ ၎င်းတို့ဟာတရားဝင်ရပိုင်ခံစားခွင့်အကျိုးကျေးဇူးတွေဖြစ်ပြီး ဒီဘဝနဲ့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိမိတို့ဘဝရဲ့ အရင်းအမြစ်တွေကို ထိန်းသိမ်းထားဘို့တာဝန်ရှိတယ်ဆိုတဲ့ မြင့်မြတ် သောကတိကဝတ်တွေကိန်းအောင်းနေကြဘို့လိုပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ဒီအစီအစဉ်များဟာ အနာဂတ်လှပလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သော အသက်သွေးကြောကို ကိုယ်စားပြုပါတယ်။
သက်ကြီးများနဲ့မသန်စွမ်းသူများအတွက်လည်း ဒီအစီအမံကြီးနှစ်ခုလုံးဟာ ဒီလိုအပ်ချက်များက လက် လှမ်းမီနိုင်စေဘို့ အာမခံရှိရပါမယ်။
ယခု(၂၀၂၅-ခုနှစ်)မှာ လူမှုဖူလုံရေးနဲ့Medicare တို့ဟာ သက်တမ်း(၉၀)နဲ့(၆၀)ပြည့်ပါပြီ။ လုပ်အားခ တွေထဲကလစဉ်ဖြတ်ယူ စုဆောင်းတဲ့ ရံပုံငွေဟာ လက်ရှိခံစားခွင့်ရှိသူများကိုပံ့ပိုးနေရတဲ့အတွက် လာ မဲ့ (၂၀၃၅-ခုနှစ်)မှာရံပုံငွေလျော့ပါးမှုဟာ(၁၇%)ရောက်ရှိသွားပါမယ်။ ကွန်ဂရက်လွှတ်တော်ရဲ့လုပ် ဆောင်မှုမရှိရင်၊ ပျမ်းမျှအငြိမ်းစားခံစားသူအတွက်တစ်နှစ်လျှင် $4,000 ခန့်ဆုံးရှုံးမယ်လို့တွက်ချက်ခန့် မှန်းကြပါတယ်။ အဲ့ဒီအတွက်လိုအပ်တဲ့ ရေရှည်တည်တံ့ရန် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါတယ်။
ဒီပြဿနာများကို ဖြေရှင်းရာမှာ နှစ်ဘက်ညီတဲ့ ကတိကဝတ်များနှင့် အချိန်မီလုပ်ဆောင်ဘို့လိုအပ်ပါ တယ်။
ထိပ်တန်းဦးစားပေးများအနေနဲ့ လူမှုဖူလုံရေးနှင့် Medicare အား အားကောင်းစေခြင်း၊ ဆေးညွှန်းဆေး ဝါးဈေးနှုန်းများလျှော့ချခြင်း၊ အငြိမ်းစားယူခြင်းအတွက် ငွေကြေးတည်ငြိမ်မှုအတွက် အခွင့်အလမ်းများ တိုးချဲ့ခြင်းနဲ့သက်တမ်းနှင့် ကျန်းမာရေး အတိုင်းအတာကြား ကွာဟချက်ကို ပိတ်ခြင်းတို့လိုအပ်နေပါပြီ။
ထိုနည်းတူစွာဘဲ လက်ရှိအစိုးရဝန်ထမ်းအချို့ရရှိခံစားနေတဲ့ ပင်စင် (pension) များနဲ့ပါတ်သက်ပြီးအ ပြောင်းအလဲတွေရှိလာပါမယ်တဲ့။ SS ခံစားခွင့်ရရှိနေကြသူအချို့ဟာ အဲ့ဒီပင်စင်ကိုရရှိနေကြသူတွေ ဟာ “Windfall Elimination Provision (WEP)” ပညတ်ဥပဒေကြောင့်ခံစားခွင့်လျော့နည်းရရှိနေကြ ပါတယ်။ အဆိုပါကာယကံရှင်များသာမက သူတို့ကိုမှီခိုနေကြသူတွေပါသက်ရောက်မှုရှိကြပါတယ်။ ဒါကို Government Pension Offset (GPO) လို့ခေါ်တဲ့အစီအစဉ်တွေလည်းပါဝင်ကြပါတယ်။ ခုနှစ် မှာဒီအစီအမံအားလုံးရုတ်သိမ်းသွားပါမယ်။ (၃.၂ သန်း)သောလက်ရှိခံစားသူတွေဟာ SS payment တွေတိုးပြီးရရှိကြပါတော့မယ်။ ဒီသက်ရောက်မှုက (၂၀၂၄ ခုနှစ်ဇန္နဝါရီ)ကစပြီးအကြုံးဝင်မှာပါ။