Friday, March 01, 2019

ဘယ်ဆရာဝန် နဲ့ ပြရပါ့ .....?

အမေရိက နဲ့ ကမ္ဘာ့နိုင်ငံ တနံတလျားမှာ ရောက်နေကြတဲ့ မြန်မာတွေတင်မကပါဘူး၊ ပြည်တွင်း မှာနေထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာတွေမှာ ပြုပြင်ရခက်ခဲလှတဲ့ အရိုးစွဲနေတဲ့ အကျင့် တခုကတော့ နေထိုင်မကောင်းဖြစ်ရင် ဘယ်ဆရာဝန်နဲ့ပြရပါ့ ဆိုတဲ့ကိစ္စကြီးတခုပါဘဲ။ ပြောရင်လွယ်သလောက် အဖြေရှာရ ခက်ခဲလှတဲ့ အကျင့်ဆိုးကြီးတခုပါ။ ဒအီ ကျင့်မြစ်ဖြားခံရာအရပ်ကိုနောက်ကြောင်း ပြန်လိုက်ရင် ဒီအကျင့်ကြီးကိုအရိုးစွဲကြရတာကိုလည်း အဆိုးဆိုလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တတ်ကျွမ်းတဲ့ဆရာဝန်တွေရှားပါးခဲ့တဲ့ခေတ်ကစရလိမ့်မယ်လို့ ဆိုရပါမယ်။ ဆရာဝန်ရှားပါးတော့ ဆရာဝန်ရှိတဲ့နေရာကို ခရီးခြေဆန့်သွားရှာကြရပါတယ်။ တခါ ကိုယ်ပြမဲ့ဆရာဝန်က ကိုယ့်ရောဂါကို နိုင်နိုင်နင်းနင်းကျွမ်းကျွမ်းကျင်ကျင် အဖြေရှာ ကုသနိုင်ပါ့မလားဆိုတဲ့ ကိစ္စက နောက်ဆက်တွဲပြဿနာ တခုပါ။ ရွေးစရာဆရာဝန် မရှိဘူးဘဲဆိုပါတော့၊ ကုသဘို့အတွက်ကုန်ကျစရိတ်ဆိုတဲ့ ကြီးမားတဲ့ မဟာ ကိစ္စကြီးတခုက လူနာနဲ့ ဆိုင်ရာမိသားစုတွေပခုန်းပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်ပါတယ်။
ဆေးကုသခံပြီးအလုံးစုံကိစ္စအ၀၀ ပြီးမြောက်သွားနိုင်မဲ့ ခရီးကြမ်းကြီးမှာ ရှာရမဲ့ဆရာဝန်၊ ကုန်ကျရမဲ့ စရိတ်၊ ပျောက်ကင်းနိုင်မဲ့ အတိုင်းအတာ၊ ဘယ်မိသားစုဝင်နဲ့မိတ်ဆွေ သဂ်ဟက ဘာတာဝန်တွေ ယူကြပါလိမ့်ဆိုတာတွေတန်းစီရောက်လာကြလေ့ရှိပါတယ်။ ဒီကိစ္စတွေက ငြင်းလို့မရ၊ တားလို့မရတဲ့ ကိစ္စတွေပါ။ ခုလို မြန်မာနိုင်ငံမှာအထူးကုတွေ မှိုလိုပေါက် လာတဲ့အချိန်ရောက်ပြန်တော့ ဘယ် ပါမောက္ခနဲ့ ရွေးကုရပါ့ ဆိုတဲ့ မဟာတာဝန်ကြီးတခုကတိုးလာပြန်ပါတယ်။ ဆရာဝန်ရှားပါးတဲ့အချိန်၊ ရှားပါးတဲ့ဒေသ ကျပြန်တော့ တမျိုး၊ ဆရာဝန်ပေါများပြီးအထူးကုတွေ၊ သမားတော်တွေ၊ ခွဲစိပ်ဘက် ဆိုင်ရာတွေပေါလာတဲ့အချိန်၊ နေရာဒေသရောက်ပြန်တော့လည်း၊ ရွေချယ်ကုသမှုခံယူဘို့ကလည်း လွယ်လွယ်ကူကူကိစ္စတခု အဖြစ်မရောက်သေးပါဘူး။ အရွေးမှားလို့ အတိမ်းအစောင်းရှိခဲ့ရင် အကြံပေး သူကဒုက္ခရောက်အုံးမှာလေ။ အဝေဖန်အကဲ့ရဲ့ခံရအုံးမှာမို့လား။ ကုသမှုပိုင်းဆိုင်ရာအထိန်းအကွပ် လို့ခေါ်တဲ့ Therapeutic Guidelines တွေကလည်းမြန်မာနိုင်ငံမှာမယ်မယ်ရရပြစရာမရှိသလို၊Professional Ethics လို့ခေါ်တဲ့ Medical Ethics တွေကလည်း ဥပဒေစာအုပ်တွေထဲကမထွက်သေး ပါဘူး။ ဆိုရရင်တော့ ကိုယ့်ရောဂါနဲ့ကိုယ်၊ ကိုယ့်စိတ်ကြိုက်ဆရာဝန်နဲ့ကုတာမို့ ကိုယ်ဖြစ်ရင်ကိုယ်သာခံ ဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအ၀န်းအ၀ိုက်ထဲက မွေးဖွားကြီးပြင်းလာကြသူ ပြည်ပရောက် အခြေချ မြန်မာတွေရဲ့နောက်ကြောင်းခံတွေပါဘဲ။ ခုဆိုခဲ့တဲ့သမိုင်းနောက်ကြောင်းခံတွေဟာ ကျွန်တော်တို့မြန်မာအားလုံးကို လမ်းမှားပေါ်တွန်းပေးမှန်းမသိတွန်းပေးနေတဲ့ ဖြစ်ရပ်မှန်တွေပါ။ မြန်မာ့မြေကထွက်ခွာလို့ အမေရိကအပါအ၀င် ပြည်ပနိုင်ငံအသီးသီးရောက်ကြတဲ့ ကျွန်တော်တို့ တတွေဟာ ဆိုခဲ့တဲ့ အတတိကအရိပ်လွှမ်းမိုးမှုတွေ ကို ကိုယ်ပြောင်းရွှေ့အခြေချတဲ့ နိုင်ငံတွေကို၊ မပါပါအောင် အရောက်သယ်ယူလာကြပုံပေါက်ပါတယ်။
အမေရိကအပါအ၀င် ဖွံ့ဖြိုးနေပါပြီဆိုတဲ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးကြတဲ့ ကျန်းမာရေးလွှမ်းခြုံမှု စနစ်က အဲ့ဒီကိုယ်စိတ်ကြိုက်ခေါင်းခေါက်ယူကုသမှုခံယူတဲ့စနစ်နဲ့ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တဲ့ ကုသမှုစနစ်ပေါ်မှာ အခြေခံနေပါတယ်။ ဒါဟာ တိုးတက်တဲ့အနောက်နိုင်ငံတွေမှာသာမက
page1image37447040
မြန်မာ့အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေမှာလည်း၊ အနောက်နိုင်ငံတွေနဲ့အလားသဏ္ဍာန်တူတဲ့ ကုသမှု စနစ်ကိုကျင့်သုံးကြပါတယ်။
အဲ့ဒါဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ ဆိုခဲ့တဲ့ 
therapeutic နဲ့ ethical errors လို့ခေါ်တဲ့တမင်တကာ ဖန်တီးတာဘဲပြောပြော၊ မတော်တဆဖြစ်တာဘဲဆိုဆို၊ အဲ့ဒီမှားယွင်းမှုတွေကိုနဲနိုင်သမျှ နဲပါးအောင် ဆိုတဲ့ရည်ရွယ်ရင်း အကြောင်းကြောင့်ပါဘဲ။ အဲ့ဒီကိစ္စတွေကိုချွန်းအုပ်ထားတဲ့ ဥပဒေပြုကန့်သတ်ချက် ကြီး()ခုကိုကြည့်ကြရအောင်ပါ။
(က) HIPAA လို့ခေါ်တဲ့ (၁၉၉၆ကပြဌာန်းလိုက်တဲ့ Health Insurance Portability and Accountability Act ဟာကျန်းမာရေးအာမခံစနစ်ကြီးတခုလုံးကိုထိန်းကျောင်းပေးတဲ့ပဲ့ကိုင်ကြီးတခုပါ။ ဥပဒေရဲ့အနှစ်သာရကတော့ လူနာရှင်တွေရဲ့ကျန်းမာရေးဆေးကုသရေးဆိုင်ရာ အချက်အလက် အကြောင်းအရာတွေကို လုံခြုံမှုအာမခံချက်ပေးတဲ့ ချုပ်နှောင်တားဆီးချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဥပဒေရဲ့ အာဏာစက်ဟာအဲ့ဒီထက်ပိုပြီးကျယ်ဝန်းပါတယ်။ အာမခံစနစ်ကိုဝယ်ယူထားသူရဲ့ အပေါ်မှာ ကုသမှုဆိုင်ရာ မတရားသဖြင့်ပြုမူဆောင်ရွက်မှုတွေကိုတန်ပြန်အရေးယူနိုင်တဲ့ ဥပဒေလမ်းကြောင်းနဲ့တကွ၊ အာမခံစနစ်ရိုးရှင်းနားလည်လွယ်စေခြင်းအားဖြင့် လူနာပေါ်ဝန်ထုပ်ဝန်ပိုး ကျရောက်မှုသက်သာစေနိုင်မဲ့ကန့်သတ်ချက်တို့ကိုထားရှိပါတယ်။ ဒီ့အပြင်လားဆိုတော့ အာမခံကြေး သက်သာသောနှုန်းထားကိုရရှိနိုင်မဲ့ နည်းလမ်းတွေထွင်ထားပေးထားရပါတယ်။ အမေရိကနိုင်ငံ တွင်းမှာရှိတဲ့တည်ဆဲဥပဒေတွေဟာ ရိုးရှင်းနိုင်သမျှပြုလုပ်ထားတယ်ဆိုပေမဲ့လည်း၊ နားလည်ရခက်ခဲလှ တယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမဲ့ HIPAA ဟာ နားလည်ရန်ခက်ခဲတဲ့ ကိစ္စတွေကို ဖြေရှင်းပေးတဲ့နည်းလမ်းတွေဖေါ်ထုတ်ပေးထားပါတယ်။ HIPAA ရဲ့အနှစ်ချုပ်ကိုဆေး ရုံဆေးခန်း တွေရဲ့ကြော်ငြာသင်ပုန်းတွေမှာ အတိအကျဖေါ်ပြထားပေးရပါတယ်။ မိမိကုသမှုခံယူရတာ နဲ့ ပါတ်သက်ပြီးအလိုမကျမှု၊ မကြေနပ်မှုတွေရှိခဲ့ရင် ဘယ်လိုနည်းနဲ့တိုင်ကြားပြီး နစ်နာမှု (Grievence)ကိုဘယ်လိုအဖြေရှာရမလဲ ဆိုတဲ့နည်းလမ်းကြောင်းတွေ ရှိပြီးသားပါ။
အဲ့ဒီအတွက်ကြောင့် မိမိကသု မှုခံယူမဲ့ဆရာဝန်ရဲ့ကုထုံး၊ ဆေးရုံဆေးခန်းတွေရဲ့စောင့်ရှောက်မှုတွေနဲ့ ပါတ်သက်ပြီး၊ ဒွိဟဖြစ်စရာ၊ သံသယဖြစ်စရာ၊ ယုံကြည်ဘွယ်ရှိမရှိ ဆိုတဲ့ စိုးရိမ်စိတ်တွေကို နည်းနိုင် သမျှနည်းအောင်အရံအတားလုပ်ပြီးသားဖြစ်ပါတယ်။
(နောက်တခုက Health Maintenance Organization တွေပါ။ ဒီအဖြဲေ့ တြဟာ
ကုသမှုစောင့ေ် ရှာက်မှုစတာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ကြပ်မတ်နေတဲ့အဖွဲ့တွေပါ။ သူတို့ရဲ့ ကုသသူ 
Providers တွေအပေါ်စောင့်ကြပ်ကြည့်ရှုမှုဟာ အမေရိကနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကြီးရဲ့အခရာကျတဲ့ အချက်ကြီးတခုပါ။ ဒီအဖွဲ့တွေရဲ့စွမ်းဆောင်ရည်ရှိမှုမရှိမှု ဟာ ကုသသူ ဆရာဝန် ဆေးရုေံ ဆးခန်းတွေရဲ့ အရည်အသွေးကိုရောင်ပြန်ဟပ်နေတာမို့၊ ဒီအဖွဲ့တွေရဲ့ ကဏ္ဍဟာ အတော်လေးအရေးပါနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရကျန်းမာရေးဌာနကြီးကဲ့သို့ စီမံအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိယုံမက၊ အရေးယူနိုင်တဲ့အာဏာလည်းရထားပါတယ်။ အမေရိကနိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရရဲ့ကျန်းမာရေးဆိုင်ရာဌာနကြီးများဟာ လူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်း တွေ မှာမြင်သာထင်သာနေရာမှာမရှိပါဘူး။ အစိုးရရဲ့အလုပ်က တည်ဆဲဥပဒေတွေ အင်ပြည့် အားပြည့်အာဏာသက်ရောက်ဖို့နဲ့ ချွတ်ယွင်းချက်တွေတည့်မတ်ပေးဘို့သက်သက်မို့၊ လုပ်ငန်းဆောင် ရွက်မှုကိစ္စ 
(services) တွေမှာ ၀င်ချယ်လှယ်ခြင်းအလျင်းမရှိပါဘူး။ ဒီလိုဝင်ချယ်လှယ်တာတွေကို
page2image37254272page2image37241600page2image37247552
လည်းလက်သင့်ခံခြင်းမရှိပါဘ။ူ အဲ...အစိုးရက၀င်ပါခဲ့ရရင်တော့၊ အဲ့ဒီအဖွဲ့အစည်း၊ ဆေးရုံဆရာဝန် များဒုက္ခရောက်ဖို့သာပြင်ကြပေရောလို့။
ကျွန်တော်တို့ မြန်မာတွေဟာ အစွဲအလန်း အလွန်ကြီးမားကြပါတယ်။ ဆေးရုံစွဲ၊ ဆရာစွဲ၊ ဒီထက်ပို လာလို့ နည်းနည်းပါးပါး မတောက်တခေါက်သိရင်ဘဲဖြစ်ဖြစ်၊ အရိုးများသော၊ ချေးခါးသော

ဆိုပြီး ချေးများတတ်ကြပါတယ်။ အယူသီးကြပါတယ်။ တလွဲဆံပင်ကောင်းတတ်ကြပါတယ်။ မြန်မာနိုင်ငံတလွှားမှာနေထိုင်ကြတဲ့ မောင်မိုးညိုတို့ရဲ့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားတွေ ကိုသိစေချင်တာကတော့ ငွေရလှို့တတ်နိုင်ရင်ဘဲဖြစ်ဖြစ်၊ ငွေကြေးမကြွယ်ဝတဲ့ လူများစုလူဆင်းရဲ၊ အခြေခံလူတန်းစားဘဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် စိတ်ပူပန်ကြရတာမျိုး (ဘယ်ဆရာဝန်နဲ့ပြ ရပါ့မလဲ။ ဘယ်ဆေးရုံတက်ရင်ပိုသင့်တော်မလဲ။ ငွေကြေးဘယ်လောက်ကုန်လို့ ဘယ်လိုစီမံရပါ့မလဲ။ နိုင်ငြံခားဘဲထွက်ဆေးကုကြရရင်ကောင်းမလား။ဆိုတာမျိုးရှိခဲ့ရင်၊ မိမိတို့မှာ စိတ်ချလုံခြုံပြီး အာမခံချက်အပြည့်ရတှိဲ့ ကျန်းမာရေးစနစ်ချို့တဲ့နေတယ်လို့သတ်မှတ်လိုက်ကြပါ။ အဲ့ဒီအစီအမံတွေ ပေါ်ထွန်းလာရေးဟာ အစိုးရအပေါ်မှာတာဝန်အပြည့်ရှိသလို၊ လူထုကလည်းလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ၀ိုင်းပံ့ပိုးတာဝန်ယူကြဘို့လိုပါတယ်။
ပြည်ပရောက် မြန်မာများအနေနဲ့ကလည်း နေမကောင်းဖြစ်ကြရတိုင်း ကိုယ့်မှာရှိတဲ့ အာမခံ ပေါ်လစီကိုဘေးချိတ်ပြီး၊ နီးစပ်ရာ မြန်မာဆရာဝန်တွေဆီ ထစ်ကနဲရှိ၊ဆက်သွယ်မေးမြန်းအကူ အညီတောင်း တာမျိုးတွေကို ရပ်တန်းကရပ်ကြဘို့ လိုပါတယ်။ Second opinion လိုအကူ အညီတောင်းတာမျိုးတောင်လွန်လှပါပြီ။ ဆေးရုေံ ဆးခန်းဆရာဝန်တွေဆီလိုက်ပြောပေး၊ ဆေးဝါး အတွက် အကူအညီတောင်းတာမျိုးတွေ ရပ်တန်းကရပ်ကြဘို့လိုပါပြီ။ အဲ့ဒီလိုအကူအညီတောင်း တာတွေဟာ အတောင်းခံရသူ ဆရာဝန်တွေမှာ တာဝန်ရှိလာသလို အကြောင်းမညီညွတ်ရင် ယုံထင်ကြောင်ထင် အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဘက်အတွက် မကောင်းတော့ပါဘူး။ တရားမျှတမှုကို အခြေခံတဲ့ ဥပဒေစည်းမျဉ်းတွေက ကိုယ့်ရဲ့နောက်ကွယ်မှာ အရံသင့် ကာရံပြီးသားပါ။ ရှိပြီးသာ အရံအတားကို ဘေးချိတ်ပြီး နီးစပ်ရာအတင်းရှာပြီး အကူအညီတောင်းတာမျိုးတွေ ရပ်တန်းကရပ်ကြဘို့လိုနေပါပြီလို့။ ။

Thursday, January 31, 2019

“ရေး”…(၃)…..ရေး

Slogan တွေနဲ့ကျင်လည်ခဲ့တဲ့ မောင်မိုးညိုတို့ ဘ၀က ကြီးပြင်းလာတဲ့ခုလိုအချိန်မှာ ဆောင်ပုဒ်Slogan တွေကိုဘဲ တမ်းတ,တယ်လို့ဆိုရမလား။ ဒါမှမဟုတ် ဆောင်ပုဒ်တွေနဲ့မှ အမှတ်အသားပြုနိုင်တဲ့ သဘောဘဲလားလို့ဆိုရခက်နေပါပြီ။ ဘာတဲ့- “ဒို့တာဝန်အရေးသုံးပါး”၊ “သား(၃)သား”၊ စသဖြင့်မှတ်မိ သလောက်တွေပါ။
ဒီလဆွေးနွေးမဲ့ကိစ္စကတော့ ရေး(၃)ရေးကိစ္စပါဘဲ။
(၁) ဘာသာရေး
(၂) လူမျိုးရေး နဲ့
(၃) နိုင်ငံရေး စသည်တို့ပါ။
ကျွန်တော့ဆောင်းပါးတွေက ပြည်ပရောက်မြန်မာတွေကိုဦးတည်ရေးသားလေ့ရှိတာမို့၊ ဒီကိစ္စဟာ လည်း၊ အမေရိကအပါအ၀င် အတိုင်းတိုင်းအပြည်ပြည်ရောက်မြန်မာတွေအတွက်ကိုရည်ညွှန်းပါတယ်။ ဒီလို ရေးသားဘို့အကြောင်းပေါ်လာရတာလည်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားမြန်မာလူမျိုး
စုံတွေရဲ့ နေ့တဓူဝဘ၀တွေနဲ့ဆက်စပ်နေတာမို့ အလွန်အရေးကြီးတယ်လို့ပြောပါရစေ။
အမေရိကအပါအ၀င်နိုင်ငံတကာရောက်ပြီးအခြေချနေထိုင်ကြသူတွေအပါအ၀င်၊ ခေတ္တခဏတာဝန် နဲ့ဘဲဖြစ်ဖြစ်၊ ပညာသင်တွေအနေနဲ့ဘဲဖြစ်ဖြစ်၊ မြန်မာတိုင်း နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတဲ့ အချက်ကိုလည်း မြင်ကြစေချင်ပါတယ်။
ဆိုခဲ့တဲ့အရေး(၃)ခုစလုံးဟာ၊ လက်ရှိဖြစ်ပေါ်နေတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေမှာ အထူးသတိထားပြီး ကင်းကင်းနေကြဘို့လိုနေပါပြီ။
ကဲ-ဆွေးနွေးကြည့်ကြရအောင်ပါ။
(၁) ဘာသာရေး
အမေရိကလိုနိုင်ငံမျိုးမှာတော့ ဘာသာရေးကိုကြည့်ပြီးတမင်တကာရှုတ်ချဆက်ဆံတာတော့ ရှားပါတယ်။ သူ့ဘာသာကသာတယ်။ ငါ့ဘာသာကမြတ်တယ်ဆိုတဲ့ငြင်းခုံဝိ၀ါဒကွဲကြတာမရှိပါဘူး။ တခုဘဲရှိပါတယ်။ minority ethnics တွေကြားထဲမှာသာ အပြိုင်အဆိုင်ထားကြတဲ့သဘောရှိပါတယ်။ တကယ်တော့ ဘာသာရေးဆိုတာ သာဿနာကိုဆိုလိုခြင်းဖြစ်ပါတယ်။ သာဿနာလို့ဆိုတဲ့အတွက် ကြောင့်၊ “အဆုံးအမ” လို့အဓိပ္ပါယ်ယူရမှာဖြစ်လို့၊ မကောင်းတာမဟုတ်တာတော့သေခြာနေပါပြီ။ ထာဝရဘုရားသခင်ရဲ့သြ၀ါဒကိုသယ်ဆောင်ဖြန့်ကျက်ပေးတဲ့ယေဇူးသခင်နဲ့ အာလာလ်ရှင်မြတ်ရဲ့ တမန်တော် မိုဟာမက်တို့ရဲ့ထူထောင်ခဲ့တဲ့သာဿနာအပြင်၊ ဒီကနေ့ယုံကြည်နေကြတဲ့ ဗုဒ္ဓရဲ့ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်ဟာသာဿနာပါလို့ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်းမှ နောက်လိုက် 
တွေရဲ့စေ့ဆော်စည်းရုံးမှုကြောင့် ပေါ်ပေါက်လာတဲ့ အတွက် အဆုံးအမအနေနဲ့ တည်ရှိနေပါပြီ။ ဒီပင်မ ဘာသာကြီးတွေအပြင်အခြားဘာသာကြီးတွေရဲ့ အကြီးအကဲများ၊ဦးဆောင်သူများရဲ့ အပြိုင်အဆိုင် နောက်လိုက်စုဆောင်းကြရာကနေ၊ ဂိုဏ်းကွဲတွေလည်းအများကြီးပေါ်လာသလို၊ အယူဝါဒချင်း ပြိုင်ကြတွေလည်းရှိကြရာက၊ တစ်ဦးနဲ့တစ်ဦး ၀ိဝါဒအငြင်းပွားကြပြီး၊ အမက်ဒေါသဖြစ်ကြရာက၊ မခေါ်နိုင်မပြောနိုင်ရှိကြတာတွေကြုံဘူးကြပါလိမ့်မယ်။ အဲ့ဒီအတွက် လူကြားထဲမှာ ဘာ သာရေး ဆွေးနွေးရင်းငြင်းခုံကြပြီဆိုရင်၊ တဖက်လူကလျှော့မပေးရင်၊ ကိုယ်ကလျှော့ပေး ဘို့ဝန်မလေး
ကြပါနဲ့။
(၂) လူမျိုးရေး
အမေရိကမှာပြောင်းရွှေ့အခြေချနေထိုင်ကြသူ မြန်မာတိုင်းရင်းသားအားလုံးကြီးငယ်မကျန်ဟာ တကယ်တော့ ဒုတိယတန်းစားနိုင်ငံသားတွေဖြစ်တယ်ဆိုတာမမေ့ကြဘို့လိုပါတယ်။ သူ့နိုင်ငံ သူ့လူမျိုး တွေရဲ့ တိုးတက်ကြီးပွားမှုကိုမက်မောကြလို့ရောက်လာကြသူတွေချည့်ပါဘဲ။ သူတို့တတွေ 
ကြီးပွားဖြစ်မြောက်တာတွေအားကျပြီး၊ အဲ့ဒီအခွင့်အရေးမျိုးတွေလိုချင်ကြလို့ရောက်လာကြ သူတွေချည့်ပါဘဲ။ သူကရခိုင်မို့၊ ကိုယ်ကချင်းလူမျိုးမို့ဆိုတဲ့ မိမိတို့ရဲ့မူရင်းတိုင်းရင်းသားလက္ခဏာတွေ ကိုလူမှုဆက်ဆံရေးနယ်ပယ်ထဲကိုဆွဲမသွင်းမိစေဘို့အရေးကြီးပါတယ်။ တခါ ဒီနိုင်ငံမှာရှိတဲ့ လူမျိုးခြားတွေရဲ့ အသားအရောင် ဘာသာစကား ယဉ်ကျေးမှုစရိုက်တွေကို ကို လူသားချင်းချင်း ဆိုတဲ့မျက်စိနဲ့ကြည့်တတ်ကြဘို့လိုပါတယ်။ အသားမဲမျိုး၊ မက်ဆီကင်မျိုးစသဖြင့် လူမျိုးကွဲပြားမှု၊ ခွဲခြား ဆက်ဆံမှု၊ ဖိနှိပ်မှု၊ ဝေဖန်ပုတ်ခတ်မှု၊ နိုင့်ထက်စီးနင်းပြုမှုတွေ၊ ဒီမိုကရေစီအထင်ကရနိုင်ငံကြီးမှာ ပြန်ခေါင်းထောင်လာတဲ့ ရေစီးကြောင်းထဲရောက်နေပါပြီ။ သမိုင်းတခေတ်လည်တဲ့အချိန်မှာ ကြားမ ညပ်မိကြစေဘို့အရေးကြီးပါတယ်။
(၃) နိုင်ငံရေး
အထူးသဖြင့် အမေရိကနိုင်ငံမှာရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အမျိုးသာအစွန်းရောက်ဝါဒီတွေ ပြန်ပေါ် ထွန်းတဲ့ခေတ်ရောက်လာပါပြီ။ လက်ယာစွန်းလို့ခေါ်တဲ့ ဒီဝါဒဟာ ဒုတိယကမ္ဘာစစ်ကြီးနဲ့ ချုပ်ငြိမ်းသွား ပြီလို့ထင်ရပေမဲ့၊ ခုအချိန်မှာခေါင်းပြန်ထောင်လာပါပြီ။ မိမိလူမျိုးအသားအရောင်တွေကိုသာ တဖက် သတ်အခွင့်အရေးရစေလိုတဲ့ဘက်လိုက်မှုဝါဒီဟာ၊ လူ့လောကမှာပြန်ပေါ်ထွန်းလာရာကနေ၊ ကမ္ဘာက မုံးတီးစက်ဆုတ်တဲ့ နာဇီဝါဒဟာတောင် တရားဝင်ပြန်မဖြစ်ဘူးလို့ မပြောနိုင်တဲ့အချိန်ရောက်နေပါပြီ။

ဆိုခဲ့တဲ့အဲ့ဒီအရေး(၃)ရေးကြောင့် မြန်မာတိုင်းရင်းသားကွန်မြူနီတီအတွင်းမှာတယောက်နဲ့တယောက်၊ မခေါ်နိုင်မပြောနိုင်တွေစဖြစ်နေတာကို၊ ၀မ်းနည်းဘွယ်တွေ့ရပါတယ်။ မိတ်ဆွေချင်းတောင်အချင်းချင်း လက်တို့ကြလို့၊ သူကတော့ ဘယ်ဘက်က၊ ငါကတော့ဘယ်သူ့ကိုထောက်ခံတယ်ဆိုတဲ့ ဂိုဏ်းဂဏ ၀ိဝါဒ ကွဲပြားမှုတွေစတွေ့နေရပါပြီ။ အရင်ကပြောမနာဆိုမနာခင်မင်းရင်းနှီးခဲ့ကြရာကနေ၊ ခုချိန် အချင်းချင်း ရှောင်ဖယ်တဲ့အဖြစ်တွေတွေ့နေရပါပြီ။ မိတ်ဆွေရောင်းရင်းချင်းလားဆိုတော့၊ အဲ့ဒီမှာတင် မရပ်ပါဘူး။ မောင်နှမချင်း၊ လင်မယားချင်း၊ ဆွေမျိုးသားချင်းချင်း အက်ကြောင်းတွေစတွေ့နေကြရပါပြီ။ အလုပ်ခွင်ထဲမှာ၊ စီးပွားဖက်ထဲမှာ သူ့လူငါ့လူတွေဖြစ်လာကြပါပြီ။ ကိစ္စတခုကိုတရားနည်းလမ်းတကျ နည်းနဲ့မရနိုင်ဘူးလို့ထင်တာနဲ့၊ ရနိုင်တဲ့အဓမ္မနည်းတွေစသုံပြီး၊ ကိုယ်ကျင့်တရားတွေဖေါက်ဖျက်နေ ကြပါပြီ။ သူလုပ်ရင်ငါလည်းလုပ်မှဆိုတဲ့ သူနိုင်ငါနိုင်အပြိုင်စိတ်တွေမွေးနေကြပါပြီ။ သမီးရည်းစားချင်း 
တောင် ၀ိဝါဒမတူတာကြောင့် ကွဲကြပြဲကြတာတွေရှိလာပါပြီ။ လမ်းခွဲကြတာတွေရှိလာပါပြီ။
တိုတိုပြောရရင် မတော်မတရားမှုတွေကြီးစိုးတဲ့ခေတ်ထဲကိုချင်းနင်းဝင်ရောက်နေပါပြီ။
ဆောင်ရန်ရှောင်ရန်လေးတွေဆွေးနွေးကြည့်ကြရအောင်ပါ။
(က) လူမှုကွန်ယက်တွေမှာ တဖက်ဇောင်းနင်းကျမဲ့ အရေးအသား၊ ကိုးကားဖေါ်ပြမှုတွေရှောင်ကြပါ။
(ခ) အလုပ်ခွင်တွေမှာအဲ့ဒီအရေး(၃)ရေးကို စကားအဖြစ်မဆွေးနွေးမိကြပါစေနဲ့။ အခြားသူတွေဆွေး 
နွေးတာနဲ့ကြုံရင် ရှောင်ရှားပါ။ မတတ်သာလို့ပါဝင်ဆွေူးနွေးနေရရင်၊ ယေဘူယျကျပြီးအစွန်းလွတ်တဲ့ 
စကား/ဝေါဟာရကိုသာသုံးပါ။
(ဂ) မိသားစုမောင်နှမသားချင်း အရေးကိစ္စတွေအတိုက်ဆိုင်မှုဖြစ်ခဲ့ရင်၊ အချင်းချင်းမေးငေါ့တဲ့အဖြစ်မျိုး
မရောက်မိပါစေနဲ့။ သွေးသားဆိုတာကင်းလို့မရတဲ့ကိစ္စမို့၊ ကိုယ်ကသဘောထားကြီးကြောင်းကိုပြပါ။
(ဃ) ငါ့စကားနွားရ ပြောနိုင်တာကိုဂုဏ်မယူကြပါနဲ့။ နားလည်တဲ့လူမျိုးက ကိုယ့်အပေါ်အထင်မကြီးမဲ့ အပြင်၊ တော်တော်သဘောထားသေးသိမ်အောက်တန်းကျတဲ့လူလို့ စိတ်ထဲ ကမှတ်ယူသွားနိုင်တယ် ဆိုတာကိုမြင်အောင်ကြည့်တတ်ကြပါ။ နေရင်းထိုင်ရင်း ကိုယ့်ထမင်းကိုယ်စားပြီး သိက္ခာကျသွားနိုင် တာကိုသတိပြုကြပါ။
(င) ဒီကမ္ဘာလောကကြီးမှာ လူသားတွေဟာ မိမိတိုးတက်ရာတိုးတက်ကြောင်းရှာကြသူတွေချည့်ပါဘဲ။ အားလုံးဟာလူသားတွေပါဘဲ။ နေရာဒေသမွေးဖွားရာအရပ်ပေါ်ပမူတည်ပြီး၊ အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု ကွဲသွားကြရတာပါ။ လူလူချင်းကိုယ်ချင်းစာစိတ်နဲ့ သူလည်းလူ သားဘဲဆိုတဲ့စိတ်ကိုကြံဖန်မွေးနိုင်ကြဘို့လိုပါတယ်။ ကိုယ်လွန်တယ်လို့သတိရချိန်မှာ နောက်ပြန်ဆုတ် 
ဘို့နဲ့မိမိစိတ်ကိုပြင်ဆင်ကြဘို့စိတ်အလေ့အထပြုကြဘို့လိုပါတယ်။
(စ) နိုင်ငံရေးဟာညစ်ပေတဲ့အ၀တ်တခုနဲ့တူတယ်လို့ဆိုခဲ့ရင်၊ အဲ့ဒီညစ်ပေတဲ့အ၀တ်နဲ့ မိမိကိုယ်ကို မသုတ်မိဘို့ကသာလို့အရေးကြီးပါတယ်။
(ဆ) လူ့သဘောသဘာဝဟာတကိုယ်ကောင်းဆန်တတ်တဲ့သဘောရှိတတ်တာမို့၊ ဘာကိစ္စဘဲဖြစ်ဖြစ် ကိုယ်ကအနိုင်ရချင်တတ်လေ့ရှိပါတယ်။ ထိုနည်းတူ မိမိပြောတဲ့စကားမှန်ကန်ကြောင်းသက်သေရှာ
လေ့ရှိတတ်ကြပါတယ်။ ဒီနေရာမှာ သူ့စည်းကိုယ့်စည်းကိုမြင်အောင်ကြည့်ပါ။ ကိုယ်ရဲ့ပြောစကား၊ အမူအယာဟာ တဖက်သူအပေါ်ကျူးလွန်ထိပါးမှုဖြစ်တတ်ပါတယ်။ ကိုယ်မှားကြောင်းတောင်းပန်
ဘို့ဝန်မလေးကြပါနဲ့။
အချုပ်ပြောရရင်- အမေရိကနဲ့ပြည်ပတခွင်ရောက်နေကြသူတွေတယောက်မကျန်ဟာ၊ အဲ့ဒီ နိုင်ငံတွေမှာ Second tier citizens တွေဖြစ်ပါတယ်။ ဗျိုင်းဟာကျီးမဖြစ်နိုင်သလို၊ ကျီးဟာလည်း ဗျိုင်း
မဖြစ်နိုင်ပါဘူး။ ကိုယ်ကကျီးဖြစ်ခဲ့ရင် တဖက်လူကဗျိုင်းလို့မမြင်နိုင်သလို၊ ကိုယ့်ကိုဗျိုင်းလို့ပြောခဲ့ရင်
လည်းအဲ့ဒီစကားက အနှစ်သာရပါတဲ့စကားအမှန်လို့ဆိုလို့မရပါဘူး။ ထိုနည်းတူဘဲ ကိုယ်ကရောရောင်ပြီး၊ တဖက်နိုင်ငံကြီးသားအကြိုက်တွေကိုမျက်စေ့မှိတ်ပြီး၊ ကိုယ်ကလည်းလူဖြူမျိုး ဘဲလို့ထင်ရင်တော့တက်တက်စင်အောင်မှားပါလိမ့်မယ်။ ကိုယ့်ကိုပြုံးပြတိုင်း အဟုတ်မထင်ကြပါနဲ့။ ကိုယ်စခဲ့တဲ့ဘ၀ကိုမမေ့ကြပါနဲ့။ သူတို့ကြားထဲဖြစ်တဲ့အားပြိုင်မှုတွေကြားထဲမှာကိုယ်ကြားမညပ်မိကြ ဘို့တိုက်တွန်းလိုက်ပါရစေ။          ။