Saturday, June 29, 2019

“DIY” နိုင်ကြသော မြန်မာများအဖြစ် သ.ို့ ....

“ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဝေါဟာရနယ်ပယ်မှာ ကျင်လည်ကြီး ပြင်းခဲ့ကြ တဲ့ မောင်မိုးညိုတို့ ဘ၀ဟာ ပြည်ပနိုင်ငံများဖြစ်တဲ့ အမေရိကလို နေရာတွေမှာ ပြောင်းရွှေ့အခြေချကြ ပြီ ဆိုတာနဲ့၊ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဝေါဟာရရဲ့ အမြိုက်အရသာ ကိုအလျှံပယ် စတင်ကြုံတွေ့ ခံစားကြရပါတယ်။ ကျွန်တော်တို့ သိနားလည်တဲ့ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ် ထ” ဆိုတဲ့ ဝေါဟာရဟာ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်စနစ်ကြီး ကြီးစိုးချိန်မှာ၊ ကမ္ဘာ့လောကနဲ့ အဆက် အသွယ်ဖြတ်တဲ့ တံခါးပိတ်ဝါဒပေါ်မှာအခြေခံတဲ့၊ သွေးထိုးလှုံ့ဆော်ရေး ကြွေးကြော်မှူတခုသက်သက် သာဖြစ်ခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံသားတို့ရဲ့ လူမှုကိစ္စအ၀၀ကို အစိုးရက (ဆင်းရဲမွဲတေမှုကြောင့်) ကိုယ်အားကိုယ်ကိုးကြပါ၊ ပြည်ပနိုင်ငံတွေမှာ ကောင်းကောင်းနေကောင်းကောင်းစားကြတဲ့ဘ၀ကို အားမကျကြပါနဲ့ ဆိုတဲ့ ၀ါဒဖြန့် ကိစ္စသက်သက်သာဖြစ်ခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတိုင်းက “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ”လို့ ဆိုရိုးရှိကြလို့သာ ဆိုကြပေမဲ့၊ ဘာမှန်းတိတိကျကျမသိ ကြပါဘူး။ ခုခေတ်ဒီမိုကရေစီခေတ်ရောက်တော့ရော ဘယ်အခြေရှိနေပြီလဲလို့၊ ကျွန်တော်တို့မွေးရပ် မြေမှာနေကြတဲ့ မြန်မာတိုင်းရင်းသားတွေရဲ့ဘ၀ကိုပြန်လေ့လာကြည့်တော့၊ (အထူးသဖြင့်) ငယ်ရွယ်. သူ တက်သစ်စလူငယ်တွေဟာ၊ တံခါးဖွင့်ဝါဒနဲ့အတူ ကိုယ်ဒူးကိုယ်ချွန် လုပ်ချင်ကိုင်ချင်၊ စူးစမ်းချင်စိတ်  တွေစတင်တွေ့နေရပါပြီ။ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ မိဘသားချင်းရဲ့ မိရိုးဖလာအစွဲကြီးလွန်းနေ  သေးတဲ့ လောင်းရိပ်အောက်ကသိပ်မထွက်နိုင်ကြသေးပါဘူး။ ယဉ်ကျေးမှုနဲ့လူမှုစနစ်တို့ရဲ့ ကောင်းတဲ့ စရိုက်လက္ခဏာအမြစ်တွယ်ဘို့ဟာ၊ တခါတရံမှာ ရာစုနှစ်ပေါက်အောင်အချိန်ယူလေ့ရှိတယ်လို့ သမိုင်း ဆရာတို့ကဆိုကြပါတယ်။ 
မောင်မိုးညို ဒီလဆွေးနွေးလိုတဲ့ အကြောင်းအချက်ကတော့၊ ပြည်ပရောက်မြန်မာတွေ၊ မိမိတို့ ကျင် လည်ကျက်စားယဉ်ပါးခဲ့ကြတဲ့ “ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ” ဆိုတဲ့ ဆိုရိုးစကားကို၊ တိုး တက်တဲ့ နိုင်ငံကြီးတွေမှာ၊ ကောင်းစွာအမြစ်တွယ်နေပြီဖြစ်တဲ့ (DO-IT-YOURSELF)  “DIY”  ဆိုတဲ့ နေထိုင်မှုဘ၀အဖြစ်၊ လက်ခံပြီး အသွင် ပြောင်းမွေးစားယူကြဘို့ အထူးဘဲလိုအပ်နေပြီိလို့ အကြံ  ကောင်းပြုကြပါရစေ။ အကြံကောင်း ဆိုတဲ့စကားထက်၊ မကွယ်မထောက်ပြောရရင်တော့၊ ဒီစိတ် ဓါတ်မမွေးလို့မဖြစ်တော့ဘူးလို့ အားမနာတမ်း၊ ပြောပြပါရစေ။
မောင်မိုးညိုတို့မိသားစု အမေရိကရောက်ပြီး၊ စတင်အခြေချပြီးမကြာခင်မှာဘဲ ကြုံတွေ့ရတဲ့ DIY အဖြစ်အပျက်တခုကိုပြောပြပါရစေ။ ထုံးစံအတိုင်း ပြောင်းရွှေ့အခြေချသူ မောင်မိုးညိုအတွက်၊ ယောက် ဖလုပ်သူက အိပ်ရာကုတင်အတွက် home improvement storeတခုက၀ယ်လာတော့၊ မောင်မိုးညို တို့ ထင်နေတာက၊ အဲ့ဒီပရိဘောဂတွေအိမ်ပေါ်ချပြီးတာနဲ့ ချက်ချင်းအသုံးပြုလို့ရပြီ လို့ထင်ကြတာကိုး။ လက်စသပ်တော့ ဘယ်ဟုတ်လိမ့်မတုံး။ ကတ်ထူဘူးတွေထဲက တစစီဆွဲထုတ်ရတဲ့ ပရိဘောဂအစိတ် အပိုင်းတွေကို၊ အဲ့ဒါတွေနဲ့အတူပါတဲ့ လမ်းညွှန်စာအုပ်ကြည့်ပြီး၊ မောင်မိုးညိုတို့လဲ ယောက်ဖရဲ့အကူ အညီနဲ့ ကုတင်နဲ့ပရိဘောဂတွေ ဆင်လိုက်ကြတာနေ၀င်မိုးချုပ်လို့ ချွေးပြိုက်ပြိုက်ကျပါလေရော။ တနေမကုန်တောင် နေ့တပိုင်းတော့အသာလေးပေါ့။  Wow!မလွယ်လှပါလား freedomကြီးရယ်။  မနေနိုင်လို့ယောက်ဖကို မေးခွန်းမေးကြည့်မိပါတယ် - အလုပ်သမားခေါ်ပြီးဆင်ခိုင်းရင်မရဘူးလားလို့။ ကြက်သီးထဆရာအဖြေပါ - “ရတာပေါ့။ တန်ရာတန်ကြေးနဲ့လေ။ ဒီလို DIYဆိုရင်၊ ပစ္စည်းတန်ဘိုးနဲ့ ညီမျှတယ်” ဆိုဘဲ။ မောင်မိုးညိုတို့ မိသားစု ပထမဆုံဘုရား တ,ရတဲ့အဖြစ်ပါ။ အော်- ဒါ့ကြောင့် နိုင်ငံတကာတိုးတက်တဲ့နိုင်ငံကြီးတွေက၊ ကျွန်တော်တို့မြန်မာနိုင်ငံက လုပ်အား (labor force)ကို မျက်စေ့ကျကြတာ ဒါ့ကြောင့်ကိုးလို့ မှတ်ချက်ပြုမိပါတယ်။ ဟုတ်ပါတယ်။ အမေရိကနဲ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ လုပ်အားချ မတန်တရာဈေးကြီးလှပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်အတော်များများက  imported labor လို့ခေါ်တဲ့ ပြည်ပနိုင်ငံသားတွေရဲ့ လုပ်အားကို အထူးအားပြုကြရတာ ဒီကနေ့အထိပါ။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ Imported labor တွေဟာ -
(၁) ဈေးပေါပါတယ် (ပြည်တွင်းကအလုပ်သမားတွေထက်စာရင်)။
(၂) အခွင့်အရေးစကားသိပ်မပြောပါဘူး။
(၃) ကျွမ်းကျင်တတ်မြောက်မှုပိုင်းမှာ ပြည်တွင်းက laborတွေထက်သာလွန်တာမျိုးရှိနေပါတယ်။
(၄) ပြဿနာသိပ်မရှာတတ်ဘူး။
(၅) အလုပ်ပိုကြိုးစားသလို၊ loyal ဖြစ်တယ်။
ကဲ- imported labor ကို ဘာမမက်စရာရှိသတုံး။
DIY ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းခံတခုမှာ ဒီလိုကုန်ကျစရိတ်ကိုကာမိစေတဲ့(တနည်း) ပစ္စည်းရောင်းချရာမှာ သက်သာတဲ့ပစ္စည်းတွေကိုစက်နဲ့ထုတ်ပြီး၊ တပ်ဆင်ရာမှာကုန်ကျစရိတ်ကို၊ စားသုံးအသုံးပြုသူရဲ့ တာဝန်အဖြစ်ပြောင်းလဲလိုက်ကြတာဟာ၊ တိုးတက်တဲ့ ရောင်းကုန်လောကရဲ့  marketing strategy ဖြစ်သလို၊ cost-effective လဲဖြစ်သွားပါတယ်။ တိုးတက်တဲ့ခေတ်ကြီးမှာ human labor force  လျှော့ချဖြတ်တောက်နိုင်လေ၊ ကုန်ထုတ်လုပ်ခစရိတ်သက်သာလေပါဘဲ။ ဒါဟာ business strategy ရဲ့ မရိုးနိုင်တဲ့ နည်းဗျူဟာတခုပါ။
ဆိုတော့- DIY ကို သမိုင်းမှာ (၁၉၁၂)လောက်တုံးကအိမ်ရာမွမ်းမံပြင်ဆင်မှုအဖြစ်နဲ့စတင်ခဲ့တယ်လို့ Wikipedia ကဆိုထားပြီး၊ (၁၉၅၀) ၀န်းကျင်လောက်မှာ အိမ်ရာမွမ်းမံပြင်ဆင်မှု၊ အသေးစားပြုပြင် တည်ဆောက်မှုအပါအ၀င်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ လုပ်ကြရတဲ့ကိစ္စတွေမှာ တရားဝင်ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါတယ်။ အကြောင်းရင်းခံကတော့-
(က) တည်ထွင်ဖန်တီးမှုနဲ့ မိမိဖာသာတည်ဆောက်ရမှုတည်းဟူသော ၀မ်းသာပီတိစိတ်ကို ရရှိစေဘို့၊
(ခ) ပျော်ရွှင်ဘွယ် လုပ်ငန်းလေးတခု ရရှိဘို့၊ နဲ့
(ဂ) ကုန်ကျစရိတ်ကို ကာမိစေဘို့၊ - တို့ဘဲဖြစ်ပါတယ်။
မောင်မိုးညိုတို့ စခဲ့တဲ့အထက်ကအဖြစ်အပျက်ကပေးတဲ့ သင်ခန်းစာကို ခုချိန် မောင်မိုးညိုတို့  ကောင်း ကောင်းကြီးရရှိနေကြပါပြီ။ ကိုယ်ကပေါက်ဖွားလာတဲ့သားသမီးများအတွက်ကတော့ အထူးပြောဘွယ် မရှိပေါ့။ အရေးကြီးတဲ့ အချက်ကတော့ ‘သို့လော၊ သို့လော’ နဲ့ မချင့်မရဲ၊ ကိုယ့်ကိုယ်ကိုစိတ်မချ၊ မယုံကြည်တဲ့ စိတ်ဓါတ်၊ ကို အမေရိကရောက်မြန်မာတွေ၊ အပြီးတိုင်ခ၀ါချကြဘို့ လိုအပ်ပါတယ်။ ဒါ မဖြစ်မနေပြောင်းယူရမဲ့ စိတ်ဓါတ်ပါ။ မကွယ်မထောက်ပြောရရင်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ပြောင်းယူကြရမဲ့ အခြေခံစိတ်ဓါတ်တွေပါ။
အသေးအမွှားကိစ္စလေးတွေဖြစ်တဲ့ ပရိဘောဂ အိမ်ရာအသေးစားမွမ်းမံခြင်းပြုပြင်ပြင်ဆင်ထိမ်းသိမ်း ခြင်းအပါအ၀င် ဆိုတဲ့အလေ့အထကို ကျွန်တော်တို့မြန်မာတွေ ယဉ်ပါးရမဲ့ခေတ်ကာလထဲရောက်လာ ပါပြီ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိမိမိသားစုရေးကိစ္စ၊ ငွေရေးကြေးရေး၊ ပညာရေးကအစ၊ လူမှုရေးနယ်ပယ်ရဲ့ ချဲ့ထွင့်နက်ရှိုင်းရှုတ်ထွေးလာတဲ့ ခေတ်ပေါ်ပြောင်းလဲမှု ယဉ်ကျေးမှုရေစီးကြောင်းမှာ မိမိတို့ကိုယ်တိုင် လိုက်ပါနေမိကြဘို့ အချိန်ရောက်မှန်းမသိရောက်လာပါပြီ။ အဲ့ဒီရေစီးကြောင်းကြီးထဲ မှာ မိမိတို့ကိုယ်တိုင်ပါနေပြီလားဆိုတာသတိပြုဆင်ခြင်ကြပါ။ မရောက်သေးရင်၊ အချိန်မနှောင်း မှီရောက်အောင်လုပ်ကြပါ။ မရောက်သေးရင်တော့ ခေတ်မျက်ခြေပြတ်သူတွေအနေနဲ့ ပါတ်ဝန်းကျင်နဲ့ သာမက၊ မိမိ မိသားစုအတွင်းမှာပါ အကျင်ခံဘ၀ (self-isolation) ဖြစ်မှန်းမသိဖြစ်သွားပါလိမ့်မယ်။ မယုံမရှိကြပါနဲ့။ဆိုပါတော့- ကိုယ့်သားသမီးတွေအထက်တန်းပညာ၊ (သို့မဟုတ်) ကောလိပ်တက်ဘို့ ပြင်ဆင်ချိန် (ဒါမှမဟုတ်) ကောလိပ်ရောက်ချိန်မှာ ကိုယ်ကိုယ်တိုင်ကပါ ကောလိပ်တွေရဲ့ကိစ္စ အ၀၀ မှာပါဝင်ပါတ်သက်နေမိကြဘို့လိုပါတယ်။ သားသမီးတွေ ကောလိပ်ပညာရေးအတွက် ချေးငွေကိစ္စ (student loans) တွေအကြောင်းနောကြေနေကြဘို့ လိုပါတယ်။ ဆိုလိုတာက ခေတ်လူငယ်တွေရဲ့ အဓိက ပံ့ပိုးကူညီမှုဟာ မိဘတွေရဲ့ ဘ၀ငွေကြေးဖူလုံမှုပေါ်များစွာမူတည်တာကြောင့်၊ မိဘတွေရဲ့ financial background ကိုအားကိုးပြုကြရပါတယ်။ ဒါ့ကြောင့် ဒီလိုငွေရေးကြေးရေးကအစ၊ ပညာသင်ကြားရေး ကိစ္စတွေမှာ၊ ဒေါင့်အကွက်တိုင်းမှာ ကိုယ့်သားသမီးရဲ့ကိစ္စတွေမှာ ပါဝင်ပါတ် သက်နေမိကြဘို့လိုပါတယ်။ ဗြောင်ပြောရရင်၊ ကိုယ့်သားသမီးက တခွန်းပြောရင်၊ ကိုယ်ကနှစ်ခွန်း ပြန်ပြောနိုင်မှ တော်ကာကျမဲ့  ခေတ်ပါ။ မပြောနိုင်လို့ကတော့ ကိုယ်ကသူများအနှပ်ခံရပြီလို့မှတ်ကြပါ။ မြန်မာမိဘတွေမအ,ကြပါနဲ့။ 
ဒါတွေဟာခုဆောင်းပါးမှာ ဆွေးနွေးတဲ့ခေါင်းစဉ်ဖြစ်တဲ့ DIY ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေပါ။ 
တိုးတက်ထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ တနေ့တခြားချဲ့ထွင်လာတဲ့ DIY ရဲ့ နယ်ပါယ်ကြီးကိုလေ့လာ ကြည့်ကြရအောင်။
(က) အစားအသောက် (တစ်ခါစား readymade food packs) တွေကို အချိန်ကုန်၊ ဗာဟီရနည်းနည်း နှင့် အစာတစ်နပ်ပြီးခြင်း။
(ခ) မိမိဖာသာ စာအုပ်ထုတ်ဝေဖြန့်ချိခြင်း (self-publishing)၊ စကားဟောပြောခြင်း (podcasting & telecasting)၊ ဗီဒီယိုဖြန်ချိခြင်း (Youtube streaming)
(ဂ) ပါတ်ဝန်းကျင်ထိမ်းသိမ်းခြင်းကိုအားပေးသော လုပ်နည်းလုပ်ဟန်များ၊ စွန့်ပစ္စည်းပြန်အသုံးချခြင်း (recycle, reuse and reduce – 3R’s)၊
(ဃ) လက်ဖြစ်အနုလက်ရာပစ္စည်းတီထွင်ရောင်းချခြင်း၊ ကြော်ငြာခြင်း (crafting, knitting, crochet, sewing, handmade jewelry and ceramics)၊
(င) ကိုယ်ပိုင်မူဖန်တီးတီထွင်မှုများ၊ စီးပွားဖြစ်ပြုလုပ်ခြင်းများ (inventing, creation, copyright, patency, etc.)
(စ) အိမ်တွင်းဖြစ် စားသောက်ဖွယ်ရာများပြုလုပ်နည်းနိဿယများ (homemade recipe)၊
(ဆ) မိမိတစ်ကိုတိုင်တတ်ကျွမ်းမှုနည်းပညာ (သို့မဟုတ်) ဘွဲ့ရတစ်ဦးကဲ့သို့တတ်မြောက်ကျွမ်း ကျင်ခြင်း (self-learning, vocational learning through accredited college or vocational schools)၊
(ဇ) လုပ်ငန်းဆောင်တာကိစ္စအ၀၀ကို၊ ဆိုင်ရာလုပ်ငန်း (သို့မဟုတ်) အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများကို စနစ်တကျအချိန်ယူလေ့လာခြင်း၊ ဆွေးနွေမေးမြန်းခြင်း၊ လိုအပ်သောသင် တန်းများတက်ရောက်ခြင်း (internet ခေါ် online courses များအပါအ၀င်) self-studyနည်းများဖြင့် သင်ကြားလေ့လာမှတ်ယူ၍ အသုံးချခြင်း၊ ကူညီခြင်း၊ အကြံညဏ်ပေးခြင်း၊ စသည်တို့ကိုပြုလုပ်ခြင်း၊
(ဈ) ငွေရေးကြေးရေး၊ မိသားစုစီးပွားရေးနှင့် ၀င်ငွေထွက်ငွေ ဘတ်ဂျက်အသေးစားများကို၊ စနစ်တက်လေ့လာ၍ ကိုယ်တိုင်လည်းအသုံချခြင်း၊ မိမိ မိသားစုမိတ်ဆွေများကို၊ မိမိတို့အသိပညာကို မျှဝေအသုံးချရန်အားပေးခြင်း (pay-it-forward of your knowledge)၊
(ည) အိမ်တွင်းအသေးစားပြုပြင်မွမ်းမံ ထိမ်းသိမ်းခြင်း၊ (cleaning, replacing old items, furnishing, recycling, minor plumbing, computer and network-based devices, TVs and electronics upgrades and installation, etc.)
(ဋ) internet/online ငွေကြေးရောင်းဝယ်ခြင်းမျိုးဖြစ်သော cryptocurrency၊ အိမ်ခန်းရက်အနည်း ငယ်ငှားခြင်း၊ (AirBNB)၊ ဘဏ်ငွေရေားကြေးရေး၊ ငွေလွှဲခြင်း၊ ငွေသွင်းခြင်း၊ လက်မှတ်ဝယ်ခြင်း၊  (online banking and check deposit)၊ ယာဉ်ငှား(Uber/Lyft/Grab)၊ ငွေရေးကြေးရေးကိစ္စနှင့်တကွ အလှူခံခြင်း၊ အလှူထည့်ဝင်ခြင်း နှင့် လောင်းကစားကိစ္စများ (online casinos)၊ ပစ္စည်းအရောင်းအ၀ယ်ပြုခြင်း (online order/reservations)
(ဌ) handphones ခေါ် cell phones တွေဟာ ဖုံးဆက်ရုံသက်သက်ကိုယ်ပိုင်ပစ္စည်း မဟုတ်တော့ ပါဘူး။ လက်ကိုင်ဖုံးကို ကိုယ့်ရဲ့မွေးရာပါပစ္စည်းသဖွယ် လက်မလွှတ်နိုင်သူတွေ များလာပါပြီ။ အဲ့ဒီလက်ကိုင်ဖုံးရဲ့ဖန်သားပြင်ပေါ် လက်ညှိုးတထောက်အတွင်း မိမိဘ၀နေ့တဓူဝကိစ္စအတော်များများ ကိုကောင်းကောင်းကြီးကိုင်တွယ်နိုင်တဲ့ခေတ်အခါကြီးကိုရောက်နေပါပြီ။ အခြားသူတစ်ဦးတယောက်ရဲ့ အကူအညီတစုံတရာမပါဘဲ မိမိလက်ကိုင်ဖုံးတခုတည်းနဲ့ တင် DIY တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်  နေပါပြီ။ မယုံနိုင်စရာတနေ့တခြားထွန်းကားလာတဲ့ နည်းပညာလောကကြီးပါ။
-      စတာတွေဟာ နေ့စဉ်နဲ့အမျှချဲ့ထွင်လာတဲ့ DIY ရဲ့ နယ်ပယ်ကြီးပါ။

ကျွန်တော်တို့မြန်မာတွေ (အထူးသခြင့် အမေရိကအပါအ၀င် နိုင်ငံတကာရောက် မြန်မာတွေ - ခဏတာဘဲဖြစ်ဖြစ်၊ တသက်လုံးအခြေချနေထိုင်ကြသူတွေ အားလုံးပါ) မအ,ကြပါနဲ့။ သူများအနှပ် မခံကြရပါစေနဲ့။ ကိုယ့်သားသမီးနဲ့ နီးစပ်သူတွေက အထင်သေးအမြင်သေးမဖြစ်ကြအောင်ကြိုးစား ကြပါ။ အသေးအမွှားကိစ္စကအစ ကိုယ်တိုင်လုပ်နိုင်အောင်DO-IT-YOURSELF နိုင်ကြပါစေလို့။      ။
page4image92049152page4image92049344page4image92049536page4image92049728

Friday, May 31, 2019

ပွဲမ၀င်ခင် အပြင်ကကျင်းပ - Retirement

ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေအတွက် အငြိမ်းစားယူခြင်းဟာ ပေါင်းသင်းဆက်ဆံရေး လူမှုနယ်ပယ်က ဖယ်ခွာထွက်ပြီလို့ယူဆကြပေမဲ့ တိုးတက်တဲ့နိုင်ငံတွေ၊ အထူးသဖြင့် ကိုယ်စိတ် ဖိစီးမှုကြီးမားတဲ့ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ ရတောင့်ရခဲလှတဲ့ သက်တော့်သက်သာ ဘ၀ (တနည်း) လွတ်လပ်တဲ့သက်တမ်းဘ၀ကိုရောက်ပြီဆိုပြီး တန်ဘိုးထား မြတ်နိုးကြပါတယ်။ ဒါဘာကြောင့်လဲလို့မေးစရာရှိပါတယ်။ I am waiting for the retirement day ဆိုတဲ့ဆိုစကားဟာ၊ အမေရိကအပါအ၀င် နိုင်ငံတကာမှာရောက်ရှိအခြေချကြသူတွေအတွက် မရိုးနိုင်တဲ့ တောင့်တမျှော် မှန်းချက်ကြီးပါ။ နေ့တဓူဝဇယ်စက်သလိုလှုပ်ရှားရုန်းကန်မှုတွေနဲ့ပြည့်နှက်နေတဲ့၊ ၀န်ထမ်းဘ၀ဟာ၊ ရရှိမှုနဲ့ညီမျှတဲ့ ပေးဆပ်မှုတွေရှိတယ်ဆိုတာ၊ ဒီလိုနိုင်ငံကြီးတွေမှာရောက်ရှိကြသူ ကျွန်တော်တို့မြန်မာ တိုင်းရင်းသားတွေနားလည်လက်ခံပြီးသားပါ။ မြန်မာနိုင်ငံတွင်းမှာနေစဉ် အလုပ်လုပ်ကိုင်ကြဘူးသူ မြန်မာ တိုင်းရင်းသားတွေအားလုံးကတော့၊ မိမိမွေးရပ်ကခွာပြီး၊ တစိမ်းတရံဒေသမှာအခြေချနေထိုင် ရင်း အသက်မွေးဝမ်းကြောင်းကြပြီ ဆိုတာနဲ့၊ ကွာခြားလှတဲ့ လုပ်ခွင်ဘ၀ကိုတဖြေးဖြေးသိလာကြပါ တယ်။ မြန်မာနိုင်ငံတွင်းနေထိုင်စဉ် အလုပ်ခွင်တွင်းမှာ ဘာမှမယ်မယ်ရရကိစ္စကြီးငယ်မရှိဘဲ၊ နေ့တဓူဝ ကုန်ဆုံးမှန်းမသိကုန်ဆုံးသွားကြတဲ့ ရက်တွေ မရေမတွက်နိုင်အောင်ပါ။ ဒါကလူတိုင်းမဟုတ်နိုင်ပေမဲ့ ဒီလိုဘ၀မှာနေထိုင်ခဲ့ဘူးကြတဲ့ မြန်မာတွေသတိတရရှိနေကြအုံးမယ်ထင်ပါတယ်။
သေခြာတဲ့ကျိုးကြောင်းဆက်စပ်မှုတခုကတော့၊ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ကြသူတွေ၊ ဘ၀ရဲ့ အာမခံချက်ကိုအားကိုးလောက်တဲ့လူမှုလုံခြုံမှုကိုရရှိခံစားကြရပါတယ်။ တနေကုန်လို့ကုန်မှန်း မသိဘဲ၊ မယ်မယ်ရရအလုပ်ပြစရာမရှိတဲ့အလုပ်မျိုးဆိုရင်တော့၊ ဆိုခဲ့တဲ့ လူမှုခံစားခွင့်ဆိုတဲ့ အာမခံချက်က မသေခြာမရေရာစရာပါ။
ခုအပါတ်မှာတော့ အမေရိကနိုင်ငံရဲ့အထင်ကရ သက်ကြီးတွေအတွက်အားကိုးအားထားလောက်တဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ AARP ကြီးကပြုစုထုပ်ဝေတဲ့ “Countdown to Retirement” ဆောင်းပါးကို မှီငြမ်းပြီး၊ အမေရိကရောက်မြန်မာသက်လွန်များအတွက်အထောက်အကူဖြစ်စေခြင်းငှာ၊ အချက်အ လက်များကိုစုဆောင်းတင်ပြလိုက်ပါတယ်။

အငြိမ်းစားယူရန် (၅)နှစ်အလို ပြင်ဆင်သင့်တာတွေ
ဒီလို(၅)နှစ်လောက်ကတည်းကပြင်ဆင်ဘို့တကယ်ဘဲလိုသလားလို့မေးစရာရှိပါတယ်။ အကြောင်းရင်း ကတော့ အမေရိကနိုင်ငံဟာလွတ်လပ်သောလူနေမှုဆိုတာယုံမှားဘွယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်စုံတဲ့ လူမှုဘ၀အာမခံချက်တွေကို တင်းပြည့်ကြပ်ပြည့်ရရှိရေးဟာ မိမိကနေလိုက်နာစောင့် စည်းဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတွေအများကြီးရှိတယ် ဆိုတာကိုတော့ ကြိုတင်နားလည်ကြရပါ လိမ့်မယ်။ Freedom is not always free ဆိုတဲ့စကားကိုကြားဘူးကြပါလိမ့်မယ်။ 
(က) အငြိမ်းစားယူချိန်မှာ မိမိလက်ရှိရရှိနေတဲ့လစဉ်ဝင်ငွေရဲ့ (၆)ဆမှ(၈)ဆအထိ၊ အပိုစုဆောင်း ရံပုံငွေရှိထားရပါမယ်။
(ခ) မိမိအလုပ်လုပ်ကိုင်စဉ်ထားရှိတဲ့ Pension, 401k/403(b) စသည်တို့ရဲ့စုဆောင်းမှုနည်းဗျူဟာကို စနစ်တကျသုံးသပ်လေ့လာပြီး၊ ထဲ့ဝင်ငွေနှုန်းထားနဲ့ထဲ့ဝင်ပုံ(Contribution rate & distribution/divestment strategy) တွေကိုပြောင်းလဲသင့်ကပြောင်းလဲသတ်မှတ်ကြရပါမယ်။
(ဂ) ခြွေတာပါ။ ဒါကတော့ရှင်းပါတယ်။ ပြောရလွယ်သလောက် လိုက်နာရခက်ခဲလှပါတယ်။ အသုံးအစွဲကြီးကြသူတွေ ဘရိတ်အုတ်ကြရမဲ့အချိန်ရောက်ပါပြီ။ Life style ပြောင်းကြရမဲ့အချိန်လို့ ဆိုပါရစေ။
(ဃ) အမေရိကမှာအငြိမ်းစားမယူမနေရအသက်ကန့်သတ်ချက်မရှိပါဘူး။ အငြိမ်းစားယူဘို့အချိန် ဆိုင်းငံ့နိုင်လေ၊ ကိုယ်အတွက်အကျိုးရှိလေပါဘဲ။ လက်ရှိအချိန်မှာ အသက်(၅၉ နှစ်ခွဲ)မှာ မိမိစုဆောင်းငွေ 401kကိုစတင်ထုတ်ယူနိုင်သလို၊ အသက်(၆၅)မှာ Medicare လို့ခေါ်တဲ့ ကျန်းမာရေး အာမခံစတင်ခံစားနိုင်ပါတယ်။ (၆၆ နှစ်ခွဲ) မှာ Social Security ခံစားခွင့်ရရှိနိုင်ပြီး၊ အသက်(၇၀)  လောက်မှ အဲ့ဒီခံစားခွင့်ကိုစောင့်ဆိုင်းထုတ်ယူရင်ရာနှုန်းပြည့်ခံစားခွင့်ရကြမှာပါ။
(င) ခုချိန်ကစပြီး၊ လစဉ် တစ်လ $၉၀ စီသီးသန့်စတင်စုဆောင်းပါလို့ဆိုပါတယ်။
(စ) 401k/403(b) (သို့မဟုတ်) IRA (Individual Retirement Account)ရှိကြသူတွေ Roth IRA စတင်စုဆောင်းကြဘို့လိုပြီလို့ ငွေကြေးပညာရှင်များကအဆိုပြုကြပါတယ်။ Roth IRA ရှိကြသူတွေ ဟာ ခုလိုအငြိမ်းစားမယူမှီမှာ 401k/403(b) ကနေထုတ်ယူသုံးစွဲတာမျိုး (ဥပမာ- အိမ်ပြင်ဆင်တာမျိုး) ထက် Roth IRA ကနေထုတ်ယူသုံးစွဲရင် အခွန်သက်သာကင်းလွတ်ခွင့်ရကြပါမယ်။ 
(ဆ) အိမ်ဖိုးငွေ (Mortgage)ကို ဦးစားပေးပြီး၊ အဲ့ဒီအကြွေးကနေကင်းအောင်အမြန်ကြီုး စားကြရ မဲ့အချိန်ပါ။ ကျွမ်းကျင်သူတွေအဆိုအရ လစဉ်ပေးသွင်းမဲ့အစား (၂)ပါတ်ခြားတခါပေးသွင်းငွေပမာဏ ရဲ့ထက်ဝက်စီပေးသွင်းသွားခြင်းဟာ (၁၃)လစာပေးသွင်းရတာနဲ့ညီမျှတဲ့အတွက် အဲ့ဒီနည်းကိုသုံးစွဲကြ ဘို့ တိုက်တွန်းကြပါတယ်။ Refinancing/home equity လို့ခေါ်တဲ့ mortgage ကိုအသစ်တဖန်ပြန် စတဲ့ သက်သာစရာလို့ယူဆနိုင်ဘွယ်ရှိတဲ့နည်းလမ်းတွေကိုရှောင်ရှားကြဘို့လည်းအကြံပြုကြပါတယ်။
(ဇ) Stockဟာ အမြတ်အကျိုးများပေမဲ့ ဒီအချိန်မှာ ပုံမှန်စုဆောင်းမှုပမာဏကို အာမခံတဲ့ bond ကိုဦးစားပေးရမဲ့အချိန်ပါ။ 401k/403(b) မှာ  bond ရဲ့ထဲ့ဝင်ပမာဏ အနည်းဆုံး (၆၀%)ရှိဘို့အကြံပြု ကြပါတယ်။ နောက်တနည်းကတော့ Target-fund တွေအဖြစ်မိမိစုဆောင်းငွေကိုအသွင်ပြောင်းကြဘို့ လိုပါလိမ့်မယ်။ အခြားစဉ်းစားစရာစုဆောင်းရံပုံငွေအမျိုးအစားတွေကတော့- High-grade corporate bonds, Money Market, US Government bond, Certificate of Deposit (CD)နဲ့ Series I (Inflation-protected saving bonds) တွေဟာ အကျိုးအမြတ်နည်းပေမဲ့ အာမခံချက်ရှိတဲ့ စုဆောင်းရေးနည်းဗျူဟာ အမျိုးအစားတွေပါ။

အငြိမ်းစားယူရန် (၃)နှစ်အလို ပြင်ဆင်သင့်တာတွေ
ဒီအချိန်မှာဆောင်ရန်ထက်ရှောင်သင့်တာလေးတွေ အရင်ဆွေးနွေးရအောင်ပါ။
(က) တန်ဘိုးကြီးဇိမ်ခံကားဝယ်ယူခြင်း၊
(ခ) သားသမီး မင်္ဂလာဆောင်တာဝန်ယူပြုလုပ်ပေးခြင်း၊
(ဂ) ကမ္ဘာပါတ်ပြီးဇိမ်ခံခရီးထွက်ခြင်း၊
(ဃ) အိမ်သစ်ဝယ်ရန်၊ ပြောင်းရန်ကြိုးစားခြင်း၊
(င) မိမိဆွေမျိုးသားချင်းအမျိုးများကို ပေးကမ်းစွန့်ကြဲ၊ သုံဖြုံးခြင်း၊
- ဒါတွေကိုတော့ စိတ်မကူးမိကြဘို့လိုပါတယ်။
ဒီအချိန်မှာ စတင်ဆောင်ရွက်သင့်တာလေးတွေကတော့-
(က) လစဉ်ပေးသွင်းရမဲ့၊ ကုန်ကျစရိတ်များကိုစာရင်းပြုစုပြီး၊ ချက်ချင်းလက်ငင်းအကျိုးပြုခြင်းမရှိတဲ့၊ တခဏတာ ပျော်ရွှင်မှုကိုဖန်တီးပေးမဲ့ ကုန်ကျစရိတ်တွေဖြတ်တောက်ကြဘို့ လိုပါပြီ။
(ခ) နှစ်စဉ် ပုံမှန် မိမိတို့ရဲ့Credit historyများကို စစ်ဆေးရပါမယ်။ www.annualcreditreport.comဟာအခမဲ့စစ်ဆေးရမဲ့နေရာပါ။
(ဂ) အကြွေးများ ရှိခဲ့ရင် ဖြေရှင်းဘို့စနစ်တကျပြင်ဆင်ရမဲ့အချိန်ပါ။ ကျွန်တော်တို့မြန်မာတွေထဲ အကြွေးထူသူရှားလှပေမဲ့၊ ရှိသူတွေရှိနေကြတာကတော့ အမှန်ပါဘဲ။ လူအထင်ကြီးအောင် ၀တ်စားပြီး၊ အိမ်မှာဘိုက်မှောက်နေကြရသူတွေလည်းတွေ့ဘူးပါတယ်။ ၀မ်းနည်းစရာပါ။
(ဃ) Social Security ခံစားခွင့်ဆွေစတင်စစ်ဆေးရမဲ့အချိန်ပါ။ နှစ်စဉ် statement တွေကို ssa .gov မှာအလွယ်တကူရယူနိုင်ကြပါတယ်။ အထက်မှာဆိုခဲ့သလို မိမိအငြိမ်းစားယူချိန်ကို တစ်နှစ်နောက် ဆုတ်လိုက်တိုင်း တနှစ်ကို (၈%) ၀င်ငွေတိုးလာနိုင်တာမို့ မက်လောက်ဘွယ်ပါ။ ဒါပေမဲ့ မိမိရဲ့ကျန်း မာရေးအခြေအနေနဲ့ အမေရိကနိုင်ငံမှာအလုပ်လုပ်တဲ့သက်တမ်းတွေပေါ်မှာမူတည်စဉ်းစားကြဘို့ အမေရိကရောက်မြန်မာများကို အကြံပြုလိုပါတယ်။

အငြိမ်းစားယူရန် (၁)နှစ်အလို ပြင်ဆင်သင့်တာတွေ
(က) မိမိအငြိမ်းစားတကယ်ယူချိန်မှာသုံးစွဲတဲ့ဝင်ငွေထွက်ငွေအချိုးအစားနည်းတူ၊ အသုံးစရိတ်တွေကို စတင်စမ်းသပ်သုံးစွဲကြည့်ကြဘို့အကြံပြုထားပါတယ်။ 
(ခ) ကျန်းမာရေးနဲ့ (အထူးသဖြင့်)သွားကျန်းမာရေးကိုစတင်စစ်ဆေးပြီး၊ ကုသသင့်တာတွေ စတင်လုပ်ဆောင်ရမဲ့အချိန်ပါ။ ခုထိက Medicare အနေနဲ့ သွားရောဂါကုသနိုင်တဲ့ လွှမ်းခြုံကာကွယ်တဲ့ အာမခံမှုမရှိပါဘူး။
(ဂ) အလုပ်ခွင်မှာဘေးကင်းရန်ကင်း၊ အပြောင်းအလဲများလုပ်တာတွေရပ်တန့်ုရတော့မဲ့အချိန်ပါ။ 
(ဃ) မိတ်ဆွေအသိုင်းအ၀န်းအဆက်အသွယ် တွေ စတင်ပျိုးထောင်ပြီး၊ ဗဟုသုတနဲ့ပြင်ပလောကကို ၀င်ဆန့်မဲ့ အသိုင်းအ၀န်းတွေစတင်ရှိကြဘို့လိုပါပြီ။ ပါတ်ဝန်းကျင်လောကနဲ့ အဖြစ်အပျက်တွေနဲ့ စိမ်းကားမနေကြဘို့လိုလာပါပြီ။
(င) မိမိကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စတွေ၊ ငွေရေးကြေးရေးနဲ့ ပိုင်ဆိုင်မှုတွေနဲ့ပါတ်သက်တဲ့အစီအမံ  တွေ၊ နည်းလမ်းတွေအခိုင်အမာ ချမှတ်ပြီး၊ မိမိနဲ့ နီးစပ်သူသွေးရင်းသားရင်းများကို အသိပေးတာတွေ၊ ဥပဒေကြောင်းဆိုင်ရာတွေချမှတ်ကြရပါတော့မယ် (Will, Revocable Living Trust, Advanced healthcare directive, Durable power of attorney, End of life Arrangement) စတာတွေပြုစုဖြန့်ဝေတာတို့ကိုလုပ်သင့်ပါပြီ။
(စ) Medicare နဲ့ပါတ်သက်တဲ့ကြိုတင်လေ့လာမှု၊ အပြင်အဆင်အစီအမံတွေ လိုအပ်ရင် သက်ဆိုင်ရာထံသွားရောက်စုံစမ်းတာတွေ လုပ်ကြရပါမယ်။

ကျွန်တော်စုဆောင်းတင်ပြချက်တွေဟာ ပြည့်စုံလုံလောက်မှုရှိချင်မှရှိပေမဲ့ လဲ၊ သတိမမူဂူမမြင်ဆိုတဲ့ ဆိုရိုးစကားအတိုင်း၊ ကိုယ်ကသိသော်လည်းဘဲ ပြင်ဆင်ဘို့နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့ အကျင့်ပါသူတွေ အတော်များများကိုတွေ့ဘူးပါတယ်။ မလိုလားအပ်တဲ့ ကြီးမားတဲ့အချက်အခဲဖြေရှင်းရတာမျိုးအထိ  ရောက်သွားတတ်ကြတာတွေ ကြုံဘူးကြားဘူးရတာမို့၊ မဖြစ်သင့်တာတွေကိုကြိုတင်တားဆီးလိုတဲ့ ဆန္ဒရင်းနဲ့ ဒီဆောင်းပါးကိုပြုစုရခြင်းပါလို့။.        ။